သတင်း

SSPP ဗဟိုဌာနချုပ်အပေါ် စစ်လေယာဉ် ပျံဝဲ

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဇန်နဝါရီ ၂၄၊ ၂၀၂၃
 
စစ်ကောင်စီစစ်တပ်သုံး YAK- 130 အမျိုးအစား ဂျက်တိုက်လေယာဉ်တစ်စင်းဟာ SSPP/ SSA ဌာနချုပ်အပေါ် ဇန်နဝါရီလ ၂၄ ရက်နေ့ မနက် ၁၁နာရီ ၅၀ မိနစ်အချိန်မှာ အနိမ့်ရှပ်ပျံ့သန်းခဲ့ပါတယ်။
 
ထိုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘာကြောင့် အခုလို ပျံ့သန်းတာလဲဆိုတဲ့ အကြောင်းအရင်းကို အတိအကျ မသိရသေးပါဘူး။
 
အခုလိုလုပ်ရပ်ဟာ SSPP/ SSA အပေါ် ရန်စစော်ကားသည့် လုပ်ရပ်ဟု ယူဆပြီး၊ နောက်တစ်ကြိမ် ဤကဲ့သို့ အကြောင်းမကြားဘဲ ဝမ်ဟိုင်းမြို့ပေါ်သို့ လေယာဉ်ပျံသန်းခြင်းများ၊ လေ့ကျင့်ခြင်းများ ထပ်မံပြုလုပ်ပါက တပ်မတော်ရဲ့ တာဝန်သာ ဖြစ်တယ်လို့ SSPP ဘက်က ပြောဆိုပါတယ်။
 
SSPP မှ ပြောခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းဆုက စစ်ကောင်စီ တိုက်လေယာဥ်ပျံသန်းမှုအပေါ် တပ်မတော် ငြိမ်းချမ်းရေး ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး (၂) ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်ထဲ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ၎င်းကိုယ်တိုင် မသိသေးကြောင်းနှင့် ပြန်လည်အကြောင်းပြန်မည်ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ SSPP ဘက် ပြောဆိုထားပါတယ်။

Related Articles

Back to top button