သတင်း

ကြာအင်းဆိပ်ကြီးမြို့နယ်ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးများ ဒရုန်းဖြင့်တိုက်ခိုက်ခံရ

ကြာအင်းဆိပ်ကြီးမြို့နယ်ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးများ ဒရုန်းဖြင့်တိုက်ခိုက်ခံရ

ဖက်ဒရယ်ဂျာနယ် မြန်မာ။
ဇူလိုင် ၁၈ရက်၊ ၂၀၂၃။
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ရဲစခန်း၊ ထွေအုပ်ရုံး၊ မြေစာရင်းရုံးနှင့် စစ်ကောင်စီခုတ်ခွားစခန်း၊ စစ်ကူလာသည့် စစ်ကြောင်းတို့ KNLA၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့-S.O.F၊ Cloud Wings ဒရုန်းတပ်ဖွဲ့နှင့် Federal Wings ဒရုန်း ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ စစ်ကောင်စီတပ်စခန်းတို့ကို ဇူလိုင်လ ၁၁ ရက်နေ့မှစကာ ၁၆ ရက်နေ့အထိ နေ့စဥ် ဒရုန်း၊ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ အသုံးပြုကာ တိုက်ခိုက်ခဲ့တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) က ထုတ်ပြန်ထားပါတယ်။
ထိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီလက်အောက်ခံ တပ်သား ၅ ဦးခန့် သေဆုံးပြီး ၁၀ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟုလည်း ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်ဘက်မှ လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီး ၁၂၀ မမ၊ ၈၁ မမ၊ ၆၀ မမများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း KNLA၊ S.O.F ပူးပေါင်းတပ်ဘက်က တပ်သားတစ်ဦးဒဏ်ရာ ရရှိခဲ့သော်လည်း စိုးရိမ်စရာမရှိဘူးလို့ သိရပါတယ်။
KNU တပ်မဟာ ၆ အုပ်ချုပ်နယ်မြေဖြစ်တဲ့ ကြာအင်းဆိပ်ကြီးမြို့နယ် ပတ်ဝန်းကျင်တွင် ယခုအတွင်းမှာ တိုက်ပွဲများပိုမိုပြင်းထန်လာပြီး စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးဖြင့် နေ့စဥ်ပစ်ခတ်နေခြင်းနှင့် စစ်ကြောင်းထိုး ဝင်ရောက်လာနေခြင်းကြောင့် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ပုလိန်၊ ခလယ်၊ တံခွန်တိုင်၊ နန်းသိုင်းထွန်း အစရှိသည့် ကျေးရွာများမှ ထောင်နှင့်ချီ ဒေသခံတို့က ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

Photo – SOF

Related Articles

Back to top button