သတင်း

ရေးမြို့နယ် စကခ- ၁၉ ဌာနချုပ်နှင့် တပ်ရင်း ၂ ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေမှ Drone ဖြင့် ပူးပေါင်းတိုက်ခိုက်

ရေးမြို့နယ် စကခ- ၁၉ ဌာနချုပ်နှင့် တပ်ရင်း ၂ ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေမှ Drone ဖြင့် ပူးပေါင်းတိုက်ခိုက်

ဖက်ဒရယ်ဂျာနယ် မြန်မာ။
ဇူလိုင် ၁၅ရက်၊ ၂၀၂၃။

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ စစ်ကောင်စီ စကခ- ၁၉ ဌာနချုပ် ၊ ခလရ- ၆၁ နှင့် စစ်ကောင်စီ အမြှောက်တပ် အမတ- ၃၁၆ တို့ကို ပူးပေါင်းတပ်တို့မှ Drone ဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို ဇူလိုင်လ ၁၄ ရက်နေ့ ညနေ ၄ နာရီအချိန်မှာ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ Ye Air Force (YAF) ၊ Ye Defence Force (YDF)၊ ထားဝယ်ခရိုင် အမှတ် (၂)တပ်ရင်း T- 5 ၊ ဒေါနစစ်ကြောင်း နှင့် ABSDF တပ်ရင်း – ၁ တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

” နောက်တခုထူးခြားတာက မွန်ပြည်နယ် နဲ့ တနင်္သာရီမှာ အခြေစိုက်တဲ့ မဟာမိတ် ၆ ဖွဲ့ ပေါင်းပြီးတိုက်တာဆိုတော့ စည်းလုံးညီညွတ်မှုကိုပြတဲ့ ဂုဏ်ယူစရာ စစ်ဆင်ရေးလို့ ပြောလို့ရတယ် ”ဟု MSRFမှ နိုင်နဂါးက ရာမညFM မှာ ပြောထားပါတယ်။

ယခုစစ်ဆင်ရေးမှာ SF-Z မောင်းသူမဲ့ လေယာဉ်အမျိုးအစားအသုံးပြုပြီး ပထမဆုံးအကြိမ် ရန်သူစခန်း ၃နေရာကို ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း MSRF ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

စစ်ကောင်စီတပ်သားများ၏ ထိခိုက်သေဆုံးမှုကိုတော့ အတိအကျ မသိရသေးပါ။

Photo – Ye Air Force

Related Articles

Back to top button