ကဗျာ

မှတ်ပုံတင်ပြမှ ခရီးကြွရတဲ့တိုင်းပြည်

မှတ်ပုံတင်ပြမှ ခရီးကြွရတဲ့တိုင်းပြည်

ရှိခြင်းတရားနဲ့ကြည့်
ပူအိုက်တဲ့အညာ
ဘယ်တောင်တန်းသားမှ ကြာကြာမနေနိုင်ဘူး
မေမြို့ကို အညာရပ်ထဲပေါင်း
မိုးခေါင်တာတောင် ကြားရဖူးပြီလေ…။

ရှိခြင်းတရားနဲ့ကြည့်
ဘယ်ခေတ်ကမင်း စစ်ခင်းလို့သိမ်း
ဒီသမိုင်းလိမ်တွေကို ကျောင်းမှာသင်
စစ်ဘီလူးမင်းတွေကသာ အုပ်ချုပ်သွား
ပြည်သူက စားစရာမရှိ
စစ်ခွေးတွေက ထားစရာအတိ
စာသင်ကျောင်းမရှိတဲ့ရွာက တိုးတက်မတဲ့လား…။

ရှိခြင်းတရားနဲ့ကြည့်
ဟန်ပြပြည်ထောင်စုမှာ
ဗမာတွေလည်း ငတ်တာပဲ
ဖင်ထဲရွံ့တစ်ခွဲသားဝင်
လယ်ခင်းထဲနေ့တိုင်းသွား
အခြားတိုင်းရင်းသားတွေလို
ဖက်ဒရယ်အမြင်မျိုးမရှိသေးရင်
တစ်ပိဿဝင်လည်း ငတ်နေဦးမှာပဲ…။

ရှိခြင်းတရားနဲ့ကြည့်
ဒီအဖြစ်ဆိုးကြုံကြိုက်လေရ
ဘယ်ဘုရားမှ တန်ခိုးပြမကယ်ဘူး
လူကိုလူချင်း မိတ်သင်ပြုလေမှ
အနာဂတ်လှပတဲ့ဖက်ဒရယ်
မခွဲထွက်ချင်အောင် စွဲဆောင်နိုင်မှာပါ…။

ရှိခြင်းတရားနဲ့ကြည့်
ဖြစ်ခြင်းတရားနဲ့ညှိရင်
ဘယ်ပြည်နယ်အလည်သွား
ဘာဘုရားမှ ‘တ’စရာမလို
ကျိုက်ထီးရိုးဘုရားပဲဖူးဖူး
ဒီသောက်ရူးတွေသာမအုပ်ချုပ်ရင်
မှတ်ပုံတင်နဲ့ ခရီးသွားခြင်းဓလေ့
ဒီစစ်အာဏာရှင်ပျက်သုဥ်းတဲ့နေ့မှရမယ်…။

ရအာင်း(တောင်စောင်းလူငယ်)

Related Articles

Back to top button