တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

ကရင်နီ(ကယား)ပြည်နယ် CDM လှုပ်ရှားမှု အားကောင်းသာကြောင့် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တယားများ ရပ်ဆိုင်းနေပြီဖြစ်ကြောင်း KSCC ပြော

ဖက်ဒရယ်ဂျာနယ်
ဖေဖော်ဝါရီ ၁၆၊ ၂၀၂၂ 

ပြည်သူ့ ဝန်ထမ်းတွေရဲ့ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွေကြောင့် ကရင်နီ (ကယား)ပြည်နယ်တွင် တနှစ်တွင်း စစ်ကောင်စီ၏ လုပ်ငန်း လည်ပတ်မှုတွေ အားလုံးနီးပါး ရပ်တန့်နေပြီလို့  ဖေဖော်ဝါရီ (၁၃)က ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) ကထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ကရင်နီ(ကယား)ပြည်နယ်ကို ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်လာပြီး CDM ပြုလုပ်လျက်ရှိသည့် ပြည်သူ့ဝန်ထမ်းများကို ဖေဖော်ဝါရီလ ၂၅ ရက်မတိုင်မှီ လုပ်ငန်းတာဝန် ပြန်လည်ထမ်းဆောင်ဖို့ ညွန်ကြားထားတယ်လို့ ဒေသအရင်းအမြစ်များက ပြောဆို ကြပါတယ်။

CDM လှုပ်ရှားမှုနဲ့ စပ်လျဉ်းပြီး ပြည်သူ့ဝန်ထမ်းတွေရဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှုကြောင့် ကျေးလက် ဒေသတွေမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တယားတွေ ရပ်ဆိုင်းသွားတာကြာပါပြီလို့ KSCC ရဲ့ ပြောခွင့်ရ အယ်ဗလင်းက ဖက်ဒရယ်ဂျာနယ်ကို အခုလို ပြောပါတယ်။

“ကရင်နီပြည်ရဲ့ ပြည်သူ့ဝန်ထမ်းများအာဏာဖီဆန်ရေးလှုပ်ရှားမှုဟာ အင်မတန်မှ ဂုဏ်ယူဖွယ်ဖြစ်တယ်။ တနိုင်ငံလုံး အတိုင်းအတာမှာ ကရင်နီပြည်ရဲ့ ပြည်သူ့ ဝန်ထမ်းများအာဏာဖီဆန်ရေးလှုပ်ရှားမှုဟာ ယေဘုယျ အားဖြင့် အမြင့်ဆုံး အခြေအနေရှိပါတယ်။ အထူးသဖြင့် ကရင်နီပြည်က ပြည်သူ့ရဲတွေရဲ့ တော်လှန်ရေးအတွင်း ပါဝင်မှုအခန်းကဏ္ဍဟာ တနိုင်ငံလုံးက အသိမှတ်ပြုလေးစားကိုးဖွယ်ဖြစ်လာပါတယ်။ ဖေါ်ဖေါ်ဝါရီလ (၁)ရက်နေ့ အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒထုတ် ဖေါ်စဉ်ကတည်းက ပြည်သူ့ ဝန်ထမ်းတွေရဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှုကြောင့် ကျေးလက်ဒေသတွေမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တရားတွေ ရပ်ဆိုင်း သွားတာကြာပါပြီ၊ ဒီကနေ့အချိန်မှာ မြို့ပြအထိ ပြည်သူ့ဝန်ထမ်းတွေ အာဏာဖီဆန်မှု အရှိန်မြင့်လာတဲ့ အကြောင်းအရင်းနဲ့ မြို့တွင်း စစ်ပွဲတွေကြောင့် ဝန်ထမ်းတွေ ထွက်ပြေးသိမ်းရှောင်တဲ့ အကြောင်းအရင်းတွေကြောင့် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တရားဟာ မလည်ပတ် နိုင်တော့ဘူးဆိုတာ တွေ့ရ ပါတယ်” ဟု ပြောပါတယ်။

သူ ဆက်ပြောသာက …..
“ဒုဦးစီးချုပ်အဆင့်ထိ ရောက်လာပြီး အမိန့်စာတွေနဲ့ ဝန်ထမ်းတွေကို ပြန်လာဖို့ ထုတ်ပြန်တာတွေလုပ်ရတယ်။ တိုက်ပွဲအခြေအနေကြောင့် ထွက်ပြေးသိမ်းရှောင်တဲ့ ဝန်ထမ်းအချို့တော့ ပြန်လာနိုင်ဖွယ်ရှိတယ်လို့မြင်ပေမဲ့ ခံယူချက်နဲ့ CDM လုပ်တဲ့ ဝန်ထမ်းတွေတော့ လုပ်ငန်းခွင်ပြန်ဝင်မှာမဟုတ်ဘူးလို့ယုံကြည်တယ်” ဟု ပြောပါတယ်။

