တိုင်းရင်းသားများသတင်းသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 58, July 21, 2023)

၁။  ARSA နှင့် AA တိုက်ပွဲကြောင့် ဒေသခံများ စိုးရိမ်နေ
     July 20, 2023

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်တွင် ARSA နှင့် ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲဖြစ်ပွားရာနေရာအနီးက ဒေသခံများ မှာ လုံခြုံရေးစိုးရိမ်မှုများရှိနေပြီး မသွားရဲ၊ မလာရဲဖြစ်နေကြောင်း ပြောသည်။  ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာ အုပ်စုရှိ စိမ်းညှင်းပြား၊ အာကာပျံ၊ ကျောက်စာတိုင် ကျေးရွာများအနီး မယူတောင်ကြောတွင် ဇူလိုင်လ ၁၈၊ ၁၉ ရက်နေ့က ARSA နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး လက်ရှိတွင်လည်း စစ်ရေးလှုပ်ရှားမှုများ အရိပ်အမြွတ်တွေ့ရသဖြင့် စိုးရိမ်မှုများရှိနေခြင်းဖြစ်သည်။ “ဒီနေ့တော့ ပစ်ခတ်သံတွေ မကြားရသေးဘူး။ မနေ့ကပစ်ခတ်သံတွေကြားတော့စိုးရိမ်မှုတွေရှိတယ်။ ဒေသခံတွေက တောင်ယာ လုပ်ဖို့လည်း မသွားရဲကြတော့ဘူး၊ လုပ်ငန်းခွင်တွေကို မသွားရဲတာတွေလည်း ရှိနေကြတယ်။ တောထဲကို ဝမ်းစာရှာဖို့မသွားရဲ တော့ ဝင်ငွေလည်း ထိခိုက်သွားတာပေါ့” ဟု ကျောက်စာတိုင်ရွာသားတစ်ဦးက ပြောသည်။ ဇူလိုင်လ ၁၈ ရက်နေ့ ညအချိန်တွင် မေယုတောင်ကြောင်ရှိ အာကာပျံတောင်ကျော်လမ်းနှင့် ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် စိမ်းညှင်းပြားကျေးရွာအနီး တိုက်ပွဲ ဖြစ်ခဲ့ကြပြီး AA တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးကာ ARSA တပ်ဖွဲ့ဝင် ၅ ဦး၏ အလောင်းနှင့် လက်နက်များကို သိမ်းဆည်းရထားကြောင်း AA နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

စိမ်းညှင်းပြား မွတ်ဆလင်ကျေးရွာမှ ဒေသခံတစ်ဦးက “အခု ကျနော်တို့က ရွာထဲမှာ ကြောက်စိတ်နဲ့ နေရတာပေါ့။ တောင်ယာတွေကိုလည်း မသွားရဲတော့ဘူး။ ပစ်ခတ်သံတွေကြားထားတော့ တစ်ရွာလုံး ဘယ်မှမသွားကြတော့ဘူး။ လမ်းမတွေ မှာတောင် မသွားကြတော့ဘူး” ဟု ပြောသည်။ တိုက်ပွဲနှင့်ပတ်သက်ပြီး ရခိုင်က နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဦးဖေသန်းက “သူတို့ (ARSA)က မြန်မာစစ်တပ်ကိုပဲ မကြိုက်တာမဟုတ်ဘူး။ ULA/AA ရဲ့ အုပ်ချုပ်ရေးယန္တရားတွေကိုလည်း ကြိုက်ကြမှာ မဟုတ်ဘူး။ သူတို့ အုပ်ချုပ်ဖို့အတွက် ULA/AA ရှိနေရင် အခက်တွေ့နိုင်တယ်ဆိုတဲ့ သဘောမျိုးနဲ့ ULA/AA ရဲ့ အုပ်ချုပ်ရေး ယန္တရားကို နှောင့်ယှက်ဖို့ ကြိုးစားရာမှာ ထိတွေ့တိုက်ပွဲဖြစ်တာလို့ထင်ပါတယ်” ဟု ပြော သည်။ ARSA အဖွဲ့သည် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောဒေသ မေယုတောင်ကြောနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် လှုပ်ရှားလေ့ရှိပြီး ရက္ခိုင့်တပ်တော် (AA)မှာ ရခိုင်ပြည်အတွင်း အုပ်ချုပ်ရေး၊ တရားစီရင်ရေးများကို စစ်ကောင်စီနှင့်စင်ပြိုင် လုပ်ဆောင်လျက် ရှိနေသည်။ https://www.f acebook.com/photo/?fbid=66770147540345 2&set=a.643209801185953

၂။ မြောက်ပိုင်းလက်နက်ကိုင် ၃ ဖွဲ့ နဲ့ စစ်ကောင်စီ နေပြည်တော်မှာ တွေ့ဆုံနေ
    July 20, 2023

မြောက်ပိုင်းလက်နက်ကိုင် ၃ ဖွဲ့ဖြစ်တဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် NDAA နဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော် ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးကြတယ်လို့ UWSP အဖွဲ့က ပြောပါ တယ်။ ယခု တွေ့ဆုံမှုဟာ ၅ ကြိမ်မြောက်တွေ့ဆုံကြတာဖြစ်ပြီး နိုင်ငံရေးပိုင်းဆိုင်ရာအရ ထူးထူးခြားခြားဆွေးနွေးတာတွေ မရှိ ဘူးလို့ UWSP အဖွဲ့ရဲ့ လားရှိုးမြို့နယ် ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်း ကပြောပါတယ်။ “ကျွန်တော်တို့ ပုံမှန်တွေ့ဆုံမှုပါပဲပေါ့ နော်၊ ဒါက ၅ ကြိမ်မြောက်ပေါ့နော်၊ ထွေထွေထူးထူးတော့ မရှိဘူး၊ အဓိကကတော့ ကျွန်တော်တို့ ဒီဒေသတွင်း လူထုတိုးတက်ရေး လုပ်ငန်းတွေ အဲ့ဒါကိုပဲ အဓိက ဆွေးနွေးတာပဲပေါ့နော်၊ ဒီတစ်ခေါက်ကတော့ ၂ ရက်ပါပဲ။ ဒီနေ့ နဲ့ မနက်ဖြန်ပါပဲ” လို့ ဦးညီရန်း ကပြောပါတယ်။ ဇူလိုင်လ ၂၁ ရက်နေ့မှာလည်း စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့နဲ့ ဆက်လက်တွေ့ဆုံသွားမှာဖြစ်ပြီး နိုင်ငံရေး ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး အထူးဆွေးနွေးဖို့ မရှိဘူးလို့ သူကပြောပါတယ်။

စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့နဲ့ FPNCC အဖွဲ့ဝင်တွေဖြစ်တဲ့ UWSP၊ SSPP၊ NDAA တို့ တွေ့ဆုံဆွေးနွေးရာမှာ ဘယ်လို အချက်တွေကို ဆွေးနွေးတာလဲ မသိရသေးပေမယ့် စစ်ကောင်စီအဖွဲ့အနေနဲ့ SSPP နဲ့ စစ်ရေးတင်းမာမှု ဖြစ်ပွားခဲ့တဲ့အတွက် အဲ့ဒီ ကိစ္စတွေကို ဆွေးနွေးနိုင်တယ်လို့ ရှမ်းပြည်နယ်အရေး လေ့လာသုံးသပ်သူတစ်ဦးကပြောပါတယ်။ “ဝ အဖွဲ့ကတော့ သူတို့ရဲ့ နဂို တောင်းဆိုချက်တွေဖြစ်တဲ့ ပြည်နယ်အဖြစ် အသိအမှတ်ပြုရေး ဖွံ့ဖြိုးရေးကိုပဲ ကိုင်ပြီး ပြောဖို့များပါတယ်။ အခု ရှမ်းပြည်နယ် အခြေအနေအရဆိုရင် SSPP နဲ့က စစ်ရေးတင်းမာမှုတွေရှိနေတော့ အဲ့ဒီကိစ္စတွေကို စစ်ကောင်စီက ဖိပြောတာ ဆွေးနွေးလာနိုင် တာတွေ ရှိနိုင်တယ်လို့ ကျွန်တော်ထင်တယ်။ ပြီးတော့ စစ်ကောင်စီ လုပ်ချင်တဲ့ ငြိမ်းချမ်းရေးညီလာခံ ကိစ္စပေါ့လေ။ ဒါပေမယ့် ဒီတွေ့ဆုံမှုက ထူးထူးခြားခြားတော့ ဖြစ်မှာမဟုတ်ဘူးလို့ သုံးသပ်ချင်ပါတယ်” လို့ သူကပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က အခု တွေ့တဲ့ မြောက်ပိုင်း ၃ ဖွဲ့နဲ့ စစ်ကောင်စီတို့ တွေ့ဆုံခဲ့တဲ့အချိန်မှာလည်း UWSP အဖွဲ့က ပြည်နယ်တောင်းခဲ့ပြီး NDAA မိုင်းလား အဖွဲ့က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဖို့ တောင်းဆိုခဲ့ဖူးပါတယ်။ အဆိုပါ အဖွဲ့တွေရဲ့ တောင်းဆိုမှုကို စစ်ကောင်စီက မူအားဖြင့် သဘောတူတယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။ https://www.facebook.com/photo?fbid=308480528205065&set=a.2859004 90463069

၃။  နတ်ခတ်တောင်တိုက်ပွဲတွင် စစ်ကောင်စီယာယီဗိုလ်မှူး ၁ ဦးသေပြီး စစ်ကြောင်းပိတ်ဆို့ခံထားရ
     July 21, 2023

မြဝတီမြို့တောင်ဘက်မှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီစစ်ကြောင်း ၂ ကြောင်း ပိတ်ဆို့ခံထားရတဲ့အတွက် ထွက်ပေါက်ရရှိရေး လက်နက်ကြီးပစ်ကူပေး ပစ်ခတ်နေတယ်လို့ ကော်ဘရာစစ်ကြောင်း တာဝန်ရှိသူက ပြောပါတယ်။ ဇူလိုင် ၁၉ ရက်နေ့ မနက် ၇ နာရီလောက်က ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ မြဝတီမြို့တောင်ဘက် လက်ခတ်တောင်အနီးကို စစ်ကူလာရောက်တဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ နေရာ ၃ ခုမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီ တိုက်ပွဲအတွင်း လက်နက်နဲ့အတူ ခလရ ၈ က ယာယီဗိုလ်မှူး ၁ ယောက် သေဆုံးပြီး ဒဏ်ရာရရှိသူ အများအပြားရှိခဲ့တဲ့အပြင် လက်ခတ်တောင်ပေါ်မှာ စစ်ကောင်စီရဲ့ အင်အား ၆၀ လောက်ရှိတဲ့ စစ်ကြောင်း ၂ ကြောင်းဟာ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် (KNLA)၊ ကော်ဘရာပူးပေါင်း စစ်ကြောင်းတွေရဲ့ ပိတ်ဆို့ခံထားရပါတယ်။ အဲဒီစစ်ကြောင်းဟာ ၁၀ ရက်ကြာ ပိတ်ဆို့ခံထားရတဲ့အတွက် ထွက်ပေါက်ရရှိရေး စစ်ကောင်စီက နေ့တိုင်းနေ့ညလက်နက်ကြီးပစ်ကူပေး ပစ်ခတ်နေပြီး ကော်ဘရာ ပူးပေါင်းစစ်ကြောင်းအနေနဲ့ ဆက်လက်ပြီး ခုခံတော်လှန်စစ်ကနေ မြို့သိမ်းတိုက်ပွဲဆင်နွဲနိုင်ဖို့ မြဝတီမြို့ခံစစ်စည်း ၉၅ ရာခိုင်နှုန်း ကို သိမ်းယူနိုင်ပြီလို့ ကော်ဘရာစစ်ကြောင်း (စစ်ဆင်ရေးမှူး) ဗိုလ်ဒါဘော က ပြောပါတယ်။

ဒါအပြင် ဇူလိုင် ၁၄ ရက်နေ့ မနက် ၈ နာရီလောက်ကလည်း တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ ကြာအင်းဆိပ်ကြီး မြို့နယ် ပုလိန်-ခလယ်သွားကား လမ်းပေါ်ကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း နဲ့ နယ်မြေလုံခြုံရေးရယူထားတဲ့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲအတွင်းကို ဝင်ရာက်လာတဲ့ ခရီးသွားအရပ်သားပြည်သူတွေ လိုက်ပါလာတဲ့ မော်တော် ယာဉ်ကို စစ်ကောင်စီကပစ်ခတ်ပြီး ယာဉ်ပေါ်လိုက်ပါလာတဲ့ ပြည်သူ ၂ ယောက်ကို ပစ်သတ်ခဲ့တဲ့အပြင် လူ ၂၀ နီးပါးကို လူသား ဒိုင်းအဖြစ်ဖမ်းဆီး ခေါ်ဆောင်သွားပြီး အဲဒီထဲက ပုလိန်ကျေးရွာဒေသခံ ၄ ဦးဟာ ဇူလိုင် ၂၀ ရက် မနက် ၇ နာရီလောက်က ထွက် ပြေး လွတ်မြောက်လာခဲ့တယ်လို့ တော်လှန်ရေးတပ်ပေါင်းစုတာဝန်ရှိသူတဦးက ပြောပါတယ်။ ဇူလိုင် ၁၂ ရက်နေ့က တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ ကြာအင်းဆပ်ကြီးမြို့ ပုလိန်-ခလယ်ကျေးရွာအနီး တိုက်ပွဲပြင်းထန်းခဲ့ရာ စစ်ကောင်စီက နှစ်ဖက်တိုက်ပွဲတွေ အတွင်း လက်နက်ကြီးအပြင် လေကြောင်းကပါ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ထောင်နဲ့ချီတဲ့ဒေသခံတွေ ထွက်ပြေးတိမ်းရှောင် ခဲ့ရပါတယ်။ https://burmese.dvb.no /post/605165

၄။  ရှမ်းနဲ့ ကရင်နီ ဆက်သွယ်ထားတဲ့ လမ်းမကြီးတွေပေါ်မှာ ကားကြီးတွေ သွားလာခွင့် KNDF ပိတ်ပင်
     July 20, 2023

ရှမ်းပြည်နဲ့ ကရင်နီပြည်ကို ဆက်သွယ်ထားတဲ့ လမ်းမကြီးတွေပေါ် စစ်ရေး အခြေအနေကြောင့် ကားကြီးများ သွားလာမှု မပြုကြဖို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့-KNDF တပ်ရင်းအမှတ် (၂)က သတိပေးထုတ်ပြန်ပါတယ်။ ရှမ်းနဲ့ ကရင်နီ ကို ဆက်သွယ်ထားတဲ့ လွိုင်ကော်-ဆီဆိုင် လမ်းမကြီးနဲ့ လွိုင်ကော်-မိုးဗြဲ လမ်းမကြီးတွေပေါ်မှာ ဆယ်ဘီးကား၊ တွဲကား၊ ကုန် ကား၊ ဒန်ဘာကား၊ မိုးကာအုတ်ကားတွေ အနေနဲ့ ဇူလိုင်လ ၁၈ ရက်ကနေ ၂၈ ရက်နေ့အထိ လုံးဝ သွားလာမှု မပြုကြဖို့ KNDF ရဲ့ သတိပေးစာမှာ ဖော်ပြထားပါတယ်။ မဖြစ်မနေ သွားလာဖို့လိုတဲ့ ကားငယ်တွေ အနေနဲ့ကတော့ ကားမှန်တွေချပြီး သွားလာ နိုင်တယ်လို့ KNDF ကဆိုပါတယ်။ အဲ့ဒီလမ်းမကြီး တစ်လျှောက်ပေါ်မှာ စစ်ကောင်စီတပ်ဟာ နည်းလမ်းပေါင်းစုံနဲ့ စစ်ရေးလှုပ် ရှားမှု ပြုလုပ်နေပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ရေးတင်းမာနေတဲ့အတွက် အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင် တာကြောင့် အခုလို သတိပေးချက် ထုတ်ပြန်ရတာဖြစ်ပြီး ကားကြီးတွေ ပြန်လည်သွားလာလို့ရမယ့်အချိန်ကို ပြန်အသိပေးမယ်လို့ KNDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

KNDF တပ်ရင်း (၂) အနေနဲ့ အခုလို ထုတ်ပြန်သတိပေးတာဟာ စစ်ကောင်စီက အဲ့ဒီလမ်းမကြီးတွေကနေ တစ်ဆင့် ကရင်နီပြည်ထဲကို အရပ်သားကုန်တင်ကားတွေ အသုံးပြုပြီး စစ်အင်အား ဖြည့်တင်းတာ စစ်ရေးလှုပ်ရှားတာတွေကြောင့် ဖြစ် တယ်လို့ ကရင်နီ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ “စစ်ကောင်စီက ရှမ်းပြည်နယ်ကနေ ကရင်နီထဲကို အင်အား ဖြည့်တာ စစ်ရေးလှုပ်ရှားတာတွေကို လူထုကားတွေကို အသုံးပြုပြီးတော့ ဝင်လာတာတွေရှိတယ်။ ပြီးတော့ ရှမ်း-ကရင်နီနယ်စပ် က တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတဲ့ နေရာတွေဖြစ်တော့ သွားလာနေကြတဲ့ သာမန်ပြည်သူလူထုတွေကို မထိခိုက်ရအောင် ထုတ်ပြန် အသိပေးတာဖြစ်တယ်” လို့ အဲ့ဒီ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ နယ်မြေလုံခြုံရေးနဲ့ စစ်ရေးအခြေအနေအရ အများပြည်သူ အနေနဲ့ အခုထုတ်ပြန်ချက်ကို မဖြစ်မနေ လိုက်နာရန် လိုအပ်ပြီး လိုက်နာမှုမရှိပါက ဖြစ်ပေါ်လာမယ့် နောက်ဆက် တွဲ ပြဿနာတွေကို KNDF တပ်ရင်း (၂) အနေနဲ့ တာဝန်ယူမှာ မဟုတ်ဘူးလို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ https://www.facebook.com/photo/?fbid=30796393 1590058&set=a.285900490463069

