တိုင်းရင်းသားများသတင်းသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 62, August 4, 2023)

၁။ TNLA နဲ့ တိုက်ပွဲမှာ စစ်တပ်ဘက်က ၁၀ ဦးထက်မနည်းသေဆုံးပြီး လက်နက်တွေလည်း သိမ်းဆည်းခံရ
    August 3, 2023

ဩဂုတ် ၂ ရက် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအုပ်စု နားထမ်နဲ့ဂေါင်ရာရွာအနီး ဖြစ်ပွားခဲ့တဲ့ တအာင်းတပ်မတော် (TNLA)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲမှာ စစ်တပ်ဘက်က ၁၀ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူလည်း များခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီ တပ်မ(၉၉) ခ ခမရ (၄၂၀)၊ ခလရ (၂၆၁)၊ (၄၂၁)နဲ့ နမ့်ခမ်းမြို့မ ပြည်သူ့စစ်တပ်ဖွဲ့တွေလည်း ပါဝင်ခဲ့ ပြီး တိုက်ပွဲဟာ တစ်နေကုန်နီးပါး ပြင်းထန်ခဲ့ပါတယ်။ တိုက်ပွဲအတွင်း စစ်တပ်နဲ့ ပြည်သူ့စစ်ဘက်က ၁၀ ဦး သေဆုံးကာ ၁၃ ဦး ဒဏ်ရာရခဲ့ပြီး ၎င်းတို့ရဲ့ စစ်လက်နက်အသုံးအဆောင်ပစ္စည်းကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ PSLF/TNLA ရဲ့ သတင်းနဲ့ပြန် ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

သိမ်းဆည်းရမိခဲ့တာတွေဟာ RPG ၁ လက်၊RPG-7 ဗုံးသီး ၂၀ လုံး၊ MA-1 ၁ လက်၊ AK-81 ၁ လက်၊ ၆၀ မမ ထောင့် ၁ ခု၊ ၈၁ မမ ထောင့် ၁ ခု၊ ၈၁ မမ ဗုံးသီး ၄၀ လုံး၊ စက်လတ် ၁ လက်၊ ကျည်ဆံ ၅ ထောင်တောင့်၊ ဆက်သွယ်ရေးစက်ကြီး ၁ လုံးနဲ့ အခြားအသုံးဆောင်ပစ္စည်းတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်ကနေ မနေ့အထိ TNLA နဲ့ စစ်တပ်တို့ အကြား တိုက်ပွဲ ၉ ကြိမ် ဖြစ်ပွားခဲ့ရာ စစ်တပ်နဲ့ ပြည်သူ့စစ်ဘက်က ၂၅ ဦး သေဆုံးပြီး ၂၇ ဦး ဒဏ်ရာရရှိခဲ့သလို တစ်ဦးကို အရှင် ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ တိုက်ပွဲအတွင်း စစ်တပ်ဘက်က မူဆယ်၊၁၀၅ မိုင်နဲ့ နမ့်ဖတ်ကာကနေ လက်နက်ကြီး တွေ ပစ်ကူခဲ့ပြီး လက်နက်ကြီးတွေဟာ ကျေးရွာတွေအတွင်း ကျရောက် ပေါက်ကွဲခဲ့လို့ ဒေသခံ ထိခိုက်ဒဏ်ရာ ရတာတွေလည်း ရှိပါတယ်။ https://www.facebook.com/photo/?fbid=611592731147995&set=pcb.611593637814571

၂။  နမ်ဆန်ယန် အနီး ဂျာပူ မလိယန်ဘက် စစ်ကောင်စီနဲ့ KIA တို့ ဆက်လက် တိုက်ပွဲ ပြင်းထန်
    August 3, 2023

နမ်ဆန်ယန် အနီး ဂျာပူ မလိယန်ဘက် စစ်ကောင်စီနဲ့ KIA တို့ ဒီနေ့ ဩဂုတ်လ ၃ ရက်နေ့ မနက် ၇ နာရီ ခွဲ ခန့်ကစပြီး ဆက်လက် တိုက်ပွဲ ပြင်းထန်နေကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်နဲ့ ဒေသခံ တွေဆီက သိရပါတယ်။ “နဂိုကတည်း က ခစန်းချနေတဲ့ သူတွေ သွားချနေကြတာ။ ဒီနေ့မနက် ကတည်းက ချနေကြတာ”လို့ KIA ရှေ့တန်းသတင်းရင်းမြစ် ၁ ဦးက ပြောပါ တယ်။ မနက် ၇ နာခွဲ ခန့်ကစ ဂျာပူ မလိယန်တကြော စစ်ကောင်စီနဲ့ KIA တို့အကြားပြင်းပြင်း ထန်ထန် တိုက်ပွဲ ဖြစ်ပွားနေတာလို့ သူက ပြောပါတယ်။ ဒေသခံ ၁ ဦး ကတော့ “မိုး သဲကြီးမဲကြီး ရွာနေတဲ့ထဲ တိုက်ပွဲက ဖြစ်နေကြတာ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁ ရက်နေ့ ည ၈ နာရီ ခန့်ကလည်း စစ်ကောင်စီ ဘက်က လိုင်ဇာမြို့ အနီးရှိ ခါ့ယာ တောင်မှာ ရှိတဲ့ စစ်ကောင်စီတွေ လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်နေတာကြောင့် ဒေသခံတွေ စိုးရိမ် နေကြတယ်လို့ ဆိုပါတယ်။ အရင် ဇူလိုင်လ ၃ ရက်နေ့ကစ KIO/KIA ဗဟို ဌာနချုပ်ရှိရာ အနီးက နမ်ဆန်ယန် ဝန်းကျင်မှာ စစ်ကောင်စီတပ် နဲ့ KIA တို့ တိုက်ပွဲပြန်လည် ဖြစ် ပွားလာပြီး စစ်‌ေကာင်စီဘက်က နမ်ဆန်ယန်ဘက် အင်အားဖြည့်လာနေကာ နှစ်ဖက်တိုက်ပွဲနေ့စဉ်ရက်ဆက် ဖြစ်နေတာပါ။ https://www.facebook.com/photo?fbid=611439064496695&set=a 404503215190282

