တိုင်းရင်းသားများသတင်း

လီဒိုလမ်းမကြီးပေါ်က ဝါရာဇွပ် တံတားအနီး ကေအိုင်အေနဲ့ စစ်ကောင်စီတို နှစ်ဖက်တိုက်ပွဲပြင်းထန်

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ စက်တင်ဘာ ၇

ကချင်ပြည်နယ် တနိုင်းမြို့နယ် လီဒိုလမ်းမကြီးပေါ်က ဝါရာဇွပ် တံတားအနီး ကေအိုင်အေနဲ့ စစ်ကောင်စီ တို့ ဒီကနေ့ မနက် (၉)နာရီခန့်မှာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တယ်လို ဒေသသတင်းအရင်းအမြစ်အရ သိရပါတယ်။

မရန်ကထောင် ကျေးရွာဘက်က ခြေလျင် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်မ ၈၈ တပ်ဖွဲ့ဝင် များဟာ ကေအိုင်အေ တပ်ရင်း ၁၄ နေမြေဒေသဘက်ကို ကျူးကျော်ဝင်ရောက်လာတာကြောင့် နှစ်ဖက်တိုက် ပြင်းထန်ခဲ့တာလို သိရပါတယ်။

အဲဒီတိုက်ပွဲ ပြင်းထန်ခဲ့တဲ့ နေရာဒေသဟာ ကေအိုင်အေ တပ်မဟာ ၂၊ တပ်ရင်း (၁၄) နယ်မြေ လို့ သတ်မှတ်ထားတဲ့ ဒေသဖြစ်ပါတယ်။

အဲဒီတိုက်ပွဲအတွင်းမှာတော့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲဝင်များကို စစ်ရေး ဗျူဟာ ချထားတဲ့ မိုင်းများနဲ့ ကေအိုင်အေက လေးကြိမ်တိုင် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ သေဆုံးမှုရှိပြီး ထိခိုက်ဒဏ်ရာရရှိသူများခဲ့တယ်လို ဆိုပါတယ်။ ဒါပေမယ့် ထိခိုက် သေဆုံးသူ အရေအတွက်ကိုတော့ အတိအကျ မသိရှိရသေးပါဘူး။

အလားတူ ယမန်နေ့က တိုက်ပွဲပြင်းထန်ခဲ့တဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်၊ ကေအိုင်အေ တပ်မဟာ (၆) တပ်ရင်း ၉ နမ့်ဖက်ကာ ကောင်ဆောက် ကျေးရွာဟောင်း အနီးမှာလည်း ဒီကနေ့ မနက်ပိုင်း ၉ နာရီ ဝန်းကျင်ခန့်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်မ (၇၇) နဲ့ တပ်က (၉၉) တပ်ဖွဲဝင် အင်အား ၂၀၀ ဝန်းကျင်ခန့်ရှိတဲ့ ပူးပေါင်းအဖွဲ တွေနဲ့ နှစ်ဖက်တိုက်ပွဲ ထပ်မံပြင်းထန်ခဲ့တယ်လို သိရပါတယ်။

အဲဒီနှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တဲ့အနီးဝန်းကျင်မှာတော့ နမ့်ဖက်ကာ ခလရ (၁၂၃) တပ်ဖွဲဘက်က လက်နက်ကြီးများဖြစ် ပစ်ခတ်တိုက်ခိုက် ကူခဲ့သလို မွန်းတည့် ၁၂ နာရီခန့်မှာလည်း လေကြောင်း ဂျက်လေယဉ်ဖြစ် လာရောက် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – Getty (ပုံဟောင်း)

Related Articles

Back to top button