သတင်း

ဒီးမော့ဆို အရှေ့ခြမ်း နှစ်ဖက်တိုက်ပွဲအတွင်း စစ်သား ၁၄ ဦးသေဆုံး 

ဓါတ်ပုံ – Karenni Military Information Center
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ မတ် ၁၁၊ ၂၀၂၃ 
ကရင်နီတပ်မတော် KA၊ KNDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီ စစ်ကြောင်းတို့ဟာ ဒီမောဆို အရှေ့ခြမ်း၊ ဒေါသဲရွာအတွင်းမှာ ယမန်နေ့၂၀၂၃ ခုနှစ်၊ မတ်လ(၁၀)ရက်နေ့ နံနက်ပိုင်း (၆)နာရီခန့်က နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ နှစ်ဖက် တိုက်ပွဲဖြစ်ပွားမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၄) ဦး သေဆုံးခဲ့ကာ ဒဏ်ရာတချို့ ရှိခဲ့တယ်လို့ ကရင်နီ စစ်ဖက်ဆိုင်ရာဗဟို ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
အလားတူ ဒီမောဆိုအရှေ့ခြမ်း၊ ဒေါတမြေးရွာ၏ အရှေ့ဖက် တောင်ပေါ်သို့ ယမန်နေ့၂၀၂၃ ခုနှစ်၊ မတ်လ(၁၀) ရက်နေ့က တက် လာတဲ့ စစ်ကောင်စီတပ်အား ကရင်နီတပ်မတော်မှ စောင့်ကြို၍ ပြောက်ကျား ပစ်ခတ်ခဲ့ရာ စစ်ကောင်စီ တပ်ဖက်မှ (၂)ယောက်သေဆုံးပြီး KA တို့ဖက်ကတော့ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဘောလခဲဖက်မှ တက်လာသော စစ်ကောင်စီစစ်ကြောင်းကိုလည်း ယမန်နေ့ ၂၀၂၃ ခုနှစ်၊ မတ်လ (၁၀)ရက်နေ့ နံနက်(၁၀)နာရီ (၁၀)မိနစ်အချိန်ခန့်က ဒီမောဆိုမြို့နယ် ပြောက်ကျားတပ်ဖွဲ့ဘက်က ဒေါတမကြီး အုပ်စု၊ ဒေါညေးခူ ရွာ၏တောင်ဖက်မှာ ခြုံခိုတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ ဆိုပါတယ်။

Related Articles

Back to top button