“ဖက်ဆစ်ဝင်ငွေဖြတ်တောက် ပြည်သူ့ဘဏ္ဍာတည်ဆောက်”
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဩဂုတ် ၇ ရက်၊ ၂၀၂၃။
စစ်ပွဲတို့မည်သည်မှာ ရန်သူနဲ့ လက်ရုံးရည်ချင်းရင်ဆိုင်တိုက်ခိုက်ရတာရှိသလို ရန်သူကိုအင်အားချည့်နဲ့သွားစေမယ့်နည်းလမ်းပေါင်းစုံသုံးပြီး နှလုံးရည်နဲ့တိုက်စစ်ဆင်ရတာလည်းရှိပါတယ်။
ကျွန်တော်ကျွန်မတို့မြန်မာပြည်သူတစ်ရပ်လုံးက လက်နက်ခံယမ်းအင်အားအဆမတန်သာလွန်တဲ့ အကြမ်းဖက် ဖက်ဆစ်စစ်တပ်ကို ရွပ်ရွပ်ချွံချွံ ခုခံတော်လှန်စစ်ပွဲဆင်နွှဲနေတဲ့အချိန်မှာ ရန်သူဖက်ဆစ်စစ်တပ်ရဲ့ငွေဝင်ပေါက်၊ အသက်ရှုပေါက်အားလုံးကိုလည်း ရရာနည်းလမ်းနဲ့ပိတ်ဆို့ဖြတ်တောက်ပစ်ကြဖို့လိုပါတယ်
တချိန်တည်းမှာလည်း တော်လှန်ရေးရှေ့ဆက်ဖို့အတွကိ ပြည်သူ့ဘဏ္ဍာအင်အားကိုလည်းတည်ဆောက်ယူရမှာဖြစ်ပါတယ်
ဒီ စီးပွားရေး၊ ဘဏ္ဍာရေး တိုက်ပွဲမျက်နှာစာမှာ ဦးဆောင်ပါဝင်တိုက်ခိုက်ကြမယ့် စစ်သူကြီးများကတော့ အခြားမဟုတ်..
စစ်အာဏာရှင်ကိုကြံ့ကြံ့ခံရင်ဆိုင်တိုက်ပွဲဝင်နေကြတဲ့
“တော်လှန်ပြည်သူတစ်ရပ်လုံး” ပဲဖြစ်ပါတယ်
ပြည်သူသာအဓိကပါ
ပြည်သူ့အားနဲ့ဖြိုရင် ပြိုကိုပြိုပါတယ်
ဒီတိုက်ပွဲမျက်နှာစာရဲ့ဗျူဟာကို ဒေါက်တာတေဇာစန်းက ပြည်သူတစ်ရပ်လုံးကိုအသိပေးတင်ပြရင်းတိုက်တွန်းနှိုးဆော်ထားပါတယ်
#financial_warfare
#ဖက်ဆစ်ဝင်ငွေဖြတ်တောက်_ပြည်သူ့ဘဏ္ဍာတည်ဆောက်
#ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်
#အရေးတော်ပုံအောင်ရမည်