၅။   မကွေး-ချင်းနယ်စပ် တိုက်ပွဲ စစ်ကောင်စီတပ်မှ ၂၀ ဦးသေ၊ အများအပြား ဒဏ်ရာရဟု ကန်ပက်လက် CDF              အသိပေး
      July 20, 2023

ချင်းပြည်နယ်နှင့် မကွေးတိုင်းအစပ် ဆောမြို့နယ်နှင့် ကန်ပက်လက်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ ၁၉ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရခဲ့ကြောင်း ကန်ပက်လက် ချင်းကာကွယ်ရေးတပ်(CDF)က သတင်း ထုတ်ပြန်သည်။ ဇူလိုင် ၁၆ ရက်မှ ၁၉ရက်နေ့အထိ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအခြေအနေများကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ဇူလိုင် ၁၆ ရက်က ဆောမြို့နယ် ဆွဲလွဲကျင်းရွာအနီး တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ၆ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ ဇူလိုင် ၁၈ ရက် ကလည်း ဆွဲလွဲကျင်းရွာနှင့် ကန်ပက်လက်မြို့နယ် မဆာတွီရွာအကြား၌ တိုက်ပွဲဖြစ်ပွားရာ အရာရှိ အပါအဝင် စစ်ကောင်စီတပ်မှ ၅ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။ ဇူလိုင် ၁၈ရက်၌ပင် နောက်ထပ် တစ်ကြိမ် တိုက်ပွဲထပ်မံဖြစ်ပွားရာ  စစ်ကောင်စီတပ်မှ ၃ဦး သေဆုံးခဲ့သည်ဟုသိရသည်။ အထိနာသည့် စစ်ကောင်စီတပ်သည် မဆာတွီရွာကို ပစ်မှတ်ထားပြီး တိုက်လေယာဉ် ၅ စီးဖြင့် အကြိမ် ၂၀ ထက်မနည်း တိုက်ခိုက်ခဲ့ရာ BCM ဘုရားကျောင်း အပါအဝင် လူနေအိမ် (၇)လုံးပျက်စီးဆုံးရှုံးခဲ့သည်ဟု ​ဖော်ပြထား သည်။ မဆာတွီ ကျေးရွာအနီးတိုက်ပွဲထပ်မံဖြစ်ပွားရာ စစ်ကောင်စီတပ်မှ ၅ ဦးထပ်မံသေဆုံး၍ ဒဏ်ရာရသူအများအပြားရှိခဲ့သည်ဟုအသိပေးထားသည်။

တိုက်ပွဲများအတွင်းပူးပေါင်းတပ်ဖွဲ့များဘက်ကရဲဘော် ၃ ဦး ဒဏ်ရာရရှိခဲ့ပြီးတစ်ဦးမှာဒဏ်ရာပြင်းထန်သည်ဟုဆိုသည်။ ပြည်သူများအနေဖြင့်လည်း တိုက်ပွဲဝင်ရန်အရေးပေါ် လိုအပ်နေသည့် လက်နက်၊ ခဲယမ်း၊ ရိက္ခာများအား အမြန်ဆုံး ထောက်ပို့ ပေးပါရန်နှင့် ဆုတောင်းခြင်းဖြင့် ပါဝင်ပေးကြပါရန် ကန်ပက်လက် CDF က မေတ္တာရပ်ခံထားသည်။ လက်ရှိတွင် ကန်ပက်လက် မြို့နယ်ကျင်ဒွေးမြို့ကို ဦးလာသည့် စစ်ကောင်စီတပ် ယာဉ်တန်းကို CDF နှင့် ပူးပေါင်းတပ်ဖွဲ့က ဟန့်တားနိုင်ရန် ကြိုးပမ်းလျက် ရှိရာ အဓိက အခက်အခဲမှာ လက်နက်ခဲယမ်းလိုအပ်ချက်ဟု ကန်ပက်လက်ဒေသခံက ပြောကြားထားသည်။ “လက်နက်လုံ လောက်မှုမရှိဘူး။ ရှိတဲ့ လက်နက်မှာ အသုံးပြုဖို့ကျည်ဆံဆိုလို့ရှိရင်လည်းမရှိတဲ့အနေအထား။ ဒီနေ့ကျနော်ကြားရသလောက်ဆို ကျည်ဆံကုန်လို့ နောက်ဆုတ်ပေးလိုက်ရလို့ သူတို့(စစ်ကောင်စီစစ်ကြောင်း) ရှေ့တိုးလို့ရတဲ့ အနေအထား၊ စစ်ကောင်စီက ဂျက်ဖိုက်တာ ၅ စီးကို အသုံးပြုပြီး ပစ်ကူပေးလို့ နောက် ဆုတ်ရတဲ့ အနေအထားမဟုတ်ဘဲ နဲ့ မြေပြင် တိုက်ပွဲဖြစ်ပြီးတော့မှ ကျည်ဆံကုန်လို့ နောက်ဆုတ်ရတဲ့ အနေအထားမျိုးပဲ”ဟု ကန်ပက်လက်ဒေသခံတစ်ဦးက ပြောကြားသည်။ https://www.face book.com/photo/?fbid=617549190443877&set=a.559396186259178

၆။  ၂၀၂၀ ရွေးကောက်ပွဲမှာ KSDP ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဦးကျော်ကျော်ထွန်း အသတ်ခံရ
     July 20, 2023

၂၀၂၀ ရွေးကောက်ပွဲမှာ ကရင်နီပြည်နယ်ဒီမိုကရက်တစ်ပါတီ (KSDP) (ယခင် KySDP)ပါတီမှ မယ်စဲ့မြို့နယ် အမျိုးသားလွတ်တော်မဲဆန္ဒနယ် မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဦးကျော်ကျော်ထွန်းဟာ ယခုရက်ပိုင်းမှာပဲ မယ်စဲ့မြို့နယ်မှာ သတ်ဖြတ်ခံရ တယ်လို့ KSDP က ပြောပါတယ်။ ယခုရက်ပိုင်းအတွင်း အသတ်ခံရတယ်လို့ ဦးကျော်ကျော်ထွန်း နဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းထံ ကနေ ကြားသိရတယ်လို့ ပြောပါတယ်။ ဦးကျော်ကျော်ထွန်း အသတ်ခံရတာနဲ့ပတ်သက်ပြီး မည်သည့်အကြောင်းအရင်းနဲ့ မည်သူ မည်ဝါက သတ်ဖြတ်ခဲ့တယ်ဆိုတာကို မသိရှိရသေးဘဲ အမှုမှန်ပေါ်ပေါက်ရေးနဲ့ တရားမျှတမှုအတွက် သက်ဆိုင်ရာ ဒေသတွင်း အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ဦးကျော်ကျော်ထွန်း အသတ်ခံရတာနဲ့ပတ်သက်ပြီး KSDP အနေနဲ့ ကန့်ကွက်ရှုတ်ချထားပါတယ်။

ဦးကျော်ကျော်ထွန်းဟာ အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ဖူးပြီး ပါတီနဲ့ အဆက်အသွယ်မပြုတာ ၂ နှစ်ကျော်ရှိနေပြီလို့ သိရပါတယ်။ အသက် (၃၇)နှစ်အရွယ် ဦးကျော်ကျော်ထွန်း ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) လက်ရှိ ကရင်နီပြည်နယ်ဒီမိုကရက်တစ်ပါတီ (KSDP) ကနေ အမျိုးသားလွှတ်တော် (၅) မယ်စဲ့မြို့နယ် မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသူဖြစ်ပါတယ်။ https://www .kantarawadd ytimes.org/4ovq

၇။   ကျိုက်ထိုတွင် စစ်ကောင်စီတပ်သားတစ်ဦးကို ဆိုင်ကယ်ဖြင့် တိုက်မိသည့် ပြည်သူတစ်ဦးကို အမြောက်တပ် ၃၁၀          တပ်တွင်းသို့ ဖမ်းဆီးခေါ်ဆောင်ကာ သတ်ဖြတ်
      July 20, 2023

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့တွင် ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့၊ နံနက် ၁၀ နာရီဝန်းကျင်က ဈေးဝယ် ပြီးပြန်လာသည့် ဒေသခံအမျိုးသားတစ်ဦးနှင့် အမြောက်တပ် (အမတ-၃၁၀)တပ်ရင်းမှ စစ်ကောင်စီတပ်သားတစ်ဦးတို့  ဆိုင်ကယ်ချင်း တိုက်မိရာမှ တိုက်မိသူဒေသခံကို တပ်တွင်းသို့ ဖမ်းဆီးခေါ်ဆောင်ကာ သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။ ချောင်းစောက်ရွာတွင်နေထိုင်သူ အသက် ၂၅ အရွယ်ရှိ ကိုချစ်လေးသည်  သိမ်ဇရပ် မြို့ပေါ်မှဆိုင်ကယ်ဖြင့် ဈေးဝယ် ပြီးအပြန်တွင် စစ်တောင်းတံတား (အဟောင်း)တွင် တာဝန်ကျသည့် စစ်ကောင်စီတပ်သား‌မောင်းနှင်းလာသော ဆိုင်ကယ်နှင့် တိုက်မိခဲ့သည်။ အဆိုပါစစ်ကောင်စီတပ်သား၏ ‌ဆိုင်ကယ်မှောက်သွားသည့်အတွက် ကိုချစ်လေးက တာဝန်ယူမည်ဟု ပြောဆို သော်လည်းလက်မခံဘဲ တပ်ထဲမှစစ်သားများကို ဖုန်းဆက် လှမ်းခေါ်၍ အမတ-၃၁၀ တပ်တွင်းသို့ ဖမ်းဆီးခေါ်ဆောင်သွား ကြောင်း ဒေသခံများထံက သိရသည်။ “ဒီဖြစ်စဉ်မှာဆိုရင် အဓိကကတော့ လူစိတ်မရှိတာပေါ့နော်။ မောက်မာတယ်၊ ရိုင်းစိုင်း တယ်၊ အာဏာပြချင်တဲ့သဘောကို အခြေခံနေတယ်။ လူကိုလူလို တန်ဖိုးမထားတဲ့ စစ်တပ်ရဲ့သဘောတွေကိုလည်း ဖော်ပြနေ တယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ကိုချစ်လေးမှာ အမြောက်တပ်-၃၁၀ တပ်ရင်းအတွင်းသို့  ဖမ်းဆီးခေါ်ဆောင်ခံရပြီး နောက်တစ်နေ့ ဇူလိုင်လ ၁၉ ရက်နေ့ တွင် သေဆုံးပြီဖြစ်၍ အလောင်းလာရောက် ထုတ်ယူရန် မိသားစုကို စာပို့အကြောင်းကြားခဲ့ပြီး ကိုချစ်လေး၏ ခန္ဓာကိုယ် ဦးခေါင်း နှင့် ကိုယ်လက်ညိုမဲစွဲဒဏ်ရာ၊ နှုတ်ခမ်းကွဲဒဏ်ရာများကို တွေ့ရကြောင်း သိရသည်။ စစ်ကောင်စီတပ်များ၏ ရိုက်နှက်သက်ဖြတ် ခြင်းကြောင့် သေဆုံးသူ ကိုချစ်လေးမှာ မည်သည့်အဖွဲ့အစည်းနှင့်မျှ ပတ်သတ်ခြင်းမရှိသည့် သာမာန်အရပ်သားတစ်ဦးဖြစ်ပြီး ကိုချစ်လင်း ၏ ဆိုင်ကယ်ကိုလည်း ပြန်လည်ပေးခြင်းမရှိကြောင်း သိရသည်။ သေဆုံးသူ ကိုချစ်လေး တွင် ဇနီးဖြစ်သူ ကျန်ရစ်ခဲ့ ပြီး ၎င်း၏သေစာရင်းကို သိမ်ဇရပ်တိုက်နယ်ဆေးရုံမှ ဒေါက်တာမြတ်ဆုဝေလက်မှတ်ဖြင့် ထုတ်ပြန်ခဲ့သည်။ ထိုသေစာရင်းတွင် ဖော်ပြထားသည့်အတိုင်း ကိုချစ်လေးမှာ ဇီးပြောင်း ၁ ရွာသားမဟုတ်ဘဲ ချောင်းစောက်ရွာသားဖြစ်ပြီး အိမ်ဆိုင်ဖွင့်ထားသည့် သာမန်အရပ်သားသာဖြစ်ကြောင်း သိရသည်။ ထို့အပြင် သိမ်ဇရပ်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့ကလည်း သိမ်ဇရပ်ရဲ စခန်းမှ ဒုရဲအုပ် မျိုးသီဟသည် အုပ်ချုပ်ရေးမှူးမိသားစုအပါအဝင် လူငါးဦးကိုကားဖြင့်တိုက်ကာ သေနတ် ပစ်ဖောက်ခြိမ်းခြောက် ခဲ့ပြီး တိုက်ခံရသူအချို့မှာဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံက သိရသည်။ https://www.fac ebook.com/photo/?fbid=608966621372361&set=pcb.608966638039026

၈။  ကော်သူးလေတပ်က မိုင်းဆွဲတိုက်ခိုက်၍ KNU တပ်မဟာ ၄ က ဗိုလ်ဖိုးချစ်အပါအဝင် နှစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ
     July 20, 2023

KNU တပ်မဟာ (၄) လက်အောက်ခံ KNLA တပ်ရင်း (၁၀) က ဗိုလ်ဖိုးချစ် လိုက်ပါလာသည့်ကားကို ထားဝယ် အရှေ့ တော ဒေသတွင် မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကော်သူးလေတပ်မတော် (KTLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ ကော်သူးလေတပ်မတော် (KTLA) တနင်္သာရီတိုင်းစစ်ဌာနချုပ် ဦးဆောင်သူ ဗိုလ်အယ်ကွီး နှင့်အဖွဲ့ ထီးခီးမှ ဖောင်းတောဘက်သို့လာချိန် ဗိုလ်ဖိုးချစ် တို့အဖွဲ့က နှစ်ဖက်ညှပ်တိုက်မည်ဆိုသော သတင်းရသည်ဟု ကော်သူးလေ၏ တပ်ခွဲ တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယင်းကြောင့် ဖောင်းတောမှ ထွက်လာသည့် ဗိုလ်ဖိုးချစ် ကားကို ကော်သူးလေ၏ တပ်ရင်းတပ်ဖွဲ့က ဇူလိုင်လ ၂၀ ရက် နံနက်ပိုင်းက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။ “သေတာက ဗိုလ်ဖိုးချစ် ရယ်၊ သူ့တပည့်ရယ်၊ ကျန်တဲ့နှစ်ယောက်လည်း ဒဏ်ရာရတယ်” ဟု ယင်းတာဝန်ရှိသူက ပြောဆိုသည်။ ဗိုလ်ဖိုးချစ် သည် KNU တပ်မဟာ (၄) လက်အောက်ခံ KNLA တပ်ရင်း (၁၀) ၏ တပ်ရင်းမှူးဖြစ်သည်ဟု ‌အထက်ပါ တာဝန်ရှိသူနှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့အချို့မှ အဖွဲ့ဝင်အချို့က ဆိုသည်။ KNU တပ်မဟာ (၄) လက်အောက်ခံ KNLA တပ်ရင်းနှင့် ကော်သူးလေတပ်မတော်-KTLA တို့ကြား မကျေလည် ဖြစ်ရာမှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ရက်က ပစ်ခတ်မှုထပ်မံဖြစ်ပွားပြီးနောက် စစ်ရေးပဋိပက္ခ ပိုမိုတင်းမာလာခြင်းဖြစ်သည်။ ယခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ လက်ရှိအချိန်အထိ နှစ်ဖက်ထိတွေ့ပစ်ခတ်မှု အနည်းဆုံး ခုနစ်ကြိမ်ထက်မနည်း ရှိပြီလည်းဖြစ်သည်။

