သတင်း

စစ်ကောင်စီက မင်းတပ်၊ တိုက်နယ် (၂) သို့ လက်နက်ကြီး ထပ်မံပစ်ခတ်လို့ စာသင်ကျောင်းနှင့် အရပ်သားနေအိမ် ထိခိုက်ပျက်စီးမှုရှိ

ဓါတ်ပုံ - Chin Defence Force –Mindat

ဖက်ဒရယ်ဂျာနယ် မြန်မာ

ဧပြီလ ၂၃၊ ၂၀၂၃။

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် တိုက်နယ် အမှတ် (၂) ဖက်သို့ ခလရ (၂၇၄) စစ်ကောင်စီတပ်က ယမန်နေ့ ဧပြီလ ၂၂ရက်နေ့ ညနေပိုင်း ၄ နာရီခန့တွင် လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့လို့ စာသင်ကျောင်းနှင့် အရပ်သား နေအိမ် ထိခိုက်ပျက်စီးမှု ဖြစ်ခဲ့တယ်လို့ CDF-Mindat က သတင်းထုတ်ပြန်ပါတယ်။

အဲဒီ ပစ်ခတ်မှုဟာ အရပ်သား ပြည်သူများကို ပစ်မှတ်ထားပြီး ထိခိုက်စေလိုသည့် ရည်ရွယ်ချက်ရှိရှိ ဖြင့် ရမ်းသမ်း ပစ်ခတ်မှုများ ပြုလုပ်ခဲ့တာလို့ သူတို့အဖွဲ့က ဆိုပါတယ်။

စစ်ကောင်စီက အရပ်သားပစ်မှတ်ထား တိုက်ခိုက်မှု ပိုမိုပြုလုပ်လာတာကြောင့် မင်းတပ်မြို့နယ်အတွင်းရှိ မိဘ ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီတပ်များ၏ လက်နက်ကြီးဘေးရန်မှ ကာကွယ်နိုင်ရန်နှင့် ထိခိုက်မှု နည်းပါးစေရန်အတွက် သတိဖြင့်နေထိုင်ပေးကြဖို့ အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၄ ရက်နေ့ကလည်း စစ်ကောင်စီ၏ လေကြောင်းရန်နှင့် လက်နက်ကြီး (ဟောင်ဝစ်ဇာအမြောက်)၊ ပစ်ခတ်မှုအန္တရာယ် ကာကွယ်နိုင်သည့် ပုန်းခိုရန် ကတုတ်ကျင်းများ (သတ်မှတ်ထားသည့် စံနှုန်းအတိုင်း) အမြန်ဆုံး တူးထားကြပါရန် တိုက်တွန်းထားပါတယ်။

Related Articles

Back to top button