သတင်း

ချင်းပြည်နယ်မှာ ၂ လအတွင်း စစ်ကောင်စီ လေကြောင်းဖြင့် ၁၁၅ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ မတ် ၁၊ ၂၀၂၃
 
ချင်းပြည်နယ်ထဲက မြို့နယ်တချို့မှာ စစ်ကောင်စီက ပြီးခဲ့တဲ့ ဇန်နဝါရီ နဲ့ ဖေဖော်ဝါရီ ၂ လအတွင်းမှာ လေကြောင်း တိုက်ခိုက်မှု ၁၁၅ ကြိမ် ပြုလုပ်ခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) ကထုတ်ပြန်ပါတယ်။
 
အဆိုပါ လေကြောင်း တိုက်ခိုက်မှုများဟာ ထန်တလန်မြို့နယ်ထဲမှာ ၉၇ကြိမ်၊ ဟားခါးမြို့နယ်ထဲမှာ ၄ ကြိမ်၊ မင်းတပ်မြို့ နယ်ထဲမှာ ၁၂ ကြိမ်နဲ့ မတူပီမြို့နယ်ထဲမှာ ၂ ကြိမ် စုစုပေါင်း အကြိမ် ၁၁၅ ပြုလုပ်ခဲ့တယ်လို့‌ ဖော်ပြထားပါတယ်။
 
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ဘုန်းကြီး ကျောင်းအပါအဝင် အရပ်သားနေအိမ်များစွာ ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ရတာပါ။
 
ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO အဖွဲ့၏ အဆိုအရတော့ စစ်ကောင်စီ၏ လေကြောင်း အကြိမ် ၅၀ ကျော် တိုက်ခိုက်ခဲ့ပြီး အနည်းဆုံး ၁၃၈ လုံး ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
 
အဆိုပါ လေကြောင်း တိုက်ခိုက်မှုတွေဟာ စစ်ကောင်စီက ထန်တလန်မြို့အပါအဝင် မြို့နယ် ၆ ခုကို စစ်အုပ်ချုပ်ရေး ကြေညာမှုအပြီး ထန်တလန်မြို့ထဲက စစ်ကောင်စီရဲ့ အဓိကတပ်စခန်းများကို ချင်းကာကွယ်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့နောက် သိသိသာသာ မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။

Related Articles

Back to top button