ယနေ့ ဇူလိုင်လ ၂၀ ရက် နံနက်ပိုင်းတွင်လည်း ထားဝယ်-ထီးခီးလမ်းပိုင်း ဝါးတောကျေးရွာအနီးတွင် ဗိုလ်ဖိုးချစ်၏ KNLA တပ်ရင်း (၁၀) နှင့် ကော်သူးလေတပ်မတော်က တပ်ခွဲ (၃) တို့ကြား ထိတွေ့ပစ်ခတ်မှု ထပ်မံဖြစ်ပွားနေကြောင်း KTLA ၏ တပ်ခွဲတစ်ခုမှ တာဝန်ရှိသူက ပြောသည်။ ယနေ့ဖြစ်ပွားနေသည့် ပစ်ခတ်မှုအခြေအနေ အသေးစိတ်ကို မသိရသေးကြောင်း ၎င်းက ဆိုသည်။ ထားဝယ်အရှေ့တောဒေသတွင် ကရင်လက်နက်ကိုင်နှစ်ဖွဲ့၏ ပစ်ခတ်တိုက်ခိုက်မှုများနှင့် ပက်သက်ပြီး KNU တပ်မဟာ (၄) က တာဝန်ရှိသူအချို့ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့သော်လည်း အဆက် အသွယ် မရရှိသေးပေ။ အရှေ့တောဒေသရှိ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိတစ်ဦးက ကရင်လက်နက်ကိုင်နှစ်ဖွဲ့စလုံးမှာ နယ်မြေ စိုးမိုးလိုမှုနှင့် နယ်မြေဖြတ်သန်း သွားလာ ခွင့်စသည့်ကိစ္စအပြင် ယခင်ကတည်းက မကျေလည်မှုများကြောင့် ယခုကဲ့သို့ နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုများအထိ ဖြစ်လာခြင်း ဖြစ်ကြောင်း ပြောဆိုသည်။ ကရင်လက်နက်ကိုင်နှစ်ဖွဲ့၏ စစ်ရေးတင်းမာနေမှုကို ငြိမ်းချမ်းသည့်နည်းလမ်းဖြင့်သာ အဖြေရှာကြ ရန် တိုင်းအတွင်းနေ ကရင်ပြည်သူများနှင့် ပြည်ပရောက် ကရင်အဖွဲ့အစည်း ၄၆ ဖွဲ့က တောင်းဆိုထားကြသည်။ https://www .facebook.com/photo/?fbid=649162347363117&set=a.591171916495494

၉။   ဖရုံချောင်းနှင့် နပျိုးချောင်းရွာနှစ်ရွာကို AA ထံမှ တိုက်ယူထား၍ ရွာထဲကနေထွက်မပေးနိုင်ကြောင်း စစ်ကောင်စီ        တပ်ဆို
      July 20, 2023

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှ အိမ်ခြေ ၄၀ ကျော်ခန့်ရှိသည့် နပျိုးချောင်း (ငှက်ပျောချောင်း)နှင့် ဖရုံချောင်းရွာ အား စစ်ကောင်စီတပ်က ရက္ခိုင့်တပ်တော် (AA) ထံမှ တိုက်ယူထားခြင်းဖြစ်၍ ရွာထဲကနေ ထွက်မပေးနိုင်ကြောင်း ပြောဆိုလာ သည်ဟု ကျေးရွာသားများထံမှ သိရသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်တွင် AA နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက် အပစ်ခတ်ရပ်ခဲ့ပြီး တပတ်အကြာ ဒီဇင်ဘာလမှစတင်ကာ စစ်ကောင်စီလက်အောက်ခံ တပ်မ (၂၂)က နပျိုးချောင်းနှင့် ဖရုံချောင်း ရွာ တို့တွင် ဝင်ရောက် တပ်စွဲနေထိုင်ခဲ့သည်။ ယင်းနောက် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၃၀ ရက်တွင် တပ်မ (၂၂)က တပ်ဖွဲ့ဝင် (၄)ဦး ထွက်ပြေးသွားပြီးနောက် မေလ (၄)ရက်နေ့မှစပြီး ကျေးရွာသားများအား စစ်တပ်က ရွာမှနှင်ထုတ်ခဲ့သည်။ ယင်းအချိန်မှ လက်ရှိ အချိန်ထိ ကျေးရွာသားများကို ရွာအတွင်းသို့ အဝင်မခံသကဲ့သို့ သူတို့ပိုင် လယ်မြေများကိုလည်း ထွန်ယက်စိုက်ပျိုးခွင့်လည်း မရကြောင်း ရွာသားများကပြောသည်။ ရွာသားများအနေ ဖြင့် ကျေးရွာအတွင်း၌နေထိုင်ရန် တောင်းခံသည့်အပေါ် စစ်တပ်အနေ ဖြင့် ၎င်းကျေးရွာ နှစ်ရွာကို AA ထံမှ တိုက်ယူထားခြင်းဖြစ်သည့်အတွက် မထွက်ပေးနိုင်ကြောင်း ပြောဆိုလာသည်ဟု အမည် မဖော်လိုသည့် ဖရုံချောင်း ကျေးရွာသားတစ်ဦးက ပြောသည်။

”အရင်သွားပြောတဲ့ အခေါက်တွေ လုပ်ပေးမယ် ဘာညာ ပြောတယ်။ အခုက ရွာထဲကို လုံးဝ ပေးမဝင်တော့ဘူး။ ရွာကို AA နဲ့ တိုက်လို့ သိမ်းယူထားတယ်လို့ ပြောလာတယ်။ ဒါကြောင့် သူတို့ မထွက်ပေးနိုင်ဘူးလို့ ပြောပါတယ် ”ဟု ဆိုသည်။ ကျေးရွာတွင် မနေထိုင်ရသည့်အတွက် ဒေသခံများအနေဖြင့် လယ်ယာများ မထွန်ယက် မစိုက်ပျိုးနိုင်သလို အလုပ်အကိုင်လည်း မရှိ၍ စားဝတ်နေရေး၊ နေထိုင်ရေး အခက်အခဲများ ရင်ဆိုင်နေရသည်ဟု ဆိုကြသည်။ မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းများတွင်လည်း ခိုလှုံရန် အခက်အခဲရှိနေသည်ဟု ဖရုံချောင်းမှ အမျိုးသမီးတစ်ဦးက ဆိုသည်။ ”မြို့ပေါ်မှာ သွားနေဖို့ကလည်း အဲဒီမှာ လုပ်စားဖို့ မတတ်တဲ့ လူတွေများတယ်။ ကယ်ဆယ်ရေးပေးတဲ့ ဆန်လောက်နဲ့က ဘာမှ ဝယ်မစားနိုင်ဘူး။ ရွာမှာဆိုရင် တခုမှ စားစရာမရှိ ရင် ငါး ရှာစားလို့ရတယ်။ ဟင်းခူးစားလို့ရတယ်။  မြို့ပေါ်မှာက ပိုက်ဆံရှိမှ အဆင် ပြေမှာလေ။ အဲ့ဒါကြောင့် မသွားချင်ဘူး” ဟု ဆိုသည်။ ဖရုံချောင်းကျေးရွာတွင် အိမ်ခြေ ၁၈ ဆောင်နှင့် နပျိုးချောင်း ကျေးရွာတွင် အိမ်ခြေ ၂၃ ဆောင်ရှိပြီး နှစ်ရွာပေါင်း လူဦး ရေ ၁၀၀ ကျော် ရှိကြောင်း သိရသည်။ https://burme se.narinjara.com/news/detail/64b8b2968b5593abbc68d3d7

၁၀။   ဒေါ့ဖုန်းယန်မြို့အနီး နှစ်ဖက်တပ် စစ်ရေးလှုပ်ရှားမှုများ ရှိနေသည့်အတွက် ဒေသခံများ တောင်ယာနှင့်လယ်လုပ်         ရန် အခက်ကြုံ
       July 20, 2023

ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊ဒေါ့ဖုန်းယန်မြို့အနီးမှာတစ်ဝိုက်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီ တပ်တို့ စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတဲ့အတွက် ဒေသခံပြည်သူတွေ တောင်ယာအခင်းနဲ့ လယ်လုပ်ကိုင်ဖို့ အခက်ကြုံနေရပါ တယ်။ မြို့ပတ်ဝန်းကျင်တစ်လျှောက် နှစ်ဖက်တပ် နေရာယူစောင့်ကြပ်မှုတွေ ရှိနေတဲ့ အနေအထားကြောင့်သာမက စစ်ကောင်စီ ဘက်က စစ်ကြောင်းထိုးမှုတွေ ရှိနေတဲ့တွက်ကြောင့်ပါ ဒေသခံပြည်သူတွေဟာ မြို့နဲ့ တစ်မိုင်လောက်ဝေးတဲ့နေရာမှာ လယ်လုပ် သွားဖို့ ခက်ခဲနေကြတာပါ။ “တောင်ယာလည်း မသွားရဲကြတော့ဘူး။ လမ်းတွေရော ပိတ်သွားပြီ။ ဒေါ့ဖုန်းကနေ နမ်ဆန်ယန် တစ်လျှောက်လမ်းတွေ ပိတ်သွားပြီ။”လို့ ဒေါ့ဖုန်းယန်ဒေသခံတစ်ဦးက ပြောပါတယ်။ နမ်ဆန်ယန်ကျေးရွာဘက်ကို ဇူလိုင်လ ၃ ရက်နေ့ကနေစပြီး မြစ်ကြီးနားနဲ့ ဝိုင်းမော်ဘက်ကနေ စစ်ကောင်စီတပ်သား‌တွေ စစ်ကြောင်း ဆက်တိုက်ထိုးနေပြီး ဗန်းမော် ဘက်‌ကနေပါ အကူစစ်ကြောင်းတွေ တက်လာနေတာ ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒေ့ါဖုန်းယန်ဒေသခံရဲ့ ပြောပြချက်အရ နမ်ဆန်ယန်ကျေးရွာဘက်ကို  ဗန်းမော်ကနေ စစ်ကြောင်းထိုးလာတဲ့ အဖွဲ့သုံးဖွဲ့ လောက်ရှိနေပြီဖြစ်ပြီး စစ်ကြောင်းတစ်ခုမှာ အင်အားအနည်းဆုံး ၈၀ လောက် ရှိတယ်လို့ သိရပါတယ်။ ဇူလိုင်လ ၁၇ ရက်နေ့က လည်း ဒင်ဂါနဲ့ ခလားရွာကြားမှာ စစ်ကောင်စီစစ်ကြောင်းတစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရတဲ့အပြင်  ဒီကနေ့မနက် ၁၀ နာရီ လောက်မှာလည်း ဒေါ့ဖုန်းယန်မြို့နဲ့  ၂ မိုင်လောက်ဝေးတဲ့ နေရာမှာ ပစ်ခတ်သံတွေ ကြားနေရတယ်လို့ ဆိုပါတယ်။ အခုလိုစစ် ကြောင်းတွေ လှုပ်ရှားနေတာကြောင့် လမ်းတွေပိတ်ဆို့ထားသလို ဖြစ်နေပြီး ဒေသခံပြည်သူတွေ အနေနဲ့ သွားရေး၊ လာရေးက အစ သတိထားသွားလာနေရပြီး ဒေါ့ဖုန်းယန်မြို့ဟာ မြစ်ကြီးနား-ဝိုင်းမော်-ဗန်းမော်လမ်းပေါ်မှာ တည်ရှိပါတယ်။ https://www.f acebook.com/photo/?fbid=289914653715535&set=a.26 6001999440134

၁၁။   ရွာသစ်မြို့နယ်မှာ အင်အားအလုံးအရင်းနဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပြည်သူ ၆ ဦးကိုပစ်သတ်
       July 20, 2023

ကရင်နီပြည်နယ်၊ ရွာသစ်မြို့နယ်ထဲမှာ အင်အား အလုံးအရင်းနဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဒေသခံ ပြည်သူ ၆ ဦးကို ပစ်သတ်ခဲ့တယ်လို့ ကရင်နီတော်လှန်ရေး အင်အားစုတွေနဲ့ နီးစပ်သူ မယ်စဲ့မြို့နယ် NLD အမတ်ဟောင်း ဦးသန်းလင်းလင်း က ပြောဆိုပါတယ်။ စစ်ကောင်စီတပ်တွေဟာ ရွာသစ်မြို့နယ်ထဲမှာ ဇူလိုင်လ အစပိုင်းကတည်းက ဖြန့်ကျက် တပ်စွဲထားတာ ဖြစ်ပါတယ်။ ထွက်ပြေးလာတဲ့ ဒေသခံ ပြည်သူတွေရဲ့ ပြောပြချက်အရ ပြည်သူ ၆ ဦးထက်မနည်း စစ်တပ်က ပစ်သတ်ခဲ့တယ်လို့ သူကဆိုပါတယ်။ “လောလောဆယ်တော့ တပ်မ(၆၆)၊ (၉၉)၊ (၇၇)၊ (၄၄) တော့ ရွာသစ်ဘက်ကို တပ်ဖြန့်ထားတယ်။ အင်အား တော့ အတိအကျ မသိဘူး။ အင်အား တော်တော်များတာပဲသိရတယ်။ အရပ်သား ပြည်သူကတော့ ၆ ဦး အသတ်ခံရတယ်” လို့ ဦးသန်းလင်းလင်း က ပြောပါတယ်။

မယ်စဲ့မြို့နယ်မှာတော့ လတ်တလော တိုက်ပွဲတွေငြိမ်သက်နေပေမယ့် စစ်ရေးတင်းမာနေဆဲဖြစ်တယ်လိုဆိုပါတယ်။ စစ်ကောင်စီရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကြောင့် လူဦးရေ ၂,၅၀၀ နီးပါး နေထိုင်တဲ့ ရွာသစ်မြို့နယ် ဒေသခံတွေဟာ မြို့နယ် လုံးကျွတ် ထွက်ပြေးလာရတယ်လို့ စစ်ရှောင် ကူညီနေသူ တစ်ဦးက ပြောပါတယ်။ နေရပ်စွန့်ခွာ ထွက်ပြေးလာတဲ့ ရွာသစ်မြို့နယ် စစ်ရှောင်ပြည်သူတွေကို ထိုင်း-ကရင်နီ နယ်စပ်မျဥ်းပေါ်က စစ်ရှောင်စခန်း တစ်ခုမှာ ယာယီခိုလှုံလို့ရအောင် ပြုလုပ်ပေးထား တယ်လို့ဆိုပါတယ်။ ရုတ်တရက် စစ်ဘေးတိမ်းရှောင်လာရတာကြောင့် တစ်ကိုယ်စာ အ​ရေးပေါ်ရိက္ခာသာပါလာတဲ့ စစ်ရှောင် ပြည်သူတွေအတွက် အ​ခြေခံစားနပ်ရိက္ခာနဲ့ အမိုးအကာတွေလိုအပ်နေတာကြောင့် ပြည်သူတွေ ဝိုင်းဝန်းကူညီ ပေးကြဖို့ ကရင်နီ စစ်ရှောင် ကူညီနေသူ တစ်ဦးက မေတ္တာရပ်ခံထားပါတယ်။ လူဦး​ရေ ၃ သိန်းကျော် နေထိုင်တဲ့ ကရင်နီပြည်နယ်မှာ ပြည်သူ ၂ သိန်းကျော်ဟာ နီးစပ်ရာမြို့နယ်က ဆွေမျိုးတွေ၊ စစ်ရှောင်စခန်းတွေနဲ့ ထိုင်းနိုင်ငံဘက်ခြမ်းက စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေ ရတာ ၂ နှစ်နီးပါး ကြာမြင့်နေပြီ ဖြစ်ပါတယ်။ https://www.facebook.com/photo/?fbid=307435158309602&set=a.285900 490463069

၁၂။  တနင်္သာရီမှာ ငါးရက်ဆက် တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီတပ်အထိနာ
       July 20, 2023

စစ်ကြောင်းထိုးပြီးဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် က မောတောင်လမ်းမှာ ငါးရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးသူများခဲ့တယ်လို့ KTLA-Tcjf အဖွဲ့က နေ သိရပါတယ်။ အခုလ ၁၅ ရက်နေ့ မနက် ၇ နာရီခွဲ‌လောက်က တနင်္သာရီမြို့ဘက်ကလာတဲ့ အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကောင်စီခြေလျင်စစ်ကြောင်းနဲ့ ချောင်းနှစ်ပေါက်ရွာမှာ KTLA(tcjf) လုံခြုံရေးကင်းအဖွဲ့နဲ့တိုးပြီး ၁၅ မိနစ်ခန့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ အဲဒီအဖွဲ့ကနေ သိရပါတယ်။ ၁၆ ရက်နေ့ ညနေ ၄ နာရီမှာတော့ အထက်ကွမ်းသီးတောရွာ၊ ASI ဆီအုန်း ကုမ္ပဏီ ဧရိယာအနီးအနီး တစ်ခါတိုက်ပွဲထပ်ဖြစ်တယ်လို့ ဆိုပါတယ်။ “ASI ကို ကားလမ်းမကြီးအတိုင်း လမ်းလျှောက်တက်လာ တဲ့ စကစအဖွဲ့ကို စောင့်ကြိုတိုက်ခိုက်တာပါ။ ပထမနေ့ကဖြစ်တဲ့ စကစတွေပဲ။ တိုက်ပွဲတလျှောက်လုံးသူတို့နဲ့ပဲဖြစ်တာ။”လို့ KTLA(tcjf)အဖွဲ့ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုစိုင်းညီကပြောပါတယ်။ ၁၇ ရက်နေ့မှာတော့ ASI ဧရိယာထဲက (ထုက သည်း)ဆိုတဲ့ နေရာကနေ သဲဖြူရွာဘက်ကိုလက်နက်ကြီးနဲ့ တစ်နေ့လုံးနီးပါး ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ ထုကသည်းဆိုတဲ့ နေရာကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်ကနေ ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ တပ်ပြန်ဆုတ်ခဲ့ပြီး ပြန်ဆုတ်ခဲ့တဲ့စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေဘ်ကနေ  ပဒေသာမိုင်းနဲ့တစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့သလို လက်နက်ငယ်တွေနဲ့လည်း ခြုံခိုပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

