
၆ ရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀၀ ခန့် သေဆုံးပြီး၊ အများအပြားထိခိုက်ဒဏ်ရာရ
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဇူလိုင် ၂၆ ရက်၊ ၂၀၂၃။
မွန်ပြည်နယ်၊ ရေးမြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး၊ရေဖြူမြို့နယ် နယ်စပ်ရှိ၊ အလယ်စခန်းအနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်သားများနှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့ ၆ ရက်အကြာထိတွေတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀၀ ခန့်သေဆုံးကာ အမျအပြားထိခိုက် ဒဏ်ရာရခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့(YGF) မှ ယနေ့တွင်ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၁၉ရက်နေ့မှ ၂၄ရက်နေ့အထိ စစ်ကောင်စီ၏ ခမရ-၄၀၇ ၊ ခလရ-၁၀၄ ၊ ခမရ-၄၀၈ ၊ ခလရ-၂၈၂ တို့နှင့် ၆ရက်အကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
အဆိုပါစစ်ကောင်စီတပ်များမှ အင်အား ၃၀၀ ကျော်မှာ စစ်ကြောင်း ၄ ကြောင်းခွဲပြီး စစ်ကြောင်းထိုးလာသဖြင့် KNLA တပ်ရင်း ၂၇ နှင့် YGF တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။
တိုက်ပွဲ ၆ရက်တာအတွင်း စစ်ကောင်စီတပ်များကို လက်နက်ကြီးများ၊ လက်နက်ငယ်များ၊ မိုင်းများသုံး၍ ခုခံတိုက်ခိုက်ခဲ့ကြသဖြင့် စစ်ကောင်စီတပ်သား ၁၀၀ ခန့် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
KNLA နဲ့ YGF ပူးပေါင်းတပ်ဖွဲ့များမှာတော့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။
Photo – YGF