အခုလို ပြည်သူ့ဝန်ထမ်းများ CDM လှုပ်ရှားမှု ပိုမိုပါဝင် အားကောင်းလာသာက စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဖိနှပ်မှုတွေဟာ ပြည်သူ့ဝန်ထမ်းတွေ အာဏာဖီ ဆန်ရေး လုပ်ရှားမှုတွေမှာ ပိုမိုပါလာနိုင်တဲ့ အကြောင်းအရာ တွေပဲဖြစ်ပါတယ်လို့ KSCC ရဲ့ ပြောခွင့်ရ အယ်ဗလင်းက ဖက်ဒရယ်ဂျာနယ်ကို အခုလို ပြောပါတယ်။

“ပြည်နယ်အဆင့်ဝန်ထမ်းတွေ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေမှာ ပိုမိုပါဝင်လာမယ်လို့မျော်လင့်တယ်။ အပြစ်မဲ့ ပြည်သူတွေအပေါ် ဦးတည်တိုက်ခိုက်လာတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်တွေဟာ ပြည်သူလူထုတစ်ရပ်လုံးအတွက် လက်မခံနိုင်တဲ့ အရာတွေဖြစ်တယ်။ မိမိတို့ရှေ့မှာဆွေမျိုးသားချင်းတွေ မိတ်ဆွေတွေ ပြည်သူတွေ ရက်ရက် စက်စက် သတ်ဖြတ်ခံရတယ်။ အိုးအိမ်တွေမီးရှို့ဖျက်ဆီးခံရတာတွေ၊ ဖေါက်ထွင်းခိုးယူတာတွေ နေ့စဉ် ရက်ဆက် မြင်နေရတယ်။ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဖိနှပ်မှုတွေဟာ ပြည်သူ့ဝန်ထမ်းတွေ အာဏာဖီ ဆန်ရေး လုပ်ရှားမှုတွေမှာ ပိုမိုပါလာနိုင်တဲ့ အကြောင်းအရာတွေပဲဖြစ်ပါတယ်။ KSCC လက်လှမ်းမီတဲ့ စရင်းကတော့ ၇၀၀၀ ကျော်ရှိတယ်။ သို့သော် ဒီထက်များမယ်လို့မြင်တယ်” ဟု ပြောပါတယ်။

စစ်ကောင်စီရဲ့အုပ်ချုပ်ရေး ယန္တယားကို လုံး၀ရပ်တန့်စေနိုင်ရေးနဲ့ ပြည်သူ့ဝန်ထမ်းများ CDM လှုပ်ရှားမှုမှာ ပိုမို ပါဝင်လာနိုင်ဖို့အတွက် KSCC ရဲ့ ပြောခွင့်ရ အယ်ဗလင်းက ဆက်လက် တိုက်တွန်းပါတယ်။

“စစ်အာဏာရှင်ကိုဆန့်ကျင်တော်လှန်ရေးမှာ စစ်ရေးတခုတည်းပြင်ဆင်မှုနဲ့မလုံလောက်နိုင်ဘူး။ နိုင်ငံရေး ပြင်ဆင်မှုပါ ဒွန်တွဲ လုပ်ဆောင်ရမှာဖြစ်တယ်။ နိုင်ငံရေးပြင်ဆင်မှုမှာ ပြည်သူ့ဝန်ထမ်းတွေရဲ့ အခန်းကဏ္ဍက အရမ်းကိုအရေးကြီးပါတယ်။ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တယားကိုရပ်တန့်စေတဲ့အပြင် အနာဂါတ် ပြည်နယ် အုပ်ချုပ်ရေး တည်ဆောက်တဲ့နေရာမှာလဲ ဦးဆောင်ရမှာဖြစ်တယ်။ လက်ရှိ CDM, and Non CDM ကိုပါ မေတ္တာရပ်ခံချင်ပါတယ်။ အသက်ပေး၊ အဖမ်းအဆီးခံ၊ အနှိပ်စက်ခံပြည်သူလူထုများနဲ့အတူရပ်တည်ကြရင်း မိမိတို့ လိုအားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးမှာ ဆက်လက် ပူးပေါင်း ပါဝင်ပေးကြဖို့” တိုက်တွန်း ပြောဆိုပါတယ်။

တော်လှန်ရေး အင်အားစုများအနေဖြင့် နှစ်ပေါင်း (၇၀)ကျော်ကြာ ကြီးစိုးလွမ်းမိုးခဲ့သော စစ်အာဏာရှင်နှင့် အာဏာရှင်မှန်သမျှကို အမြစ်ပြတ်ချေမှုန်းရာ၌ ၎င်းတို့၏ ယန္တယား လည်ပတ်နိုင်အောင် ထောက်ကူပြုနေသည့် ထောက်တိုင်များအားလုံးကို ချေမှုန်းဖြိုလဲသွားမည်ဖြစ်ကြောင်း KSCC က ပြောဆိုထားပါတယ်။

Related Articles

Back to top button