တိုင်းရင်းသားများသတင်းသတင်း

(No. 56, July 14, 2023)

၁။  ကယားပြည်နယ်မှာ ဒုက္ခသည်စခန်းနဲ့ရွာ လေကြောင်းတိုက်ခိုက်ခံရပြီး နှစ်ဦးသေ၊ လေးဦးဒဏ်ရာရ
     July 13, 2023

ကယားပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ် မယ်စဲ့မြို့နယ် ကျောက်စုကျေးရွာနဲ့ ဒေါနိုးခူး စစ်ဘေးဒုက္ခသည်စခန်းကို စစ်ကောင်စီတပ်က ဇူလိုင်လ ၁၁ ရက်နေ့ည ၁၁ နာရီနဲ့ ဒီမနက် ၁ နာရီလောက်မှာ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ ကြောင့် အသက် ၁၁ အရွယ် ကလေးငယ်တစ်ဦး အပါအဝင်နှစ်ဦး သေဆုံးခဲ့ပြီး လေးဦးထိ ခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်နီကာ ကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဇူလိုင်လ ၁၁ ရက်နေ့ ည ၁၁ နာရီမှာ မယ်စဲ့မြို့နယ် ကျောက်စုကျေးရွာကို ဂျက်တိုက်လေယာဉ်နဲ့ သုံးကြိမ် လာရောက် တိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၁ နှစ်အရွယ် ယောကျ်ားလေးငယ်တစ်ဦး သေဆုံး ခဲ့ပြီးနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဖားဆောင်းမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။ “ညအချိန်မှာ ဂျက်ဖိုက်တာနဲ့လာပြီးဗုံးကြဲသွားတယ်။ အသက်မပြည့်သေးတဲ့ ကလေးငယ်တစ်ယောက် သေဆုံးတယ်။ နှစ်ယောက်ကတော့ မစိုးရိမ်ရဘူးပေါ့နော် ဒဏ်ရာရသွားတယ်။ ခရစ်ယာန်ဘုရားကျောင်း တစ်လုံးနဲ့ အရပ်သား နေအိမ် ခြောက်လုံးလောက် ပျက်စီးသွားတယ်” အလားတူ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည် လေးထောင်ကျော်နေထိုင်တဲ့ ဒေါနိုးခူး စစ်ဘေးဒုက္ခသည် စခန်းအနီးကို စစ်ကောင်စီတပ်က ဒီမနက် ၁ နာရီလောက်မှာ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက် ခဲ့တာကြောင့် အသက် ၃၂ နှစ် အရွယ် အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး အမျိုးသမီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်နီတိုးတက်ရေး ပါတီ တွဲဖက်အတွင်းရေးမှူး ၂  ဦးအောင်ဆန်းမြင့် က ပြောပါတယ်။

“မနက်အစေားကြီး ၁ နာရီလောက်မှာ တိုက်လေယာဉ်နဲ့ လေးကြိမ်လောက်လာကြဲသွားတယ်။ အမျိုးသားတစ်ယောက် သေသွားတယ်၊ နှစ်ဦးကတော့ဒဏ်ရာရသွားတယ်ပေါ့” ဗုံးကြဲခံရမှုကြောင့် စာသင်ကျောင်းတစ်ကျောင်း လုံးဝပျက်စီးခဲ့ပြီး ဆေး ပေးခန်းနဲ့ လူနေအိမ်တချို့လည်း ပျက်စီးသွားတယ်လို့ ကရင်နီတိုးတက်ရေးပါတီ တွဲဖက်အတွင်းရေးမှူး ၂  ဦးအောင်ဆန်းမြင့် ကပြောပါတယ်။ စစ်ကောင်စီတပ်ဟာ မယ်စဲ့မြို့ကို အပြည့်အ၀ ထိန်းချုပ်နိုင်ဖို့အတွက် ဖားဆောင်းမြို့နယ် ကနေ ထိုးစစ်ဆင်နေ သလို လေကြောင်းကနေလည်း မယ်စဲ့ဒေသကို စစ်အင်အားတွေ ပို့ဆောင်နေတယ်လို့ ကရင်နီကာကွယ် ရေးတပ်ဖွဲ့ တာဝန်ရှိသူ တွေက ပြောပါတယ်။ မြေပြင်မှာ ထိုးစစ်ဆင်ဖို့ အခွင့်မသာတဲ့ စစ်ကောင်စီတပ်ဟာ လေကြောင်းနဲ့ လက်နက်ကြီးတွေ အားကိုးနဲ့ အရပ်သားပစ်မှတ်တွေကိုပါ ဦးတည်တိုက်ခိုက်နေတာ ဖြစ်တယ်လို့ ဖားဆောင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြား ရေးအဖွဲ့က ပြောပါတယ်။ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF ရဲ့ ဇူလိုင်လ ၁ ရက်နေ့ နောက်ဆုံးထုတ်ပြန်တဲ့ စာရင်းတွေအရ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်းမြို့နယ်နဲ့ ကယားပြည်နယ်အတွင်းမှာ စစ်တပ်က အာဏာသိမ်းခဲ့ တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၅၂၇ ကြိမ် အထိပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ https://www.facebook.com/photo/?fbid=663782935783112&set=a.58363 7430464330

၂။   AA နှင့်ဆက်စပ်သည်ဟုစွပ်စွဲဖမ်းဆီးခံထားရသူ တောင်ကုတ်ဒေသခံ ၆ ဦးကို စစ်ကောင်စီတရားရုံးက ထောင် ၄         နှစ်စီ ချမှတ်
     July 13, 2023

ရက္ခိုင့်တပ်တော် (AA)နှင့် ဆက်စပ်သည်ဟုဆိုကာ စွပ်စွဲဖမ်းဆီးခံထားရသူ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှ ဒေသခံ ၆ ဦးကို  ၃ နှစ်ကျော်ကြာအမှုရင်ဆိုင်ခဲ့ရပြီးနောက် စစ်ကောင်စီ တရားရုံးတစ်ခုက  ထောင်ဒဏ် ၄ နှစ်စီ ချမှတ်လိုက် ကြောင်း သိရသည်။ ထောင်ဒဏ်ချမှတ်ခံလိုက်ရသူများမှာ တောင်ကုတ်မြို့နယ်၊ ဆားပြင်ကျေးရွာမှ ကိုသန်းနိုင်၊ ချက်ပေါက်ရွာမှ ကိုကျော်တင်အောင်၊ ကိုနေရဲဝင်း၊ ကိုထွေးမောင်၊ မအီမြို့မှ ညီအစ်ကိုနှစ်ဦးဖြစ်သော ကိုသန်းဇော်ဌေးနှ င့် ကိုသန်းဇော်ဇော် တို့ဖြစ်သည်။ သူတို့ကို AA နှင့်ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖက်ရေး ဥပဒေ ပုဒ်မ ၅၂(က)ဖြင့် ဇူလိုင် ၁၁ ရက်၊ ညနေပိုင်းတွင် တောင်ကုတ်မြို့နယ်တရားရုံးက စီရင်ချက်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါအမှုအား လိုက်ပါဆောင်ရွက်ပေးသူ တရားလွှတ်တော် ရှေ့နေ ဦးတင်ညို က အတည်ပြုပြောသည်။

သူတို့ကို စတင်ဖမ်းဆီးတရားစွဲခဲ့စဉ်က AA နှင့်ဆက်စပ်သည်ဟုဆိုကာ ဖောက်ခွဲရေးပစ္စည်းများနှင့် သက်ဆိုင်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅ဝ(စျ)နှင့် ၅ဝ(ည) တို့ဖြင့် စွဲဆိုခဲ့သော်လည်း တရားရုံးတွင် စစ်ဆေးသည့်အခါ ယင်း ပုဒ်မနှင့်ငြိစွမ်းမှုမရှိ၍ ပုဒ်မ ၅၂(က)ဖြင့် ပြောင်းလဲ တရားစွဲဆိုထောင်ချခံလိုက်ရခြင်းဖြစ်သည်ဟု ဦးတင်ညိုက ပြောသည်။ “သူတို့ကို မူလစွဲဆိုတယ်ဆိုတဲ့ ဖောက်ခွဲရေးပစ္စည်းတွေနဲ့တော့ မဆိုင်တော့ဘူးပေါ့ဗျာ။ အခုဟာက AA နဲ့ ဆက်နွယ်ပတ်သက် တယ်ဆိုတဲ့သဘောနဲ့ပေါ့နော်။ ပုဒ်မ ၅၂(က)အရ ထောင်ဒဏ် ၄ နှစ်ချလိုက်တဲ့သဘောပါ”ဟုပြောသည်။ ချုပ်ရက်များပါခံစား ခွင့်ရှိသည့်အတွက် သူတို့သည် လာမည့်နှစ်တွင် ပြန်လည် လွတ်မြောက်လာတော့မည်ဟုလည်း ဆိုသည်။ သူတို့ ၆ ဦးအနက် ဆားပြင်ကျေးရွာမှ ကိုသန်းနိုင်သည် ၂ဝ၂ဝ ပြည့်နှစ်၊ ဧပြီလတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ကျန် ၅ ဦးမှာ ဇွန်လတွင်ဖမ်းဆီးခံခဲ့ရ ခြင်းဖြစ်သည်။ ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီတပ်အရာရှိအချို့၏ တရားလိုပြုလုပ်ကာ တရားစွဲဆိုခံခဲ့ရခြင်းလည်း ဖြစ်သည်။ https://burmese.narinjara.com/news/detail/ 64ae63b5a0cce3b7889c674d

၃။  မြဝတီက BGF ခံကတုတ်တွေကို သိမ်းပိုက်လိုက်ကြောင်း KNLA ပူးပေါင်းအဖွဲ့ပြော
     July 13, 2023

ကရင်ပြည်နယ် မြဝတီမြို့နယ် မေတ္တာလင်းမြိုင်ကျေးရွာမှာရှိတဲ့ လက်ခတ်တောင်ဘုရားကုန်းမှာ တပ်စွဲထားတဲ့ နယ် ခြားစောင့်တပ် BGF ခံကတုတ်တွေကို KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက် လိုက်တယ်လို့ KNLA တပ်ရင်း ၂၇ က စစ်ရေးကွပ်ကဲရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဒီလ ၅ ရက်ကနေ ၁၂ ရက်နေ့ အထိ KNLA နဲ့ PDF ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့ဟာ BGF နဲ့ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားချိန်မှာ သိမ်း ပိုက်လိုက်တာလို့ ဆိုပါတယ်။ တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေတယ်လို့လည်း KNLA တပ်ရင်း ၂၇ က တာဝန်ရှိသူတစ်ဦးက ပြောပါ တယ်။ “လက်ခတ်တောင် တစ်ဝက်ကိုတော့ ထိန်းထားနိုင်ပြီ တိုက်ပွဲ မပြီးသေးဘူး ဆက်တိုးရဦးမယ်၊ အခုက BGF ကတုတ် တွေကတော့ ကျွန်တော်တို့အဖွဲ့တွေ ပစ်တာမှာ ကျကုန်ပြီ။ သူတို့ စစ်ကြောင်းတွေကလည်း သုံးနေရာလောက်ကနေ ခွဲတက်လာ တယ်။ ကျွန်တော်တို့ဘက်ကလည်း စစ်ကြောင်းတွေ နေရာခွဲပြီး တိုက်နေတယ်၊ သူတို့ BGF အမြောက်ကုန်းကိုတော့ ဆက်တက် နေတယ်“ ဒါ့အပြင် ကံကော်တစ်ထောင်ဘုန်းကြီးကျောင်း၊ မြစန္ဒီ ကားဝင်း၊ ခလရ ၂၇၅ နဲ့ BGF တပ်စခန်းတစ်ဝိုက်က မြေမြုပ် မိုင်းတွေကို KNLA ပူးပေါင်းတပ်က Federal Wings ဒရုန်းတပ်ဖွဲ့က ဒရုန်းနဲ့ တိုက်ခိုက်ချိန်မှာ ဒရုန်းတစ်စင်း ပျက်ကျခဲ့ တယ်လို့ လည်း ပြောပါတယ်။

“ဇူလိုင် ၅ရက်နေ့က ခလရ ၂၇၅ တပ်နဲ့ ကံကော်တစ်ထောင် ဘုန်းကြီးကျောင်းဝင်းနားက BGF တပ်ကို ဒရုန်းနဲ့ ဗုံးချ တိုက်တာ စစ်တပ်ဘက်က ထိခိုက်သေဆုံးတာ ရှိတယ်။ ကျွန်တော်တို့ စစ်ကြောင်းဘက်က ဒရုန်းတစ်စင်းက စကစရဲ့ ရေဒီယို လှိုင်းဖြတ် (Junper) စက်ကွင်းမိပြီး ပျက်ကျတာ မြဝတီ အမှတ် ၅ ရပ်ကွက် ရေပူကျေးရွာဘက်က သစ်ပင်ပေါ်ကို ကျတယ်။ မြဝတီစစ်တပ် ရှေ့တန်းရုံးအဖွဲ့တွေ လာဖြုတ်ယူသွားတယ်” လောလောဆယ်မှာ KNLA ပူးပေါင်းအဖွဲ့ လှုပ်ရှားတဲ့ နေရာတွေကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ပြောပါတယ်။ သီတင်းတစ်ပတ်ကြာ တိုက်ပွဲတွေအတွင်း စစ်ကောင်စီ ခမရ ၁၁၈ တပ်ရင်းက ဗိုလ်မှုးတစ်ဦးနဲ့ ဗိုလ်ကြီးတစ်ဦး အပါအဝင် ရှစ်ဦး ဒဏ်ရာရရှိသွားပြီး နှစ်ဦးသေဆုံးကြောင်း Cobra စစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။ KNLA ပူးပေါင်းစစ်ကြောင်းက တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရပြီး အရပ်သားတစ်ဦး လက်နက်ကြီးအစမှန်ပြီး ဒဏ်ရာရရှိတယ်လို့လည်း ပြောပါတယ်။ ဒီတိုက်ပွဲတွေကြောင့် ဒေသခံ သုံးရာလောက် မြဝတီမြို့ဘက် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ မေတ္တာလင်းမြိုင်ရွာ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ https://www.facebook.com/watc h?v=923117365416951

၄။  ဒေါ့ဖုန်းယန်နဲ့ ဒိန်ဂါကြား စစ်ကောင်စီတပ်နဲ့ KIA တပ်ကြား တိုက်ပွဲပြင်းထန်နေ
     July 13, 2023

နမ်ဆန်ယန်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KIA တပ်တို့ကြား ဒီကနေ့မနက် ၅ နာရီဝန်းကျင် ကနေ တိုက်ပွဲပြင်းထန်နေတယ်လို့  KIA ရှေ့တန်းသတင်းရင်းမြစ်တွေကနေ သိရပါတယ်။ အဲဒီစစ်ကောင်စီတပ်ဟာ ဗန်းမော်ဘက် ကနေ ဇူလိုင်လ ၄ ရက်နေ့ နမ်ဆန်ယန်ဘက်ကို စစ်အင်အားဖြည့်ရန်စစ်ကြောင်းထိုးလာတဲ့ ခလရ ၂၆၇ တပ်ဖြစ်ပြီး ဇူလိုင်လ ၉ ရက်နေ့ ဒေါ့ဖုန်းယန်မှာ ရောက်ရှိနေရာကနေ ဒီကနေ့ မနက် အောင်ရာဘက် အင်အားဖြည့်ရန် ဆက်ထိုးလာချိန်မှာ  KIA ဘက်က စောင့်ကြိုတိုက်ခိုက်ရာကနေ တိုက်ပွဲပြင်းထန်‌နေတာဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ “ ဒီနေ့ ဖြစ်တဲ့အဖွဲ့က အောင်ဂျာမှာအင်အားထပ်ဖြည့်ဖို့တက်လာတာ အောင်ဂျာကနေဆို ဒီဘက်သိပ်မဝေးတော့ဘူးလေ အဲဒါအောင် ဂျာမရောက်ခင် ခလားကဒေါင်နားမှာ ဒီဘက်က KIA ကကြားဖြတ်တိုက်နေတာဟုတ်တယ်။ ဒီမနက်ကတည်းက ခုနေ့လည် အထိ ပစ်နေကြတုန်း”လို့ပြောပါတယ်။

