တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

စစ်ကောင်စီ ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ ထပ်မံတွေ့ဆုံ

ဓါတ်ပုံ – One News Myanmar

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ နိုဝင်ဘာ ၁၀

စစ်ကောင်စီ ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီတို့ နေပြည်တော်မှာ ထပ်မံ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီ အာဘော် သတင်း ဌာနဘက်က ဖော်ပြချက်အရ သိရပါတယ်။

အဲဒီတွေ့ဆုံမှုမှာတော့ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၁) ၊ (၂) နဲ့ (၃) တို့ပါ သဘောတူညီ ချက်တွေကို ဖွဲ့စည်းပုံအခြေခံ ဥပဒေ တည်ဆဲ ဥပဒေ တွေနဲ့ ကိုက်ညီမှုရှိ မရှိ လေ့လာ စီစစ်ချက်တွေကို စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဆိုင်ရာ ဆွေးနွေးရေးအဖွဲ့နဲ့ မွန်ပြည်သစ်ပါတီတို့က မနေ့ နိုဝင်ဘာ ၉ ရက် ကတည်းက နေပြည်တော်မှာ နှစ်ဖက်တွေ့ဆုံဆွေးနွေးနေတာလို့ ဆိုပါတယ်။

ဒါ့အပြင် ဒုတိယအကြိမ် ဆွေးနွေးခဲ့စဉ်က မပြီးပြတ်ဘဲ ဆက်လက်ဆွေးနွေးညှိနှိုင်းဖို့ ကျန်ရှိနေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ဇယား ၁၊ ပြည်ထောင်စု ဥပဒေပြုစာရင်းနဲ့ ဇယား ၂၊ တိုင်းဒေသကြီး(သို့) ပြည်နယ်ဥပဒေပြုစာရင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တာလို့ ဆိုပါတယ်။

အလားတူ ၎င်းတို့ တွေ့ဆုံဆွေးနွေးမှုမှာ နှစ်ဖက်သဘောထားများ၊ လိုလား ချက်များကို အပြန် အလှန် ဆွေးနွေး ညှိနှိုင်းခဲ့ကြသလို ဒီကနေ့ နိုဝင်ဘာ ၁၀ ရက်ထိ ဆွေးနွေးပွဲ ၂ ရက်တာ ကျင်းပ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုနှင့်ပတ်သက်ပြီး FJM က မွန်ပြည်သစ်ပါတီဘက်က ဆက်သွယ် မေးမြန်း ခဲ့ပေမယ့် တစုံတရာ အကြောင်းပြန်ကြားခြင်း မရှိသေး ပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာလက စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးမှုများ ထပ်မံမပြု လုပ်ရန် မွန်ပြည်သစ် ပါတီ ထံသို့ မွန်အရပ်ဘက် အဖွဲ့အစည်းတချို့က ပူးပေါင်း ပြီး အိတ်ဖွင့်ပေးစာပေးပို့ခဲ့သလို လဂွန်းအိမ်က ကောက်ခံတဲ့ စစ်တမ်းအရ လည်း မွန်လူထုအများက စစ်ကောင်စီနဲ့ မတွေ့ဆုံဖို့ သဘောထားပေးခဲ့တာ တွေ့ရပါတယ်။

Related Articles

Back to top button