သတင်း

ဖရူဆို အရှေ့ဖက်ခြမ်းက ကျေးရွာကို စစ်ကောင်စီ Drop Bomb ဖြင့် တိုက်ခိုက်လို့ အရပ်သား ကလေးငယ်(၃)ဦး ထိခိုက်ဒဏ်ရာရ

ဖရူဆို အရှေ့ဖက်ခြမ်းက ကျေးရွာကို စစ်ကောင်စီ Drop Bomb ဖြင့် တိုက်ခိုက်လို့ အရပ်သား ကလေးငယ်(၃)ဦး ထိခိုက်ဒဏ်ရာရ

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ

ဩဂုတ် ၂၄ ရက် ၂၀၂၃။

ကယား(ကရင်နီ)ပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဖက်ခြမ်းရှိ အရပ်သား လူထုများနေထိုင်တဲ့ ကျေးရွာတစ်ရွာကို အမှတ် (၁၄) စစ်ကောင်စီ တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းဖက်ကနေ ယမန်နေ့ သြဂုတ် (၂၃)ရက်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့လို့ ကလေးငယ်တွေ ထိခိုက်ခဲ့ကြရပါတယ်။

အဲဒီ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာထဲရှိ နေအိမ်တစ်လုံး ထိခိုက်ပျက်ဆီးခဲ့သလို အသက် (၁၀)နှစ်အရွယ်၊(၉)နှစ် အရွယ် နှင့် (၈)နှစ်အရွယ် ကလေးငယ် (၃)ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကာ ကလေးငယ်တစ်ဦး စိုးရိမ်ရတဲ့ အခြေအနေရှိနေတယ်လို့ သိရပါတယ်။

အခုလို အရပ်သားပြည်သူများ နေထိုင်တဲ့ ကျေးရွာများကို ပစ်မှတ်ထားပြီး မကြာခဏ လက် နက်ကြီးများဖြင့် ပစ်ခတ်ပြီး၊ ဒရုန်းများဖြင့်ပါ လာရောက်ဗုံးကြဲခြင်းများ ပြုလုပ်နေတာဟာ စစ်ရာဇဝတ် မှုများကို ပေါ်ပေါ်ထင်ထင် ကျူးလွန်နေတာ ဖြစ်တယ်လို့ KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနကတော့ ထုတ်ပြန်ထားပါတယ်။

ဓါတ်ပုံ – KNDF

Related Articles

Back to top button