တိုင်းရင်းသားများသတင်း

လိုင်ဇာမြို့အနီးဝန်းကျင်ဘက်သို့ စစ်ကောင်စီ လက်နက်ကြီး လှမ်းပစ်ခတ် 

ဓါတ်ပုံ – Kachinland News
 
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဒီဇင်ဘာ ၁၉
 
ကေအိုင်အေ ဌာနချုပ်တည်ရှိတဲ့ ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးဝန်းကျင်ဘက်သို့ စစ်ကောင်စီတပ်က ဒီကနေ့ ဒီဇင်ဘာ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီကျော်ခန့်မှာ လက်နက်ကြီးများဖြင့် ၅ ကြိမ်ထက်မနည်း လှမ်းပစ်ခတ်ခဲ့တယ်လို့ ကေအိုင်အေ ပြန်ကြားရေးသတင်းရင်းမြစ်အရ သိရပါတယ်။
 
ဝိုင်းမော်မြို့နယ် နန့်ဆန်ယန်ကျေးရွာနှင့် လိုင်ဇာမြို့ကြားမှာ တည်ရှိတဲ့ ခယာဘွမ်အခြေစိုက် စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
 
ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးများဟာ လိုင်ဇာမြို့ဝန်းကျင်ထဲမှာ တည်ရှတဲ့ မုန်ခိုင်ခတ်၊ ဝဲကြိုင် ရက်ကွက် အနီးဝန်းကျင်တို့မှာ ကျရောက်ပေါက်ကွဲခဲ့လို့ ဒေသခံများ စိုးရိမ်းမှု မြင့်တက်ခဲ့ပါတယ်။
 
ပြီးခဲ့တဲ့ နိုဝင်ဘာလထဲကလည်း ကေအိုင်အေထိန်းချုပ်နယ်မြေဖြစ်တဲ့ တရုတ်နယ်စပ် လိုင်ဇာနဲ့ မိုင်ဂျာနယ်မြို့ အနီးဝန်းကျင်တို့မှာ စစ်ကောင်စီက လက်နက်ကြီးများ ပစ်ခတ်ခဲ့ပြီး တိုက်ခိုက်ရေး ဂျက်လေယဉ်တို့ဖြင့် ပျံသန်းမှုများ ပြုလုပ်ခဲ့ပါသေးတယ်။

Related Articles

Back to top button