လက်ရှိ နမ်ဆန်ယန်ဘက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေက ဗန်းမော်မြို့နယ်မှာအခြေစိုက်ထားတဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အမှတ် ၂၁ အောက် ခြေလျင်တပ်ရင်းနဲ့ ခြေမြန်တပ်ရင်း ၁၀ ရင်းကျော်ရှိတဲ့ထဲက ခလရ ၂၃၆ ၊၂၃၇၊ ခမရ ၃၁၉ နဲ့ မိုးမောက်ဘက်က ခမရ ၄၃၈၊ ၄၃၇ တွေဖြစ်ပြီး  ဗန်းမော်မြို့ကနေ တောလမ်းဘက်တချို့၊ ဟူးလီယန်ကနေ မြို့ သစ်၊ ကုန်းလောလမ်းကနေ ဒေါ့ဖုန်းယန်ဘက်တောက်လျှောက် စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။ နမ်ဆန်ယန်ကျေးရွာ ဟာ ၂၀၁၂ ခုနှစ် စစ်ကောင်စီတပ်နဲ့ KIA တို့အကြားတိုက်ပွဲကြောင့် ဆယ်စုနှစ်တစ်စုကြာ စစ်ဘေးရှောင်နေရာကနေ ၂၀၁၈ မှာ နေရပ်ပြန်ခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိမှာ နမ်ဆန်ယန်ဘက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို KIA ဘက်က ကြား ဖြတ်တိုက်ခိုက်နေတာကြောင့် နေ့စဉ်ဆိုသလိုတိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။  “အခြေနေကြည့်တာက ဒီထက်ပိုဆိုးလာဖို့ ဘဲရှိနေတယ် ခုဆိုကျနော်တို့ပြေးနေရတာ ဆယ်ရက်ကျော်လာပြီ စစ်သားတွေက နမ်ဆန်ယန်ဘက်ကို လာနေတုန်း ဘဲလို့ ကြား နေရတယ်”လို့ နမ်ဆန်ယန်ရွာကနေ လိုင်ဇာဘက်ကိုထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်တစ်ဦးကပြောပါတယ်။ နမ်ဆန်ယန် အနီးတစ်ဝိုက် စစ်ကောင်စီတပ်နဲ့ KIA တပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေတာ ခုဆို ၂ ပတ်ဝန်းကျင်ရှိလာပြီ ဖြစ်ပါတယ်။ https://www.facebook.com/pho to/?fbid=660980199396588&set=a.601270192034256

၅။  မင်းတပ်-ကံကြီး-ဆောနဲ့ မင်းတပ်-ကျောက်ထုလမ်းများ သွားလာခွင့်ပိတ်လိုက်ကြောင်း မင်းတပ်- CDF ထုတ်ပြန်
     July 13, 2023

မကွေးတိုင်း၊ ယောနယ်ဘက်က စစ်ကောင်စီစစ်ကြောင်းသည် ချင်းပြည်နယ်၊ မင်းတပ်ဘက်ကို စစ်ကြောင်းထိုးလာနိုင် သောကြောင့် မင်းတပ်-ကံကြီး- ဆော လမ်းမကြီးကို ယနေ့ ဇူလိုင်၁၃ ရက်မှ စတင်၍ ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်ကြောင်း ချင်းကာကွယ်ရေးတပ်- မင်းတပ်က ထုတ်ပြန်သည်။ “စစ်ကြောင်းတစ်ကြောင်းက ယောနယ်ဘက်ကနေ ချင်းပြည်နယ်ဘက်ကို သွားလာမှု ရှိနိုင်တယ်ပေါ့။ အဲဒါ ကျနော်တို့နဲ့ အချိန်မရွေးထိတွေ့မှု ဖြစ်နိုင်တယ်။ ပြည်သူတွေ သွားလာတဲ့အချိန် တိုက်ပွဲဖြစ်ရင် မလိုလာအပ်တဲ့ ထိခိုက်မှုတွေ ဖြစ်မှာ စိုးလို့ ပိတ်လိုက်တဲ့သဘောပါ”လို့ ချင်းကာကွယ် ရေးတပ်- မင်းတပ်မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ် က ပြောသည်။ လတ်တလောစစ်ရေးအခြေအနေအရ မင်းတပ်-ကံကြီး-ဆော လမ်းမကြီးကို ဖြတ်သန်းသွားလာ ခွင့် ပိတ်ထား၍ ယနေ့မှ စတင်ကာ ပြည်သူများ ၎င်းလမ်းကို အသုံးမပြုကြရန်နှင့် ပြန်လည်အသုံးပြုနိုင်မည်ဆိုပါက အသိပေး သွားမည်ဟု သိရသည်။

ဇူလိုင်လ ၉ ရက်မှ စတင်၍လည်း စစ်ကောင်စီတပ် ကျောက်ထုတပ်မှ ချင်းဘက် စစ်ကြောင်းထိုးလာပါက အချိန်မရွေး ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားနိုင်သောကြောင့် ကျောက်ထု- မင်းတပ် လမ်မကြီးကို ရက်အကန့်အသတ်မရှိ သွားလာခွင့် ပိတ်ထား သည်ဟု မင်းတပ်- CDF က ထုတ်ပြန်ထားသည်။ “မင်းတပ်က သွားလို့ ရတဲ့ လမ်းက နှစ်လမ်းရှိတာပေါ့။ အဲဒီလမ်းတွေကလည်း လောလောဆယ် အားလုံးက ယောဘက်က ယောနယ်ဒေသခံကာကွယ်ရေးတပ်တွေကလည်း ပိတ်ထားတယ်။ လောလောဆယ် အကုန်လုံးကို ပိတ်ဆို့မှု လုပ်ပြီးမှ ဒီစစ်ကြောင်း သော်လည်းကောင်း၊ ဒီအတောအတွင်း ထိတွေ့မှုတွေ ရှိနိုင်တယ်ပေါ့နော”လို့ ဆလိုင်းဟာအွမ်က ပြောသည်။ မင်းတပ်- ကျောက်ထု လမ်းပိုင်းသည် မင်းတပ်မှ ဆင်းလာပါက မကွေးတိုင်းအစပ် ကံကြီးရွာမှ တည့်တည့် သွားပါက ကျောက်ထုကို ရောက်ပြီး ယင်းမှတစ်ဆင့် ပေါက်-ပခုက္ကူဘက်သို့ ရောက်သောလမ်းဖြစ်သည်။  ယောနယ် အတွင်း စစ်ရေးလှုပ်ရှားသော ဂန့်ဂေါခရိုင်၊ အမှတ် (၁၃) တပ်ရင်းကလည်း ဆော- ကျောက်ထု လမ်းပိုင်းကို ပြည်သူများ ခရီး သွားလာခွင့် မရှိတော့ဘဲ ပိတ်လိုက်သည်ဟု ဇူလိုင် ၁၃ ရက်က ထပ်မံထုတ်ပြန်သည်။  https://www.facebook.com/photo/ ?fbid=74727211406851 1&set=a.723151876480535

၆။  ဖယ်ခုံတိုက်ပွဲ စစ်ကြောင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၁ ဦး သေဆုံး
     July 14, 2023

ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းများကို တော်လှန် ရေးပူးပေါင်းတပ်များက ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကြောင်းမှူးအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၁ ဦး သေဆုံးခဲ့သည်ဟု ကရင်နီ တော်လှန်ရေးတပ်ပေါင်းစု KRU ကသတင်းထုတ်ပြန်သည်။ စစ်ကောင်စီ၏ တပ်မ ၆၆ လက်အောက်ခံ တပ်ရင်း များက ဖယ်ခုံမြို့ အနောက်ဖက်ခြမ်း လွယ်ဟွဲ နှင့် လွယ်လုံရွာတို့၌ စစ်ကြောင်းတစ်ကြောင်း၊ ခေါင်းအိ နှင့် စက်တော်ရွာဖက်တွင် စစ်ကြောင်းတစ် ကြောင်းနှင့် လတူးဖက်၌ စစ်ကြောင်းတစ်ကြောင်း စုပေါင်းစစ်ကြောင်း (၃) ကြောင်းဖြင့်ထိုးစစ်ဆင်လာခဲ့သည်။ ပြီးခဲ့သည့် မေလ တတိယပတ်မှစ၍ စစ်ကြောင်းထိုးလာခဲ့သောစစ်ကောင်စီတပ်စစ်ကြောင်းများကို တော်လှန်ရေးတပ်ပေါင်းစုများက ခုခံတိုက် ခိုက်ခဲ့ရာ မေလကုန်ပိုင်းထိ ရက်ဆက်ပြင်းထန်တိုက်ပွဲများဖြစ်ပွားခဲ့သည်။ မေလအတွင်း၌ ဆယ်ရက်ကျော်အကြာ ပြင်းထန်ခဲ့ သော ဖယ်ခုံမြို့အနောက်ဖက် တိုက်ပွဲများအတွင်းတွင် စစ်ကောင်စီဘက်မှ အရာရှိ၊စစ်ကြောင်းမှူးများအပါအဝင် စုစုပေါင်း ၆၂ ဦး သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့ကြသည်ဟု KRU က ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ဇွန်လနှင့်ယခုဇူလိုင်လအတွင်းများ၌လည်း ခေါင်းအိ၊ စက်တော်တွင် တပ်စွဲကင်းထိုင်ထားသော ခလရ ၂၄၈  တပ် ရင်းတပ်ဖွဲ့များနှင့် ပူးပေါင်းတပ်တို့အကြားထိတွေ့တိုက်ပွဲ ၁၃ ကြိမ်ဖြစ်ပွားခဲ့သည်။ အဆိုပါတိုက်ပွဲများအတွင်းတွင် စစ်ကောင်စီ ဘက်မှ ၁၉ ဦး (တိကျသောစာရင်းအရ) သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူအများအပြား ရှိခဲ့ကာ  MG 3 ငါးကြင်းမှီး တစ်လက်၊ MA 3 တစ်လက်၊ တင့်ဖျက်မှိုင်း နှင့် ကျည် ခဲယမ်းများသိမ်းဆည်းရရှိခဲ့သည်ဟု KRU က ယနေ့ ဇူလိုင်၁၄ ရက်တွင် သတင်းထုတ်ပြန် သည်။ အဆိုပါ တိုက်ပွဲများအတွင်းတွင် PDF နှင့် KNDF တို့မှ ရဲဘော် ၄ ဦး မြင့်မြတ်စွာ တိုင်းပြည်နှင့်လူမျိုးအတွက် အသက် ပေးခဲ့ရသလို KRU ရဲဘော် ၄ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု KRU က ဖော်ပြထားသည်။  ဖယ်ခုံမြို့အနောက်ဖက်သို့ ထိုးစစ်ဆင်လာ သော စစ်ကောင်စီတပ်များကို ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု KRU ၊ ဖယ်ခုံ PDF (တပ်ရင်းအမှတ် – ၁၀၀၂) ၊ KNDF၊ PDF-Loikaw ၊ DMO-PDFs ၊ DMO Local-PDFs ၊ MBPDF (1001 နှင့် 1007)၊ ရှမ်းတောင်တပ်ပေါင်းစု  IPDF တပ်ရင်းအမှတ် 1008၊  1009 ၊  1003 ၊1005 ၊ NPT-PDF ၊ အလယ်ပိုင်းတိုင်း အထူး တပ်ဖွဲ့ ၊SSLRU၊ NPT (ပ က ဖ) စသည့် တော်လှန်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။ https://www.facebook.com/photo?fbid=64364024446660 7&set=pcb.643640321133266

၇။  ထားဝယ်မြို့နယ် ပုလုကုန်းရွာတံတားအနီးမှာ စစ်ကောင်စီတပ်ကားတစ်စီး ပစ်ခတ်ခံရ
     July 13, 2023

ထားဝယ်မြို့နယ်၊ သပြေချောင်းကျေးရွာအုပ်စုထဲက ပုလုကုန်းရွာတံတားအနီးမှာ စစ်ကောင်စီတပ်ကားတစ်စီး ပစ်ခတ် ခံရတယ်လို့ ‌ဒေသခံတွေက ပြောပါတယ်။ ဇဟာရွာအခြေစိုက် အမြောက်တပ် အမတ(၃၀၂)တပ်ရင်းကနေ ကျောင်းကြိုထွက် လာတဲ့ စစ်ကောင်စီတပ်ကားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကနဦးသိရပါတယ်။ ဇဟာ ဒေသခံအမျိုးသားတစ်ဦးက “ကျောင်းကြိုကားမှာ ကလေးတွေမပါသေးဘူး။ ကြိုဖို့ထွက်လာတုန်း ပစ်တာ။ လက်နက်ငယ် ပစ်သံတွေကြားရတယ်။ မိုင်းဆွဲသံတော့ မကြားရဘူး။” လို့ ဖြစ်စဥ်ကို ပြောပြပါတယ်။ ပစ်ခတ်ခံရတဲ့ စစ်ကောင်စီတပ်ကားဟာ လမ်းဘေးကိုထိုးကျသွားပြီး ကားပေါ်ပါလာတဲ့တပ်သားတွေက အနီးအနားတဝိုက်ကို ရမ်းသန်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ ကာ ညနေ ၅ နာရီလောက်မှာတော့ စစ်ကောင်စီတပ်သားတွေ ကားကို ပြန်လာယူသွားတယ်လို့ မျက်မြင်တွေ့ခဲ့ရတဲ့ ဒေသခံတွေ က ပြောပါတယ်။

ပစ်ခတ်မှုအတွင်း နှစ်ဖက်ထိခိုက်မှုတွေရှိနေတယ်လို့ ကနဦးသိရပြီး အတိအကျကိုတော့ အသိရသေးပါဘူး။ အဲဒီပစ်ခတ် မှုကြောင့် ဒေသခံတချို့ စစ်ဘေးရှောင်ပြေးတာတွေရှိနေပြီး အခုညမှာစစ်ကောင်စီတပ်ဘက်က ပုလုကုန်းရွာကို ဒုက္ခလာပေးမှာ လည်း စိုးရိမ်နေကြရတယ်လို့ ဆိုပါတယ်။ အနီးနားရွာကအမျိုးသားတစ်ဦးက “ကျနော့်သူငယ်ချင်းတွေဆို အကုန်ဖုန်းဆက်လို့ မရတော့ဘူး။ ဖြစ်တယ်လို့ ကြားပြီးကတည်းက စက်ပိတ်ထားကြတယ်။” လို့ ဇဟာဒေသခံမိတ်ဆွေတွေအကြောင်း ပြောပြပါ တယ်။ လမ်းသွားလမ်းလာကားတွေကို ပိုက်ဆံတောင်းလေ့ရှိတဲ့ ဇဟာအခြေစိုက် အမြောက်တပ် အမတ(၃၀၆)က ဗိုလ်ကြီး မျိုးလင်းဦး အခုနှစ်မတ်လက ပစ်သတ်ခံခဲ့ရပြီးနောက်မှာတော့ ဇဟာရွာကဒေသခံတွေကိုဖမ်းဆီးတာ၊ နေအိမ်တွေကို မွှေနှောက် ပြီးရွှေငွေလုယူတာတွေ စစ်ကောင်စီတပ်ဘက်ကလုပ်ဆောင်ခဲ့ပါတယ်။ https://www.facebook.com/photo/?fbid=30287 6812130075&set=a.196212682796489

၈။  ဖယ်ခုံအနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတစ်ခုမှာ လူဦးရေထက်ဝက်ကျော် ရာသီတုပ်ကွေးဖြစ်ပွား
     July 13, 2023

