ကဗျာ

´နွေဦးစစ်သည်` အိုင်ချင်း

´နွေဦးစစ်သည်` အိုင်ချင်း

ချစ်တဲ့သူငယ်လေ
သူငယ်ချင်းကောင်း ယောက်မတို့ရေ။
နွေဦးတောတန်း စစ်စခန်းဝယ်
ထမ်းရွက်မနှေး တော်လှန်ရေးတွက်
ပေးဆပ်နေတာ ဂုဏ်ယူပေါ့ရှင် ။

ပီဒီအက်ဖ်ခေါ် တပ်မတော်ဝယ်
ရဲဘော်စစ်သည် လက်တွဲညီကာ
ပြည်ထောင်စုတွက် ကြိုးစားပေါ့ရှင် ။

တော်လှန်ရေးကြီး အမြန်ပြီးအောင်
မောင်ကြီး ကြိုးစားထားပေါ့ကွယ် ။

နွေဦးစစ်သည် အာဇာနည်ကြီး
ကြည်ညို လေးစားမိတော့တယ် ။

အာဏာရှင်တွေ ပျက်သုဥ်းစေဖို့
နွေဦးတပ်မှာ ကြိုးစားရှာနေ
မောင်ဟာ နွေဦးစစ်သည်လေး ။ ။

ဟံသာရှင်ထွေးညို

Related Articles

Back to top button