သတင်း

ဖယ်ခုံ-နေပြည်တော်သို့ သွယ်တန်းတဲ့ ဓာတ်အားတိုင် (၉)ခု ဖျက်ဆီးခံရ

ဓါတ်ပုံ – KNDF B-11
ဖယ်ဒရယ်ဂျာနယ် မြန်မာ၊ ဖေဖော်ဝါရီ ၉၊ ၂၀၂၃
 
ကယား(ကရင်နီ)ပြည်နယ်၊ ဖယ်ခုံမြို့နယ်ကနေ နေပြည်တော်သို့ သွယ်တန်းသည့် လျှပ်စစ်ဓာတ်တိုင် (၉)ခုကို ယမန်နေ့က ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
 
ဖယ်ခုံ-နေပြည်တော်သို့ သွယ်တန်းထားတဲ့ လျှပ်စစ်တာဝါတိုင် (၉)ခုကိုတော့ ကရင်နီ၏အမျိုးသားများကာကွယ်ရေးတပ်-တပ်ရင်းအမှတ်(၁၁)က ဖောက်ခွဲဖျက်ဆီးခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
 
ဘာကြောင့် အခုလို ဖျက်ဆီးခဲ့တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့်၊
 
“ကျွန်တော်တို့မြေပေါ်မှာ ဂုတ်သွေးစုပ်ရပ်တည်ပြီး လူတစ်စုဆီအလင်းရအောင်ပို့ပေးတဲ့ လျှပ်စစ်မီးများ အဓွန့်မရှည်စေရ။
 
စစ်တပ်ထောက်တိုင်မှန်သမျှ ဖျက်စီးကြ။ စစ်အုပ်ချုပ်ရေး အလိုမရှိ။ အဆုံးထိ တော်လှန်ကြ။ တိုက်ခိုက်ကြ။” လို့ KNDF B – 11၏ စာမျက်နှာကတဆင့် ထုတ်ပြန် ပြောဆိုထားပါတယ်။
 
ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း လွိုင်ကော်မြို့နယ်ထဲက လျှပ်စစ်ဓာတ်အားတိုင်တချို့ ဖျက်ဆီးခံရတာရှိပေမယ့်၊ ယခုတကြိမ် ဖျက်ဆီးခံရမှုဟာ ဓာတ်တိုင်အရေအတွက် အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
 

Related Articles

Back to top button