ဖယ်ခုံအနောက်ဘက်ခြမ်းမှ လူဦးရေ ၂၀၀ နီးပါးရှိတဲ့  စစ်ရှောင်စခန်းတစ်ခုမှာ လူဦးရေထက်ဝက်ကျော်လောက်က ပြီးခဲ့ တဲ့ ဇွန်လ ကစပြီး ရာသီတုပ်ကွေး ဖြစ်နေကြတယ်လို့ စစ်ရှောင်တွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ က စလို့ ကလေးငယ် တွေကနေ စတင်ဖျားနာကြတာဖြစ်ပြီး၊ တစ်ဦးနဲ့တစ်ဦး ကူးစက်တာကြောင့် စခန်းတစ်ခုလုံးနီးပါး ဖျားနာကြတယ်လို့ စစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။ “ကလေးငယ်တွေ အဖြစ်များတယ် ၆ လ ၇ လ ၊ တစ်နှစ်ကျော် ကလေးတွေလည်း အဖြစ်များ တယ်။ အကြီးပိုင်းတော့ ဘယ်လိုဖြစ်လဲမသိဘူး လည်ချောင်းနာတာလား ဘယ်လိုတုန်း၊ အဲလိုဖြစ်တာများတယ် လူကြီးပိုင်း တော့။ ပြီးတော့ အန်တာတို့ အဲလိုမျိုး ဘယ်လိုလဲမသိဘူး။ ဖြစ်တာ အများကြီး။” လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။ “တချို့ဆရာနဲ့ ဆက်သွယ်ပြီးတော့ ဆေးတော့ယူလာခိုင်းတယ်ပေါ့နော်။ အပြင်မှာရနိုင်တဲ့ဆေး ပမာဏဘယ် လောက်ရှိနိုင်လဲ ဆိုတာ အဲဒီဆေးကနေ ကျနော်တို့ အဆောင်အထိယူလာပေးတယ်။ ဒါပေမယ့် ယောက်တိုင်းတော့မရကြဘူးပေါ့နော်။ တချို့ တော့လည်း အပြင်မှာ ဆေးခန်းပို့ပေးတယ်ဗျ” လို့ အဆိုပါ စစ်ရှောင်စခန်းမှ ကော်မတီတစ်ဦးက ပြောပါတယ်။

အဆိုပါစစ်ရှောင်စခန်းမှ စစ်ရှောင်တွေဟာ မေ လ အတွင်း မိုးဗြဲမြို့ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကပျာကယာ ထွက်ပြေးတိမ်းရှောင်ခဲ့ သော မိုးဗြဲပြည်သူတွေ ဖြစ်ကြပါတယ်။ လက်ရှိမှာတော့ စားနပ်ရိက္ခာအပြင် ဆေးဝါးနဲ့ စောင်၊ ခြင်ထောင်တွေ အဓိက လိုအပ် တယ်လို့ စစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။ “ခြင်ထောင်ကတော့ မရှိသေးဘူး။ အဝတ်အစားခါကျတော့  သူများလာ လှူပေးတာတော့ရှိပါတယ်” လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ရာသီတုပ်ကွေး၊ သွေးလွန်တုပ်ကွေး စတဲ့ ရောဂါ တွေဟာ ခြင်ကနေတစ်ဆင့် ကူးစက်တတ်တာကြောင့် ခြင်ကိုက် မခံရအောင် အဓိက ကာကွယ်ပေးရမှာဖြစ်တယ်လို့ ဆရာဝန် တစ်ဦးက ဖြေကြားထားပါတယ်။ “ကျတော်တို့နိုင်ငံ အနေအထားနဲ့ ကာကွယ်နိုင်ဖို့ဆိုတာကတော့ ဒီခြင်ကိုက်မခံရ‌အောင် ကာကွယ်ခြင်းက နံပါတ် ၁ အရေးကြီးဆုံးပဲ။ ကလေးတွေကို ခြင်ထောင်နဲ့ အိပ်ဖို့ပေါ့နော။ ခြင်ထောင်နဲ့အိပ်ဖို့  ခြင်နှိမ်နင်းဖို့ ‌ပေါ့ နော။ ခြင်နှိမ်နင်းဖို့ဆိုတာ ပိုးလောက်လမ်း အဆင့်ကတည်းက နှိမ်နင်းနိုင်ဖို့ လိုတာပေါ့” လို့ အဆိုပါ ဆရာဝန်က ပြောပါတယ်။ https://www.kantarawaddytimes.org/%e1 %80%96%e1%80%9a%e1%80%ba%e1%80%81%e1%80%af%e1%80

၉။  လိုင်ဇာမှာ တစ်လအတွင်း ငှက်ဖျားပိုးတွေ့သူ ၁၃၀၀ ကျော်လာ
     July 13, 2023

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ် တည်ရှိတဲ့ လိုင်ဇာမြို့ပေါ်နဲ့ အနီးတစ်ဝိုက် စစ်ဘေးဒုက္ခသည် စခန်း တွေမှာ ဇွန်လတစ်လအတွင်း ငှက်ဖျားပိုးတွေ့လူနာ ၁၃၃၂ ဦးထိရှိလာတယ်လို့ KIO ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောပါ တယ်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လကုန်ထိ ခြောက်လအတွင်း ငှက်ဖျားပိုးတွေ့လူနာ ၂၈၀၀ ဝန်ကျင်းသာရှိခဲ့ပြီး ဇွန်လ တစ်လတည်းမှာတင် စာရင်းစုစုပေါင်းရဲ့ တစ်ဝက်နီးပါးထိ အရေအတွက် မြင့်တက်လာတာပါ။ ဒါဟာ လိုင်ဇာမြို့ပေါ်က ပြည်သူ့ ဆေးရုံ အပါအဝင် မြို့နဲ့အနီးတစ်ဝိုက် ဒုက္ခသည်စခန်းတွေနဲ့ ဆေးခန်း စုစုပေါင်း ၁၉ နေရာကနေ ပြုစုထားတဲ့စာရင်းဖြစ်ပါတယ်။ လိုင်ဇာမြို့ပေါ်က ပြည်သူ့ဆေးရုံမှာတော့ ၂၀၂၃ ဇန်နဝါရီလကနေ ဇွန်လအထိ ငှက်ဖျားပိုးတွေ့တဲ့လူနာ ၁၅၀၀ ကျော်ရှိပြီး  အဲဒီ အထဲက ဇွန်လ တစ်လအတွင်းမှာပဲ ငှက်ဖျားပိုးတွေ့လူနာ ၇၀၆ ဦးရှိတယ်လို့ ဆေးရုံတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ဇွန်လကုန်ပိုင်း နောက်ဆုံးပတ်တစ်ပတ်အတွင်းမှာပဲ ၂၀၄ ယောက် ပိုးတွေ့တယ်။ ဒီတစ်ပတ်က ၁၄၀ ကျော်တွေ့ တယ်။ အဲရှေ့မှာလည်း အဲလောက်မများဘူး။ မေလပိုင်းလောက်က စများလာတာဇွန်လက အများဆုံးပဲ။ အခုလကတော့ နည်း နည်းတော့ပြန်ကျလာတယ်။ ဖြစ်တာအများပိုင်းကတော့ သွားလာတဲ့ လူငယ်တွေဖြစ်တာများတယ်” လိုင်ဇာအနီးက ဝေကျိုင် စစ်ဘေးဒုက္ခသည်စခန်း၊ ဂျေယန်စစ်ဘေးဒုက္ခသည်စခန်းနဲ့ ဖုန်လွမ်ယန်စစ်ဘေးဒုက္ခသည်စခန်းတွေမှာလည်း ဇွန်လကစပြီး ငှက်ဖျားပိုးတွေ့သူတွေအပြင် တုပ်ကွေးဖျားနာဖြစ်သူတွေလည်း များပြားလာတယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။ ဝေကျိုင် စစ်ဘေးဒုက္ခသည်စခန်းက အမျိုးသမီးတစ်ဦးကတော့ မိသားစုထဲမှာရှိတဲ့ ကျောင်းနေအရွယ် ကလေးအားလုံး ဖျားနား နေတယ်လို့ ဆိုပါတယ်။ “ကျွန်မတို့ဆီမှာလည်း တော်တော်ဖျားကြတယ်။ လူကြီးတွေရော၊ ကလေးတွေရော အကုန်ပဲ။ကျွန်မတို့ အိမ်မှာလည်း ကိုးယောက်ရှိတာ ကလေးတွေ အကုန်ဖျားနေကြတယ်၊ ကျောင်းတောင် မသွားနိုင်ဘူး။ ဆေးရုံသွားပြီး ဆေးတွေ တော့စားနေတယ်” ငှက်ဖျားပိုးတွေ့နှုန်းများလာတဲ့အတွက် လိုင်ဇာမြို့ပေါ်ရပ်ကွက်တွေမှာ ခြင်နှိမ်နင်းရေးလုပ်ငန်းတွေကို အခု ဇူလိုင်လကစပြီး စနစ်တကျပြန်လည်လုပ်ဆောင်နေတယ်လို့ KIO ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောထားပါတယ်။ https://www.facebook.com/photo?fbid=663843672443705&set=pcb.663844109110328

၁၀။  တရုတ်စီးပွားရေးကို ညီနောင်မဟာမိတ် သုံးဖွဲ့က အကာအကွယ်ပြုထားကြောင်း ISP မြန်မာက သုံးသပ်
       July 13, 2023

ညီနောင်မဟာမိတ်အဖွဲ့များဖြစ်သော ရက္ခိုင့်တပ်တော် AA၊ တအောင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မ တော် TNLA နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) တို့သည် ရှမ်းမြောက်ဒေသမှ တရုတ်စီးပွား ရေး ရင်းနှီးမြှုပ်နှံမှုများကို အကာအကွယ်ပေးထားကြောင်း ISP မြန်မာက ဇူလိုင်လ ၇ ရက်နေ့က ထုတ်ပြန်သည့် အစီရင်ခံစာတွင် သုံးသပ်ထားသည်။ ညီနောင်မဟာမိတ်သုံးဖွဲ့တို့သည် ဇူလိုင်လ ၁ ရက်နေ့က ၎င်းတိုထိန်းချုပ်ရာနယ်မြေအတွင်း နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများကို အနှောင့်အယှက်ပေးခြင်း၊ လူကုန်ကူးမှုနှင့် ရာဇဝတ်မှုကျူးလွန်ခြင်းများကို အရေးယူသွားမည်ဟု ထုတ်ပြန်ခဲ့ကြသည်။ အဆိုပါထုတ်ပြန်ချက်သည် တရုတ်နိုင်ငံ၏ အကျိုးစီးပွာ းများနှင့် ဆက်နွယ်နေသည်ဟု ယူဆစရာရှိ ကြောင်း ISP မြန်မာက ဆိုသည်။ နယ်စပ်ဒေသတည်ငြိမ်ရန်နှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကို ပူးပေါင်းတိုက်ဖျက်ရန် အတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးသံတမန် မစ္စတာ တိန့်ရှီကျွန်းသည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို တိုက်တွန်းခဲ့သည်။

တရုတ်-မြန်မာ စီးပွားရေး စင်္ကြံအပါအဝင်ကုန်သွယ်ရေးလမ်းကြောင်းများ ဆုံချက်ကျရာ ရှမ်းမြောက်ဒေသည် တရုတ် နိုင်ငံအတွက် မဟာဗျူဟာအရ အရေးပါကြောင်းနှင့် လက်ရှိအချိန်အထိ အဆိုပါဒေသတွင် တရုတ်နိုင်ငံ၏ စီမံကိန်းအများစု တည်ရှိနေသည်ဟု ISP မြန်မာက ဆိုသည်။ တစ်ဖက်မှာလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံခရီးစဉ်အလွန် မေလ ၂၁ မှ ၂၅ ရက်အတွင်း မန္တလေးတိုင်း ကျောက်ပန်းတောင်းနှင့် တောင်သာမြို့နယ်၊ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တို့တွင် တရုတ်စီမံကိန်းများကို လုံခြုံရေးယူပေးနေသည့် မြန်မာစစ်တပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သုံးကြိမ်ထက်မနည်းတိုက်ခိုက်ခဲ့ပြီး တရုတ်စီမံကိန်းများ တိုက်ခိုက်ခံရခြင်းနှင့် တရုတ်ဆန့် ကျင်ရေးလှုပ်ရှားမှုများလည်း ပြန်လည်လုပ်လာကြသည်။ ထို့ကြောင့် ရှမ်းမြောက်ဒေသ တည်ငြိမ်အေးချမ်းရေးသည် တရုတ် နိုင်ငံအတွက် အရေးကြီးပြီး ညီနောင်မဟာမိတ်သုံးဖွဲ့၏ ထုတ်ပြန်ချက်သည် တရုတ်နိုင်ငံ၏ အကျိုးစီးပွားနှင့်ပဋိပက္ခဖယ်ခွာရေး ဗျူဟာ (Decoupling Strategy) ကို အထောက်အကူဖြစ်စေကြောင်း သိရသည်။ အာဏာသိမ်းကာလ ၂၈ လတွင် ပထမ ၁၄ လ နှင့် ဒုတိယ ၁၄ လ နှစ်ခုကို ပိုင်းခြားပြီး အချက် အလက်များကို ယှဉ်ကြည့်ပါက တရုတ်စီမံကိန်းများအနီးတဝိုက် တိုက်ပွဲ ဖြစ်ပွား မှုများသည် ဒုတိယ ၁၄ လတွင် ထက်ဝက်ကျော် လျော့သွားကြောင်း ISP က ပြောသည်။ https://www.facebook.com/phot o?fbid=704905044982258&set=pcb.704905748315521

၁၁။  မြစ်ကြီးနားမြို့ကလုပ်ငန်းရှင်တချို့ကို PDF အမည်ခံပြီး ခြိမ်းခြောက်ငွေတောင်းခံမူတွေရှိနေ
      July 13, 2023

ကချင်ပြည်နယ် မြစ်ကြီးနားမြို့က လုပ်ငန်းရှင်တချို့ကို အမည်မသိတဲ့လူတစ်ချို့က PDFအမည်ခံပြီး ဖုန်းကနေတစ်ဆင့် ခြိမ်းခြောက်ငွေတောင်းခံတာတွေ ရှိလာတယ်လို့ လုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။ အမည်မသိဖုန်းနံပါတ်တွေနဲ့ ဖုန်းဆက် တာ၊ မက်ဆေ့ချ်ကနေတစ်ဆင့် အကောင့်ထဲကို ငွေလွှဲပေးရမယ် လို့ဆိုကာ ခြိမ်းခြောက်ငွေတောင်းခံလာတယ်လို့ မြစ်ကြီးနားက လုပ်ငန်းရှင်တစ်ဦး ခုလိုပြောပါတယ်။ “ည ၉ နာရီလောက်ကို ဖုန်းခေါ်လာတာ ကျနော်က အိပ်ခါနီးပြီဆိုတော့ ဖုန်းကမကိုင်မိ လိုက်ဘူး  ကျနော်က ပြန်ခေါ်လိုက်တာ ပြန်ခေါ်တော့ ဖုန်းမခေါ်နဲ့ ဆိုပြီး စာပို့လာတယ် ကျနော့ကိုခြိမ်းခြောက်တာပေါ့ ခင်ဗျား ကို ကျနော်တို့စောင့်ကြည့်နေတယ်ပေါ့ မနက်ဖြန် ၉ နာရီမတိုင်ခင် ပိုက်ဆံ ၁၅ သိန်းကို Wave Money ကနေလွှဲပါပေါ့ ခင်ဗျား မလွှဲ ဘူးဆိုရင် ဖောက်ခွဲတာတွေ အကြမ်းဖက်တာတွေ မလုပ်ချင်ဘူးလို့ပြောတယ်”လို့ပြောပါတယ်။ ဖုန်းကနေတစ်ဆင့် ခြိမ်းခြောက် ငွေတောင်း ခံသူတွေဟာ သူတို့ဟာမိုးကောင်း ကာကွယ်ရေးတပ်ဖွဲ့က ဖြစ်ကြောင်း ပြောဆိုပြီးခြိမ်းခြောက်ငွေ တောင်းခံလာတာ ဖြစ်ကြောင်း သူကဆက်ပြောပါတယ်။

