သတင်း

မြဝတီ-ကောကရိတ် လမ်းပိုင်းမှာ တော်လှန်းရေးတပ်ဖွဲ့များမှ ဒေသလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးအတွက် စစ်ဆေးမှုပြုလုပ်

မြဝတီ-ကောကရိတ် လမ်းပိုင်းမှာ တော်လှန်းရေးတပ်ဖွဲ့များမှ ဒေသလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးအတွက် စစ်ဆေးမှုပြုလုပ်

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

သြဂုတ် ၁၉ ရက်၊ ၂၀၂၃။

ကရင်ပြည်နယ်၊ မြဝတီ – ကောကရိတ် လမ်းပိုင်းတစ်နေရာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကျားဖြူတပ်ခွဲ (၄) မှ ရဲဘော်တွေက ဒေသလုံခြုံရေး နှင့် နယ်မြေစိုးမိုးရေးအတွက် နေ့စဥ် စစ်ဆေးလျှက်ရှိကြောင်းကို ထုတ်ပြန်ထားပါတယ်။

PDF ရဲဘော်တွေနဲ့ KNU တပ်ဖွဲ့ဝင်တွေက စစ်ကောင်စီတပ်သားတွေ အရပ်သားကားတွေကိုအသုံးပြုပြီးသွားလာမှုရှိမရှိနဲ့ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ လူ၊ပစ္စည်းတွေတင်ဆောင်တာရှိမရှိ အဓိကထား စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

နယ်မြေလုံခြုံရေးအတွက် စစ်ဆေးမှုပြုလုပ်နေတဲ့ တပ်ဖွဲ့များမှလည်း ပြည်သူများအနေနဲ့ စစ်ဆေးတဲ့ အချိန်မှာ ကြည်ဖြူစွာလက်ခံပေးဖို့၊ စစ်ကောင်စီ နဲ့ ဆက်စပ်တဲ့ ပစ္စည်းတွေ သယ်ဆောင်ခြင်းမပြုဖို့ နှင့် စစ်ကောင်စီနဲ့ သက်ဆိုင်တဲ့ ကားများတွင်လိုက်ပါစီးနင်း ခြင်းမပြုလုပ်ဖို့ကိုလည်း မေတ္တာရပ်ခံထားပါတယ်။

နယ်မြေလုံခြုံရေးနဲ့ ဒေသစိုးမိုးရေးအတွက် စစ်ဆေးမှုတွေကို ပြည်သူတွေအနေနဲ့ အပြည့်အဝ ပူးပေါင်းပါဝင်ကြပြီး အစားအသောက်များပါ ပေးဝေကြကြောင်း ထုတ်ပြန်ချက်အရသိရပါတယ်။

” ကျားဖြူတပ်ခွဲ (၄) အနေနဲ့ နယ်မြေစိုးမိုးမှုတွေတော့ အရင်ကထက်ပိုမိုထိန်းချုပ်မှုရှိလာပြီး မြို့နဲ့အနီးကပ်ဆုံးနေရာတွေမှာရှိနေပါတယ် ” လို့ ကျားဖြူတပ်ခွဲ (၄) မှ တာဝန်ရှိသူတစ်ဦးမှ FJMM ကိုပြောပါတယ်။

အဆိုပါလမ်းပိုင်းမှာ လမ်းသွားလမ်းလာ ယာဥ်များကို နံနက် (၆) နာရီမှ ည (၁၁) နာရီ အထိ စစ်ဆေးမှုတွေကို ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ယခုကဲ့သို့ စစ်ဆေးမှုများကို မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်၊ ရေး၊ ထားဝယ်၊သံဖြူဇရပ် အမှတ် (၈)ပြည်ထောင်စုလမ်းမကြီးပေါ်တွင်လည်း KNLA ၊အထူးစစ်ဆင်ရေးတပ်ဖွဲ့ −SOF၊စတဲ့ပူးပေါင်းတပ်ဖွဲ့များကလည်း လုံခြုံရေးယူ၍ စစ်ဆေးမှုပြုလုပ်နေပြီး ကျိုက်ထိုမြို့နယ်အတွင်းမှာလည်း KRF မှ စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိကြောင်းလည်း သိရပါတယ်။

Photo – ကျားဖြူတပ်ခွဲ (၄)

Related Articles

Back to top button