သတင်း

ရေးပြောက်ကျားတပ်ဖွဲ့စခန်း စီးနင်းခံရပြီး သိန်း ၂၀၀၀ ခန့် ပျက်ဆီးဆုံးရှုံး

ရေးပြောက်ကျားတပ်ဖွဲ့စခန်း စီးနင်းခံရပြီး သိန်း ၂၀၀၀ ခန့် ပျက်ဆီးဆုံးရှုံး
 
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဇူလိုင် ၂၉ ရက်၊ ၂၀၂၃။
 
မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် ရေးပြောက်ကျားတပ်ဖွဲ့(YGF)၏ စခန်းတစ်ခုကို အမည်မသိလက်နက်ကိုင်တပ်ဖွဲ့တစ်ခုမှ ဝင်ရောက်စီးနင်းခဲ့ခြင်းကြောင့် သိန်း ၂၀၀၀ ခန့် ဆုံးရှံးပျက်စီးခဲ့ရကြောင်း ကို YGF က ဇူလိုင် ၂၈ရက်နေ့က ထုတ်ပြန်ထားပါတယ်။
 
ဇူလိုင်လ ၂၂ ရက်နေ့ မနက် ၇ နာရီခန့်တွင် YGF ၏ ရှေ့တန်းထောက်ပို့နှင့် ဆက်သွယ်ရေး စခန်းချရာနေရာကို ဝင်ရောက်စီးနင်းခဲ့တယ်လို့ သိရပါတယ်။
 
” ဟုတ်ကဲ့ပါ၊အဲဒီနေရာကိုတော့မီးရှိုးဖျက်ဆီးခြင်းခံခဲ့ရတယ်၊စစ်ကောင်စီလား တခြားအဖွဲ့အစည်းလားဆိုတာတော့အတည်မပြုနိုင်ဘူး” လို့ GYF ရဲ့ တာဝန်ရှိသူတစ်ဦးမှ FJMM ကိုပြောပါတယ်။
 
အဆိုပါစီးနင်းခံရမှုကြောင့် လက်နက်( 11)လက်၊ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ အစရှိသည့် ခန့်မှန်းတန်ဖိုး သိန်း၂၀၀၀(နှစ်ထောင်) ကျပ်ခန့် ဆုံးရှူံးခဲ့ရကြောင်း သိရပါတယ်။
 
ထိုတိုက်ခိုက်မှုကြောင့် YGF တပ်သားများက စခန်းမှ နောက်ဆုတ်ပေးခဲ့ကြပြီး YGF တပ်သားတစ်ဦးမှာလည်း ပေါင်နှင့် လက်မောင်းကို ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရပါတယ်။
 
YGF တပ်ဖွဲ့ဟာ KNU တပ်မဟာ ၆ နယ်မြေမှာ KNLA တပ်များနှင့် ပူးပေါင်းပြီး စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တော်လှန်ရေး တပ်ဖွဲ့တစ်ခုဖြစ်ပါတယ်။
 
Photo – YGF

Related Articles

Back to top button