အခုလိုခြိမ်းခြောက်ငွေတောင်းခံမူတွေအပေါ် မိုးကောင်းပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဘက်ကတော့ ဒီလုပ်ရပ်တွေဟာ သူတို့နှင့်လုံးဝမသက်ဆိုင်ကြောင်း ဇူလိုင် ၁၂ ရက်နေ့မှာ ထုတ်ပြန်ထားသလို မိုးကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိ သူတစ်ဦးကလည်း အခုလိုပြောပါတယ်။ “ကျနော်တို့အဖွဲ့က ပြည်သူရဲ့ထောက်ပံ့မူနဲ့ဘဲရပ်တည်တာပါ ပြည်သူ လူထုကို ခြိမ်း ခြောက်တောင်းခံတာ ဘယ်တော့မှမလုပ်ခဲ့ဖူးဘူး ကျနော်တို့လည်းဒီကိစ္စကို တာဝန်ရှိသူတွေနဲ့ချိတ်ဆက်ပြီး ဒီကိစ္စတွေကို စုံစမ်းပြီးဖော်ထုတ်နေပါတယ်”လို့ပြောပါတယ်။ စစ်တပ်ကအာဏသိမ်းပြီးနောက် ကချင်ပြည်နယ် ဖားကန့်၊ မြစ်ကြီးနား၊ မိုးကောင်း စတဲ့မြို့နယ်တွေမှာ PDF အမည်ခံပြီး ငွေကြေးတောင်းခံတာ ဆက်တိုက်ဖြစ်လာနေပါတယ်။ https://www.facebook.com/ph oto/?fbid=661063142721627&s et=a.601270185367590

၁၂။  တိုက်ပွဲပြင်းထန်နေတဲ့ ကရင်နီရှေ့တန်း တစ်နေရာမှာ အသက် ၂၀ အရွယ် KNDF ရဲဘော် ကျဆုံး
      July 13, 2023

ကရင်နီပြည်နယ် ရှေ့တန်း တစ်နေရာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲမှာ KNDF တပ်ရင်း (၈) က ရဲဘော်တစ်ဦး ကျဆုံးခဲ့ တယ်လို့ KNDFB/08 က ဒီကနေ့ ထုတ်ပြန်ပါတယ်။ အသက် ၂၀ အရွယ် ရဲဘော် ဝီနားရှို (ခ) အောင်ငဲ ဟာ ဇူလိုင် ၁၁ ရက်နေ့ တိုက်ပွဲမှာ ကျဆုံးခဲ့တာဖြစ်ပြီး အဆိုပါ တိုက်ပွဲအတွင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင် ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရာ ဒဏ်ရာ ပြင်းထန်သူ ၃ ဦး ပါဝင်တယ်လို့ သိရပါတယ်။ ကျဆုံး ရဲဘော်ကို ဒီနေ့ ဇူလိုင် ၁၃ ရက်နေ့မှာ ဂူသွင်းသင်္ဂြိုဟ် ခဲ့တယ်လို့ တော်လှန် ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကနေစတင်ပြီး ကရင်နီပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆို၊ ရှားတော၊ မယ်စဲ့၊ ဖားဆောင်း၊ ရွာသစ် ရှမ်း တောင် မိုးဗြဲ၊ ဖယ်ခုံတွေမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲ ပြင်းထန်နေရာ  ထိခိုက်ကျဆုံးမှုတွေ ရှိနေတာ ဖြစ်ပါတယ်။ ဇွန်လ တစ်လတာအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ဝန်းကျင်ထိခိုက် သေဆုံးခဲ့ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင် ရဲဘော် ၃ ဦး ကျဆုံးခဲ့ရတယ်လို့ KNDF သတင်းနဲ့ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။ https://www .facebook.com/photo?fbid=304971215222663&set=pcb.3049 74441889007

၁၃။  တွန်းဇံတိုက်ပွဲ စကစ ၁ ဦး သေဆုံးပြီး သေနတ် တစ်လက်နဲ့ မော်တာတစ်လက် သိမ်းဆည်း
       July 13, 2023

ချင်းပြည်နယ်၊ တွန်းဇံမြို့ အထက ကျောင်း၌ တပ်ဆွဲသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဇူလိုင် ၁၃ ရက်နေ့ မနက် ပိုင်း ၁၀ နာရီခန့်တွင် CDF-Tonzang တော်လှန်ရေးတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာ စကစတပ်သား တစ်ဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။  အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားချိန်ဟာ ကလေးတွေကျောင်းတက်နေချိန်ဖြစ်ပြီး ကလေးတွေထိခိုက်မှုမရှိ အောင် အတက်နိုင်ဆုံးကြိုးစားတယ်လို့ CDF-Tonzang အတွင်းရေးမှူးက ပြောပါတယ်။ “စကစဖွင့်တဲ့ကျောင်းမှာ မတက်ကြဖို့ ကျနော်တို့ အကြိမ်ကြိမ် သတိပေးခဲ့ပါတယ်။ အခု ကျောင်းက စကစ တွေကို ကျနော်တို့ သွားတိုက်တဲ့အချိန်မှာလည်း ကလေး တွေ ထိခိုက်မှုမရှိအောင် အတက်နိုင်ဆုံး ကြိုးစားတယ်။ ဘုရားရဲ့ကျေးဇူးတော်ကြောင့် ကလေးတစ်ယောက်မှ ထိခိုက်မှုမရှိဘူး။ ကျနော်တို့ တပ်ဖွဲ့၀င်‌တွေလည်း အထိအခိုက်မရှိ တပ်ဆုတ်နိုင်ခဲ့တယ်” လို့ ပြောပါတယ်။  အဆိုပါတိုက်ပွဲတွင် စကစ တပ်သား တစ်ဦးသေဆုံးပြီး မောင်းပြန်သေနတ် တစ်လက်နဲ့ ၆၀ မမ မော်တာတစ်လက်ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ CDF-Tongzang က ထုတ်ပြန်ပါတယ်။ https://www.facebo ok.com/photo/?fbid=793482262784396&set=a.71665497046712

၁၄။  စစ်ကောင်စီနှင့် RCSS တွေ့ဆုံ၍ ဒေသတည်ငြိမ်ရေးအပါအဝင် သဘောတူညီချက်အချို့ လက်မှတ်ရေးထိုး
       July 14, 2023

အာဏာသိမ်း စစ်ကောင်စီနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်စာချုပ် (NCA) လက်မှတ်ထိုးထားသည့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) တို့သည် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး၍ ဒေသတည်ငြိမ်ရေးအပါအဝင် သဘောတူညီချက်အချို့ကို လက်မှတ်ရေးထိုးခဲ့ကြောင်း RCSS ထံမှ သိရသည်။ စစ်ကောင်စီ လက် အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) တို့သည် နေပြည်တော်တွင် ဇူလိုင်လ ၁၁ ရက်မှ ၁၂ ရက်အထိ နှစ်ရက်တာ တွေ့ဆုံဆွေးနွေးခဲ့ ကြောင်းသိရသည်။ အဆိုပါ နှစ်ရက်တာ ဆွေးနွေးညှိုနှိုင်းချက်များအရ အပြီ းသတ်ရရှိထားသည့် သဘောတူညီချက်များကို NSPNC နှင့် RCSS တို့အကြား အတည်ပြု လက်မှတ်ရေးထိုးခဲ့ကြောင်း စစ်ကောင်စီက ၎င်းတို့ဝါဒဖြန့် သတင်းစာများမှတဆင့် ထုတ်ပြန်ခဲ့သည်။ “အခြားကိစ္စတွေ ထည့်သွင်းဆွေးနွေးကြတာကတော့ သဘောတူညီချက်တော့ မရရှိသေးဘူးပေါ့လေ။ ဒေသ တည်ငြိမ်ရေး၊ ဒေသဖွံဖြိုးရေးဆိုတဲ့ သဘောတူညီချက်လောက်ပဲ ရရှိသေးတယ်။ ဆက်လက်ပြီးတော့ ကြိုးစားဆောင်ရွက်သွား မယ်ဆိုတဲ့ သဘောပေါ့။ အဲဒီလို သဘောတူညီချက်ပေါ့နော်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် တတ်နိုင်သလောက် နှစ်ဖက်ပူးပေါင်း ဆောင်ရွက်ဖို့ဆိုတဲ့ အချက်လည်းပါတယ်။ အားလုံးပေါင်း သုံးချက်ပေါ့နော်” ဟု RCSS ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး အုမ်ခေးက ပြောသည်။

ယင်းတွေ့ဆုံဆွေးနွေးပွဲတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြင်ဆင်လိုသော အချက်များ၊ ယခင်ဆွေးနွေးပွဲများ၌ သဘောတူထားသည့် အချက်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကိစ္စ၊ ငြိမ်းချမ်းရေး ညီလာခံ ကျင်းပရေးကိစ္စ၊ ဒေသတည်ငြိမ် အေးချမ်းရေးကိစ္စ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကိစ္စ၊ ဖွံ့ဖြိုးရေးကိစ္စနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ပံ့ပိုးရေး ကိစ္စရပ်များကို နှစ်ဖက်အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။ “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆိုတာ ကတော့ ပြင်ဆင်ဖို့ဆိုတာတွေ သဘောတူထားတာတော့ ရှိပါတယ်။ ဘယ်အချက်ရယ်လို့တော့ မရှိသေးဘူး။ ဆက်လက်လေ့ လာတုန်းပဲ ရှိသေးတယ်။ ဆွေးနွေးဆဲပေါ့။ နောက်ပြီး မကြာမကြာ ဆက် လက်တွေ့ဆုံ ဆွေးနွေးသွားကြဖို့တော့ ရှိပါတယ်။ အဲလို တော့ သဘောတူထားတယ်” ဟု RCSS ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး အုမ်ခေးက ပြောသည်။ လက်ရှိတွင် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့သည် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း ၁၀ ဖွဲ့ဖြင့် ဖွဲ့စည်း ထားသော ငြိမ်းချမ်းရေး လုပ်ငန်း စဉ် ဦးဆောင်အဖွဲ့ (PPST) တင်းပြည့်ကျပ်ပြည့် အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ကာ ပူးပေါင်းအဖွဲ့ အဖြစ် ရပ်တည်နေကြောင်း သိရသည်။ https://www.facebook.com/photo/?fbid=605683505034006&set=pcb.6 056835 55034001

၁၅။  စစ်ကောင်စီ စစ်ဆေးရေးဂိတ်တို့ တိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂) ဦးသေဆုံး‌
      July 14, 2023

ချင်းပြည်နယ်၊ မင်းတပ်မြို့ဝင်ဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီစစ်ဆေးရေးဂိတ်တစ်ခုအား ချင်းကာ ကွယ်ရေးတပ်ဖွဲ့-မင်းတပ်က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ဇူလိုင်လ (၁၄) ယနေ့ ထုတ်ပြန်ထားသည်။ CDF မင်းတပ်မှ ယမန် နေ့ ဇူလိုင်လ (၁၃)ရက်နေ့ နံနက် (၆)နာရီမှ (၇း၃၀)အချိန်ထိ မင်းတပ်မြို့ ခလရ(၂၇၄)တပ်ရင်း မြို့ဝင်ဂိတ်နှင့် ဇူလိုင်လ (၁၃) ရက်နေ့၊ နံနက် (၁ဝး၄၇)မှ (၁၁း၂၀)ထိ စစ်ကောင်စီစစ်ဆေးရေးတစ်ခုတို့အား သွားရောက်တိုက်ခိုက်ခဲ့သည်။  ၎င်းတိုက်ခိုက်မှု ကြောင့် စစ်ကောင်စီဖက်က တပ်ဖွဲ့ဝင်(၂)ဦးသေဆုံးပြီး၊ ထိခိုက်ဒဏ်ရာများရရှိကာ CDF မင်းတပ်ဖက်မှ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ဟုဆိုသည်။

လတ်တလောစစ်ရေးအခြေနေအရ မင်းတပ်-ကံကြီး၊ဆော လမ်းမကြီးအား ဖြတ်သန်းသွားလာခွင့်ကို ဇူလိုင်လ (၁၃) ရက်နေ့မှစ၍ ပိတ်ပင်လိုက်ပြီး၊ ပြည်သူများအနေဖြင့် ယင်းလမ်းမကြီးအား အသုံးပြုခြင်း မပြုလုပ်ကြရန် နှင့် ပြန်လည်အသုံးပြု နိုင်သည့်ခါ အသိပေးသွားမည်ဖြစ်ကြောင်း CDF မင်းတပ်က အသိပေးထုတ်ပြန်ထားသည်။ https://www .facebook.com/phot o/?fbid=622524416645395&set=a.603254748572362

၁၆။  ကော့ကရိတ်မြို့ အမှတ် ၃ ဂိတ်နှင့် တံတားဦးရပ်ကွက်ထိပ်တွင် တိုက်ပွဲဖြစ်၍ နှစ်ဖက် ထိခိုက်ဒဏ်ရာရရှိမှု ရှိနေ
      July 14, 2023

ကော့ကရိတ်မြို့မြောက်ဖက်၊ တံတားဦးရပ်ကွက် နှင့် ကော့ကရိတ်ရုံး ကုန်းအမှတ် (၃) စစ်ဆေးရေးဂိတ် နေရာ များကို ယမန်နေ့ နံနက်ပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းစစ်ကြောင်းမှ ဝင်ရောက် တိုက်ခိုက်ရာ နှစ်ဖက်ထိခိုက်ဒဏ်ရာရရှိမှုများ ရှိနေကြောင်း KNLA စစ်ရေး သတင်းအရင်းအမြစ်များကပြောသည်။ ကော့ကရိတ်အခြေစိုက် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း (ခလရ-၉၇)တပ်ကို KNLA ပူးပေါင်းတပ်များက နေ့စဥ် နီးပါး လာရောက်တိုက်ခိုက်နေပြီး ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့အထိ ပစ်ခတ်မှုအချို့ ဆက်ရှိနေသေးပြီး ယမန်နေ့ တိုက်ခိုက်မှု ဖြစ်စဉ်အတွင်း နှစ်ဖက် ထိခိုက် ဒဏ်ရာရ ရှိမှုနှင့်ပတ်သက်ပြီး KNLA စစ်ရေး သတင်းအရင်း အမြစ် တစ်ဦးက ယခုလိုပြောသည်။ ၎င်းက “မနက်ပိုင်းမှာ အမှတ် ၃ ဂိတ်နဲ့ တံတားဦး ရပ်ကွက်ထိပ်မှာ ပစ်ခတ်နေတယ်။ ပူးပေါင်းအဖွဲ့ဘက်က နှစ်ယောက်ဒဏ်ရာရတယ်။ စစ်တပ်ဘက် က ၄ ယောက် ကင်းကတုတ် နားရပ်နေတာကိုပစ်တာ ၄ ယောက်စလုံး ထိပြီးလဲကုန်တယ်။ ဆုံးဖို့များတယ်။ ၉၇ တပ်ကလည်း ရန်ကုတ်၊ ကြောင်လျှာကုန်းဘက် လက်နက်ကြီး ပစ်ထုတ်နေတယ်။ လက်နက်ကြီးကတော့ ပစ်ထုတ်နေတုန်းပဲ ဟု ပြောသည်။

အဆိုပါ နှစ်ပစ်ခတ်မှုများကြောင့် ဒေသခံ ရွာသားများအနေဖြင့် ကတုတ်ကျင်းထဲတွင် ပုန်းအောင်း နေရသလို လက်ရှိ စပါးစိုက်ပျိုးနေကြသည့် ဒေသခံ ရွာသားများလည်း အလုပ်ကိုရပ်နားထားပြီး တောင်ကုန်းဘက်ကို တက်ပြေးပုန်းနေရသလို လေယာဉ် လာပစ်ခတ်မှာကိုလည်း ကြောက်နေကြာရကြောင်း ၎င်း KNLA သတင်းအရင်း အမြစ်က ဆက်ပြောသည်။ ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့ နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်ဘက်မှ မြေပြင်စစ်ကြောင်း အပြင် ခလရ-၉၇ တပ်နှင့် လှိုင်ဝ အမြောက်ကုန်းဘက်မှ ကျေးရွာများဘက်ကို လက်နက်ကြီး ပစ်ခတ်တာ တချို့ ကြားနေရဆဲ ဖြစ်ကြောင်း ကော့ကရိတ်မြို့နေ ဒေသခံများကပြောသည်။ “အခုက ကမ္မရိုက်လမ်း၊ ရန်ကုတ်လမ်း၊ တံတားဦးလမ်းတွေ အဖျက်ခံထားရတော့ ကားသွားလိုမရ ဘူး။ ဆိုင်ကယ်ဘဲ သွားလိုရတယ်။ ဆိုင်ကယ်သမား မြို့ထဲသွားရင် စစ်တပ်က စစ်တယ်။ လက်သုံးချောင်းအဖွဲ့ PDF အဖွဲ့တွေ စျေးဝယ်လာတာလား။ ဘယ်နားမှာတွေ့ခဲ့လဲမေးတယ်။ အဖြေမတတ်ရင် ဖမ်းထားပြီး ရွာကလူကြီး ငွေ နဲ့ လာရွေးမှ လွတ်ပေး တယ်” ဟု ရန်ကုတ် ကျေးရွာသားတစ်ဦးက ပြောသည်။ https://kicnews.org/2023/07/%e1%80%80%e1%80%b1%e1%80%ac%e1%80%b7%e1 %80%80%e1%80%9b%e1

