မိုင်းငေါ့မှာ စစ်ကေင်စီတပ်နှင့် TNLA တို့ ကြား နှစ်ဖက်တိုက်ပွဲဖြစ်
ဖက်ဒရယ်ဂျာနယ် မြန်မာ
ဇူလိုင် ၁၁ ရက်၊ ၂၀၂၃။
ရှမ်းပြည်နယ် မြောက်ပိုင်း ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်ရှိ မိုင်းငေါ့မြို့နယ်ခွဲ TNLA တပ်မဟာ (၂) နယ်မြေ စစ်ဒေသ နှင့် နံမ်တွေကျေးရွာအနီးမှာ စစ်ကောင်စီတပ်နှင့် TNLA တအာင်းတပ်မတော်တို့ကြား ယမန်နေ့ ဇူလိုင် (၁၀)ရက်၊ နံနက်ပိုင်း (၉း၀၀)နာရီ အချိန်ခန့်မှာ နှစ်ဖက်တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့တယ်လို့ TNLA ပြန်ကြားရေးဆီက သိရပါတယ်။
အင်းအား (၇၀)ပါတဲ့ စစ်ကောင်စီတပ် (ခလရ/၂၅၇)တပ်ဖွဲ့တို့ကမိုင်းငေါ့ကနေ TNLA တအာင်းတပ်မတော်တည်ရှိရာ နံမ်တွေဘက်သို့ ထိုးစစ်ဆင်လာရောက်လို့ နံနက်ပိုင်း (၉း၀၀)နာရီအချိန်မှ နေ့လည် (၁၂း၀၀)နာရီအချိန်ထိ (၃)နာရီကြာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားတာပါ။
အဲဒီနှစ်ဖက် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ ထိခိုက်မူ အများအပြားရှိခဲ့တယ်လို့ ပြောပေမယ့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
အခုလ ဇူလိုင်လအတွင်း စစ်ကောင်စီတပ်က TNLA တအာင်းတပ်မတော် တည်ရှိရာသို့ နယ်မြေထဲကျူးကျော် ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲဖြစ်ပွားလာရတာ ဖြစ်သလို လက်ရှိမှာတော့ နှစ်ဖက်အနီးကပ် စောင့်ကြည့်နေတဲ့ အခြေအနေဖြစ်နေတယ်လို့ သိရပါတယ်။