သတင်း

ZoTung နယ်အတွင်း အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်

ဓါတ်ပုံ - CDF - ZoTung
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဇန်နဝါရီ ၂၇၊ ၂၀၂၃
ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲက ZoTung နယ်မြေအတွင်း CDF-ZoTung နဲ့စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်အနီးကပ် စောင့်ကြည့်နေကြပြီး အချိန်မရွေး တိုက်ပွဲ ဖြစ်လာနိုင်ခြေ ရှိကြောင်း သိရပါတယ်။
“အခုအချိန်ထိတော့ တိုက်ပွဲဖြစ်တာ မရှိဘူး။ ဒါပေမဲ့ မနက်ဖန် တဘက်ခါလောက်ဆိုရင် တိုက်ပွဲဖြစ်ပွားနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်”လို့ CDF-ZoTung ပြောရဲဆိုခွင့်ရှိသူ John က ပြောပါတယ်။
ဇိုတုန်နယ်ရှိ သံသေ့ရွာ (Cca Cce Khua)ကို စစ်ကောင်စီတပ်က ယမန်နေ့ ဇန်နဝါရီလ (၂၆)ရက်နေ့ ညပိုင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့လို့ နှစ်ဖက် တင်းမာမှု ဖြစ်ပွားနေပြီး အချိန်မရွေး တိုက်ပွဲဖြစ်နိုင်ခြေရှိနေတာပါ။
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူအချို့ ဒဏ်ရာရရှိခဲ့ပြီး ကျေးရွာ စာသင် ကျောင်းနဲ့ အရပ်သားနေအိမ်အချို့ ပျက်စီးသွားခဲ့ကြောင်း သိရပါတယ်။
လက်ရှိအချိန် သံသေ့ရွာ (Cca Cce Khua) ရှိ ပြည်သူ ၃၀၀ ရာဝန်းကျင်ခန့်ဟာ နီးစပ်ရာ ကျေးရွာများသို့ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရပြီး အရေးပေါ် အခြေခံ အစားအစား၊ အဝတ်အထည်များ လိုအပ်နေတဲ့အပြင်၊ ရာသီဥတု အေးနေခဲနေတာကြောင့် နေရာထိုင်ခင်များအတွက် အသုံး အဆောင် အခင်းများနှင့် စောင်ထည် ပစ္စည်းတချို့လည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။

Related Articles

Back to top button