၁၇။  နှစ်ကရင်ကျေးရွာ ဒေသခံများ ပြန်မလာပါက နေအိမ်ချိပ်ပိတ်မည်ဟု စစ်တပ် ခြိမ်းခြောက်
       July 14, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာက ဒေသခံတွေ ဇူလိုင်ဒုတိယပတ်အတွင်း အိမ်ပြန်မလာပါက နေအိမ်ကို ချိပ်ပိတ်မယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ နေရပ်စွန့် တိမ်းရှောင်နေသူ ဒေသခံ တဦး က “၅ ရက်အတွင်း နေအိမ်ပြန်မလာပါက အိမ်တွေကို ပိတ်သိမ်းမယ်လို့ ပြောထားတာ။ စစ်တပ်က ရွာမှာရှိနေမှတော့ လူတွေက တိုက်ပွဲလည်းကြောက်ရတယ်၊ အိမ်ပြန်ရင်လည်း စစ်တပ်ဘက်က ဖမ်းမှာလည်း ကြောက်ရတယ်” လို့ ပြောပါတယ်။ ဇူလိုင် ၁၃ ရက်ကနေ ၅ ရက်အတွင်း ပြန်မလာရင် အိမ်တွေကို ချိပ်ပိတ်မယ်လို့ ပြောဆိုထားတဲ့ သတင်းတွေကြောင့်တချို့လည်းအိမ်ပြန်ကြ သလို ငွေရှိပြီး ဆွေမျိုးရှိတဲ့သူတွေကတော့ နီးစပ်ရာမြို့နဲ့ဆွေမျိုးတွေရှိတဲ့ နေရာတွေကို ပြောင်းရွှေ့နေကြတယ်လို့ ဆိုပါတယ်။

နှစ်ကရင်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က လက်နက်ကြီး အပါအဝင် လေကြောင်းပစ်ကူနဲ့ပါ ကျေးရွာ ထဲ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ထိခိုက်သေဆုံးမှု ရှိခဲ့ပြီး ဒေသခံအများစု မနေရဲတော့ဘဲ တိမ်းရှောင်နေကြတာပါ။ ဒါ့အပြင် စစ်ကောင်စီတပ်တွေက ကျေးရွာထဲ တပ်စွဲပြီး ရွာအတွင်း ဝင်ရောက်မွှေနှောက်ကာ ရွာသားတွေကို လူသားဒိုင်းသဖွယ် ပြုလုပ်နေသလို PDF နဲ့ ဆက်သွယ်တဲ့ သံသယရှိသူလို့ ယူဆပြီး ဖမ်းဆီးတာတွေလည်း ရှိနေပါတယ်။ ရေးမြောက်ပိုင်းဒေသမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေသလို ရေး-သံဖြူဇရပ် ကားလမ်းပိုင်း ကိုလည်း KNLA PDF ပူးပေါင်းတပ်ဖွဲ့က ထိန်းချုပ်ထားတယ်လို့ အသိပေးထားပါတယ်။ https://burmese.dvb.no/archive s/603842

၁၈။  လှိုင်းဘွဲမြို့ထဲတွင် စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင်များ သွားလာလှုပ်ရှားမှုများလာ
      July 13, 2023

ဖားအံခရိုင်၊ လှိုင်းဘွဲမြို့တွင်းတွင် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်(BGF)တပ်သားများ၏ လှည့်ပတ်သွားလာမှုမှာ ဇူလိုင်လအတွင်း များပြားလာနေသောကြောင့် ဒေသအတွင်း တိုက်ပွဲဖြစ်လာမည်ကို ဒေသခံပြည်သူများက စိုးရိမ်ထိတ် လန့်နေ ကြသည်။ ယခု ဇူလိုင်လဆန်းမှစ၍ လှိုင်းဘွဲမြို့တွင်းနှင့် ပိုင်ကျုံမြို့နယ်ထဲတွင် စစ်ကောင်စီနှင့် ၎င်းတို့၏လက် အောက်ခံ BGF တပ်များက တစ်ရက်လျင် နှစ်ကြိမ်ခန့် လှည့်ပတ်သွားလာနေသည်ဟု လှိုင်းဘွဲမြို့နေပြည်သူတစ်ဦးကယခုလိုပြောသည်။ ဒေသခံ တစ်ဦးက “မြို့ထဲမှာ တစ်နေ့ကို နှစ်ခါလောက် သွားနေကြတာ။ ကားကိုလည်း အကြမ်းမောင်းတယ်။ တခါသွားရင် လေးယောက် ငါးယောက်ပဲ သေနတ်အပြည့်အစုံနဲ့ ကျနော်တို့ဆိုင်ကယ်တွေဆို ဘေးကျထားပေးရတယ်။”ဟု ပြော သည်။

ယင်းသို့ နေ့စဉ် သွားလာရာတွင် စစ်ကားကြီးများဖြင့် မဟုတ်ဘဲ ကင်းလှည့်စစ်ကားအငယ်များဖြင့် အနည်းဆုံး ကား ၅စီးတွင် စစ်ယူနီဖောင်းနှင့် လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အများစု ပါဝင်သည်ဟု လည်း ယနေ့ မျက်မြင်တွေ့ရှိခဲ့ရသူတစ်ဦးက အတည်ပြု ပြောဆိုခဲ့သည်။ အဆိုပါဒေသမှာ ကေအဲန်ယူ ထိန်းချုပ်နယ်မြေ ဖားအံခရိုင်၊ တပ်မဟာ(၇)ထဲတွင်ရှိပြီး နှစ်ဖက်စစ်ရေးတင်းမာမှု မရှိသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် BGF တပ်သားများက လက်နက်ကိုင်ဆောင်ပြီး မြို့နယ်အတွင်း လှည့်လည်သွားလာနေသည့်အပေါ် ဒေသခံများမှာ သွားလာရေးအခက် အခဲဖြစ်ရသည် ဟု ပိုင်ကျုံမြို့နေ ဦးစန်းဝင်း ကလည်း ပြောဆိုသည်။ “မြို့ထဲမှာ တိုက်ပွဲလည်းမဖြစ်ဘဲနဲ့ စစ်ရေးလည်း မတင်းမာဘူး။ ပြည်သူကို သတ်မယ်ဖြတ်မယ့်ရုပ်တွေနဲ့ လက်နက်ကိုင်ပြီး မြို့ထဲပတ် ကားဟွန်းတီးအမြန်မောင်းတယ်။ ဆိုင်ကယ်သုံးဘီး တစ်စီးဆို သူတို့ ကားရှေ့ကဖြတ်မောင်းလို့ ဆဲဆိုသွားတယ်။”ဟု ၎င်းကပြောသည်။ https://kicne ws.org/2023/07/%e1%80%9c%e1%80% be%e1%80%ad%e1%80%af%e1%80%84%e 

၁၉။  ထိုင်းဘက်ခြမ်းကိုတိမ်းရှောင်လာတဲ့ စစ်ရှောင်အမျိုးသမီးတစ်ဦး သေဆုံး
       July 13, 2023

စစ်ကောင်စီဗုံးကြဲ တိုက်ခိုက်မှုကြောင့် ထိုင်းဘက်ခြမ်းကိုတိမ်းရှောင်လာတဲ့ စစ်ရှောင်အမျိုးသမီးတစ်ဦးဟာ တိမ်းရှောင် နေစဉ်မှာပဲ ရုတ်တရက်သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါအမျိုးသမီးဟာ အသက် ၅၀ အရွယ် ဒေါ်ထွားမယ်ဖြစ်ပြီး ဇူလိုင်လ ၁၃ ရက်နေ့ မနက် ၆ နာရီခွဲအချိန်မှာ သေဆုံးခဲ့တာဖြစ်ပါတယ်။ သေဆုံးသူမှာ သွေးတိုးရောဂါအခံရှိနေပြီး ယမန်နေ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိန့်လန့်နေသူဖြစ်တယ်လို့ ဒေါ်ထွားမယ်နဲ့ ဆွေမျိုးနီစပ်သူ တစ်ဦးကပြောပါတယ်။ “သူ့မှာ သွေးတိုးရှိ တယ် သူ့အမျိုးသားပြောတယ်။ ရုတ်တရက်ဆုံးသွားတာပေါ့။ ခေါင်းကိုက်တယ် ဒီည အိပ်မပျော်ဘူး သူအဲ့လိုပြောတယ်။ ခေါင်း ကိုက်တယ်ဆို‌တော့ ဘာလို့ ကျမတို့ကို မနှိုးလဲ လို့ သူ့ကိုပြောတော့ တအားမဆိုးဘူး ဇက်ကြောမနေ့ညကတည်းက တက်နေတာ လက်နက်သံကြားလို့ လန့်တာဖြစ်မယ် သူအဲ့လိုပြောတယ်။ နောက် ဆေးခန်းသွားပြတော့ ဆေးခန်းရောက်မှာ ဆုံးသွားတာ။ “ လို့ ဆုံးပါးသွားသူ ဒေါ်ထွားမယ် ဆွေမျိုးဖြစ်သူတစ်ဦးက ပြောပြပါတယ်။

သူမဟာ ဒီးမော့ဆိုမြို့နယ် ဇာတိဖြစ်ပြီး နယ်စပ်စစ်ရှောင်စခန်းကို ၂၀၂၃ ခုနှစ် ဧပြီလထဲက ရောက်လာတာဖြစ်ပါတယ်။ ထိုင်း-ကရင်နီနယ်စပ်က စစ်ရှောင်စခန်းကို ဇူလိုင်(၁၂)ရက်နေ့ မနက် ၁ နာရီဝန်းကျင်အချိန်မှာ စစ်ကောင်စီက က လေကြောင်း ဗုံးကြဲခဲ့တာကြောင့် အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး ၃ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ https://www.kanta rawaddytimes.org/% e1%80%91%e1%80%ad%e1%80%af%e1%80%84%e1%80%ba 

၂၀။  မုန်တိုင်းသင့် ဘာသာရေးအဆောက်အအုံများ ပြုပြင်ရန် အကူညီလိုအပ်နေ
      July 13, 2023

မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရခိုင်ပြည်အတွင်းက ဘာသာရေးအဆောက်အအုံများကို ပြန်လည် ပြုပြင်ရန် အခက် အခဲများရှိနေသည့်အတွက် အကူညီများလိုအပ်နေကြောင်း ဘာသာရေးခေါင်းဆောင်များထံမှ သိရသည်။  ဗုဒ္ဓဘာသာ၊ ဟိန္ဒူ၊ အစ္စလာမ်၊ ခရစ်ယာန် ဘာသာရေးအဆောက်အအုံ အများအပြားမှာ မုန်တိုင်းကြောင့် ပျက်စီးသွားခဲ့ပြီး ပြန်လည်တည် ဆောက်ရေးအတွက် အကူအညီရရှိမှုနည်းပါးနေသည်။ လက်ရှိအချိန်ထိ ကူညီထောက်ပံ့မှု တစ်စုံတစ်ရာမရရှိသေးသဖြင့် ကိုယ်ထူ ကိုယ်ထ ပြုပြင်နေသော်လည်း ငွေကြေးမလုံလောက်မှုကြောင့် အခက်အခဲဖြစ်နေရသည်ဟု စစ်တွေမြို့၊ အောင်မင်္ဂလာ ရပ်ကွက်မှ အစ္စလာမ်ဘာသာဝင် ဦးကျော်ဆွေက ပြောသည်။  “ငွေရေးကြေးရေးက မလုံလောက်ဘူး။ ရွာက အလှူငွေကောက် လို့ရတာနဲ့ ပြုပြင်ဖို့ဘယ်လိုမှ မလုံလောက်ဘူး။ ဘုရားဝတ်ပြုဖို့လည်း မရတော့ဘူး။ အမိုးအကာမရှိဘူး။ မိုးရွာရင် လုံးဝအဆင် မပြေဘူး။ နေပူရင်လည်း နေပူထဲမှာပဲ ဘုရားဝတ်ပြုရတယ်” ဟု သူက ပြောသည်။ အောင်မင်္ဂလာရပ်ကွက်မှ ပျက်စီးသွားသည့် ဗလီဝတ်ပြုကျောင်း အရေအတွက်ကို စစ်ကောင်စီက မုန်တိုင်းအလွန်တွင် စာရင်းကောက်ယူသွားသော်လည်း ယခုအချိန်ထိ အကူအညီမရရှိသေးကြောင်း ဦးကျော်ဆွေက ပြောသည်။

မုန်တိုင်းဒဏ်သင့် ဘာသာရေးအဆောက်အအုံများထဲမှ ဗုဒ္ဓဘာသာကျောင်းနှင့် ဟိန္ဒူကျောင်းတို့တွင် စစ်ကောင်စီ ထံမှ ကူညီထောက်ပံ့မှု အချို့ရရှိကြပြီး ဗလီဝတ်ကျောင်းနှင့် ခရစ်ယာန်ကျောင်းများတွင် ကူညီထောက်ပံ့မှု မရရှိသေးဟု ဘာသာရေး ခေါင်းဆောင်များထံမှ သိရသည်။ မုန်တိုင်းကြောင့် ပျက်စီးမှု အနည်းအကျဉ်းသာရှိသည့် ကျောင်းဆောင်အချို့ကို အသင်းတော် ၏ ထောက်ပံ့ငွေဖြင့် ပြုပြင်ထားပြီဖြစ်သော်လည်း လုံးဝနီးပါးပျက်စီးသွားသည့် ကျောင်းဆောင်များကို ပြန်လည်ပြုပြင်နိုင်ခြင်း မရှိသေးဟု ခရစ်တော်၏ အသင်းတော် (Church of Christ) ရခိုင်ပြည်နယ်၊ ဥက္ကဋ္ဌ ဦးယောနသန်က ပြောသည်။ “ပျက်စီးနေတဲ့ ဘုရားဝတ်ပြုကျောင်း ၃ ဆောင်ကိုတော့ မပြင်ရသေးဘူး။ အသင်းတော် ဆရာအိမ်တွေကိုတော့ ပြည်တွင်းက ဆက်စပ်နေတဲ့ အသင်းတော်တွေက ပါဝင်လှူဒါန်းမှုတွေနဲ့ ဆောက်သင့်သလောက် ဆောက်လုပ်ပြီးနေပြီ။ တခြားအဖွဲ့အစည်းတွေက ထောက်ပံ့ ပေးတာတွေ မရှိဘူး။ ပြည်တွင်းမှာရှိတဲ့ အသင်းတော်တွေဆီကနေ ပါဝင်လှူဒါန်းမှုတွေနဲ့ပဲ ပြန်လည်တည်ဆောက်ရေးကို လုပ် နေကြရပါတယ်”ဟု သူကပြောသည်။  “အကူအညီက လုံလောက်မှုမရှိလို့ ၅၀ ရာခိုင်နှုန်းလောက်ပဲ အဆင်ပြေသေးတယ်။ အလှူ ရှင်တွေလည်း မပေါ်သေးဘူး။ အလှူရှင်တွေ လိုအပ်နေတယ်။ အလှူရှင်တွေလှူမှပဲ အဆင်ပြေမယ်”ဟု ဆရာတော် က မိန့် သည်။ မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ဘာသာရေးအဆောက်အအုံများကို ဦးစားပေးအနေဖြင့် ကူညီထောက်ပံ့မှုများပြုလုပ် သွားမည်ဟု စစ်ကောင်စီက ပြောဆိုထားသော်လည်း မြေပြင်တွင် လုံလောက်သည့် အကူအညီများမရရှိဟု ဘာသာရေး ခေါင် ဆောင်များကပြောဆိုကြသည်။ https://www.facebook.com/photo/?fbid=663259645847635&set=a.64320980118 5953

