သတင်း

ကချင်နဲ့ ရှမ်းမြောက်တို့မှာ KIA နဲ့ စစ်ကောင်စီတို့ကြား နှစ်ဖိုက်တိုက်ပွဲပြင်းထန်နေ

ကချင်နဲ့ ရှမ်းမြောက်တို့မှာ KIA နဲ့ စစ်ကောင်စီတို့ကြား နှစ်ဖိုက်တိုက်ပွဲပြင်းထန်နေ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

ဇူလိုင် ၂၆ ရက်၊ ၂၀၂၃။

ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဗန်းမော် ကားလမ်းမတလျှောက်မှာ ကချင်ပြည်လွတ်မြောက်ရေးတပ်(KIA) နဲ့ စစ်ကောင်စီ တပ်တို့ကြား နှစ်ဖက်တိုက်ပွဲပြင်းထန်လျှက် ရှိနေတယ်လို့ အဲဒီဘက်ကလာတဲ့ ကေအိုင်အို အာဘော်သတင်းရင်းမြစ်တွေအရ သိရပါတယ်။

ယမန်နေ့ ဇူလိုင် ၂၅ ရက်နေ့ မနက်ပိုင်း ၈ နာရီခန့်က ဝိုင်းမော်မြို့နယ် ဂျာပူကျေးရွာအကျော် မလိယန်ကျေးရွာ အထွက် စစ်ကောင်စီယဉ်တန်းကို KIA တပ်ရင်း (၁)နဲ့ KPDF ပူးပေါင်းအဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့လို့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မွန်းလွဲပိုင်း ၂ နာရီခန့်မှာလည်း ဝိုင်းမော်မြို့နယ် ဒဘတ်ကျေးရွာ ဆုတောင်းတောင်အနီး လမ်း ကြောင်းကနေ ဆမား ကျေးရွာ သို့ စစ်ကူလာတဲ့ စစ်ကြောင်းကို KIA တပ်ရင်း (၁)နဲ့ KPDF ပူးပေါင်းအဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့လို့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မွန်းတည့်မတိုင်မှီ ၁၁ နာရီ မိနစ် ၃၀ ခန့်မှာလည်း ဝိုင်းမော်မြို့နယ် ခလားကျေးရွာ ဗန်းမော်ဘက်သို့ သွားတဲ့ လမ်းကြောင်းထဲက စစ်ကြောင်းကို KIA တပ်ရင်း (၂၄)တို့က ကြားဖြတ်တိုက်ခိုက်ခဲ့လို့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီကြားဖြတ်တိုက်ခိုက်ခံရတဲ့ နှစ်ဖက်တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုအခြေအနေကိုတော့ တစုံတရာ ထုတ်ပြန် လာတာ မရှိသေးသလို FJMM ကလည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ ဇူလိုင် ၁၈ ရက်နေ့ ညနေပိုင်း ၄ နာရီခွဲ အချိန်ခန့်ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ခိုမုန်းကျေးရွာအုပ်စု အရှေ့ခြမ်း တောင်ကြော ရှိ ကောင်ရာဘွမ် စစ်ကောင်စီတပ်စခန်းကို KIA တပ်မဟာ ၆ လက်အောက်ခံ အမှတ် (၉) တပ်ရင်း၊ အမှတ် (၃၆) တပ်ရင်း နှင့် အမှတ် (၃၈) လှုပ်ရှားတပ်ရင်း တို့ပူးပေါင်း တပ်ရင်းတပ်ဖွဲ့များက ရှောင်တခင် စီးနင်းတိုက်ခိုက်ခဲ့လို့ နှစ်ဖက် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီ ကောင်ရာဘွမ် စစ်ကောင်စီတပ်စခန်း ရှောင်တခင် စီးနင်းတိုက်ခိုက်မှုအတွင်း စစ်သား ၂၄ ဦးထိ သေဆုံးမှု ရှိခဲ့ပြီး KIA ရဲဘော်များက ၁၀ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ရှမ်းမြောက်အခြေပြု ဒေသတွင်း သတင်း များကို ရေးသားဖော်ပြနေတဲ့ 7stars News မှာ ဖော်ပြ ထားပေမယ့် FJMM အနေဖြင့် တည်ခြား အတည်ပြု နိုင်ခြင်းတော့ မရှိသေးပါဘူး။  

ကောင်ရာဘွမ် စစ်ကောင်စီတပ်စခန်းကို KIA တို့ စီးနင်းနိုင်ခဲ့ပြီး စခန်းရှိအချို့ ပစ္စည်းများကို မီးရှို့ကာ စစ်ကောင်စီတပ်ဖွဲ့တို့ ကျန်ရစ်ခဲ့သော လက်နက်ခဲယမ်းများကို သိမ်းဆည်းပြီးနောက် ညနေပိုင်း ၇ နာရီအချိန်တွင် အောင်မြင် စွာဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတ်။  

ဇူလိုင် ၁၈ ရက်နေ့က ကောင်ရာဘွမ် စခန်းတိုက်ပွဲဖြစ်ပွားပြီးနောက် ထိခိုက်သေဆုံးမှုများခဲ့တဲ့ စစ်ကောင်စီတပ်ဟာ KIA တပ်စခန်း ရှိရာသို့ ဦးတည်ပြီး လက်နက်ကြီးများဖြင့် ရက်ဆက် ပစ်ခတ်နေတာဟာ ၅ ရက်ရှိပြီး ယမန်နေ့ တစ်ရက်တည်းမှာပဲ KIA တပ်ရင်း ၉ တပ်စခန်းရှိရာသို့ ဦးတည်ပြီး နမ့်ဖတ်ကာ စစ်ကောင်စီတပ်က ၁၀၅ မမ ဖြင့် ၅ ကြိမ်၊ နားဒုံဘွမ်စခန်းမှ ၈၂ မမ၊ ၆၀ မမ တို့ ဖြင့် ၉ ကြိမ် နှင့် ကောင်ရာ စခန်းမှ ၆၀ မမ ဖြင့် ၅ ကြိမ် အားလုံးပေါင်း ၁၉ ကြိမ် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ဓါတ်ပုံ – CJ

Related Articles

Back to top button