၁၉ ရက်နေ့မှာတော့ အဲဒီဆုတ်သွားတဲ့စစ်ကြောင်းကို ချောင်းနှစ်ပေါက်ရွာနဲ့ သိန်ခွန်းရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်သေး တယ်လို့ သိရပါတယ်။ “ဝင်လာတုန်း က ၈၀ နဲ့ ၁၀၀ ကြား ပြန်အဆင်းမှာတော့ ချောင်းနှစ်ပေါက်မှာလာကြိုတဲ့အဖွဲ့က ၅၀ ပါ ပေါင်းမှ ၁၀၀ လောက်ရှိတယ်။” လို့ ပြင်ပသတင်းတွေအရသိရတာကို ကိုစိုင်းညီက ပြောပြပါတယ်။ တနင်္သာရီမြို့နယ်မှာဖြစ်ခဲ့တဲ့ ငါးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား လေးဆယ်နီးပါးသေဆုံးခဲ့တယ်လို့ KTLA(tcjf) အဖွဲ့ရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ကိုစိုင်းညီက ပြောပါတယ်။ ငါးရက်တာတိုက်ပွဲအတွင်း KTLA(ထီးစမယ်ရွာ တပ်ရင်း)၊ KNU(တပ်ရင်း ၁၁)၊ နဂါးမင်း (PDF)၊ Droneအဖွဲ့၊ SWDF(တောင်ပိုင်းသူရဲကောင်းများအဖွဲ့)၊ ခွပ်ဒေါင်းတမန်စစ်ကြောင်းတွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ် တယ်လို့ KTLA-tcjf ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ တနင်္သာရီမြို့နယ်မှာ ရက်ရှည်တိုက်ပွဲတွေ မကြာခဏဖြစ်လေ့ ရှိပြီး  ဒေသခံတွေလည်း မကြာခဏစစ်ဘေးရှောင်ပြေးနေရပါတယ်။ https://www.facebook.com/photo/?fbid=306751568 409266&set=a.1962126 79463156

၁၃။  ရွှေကူမှာ စစ်ကောင်စီစစ်ကြောငးကို မြို့လှကာကွယ်ရေးတပ်ကတိုက်ခိုက် စစ်တပ်ဘက်က ၁၀ ဦးထက်မနည်း           သေဆုံး
      July 21, 2023

ရွှေကူမြို့နယ် ကျောက်ကြီးရွာကနေ ဆင်တပ်ရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး စစ်တပ်ဘက်က ၁၀ ဦးထက်မနည်းသေဆုံးပြီး ၁၅ ဦးလောက်ဒဏ်ရာပြင်းထန်ရရှိသွားတယ်လို့ မြို့လှကာကွယ်ရေးတပ်ကနေ သိရပါတယ်။ အဲဒီစစ်ကြောင်းဟာ မနေ့က မနက်ပိုင်း ၄ နာရီဝန်းကျင်မှာ ကျောက်ကြီးရွာကနေ ရွှေပဒေသာရွာကို အရင်ဝင် ရောက်လာခဲ့ပြီး ရွှေပဒေသာရွာမှာ ချက်ပြုတ်စားသောက်ပြီးနောက် ညနေ ၅နာရီဝန်းကျင်မှာ ဆင်တပ်ရာဘက်ကို ဆက်ပြီး စစ် ကြောင်းထိုးလာချိန် မြို့လှကာကွယ်ရေးတပ်က ဗိုလ်မိုးကြိုး ဦးစီးတဲ့အဖွဲ့ကနေ ဆင်တပ်ရွာမရောက်ခင် လမ်းခုလတ်တစ်နေရာ မှာ စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ “သူတို့က ရိက္ခာတင်သင်္ဘောတက်လာမယ့် လမ်းကြောင်းတစ် လျှောက် လမ်းကြောင်းရှင်းချင်တဲ့သဘော နယ်မြေရှင်လင်းရေးပုံစံနဲ့စစ်ကြောင်းထိုးလာတာ မိုင်း ၂ ကြိမ်ဆွဲခံလိုက်ရတော့ မနေ့ သူတို့တော်တော်လေး အထိနာသွားတယ်” လို့ မြို့လှကာကွယ်ရေးတပ်က တာဝန်ရှိသူကပြောပါတယ်။

တိုက်ခိုက်ခံလိုက်ရတဲ့စစ်ကောင်စီတပ် စစ်ကြောင်းတွေကတော့ တပ်မ ၈၈ လက်အောက်ခံ ခလရ ၁၀ တပ်ရင်းမှူး ကိုကိုနိူင် ဦးဆောင်တဲ့အဖွဲ့နဲ့ ခမရ ၄၁၅  တပ်ရင်းမှူး ထွန်းရန်နိုင် ဒုတပ်ရင်းမှူး အောင်လင်းထွန်းအဖွဲ့ဖြစ်ပြီး အင်အား ၁၀၀ လောက်ရှိတဲ့စစ်ကြောင်းဖြစ်တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ မိုင်းဆွဲခံလိုက်ရတဲ့နောက် ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူတွေကိုတော့ မနေ့ကညနေပိုင်း ၆ နာရီလောက်မှာ ချောစက်လှေတွေနဲ့ရွှေကူဘက်ကမ်းကို သယ်ယူသွားတဲ့အပြင် မနေ့ညအထိ ဆင်တပ်ရွာထဲမှာဘဲဆက်ရှိနေသေးတဲ့အပြင် စစ်ရေးလှုပ်ရှားမှုတွေလည်း ပုံမှန်ရှိနေသးတယ်လို့ ဆိုပါတယ်။ “အဓိက တော့ ပြည်သူတွေကိုပဲ မှာချင်တယ် စစ်ကြောင်းနဲ့အနဲဆုံး ၂မိုင်းလောက် ခွာပြီး နေစေချင်တယ်။  စစ်ကြောင်းတွေက တခါတစ်လေ ရမ်းသမ်းပစ်နေရင် ပြည်သူတွေ အတွက်စိုးရိမ်စရာအနေထားတစ်ခုမှာရှိနေနိုင်တယ်  ထိခိုက်မှာလည်းစိုးရိမ်ရတဲ့ အနေ ထားကြောင့်ပါ” လို့ မြို့လှကာကွယ်ရေးတပ်က ပြောပါတယ်။ မနေ့က ဆင်တပ်ရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မေလ ရွှေကူမြို့နယ် ရေလဲရွာက အိမ်ခြေ ၄၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ကြတဲ့ စစ်ကြောင်းဖြစ်တယ်လို့ သိပါတယ်။ https://burmese.kachinnews.com/2023/07/21/ %e1%80%9b%e1%80%bd%e1%80%be%e1%80%b1% e1%80%80

၁၄။  တိုက်ပွဲကြောင့် ပိတ်ထားသည့် ကလေး-သိုင်းငင်း-ချင်းတောင်လမ်းမကြီး ပြန်လည်ဖွင့်လှစ်
       July 20, 2023

တိုက်ပွဲကြောင့် ပိတ်ထားသည့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နှင့် ချင်းပြည်နယ်၊ ဖလမ်း၊ တီးတိန်းမြို့များသို့ ဆက်သွယ် ထားသည့် ကလေး-သိုင်းငင်း လမ်းပိုင်းအား ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း CDF-CDM (Siyin) တပ်ဖွဲ့က သတင်းထုတ်ပြန် သည်။ သိုင်းငင်းရွာသည် ကလေး၊ တီးတိန်နှင့် ဖလမ်းမြို့တို့အား ဆက်သွယ်ထားသည့် လမ်းသုံးခွဆုံရာတွင်တည်ရှိပြီး အဆိုပါ ရွာတွင် စစ်ကောင်စီနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား စစ်ရေးတင်းမာနေသည့်အခြေအနေ၊ တိုက်ပွဲဖြစ်ပွားခဲ့သည့် အခြေအနေများကြောင့် ဇူလိုင်လ ၃ ရက်နေ့ကတည်းက ဖြတ်သန်းသွားလာခွင့်ကို ပိတ်ပင်ထားခဲ့သည်ဟု သိရသည်။ “လမ်းပိတ် တာကတော့ စီးယင်းအဖွဲ့ ဇွန် ၃၀ မှာ စာထုတ်ပြီး နောက်နေ့တွေကတည်းက ပိတ်သွားတယ်။ သိုင်းငင်ရွာက ပြည်သူတွေကို ရှောင်ရှားကြဖို့ စာထုတ်တာပေါ့။ လမ်းကို တရားဝင်ပိတ်လိုက်တာတော့ မဟုတ်ဘူး။ စကစက ပိတ်လိုက်တာလား မပြောတတ် ဘူး။ ၁၁ ရက်နေ့မှာ သိုင်းငင်းစကစ စခန်းကိုတိုက်ပြီးတော့ ၁၄ ရက်နေ့ကနေစပြီး ကျတော်တို့လမ်းကို တရားဝင်ပိတ်လိုက် တာပေါ့။ အခုကတော့ ပုံမှန်အတိုင်းပြန်လည်သွားလာနိုင်ပြီ ဖြစ်ပါတယ်”ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

သိုင်းငင်ကျေးရွာတွင် ဇူလိုင်လ ၁၁ ရက်နေ့မနက်ပိုင်းမှ နေ့လယ်ပိုင်းအထိ စစ်ကောင်စီနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး လက်နက်ခဲယမ်းများလည်း ဆုံးရှုံးခဲ့ရကာ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ၄ ဦးကျဆုံး၍ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ “ဘာပဲဖြစ်ဖြစ် လမ်းပြန်ဖွင့်ပေးတော့ ကောင်းတာပေါ့နော်။ လမ်းပိတ်တုန်းကတော့ အချို့ကုန်ပစ္စည်းတွေပြတ်လပ်တာမျိုး ရှိခဲ့တယ်။ ဖုန်းဘေ ဘာညာကအစလေ။ အခုပြန်ဖွင့်ပေးတော့ ကောင်းပါတယ်။ ပိတ်တာလည်း သိပ်မကြာတဲ့အတွက် အရမ်းထိခိုက်တာတော့ မရှိဘူးပါဘူး”ဟု တီးတိန် မြို့ဒေသခံတစ်ဦးက MPA သို့ ပြောသည်။ ယခုရက်ပိုင်းတွင် သိုင်းငင်းရွာမှ စစ်ကောင်စီတပ်သားအချို့သည် ကလေးမြို့သို့ ပြန် လည်ဆင်းလာခဲ့သည်ဟု ကလေးမြို့ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ https://www.facebook.com/photo/?fbid=8364 36377845752&set=a.776968607125863

၁၅။  ထိုင်း-ကရင်နီနယ်စပ်ရှိ စစ်ရှောင် ၅,၀၀၀ ကျော် အစားအသောက်နှင့် အမိုးအကာများ လိုအပ်
       July 21, 2023

ကရင်နီ-ထိုင်း နယ်စပ်ကို ရောက်ရှိနေတဲ့ စစ်ရှောင် ၅,၀၀၀ ကျော်အတွက် နေထိုင်ဖို့တဲ၊ အမိုးအကာနဲ့ အစားအသောက် တွေ လိုအပ်နေသေးတယ်လို့ ကရင်နီအမျိုးသမီးများအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ စစ်ရှောင်တွေဟာ တောတောင် ထဲမှာ စုပုံပြီး နေထိုင်ရလို့ ခြင်တွေကိုက်ရာနေတဆင့် ဖျားနာတဲ့ရောဂါတွေ၊ တကိုယ်ရေသန့်ရှင်းရေး မလုပ်နိုင်လို့ အရေးပြား ယားယံ တဲ့ ရောဂါတွေလည်း ဖြစ်နေကြပါတယ်။ ကရင်နီအမျိုးသမီးအစည်းအရုံး (KNOW) အတွင်းရေးမှူး မော်ဖရေမြာ က “ချက်ချင်း ပြေးလာရလို့ နေရာတွေ ပြန်စီမံပေးရတယ်။ အိမ်သာတွေ ပြန်ဆောက်ရတယ်။ တဲလေးတွေနဲ့ နေရတာဆိုတော့ လုံလောက်မှု မရှိဘူး၊ လိုအပ်နေသေးတယ်။ မိုးရွာရင်အဆင်မပြေဘူး။ လေတိုက်မိုးတိုက်နဲ့ တောထဲမှာဆိုတော့ အအေးဒဏ်မခံနိုင်တဲ့ ဘိုးဘွား တွေနဲ့ အသက် ၂ နှစ်အောက် ကလေးတွေရယ်က ခံနိုင်အားမရှိဘူးလေ။ စုပုံပြီးနေနေရတာ၊ ရေလည်း လုံလောက်မှုမရှိဘူး။ နေထိုင်မှုပုံစံကတော့ နေလို့ရရုံလောက်သာ နေတာ၊ အနေဆင်းရဲ အစားဆင်းရဲနဲ့ ဖြတ်သန်းရတာပေါ့နော” လို့ ပြောပါတယ်။

ကြိုတင်ကာကွယ်ရေးအနေနဲ့ ခြင်၊ တုပ်ကွေးကနေ အကျယ်တပြန့်မဖြစ်အောင် ကျန်းမာရေးပိုင်းဆိုင်ရာ အသိပညာ တွေ ဆောင်ရန်ရှောင်ရန်တွေကို မျှဝေပေးထားပြီး ဖြစ်ပေမဲ့ လိုအပ်တဲ့ပစ္စည်းတွေကို အခုထိ မထောက်ပံ့ပေးနိုင်သေးဘူးလို့သိရ ပါတယ်။ KNOW အတွင်းရေးမှူး မော်ဖရေမြာ က “နဂိုတည်းက သက်ကြီးပိုင်းတွေမှာ သွေးတိုးတို့၊ ရောဂါအခံရှိတဲ့သူတွေရှိ တယ်။ မိုးတွင်းကာလ ဖြစ်တဲ့အတွက် ခြင်တွေအရမ်းပေါတယ်။ ခြင်ကိုက်ခံရပြီး တုပ်ကွေးဖြစ်သွားရတဲ့သူတွေ ရှိတယ်။ ကျန်းမာ ရေးနောက်ဆက်တွဲ ခံစားရတဲ့သူတွေရှိတယ်။ တကယ်ဖြစ်လာတဲ့အခါမှာ ထောက်ပံ့မလုပ်ပေးနိုင်တော့ ဘယ်လောက်ပဲ ကြိုတင်ကာကွယ်မှုပြောပြော လိုအပ်တဲ့ပစ္စည်း မရှိရင် မထိရောက်ပါဘူး” လို့ ပြောတယ်။ နယ်စပ်ကိုရောက်ရှိလာတဲ့ စစ်ရှောင် တွေဟာ ဖရူဆို၊ ဒီးမော့ဆို၊ အများအားဖြင့် ရှားတောမြို့၊ ဖားဆောင်း၊ ဘောလခဲနဲ့ လွိုင်ကော်မြို့တွေကနေ တိမ်းရှောင်လာတဲ့ သူတွေ ဖြစ်ကြပါတယ်။ https://burmese.dvb.no/post/605196

၁၆။  ကေအန်ယူနယ်မြေတွင် တိုက်ပွဲ ၃၀ ခန့်ဖြစ်၊ စစ်ကောင်စီဗိုလ်မှူးကြီး အပါအဝင် ၄၀ ကျော် သေဆုံး
       July 21, 2023

ပြီးခဲ့တဲ့ ဇွန်တလတာအတွင်း ကေအန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာ ခရိုင် တပ်မဟာ ၆ ထဲမှာ တိုက်ပွဲကြီး၊ တိုက်ပွဲငယ်ပေါင်း အကြိမ် ၃၀ နီးပါး ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ဗိုလ်မှူးကြီး တယောက်၊ ဒု-ဗိုလ်မှူးကြီးတယောက်နဲ့ နယ်ထိန်းရဲအရာရှိ တယောက် အပါအဝင် စုစုပေါင်း ၄၆ ယောက် သေဆုံးခဲ့ပြီး ၂၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူ−ဗဟိုကထုတ်ပြန်ပါတယ်။ စစ်ဘက်ဆိုင်ရာ ကြေးနန်း မှတ်တမ်းတွေအရ ခုလို ထုတ်ပြန်ထားတာဖြစ်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) နဲ့ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့ရဲ့ စစ်ရေးကွပ်ကဲမှုအောက်က ပူးပေါင်းစစ်ကြောင်းတွေနဲ့ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေအတွင်းမှာ တော်လှန်ရေး တပ်ဖွဲ့တွေဘက်က တယောက်ကျဆုံးခဲ့ပြီး တယောက်ကတော့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ် လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဇွန်လအတွင်း လေကြောင်းနဲ့ ၃ ကြိမ် ဗုံးကြဲပစ်ခတ်ခဲ့ပြီး အဆိုပါ ဗုံးကြဲပစ်ခတ်မှုကြောင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းတကျောင်း အနည်းငယ်ပျက်စီးခဲ့ကာ ပြည်သူလူထုနေအိမ်နှစ်လုံး ပျက်စီးခဲ့ရတယ်လို့လည်း ကေအန်ယူမှတ်တမ်းမှာ ဖော်ပြပါတယ်။ ဒါ့အပြင် ဒေသခံပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ၁၂ ကြိမ်ထိ ပစ်ခတ်ခဲ့တာကြောင့် အသက် ၁၀ နှစ်အရွယ် ကလေး ၂ ယောက် အပါအဝင် အပြစ်မဲ့ပြည်သူ ၉ ယောက် ထိခိုက် ဒဏ်ရာ ရခဲ့ပြီး ၂ ယောက် အသက်ဆုံးရှုံးခဲ့ရတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်က လေကြောင်းကနေ လက်နက်ကြီး တွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ် တိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ပြည်သူတွေဟာ နေ့စဥ်နဲ့အမျှ စိုးရိမ်ထိတ်လန့်နေရပြီး အပြစ်မဲ့ ပြည်သူများစွာ စစ်ဘေးရှောင်နေကြရတဲ့အပြင် မိုးတွင်းကာလဖြစ်တာကြောင့် နေရာထိုင်ခင်း၊ စားနပ်ရိက္ခာ၊ ကျန်းမာရေးဆိုင်ရာ ဆေးဝါးနဲ့ ကုသမှုတွေ လုံလုံလောက်လောက် မရှိတာတွေစတဲ့ အခက်အခဲဒုက္ခတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ကေအန်ယူ−ဗဟို က ပြောပါတယ်။ https://burmese.dvb.no/ post/605204

