ကျုံကဒတ်ကျေးရွ ာအုပ်ချုပ်ရေးမှူးရုံ းဗုံးပေါက်ပြီးနောက် အရပ်သားပြည်သူ ၄ ဦး ဖမ်းဆီးခံရ
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဇန်နဝါရီ ၅
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃ရက်နေ့၊ ည၈နာရီခန့်က မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ကျုံကဒတ် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်များက ဒေသခံ အမျိုးသား ၄ဦးကို လာရောက်ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။
“ဖမ်းဆီးခံရတဲ့ ၄ယောက်မှာ ၃ယောက်ကတော့ရွာသားတွေပါ၊၁ယောက်က ဧည့်သည်ဖြစ်ပါတယ်။ အဖမ်းခံရသူထဲက ဦးကြည်ဝင်းဆိုသူဟာ ပြည်သူ့စစ် အဟောင်းဖြစ်ပါတယ်။ နောက်ပြီး အသက် ၇၀ကျော်အရွယ် သက်ကြီးရွယ်အို အမျိုးသားတစ်ယောက်လည်း ပါတယ်။ ” လို့ ကျုံကဒတ် ရွာသားတစ်ဦးထံမှ သိရပါတယ်။
ဖမ်းဆီးခံရသူတွေကို သံဖြူဇရပ်မြို့မ ရဲစခန်းမှာ ဖမ်းဆီးထားပြီး လက်ရှိအချိန်အထိ မိသားစုဝင်များနှင့် အဆက်အသွယ် မရသေးကြောင်းသိရပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် အုပ်ချုပ်ရေးမှူးရုံး၏ အနောက်ဘက်ခြမ်းထိခိုက်ပျက်ဆီးမှုရှိသော်လည်း လူထိခိုက်ဒဏ်ရာရခြင်း
မရှိကြောင်း သိရပါတယ်။
ဗုံးဖောက်ခွဲမှုနဲ့ ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းက ပြုလုပ်ကြောင်းကိုတော့ ထုတ်ပြန်ထားခြင်း မရှိသေးပါ။