သတင်း

ဘားအံ​မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား တော်လှန်ရေးတပ်ပေါင်းစုများမှ စားနပ်ရိက္ခာများဝေမျှပေး

ဘားအံ​မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား တော်လှန်ရေးတပ်ပေါင်းစုများမှ စားနပ်ရိက္ခာများဝေမျှပေး

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

သြဂုတ် ၁၂ ရက်၊ ၂၀၂၃။

KNU တပ်မဟာ (၁) ထိန်းချုပ်နယ်မြေ၊ ဘားအံမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများကို အမှတ် (၁) မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုမှ စားနပ်ရိက္ခာများ သွားရောက်ပေးဝေခဲ့ကြောင်း သိရပါတယ်။

သထုံခရိုင်၊ဘားအံမြို့နယ် တပ်ရင်း (၁)နယ်မြေအတွင်းရှိ သံလွင်မြစ်ဘေးကျေးရွာတွေမှာ ရေကြီးပြီး ကမ်းပြိုတဲ့ အခြေအနေများကြောင့် လူနေအိမ်နှင့် လယ်ယာမြေများ ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

“ရေဘေးသင့် ပြည်သူတွေအတွက် စစ်ကောင်စီဘတ်က ထောက်ပံ့ကူညီမှုမရတဲ့အပြင် ကျနော်တို့ တပ်ပေါင်းစုက ပြည်သူတွေကို ရိက္ခာဝေးပေးနေချိန်မှာ လက်နက်ကြီးတွေနဲ့ ခြိမ်းခြောက်ပစ်ခတ်ခဲ့ပါသေးတယ်။ ဒါ့အပြင် ပြင်ပ လူမှုကယ်ဆယ်ရေးအသင်းတွေကနေပြီးတော့ လာရောက်ကူညီပေးခြင်လည်းမရှိပါဘူး” လို့ အမှတ်(၁) မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးမှ FJMM ကိုပြောပါတယ်။

တပ်ရင်း (၁) နယ်မြေအတွင်း ရေဘေးသင့်ပြည်သူ အိမ်ခြေ ၆၀၀ ခန့်ရှိပြီး နေအိမ် ၉၀ လုံးခန့် ရေဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

“ဒီလှူဒါန်းမှုက အမှတ်၁ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုရဲ့ ရိက္ခာထဲက မျှဝပေးတာဖြစ်တဲ့အတွက် ရေဘေးသင့်အိမ်ခြေအစေ့ လုံလောက်မှုမရှိပေမယ့် ပြည်သူတွေအနေနဲ့ ယခုလှူဒါန်းမှုကို ဝမ်းသာကြပါတယ် ” လို့လည်း သူကပြောပါတယ်။

ယခုလှူဒါန်းက တော်လှန်ရေးတပ်ဖွဲ့တွေထဲက ရိက္ခာကို ပြန်လည်မျှဝေတာဖြစ်ခြင်းကြောင့် လုံလောက်မှုမရှိကြောင်းနှင့် တပ်မဟာ (၁) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဘီးလင်းမြို့နယ်အတွင်းမှာလည်း ရေကြီးရေလျှံမှုကြောင့် ပြည်သူများစွာလည်း အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်းလည်း သိရပါတယ်။

Photo – အမှတ်(၁) မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစု

Related Articles

Back to top button