သတင်း

KNU တပ်မဟာ ၆ နယ်မြေက ကော်ဘရာစစ်ကြောင်း၏ စစ်သင်တန်း ဆင်းပွဲသို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တက်ရောက် မိန့်ခွန်းပြောကာ လက်နက် ၅၀ ပေးအပ်

ဓါတ်ပုံ - Ministry of Defence - National Unity Government of Myanmar
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဒီဇင်ဘာ ၂၆
KNU တပ်မဟာ ၆ နယ်မြေက ကော်ဘရာစစ်ကြောင်း စစ်သင်တန်းဆင်းပွဲသို့ ယမန်နေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ ကျင်းပခဲ့အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ဝန်ကြီးချုပ် မန်းဝင်းခိုင် သန်း တက်ရောက် မိန့်ခွန်းပြောကာ လက်နက် ၅၀ ပေး အပ်ခဲ့တယ်လို့ NUG က တရားဝင် သတင်း ထုတ်ပြန်ထားပါတယ်။
NUG က ပေးတဲ့ သေနတ် အလက် ၅၀ ကိုတော့ ကော်ဘရာစစ်ကြောင်း ဒုစစ်ကြောင်းမှူး လက်ခံ ရယူခဲ့ပြီး ဂုဏ်ပြု ဆုငွေ ၁၀ သိန်းကျပ်ကိုတော့ CRPH မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်သင်တန်းဆင်းပွဲမှာတော့ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အစိုးရ၏ တစ်နှစ်တာ စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ တိုင်းရင်းသား မဟာမိတ်အဖွဲ့များနှင့် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်နေမှု၊ ကုလသမဂ္ဂ အပါအဝင် ကမ္ဘာ့နိုင်ငံများနှင့် သံခင်းတမန်ခင်း ကောင်းမွန်စွာချိတ်ဆက် ထားနိုင်မှု၊ တစ်ပြည်လုံးအတိုင်းအတာဖြင့် တိုင်းရင်းသား မဟာမိတ်တပ် များနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ ပူးပေါင်းပြီး စစ်ဆင်ရေးအသာစီး ရယူ ဆောင်ရွက် ထားနိုင်မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။

Related Articles

Back to top button