ဖက်ဒရယ်ဂျာနယ် ( မတ်လ / ၁၈ )
နယ်ခြားစောင့်တပ် (BGF) တပ်ရင်း ၁၀၁၆ မှ တပ်သားအဆင့်ရှိ စောမော်ဝါး သည် လက်နက်ခဲယမ်း အပြည့်အစုံနှင့်အတူ အမှတ်(၅)တပ်မဟာလက်အောက်ရှိ တပ်ရင်း(၁၀၂)၊ တပ်ခွဲ(၃)သို့ ယမန်နေ့ မတ်လ (၁၇)ရက်နေ့ တွင် အလင်းဝင်လာကြောင်း ကေအဲန်ယူ-မူတြော် သတင်းစဉ်တွင် ဖော်ပြထားသည်။
ထိုသို့အလင်းဝင်ရောက်ခိုလှုံရာတွင် ၎င်းနှင့်အတူ M-16 AR တစ်လက်၊ ကျည်ကာ(၃)ချပ်နှင့် ကျည်ဆံ အလုံး (၃၀၀) ယူဆောင်လာခဲ့ကြောင်းသိရသည်။ ဖားအံဇာတိသားစောမော်ဝါး သည် ၎င်း၏ အထက်အရာရှိများ၏ အမိန့်စေခိုင်းချက်ဖြင့် ကရင်အချင်းချင်းအား ပြည်လည်တိုက်ခိုက်စေရန် သော်လည်းကောင်း အပစ်မဲ့ပြည်သူ များအားသတ်ဖြတ်ရန် သော်လည်းကောင်း အမိန့်ပေးစေခိုင်းမှုအား လူစိတ်ကင်းမဲ့စွာ မိုက်ရူးရဲဆန်ဆန် မပြုလုပ် လိုတော့သဖြင့် ယခုလိုအလင်းပြန်လည်ဝင်ရောက်လာရခြင်းဖြစ်ကြောင်း မူတြော်သတင်းစဉ်က ဖော်ပြထားသည်။