၂၁။   စစ်ရေးပဋိပက္ခကြောင့် ဘီးလင်းမြို့နယ်တွင် စာသင်ကျောင်း ၇၀ ကျော် ပိတ်ထားရ
       July 13, 2023

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲများကြောင့် အခြေခံပညာ စာသင်ကျောင်း (၇၀)ကျော်ကို လုံခြုံရေးအရပိတ်ထားကြောင်း စုံစမ်းသိရှိရသည်။ ဘီးလင်းမြို့နယ်နှင့် သိမ်ဆိပ်မြို့နယ်ခွဲကြားရှိ အလူး၊ နှင်းပုလဲ၊ ရင်းအုံ၊ ပျဉ်သာ၊ နတ်ကြီး၊ မဲပလီ၊ ဝီယော်၊ ပိန္နဲတော စသည့် ကျေးရွာများရှိ စာသင်ကျောင်း ၂၀ ကျော်အပြင် ဝေးလံခေါင်ပါးဒေသမှ စာသင်ကျောင်း ၅၃ ကျောင်းကို ဇူလိုင်လ ၁ ရက်နေ့ကစပြီး ပိတ်လိုက်ရကြောင်း မွန်ပြည်နယ် ပညာရေး မှူးရုံး သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “ဘီးလင်းမြို့နယ်မှာ မြို့ပေါ်ကလွဲပြီးတော့ ရွာစဉ်အလိုက် တိုက်ပွဲဖြစ်တာနဲ့ နယ်မြေ မတည်ငြိမ်တာတွေကြောင့် ဆရာ၊ ဆရာမတွေ မနေရဲတော့ဘူး။ ဒါကြောင့် လုံခြုံရေးအရ စာသင်ကျောင်းတွေ ပိတ်လိုက်တယ်။ စာရင်းအရ ကျေးရွာစာသင်ကျောင်း ၇၃ ကျောင်းကို ပိတ်သိမ်းထားပါတယ်” ဟု ၎င်းကပြောသည်။

ဘီးလင်းမြို့နယ်တွင် အခြေခံပညာ စာသင်ကျောင်းပေါင်း ၂၀၂ ကျောင်းရှိပြီး လက်ရှိတွင် စာသင်ကျောင်း ၇၀ ကျော်မှာ လုံးဝ ပိတ်ထားရသည့် အခြေအနေဖြစ်သည်။ “အခု စာသင်ကျောင်းတွေကို ပိတ်သိမ်းလိုက်တော့ ကလေးတွေအတွက် ပညာသင် ကြားဖို့ အဆင်မပြေတော့ဘူးပေါ့။ မြို့နယ်တစ်ခုလုံးမှာ မြို့နဲ့အနီးဆုံးနေရာတွေပဲ ကျောင်းဖွင့် ဖြစ်တော့တယ်။ ဒီလိုဖြစ်နေတော့ ကလေးငယ်တွေအတွက် ပညာသင်ကြားရေး နောက်ကျတယ်။ စိုးရိမ်စရာဖြစ်တယ် ” ဟု ရင်းအုံကျေးရွာ၊ မူလတန်းပြ ဆရာမ တစ်ဦးက ပြောသည်။ “KNU ထိန်းချုပ်တဲ့ ရွာတွေက စာသင်ကျောင်းတွေကို ပိတ်ထားရတာ” ဟု ပျဉ်သာကျေးရွာ မူလတန်းပြ ဆရာမတစ်ဦးက ပြောသည်။ ဘီးလင်းမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှ ယခုဇူလိုင်လ ပထမအပတ်အထိ စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲများကြောင့် ဒေသခံသုံးသောင်းခန့်မှာ နီးစပ်ရာတောတောင်အတွင်း ထွက် ပြေးနေရကြောင်း သိရသည်။ https://www.facebo ok.com/photo?fbid=663234509183482&set=a.643209801185953

၂၂။  မောင်းမကန်ရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရ
     July 13, 2023

လောင်းလုံးမြို့နယ်၊ မောင်းမကန်နယ်မြေရဲစခန်း ဒီကနေ့မနက် ၄ နာရီဝန်းကျင်မှာ တိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေ က ပြောပါတယ်။ မနက် ၄ နာရီမတိုင်ခင်လောက်မှာ လာရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး နာရီဝက်အကြာမှာတော့ ပစ်ခတ်သံတွေ ငြိမ်သွားတယ်လို့ ဒေသခံတွေကပြောပြပါတယ်။ “သေနတ်သံတွေချည်းပဲ ဆက်တိုက် ကြားရတယ်။ အပြင်က လာပစ်တဲ့အသံ မျိုးပါ။ ဝင်စီးတာမျိုးတော့ မဟုတ်ဘူး”လို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ အဲဒီပစ်ခတ်မှုကြောင့် ထိခိုက်မှုအခြေအနေ အသေးစိတ်နဲ့ ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ ပစ်ခတ်မှုဖြစ်ပွားပြီးချိန်ကစလို့ လက်ရှိအချိန် ထိတော့ စစ်ကောင်စီဘက်က စစ်ဆေးတာမျိုးနဲ့ တခြားလှုပ်ရှားမှုတစ်စုံတစ်ရာ မရှိသေးဘူးလို့ ဒေသခံက ဆက်ပြောပါတယ်။

ဒါပေမဲ့ မောင်းမကန်ကမ်းခြေကိုတော့ စစ်သင်္ဘောတစ်စီး မနက်ပိုင်းကတည်းကရောက်ရှိနေတယ်လို့ မျက်မြင်တွေ့ရှိသူ တွေကတဆင့် သိရပါတယ်။ မောင်းမကန်ရွာက ဒေသခံတွေကတော့ စိုးရိမ်နေကြပြီး ရွာထဲကလမ်းတွေမှာ လူသွားလူ လာ တိတ်ဆိတ်နေတယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့လ ၂၃ ရက်နေ့ ကလည်း မောင်းမကန်ရဲစခန်းက ရဲကားကြားဖြတ်တိုက်ခိုက်ခံရလို့ ဒုရဲအုပ်တစ်ဦးနဲ့ ရဲတပ်ကြပ်ကြီးတစ်ဦးတို့သေဆုံးခဲ့ပါတယ်။ လောင်းလုံးမြို့နယ်အတွင်းမှာ လောင်းလုံးမြို့မရဲစခန်းနဲ့ မောင်းမကန်နယ်မြေရဲစခန်း နှစ်ခုရှိပြီး စစ်ကောင်စီတပ်သားနဲ့ ရဲတွေက ဘန်ကာတွေ၊ ကတုတ်ကျင်းတွေနဲ့ အခိုင်အမာတပ်စွဲ ထားပါတယ်။ https://www.facebook.com/photo?fbid=303265658757 857&set=a.196212682796489

၂၃။   ဒေါ်အောင်ဆန်းစုကြည် နှင့် ထိုင်း နိုင်ငံခြားရေးဝန်ကြီးတို့ တနာရီခွဲဝန်းကျင် တွေ့ဟု စစ်ကောင်စီ ထုတ်ပြန်
       July 14, 2023

ထိုင်းနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Don Pramudwinai တို့သည် ဇူလိုင် ၉ ရက်တွင် ဒေါ်အောင်ဆန်းစုကြည် နှင့် တနာရီခွဲနီးပါး တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီ သတင်းပြန်ကြားရေး ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောဆိုလိုက်သည်။ “ထိုင်းနိုင်ငံ ရဲ့ ဒု – ဝန်ကြီးချုပ် နဲ့ နိုင်ငံခြားရေးဝန်ကြီး တို့ ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ဆုံခဲ့တာရှိပါတယ်။ တွေ့ဆုံချိန်ကတော့ တနာရီခွဲ နီးပါးပါ။ နှစ်ယောက်ချင်း လွတ်လွတ်လပ်လပ် တွေ့ဆုံတာဖြစ်တဲ့အတွက် ကျနော်တို့ အသေးစိတ် မသိရှိပါဘူး”လို့ ဗိုလ်ချုပ်ဇော်မင်းထွန်း ကဆိုသည်။ အဆိုပါ ပြောကြားချက်ကို စစ်ကောင်စီ၏ သတင်းစာဖြစ်သည့် မြန်မာ့ အလင်းတွင် ရေးသားထားသည်။

ထိုတွေ့ဆုံချိန်တွင်လည်း ဒေါ်ဆောင်ဆန်းစုကြည်သည် ကျန်းမာရေး ကောင်းမွန်နေကြောင်း တိုင်းပြည်၏ အကျပ် အတည်းကို ဖြေရှင်းရန် တွေ့ဆုံဆွေးနွေးမှုကို အားပေးကြောင်း Mr. Don Pramudwinai က ဇူလိုင် ၁၁ ရက် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာတွင် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် ပြောကြားခဲ့သည်။ စစ်အာဏာသိမ်းပြီး နိုင်ငံရေးရှုပ်ထွေးနေချိန် စစ်ကောင်စီခေါင်းဆောင်းမှ ဖမ်းဆီးထားသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံ၏ ဒုတိယဝန်ကြီး ချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Don Pramudwinai တို့နှင့် ပေးတွေ့သည်မှာ ပထမဆုံး အကြိမ်ဖြစ်သည်။ https://burmes e.shannews.org/archives/35754

၂၄။  အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်မပြုဘူးလို့ ဥရောပသမဂ္ဂက အတိအလင်း ထုတ်ဖော်ပြော
      July 14, 2023

အာဆီယံအဖွဲ့က မြန်မာ့အရေးကို ဖြေရှင်းနိုင်မယ်လို့ ယုံကြည်မှုရှိကြောင်း ဉရောပသမဂ္ဂ ထိပ်တန်းသံတမန် ဂျိုးဇက်ဘော်ရယ်လ်က ပြောကြားလိုက်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့မြို့တော် ဂျကာတာမြို့တော်မှာပြုလုပ်တဲ့ အာဆီယံ နိုင်ငံ ခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ဂျိုးဇက်ဘော်ရယ်လ်က အခုလို မှတ်ချက်ပြုခဲ့တာဖြစ်ပါတယ်။ “ဥရောပသမဂ္ဂက အာဏာ သိမ်းစစ်ကောင်စီကို အသိအမှတ်မပြုသလို အာဆီယံအဖွဲ့က မြန်မာ့အရေး ဖြေရှင်းနိုင်မယ့် အဖြေတစ်ခုရှာဖွေမယ်လို့ ကျွန်တော် တို့ ယုံကြည်ပါတယ်” လို့ ဉရောပသမဂ္ဂ နိုင်ငံခြားရေးရာ အဆင့်မြင့်ကိုယ်စားလှယ်ဖြစ်သူ ဂျိုးဇက်ဘော်ရယ်လ်က ပြောပါတယ်။ အာဆီယံအဖွဲ့နဲ့ အဖွဲ့ဝင် ၂၇ နိုင်ငံပါ ဥရောပသမဂ္ဂကြား အလှည့်ကျ ဆက်ဆံရေးဆိုင်ရာ ညှိနှိုင်းရေးမှူး အဖြစ် မြန်မာနိုင်ငံအား ခန့်အပ်မှုကို သူက ဆန့်ကျင်ခဲ့ပါတယ်။

မြန်မာ့အရေးဖြေရှင်းတဲ့ အာဆီယံအဖွဲ့ရဲ့ ကြိုးပမ်းမှုတွေကို ဉရောပသမဂ္ဂက ထောက်ခံသလို ဖြေရှင်းနိုင် မယ်လို့လည်း ယုံကြည်မှုရှိတယ်လို့ သူက ပြောပါတယ်။ အာဆီယံအဖွဲ့နဲ့ သဘောတူခဲ့တဲ့ ဘုံသဘောတူညီချက် ဖော်ဆောင်ဖို့ ပျက် ကွက်တာကြောင့် အာဏာသိမ်းစစ်ကောင်စီ ကိုယ်စားလှယ်တွေကို အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွေနဲ့ ဒေသတွင်းအစည်းအဝေးတွေမှာ တက်ရောက်ခွင့် ပိတ်ပင်ထားပါတယ်။ အာဆီယံဒေသဟာ စီးပွားရေးအရသာမက ပထဝီနိုင်ငံရေးအရပါ ကမ္ဘာပေါ်မှာ အားမာန် အပြည့်ဆုံးဒေသလို့ ဂျိုးဇက်ဘော်ရယ်လ်က ရည်ညွှန်းပြောကြားခဲ့ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကိုကျော်ဖြတ်ဖို့ ဥရောပသမဂ္ဂက အာဆီယံအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှု ဆက်လက်ပြုလုပ်မယ်လို့ သူက ဆိုပါတယ်။ https://www.facebook. com/photo/?fbid=605690415033315&set=a.58312 0797290277

၂၅။  ကန်ပက်လက်-ကျင်ဒွေးဘက်သို့ စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာနိုင်သဖြင့် သတိပြု            နေထိုင် ကြရန် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သတိပေး
      July 13, 2023

ချင်းပြည်နယ်၊ ကန်ပက်လက်-ကျင်ဒွေးဘက်သို့ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ဦးတည်ထိုးစစ်ဆင် လာနိုင်ချေရှိသဖြင့် ပြည်သူများ သတိပြုနေထိုင်ကြရန် ကန်ပက်လက်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင်လ(၁၃)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ လက်ရှိတွင် ကျောက်ထုအမြှောက်တပ်မှ ထွက်လာသော အင်အား (၂၀၀)ဝန်းကျင်ခန့်ပါရှိသည့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် လောင်းရှည်ဘက်သို့ ရောက်ရှိနေသည့် အင်အား(၄၀၀)ခန့်ရှိသော စစ်ကြောင်း (၂) ကြောင်း သည် ကန်ပက်လက်-ကျင်ဒွေးဘက်သို့ ဦးတည်လာနေခြင်းဖြစ်သည်ဟု သိရသည်။ အဆိုပါ စစ်ကောင်စီတပ်သည် မြေပြင် မှ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသည့်အပြင် လေကြောင်းတိုက်ခိုက်မှုပါ ပြုလုပ်နိုင်သည့်အတွက် ယင်းလမ်း ကြောင်းပေါ်နှင့် အနီးတဝိုက်တွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော စစ်ရေးအခြေအနေကို သတိ ပြုကြရန်လည်း တိုက်တွန်းထားသည်။

“လောလောဆယ်တော့ တိုက်ပွဲတော့မဖြစ်သေးဘူး။အသင့် နေရာယူ စောင့်ကြည့်နေတဲ့အနေအထားပဲ ရှိပါသေးတယ်။ ကျင်ဒွေးကတော့ ကန်ပက်လက်အနေနဲ့ဆို စကစရဲ့ နောက်ဆုံးခံတပ်သဘောမျိုး ခြေကုပ်ယူထားတဲ့ နေရာဆိုတော့ အခုအဲဒီ အထိ ရောက်အောင် ရိက္ခာဖြည့်တာမျိုးလို့တော့ ခန့်မှန်းထားပါတယ်။”ဟု ကန်ပက်လက်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။ ထို့အပြင် သက်ဆိုင်ရာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ကာကွယ်ရေးတပ်ဖွဲ့များ၏ သတိ‌ပေးချက်၊ တားမြစ် ချက်များအား လိုက်နာဆောင် ရွက်သွားကြရန်လည်း အသိပေးအကြောင်းကြားထားသည်။ ကန်ပက်လက်မြို့တွင် ပြီးခဲ့သည့် ဇွန်လက စစ်ကောင်စီတပ်စခန်းကို ချင်းအမျိုးသားတော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ယခု ဇူလိုင်လ(၁၃)ရက်အထိ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိပေ။ https://www.facebook.c om/photo/?fbid=663922982447689&set= a.588245110015477

၂၆။  စားဝတ်နေရေးအခက်အခဲကြောင့် စစ်ရှောင်နေတဲ့ ဒေါဘူးငံရယ်ရွာခံတစ်ချို့ လယ်စပါး ပြန်စိုက်နေကြ
      July 14, 2023

