သတင်း

ဖရူဆို၊ ထီးသော်ကူးကျေးရွာမှ ဘုရားရှိခိုးကျောင်း လေကြောင်းဖြင့် ဗုံးကြဲခံရလို့ ထိခိုက်ပျက်စီး

ဖရူဆို၊ ထီးသော်ကူးကျေးရွာမှ ဘုရားရှိခိုးကျောင်း လေကြောင်းဖြင့် ဗုံးကြဲခံရလို့ ထိခိုက်ပျက်စီး

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ၊

သြဂုတ် ၁၈ ရက်၊ ၂၀၂၃။

ကယား(ကရင်နီ)ပြည်၊ ဖရူဆိုမြို့နယ် ထီးသော်ကူးကျေးရွာရှိ ဘုရားရှိခိုးကျောင်းကို ပြီးခဲ့တဲ့ သြဂုတ်လ (၁၂) ရက်နေ့ ညပိုင်း(၈)နာရီအချိန်ခန့်က စစ်ကောင်စီတပ်ဟာ တိုက်လေယာဥ်တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဘုရားရှိခိုးကျောင်းအအောက်အဦး ထိခိုက်ပျက်စီးခဲ့ရပါတယ်။

ထီးသော်ကူးကျေးရွာအနီး စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်များအကြား နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားမှုအပြီး တိုက်ပွဲပြန်လည်ငြိမ်သက်ချိန်တွင် စစ်ကောင်စီမှ တိုက်ပွဲနှင့် သက်ဆိုင်ခြင်းမရှိသော ကျေးရွာအတွင်းရှိ “သနားခြင်းမယ်တော်” ဘုရားကျောင်းကို တိုက်လေယာဥ်တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဘုရားကျောင်းအဆောက်အဦးအပြင် ဘုရားကျောင်းဝန်းအတွင်းရှိ အခြားအဆောက်အဦးများ အပါအဝင် ခြံစည်းရိုးအုတ်တံတိုင်းများလည်း ထိခိုက်ပျက်ဆီးခဲ့ရတယ်လို့ KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

မြေပြင် KNDF ရဲဘော်တစ်ဦး ပြောပြတာက ” ဒီဖက်မှာ ပြီးတဲ့ ( ၁၁ )ကနေ (၁၄)ရက်နေ့အထိ တိုက်ပွဲပြင်းထန်တာပေါ့၊ အဲရက်အတောတွင်း စစ်ကောင်စီဖက်က အကျအဆုံးများတယ်၊ ကျနော်တို့ဖက် သေနတ် ( ၈ )လက်နက်နဲ့ ကျဥ်ဆံတွေ၊ လက်နက်ကြီးအသီးတွေဖြစ်တဲ့ ၆၀မမ၊ RPG တို့ အများကြီးရပါတယ်၊ သူတို့ဖက်က အကျဆုံးများလို့ စစ်ရေးနဲ့ မသက်ဆိုင်တဲ့ ဘုရားကျောင်း နေရာတွေကို ပတ်ရန်တယ်လို့ဘဲ ထင်ပါတယ်”

ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီးပေါ်သို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ၏ တပ်မ (၅၅) လက်အောက်ခံတပ်ရင်းများနှင့် ကရင်နီပူးပေါင်းတပ်များအကြား သြဂုတ်လ (၂)ရက်နေ့မှစ၍ (၁၄) ရက်နေ့အထိ ထွေလီဗီလာကျေးရွာ ၊ ငွေတောင်ရွာသစ်ကျေးရွာ ၊ ကဒါးလားကျေးရွာ ၊ ထီးသော်ကူး ကျေးရွာများ တစ်လျှောက်တွင် နှစ်ဖက်ထိတွေ့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။

ဓါတ်ပုံ – KNDF 

Related Articles

Back to top button