၁၇။   ကျဆုံးသွားသူတွေအတွက် ဝမ်းနည်းနေရုံနဲ့မပြီးဘဲ နိုင်ငံရေး အကြမ်းဖက်မှုကို ဘယ်လိုကုစားမလဲဆိုတာကို             စဥ်းစားဖို့ လိုကြောင်း တားဘုန်းကျော် ပြော
      July 20, 2023

ဇူလိုင် ၁၉ ရက်မှာ ကျရောက်တဲ့ (၇၆)ကြိမ်မြောက် အာဇာနည်နေ့မှာ ကျဆုံးသွားသူတွေအတွက် ဝမ်းနည်းနေရုံနဲ့ မပြီးဘဲ အကြိမ်ကြိမ်အခါခါ ကျူးလွန်ခဲ့ကြတဲ့ နိုင်ငံရေး အကြမ်းဖက်မှုကို ဘယ်လို ကုစားမလဲဆိုတာကို စဥ်းစားဖို့လိုကြောင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)ရဲ့ အထွေအထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်က ၎င်းရဲ့ Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။ အာဇာနည်နေ့မှာ ကျဆုံးသွားခဲ့တဲ့ခေါင်းဆောင်တွေအတွက် ဝမ်းနည်း နေယုံ၊ ကျဆုံးသွားတဲ့သူတွေအပေါ် အမြင်ကွဲပြား အငြင်းပွားနေယုံ၊ ကျူးလွန်ခဲ့သူတွေအပေါ် ဝိဝါဒ ကွဲပြားမှုနဲ့ ဝေဖန်အပြစ်တင် နေယုံ၊ ဆုံးရှုံးသွားတဲ့ နိုင်ငံရေး သဘောတူညီမှုနဲ့ ကျဆုံးသွားတဲ့ ခေါင်းဆောင်တွေကို နှမြောတမ်းတ လွမ်းဆွတ်နေယုံနဲ့ မပြီး နိုင်ဘူးလို့ ဆိုပါတယ်။ အကြိမ်ကြိမ်အခါခါ ကျူးလွန်ခဲ့ကြတဲ့ နိုင်ငံရေး အကြမ်းဖက်မှုကို ဘယ် လို ကုစားမလဲဆိုတာနဲ့ နိုင်ငံရေး ယဉ်ကျေးမှု တိုးတက်ပြောင်းလဲလာအောင် အားလုံးက ဦးတည်ပြီး အလုပ်လုပ်ဖို့ လိုတယ်လို့ ရေးသားထားပါတယ်။

ဒီနေ့ဟာ မြန်မာနိုင်ငံသားတွေအတွက် နိုင်ငံရေး ယဉ်ကျေးမှု ဆုတ်ယုတ်ပျက်သုဉ်းစေတဲ့ ခြေလှမ်းတစ်လှမ်းနဲ့ နိုင်ငံရေး အကြမ်းဖက်မှု ပြယုဂ်နေ့တစ်နေ့ဖြစ်တယ်လို့ ဆိုပါတယ်။ နိုင်ငံရေးအကြမ်းဖက်မှုတွေကို မရပ်တန့်နိုင်ဘူးဆိုရင် မြန်မာ နိုင်ငံသား အားလုံးဟာ နိုင်ငံရေး ယဉ်ကျေးမှု တိုးတက်မှု ရပ်တန့်ပြီး အကြမ်းဖက်မှုသံသရာ လည်နေတော့မှာလို့ ဆိုပါတယ်။ ပြည်သူ့ ကာကွယ်ရေးတပ် (PDF)တွေလည်း အာဇာနည်နေ့ အခမ်းအနား ကျင်းပကြသလို စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော် တာတွေလည်း ရှိပါတယ်။ အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ အမျိုးသား အာဇာနည်ဗိမ္မာန်မှာ စစ်ကောင်စီက ဦးဆောင် ကျင်းပခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဇာနည် နေ့ အခမ်းအနားသို့ တက်ရောက်ခွင့် မရဘဲ သူမရဲ့အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦး တက်ရောက်လာတာ တွေ့ရပါတယ်။ https://www.facebook.com/photo/?fb id=604101738563761&set=a.404503215190282

၁၈။  စစ်ရှောင်တွေကို ကယ်ဆယ်နေစဉ် စစ်ကောင်စီရဲ့ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုနဲ့ ကြုံတွေ့ခဲ့ရ
      July 21, 2023

မယ်စဲ့မြို့နယ်အတွင်းက တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ စစ်ရှောင်လူထုတွေကို ကယ်ဆယ်ရေးဆောင် ရွက်တဲ့ နေရာအနီးတစ်ဝိုက်မှာ စစ်ကောင်စီရဲ့ လေယာဉ် ဗုံးကြဲတိုက်ခိုက်မှုနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ မြေပြင်မှာ ကယ်ဆယ်ရေး ဆောင်ရွက်ပေးသူတွေဆီကနေ သိရှိရပါတယ်။ “ ကြုံတွေ့ရပါတယ်။ အဓိက လက်နက်ကြီးထက် လေကြောင်း တိုက်ခိုက်မှုပေါ့ နော ကျနော်တို့ စစ်ရှောင်တစ်ဖွဲ့ကို ရွေ့နေတုန်း ဒီလေကြောင်းတိုက်ခိုက်မှုက ကျနော်တို့နဲ့ မီတာ ၁၀၀၀ လောက်ပဲရှိတယ်။ အဲ့ဒီအကွာအဝေးမှာ Air Strike လုပ်နေတဲ့အချိန်မှာ မြန်မြန်ဆန်ဆန် ရွေ့ပြောင်းရတယ်။ စစ်ရှောင်ရွေ့နေတုန်း လမ်းခုလတ် မှာပဲ လေယာဉ်က တက်လာတော့ ကြောက်လန့်တကြားနဲ့ ကားပေါ်ကနေလည်း ပြေးဆင်းသွားတဲ့သူတွေလည်းရှိတော့ ကျနော် တို့ လုံခြုံတဲ့နေရာထားပြီးမှ ပြန်ရွေ့ရတော့ အချိန်တော်တော်လေးကို ယူပြီးတော့ သူတို့ကို ခွန်အားတွေပေးပြီး ပြန်ခေါ်လာရတဲ့ အခြေအနေတွေ အများကြီးရှိတယ်ပေါ့။ ”လို့ မြေပြင်မှာ ကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့တဲ့ Karenni Free Burma Ranger (KFBR) မှ ကိုအောင်ဇေယျ က ပြောပါတယ်။

မယ်စဲ့မြို့နယ် ကျောက်စုကျေးရွာအုပ်စုအနီးအနားက ဒေသခံပြည်သူ ၁၀၀ ကျော်ကို ကယ်ဆယ်ရေးဆောင်ရွက်နေချိန် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီအချိန်တုန်းက ကျောက်စုကျေးရွာအနီးမှာလည်း နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေချိန်ဖြစ်ပြီး ဒေသခံစစ်ရှောင်တွေဟာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ကြောက်လန့်မှုတွေနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ “ တချို့ နေရာ တွေမှာတော့ ခုနကပြောသလို ဒရုန်းတွေနဲ့လိုက်ပစ်တာလား လေယာဉ်နဲ့လိုက်ပစ်တာလား ပြောရတော့ခက်တယ်။ တစ်ခုက တော့ ဒရုန်းတွေ လေယာဉ်တွေနဲ့ အမြဲတမ်းဝဲတယ်ပေါ့။ အဲ့တော့ မသင်္ကာရင် မသင်္ကာ သလို ပစ်တာပေါ့။ ဒါကတော့ ပြောရတာ ခက်တာက တကယ်ကိုပဲ စစ်ဘေးရှောင်တွေကို တိုက်ခိုက်တာလား မဟုတ်ရင်လည်း စစ်ပွဲရဲ့သဘောသဘာဝအရ ကြုံလို့ တွေ့လို့ ပစ်တာလားဆိုတဲ့ဟာတော့ ဝေခွဲရခက်တယ်။ တချို့ မော်တာနဲ့လှမ်းထုတာရှိတယ်ပေါ့နော။ ” လို့ ကရင်နီလူ့အခွင့် အရေးအဖွဲ့ရဲ့ တည်ထောင်သူ ဦးဗညား က ပြောပါတယ်။ တိုက်ပွဲကြား ကယ်ဆယ်ရေးဆောင်ရွက်တဲ့အချိန်မှာ ဒေသခံတွေဟာ သွားလာဖို့ ဦးတည်ရာမဲ့နေကြပြီး မည်သည့်နေရာသွားရမလဲဆိုတာကို မသိတာ‌ကြောင့် သယ်ယူပို့ဆောင်ရေးမှာ အခက်အခဲ ရှိခဲ့ သလို မိုးရာသီဖြစ်တဲ့အတွက် လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲကြမ်းတမ်းခဲ့တယ်လို့ မြေပြင်မှာ ကယ်ဆယ်ရေးဆောင် ရွက်ပေးသူတွေက ပြောပါတယ်။ https://www.kantaraw addytimes.org/%e1%80%85%e1%80%85%e1%80%ba%e1%80%9b%e1%80%be%e 

၁၉။  မြိတ်မှာ တစ်လခွဲအတွင်း သွေးလွန်တုပ်ကွေးနဲ့ သေဆုံးတဲ့ ကလေးငယ် ၇ ဦးထက်မနည်းရှိ
       July 20, 2023

တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ဇွန်လကနေ အခုလလယ်လောက်အထိ သွေးလွန်တုပ်ကွေးနဲ့ သေဆုံးတဲ့ ကလေးငယ်ဆယ်ဦး ထက်မနည်းရှိနေပြီလို့ ဒေသအသီးသီးက လူမှုကူညီရေးအသင်းအဖွဲ့တွေဆီကနေ သိရပါတယ်။ သေဆုံးခဲ့တဲ့ ကလေးငယ်တွေထဲမှာ မြိတ်မြို့ပြည်သူ့ဆေးရုံ‌ကြီးမှာဆိုရင် အသက် ၂ ရက်ကနေ ၅လ၊ ၃ နှစ်၊ ၄ နှစ်၊ ၇ နှစ်၊ ၆ နှစ်အရွယ်ရှိတဲ့ ကလေးငယ် ခြောက်ဦး သေဆုံးခဲ့ပြီး ၁၄ နှစ်အရွယ် တစ်ဦးလည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အဲဒီကလေးငယ်တွေဟာ တနင်္သာရီမြို့ နယ်၊ တကူကျေးရွာအုပ်စု၊ ညောင်ပင်ကွင်းကျေးရွာအုပ်စုနဲ့ ကျွန်းစုမြို့နယ်၊ မြိတ်မြို့ကကျေးလက်ဒေသတချို့ စတဲ့ဒေသက ကလေးငယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။ ပရဟိတအဖွဲ့ဝင်တွေနဲ့နီးစပ်သူမြိတ်မြို့ခံအမျိုးသားတစ်ဦးက ”တနင်္သာရီမှာက တိုက်နယ်အဆင့်ပဲရှိပြီး ကလေးအထူးကုဆရာဝန်တွေ မရှိဘူး။ မြိတ်ကိုပဲ ပို့ရတာ။ ဖျားတာပေါ့ပြီး အချိန်ကြာမှ ဒီဘက်ရောက် ရောက်လာတော့ သိပ်မကြာဘဲဆုံးသွားကြတာ များတယ်။” လို့ ပြောပါတယ်။ သွေးလွန်တုပ်ကွေးက ကလေးတွေအပြင် အသက် ၂၀ ဝန်းကျင်လူငယ်အရွယ်တွေပါ ဖြစ်နေတယ်လို့ မြိုခံတွေက ပြောပါတယ်။

ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်မှာလည်း သွေးလွန်တုပ်ကွေးဖြစ်တဲ့ကလေးငယ်တွေအများအပြားရှိနေပြီး တိုက်နယ် ဆေးရုံကတဆင့် ထားဝယ်ပြည်သူ့ဆေးရုံကြီးကိုပို့ဆောင်ပေးနေရတဲ့ကလေးအရေအတွက်ဟာ ပြီးခဲ့တဲ့ဇွန်လကနေ ဒီကနေ့ထိ ဆယ်ဦးထက်မနည်း ရှိနေပြီလို့ ပို့ဆောင်ပေးသူတွေနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။ ဒါကြောင့် သွေးလွန် တုပ်ကွေးဖြစ် နေတဲ့ နေအိမ်တွေနဲ့ ပတ်ဝန်းကျင်နေအိမ်တွေကို ခြင်ဆေးဖျန်းတာ၊ ရေတွေထဲဆေးထည့်တာ(အဘိတ်ဆေး)တွေကို ကံပေါက် ဒေသကြက်ခြေနီသင်းခွဲကလုပ်ဆောင်ပေးနေတဲ့ ပုံရိပ်တွေလည်းဆိုရှယ်မီဒီယာမှာတင်ထားတာ တွေ့ရပါတယ်။ သရက်ချောင်း မြို့နယ် တီတွတ်ပြင်ရွာက အသက် ၁၂ နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးလည်း ကော့သောင်းမြို့မှာ သွေးလွန်တုပ်ကွေးရောဂါနဲ့ ဆုံးသွားတယ်လို့ သိရပါတယ်။ သရက်ချောင်းမြို့ခံအမျိုးသားတစ်ဦးက “ သူ့အဖေလှေဝင်လို့ ကော့သောင်းဆင်းလိုက်သွားတာ။ ဟိုရောက်တော့ သွေးလွန်တုပ်ကွေးနဲ့ ဆုံးသွားတယ်။” လို့ ပြောပါတယ်။ အာဏာသိမ်းပြီးနောက်မှာတော့ တိုင်းကျန်းမာ ဘက်က နေဆေးလိုက်ဖြန်းပေးတာလုံးဝမတွေ့ရရတော့ဘူးလို့ ‌မြိတ်မြို့၊ တနင်္သာရီမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်၊ရေဖြူမြို့နယ်က ဒေသခံတွေကပြောပါတယ်။ https://www.fa cebook.com/photo/?fbid=306269671790789&set=pcb.306269735124116

၂၀။   စစ်တပ်က ဖမ်းသွားတဲ့ ဂျာပူဒေသခံ ၃ ဦးပြန်လည်လွှတ်မြောက်လာ
       July 20, 2023

မြစ်ကြီးနား- ဗန်းမော်လမ်းမပေါ်မှာရှိတဲ့ ဂျာပူရွာမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ ဒေသခံ ၃ ဦး ယနေ့ ပြန်လည် လွှတ်မြောက်လာပြီလို့ ဂျာပူရွာဒေသခံတွေကနေ သိရပါတယ်။ အဲဒီဂျာပူရွာဒေသခံ ၃ ဦးကို စစ်ကောင်စီတပ် မနေ့ကဖမ်းဆီးခံ သွားတာဖြစ်ပါတယ်။ ဒါ့ကြောင့် ယနေ့ ဇူလိုင်လ ၂၀ ရက်နေ့မှာတော့ သက်ဆိုင်ရာစစ်ရှောင်တာဝန်ခံတွေအပါအဝင်ဘာသာရေး အဖွဲ့အစည်းတွေကနေ ဖမ်းဆီးခံသွားရသူ ၃ ဦးဟာ စစ်ရှောင်ပြည်သူတွေဖြစ်တဲ့အတွက် ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့တာဖြစ် တယ်လို့ ဂျာပူဒေသခံတစ်ဦးက ပြောပါတယ်။ “စစ်ရှောင်တာဝန်ခံနဲ့လူကြီးတွေက သွားပြောတာ စစ်ရှောင်တွေဖြစ်တယ် ပြန်လွှတ်ပေးဖို့ ပြောလို့ ဒီနေ့ပြန်လွှတ်ပေးလာပြီ” လို့ပြောပါတယ်။ ဖမ်းဆီးခံသွားရသူတွေက ဝိုင်းမော် မိုင်းနား KBC စစ်ရှောင် စခန်းနဲ့ RC စစ်ရှောင်စခန်းက ဦးမရူလှဒွဲနဲ့ အမည်မသိ နောက်ထပ်စစ်ရှောင် ၂ ဦးဖြစ်ပြီး ဇူလိုင်လ လဆန်းပိုင်းမှာ စစ်တပ်နဲ့ KIA တို့အကြား စစ်ရေးတင်းမာလာတဲ့အတွက် ဂျာပူရွာကနေ ဝိုင်းမော်မြို့နယ် ၊ မိုင်းနားစစ်ရှောင်သွားသူတွေဖြစ်ပါတယ်။

