သတင်း

NUG နှင့် NUCC တို့၏ လုပ်ဆောင်ချက်များကို မေးခွန်းထုတ်ခဲ့သည့် ရန်ကုန်သပိတ်

ဓာတ်ပုံ – AAMIJ

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဩဂုတ် ၂၀

ရန်ကုန်မြို့ ရွှေတိဂုံဘုရားအရှေ့မုတ်တွင် ယနေ့ (သြဂုတ် ၂၀) ညနေပိုင်း၌ တော်လှန်လူငယ်များ ပူးပေါင်း ၍ စစ်ကောင်စီကို ဆန့်ကျင်​ကြောင်း ဆန္ဒပြခဲ့ပြီး NUG နှင့် NUCC တို့၏ လုပ်ဆောင်ချက်များကို မေးခွန်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

လူငယ်များက “ငါတို့ဘယ်တော့မှမကြောက်ဘူး “ ဟူသော ကြွေးကြော်သံ များနှင့် လူပီသသည့် ဘဝများရရန် “တော်လှန်ခြင်းမှ တပါးအခြားမရှိ“ ဟု YRF မှ ဦးဆောင်ကာ “Bella Ciao“ သီချင်းကို သီဆိုဟစ်ကြွေးရင်း ဆန္ဒ ထုတ်ဖော်ခဲ့ကြတယ်လို့ ဆိုပါတယ်။

တော်လှန်လူငယ်များက တိုင်းပြည် တာဝန်ထမ်းဆောင်ရာ၌ ပိုမိုထိရောက် သည့် လုပ်ငန်း ဆောင်တာ များကို ပြည်သူ့တော်လှန်ရေး အဖွဲ့အစည်းများ ဖြစ်သည့် NUG နှင့် NUCC ကိုလည်း

“တော်လှန်ရေးအစိုးရ ပီသစွာ တော်လှန်ရေး တာဝန် များကို ဖြည်းဖြည်း နှေးနှေး၊ အေးအေးဆေးဆေး လုပ်မနေဘဲ အလေးအနက်ထား လုပ်ဆောင် စေလိုကြောင်း” ရည်ရွယ်၍ သရော်စာများဖြင့်လည်း တိုက်တွန်း နှိုးဆော်ခဲ့သာ တွေ့ရပါတယ်။

တိုင်းပြည်အတွက် အသေခံကြိုးပမ်းလျက်ရှိသော တော်လှန်ရေး လူငယ်များ ဖြစ်သည့် Yangon Revolution Force – YRF ( Soft Strike Community )၊ Yangon’s Rebels Strike Committee – YRSC၊ Revolution Force – RF၊ Yankin Protests၊ သဃ်န်းကျွန်းမြို့နယ် ကျောင်းသား များ သမဂ္ဂ၊ ပုဇွန်တောင် ဗိုလ်တထောင်လူငယ်များသပိတ်ကော်မတီ ၊ ထားဝယ်မြို့နယ် အခြေခံပညာ ကျောင်းသား များသမဂ္ဂနှင့် လှိုင်သာမြို့နယ်အခြေခံ ပညာကျောင်းသားများ သမဂ္ဂ တို့ ပူးပေါင်း ပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။

Related Articles

Back to top button