သတင်း

စစ်ကောင်စီက ကော့ကရိတ်မြို့တောင်ပိုင်း ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့လို့ အရပ်သား တဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့

ဓါတ်ပုံ – Daw Na Column-တောင်ပိုင်းစစ်ဒေသ

ဖက်ဒရယ်ဂျာနယ် မြန်မာ

ဧပြီလ ၂၃၊ ၂၀၂၃။

ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့တောင်ပိုင်း ကျေးရွာများ အတွင်းသို့ ယမန်နေ့ ဧပြီလ (၂၁)ရက်နေ့ မွန်းလွဲ အချိန် ခန့်မှာ စစ်ကောင်စီတပ်က ၁၂၀ မမ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်လို့ အရပ်သား တဦးထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေါနစစ်ကြောင်း က သတင်းထုတ်ပြန်ပါတယ်။

အဲဒီ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ လူနေခြံဝန်းအတွင်း ကျရောက် ပေါက်ကွဲပြီး အရပ်သား အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တာပါ။

စစ်ရေးအရ အဘက်ဘက်တွင်အထိနာနေတဲ့ စစ်ကောင်စီတပ်များဟာ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုများ ပြုလုပ်မှု ပိုမိုပြင်းထန်လာတာကြောင့် မိဘပြည်သူမျးအနေဖြင့် နေထိုင်ရာပတ်ဝန်းကျင် အနီးတို့မှာ လေကြောင်းရန်နှင့် လက်နက်ကြီးရန်များကို ကြိုတင် ကာကွယ်ယူနိုင်ဖို့ ဗုံးခိုကျင်းများ၊ ကတုတ်ကျင်းများ တူးဖော်ပြင်ဆင်ထားဖို့ တိုက်တွန်းထားပါတယ်။

Related Articles

Back to top button