တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

အပတ်စဉ်(၄) သစ်တော်၊ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေး အခြေခံ သင်တန်း KIO ပြုလုပ်

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ နိုဝင်ဘာ ၂

အပတ်စဉ်(၄) အခြေခံ သစ်တော်၊ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေး အခြေခံ သင်တန်းကို ယမန့်နေ့ နိုဝင်ဘာ ၁ ရက်နေ့ စတင်ပြီး KIO ၏ သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန ဦးဆောင်ကမကထပြုပြီး ဖွင့်လှစ်သင်ကြားပေးတယ်လို့ KIO ဘက်ကလာတဲ့ သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

သင်တန်းကာလဟာ (၃)ကြာမြင့်မာဖြစ်ပြီး လက်တွေ့နဲ့ သီအိုရီ အယူအဆတို့ကိုပေါင်းစပ် သင်ကြားပေးမှာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။

သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၏ အတွင်းရေးမှူး ဗိုလ်မှူးကြီး ကွမ်ထပ် ဘရန်ဆိုင်းက “ကျနော်တို့ ဦးဆောင်ကမကထပြုပြီး ဒီလုပ်ငန်းတွေကို ပိုပြီး ကျယ်ပြန့်စွာ စနစ်တကျနဲ့ လုပ်ကိုင်တက်ဖို့ လက်တွေ့ ဦးဆောင်မယ့်သူတွေကလည်း လိုအပ်ချက်တွေ များနေသေးတော့ ဒီလိုပညာပေး၊ လက်တွေ့သင်ကြားတဲ့ သင်တန်းတွေကို အောက်ခြေအဆင့်ထိ ပါဝင်ပတ်သတ်နိုင်အောင် စီစဉ်တာဖြစ်တယ်”လို့ ပြောပြထား ပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဟာ သက်ဆိုင်ရာ အစိုးရအဆင့် ဝန်ကြီးဌာနအလိုက် အုပ်ချုပ်မှု ယန္တယားများကို ဖွဲ့စည်း လည်ပတ်နေတာ ဖြစ်ပြီး  ဝန်ကြီးဌာနတခုဖြစ်တဲ့ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်း ရေးဌာနကိုလည်း လက်တွေ့အားကောင်းစွာ စနစ်တကျ လည်ပတ်နိုင်ဖို့ ပြင်ဆင်မွမ်းမံနေတာ ဖြစ်ပါတယ်။

Related Articles

Back to top button