ဒါပေမယ့် စစ်ဘေးရှောင်နေရာကနေ ဇူလိုင်လ ၁၉ ရက်နေ့ ရွာကို ခေတ္တခနပြန်လာချိန် စစ်တပ်က ဖမ်းဆီးသွားတာပါ ဒေသခံတွေကပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ဇူလိုင်လ ၁၈ နေ့မှာလည်း ဒဘတ်ကျေးရွာက အရပ်သားပြည်သူ ၅ ဦးကိုဖမ်းဆီးသွားပြီးနောက် ပြန်လွှတ်ပေးခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။ လက်ရှိ နမ်ဆန်ယာန်အနီးတစ်ဝိုက်မှာတော့ စစ်ကောင်စီ တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြားမှာ စစ်ရေးတင်းမာနေဆဲဖြစ်ပြီးတော့ စစ်ကောင်စီတပ်ဘက်က ဒီည ၇ နာရီဝန်းကျင်မှာလည်း လိုင်ဇာဘက်ကို လက်နက်ကြီး ၂ ကြိမ်ထက်မနည်း ပစ်ခတ်နေတယ်လို့လည်း လိုင်ဇာဒေသခံတွေက ပြောပါတယ်။ မြစ်ကြီးနား- ဗန်းမော်လမ်းမပေါ်မှာရှိတဲ့ နမ်ဆန်ယာန်မှာ စစ်တပ်ကခြေကုပ်တပ်စွဲနေထိုင်နိုင်ဖို့ ကြိုးစားနေပြီး ဒီကနေ့ညမှာလည်း အလော့ဘွမ်ဘက်ကို စစ်အင်အားဖြည့်တင်းနေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေကပြောပါတယ်။ https://burmese.kachinnews.com/2023/07/20/zm1-76/

၂၁။  မိုးဗြဲမြို့မှာ ဆန်ပြန်ယူတဲ့ အသက် ၇၂ နှစ်အရွယ် စစ်ရှောင်အမျိုးသမီးတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး
      July 20, 2023

ပြီးခဲ့တဲ့ ဇူလိုင်လ (၁၅) ရက်နေ့ မနက်ပိုင်းမှာ မိုးဗြဲမြို့၊ စည်ကား(၁)ရပ်ကွက်မှာ ဆန်ပြန်ယူတဲ့ ဒေသခံတွေကို စစ်ကောင်စီက သေနတ်နဲ့ပစ်ခတ်ခဲ့ရာမှာ အသက် (၇၂) နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ကျည်ဆံထိမှန်ကာ ပွဲချင်းပြီးသေဆုံးခဲ့ တယ်လို့ မိုးဗြဲမြို့ဒေသခံတွေဆီကနေ သိရှိရပါတယ်။ အဆိုပါ အမျိုးသမီးဟာ မိုးဗြမြို့မှာ တိုက်ပွဲဖြစ်ပွားစဉ်က စစ်ရှောင်ခဲ့ရ တာဖြစ်ပြီး စားစရာမရှိတော့တဲ့အတွက် သမီးဖြစ်သူနဲ့အတူ နေအိမ်မှာ တွန်းလှည်းနဲ့ ဆန်ပြန်သယ်စဉ် ပစ်ခတ်ခံခဲ့ရတာဖြစ် တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “ဆန်ပြန်သယ်ရင်းနဲ့ အိမ်က သူ့သမီးက ပြန်တာ မနေ့ညကလည်း အဝင်အထွက်ပေါ့ နော ပစ္စည်းပြန်ယူပေးတာပေါ့ မနေ့ညနေပိုင်းဝင်တယ် ဘာမှမဖြစ်ဘူး နောက် မနက်စောတစ်ခေါက်ဝင်တယ် ဘာမှမဖြစ်ဘူး နောက် ၉ နာရီဝန်းကျင်လောက်မှပေါ့နော။ အဲ့ချိန်မှ သူနဲ့သူ့သမီး တူတူပြန်တယ်ပေါ့နော ပြန်လို့ရတယ် ဘာမှမဖြစ်ဘူး ဘယ်သူ မှ မရှိဘူး အဲ့လိုပေါ့နော။ အဲ့ဒါ ဆန်ပြန်သယ်မယ်ဆိုပြီး တွန်းလှည်းငယ်လေးနဲ့ပေါ့နော ဆန်သယ်ပြီးမှ ပြန်ထွက်သွားဖို့ပေါ့နော အဲ့ချိန်က သူ့သမီးက အရှေ့ကနေလှည်းဆွဲတာပေါ့။လှည်းငယ်ပေါ့ သူကအနောက်ကနေ လိုက်တွန်းတာပေါ့။ အဲ့ချိန်မှာ ပစ်ခတ်ခံ ရတာပေါ့ သူ့သမီးကတော့ ကံကောင်းစွာနဲ့မထိဘူး ထွက်ပြေးလွတ်မြောက်သွားတယ်။ သူ့အမေကတော့ အဲ့မှာပဲ ပွဲချင်းပြီး ရင်ဘတ်မှာ နှစ်ချက် သုံးချက်ထိတယ်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စည်ကား (၁) ရပ်ကွက်မှာ မေလနောက်ဆုံးပတ်ကစပြီး စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် လက်ရှိမှာ စစ်ကောင်စီက ရပ်ကွက်အတွင်း တပ်စွဲနေရာယူထားတယ်လို့ သိရပါတယ်။ အဆိုပါ ဆန်ပြန် ယူတဲ့ ဒေသခံတွေကို စစ်ကောင်စီက မမေးမမြန်းဘဲ အကြောင်းမဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ မိုးဗြဲမြို့တွင်း မှာ မကြာခဏ တိုက်ပွဲဖြစ် (ကြိုကြား) ပွားနေဆဲဖြစ်ပြီး ဒေသခံအများစုဟာ ပြန်လည်နေထိုင်ခြင်းမရှိကြသေးပေမယ့် နေအိမ် သန့်ရှင်းရေးပြန်လုပ်တာ၊ စားနပ်ရိက္ခာပြန်ယူတာတွေ ရှိတယ်လို့ သိရပါတယ်။ “အများစုကတော့ ပြန်နေလို့မရသေးဘူး။ ပြန်နေ လို့ရမယ်ဆိုတဲ့နေရာ တချို့ရှိတယ်။ တချို့ကျတော့လည်း မနေရဲတော့တာများတယ် ဘာဖြစ်လို့လဲဆိုရင် ဒီတစ်ခေါက် ပြည်သူ တွေ ထိခိုက်တာ တော်တော်များတဲ့အတွက် ထိတ်လန့်တဲ့စိတ်က ရှောင်တာပေါ့။ အဝေးကြီးကို ရှောင်သွားတာ တချို့ရှိတယ် ဘာလို့ဆို မိုးဗြဲအခြေအနေကလည်း တိုက်ပွဲက အချိန်မရွေး နေရာမရွေးဖြစ်နိုင်တယ် အမြဲတမ်းလည်းဖြစ်တော့။” လို့ အဆိုပါ ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။ https://www.kantarawa ddytimes.org/%e1%80%99%e1%80%ad%e1%80%a f%e1%80%b8%e1%80%97%e1%

၂၂။   ရေကြီး၊ ရေလျှံမှုဖြစ်နေတဲ့ မော်လမြိုင်မှာ တရက်တည်း ကလေးသုံးဦးရေနစ်သေဆုံး
       July 20, 2023

ရေကြီးရေလျှံမှု ဖြစ်ပွားနေတဲ့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ ဒီကနေ့တရက်တည်း ကလေးသုံးဦး ရေနစ် သေဆုံးခဲ့ တယ်လို့ မြို့ခံလူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တာဝန်ရှိသူတွေကပြောပါတယ်။ “မနက်က တယောက်က သူ့အိမ်ကအ ကြောင်း ကြားလာလို့ ပျောက်နေတာ၊ ရေထဲကျသွားတာလားပေါ့၊ အဲဒါ သွား ရှာတာ ခြံထဲမှာပဲ ရေနစ်သေနေတာတွေ့တယ်၊ ငယ်ငယ် လေးပဲ ရှိသေးတယ်၊ညနေပိုင်းကျတော့ ထမင်းထုပ် လိုက် ဝေနေ တုန်း ကလေးနှစ်ယောက်ရေနစ်လို့ဆိုပြီး အကြောင်းကြား တော့ သွားရှာတာ အလောင်းပဲ ပြန်ရတယ်၊ဆယ် ကျော်သက်လေးပဲ” လို့ ကလေးတွေကို သွား ရောက်ကူညီရှာဖွေပေးခဲ့တဲ့ ပရဟိတအဖွဲ့ဝင်တဦးက ပြောပါတယ်။ ရေနစ်သေဆုံးခဲ့သူဟာ မော်လမြိုင်မြို့ သီရိမင်္ဂလာ ၁၇ လမ်းမှာနေထိုင်တဲ့ အသက်တ နှစ်ခွဲ အရွယ် မိန်းကလေးဖြစ်ပြီး ရေကြီးလို့ နေအိမ်ပေါ်မှာ အဖိုးအဖွားဖြစ်သူနဲ့ အတူ ရှိနေချိန် တံခါးပေါက်ကနေ အိမ် အောက်က ရေထဲကို ကျသွားရာက သေဆုံးခဲ့တာလို့သိရပါတယ်။ ဒါ့အပြင် မော်လမြိုင်မြို့ သီရိမြိုင် ၈ လမ်း၊ အောက်ပိုင်းမှာ နေထိုင်တဲ့ အသက် ၁၃ နှစ်အရွယ်ယောက်ျားလေး နှစ်ဦးဟာလည်း ဒီကနေ့လယ်ပိုင်းက နေအိမ်ရှေ့လမ်းမှာ ရေဆော့ကစားနေရင်း ရေနစ် သေဆုံးခဲ့ကြတာပါ။ “ကလေးမလေးပျောက်သွားတဲ့နေရာဆို ရေလေးပေလောက်ရှိတယ်ပေါ့နော်၊ ကလေးနှစ်ယောက်ကတော့ လမ်း မှာ ရေသုံးပေလောက်ရှိတယ်၊ ပေါင်ရင်းလောက်ရှိမယ်၊‌ နောက်အဲဒီ‌ဘေးမှာက ချောင်းအသေးလေးတခုရှိတယ်၊ အဲ ဒီချောင်းမှာ သွားပြန်တွေ့တာ” လို့ မြို့ခံပရဟိတအဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒေသခံတွေအနေနဲ့ အခုလို ရေကြီးရေလျှံမှုဖြစ်နေချိန်မှာ ကလေးတွေကို တယောက်တည်းမထားခဲ့ဖို့နဲ့ တချို့ နေရာ တွေမှာ ရေစီးသန်တာကြောင့်  ရေဆော့ကစားခွင့်မပေးကြဖို့ အရေးပေါ်ကူညီကယ်ဆယ်ရေး လုပ်ကိုင်သူတွေက တိုက်တွန်းပါ တယ်။ လတ်တလော ရက်ပိုင်းအတွင်း မွန်ပြည်နယ်ထဲက မြို့နယ်တွေမှာ မိုးသည်းထန်တာအပြင် တောင်ကျရေတွေ လည်းကျ ဆင်းနေတာကြောင့် ရေကြီးရေလျှံမှုတွေဖြစ်နေလို့ အရေးပေါ် ရွှေ့ပြောင်းပေးရတာတွေအထိ ဖြစ်နေ တာပါ။ မော်လမြိုင်မြို့ မှာတော့ ဇူလိုင်လ ၁၇ ရက်ကနေ ဇူလိုင်လ ၁၉ ရက်အထိ မိုးသည်းထန်းနေလို့မြို့ပေါ် ရပ်ကွက်တွေနဲ့ မြေနိမ့်ပိုင်းရပ်ကွက်တွေ ဖြစ်တဲ့ မြိုင်သာယာ၊ ဖက်ခင်းလမ်း၊ ဇေယျာမြိုင်၊ တောင်ဝိုင်းရပ်၊ မုပွန်၊ ကျွဲခြံကုန်း၊ သီရိမြိုင်၊ ရွှေပြည်အေး၊ ဇေယျာ ၁၊ ဇေယျာ ၂၊ ဒိုက်ကွင်း၊ သီရိမင်္ဂလာ၊ လှိုင်၊ ဒိုင်းဝန်းကျင်းအစရှိတဲ့ ရပ်ကွက်တွေမှာ ရေကြီး၊ရေလျှံမှုဖြစ်နေတာပါ။ ဒါကြောင့် အဲဒီရပ်ကွက် တွေမှာ နေထိုင်တဲ့အိမ်ထောင်စု ရာနဲ့ချီကိုမနေ့ကညနေကနေ ဒီကနေ့ မနက်အထိ  လူမှု ကူညီရေးအသင်းအဖွဲ့တွေ၊ ပရဟိတအ ဖွဲ့တွေ၊ မီးသတ်တပ်ဖွဲ့တွေက ဘေးလွတ်ရာတွေကို ရွေ့ပြောင်းပေးထား ရတယ်လို့ မော်လမြိုင်မြို့ခံတဦးက ပြောပါတယ်။ https://www.facebook.com/photo/?fbid=6728 25968223817&set=pcb.672826294890451

၂၃။  တိုက်ပွဲတွေကြောင့် ပိတ်ထားရတဲ့ ထုံခါ-မောတောင်လမ်းပိုင်း ပြန်ဖွင့်
      July 20, 2023

တနင်္သာရီမြို့နယ်ထဲက ထုံခါ-မောတောင်လမ်းပိုင်းပြန်ဖွင့်ပြီလို့ KTLA-tcjf အဖွဲ့ရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုစိုင်းညီက ပြောပါတယ်။ နယ်မြေရှင်းလင်းရေးလုပ်ပြီး ဒီကနေ့မနက်အစောပိုင်းက ပြန်ဖွင့်လိုက်တာလို့ ဆိုပါတယ်။ သိန်ခွန်  ကျေးရွာအုပ်စုမှာ အခုလ ၁၅ ရက်နေ့ကတည်းက တိုက်ပွဲတွေဖြစ်ပြီးနောက် အချိန်မရွေး အန္တရာယ်ကျရောက်နိုင်တာကြောင့် အဲဒီလမ်းပိုင်းကို အသုံးမပြုဖို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထုတ်ပြန်ခဲ့တာပါ။

အဲဒီလမ်းပိုင်းအနီးတဝိုက်မှာ အခုလ ၁၅ ရက်နေ့ကစလို့ ၅ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ခဲ့ပြီး ဒီကနေ့မှာ စစ်ကောင်စီ စစ်ကြောင်းတွေ ပြန်ထွက်ခွာသွားပြီးဖြစ်သလို ပြည်သူ့ကာကွယ်ရေးတပ်တွေအနေနဲ့လည်း နယ်မြေရှင်းလင်းရေးတွေ လုပ် ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်တဲ့ ထုံခါ-မောတောင်လမ်း အနီးတဝိုက်ရွာတွေမှာ တိုက်ပွဲဖြစ်တဲ့အချိန်တိုင်း ခရီးသွားတွေရဲ့လုံခြုံရေးအရ လမ်းပိုင်းကို မကြာခဏပိတ်ချလေ့ရှိပါတယ်။ https://www.facebook. com/photo/?fbid=306713225079767&set=a.196212679463156

၂၄။   တိုက်ပွဲကြောင့် ကောင်ရာရွာခံတွေ ရွာလုံးကျွတ် ထွက်ပြေးနေရပြီးစားသောက်ရေး အခက်အခဲဖြစ်နေ
       July 20, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် – လားရှိုး လမ်းမပေါ်ရှိ ခိုမုန်းရွာ အရှေ့ဘက်က ကောင်ရာ (ဇွပ်ရာ) ရွာခံတွေ ဇူလိုင်လ ၁၈ ရက်နေ့ ညနေက စစ်ကောင်စီ နဲ့ KIA တို့အကြား တိုက်ပွဲကြောင့် ရွာလုံးကျွတ် စစ်ဘေးရှောင်ရပြီး အစားအသောက် အခက် အခဲ ဖြစ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေဆီက သိရပါတယ်။ လက်ရှိမှာတော့ ဘေးလွတ်ရာ ခိုမုန်း ကချင် နှစ်ခြင်းဘုရားကျောင်းမှာ ခိုလှုံနေကြရပြီး စစ်ဘေးလွတ်ရာ ထွက်ပြေးလာတဲ့ ဒေသခံပြည်သူတွေ လက်ရှိစာရင်းအရ အိမ်ထောင် စု ၅၃ စု ရှိပြီး လူဦးရေ ၂၂၀ ရှိတယ်လို့ သူက ပြောပါတယ်။ တိုက်ပွဲငြိမ်နေပေမယ့် လက်ရှိ နှစ်ဘက် စစ်ရေးတင်းမာ နေဆဲ ဖြစ်တဲ့ အပြင် ဇူလိုင်လ ၁၉ ရက်နေ့မှာလည်း နမ့်ဖတ်ကာဘက်က လက်နက် ကြီး ပစ်ခတ်နေသေးတယ်လို့ ဒေသခံ ၁ ဦးက ပြောပါ တယ်။ “ပြန်လို့မရသေးဘူး။ မပြန်သေးဘူး။ ပြန်လို့ ရှိရင်လည်း ဘယ်နားမှာ ဘာရှိမှန်းမသိ။ သွားလာလို့လည်း မရဆိုရင်ခက် မှာ။ အိမ် ၁ လုံးတော့ အဲညမှာပဲ လောင်သွားတယ်။ လုံးဝ ပြာကျသွားတာ။ လက်နက်ကြီးလာကျလို့လေ” လို့ သူက ပြောပါတယ်။

