သတင်း

ပလက်ဝ-မတူပီ နယ်စပ်က ဘွေလီ စစ်ကောင်စီဂိတ်စခန်း တိုက်ခိုက်ခံရ

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဒီဇင်ဘာ ၁၇
ပလက်ဝ-မတူပီ နယ်စပ်က စစ်ကောင်စီ ဂိတ်ထိုးထားတဲ့ ဘွေလီဂိတ်စခန်းကို Chinland Defense Force- Paletwa ဘက်မှ ယမန်နေ့ ဒီဇင်ဘာလ (၁၆)ရက်နေ့၊ နံနက် (၇)နာရီအချိန်ခန့်မှာ စတင် ဝင်ရောက် ပစ်ခတ်ခဲ့လို့ (၁၅)မိနစ်ကြာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြပါတယ်။
အဲဒီနှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦးသေဆုံး၊ (၅)ဦးထက် မနည်း ထိခိုက် ဒဏ်ရာရရှိပြီး CDF-Paletwa ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့ သတင်းထုတ်ပြန်ပါတယ်။
တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ဟာ ၎င်းကိတ်အနီးရှိ ဘွေလီကျေးရွာနဲ့ တွီဆော့ကုန်းကျေးရွာ ဘက်သို့ ဦးတည်ပြီး လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်လာလို့ ဒေသခံ ပြည်သူများက ဘေးလွတ်ရာသို့ ထွတ်ပြေးတိမ်း ရှောင်ခဲ့ကြပါတယ်။
CDF-Paletwa – ထုတ်ပြန်ချက်

Related Articles

Back to top button