သတင်း

ဆောထိမြို့နယ် ကျေးရွာ ၃ ရွာ လက်နက်ကြီးပစ်ခတ်ခံရလို့ ပြည်သူများ ရွာလုံးကျွတ် တိမ်းရှောင် 

ဓါတ်ပုံ – KNU (ပုံဟောင်း)
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဖေဖော်ဝါရီ ၁၄၊ ၂၀၂၃
ကေအဲန်ယူ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီ ထူခရိုင်တပ်မဟာ (၃)၊ ပုဇွန်မြောင်းကျေးရွာထဲ တပ်စွဲ ထားတဲ့ စစ်ကောင်စီတပ် ခမရ-၂၀ ဟာ ဆောထိမြို့နယ်အတွင်းသို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ရက် နှင့် ၁၂ ရက်များမှာ လက်နက်ကြီး ၃ လုံးပစ်ခတ်မှုကြောင့် ကျေးရွာ ၃ ရွာမှ ပြည်သူများရွာလုံး ကျွတ်စစ်ဘေးရှောင်နေရတယ်လို့ KNU က ထုတ်ပြန်ပါတယ်။
အဆိုပါလက်နက်ကြီး ပစ်ခတ်မှုကြောင့် ညောင်ပင်ကြီးရွာ၊ ညောင်ပင်ကြီးရွာသစ်နှင့် သက်တူးကုန်းကျေးရွာမှ ပြည်သူ ၁၂၄၃ ဦးတို့ဟာ ကျေးရွာများထဲ မနေရဲကြဘဲ အနီးအနားရှိ ကျေးရွာများ၊ နီးစပ်ရာဆွေမျိုးများနှင့် မြို့ပေါ် သို့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
အဲဒီပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်ပြီး ရွာအတွင်း မွေးမြူထားတဲ့ နွား (၄)ကောင်ပါ ထိခိုက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ အလားတူအပြင် ညောင်ပင်ကြီးကျေးရွာမှပြည်သူ ၃ ဦး လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့‌တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်မှာဘဲ စစ်ကောင်စီတပ် (ခမရ-၉) မှ သထုံမြို့နယ်၊ မိချောင်းအိုင်ကျေးရွာသို့လက်နက်ကြီး ၄ လုံးပစ်ခတ်ခဲ့ရာ၊ မိကျောင်းအိုင် ဘုန်းကြီးကျောင်းသိမ် ထိမှန်ပြီး သိမ်ပျက်စီးကာ သံဃာတော် (၂) ပါးနှင့် သာမဏေ (၁)ပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့တာပါ။

Related Articles

Back to top button