တိုက်ပွဲဖြစ်ကာ ကောင်ရာဘွမ် နဲ့ (ဇွပ်ရာ)ရွာ အပေါ် အောက်ပဲ ဖြစ်နေပြီး စစ်မြေပြင်နဲ့ နီးကပ်လွန်းနေတာကြောင့် လက်နက်ကြီးတွေ ထပ်ကျလာမှာ စိုးရိမ်နေတယ်လို့ ဆိုပါတယ်။ ထွက်ပြေး တိမ်းရှောင် လာသူတွေအနေနဲ့ အိပ်ယာတွေတော့ ယူလာနိုင်ပေမယ့် လက်ရှိ စားနပ်ရိက္ခာနဲ့ ဆေးဝါး၊ နေ့စဉ် အသုံးအဆောင်တွေတော့ အခက်အခဲ ဖြစ်နေတယ်လို့ အဲဒီစစ်ရှောင် တွေကို အကူအညီပေးတဲ့ ဒေသခံ ၁ ဦးက ပြောပါတယ်။ “အိပ်ယာတွေက သူတို့ အိမ်ကနေ ယူလာနိုင်ခဲ့တယ်။ အဲဒါနဲ့ အိပ်ကြ တယ်။ အစားအသောက်နဲ့ နေ့တိုင်း သုံးကတဲ့ အသုံးအဆောင် ပစ္စည်းတွေပေါ့။ စားနပ်ရိက္ခာက ပိုအရေးကြီး နေပါတယ်” လို့ သူက ပြောပါတယ်။ ကောင်ရာဘွမ်မှာ ဇူလိုင်လ ၁၈ နေ့ညနေက ၂ နာရီခန့်ကြာ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး နမ့်ဖတ်ကာ ခလရ ၁၂၃ စစ်ကောင်စီတပ်ကနေ ပစ်ကူလိုက်တဲ့ လက်နက်ကြီး ကျကွဲလို့ ကောင်ရာရွာက နေအိမ် ၁ လုံး မီးလောင် ပြာကျသွားတဲ့အပြင် တခြား နေအိမ် ၁ လုံးနဲ့ ဘုန်းကြီးကျောင်းလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။  ဒါ့အပြင် နမ့်ဖတ်ကာ အနီး ဇီးဒဘန်ရွာမှာ လက်နက်ကြီး ကျကွဲလို့ ပြည်သူ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ https://www.facebook.com /photo?fbid=308392308213887&set =pcb.308392331547218

၂၅။  ယခုနှစ် မိုးရာသီမှာ တနင်္သာရီတိုင်းအတွင်းက စစ်ဘေးဒုက္ခသည်များအတွက် စားနပ်ရိက္ခာလိုအပ်ချက်ပိုခက်ခဲလာ
      July 20, 2023

စစ်အာဏာ သိမ်းပြီး နောက် ၂ နှစ်ကျော် အတွင်း စစ်ရေး ပဋိပက္ခကြာင့် တနင်္သာရီတိုင်းအတွင်း နေအိမ်စွန့်ခွာထွက်ပြေး တိမ်းရှောင် နေရသည့် စစ်ဘေး ဒုက္ခသည်များ အတွက် စားနပ်ရိက္ခများအား ကူညီထောက်ပံ့ပေးနိုင်ရန် အရင်ကထက် ရန်ပုံငွေ ရှာဖွေရေး ကူညီပေးသူ နည်းပါးလာ၍ ပိုမိုခက်ခဲလာနေကြောင်း ဒေါနတနင်္သာရီ – စစ်ဘေးရှောင်များ အထောက်အကူပြုရေး အဖွဲ့ထံမှသိရသည်။ လက်ရှိတွင် ဒေါနတနင်္သာရီ- စစ်ဘေးရှောင်များ အထောက် အကူပြုရေးအဖွဲ့မှ ပြေပြင်စစ်ရှောင်အရေး ကူညီ ပေးနေသည့် အဖွဲ့များနှင့် ဇွန်လ အကုန်အထိ ချိတ်ဆက် ကောက်ယူ ထားသော အချက် အလက်များ အရ တိုင်း အတွင်း စစ်ရှောင် ဦးရေ ၂၆၀၀၀ ကျော် ရှိကြောင်း ပြောဆို ထားပြီး၊  သို့သော် FE5Tanintharyi က ဇွန်လ အတွင်း ထုတ်ပြန် ထားသော စာရင်းများအရ စစ်ဘေးရှောင်များ ထပ်တိုးလာမှုကြောင့် တနင်္သာရီတိုင်းတွင် စစ်ဘေးရှောင် စုစုပေါင်း ၃၅၀၀၀ ကျော်အထိ ရှိလကြောင်းသိရကာ စစ်အုပ်ချုပ်ရေးကြေညာထားသော မြိတ်ခရိုင်ထဲက စစ်ရှောင် ဦးရေက အများဆုံးဖြစ်သည်ဟု ဒေါန တနင်္သာရီ-စစ်ဘေးရှောင်များ အထောက် အကူပြုရေးအဖွဲ့မှ တာဝန်ရှိသူများက ပြောသည်။

ဒေါန တနင်္သာရီ-စစ်ဘေးရှောင်များ အထောက် အကူပြုရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ယောနသံက”တော်လှန်ရေး ကာလမှာ ပြည်သူတွေက အားတက်သရော ကူညီပံ့ပေးကြတာ ရှိပေမယ့် ရေရှည်မှာတော့ ပြည်သူတွေလည်း အခက် အခဲရှိလာ တော့ အရင်လိုမကူညီပေးနိုင်တော့တာမျိုး ဖြစ်လာတော့ စစ်ရှောင်တွေအတွက် ပိုပြီးအခက်အခဲဖြစ်လာတာမျိုး ကြုံလာရ တယ်”ဟု ပြောသည်။ လက်ရှိတွင် စစ်ဘေးရှောင်အရေအတွက် တိုးလာမှုနှင့်အတူ စားနပ်ရိက္ခာနှင့် ဆေးဝါးလိုအပ်ချက်မှာ မြင့်မားနေပြီး ကုန်စျေးနှုန်း ကြီးမြင့်မှုကြောင့် စစ်ဘေးရှောင်များကို အကူအညီ ပေးနေသည့် အဖွဲ့များမှာလည်း ငွေကြေး အခက် အခဲများ ကြုံတွေ့ နေကြရသည်ဟု သိရသည်။ “အခုလို အခက်အခဲတွေကြောင့် ကျွန်တော်တို့ စစ်ရှောင်တွေအတွက် ကူညီပေး နေတဲ့ အဖွဲ့တွေ စုစည်းပြီး ဝသန်ဦးအတွက် ဆန်စုဗူး ဆိုပြီး ကမ်ပိန်း တစ်ခု လုပ်နေပါတယ်၊ ဒီကမ်ပိန်းကတော့ အဓိကရည်ရွယ် ကတော့ အလှူရှင်တွေအနေနဲ့ အရင်ကလိုအများကြီး မလှူနိုင်ရင်တော့ ဆန် တစ်ပြည်ဖြစ်ဖြစ် လှူနိုင်အောင်လို့ လုပ်ဖြစ်တဲ့ ကမ်းပိန်း ဖြစ်တယ်”လို့ ဒေါန တနင်္သာရီ-စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့မှ ယောနသံကပြောသည်။ https://ww w.facebook.com/photo/?fbid=60813 1214761217&set=pcb.608131771427828

၂၆။  ကရင်နီစစ်ရှောင်တွေကို ကူညီမယ့်အဖွဲ့အစည်းများကို စစ်ကောင်စီကပိတ်ပင်ထားတာကြောင့် ပြည်သူတွေအခက်         ကြုံ
July 20, 2023

ကရင်နီပြည်နယ်မှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ရှောင်ပြည်သူတွေကို လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေ မရောက်ရှိစေဖို့ INGO၊ NGO အဖွဲ့တွေကို လက်ရှိအချိန်ထိ စစ်ကောင်စီက ကန့်သတ် ထားတာကြောင့် စစ်ဘေးရှောင်တွေ အခက်အခဲတွေဖြစ်နေရတယ်လို့ JOB FOR KAYAH တာဝန်ရှိသူကပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ဖေဖော်ဝါရီလ နှောင်ပိုင်းကစပြီး စစ်ကောင်စီက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတွေ ဖြစ်တဲ့ INGO၊ NGO အဖွဲ့တွေ အပေါ် ကန့်သတ်မှုတွေ စတင်ပြုလုပ်ထားတာပါ။ ကရင်နီပြည်နယ်အတွင်း အဓိက လမ်းမတွေမှာ စစ်ကောင်စီ ဂိတ်တွေချပြီး စစ်ရှောင်စခန်းတွေ ရှိရာဘက်ကို စားနပ်ရိက္ခာတွေ သယ်ဆောင်ခွင့်မပြုတာ၊ သိမ်းဆည်းတာတွေကို ပြုလုပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလို စစ်ကောင်စီက စစ်ရှောင်တွေကို ကူညီနေတဲ့ နိုင်ငံတကာ အရပ်ဖက်အဖွဲ့အစည်း တွေကို ကန့်သတ်မှုတွေ၊ ဖိအားပေးမှုတွေ ရှိလာတာကြောင့်လည်း စစ်ရှောင်စခန်းတွေမှာ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီတွေမရရှိတာ ၄ လကျော်ခန့်ရှိနေပြီဖြစ်တယ်လို့ ဒီးမော့ဆိုအနောက်ခြမ်း စစ်ရှောင်တွေကို ကူညီစောင့်ရှောက် နေသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် အရပ်ဖက်အဖွဲ့အစည်းတွေက စစ်ရှောင်ပြည်သူတွေအတွက် ပေးတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပစ္စည်းတွေကိုလည်း စစ်ကောင်စီတပ်သားတွေနဲ့ ပအိုဝ်းပြည်သူ့စစ်-PNO အဖွဲ့က လိုသလောက်ယူထားပြီး ပိုတဲ့ပစ္စည်းတွေ ကိုသာ ခွဲတမ်းနဲ့ ပြန်ချပေးနေတာကြောင့်လည်း မလုံလောက်မှုတွေဖြစ်နေတယ်လို့ သူကပြောပါတယ်။ “အရပ်ဘက်အဖွဲ့ အစည်းတွေကလည်း တကယ်ကိုယ်တိုင်ဆင်းလာကြတာလည်းမဟုတ်တော့ စစ်ကောင်စီနဲ့ PNO ပြုသမျှနုရတာပဲ။ အခု ၂ နှစ် ကျော်အတွင်းမှာတော့ ၂ ခါပဲရသေးတယ်။ သူတို့( INGO၊ NGOs) လာရင်လည်း ဓာတ်ပုံရိုက်ပြန်သွားတာဆိုတော့ အခြေအနေ ကိုမသိကြဘူး”လို့ သူကရှင်းပြပါတယ်။ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် -PNO လှုပ်ရှားရာဒေသဖြစ်တဲ့ ဆီဆိုင်မြို့ နယ်ထဲက စစ်ရှောင်စခန်းတွေမှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာရတဲ့ ကရင်နီစစ်ရှောင်ပြည်သူ ၈၀၀၀ ကျော်ခိုလှုံနေရတာ ဖြစ်ပါတယ်။ စားနပ်ရိက္ခာတစ်ခုတည်းကိုသာ ပိတ်ပင်တာမဟုတ်ဘဲ အမိုးအကာနဲ့ ဆေးဝါးတွေကိုပါ ဖြတ်တောက်ဖို့ ကြိုးစားနေ တယ်လို့ ဆိုပါတယ်။ ဒီလို ရည်ရွယ်ချက်ရှိရှိ စားနပ်ရိက္ခာ ၊ အမိုးအကာနဲ့ ဆေးဝါးတွေကို စစ်ကောင်စီက ဖြတ်တောက်ဖို့ ကြိုးစား နေတာဟာ စစ်ရှောင်ပြည်သူတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ရပ်တည်လို့ မရအောင် ပြုလုပ်နေတာဖြစ်တယ်လို့ ကရင်နီ တော်လှန်ရေးတပ်သားတစ်ဦးက ပြောပါတယ်။ https://www.facebook.com/photo/?fbid=308435218209596&set=a.28 5900490463069

၂၇။  စစ်ကောင်စီအတွက် ပိုက်ဆံကောက်ပေးသည့် ထမင်းဆိုင်ပိုင်ရှင်တစ်ဦး ပစ်ခတ်ခံရ
      July 20, 2023

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဂိတ်ထိုင်ကာ ငွေကြေးကောက်ခံလျက်ရှိသော ထမင်းဆိုင်မှ ပိုင်ရှင်တစ်ဦး ယနေ့ မွန်းလွှဲ ၂ နာရီခန့်က နမ္မတီးမြို့တွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်းသိရသည်။ နမ္မတီးမြို့အဝင် ရှုခင်းသာကျောက်တောက်အတက်ရှိ ကျားပြောင်းစက်သုံးဆီဆိုင်ရှေ့ရှိ ထမင်းဆိုင်မှ ပိုင်ရှင်အမျိုးသားကို အမည်မသိလူတစ်စုက သေနတ်ဖြင့် လာရောက်ပစ်သတ် သွားခြင်းဖြစ်သည်ဟု နမ္မတီးမြို့နေ အမျိုးသားတစ်ဦးက ပြောသည်။ “အပစ်ခံရတဲ့သူက ဒေသခံပဲ ဘာလို့လဲဆို အဲ့ဒီနေရာမှာက စရဖ(စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့)တို့၊ မော်တော်ပီကေတို့ ပိုက်ဆံတောင်းတဲ့နေရာဟုတ်တယ်၊ ရဲတွေလည်း အဲ့မှာထိုင်တယ်။ ပြောရမယ်ဆိုရင် ရဲတွေ၊ စရဖတွေနဲ့ ဆက်စပ်နေတဲ့ဆိုင်ပေါ့။ တစ်ခါတလေ သူကနွားတင်တဲ့ကားတွေဆီကနေ ကိုယ်စား ပိုက်ဆံတောင်းပေးတယ်” ဟုပြောသည်။

ထမင်းဆိုင်တွင် ထိုင်နေသည့် လူငယ်လေးဦးက သေနတ်ဖြင့်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း အသက် ၂၁ နှစ်ခန့်အရွယ်ရှိ မြို့ခံလူငယ်တစ်ဦးက ပြောသည်။ “ဆိုင်ထဲမှာလူငယ်လေးယောက် ဖျော်ရည်လာသောက်ပြီး နည်းနည်းကြာတဲ့အခါကျတော့ ဆိုင်ရှင်ကို ပစ်တယ်လို့ပြောတယ်။ ပစ်ပြီးတော့ ဆိုင်ကယ်နဲ့ပဲ မြို့ထဲကို မောင်းဝင်သွားတယ်လို့ပြောတယ်” ဟုပြောသည်။ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသူမှာ အသက် ၄၀ နှစ်ခန့်အရွယ်ရှိ ဦးအောင်လင်းဦး ဆိုသူဖြစ်ပြီး ဘက်ဖက်ပုခုံးနှင့် လည်ပင်းကြားတွင် ကျည်ဆံ တစ်ချက်ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း မြစ်ကြီးနားပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။ ပြီးခဲ့သည့် မေလ ၁၇ ရက်နေ့ကလည်း စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)မှ ဦးသန်းထွန်းဝင်းဆိုသူကို မိုးကောင်းပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က နမ္မတီးမြို့အဝင်တွင် ပစ်ခတ်ခံခဲ့ရပြီး ပုခုံးတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ https://www.facebook .com/photo/?fbid=596893579304981&set=a.53586 7405407599