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါဘူးငံရယ်ကျေးရွာက စစ်ဘေးရှောင်နေတဲ့ ဒေသခံတစ်ချို့မှာ စားဝတ်နေရေး ကြပ်တည်းလာတာကြောင့် နေရပ်မှာ လယ်စပါးပြန်စိုက်နေကြတယ်လို့ ‌ဒေသခံတွေကပြောပါတယ်။ “ကလေးတို့ စားဖို့ပေါ့။ ငတ်မှာကြောက်လို့။ တစ်ပိုင်တစ်နိုင်လေး နဲနဲပေါ့။ ငတ်မှာကြောက်လို့။ သူများလည်း မပံ့ပိုးပေးနိုင်ဘူးထင်တယ်ဆိုပြီးတော့မှ ကျတော်တို့ပြန်စိုက်ကြတာပေါ့။” လို့ လယ်စပါးပြန်စိုက်သူ ဒေသခံတစ်ဦးက ပြောပါတယ်။ ဒေါဘူးငံရယ်ကျေးရွာမှာ တိုက်ပွဲ ကြောင့် ‌ဒေသခံတွေနေရပ်ပြန်မနေကြတော့တာ ၂ နှစ်ရှိပြီ ဖြစ်ပါတယ်။ လယ်စပါး ပြန်စိုက်ဖို့တော်လှန်ရေးတပ်ဖွဲ့ဝင် ၊ ကျေးရွာ တွင်းရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုအသိပေးပြီး ခွင့်တောင်းခဲ့တယ်လို့ နောက်ထပ်‌ ဒေသခံတစ်ဦး က ပြောပါတယ်။ “သက်ဆိုင် တဲ့ ပုဂ္ဂိုလ်တွေကိုမေးကြည့်တော့ စိုက်လို့ရတယ်တဲ့။ ကာကွယ်ရေးအဖွဲ့တွေလည်းပြောတယ်။ နောက်ဒီ စစ်ကောင်စီတွေလည်း ကျတော်တို့ ခွင့်တောင်းတော့ ရတယ်တဲ့ ပြန်လုပ်လို့ရတယ် သူတို့ပြောတယ်။” လို့ အဆိုပါ ဒေသခံက ပြောပါတယ်။

လယ်ယာပြန်စိုက်သူ ဒေသခံတွေကတော့ သူတို့ရဲ့ လုံခြုံရေးအတွက် စိုးရိမ်နေကြရဆဲလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ရေရှည်စစ်ဘေးရှောင်နေရတဲ့အခါ အလှူရှင်ရရှိမှု နည်းပါးလာသလို စားဝတ်နေရေးအတွက် အလွန်ခက်ခဲလာတာကြောင့် စိုးရိမ် မှုတွေကြားက ပြန်လာစိုက်ပျိုးနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “လုံခြုံရေးကသူတို့ (ကာကွယ်ရေးတပ်ဖွဲ့) တာဝန် မယူနိုင်ဘူး။ ကိုယ့်ဟာနဲ့ကို ပါးပါးနပ်နပ်နဲ့ပဲ ကိုယ့်ဟာကို လုပ်ကိုင်ကြပေါ့လို့ သူ (ကာကွယ်ရေးတပ်ဖွဲ့) ဒါပဲပြောတယ်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ လက်ရှိမှာတော့ ဒေါဘူးငံရယ်ကျေးရွာအနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်က တပ်စွဲနေရာယူထား တယ်လို့ သိရှိရပါတယ်။ https://www.kantarawaddytimes.org/ %e1%80%85%e1%80%ac%e1%80%b8%e1%80%9 d%e1%80%90%e1%80

၂၇။  ရှင်ဗွေယန်- နန်းယွန်းကြားကားလမ်းမြေပြိုမှုကြောင့် နန်းယွန်းမြို့နယ်တွင် ကုန်စျေးနှုန်းအဆမတန်မြင့်တက်
      July 13, 2023

ကချင်ပြည်နယ် ရှင်ဗွေယန်မြို့နှင့် စစ်ကိုင်းတိုင်း နန်းယွန်းမြို့နယ်ကြားက လီဒိုကားလမ်းပိုင်းတစ်နေရာမှာ မြေပြိုမှုဖြစ် သွားတာကြောင့် လက်ရှိအသွားအလာပြတ်တောက်နေတဲ့အတွက် နန်းယွန်းမြို့မှာတော့ ကုန်စျေးနှုန်းတွေ အဆမတန်မြင့် တက်နေ တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဇူလိုင်လ ၄ ရက်နေ့တုန်းက ကားလမ်းမြေပြိုမှုဖြစ်ပွားခဲ့တဲ့ ရှင်ဗွေယန်မြို့ နဲ့ ၅ မိုင်အကွာ(ဒေသအခေါ် ၅မိုင်းတံတား)အနီးကမြေပြိုကျခဲ့တဲ့နေရာမှာ ဇူလိုင် ၉ ရက်နေ့တုန်းက ထပ်မြိုကျတာကြောင့် လတ်တလော ကုန်တင်ကား၊ အိမ်စီးကား၊ဆိုင်ကယ် သွားလာလို့မရဖြစ်နေပြီး ကုန်စည်စီးဆင်းမှုရပ်တန့်နေ တာကြောင့်ဖြစ် တယ်လို့ နန်းယွန်းမြို့ခံအမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။ “ကုန်ကားတွေကတက်လာလို့မရတော့ ဒီဘက်ကို လော လော ဆယ် ကုန်စျေးနှုန်းတွေတော့တက်နေတယ်။ ဆန်စျေးကတော့ ၁ သိန်းခွဲထိ တက်တယ် ဓာတ်ဆီကတော့တစ်ဂါလံကို ၂၅၀၀၀ အထိဖြစ်နေပြီ”လို့ ပြောပါတယ်။ နန်းယွန်းမှာ အရင်က ကြက်သွန်နီ၊ကြက်သွန်ဖြူ တစ်ပိသာစျေး ကျပ် ၃၅၀၀ ၊၄၀၀၀ ကနေ လက်ရှိ တစ်ပိသာ ၆၀၀၀၊ ၇၀၀၀ လောက်အထိစျေးတက်နေပြီ တစ်ခြားလူသုံးကုန်နဲ့ စားသောက်ကုန်တွေလည်း အဆ မတန်စျေးတွေမြင့်တက်လာနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကားလမ်းမြေပြိုမှုဟာ လမ်းအရှည်ပေ ၁၀၀ နီးပါးနှင့် အနက်ပေ ၈၀ နီးပါး ပြိုကျသွားတာဖြစ်ပြီး လက်ရှိအသွားအလာ ပြတ်တောက်ပြီး အရေးပေါ်သွားလာလိုတဲ့သူတွေအတွက်တော့ ခက်ခက်ခဲခဲသွားလာနေရတယ်လို့ အသက် ၄၀ အရွယ်ရှိတဲ့ နန်းယွန်းဒေသခံအမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။ “ခရီးသည်တွေကတော့ဖြတ်လို့တော့မရဘူးဗျ။ ဆိုင်ကယ်ကတော့ ဆွဲတင်ရတယ်အဲ့ဒီနေရာမှာတော့။ ပြိုထားတာလည်းတော်တော်လည်းနက်တယ်ပြောကြတယ်။ သွားဖို့လာဖို့ကတော့ မလွယ် ဘူး”လို့ သူပြောပါတယ်။ လက်ရှိအဲ့ဒီပြိုကျသွားတဲ့နေရာကိုတံတားထို ဖို့ဒေတာတာဝန်ရှိသူတွေက စတင်လုပ်ဆောင်နေပြီ ဖြစ် ပြီး အချိန်ယူ လုပ်ဆောင်ရမှာဖြစ်တဲ့အတွက် ခရီးသည်ကား၊ကုန်ကားတွေရက်ရှည် ရပ်တန့်နိုင်ပြီး နန်းယွန်း၊ ပန်ဆောင် ဒေသခံ တွေ ကုန်ပစ္စည်းပြတ်လပ်မှုတွေ ကြုံတွေ့ရနိုင်တယ်”လို့ ဒေသခံတွေစိုးရိမ်နေကြရတယ်လို့သိရပါတယ်။ မိုင်ပေါင်း ၃၀ ကျော်ဝေး တဲ့ ရှင်ဗွေယန်- နန်းယွန်းကားလမ်းပိုင်းဟာ ဒုတိယ ကမ္ဘာစစ်ခေတ်တုန်းကအင်္ဂလိပ်အစိုးရ လုပ်ထားတဲ့လမ်းသာ ဖြစ်ပြီး မြန်မာ အစိုးရခေတ်အဆက် ဆက်ပြုပြင်ထိန်းသိမ်းမှုအားနည်းတာကြောင့် မိုးရာသီကာလမှာ ပုံမှန်ကားလမ်း မြေပြိုမှု ဖြစ်တတ်ပေမယ့် ၂၀၂၁ ခုနှစ်နောက်ပိုင်း ပိုမိုဆိုးရွားလာနေတာဖြစ်ပါတယ်။ https://burmese.kachinnews.com/2023/07/ 13/az1-228/

၂၈။  ကန်ပက်လက်တွင် စစ်ကောင်စီတပ်ကို CDF-Kanpetlet က သွားရောက်တိုက်ခိုက်
      July 14, 2023

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ယမန်နေ့၊ နေ့လည် ၁၂ နာရီခန့် တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့(ကန်ပက်လက်)က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာ ရှိသူများပြားကြောင်း၊ ညနေ ၂ ခန့်တွင် အနီးကပ်လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်ကြပြီး စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း Kanpelet Voice တွင် ဖော်ပြထားပါသည်။သိရသည်။ စစ်တပ်က ပြည်သူကို သေနတ်ပစ်၊ ပြည်သူပိုင် ဆန်တွေကို လုယက်၊ မြို့ထဲလုံခြုံရေးတွေ တင်းကြပ်ထားသောကြောင့် CDF-Kanpelet မှ လက်လုပ် လက်နက်ကြီး၊ Rock Ject ဒုံး၊တွေနှင့် သွားပစ်ပြီး ထိခိုက်ဒါဏ်ရာရသူတွေရှိကြောင်း CDF-Kanpelet ဘက်က အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ကြောင်း CDF-ကန်ပက်လက်၊ တာဝန်ရှိသူတစ်ဦးက ဖော်ပြကြောင်း သိရသည်။

စစ်ကြောင်းထိုးလာမည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ဝန်းကျင်သည် လက်ရှိလယ်ကြီးအိုင် ကျေးရွာအနီး တောထဲတွင် ရောက်ရှိနေကြပြီး ဒေသခံများလည်း ဘေးလွတ်ရာသို့ ရှောင်တိမ်းနေရကြောင်းနှင့် လောင်းရှည်မှကျင်ဒွေးမြို့သို့ ရိက္ခာပို့မည့် စစ်ကောင်စီစစ်ကြောင်းနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့(ကန်ပက်လက်)နှင့် လက်ရှိတိုက်ပွဲဖြစ်ပွားနေကြောင်းသိရပြီး စစ်ကြောင်းထိုးမည့် လမ်းကြောင်ပေါ်ရှိ ဒေသခံပြည်သူများလည်း ဘေးလွတ်ရာ တောထဲ၊ တောင်ထဲတွင် တိမ်းရှောင်နေရ ကြောင်းသိရသည်။ ကန်ပက်လက်မြို့ပေါ်တွင် တိုက်လေယာဥ်ဖြင့် ယမန်နေ့တွင် ၄/၅ ကြိမ်ခန့် မနည်းပျံဝဲလှည့်ပတ်ကြည့် ကြောင်း မြို့ပေါ်တွင် စစ်ကောင်စီက စစ်ကြောင်းထိုးလာမှုကြောင့် ဒေသခံများထွက်ပြေးတိမ်းရှောင်ကြရပြီး စစ်ရှောင်များ အတွက် အရေးပေါ်အကူအညီများလိုအပ်လာနိုင်ကြောင်း ကန်ပက်လက်မြို့ ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ ထံမှသိရကြောင်း Kanpelet Voice တွင် ဖော်ပြာထားသည်။ https://www.facebo ok.com/photo/?fbid=7439779010653 19&set=pcb.743974691065640

၂၉။  စစ်ဘေးဒဏ်ကြောင့် စိတ်ဒဏ်ရာရတဲ့ ကလေးတွေအတွက် ဂီတ သင်တန်းကျောင်းဖွင့်လှစ်
      July 13, 2023

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရတဲ့ ကလေးတွေကို စိတ်ပျော်ရွှင်မှုတွေပေး နိုင်ဖို့အတွက် ရည်ရွယ်ပြီး ဂီတသင်တန်းကျောင်းတစ်ခုဖြစ်တဲ့ Htel Phoe Music Learning Center ကို ဖွင့်လှစ်ထားပါတယ်။ ဒီသင်တန်းကျောင်းကို တော်လှန်ရေးစတင်ချိန်ကတည်းက ၃ လတာ သင်တန်း ဆိုတဲ့အမည်နဲ့ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး၊ လွန်ခဲ့ တဲ့ ၆လတုန်းကစပြီး Htel Phoe Music Learning Center ဆိုတဲ့ နာမည်နဲ့ ပြောင်းလဲဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ “ဒီစစ်ဘေးဒဏ် ကြောင့် ကလေးတွေကိုအဓိက ရည်ရွယ်ပြီးဖွင့်တယ်ပေါ့နော်။ သူတို့ရဲ့ဒေသမှာ အဓိကသူတို့ကိုဒီလက်နက်ကြီးသံတွေ လေယာဥ် သံတွေ အသံတွေကြားတာပေါ့နော်။ သူတို့ကို ပျော်ရွှင်မှုဖြစ်စေဖို့အတွက်ပေါ့နော်၊ မျှော်လင့်ချက်တွေ ထားရှိစေဖို့ အတွက်ပေါ့ နော်။ ပြီးတော့ ကျမတို့ကလေး ဒီကြားတဲ့က ကလေးတွေဆိုရင်  ကလေးမဟုတ် လူငယ်မဟုတ်တဲ့ ကလေးတချို့ ရှိတယ်ပေါ့ နော်။ သူတို့က ပိုပြီးတော့  ဒီစစ်ဘေးဒဏ်ကို Trauma (စိတ်ဒဏ်ရာ) ရနိုင်ဖို့  မြင်တယ်ပေါ့နော်။ ဆိုတော့ သူတို့တွက် ဒီ Music Learning Center ဖွင့်ပေးပြီးတာ့ ဂီတကို သင်ကြားပေးခြင်းအားဖြင့် သူတို့ရဲ့ စိတ်ကို ကုစားပေးပြီးတော့ သူတို့ကို ပိုပြီးတော့ မျှော်လင့်ချက်ရှိစေဖို့ဆိုတဲ့ ရည်ရွယ် ချက်နဲ့ ဒီ Music Learning Centerကို ဖွင့်ရခြင်းဖြစ်တယ်ပေါ့နော်” လို့ ကျောင်းဖွင့်လှစ်ထား တဲ့ ဆရာမ မော်ဖရေမြာက ပြောပါတယ်။

