တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

စစ်သုံ့ပန်း (၁၁)ဦးအပါအဝင်၊ အကျဥ်းကျသူ ၉ ဦးကို TNLA ထပ်မံလွတ်ငြိမ်းခွင့်ပေး

ဓာတ်ပုံ – PSLF/TNLA (ထုတ်ပြန်ချက်)
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဇန်နဝါရီ ၂၈၊ ၂၀၂၃
 
တအာင်းတပ်မတော် (TNLA)က ၂၀၂၀ ခုနှစ် တိုက်ပွဲအတွင်း ဖမ်းဆီးရမိထားတဲ့ RCSS တပ်ဖွဲ့ဝင် စစ်သုံ့ ပန်း (၁၁)ဦးအပါအဝင် အခြားပြစ်မှုနဲ့ အကျဥ်းကျနေတဲ့ အကျဥ်းသား ၉ ဦးကို ထပ်မံ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တယ်လို့ သိရပါတယ်။
 
၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သည့် နှစ် ၆၀ ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် PSLF/TNLA ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း၏ လွတ်ငြိမ်းချမ်းသာ ခွင့် အမိန့်ဖြင့် စစ်သုံ့ပန်း (၁၁)ဦးနှင့် အကျဉ်းသား (၈)ဦးတို့ကို ဒုတိယအကြိမ် ထပ်မံ လွတ်ငြိမ်း ချမ်းသာခွင့်ပေးခဲ့တာလို့ TNLA က ထုတ်ပြန်ပါတယ်။
 
PSLF/TNLA မှ နှစ်စဥ် တအာင်းအမျိုးသား တော်လှန် ရေးနေ့တွင် စစ်သုံ့ပန်းနှင့် အကျဥ်းသားများကို လွတ် ငြိမ်းချမ်းသာခွင့် ပေးခဲ့ပြီး လာမည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သည့် (၆၀) ပြည့် တအာင်းအမျိုးသား တော်လှန်ရေးနေ့ကို ရည်ညွန်းပြီး ပထမအကြိမ် အကျဥ်းသား (၇၃)ဦးကိုလည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

Related Articles

Back to top button