သတင်း

တောင်ကလေး စစ်ကောင်စီ ရဲစခန်းသိမ်းတိုက်ပွဲ တပ်ကြပ်ကြီးအပါအဝင်၊ တပ်ဖွဲ့ဝင်များ ၁၆ ဦး သေဆုံးမှု ရှိဟု ဆို၊ Lion Battalion Commando စစ်ကြောင်းမှ ရဲဘော်တဦးကျဆုံး

ဓါတ်ပုံ – Lion Battalion Commando – ဗျူဟာစစ်ကြောင်း (ထုတ်ပြန်ချက်)
 
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ နိုဝင်ဘာ ၂၂
 
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ စစ်ကောင်စီ၏ တောင်ကလေး ရဲစခန်းသိမ်း တိုက်ပွဲတွင် တပ်ကြပ်ကြီး အပါအဝင်၊ တပ်ဖွဲ့သင်များ ၁၆ ဦး သေဆုံးမှုရှိခဲ့ပြီး တပ်စခန်းအတွင်းမှာ လက်နက်ခဲယမ်း တချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ အဲဒီရဲစခန်းသိမ်း တိုက်ပွဲမှာတော့ Lion Battalion Commando – ဗျူဟာ စစ်ကြောင်းက ရဲဘော်တဦး ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။
 
ယမန့်နေ့ နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်က စပြီး မဟာမိတ်ပူးပေါင်းတပ်များ တောင်ကလေး ရဲစခန်းကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့တာဖြစ်ပြီး ယင်းနောက် နံနက် ၆ နာရီခွဲမှာတော့ ထိခိုက်မှု ကြီးမားနေတဲ့ စစ်ကောင်စီတပ်ကို ကူပစ်ဖို့ ရဟတ် ယာဉ် ၃ စီး ရောက်ရှိလာကာ စတင်ဖြစ်ခတ်ခဲ့ကြောင့် မဟာမိတ်တပ်ဖွဲ့များ ဘေးလွတ်ရာသို့ ပြန်လည်နေရာယူကာ အချိန်ယူတိုက်ခိုက်ခဲ့ရတာလို့ ဆိုပါတယ်။
 
ယမန်နေ့ နံနက်ပိုင်း ၁၁ နာရီခွဲ အချိန်မှာတော့ စစ်ကောင်စီ ရဲစခန်းကို အောင်မြင်စွာတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်ကြပ်ကြီး၊ ဒုတပ်ကြပ်အဆင့်ရှိသူများအပါအဝင် ၁၆ ဦးအထိ သေဆုံးခဲ့ကြပြီး လက်နက်ငယ် ၁၀ လက် ၊ ၆၀ မမ ၁ လက် နှင့်အတူ ကျည်သီးများစွာ သိမ်းဆည်းရမိတယ်လို့ Lion Battalion Commando – ဗျူဟာစစ်ကြောင်းက သတင်းထုတ်ပြန်ထားတာပါ။
 
အဆိုပါ စစ်ကောင်စီ၏လက်အောက်ခံ ရဲကင်းစခန်းသိမ်းတိုက်ပွဲမှာတော့ KawThooLei Army ၏ Lion Battalion Commando – ဗျူဟာစစ်ကြောင်း နှင့်အတူ အခြားပူးပေါင်းစစ်ကြောင်းများ နှင့် Drone အဖွဲ့များ ဖြစ်သော ANGRY BIRD ၊ ARMS နှင့် SDDF Drone အဖွဲ့များလည်း ပူပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြတာလို့ ထုတ်ပြန်ထားပါတယ်။
 
အဲဒီစခန်းတိုက်ပွဲအတွင်း သေဆုံးသွားတဲ့ စစ်ကောင်စီ၏ အဆင့်မြင့်အရာများကတော့ ရဲတပ်ကြပ်ကြီး ကျော်မျိုး၊ ရဲဒုတပ်ကြပ် ကိုကိုလတ်၊ ရဲဒုတပ် ကြပ် ဇွဲပြည့်အောင်၊ တို့ပါဝင်တယ်လို့ သိရပါတယ်။

Related Articles

Back to top button