လက်ရှိမှာတော့ သင်တန်းကျောင်းမှာအသုံးပြုတဲ့ ပစ္စည်းတွေ လုံလောက်မှုမရှိသေးတာကြောင့်၊ သင်တန်းအပတ်စဉ် တစ်ခုကို ကျောင်းသားဦးရေ  ၂၀ ဦး ထိပဲလက်ခံရတယ်လို့လည်း ဆိုပါတယ်။ အဆိုပါကျောင်းမှာ သင်ကြားပေးသူဝန်ထမ်း ၂ ဦးရှိ တာပါ။ အဆိုပါကျောင်းဟာ ဂီတပိုင်းမှာ အဓိကဝါသနာပါတဲ့ အသက် ၁၀ နှစ်မှ ၁၈ နှစ်ကြား အရွယ်တွေကို  ဦးစား ပေးခေါ်ယူ သင်ကြားပေးတယ်လို့လည်း ဆိုပါတယ်။ ဂီတပိုင်းဆိုင်ရာကို သင်ကြားပေးပြီးတဲ့ နောက်ပိုင်းမှာ သင်တန်း သားတွေရဲ့ စိတ်ပိုင်း ဆိုင်ရာပြောင်းလဲမှုတွေ ရှိလာတယ်လို့လည်း မော်ဖရေမြာ ကပြောပါတယ်။ “ဟုတ် ဒီခလေးတွေကို စာစသင်ပြီးတဲ့  နောက်ပိုင်း မှာ ဒီခလေးကို မြင်ရတာကတော့ပေါ့နော် မျှော်လင့်ချက်တစ်ခုလို့ မြင်ရတယ်။ သူတို့ တယောတီးတယ်၊ သူတို့ ဂီတာ တီးတယ်၊ ပီယံနို (piano) တီးတဲ့ အချိန်မှာ သူတို့ ခက်ခက်ခဲခဲ သူတို့ ခက်ခဲတဲ့ ပညာ‌ရေး တစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့  သူတို့ ကြိုးစား ပြီး သင်ယူတယ်။ သူတို့ သင်ယူပြီး သီချင်းတစ်ပုဒ်တီးနိုင်တာဖြစ်ဖြစ်၊ သူတို့ Level (အဆင့်) တစ်ခုကို ပြီးသွားတာပဲ ဖြစ်ဖြစ် သူတို့မှာ ပိုပြီးတော့ ပျော်တာကို မြင်ရတယ်။ ပြီးတော့ သူတို့ကို သူတို့တွက်ပေါ့နော် ဒါက အနာဂတ်မှာ ဘာလုပ်နိုင် လည်းလို့ သူတို့ဟာသူတို့ကို ပြန်မေးမြန်းတဲ့ အချိန်မှာ တယောတီးနိုင်တယ်။ ဒီ Music ပိုင်းမှာလုပ်ဆောင်နိုင်တယ်လို့ သူတို့ဟာသူတို့ Confidence ရှိရှိနဲ့ သူတို့ ပြောထွက်နိုင်တာပေါ့နော်။ အဲ့လိုမျှော်လင့်ချက်တွေ တွေ့ရတယ်။” လို့ မော်ဖရေမြာက ပြောပါတယ်။ https://www.facebook.c om/photo?fbid=667815618718347&set=pcb.667815778718331

၃၀။  သိမ်ဇရပ် ရဲစခန်းမှ ဒုရဲအုပ် မျိုးသီဟ (အမှုစစ်)ကားနဲ့ တိုက်မိလို့ လူ ၅ ဦးထိခိုက်
      July 13, 2023

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ် စစ်တောင်းတံတားထိပ်ဟောင်းနဲ့ သာယာကုန်းလမ်းဆုံတို့မှာ သိမ်ဇရပ် ရဲစခန်းမှ ဒုရဲအုပ် မျိုးသီဟ (အမှုစစ်)ကားနဲ့ တိုက်မိလို့ လူ ၅ ဦးထိခိုက်သွားတယ်လို့ သိရပါတယ်။ ဇူလိုင်လ ၁၂ ရက်နေ့ ညနေ ၃နာရီကျော်ခန့်မှာ  အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှုူး ဦးသန်းဝင်း ၏ သမီး နှင့် သမက် ကလေးငယ် ပေါင်း ၃ ဦးဟာ ဆိုင်ကယ် နဲ့ ဆိပ်ကမ်းသာ ရပ်ကွက် မှ စစ်တောင်းတံတားအဟောင်းထိပ် သို့ ဆိုင်ကယ်စီးနင်းလာချိန် ဒုရဲအုပ် မျိုးသီဟ စီးနင်းလာသော ဟွန်ဒါဖစ် အဖြူ ကားနဲ့ တိုက်မိခဲ့ပါတယ်။ ဖြစ်စဥ် ဖြစ်ပွားနေချိန် အုပ်ကြီး သန်းဝင်း ရောက်ရှိလာခဲ့ပြီး  ဒုရဲအုပ် မျိုးသီဟ နဲ့ စကား များကြပြီး ​ဒုရဲအုပ် မှ ၎င်းတွင် ပါရှိလာသော သေနတ်ပစ်ဖောက်ရမ်းကားခဲ့တယ်လို့ သိရပါတယ်။

“မျိုးသီဟက မူးနေတယ်လို့ သိရတယ်။ ဖြစ်တော့ မတောင်းပန် တာဝန်မယူဘဲ မောက်မာစကားပြောပြီး သေနတ်တွေ တောင် ပစ်ဖောက်ခြိမ်းခြောက်ခဲ့သေးတယ်”လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။ ဒုရဲအုပ် မျိုးသီဟ ဟာ အုပ်ကြီးနဲ့ စကားများ ပြီးခဏအကြာ အခင်းဖြစ်ပွားရာ နေရာမှ ကားမောင်းထွက်ခွာသွားပြီးသိမ်ဇရပ်မြို့ စျေးလမ်းဆုံ တနေရာ နားမှာဆိုင်ကယ် တစီးကို  တိုက်မိသလို ဖြစ်မိခဲ့ပါသေးတယ်။ ဒါ့အပြင် သာယာကုန်း လမ်းတနေရာ တွင် ဆိုင်ကယ် စီးနင်းလာသော အမျိုးသမီး. ၂ ဦးအား ကားဖြင့် တိုက်ခဲ့ပြီး တာဝန်ယူမှု့ တာဝန် ခံမှုမရှိဘဲ  ကားမောင်းပြေးသွားခဲ့ကာ သိမ်ဇရပ် ရဲစခန်း ရောက်ချိန် သေနတ် ပစ်ဖောက်နေခဲ့တယ်လို့ သိရပါတယ်။ ဒုရဲအုပ် မျိုးသီဟ ကားနဲ့ တိုက်မိခဲ့တဲ့ အမျိုးသမီး ၂ ဦးနဲ့အုပ်ကြီး မိသားစုဟာ ဆေးရုံတင် ထားရတယ်လို့ သိရပါတယ်။ https://www.facebook.co m/photo/?fbid=626380802930407&set=a.606834898218331

၃၁။  မြိတ်မြို့တွင် ဆိုင်ကယ်များကို ဖမ်းဆီးပြီး ကျပ်ငွေသိန်းချီ ဒဏ်ရိုက်
       July 14, 2023

တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲနဲ့အဖွဲ့က  ဆိုင်ကယ်တွေကို နေ့တိုင်း စစ်ဆေးဖမ်း ဆီးနေပြီး ဖမ်းဆီးခံရတဲ့ ဆိုင်ကယ်ပိုင်ရှင်တွေထံကနေ  ဒဏ်ငွေ သိန်းနဲ့ချီ တောင်းယူနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ မြိတ်မြို့မှာ ဇွန်လ အစလောက်ကနေပြီး ယာဉ်ထိန်းရဲတွေ အပါအဝင် အရပ်ဝတ်လူတချို့နဲ့ ပျူစောထီးတွေက လူအသွားအလာ များတဲ့ လမ်းမတွေအပြင် ရပ်ကွက်တွေက လမ်းကြိုလမ်းကြားတွေအထိပါ ဆိုင်ကယ်တွေ နေ့စဉ်ရက် ဆက် စစ်ဆေးဖမ်းဆီးလာ တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြို့ခံပြည်သူတဦးက “ဖမ်းဆီးတာက နေရာစုံအောင်ကို ဖမ်းဆီးလာတာ။ ဘယ်နေရာမှ ရှောင်ပြေးမ‌ရအောင်ကို ဖမ်းနေတာပါ။ ဒီတော့ ဆိုင်ကယ်ယာဉ်မောင်းသမားတွေမှာ အလုပ်လုပ်မရဖြစ်တယ်။ အလုပ်ကိစ္စနဲ့ သွားလာတဲ့လူတွေမှာလည်း အချိန်တွေ ကြန့်ကြာနေရတယ်” လို့ ပြောပါတယ်။ ဆိုင်ကယ်ဖမ်းဆီးရာမှာ နောက်ကြည့်မှန်၊ ဆိုင်ကယ်ဦးထုပ်၊ နံပါတ်ပြားနဲ့ ယာဉ်မောင်းလိုင်စင်တို့လို အထောက်အထားမပါပါက အနည်းဆုံး ဒဏ်ငွေ ငါးသောင်းကနေ တသိန်းလောက်အထိ တောင်းယူနေတယ်လို့ ပြောပါတယ်။

ဒေသခံတဦးက “ဆိုင်ကယ်ဦးထုပ် မပါတာတို့ ဘာတို့ဆို ခုနှစ်သောင်းလောက်အထိ တောင်းတယ်။ ဒီထက် ပိုပြစ်ဒဏ် ကြီးတာဆို ငွေပိုတောင်းတယ်။ ဖမ်းတာက ယာဉ်ထိန်းရဲ နှစ်ယောက်လောက်နဲ့ အရပ်ဝတ် သေနတ်ကိုင်လူတွေ များတယ်။ ပျူစောထီးတွေပါလာပြီဆို တခုမဟုတ်တခု ပြစ်မှုရှာပြီး ဒဏ်ရိုက်တတ်တယ်” လို့ ပြောပါတယ်။ ဒါ့အပြင် လိုင်စင်မဲ့ဆိုင်ကယ် တွေနဲ့ ဆိုင်ကယ်တစီးကို အမျိုးသား နှစ်ယောက် မောင်းနှင်လာတာမျိုးတွေကို ဖမ်းဆီးမိပါက ဆိုက်ကယ်ကို အပြီးသိမ်းယူလိုက် တာမျိုး အထိပါ လုပ်နေတယ်လို့ ပြောပါတယ်။ မြိတ်မြို့မှာ အခုလိုတာဝန်အရ စည်းကမ်းမဲ့ဆိုင်ကယ်တွေကို စစ်ဆေးဖမ်းဆီးနေ ပေမဲ့ နေ့စဉ်နဲ့အမျှ ဖမ်းဆီးပြီး ပြည်သူတွေဆီကနေ ငွေညှစ်တောင်းရမ်းနေကြတဲ့အတွက် မြို့ခံပြည်သူတွေမှာ အခက်အခဲတွေ့ နေတယ်လို့ ပြောပါတယ်။ https://burmese.dvb.no/archive s/603811

၃၂။  လွိုင်လင်မြို့ ကျပ်သိန်း ၅ ထောင်ကျော် တန်းဖိုးရှိ တရားမဝင် ထိန်းချုပ်ဓာတုပစ္စည်း ဖမ်းဆီးရမိ
      July 14, 2023

သျှမ်းပြည် လွိုင်လင်မြို့တွင် ကျပ်သိန်း ၅ ထောင်ကျော်တန်ဖိုးရှိ တရားမဝင် ထိန်းချုပ် ဓာတုပစ္စည်း နှင့် အခြားဓာတု ပစ္စည်းများ ဖမ်းဆီးရမိကြောင်း စုံစမ်းသိရသည်။ အဆိုပါ ဓာတုပစ္စည်းများကို ဇွန် ၂၉ ရက် နံနက် ၇ နာရီတွင် သျှမ်းပြည် တောင်ကြီးမြို့ဘက်မှ လွိုင်လင်မြို့ဘက်သို့ အလာ လွိုင်လင်မြို့ အဝင်တိုးဂိတ်တွင် ၂၂ ဘီး တွဲယာဥ် (၄) စီးထံ တရားမဝင် သယ်ဆောင်လာသည့် ဒေသကာလ တန်ဖိုး ငွေကျပ် (၅) ထောင်ကျော် တန်းဖိုးရှိ ထိန်းချုပ် ဓာတုပစ္စည်းများကို သိမ်းဆည်းရမိခဲ့ သည်။ သိမ်းဆည်းရမိခဲ့သည့် တရားမဝင် ထိန်းချုပ် ဓာတုပစ္စည်းများမှာ Hydrochloric Acid ၂၂၀၄၀ လီတာ နှင့် အခြား ဓာတု ပစ္စည်း Dichloromethane Acid ၂၆၇၂၀ လီတာ တို့ဖြစ်ကြောင်း သိရသည်။ ထိုပစ္စည်းများသည် ရန်ကုန်မြို့ မှ နမ့်စန်သို့ သယ် ဆောင်ပြီး မူးယစ်ဆေးဝါး နှင့် စိတ်ပြောင်းဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုခြင်း ဖြစ်ကာ ၎င်းပစ္စည်းများကို သယ်ဆောင် လာသူ ၁၄ ဦးကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိ ကြောင်း သိရသည်။

နမ့်စန်မြို့နယ်သည် စစ်ကောင်စီ၏ လေတပ်စခန်းရှိသလို စစ်ကောင်စီ၏ လက်အောက်ခံ နားရိုင်းပြည်သူ့စစ်၊ ပန်လျန်းဆိုင် ပြည်သူ့စစ် နှင့် SSS ပြည်သူ့စစ်တို့ လှုပ်ရှားသည့် ဒေသလည်း ဖြစ်သည်။ စစ်ကောင်စီမှ အာဏာသိမ်းပြီး ၂ နှစ် ကျော်ကာလအတွင်းမှာ မြန်မာပြည်တွင် မူးယစ်ဆေးဝါး သုံးစွဲမှုများလာပြီး မူးယစ်ဆေးထုတ်လုပ်မှု နှင့် အခြားနိုင်ငံမှာ တင်သွင်း လာသည့် မူးယစ်ဆေးများလည်း မျိုးစုံရှိကြောင်း သိရသည်။ https://burmese.shannews.org/archi ves/35762

၃၃။  စစ်ကောင်စီပူးပေါင်းဂိတ်ကို KIA တိုက်ခိုက်၊ ခြုံရှင်းနေသည့် ပြည်သူတစ်ဦးသေဆုံး
       July 13, 2023

စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA)တို့ ဖားကန့်မြို့နယ် ကာမိုင်း-လဝါးလမ်းဆုံတွင် ယမန်နေ့ နံနက် ၁၀ နာရီခန့်က အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပြည်သူတစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် ဒေသခံ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တို့ အခွန်ကောက်ခံလေ့ရှိသောနေရာတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု လုံခြုံရေး ကြောင့် အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးက ကိုပြောသည်။ “ပြည်သူ့စစ်တွေ အခွန်လာကောက်တာကို KIA တွေလာ ပစ်ပေးတယ်လို့ ကြားတယ်။ တစ်မနက်လုံး လက်နက်ကြီးနဲ့ပစ်တာ။ လယ်တောဘက်တွေပစ်နေတာ။ မနှစ်ကလည်း ဂိတ်ထိုင် လို့ KIA ဘက်က ရှင်းလိုက်တာ အခုပြန်လာထိုင်လို့ထင်တယ်”ဟုပြောသည်။ အဆိုပါစစ်ကောင်စီဂိတ်တွင် ခြုံရှင်းလင်းရေးပြု လုပ်နေသည့် ကားမိုင်းမြို့နယ် ဇီးကျွန်းရွာမှ ဒေသခံ အသက် ၅၆ နှစ်ခန့်အရွယ်ရှိ ဦးကျော်စိန်ဝင်းဆိုသူ ကျည်ထိမှန် သေဆုံးခဲ့ ကြောင်း KIA နှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးကပြောသည်။

“စစ်ကောင်စီတွေက ကာဗာတွေယူမရအောင် ခြုံတွေကို ရှင်းခိုင်းထားတဲ့တစ်ယောက်က ရင်ဘတ်ညာဘက်မှာ ထိပြီး သေဆုံးသွားတယ်လို့ သိရတယ်။ ဘယ်သူ့ဘက်က ကျည်ထိပြီး သေသွားတာလည်းတော့ မသိဘူး။ နှစ်ဖက်တိုက်ပွဲကြားမှာရှိနေ တာဆိုတော့”ဟုပြောသည်။ အင်အား ၁၅ ဦးခန့်ပါရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KIA တပ်မဟာ (၉) တပ်ရင်း (၄၄) က သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပွားနေချိန် ကာမိုင်းဗျူဟာကုန်းမှ လက်နက်ကြီးပစ်ကူခဲ့သည်ဟု သူက ဆက်ပြောသည်။ “အရင်ကစုပေါင်းဂိတ်ဌာနပေါင်းစုံထိုင်တဲ့နေရာ။ အခုတော့မရှိတော့ဘူး။ အခုဗျူဟာကုန်းမှာနေတဲ့ စစ်ကောင် စီ နှင့် ရှမ်းပြည်သူ့စစ်တွေပေါင်းပြီး လမ်းသွားလမ်းလာ ပြည်သူတွေကိုစစ်ဆေး၊ ကားတွေကို အခွန်ကောက်တာ ပုံမှန်အဲ့လိုလုပ် နေတာ” ဟုပြောသည်။ https://www.facebook.com/ photo/?fbid=592741473053525&set=a.535867405407599

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button