ဓာတ်ပုံ – NUG/ MOCIT
ဖက်ဒရယ်ဂျာနယ် မြန်မာ
ဇွန် ၂၄ ရက်၊ ၂၀၂၃။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးများ၊ မြန်မာမဟုတ်တဲ့ တိုင်းရင်းသား လူမျိုးစုများအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အမေရိကန်အစိုးရအရာရှိများ တွေ့ဆုံပြီး Burma Act ဥပဒေကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် စတင်ဆွေးနွေးခဲ့တယ်လို့ NUG ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခတဲ့ ဇွန်လ ၂၀ ရက်၊ အမေရိကန်၊ ဝါရှင်တန်ဒီစီမြို့တော်၌ Global Fund for Burma က ပြုလုပ်သည့် မြန်မာနိုင်ငံရေးရာမူဝါဒ အလုပ်ရုံဆွေးနွေးပွဲတွင် စစ်ကောင်စီကို အရေးယူပိတ်ဆို့မှုများချမှတ်ခြင်းနှင့် အာဏာရှင်ဆန့်ကျင်ရေးအင်အားစုများကို ကူညီထောက်ပံ့မှုများပေးမည့် Burma Act အကောင်အထည်ဖော်ရေးအတွက် ထည့်သွင်းဆွေးနွေးခဲ့ကြတာပါ။
အဆိုပါ ဆွေးနွေးပွဲသို့ NUG ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဒေါက်တာဇော်ဝေစိုး၊ ဦးထင်လင်းအောင်၊ ဒုဝန်ကြီး ဦးမိုးဇော်ဦး၊ အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလဗဟိုဘဏ်၊ အထူးအကြံပေးပုဂ္ဂိုလ် Sean Turnell တို့ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
NUG ဝန်ကြီးများနှင့် ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း တိုင်းရင်းသား လူမျိုးစုများအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အမေရိကန်သမ္မတ အိမ်ဖြူတော်အမျိုးသားလုံခြုံရေးကောင်စီ၊ အမေရိကန်လွှတ်တော်ကိုယ်စားလှယ်များက Burma Act ကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဒါ့ပြင် မြန်မာပြည်၏ လက်ရှိမြေပြင်အခြေအနေများ၊ အခက်အခဲများ၊ အမေရိကန်အစိုးရနှင့် နိုင်ငံတကာမှ ကူညီထောက်ပံ့မှုရရှိရေး၊ Federal Democracy ဖော်ဆောင်မှုနှင့်ပတ်သက်သည့်ကိစ္စများ၊ နိုင်ငံတကာရေးရာနှင့် ကုလသမဂ္ဂ၏ ဆောင်ရွက်မှုများနှင့် တရားဥပဒေရေးရာများ ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှယ ဖော်ပြပါတယ်။