ဆောင်းပါးအတွေးအမြင်

ပြည်သူပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံရေးဖြစ်စဥ်ကို ပျိုးထောင်ခြင်း

ပြည်သူပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံရေးဖြစ်စဥ်ကို ပျိုးထောင်ခြင်း

By People’s Message

နွေဦးတော်လှန်ရေး (၂) နှစ်ကျော်ကာလ နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာ တိုးတက်မှုများကို ပြန်လည်ဆန်းစစ်ကြည့်လျှင် တော်လှန်အင်အားစုများမှ ဖက်ဒရယ်ယူနစ်/ပြည်နယ် များအလိုက် ဖက်ဒရယ်ကောင်စီများ စုဖွဲလာကြခြင်းနှင့် နယ်မြေအလိုက်သော်လည်းကောင်း၊ လူမျိုးစုအလိုက်သော်လည်းကောင်း စစ်ရေးဆိုင်ရာပူးပေါင်းမှုတချိုစတင်လာနိုင်ခြင်းတိုကို တွေ့မြင်နိုင်သည်။

နယ်မြေထိန်းနိုင်ရေးကိစ္စရပ်များနှင့် စစ်ရေးအရပူးပေါင်းမှုများကို တည်တည်ငြိမ်ငြိမ်ဆောင်ရွက်နိုင်ကြစေရန်မှာ တော်လှန်အင်အားစုအသီးသီး၏ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံရေးအခင်းအကျင်းတရပ်ပီပြင်စွာပေါ်ထွက်လာရေး ရည်မှန်းချက်အပေါ် မူတည်နေပြီ ဖြစ် ကြောင်းကိုလည်း ထင်ထင်ရှားရှားသိမြင်နေရပြီဖြစ်သည်။ 

ထိုအခင်းအကျင်းတွင် ပါဝင်နိုင်ကြစေရန် မည်သိုဆောင်ရွက်ကြမည်ဆိုသည်မှာ နိုင်ငံရေးအရ ပါဝင်ဆုံးဖြတ်ကြမည့် အစုအဖွဲအားလုံး၏ တာဝန်ဖြစ်သည်။ မြေပြင်အခြေအနေနှင့် တတ်နိုင်သမျှ နီးစပ်ရန်နှင့် တော်လှန်အင်အားစု/အစုအဖွဲများအားလုံး၏အသံကို စနစ်တကျစုဆောင်းပြီး နိုင်ငံရေးအရစဥ်းစားဆုံးဖြတ်ကြသည့် လမ်းကြောင်းပေါ်သို ယူဆောင်သွားနိုင်ရန် အရေးကြီးပါသည်။

လက်ရှိအချိန်တွင် မြေပြင်တော်လှန်ရေးအင်အားစုများ၏စုစည်းမှုတခုဖြစ်သည့် စစ်ကိုင်းဖိုရမ်ကဲ့သိုသော ပြည်သူ့ညီလာခံများပေါ် ပေါက်လာရန်စတင်ကြိုးစားနေကြကြောင်းတွေ့မြင်လာရပြီး တပြိုင်တည်းတွင် အစပြုပြီးသား ဖက်ဒရယ်ယူနစ်/ပြည်နယ်များမှဖက်ဒရယ်ကောင်စီများနှင့် ချိတ်ဆက်တိုင်ပင်ညှိနှိင်းအလုပ်လုပ်သွားနိုင်ကြဖိုလည်း အရေးတကြီးလိုအပ်သည်ဟုယူဆပါသည်။

ထိုသိုဆက်သွယ်ညှိနှိင်းတိုင်ပင်လုပ်ဆောင်ရင်း သက်ဆိုင်ရာယူနစ်အသီးသီး၏ အခြေအနေ အကြောင်းအကျိုးများကို နားလည်စာနာ ယုံကြည်မှုတည်ဆောက်ရင်း တော်လှန်ရေးကာလ (ကြားကာလ) အတွင်း တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကိုအခြေခံသည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အစီအမံများဖြင့် ရှေ့ဆက်သွားနိုင်ကြရန်လိုအပ်နေပြီး ထိုမှတဆင့် ဖက်ဒရယ်ကျောရိုး ဟုဆိုရမည့် ပြည်နယ်/ယူနစ်ဖွဲစည်းပုံအခြေခံဥပဒေများ အသီးသီးဖော်ထုတ်ရေးဆွဲနိုင်ကြရေးမှသည် ဖက်ဒရယ်ပြည်ထောင်စုဖွဲစည်းပုံအခြေခံဥပဒေတရပ်ပေါ်ပေါက်လာရေးအထိ နိုင်ငံတည်ဆောက်ရေးကို ဆက်လက်အားထုတ်သွားကြရန် မျှော်လင့်နိုင်စရာရှိပါသည်။

ယင်းအဆင့်ဆင့်သော ပြည်သူ့တော်လှန်ရေးစုဖွဲမှုများကို နိုင်ငံရေးအရခိုင်မာမှုအားကောင်းလာစေရန် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးလမ်းပြမြေပုံအဆင့်များကို ပြန်သုံးသပ်၍ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီဘက်မှ ပွင့်လင်းမြင်သာမှုရှိစွာ ပါဝင်ထိန်းညှိလုပ်ဆောင်သွားစေလိုပါသည်။

တပြိုင်တည်းတွင် အခြေအနေ အကြောင်းအကျိုးကို သေချာစွာ သိ နားလည်မှသာ သင့်လျော် ထိရောက်သည့် ဆုံးဖြတ်ချက်များချနိုင်မည်ဖြစ်၍ မြေပြင်တော်လှန်ရေးအစုအဖွဲများ/ပြည်သူများ သိပိုင်ခွင့်ရှိသည့် နိုင်ငံရေးအရွေ့သတင်းအချက်အလက်များ၊ မိမိတိုတည်ဆောက်ကြမည့်နိုင်ငံအတွက် တန်ဖိုးနှုန်းစံများ၊အသိသညာ အယူအမြင်များကို ပြည်သူတိုအား ရှင်းရှင်းလင်းလင်း အသိပေး မျှဝေနေရမည့် တာဝန်ကို မမေ့လျော့ဖို လိုအပ်ပါသည်။

အထက်ပါနိုင်ငံတည်ဆောက်ရေးအခင်းအကျင်းများအတွက် (မဖြစ်မနေ) လုပ်ရမည့်လုပ်ငန်းစဥ်များကို NUCC အနေဖြင့် (အမြန်ဆုံး) ပြန်လည် ဆင်ခြင် ပြင်ဆင်နိုင်ကြမည်ဆိုလျှင်တော့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးခရီး ပြန်လည်အစပြုနိုင်ကြရေး အသစ်တဖန် မျှော်လင့်ယုံကြည်စရာရှိပါကြောင်း ….။ 

  • People’s Message

Related Articles

Back to top button