သတင်း

ပုလောမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်လျှက်ရှိ

Photo – ပုလောမြို့နယ်အတွင်းရှိ ပြည်သူများ တိမ်းရှောင်နေပုံ

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ မတ် ၂၆၊ ၂၀၂၃

 

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာမှာ မတ်လ (၂၅)ရက်ကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်ကြောင်း သိရပါတယ်။

 

အဆိုပါ တိုက်ပွဲဟာ မတ် ၂၄ ရက်နေ့ ညနေ ၃ နာရီအချိန်လောက်မှာ ပုလောကုန်းကျေးရွာကို ဝင်ရောက်လာသော ကား ၃ စီးနဲ့ စစ်ကောင်စီတပ်အင်အား ၅၀ ကျော်ပါ ယာဉ်တန်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာမှ စတင်ဖြစ်ပွားခဲ့ပါတယ်။

 

အဆိုပါ နှစ်ဖက်တိုက်ပွဲဟာ မတ် ၂၅ ရက်နေ့ ညနေပိုင်းအထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရပါတယ်၊

 

ပုလောတိုက်ပွဲကြောင့် အနီးအနားရှိ ကျေးရွာများမှ ပြည်သူများမှာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရပါတယ်။

 

ပုလောမြို့နယ်က စစ်ကောင်စီ၏ စစ်အုပ်ချုပ်ရေး ကြေညာထားသော မြို့နယ်တစ်ခု ဖြစ်ပါတယ်။

Related Articles

Back to top button