၂၈။  ရေဖြူ ကံပေါက်တွင် ဖမ်းဆီးခံရသူများထဲမှ  ၆ ဦး ပြန်လွတ်လာ
      July 20, 2023

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကံပေါက်ဒေသတွင် အကြောင်းပြချက်မရှိဘဲ စစ်ကောင်စီက အရပ်သားများကို ဖမ်းဆီး ပြီးနောက် ဖမ်းဆီးခံရသူများအနက် ၆ ဦးကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း လွတ်မြောက်လာသူများနှင့် နီးစပ်သူများကပြော သည်။ လွတ်မြောက်လာသူ ၆ ဦးမှာ ကံပေါက်ဒေသ မဂ္ဂင်ရပ်ကွက်နေ ကုန်စုံဆိုင်ပိုင်ရှင် ဒေါ်စန်းမြင့် (ခ) ဒေါ်ဒီးဒုတ်၊ ဒေါ်မီးချို (ခ) ဒေါ်ချို၊ ဦးကျော်ဦး၊ ကိုကျော်ကျော်နှင့် အလုပ်သမားများဖြစ်ကြသည့် ကိုမင်းသူအောင်နှင့် ကိုကျန်ကျောင်းတို့ ဖြစ်ကြောင်း သိရသည်။  ကံပေါက် ဒေသခံ တစ်ဦးက”ဘာမှတော့ ထွေထွေထူးထူး စစ်ဆေးတာ မရှိဘူးလို့ သိရတယ်။ အဓိကတော့ သူတို့ရဲ့ ဖုန်းတွေကို စစ်ဆေးတယ်လို့ ပြောတယ်။ PDF အဖွဲ့စည်းတွေနဲ့ ပတ်သက် ချိတ် ဆက်မှု ရှိမရှိ ဆိုတာ စစ်တယ် ပြောတယ်။ ဘာမှ မတွေ့ရတော့ ပြန်လွတ်ပေး လိုက်တာ လို့ဆိုတယ်”ဟု ပြောသည်။ ၎င်းတို့ကို ဇူလိုင်လ ၂၀ ရက် မွန်းတည့် ၁၂ နာရီခန့် အချိန်က ကုန်စုံဆိုင် မိသားစု  ၄ ဦး နှင့် အလုပ်သမား အပါဝင် စုစုပေါင်း ခြောက်ဦးကို စစ်ကောင်စီရေတပ်က ၎င်းတို့၏ကားဖြင့် နေအိမ်သို့ လာရောက် ပို့ဆောင်ပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်နေ့က ကုန်စုံဆိုင်အသိုင်းအဝိုင်းက စုစုပေါင်း ဒေသခံ ၈ဦးကို ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်ပြီး လက်ရှိတွင် ၆ ဦးကိုသာ ပြန်လည်လွှတ်ပေးခဲ့ခြင်းကာ ကျန်သည့် ၂ ဦးကိုမှု ပြန်လည်လွှတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။  ပြန်မလွတ်သူများမှာ ကံပေါက်ကျောက်တိုင်း အနီးရှိ လျှပ်စစ်ပစ္စည်း ရောင်းချနေသည့် စျေးဆိုင်ကပိုင်ရှင် အမျိုးသမီး တစ်ဦးနှင့် ဝမ်းကွဲ ညီမတော်စပ်သူ အမျိုးသမီးတစ်ဦး ဖြစ်ကြပြီး ၎င်းတို့ကို ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက် မွန်းတည့် ၁၁ နာရီခွဲခန့်အချိန်တွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။ ကံပေါက်ဒေသခံ နောက်တစ်ဦးက “ဖမ်းခံရတုန်းက ၂ ရက် ဆက်တိုက် ဒေသခံ ၁၀ ကျော်တယ်။ အများဆုံးကတော့ ကုန်စုံဆိုင် ပိုင်ရှင်နဲ့ အလုပ် သမားတွေ များတယ်”ဟု ရှင်းပြသည်။ https://www .facebook.com/photo?fbid=7097377644989 86&set=pcb.709738797832216

၂၉။ မင်းပြားက ဆရာတော်တစ်ပါး မုန်တိုင်းကယ်ဆယ်ရေးအလှူငွေများကိုလိမ်လည်သွားကြောင်း အဆိုတော် R ကြီး       စွပ်စွဲ
    July 20, 2023

ရခိုင်ပြည်အတွင်း မုန်တိုင်းသင့်ပြည်သူများကို ကူညီကယ်ဆယ်ရေး ထောက်ပံ့ပစ္စည်းများ ပေးအပ်နိုင်ရန် အမ်းနှင့် မြေပုံမြို့နယ်တို့တွင် ပြုလုပ်ခဲ့သော ပရဟိတရံပုံငွေပွဲများမှ အလှူငွေများ ကျပ် သိန်း ၅၀၀ ခန့်ကို မင်းပြားဒေသခံ ဆရာတော် တစ်ပါးမှ ကိုယ်ကျိုးအတွက်အသုံးပြုရန် လိမ်လည်သွားသည်ဟု ရခိုင်အဆိုတော် R ကြီး က စွပ်စွဲပြောဆိုလိုက်သည်။ မင်းပြားမြို့ ဦးစိုးတင့်ရပ်ကွက်မှ ရက္ခဝံသဖောင်ဒေးရှင်းကို ဦးဆောင်သော ရက္ခဝံသ ဆရာတော်မှ လိမ်လည်သွားဖြစ် သည်ဟု ဆိုသည်။ ပြီးခဲ့ သည့်လက အမ်းမြို့နယ် တပ်တောင်၊ မင်းတပ်၊ ကျွဲကူးတောင်နှင့် မြေပုံမြို့နယ် ကမ်းထောင့်ကြီးမြို့တွင် မိုခါမုန်တိုင်းသင့် ပြည်သူများအား တစ်ဖက်တစ်လမ်းမှ ကူညီကယ်ဆယ်ရေးများ ပြုလုပ်နိုင်ရန် သီချင်းဆိုပြီး ပရဟိတရံပုံငွေရှာဖွေရေးကို ပြုလုပ် ခဲ့သည်ဟု ဆိုသည်။ ထိုရံပုံငွေရှာဖွေရေးပွဲကို ရက္ခဝံသဖောင်ဒေးရှင်းအမည်နှင့် ရက္ခဝံသဆရာတော်မှ ဦးဆောင်ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ရရှိခဲ့သည့် ငွေများကို ကူညီကယ်ဆယ်ရေး ထောက်ပံ့ပစ္စည်းများအား အသုံးမပြုဘဲ ယင်းကဲ့သို့ လိမ်လည်သွားကြောင်း အဆိုတော် R ကြီး  က ပြောဆိုသည်။

“ကျနော်တို့ အမ်းနဲ့ ကမ်းထောင့်ကြီးမှာ စုစုပေါင်း ၅ ကြိမ်ပြုလုပ်ခဲ့ပါတယ်။ တီးဝိုင်းအဖွဲ့နဲ့ ကျနော်အပါအဝင် ရခိုင် အဆို တော် ၈ ယောက်နဲ့ ၁၃ ရက်ကြာသီချင်းဆိုခဲ့ကြပါတယ်။ ကျနော်တို့ အောက်ကိုထိ ဆင်းပြီး အလှူငွေခံပေးတာရယ်၊ အောက်ဝိုင်း လို့ခေါ်တဲ့ ဖဲဝိုင်းတွေကရတဲ့ အကောက်ငွေရယ် စုစုပေါင်းအနည်းဆုံး ကျပ်သိန်း ၅၀၀ လောက်ကိုလိမ်လည်သွားပါတယ်။ အခု ထက်ထိ ဆရာတော်က မုန်တိုင်းသင့်ပြည်သူတွေကို အကူအညီမပေးသေးဘူး။ ဆရာတော်က ပရဟိတကိုအကြောင်းပြပြီး ကိုယ် ကျိုးရှာသွားပါတယ်” အဆိုတော် R ကြီး  က ပြောဆိုသည်။ ပရဟိတပွဲဖြစ်သည့်အတွက် တီးဝိုင်းအဖွဲ့နှင့် အဆိုတော် ၈ ဦး စုစု ပေါင်း ၁၃ ဦးအတွက် အနုပညာကြေးကို တစ်ရက် ငွေကျပ် ၁၀ သိန်းသာသတ်မှတ်ခဲ့ပြီး ၁၀ ရက်အတွက်သာပေးကာ ဆရာတော် မှာ အနုပညာကြေးကို အပြည့်အဝ မပေးခဲ့ကြောင်း သိရသည်။ “ဆရာတော်ကို နောက်နောင်နောက်နှစ်တွေမှာ ပရဟိတလုပ်ခွင့် မပေးသင့်ဘူး။ အကျိုးမရှိဘူး။ ကိုယ့်ကျိုးရှာနေတဲ့အတွက် ခွင့်မပြုသင့်ဘူး။ ကျနော်တို့ရဲ့ အနုပညာကြေးကို လိုချင်လို့ ဒီလိုပြော နေတာမဟုတ်ပါဘူး။ အနုပညာကြေးလို့ပြောရအောင်လည်း အများကြီးတောင်းထားတာမဟုတ်ပါဘူး။ လမ်းခရီးစရိတ်လောက် ပဲယူထားတာပါ။ ကျနော်တို့က အမှန်တရားတွေကို ချပြတာပါ။ ပြည်သူတွေက လေဘေးကြောင့် ဒုက္ခရောက်နေကြတယ်။ ဆရာတော်က ကူညီထောက်ပံ့မှုမလုပ်ဘဲ ငွေလိမ်သွားတယ်ဆိုတာက မဖြစ်သင့်ဘူးလေ”ဟု ပြောသည်။  https://www.faceb ook.com/photo?fbid=709696624503100&set=a.682731967199566

၃၀။  NUG နွေဦးဘဏ်ကို စမ်းသပ်ဖြန့်ချိတော့မည်
       July 21, 2023

အမျိုးသား ညီညွတ်ရေး အစိုးရ NUG ရဲ့ နွေဦးဘဏ်ကို ဇွန်လ ၂၂ရက်မှာ Google Play နဲ့ Apple App store တွေမှာ စမ်းသပ်ဖြန့်ချိတော့မှာဖြစ်ပြီး၊ ဘဏ်ရဲ့ app ကနေတဆင့် Crypto ငွေကြေးတွေကို လဲလှယ်ရောင်းဝယ်နိုင်မှာဖြစ်တယ်လို့ Crypto currency ငွေကြေးအကြောင်း သတင်းတွေဖော်ပြတဲ့ Coin Desk သတင်းဌာနက ဖော်ပြပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေး အားပေးထောက်ခံသူတွေနဲ့ပြည်ပရောက်မြန်မာတွေအတွက် အဓိကရည်ရွယ်တည် ထောင်ထားတဲ့ နွေဦးဘဏ် ဟာ စစ်ကောင်စီကထိန်းချုပ်ထားတဲ့ မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးစနစ်ကို အစားထိုးနိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ NUG ရဲ့ စီမံဘဏ္ဍာရေးဝန်ကြီးဌာနပိုင်အဖြစ် ဖွင့်လှစ်မယ့် နွေဦးဘဏ်မှာ မြန်မာကျပ်ငွေ၊ အမေရိကန် ဒေါ်လာ၊ မလေးရှား ရင်းဂစ်ငွေ နဲ့ စင်ကာပူ ဒေါ်လာတွေကို တရားဝင်အသုံးပြုမှာဖြစ်ပြီး၊ ၆ လအတွင်း အသုံးပြုသူ တစ်သိန်းအထိရှိဖို့ ရည်မှန်းထားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

နွေဦးဘဏ်မှာ ငွေကြေးလဲလှယ်တာ၊ ရန်ပုံငွေ ရှာဖွေတာ၊ ပြည်ပလုပ်သားတွေဆီကနေ ငွေလွှဲပေးပို့တာ၊ ချေးငွေ ထုတ်ချေးတာတွေလို ဘဏ်လုပ်ငန်း ဝန်ဆောင်မှုတွေအပြင်၊ မြေပြင်မှာ တော်လှန်ရေးလုပ်ဆောင်နေသူတွေကို တိုက်ရိုက် လှူဒါန်းနိုင်တဲ့အကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် တော်လှန်ရေးပြီးတဲ့အချိန် မြန်မာနိုင်ငံပြန်လည်တည်ဆောက်ရေးမှာ ပါဝင်ကူညီနိုင်ရေး ရန်ပုံငွေတွေ ချထားပေးဖို့အတွက်လည်း အသုံးပြုနိုင်တဲ့ ထိရောက်တဲ့ ဘဏ္ဍာရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ အကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။ https://www.rfa.org/burmese/news/nug-bank-07202023151356.html

၃၁။  စစ်ကောင်စီကို ပိုပြီးကူညီနိုင်ဖို့ PNO ပြည်သူ့စစ်က တပ်ရင်း ၁၀ ရင်းအထိ တိုးချဲ့ဖို့ ပြင်ဆင်
       July 20, 2023

ရှမ်းပြည်နယ် တောင်ပိုင်း အခြေစိုက် PNO ပြည်သူ့စစ်က စစ်ကောင်စီကို အားဖြည့်ကူညီနိုင်ဖို့ တပ်ရင်း ၁၀ ရင်းပြည့် တဲ့အထိ တိုးချဲ့ဖွဲ့စည်းသွားမယ်ဆိုပြီး PNO ပြည်သူ့စစ်ခေါင်းဆောင်တွေရဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ချက် ချခဲ့တယ်လို့ PNO နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာမှာ ဇွန်လ ၂၆ ရက်က ပြုလုပ်တဲ့ PNO ပြည်သူ့စစ်အဖွဲ့ရဲ့ အစည်းအဝေးမှာ အဲ့ဒီလိုဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့တာဖြစ်တယ်လို့ PNO နဲ့နီးစပ်တဲ့သတင်းရင်းမြစ်ကပြော ပါတယ်။ အဲ့ဒီ အစည်းအဝေးမှာ စစ်ရေးနဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက် ၃ ချက်ကို ချမှတ်ခဲ့တာဖြစ်ပြီး PNO တပ်ရင်းကို ၁၀ ရင်းအထိ တိုးချဲ့ဖွဲ့စည်းသွားဖို့၊ PNO ပြည်သူ့စစ်ရဲ့ စစ်သင်တန်းကို ဆီဆိုင်မြို့နယ် ဆိုင်ခေါင်စံပြကျေးရွာအနီးမှာရှိတဲ့ အောင်ဆုဗွေစခန်း မှာ ပြန်လည်ဖွင့်လှစ်ဖို့နဲ့ စစ်ဘက်ဆိုင်ရာ အရည်အချင်းမြှင့်တင်ဖို့အတွက် ဗိုလ်ကြီးအဆင့်မှစပြီး အရာရှိသင်တန်းပြု လုပ်ဖို့ဆိုတဲ့ ဆုံးဖြတ်ချက် ၃ ချက်ကို ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ “အစည်း အဝေးမှာက တပ်ရင်း ၁၀ ရင်းအထိ တိုးချဲ့မယ်လို့တော့ပါတယ်။ ဘယ်လို တိုးချဲ့မှာလဲ လူဘယ်လိုခေါ်မှာလဲဆိုတာကတော့ တပ်မှူးတွေက နည်းလမ်းပေါင်းစုံနဲ့လုပ်သွားမယ်။ ဘယ်အချိန်မှာ ၁၀ ရင်းပြည့်ရမယ် ဆိုတာတော့ သတ်မှတ်မထားဘူးဗျ၊ PDF တွေက အင်အားတွေများလာတော့ အင်အားလိုက်တိုးချဲ့တာဖြစ်မှာ ပေါ့။ လူကြီးတွေပြောတာတော့ နယ်မြေကာကွယ်ဖို့ပေါ့” လို့ PNO ပြည်သူ့စစ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်ဟာ လက်ရှိအချိန်မှာ တပ်ရင်း ၅ ရင်းနဲ့ ဖွဲ့စည်းထားပြီး ကရင်နီပြည်မှာ စစ်ကောင်စီနဲ့အတူပူးပေါင်းကာ တော်လှန်ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။  PNO ပြည်သူ့စစ်ဟာ နယ်မြေကာကွယ်ဖို့ တပ်ရင်းတိုးချဲ့မယ်လို့ ပြောပေမယ့် မောက်မယ်မြို့နယ် ပွန်ချောင်းအရှေ့ဘက်မှာရှိတဲ့ သူတို့ရဲ့ စခန်း ၄ ခုထက် မနည်းကိုတော့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ – RCSS ကို ဒီနှစ်အတွင်းမှာ ပေးခဲ့ပါတယ်။ ရှမ်း-ကရင်နီ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီနဲ့အတူ လိုက်ပါတဲ့ PNO ပြည်သူ့စစ်ရဲ့ အထူးကွန်မန်ဒို တပ်ရင်းဟာ တပ်ရင်းမှူး အပါ အဝင် ၃၀ နီးပါး သေဆုံးသွားတာကြောင့် PNO ပြည်သူ့စစ်က အင်အားထပ်မံဖြည့်တင်းဖို့ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။ “အခု PNO လုပ်နေတာတွေက ကိုယ့်စရိတ်နဲ့ကိုယ် PNO သူဌေးတွေနဲ့ စစ်ကောင်စီအတွက် စစ်သားတွေက သေပေးနေရတဲ့အလုပ်။ အာဏာရှင် လက်ကိုင်တုတ်ဖြစ်နေတဲ့အလုပ်။ လူဘယ်လောက်များများ အာဏာရှင်ရဲ့ အားတွေသာဖြစ်နေတဲ့ အလုပ်မို့ အမှန် အတိုင်းပြောရရင် ရွံစရာကောင်းတယ်” လို့ သူကပြောပါတယ်။ https://www.facebook.com/photo/?fbid=307975278255 590&set=pcb.307976358255482

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button