သတင်း

ဘီးလင်းမြို့နယ် အမြောက်တပ်အား ဒရုန်းဖြင့်တိုက်ခိုက်

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဇန်နဝါရီ ၂၈၊ ၂၀၂၃
 
မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ အမှတ် ၃၁၄ အမြောက်တပ်အား Hawk Revolutionary Squad – HRS နှင့် KNLA တို့ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ဒရုန်းဖြင့် ၂ကြိမ်တိုက်ခိုက်ခဲ့ကြောင်း HRS မှ ထုတ်ပြန်ထားပါတယ်။
 
အဆိုပါအမြောက်တပ်အား KNLA နှင့် HRS ပူးပေါင်းအဖွဲ့တို့မှ တပ်တွင်းသတင်းပေးမှုများအရ စစ်ကောင်စီတပ်သားများ ဘောလုံးကန်နေစဥ် ညနေ ၄နာရီခွဲခန့်တွင် ၆၀ မမ ဗုံးသီးများဖြင့် စတင်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
 
တိုက်ခိုက်မှုပြုလုပ်ချိန်တွင် စစ်ကောင်စီတပ်သားများမှ ဘောလုံးကွင်းတွင် စုဝေးနေချိန်ဖြစ်သောကြောင့် ထိခိုက်သေဆုံးမှုအများရှိနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်။
 
အဆိုပါတိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများ ရမ်းသန်း ပစ်ခတ်မှုရှိခဲ့ပါတယ်။ စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်မှု နောက်ဆက်တွဲ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
 
စစ်ကောင်စီ လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်လာလို့ ကာကွယ်ရေး တပ်ဘက်ကလည်း ည ၇ နာရီခန့်မှာ ဗုံးသီး ၃လုံးဖြင့် နောက်ထပ်ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
 
KNLA တပ်သားများနှင့် HRS အဖွဲ့သားများမှာ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ကြောင်း သိရပါတယ်။

Related Articles

Back to top button