ကဗျာ

ဖက်ဒရယ်ဘယ်လိုလဲ

ဖက်ဒရယ်ဘယ်လိုလဲ

ပြည်ထောင်စုတဲ့

တပြည်ထောင်နဲ့ မောင်ပိုင်စီးခဲ့

စစ်ခွေးပလ္လင်လုတက်မှ

လယ်စိုက်မယ့်လက်က သေနတ်ကိုင်နေရပြီ

ခွင့်တူညီမျှ တန်းတူသွေးချောင်းကျတဲ့ မြေ။

တကယ်လို့သာ

အညာနဲ့တောင်တန်း

ပုန်ကန်မှုထပ်တူကျခဲ့ရင်

ပြည်တွင်းစစ်ချုပ်ငြိမ်းတာကြာရောပေါ့။

ကိုယ့်ခြံကို စီမံတာ

ဖက်ဒရယ်ရဲ့ အနှစ်သာရ

ပြည်ထောင်စုခြံက ပွင့်ပန်းညီညီ

ရောင်စုံအလှကိုယ်စီပွင့်မှသာ

ဒီတိုင်းပြည်ဟာ နေချင်စရာကောင်းပါလိမ့်မယ်။

ဖူးစရာစေတီမရှိတော့တဲ့ရွာ

ဆုတောင်းစရာ ဘုရားကျောင်းမရှိတဲ့မြို့

တို့ကအညာကိုလည်း ဖက်ဒရယ်ဖြစ်စေချင်

ချင်း၊ ကချင်၊ ကရင်၊ ရခိုင်နဲ့ ရှမ်း

လက်ဖက်ပန်းသာ ပွင့်တဲ့တအောင်း (တအန်း)

တသံတည်း ညီလို့

တချီတည်း ရုန်း

ဒီစစ်ခွေးတွေ အဆုံးကိုသတ်တယ်…။

မတူတာကို အတင်းညီရလို့

မရှိတာကို ဇွတ်ညှိကြလို့

ဒီပြည်တွင်းစစ်မီးဟာ တောက်လောင်ခဲ့ကြ

သင်ခန်းစာမရသေးဘူးဆို

အမေအိုလွတ်မြောက်လည်း

ဒီဖက်ဒရယ်တိုက်ပွဲအတွက်

ငါတို့လက်နက် ငါတို့လက်ထဲ

ဘယ်ဘုရားတားတား

ဘာဘုရားပွင့်ပွင့်ပေါ့…။

ရအာင်း(တောင်စောင်းလူငယ်)

Related Articles

Back to top button