သတင်း

လူထုထောက်ခံမှုမရှိဘဲ အခုလို အုပ်ချူပ်ခွင့်ရမှာမဟုတ်ဘူးလို့ စစ်ကောင်စီခေါင်းဆောင်ပြော

လူထုထောက်ခံမှုမရှိဘဲ အခုလို အုပ်ချူပ်ခွင့်ရမှာမဟုတ်ဘူးလို့ စစ်ကောင်စီခေါင်းဆောင်ပြော

ဖက်ဒရယ် ဂျာနယ်၊ စက်တင်ဘာ ၂၅ ရက်၊ ၂၀၂၁

ဒီမိုကရေစီနည်းလမ်းမကျတဲ့ လက်နက်ဖြင့်အနိုင်ကျင့်ပြီး လူထုအား အကြောက်တရားနဲ့ အုပ်ချုပ်တာမျိုးကို မလိုလားကြောင်းနဲ့ တပ်မတော်အနေနဲ့ နိုင်ငံအုပ်ချုပ်ရေးကို တိုက်ရိုက်ဆောင်ရွက်ခြင်းမရှိဘဲ သက်ဆိုင်ရာအရပ်ဖက် အုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့ သာ ဆောင်ရွက်နေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်ကပြောကြားလိုက်ပါတယ်။

စက်တင်ဘာ ၂၄ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ စစ်ကောင်စီ အစည်းအဝေးမှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားစဉ် ထည့်သွင်းပြောသွားတာပါ။

မိမိတို့အနေနဲ့ နိုင်ငံသာယာဝပြောရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ နိုင်ငံသာယာဝပြောရေးအတွက်စည်းကမ်းရှိတဲ့ ဒီမိုကရေစီစနစ်၊ ဝင်ငွေကောင်း မွန်မှု၊ အလုပ်အကိုင်ရရှိမှု၊ ရောဂါကင်းစင်မှု၊ ရာသီအလိုက်ပွဲလမ်းသဘင်တွေနဲ့ ပျော်ရွှင်မှုတွေရှိရမှာ ဖြစ်လို့မျှော်မှန်းဆောင်နေကြောင်း၊”…မိမိတို့နိုင်ငံအနေဖြင့် ကြိုးစား ဆောင်ရွက်ပါက ၅ နှစ်အတွင်း အာဆီယံနိုင်ငံများတွင် အလယ်အလတ်အဆင့်သို့ ရောက်ရှိနိုင်ပြီး ၁၀ နှစ်အတွင်း ထိပ်တန်းအဆင့်သို့ ရောက်ရှိနိုင်ကြောင်း” ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။

ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ မိမိတို့နိုင်ငံမှာ လွတ်လပ်ရေးရပြီးချိန်မှစပြီး အခုအချိန်အထိ ရာနှုန်းပြည့်ငြိမ်းချမ်းမှုမရရှိသေးကြောင်း၊ နိုင်ငံသာယာဝပြောရေးအတွက် ငြိမ်းချမ်းရေးရရှိဖို့ လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေးရရှိဖို့အတွက် ဒီမိုကရေစီရဲ့ အခြေအနေ ကိုနားလည်ဖို့နဲ့ နိုင်ငံရဲ့ ပကတိအခြေအနေအား နားလည်ဖို့လိုအပ်ကြောင်းလည်း ဒီမိုကရေစီသဘောတရားတွေကို အာဏာသိမ်းစစ်ခေါင်းဆောင်က စစ်ကောင်စီဝင်တွေကို ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

နေပြည်တော်တွင်ပြုလုပ်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၁၅/၂၀၂၁) တွင် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် အောက်ပါအတိုင်း ပြောကြားခဲ့သည်ဟု မြန်မာ့အလင်းသတင်းစာတွင်လည်း ဖော်ပြထားသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင်က ဒီမိုကရေစီဆိုသည်မှာ အများ၏ဆန္ဒအရ ဥပဒေနှင့်အညီရွေးချယ်ခံရသူများက ဦးဆောင်ရကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဥပဒေမဲ့အကြမ်းဖက်ရိုက်နှက်သတ်ဖျက်မှုများကြောင့် သေဆုံးသူ ၁၁၂၅ ဦးရှိပြီး ဖမ်းဆီးခံရသူ ၆၈၀၃ ဦးရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းက ထုတ်ပြန်ထားသည်။

Related Articles

Back to top button