၃။  စစ်တပ်လက်နက်ကြီးကျည်ကြောင့် ၁၀ တန်းကျောင်းသားအပါအဝင် ၂ ဦး သေဆုံး
     August 4, 2023

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင် တပ်မ ဟာ (၃) နယ်မြေထဲမှာ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ တပ်တွေရဲ့ လက်နက်ကြီးကျည်ထိမှန်ကာ ဆယ်တန်း ကျောင်းသားတယောက် အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ၂ ယောက် သေဆုံးသွားခဲ့တယ်လို့ ကေအန်ယူ−ဗဟိုက ထုတ်ပြန် ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၂ ရက် ညနေ ၃ နာရီခွဲကျော်လောက်က တပ်မဟာ (၃) နယ်မြေ မူးမြို့နယ်ထဲမှာ အာဏာသိမ်းအကြမ်း ဖက်စစ်ကောင်စီတပ်ရဲ့ ခမရ−၅၉၉ က တုံးတောကနေ ပြည်သူလူထုနေထိုင်တဲ့ ကျေးရွာတွေထဲကို ၈၁−မမ လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ပြီး လက်နက်ကြီး ၁ လုံးဟာ မွေတွင်းကျေးရွာထဲက နေအိမ်တလုံးပေါ် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နေအိမ် အတွင်းနေထိုင်တဲ့ အသက် ၇၁ နှစ်အရွယ် ဦးတင်ဦး၊ ၃၉ နှစ်အရွယ် မဇင်မာဝင်းနဲ့ ၆ နှစ်အရွယ် ချစ်ဖုန်းသွယ်တို့ ထိခိုက်ဒဏ်ရာ တွေရရှိခဲ့ပြီး ၃၇ နှစ်အရွယ် မသီတာအေးကတော့ လက်နက်ကြီးဒဏ်ရာကြောင့် နေရာတင်သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဩဂုတ် ၃ ရက်မနက် ၈ နာရီခွဲမှာလည်း လယ်ဒိုမြို့နယ်ထဲမှာ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ် ခမရ−၂၇၄ က ကျောက်တံခါးမြို့ကနေ သမင်အင်းကုန်း ကျေေရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရာ အသက် ၁၆ နှစ်အရွယ် ဆယ်တန်းကျောင်းသား ပိုင်စိုးသူရဲ့ ဦးခေါင်းကို လက်နက်ကြီးကျည်စ ထိမှန်ကာ သေဆုံးခဲ့ရတယ်လို့  ကေအန်ယူ ထုတ်ပြန်ချက် မှာ ဖော်ပြပါတယ်။ ၂၀၂၃ ခုနှစ် ပထမ ၆ လတာအတွင်း ကော်သူးလေအုပ်ချုပ်နယ်မြေတွေထဲမှာ တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း အကြိမ် ၂,၅၀၀ နီးပါး ဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲတွေအတွင်း စစ် ကောင်စီတပ်တွေဘက်က တပ်ရင်းမှူး ၅ ယောက်၊ ဒုရင်းမှူး ၅ ယောက်တို့အပါအဝင် စုစုပေါင်း ၂၆၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)၊ KNLA နဲ့ KNDO ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား ဖြစ်ပွားခဲ့တဲ့ အဆိုပါ တိုက်ပွဲတွေအတွင်း တော်လှန် ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ ၇၆ ယောက် ကျဆုံးခဲ့ပြီးတော့ ၂၅၇ ယောက် ထိခိုက်ဒဏ် ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ https://burmese.dvb.no/post/607897

၄။ ဖားဆောင်းနဲ့ မယ်စဲ့မြို့နယ်ကို စစ်ကောင်စီ တိုက်ခိုက်နေလို့ တိုက်ပွဲတွေ ပြင်းထန်နေ
    August 3, 2023

ကရင်နီပြည်နယ်၊ ဖားဆောင်းနဲ့ မယ်စဲ့မြို့နယ်ကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ ဇူလိုင်လ ၂၁ ရက်ကတည်းက စစ်ကောင်စီ က စစ်ကြောင်းထိုး တိုက်ခိုက်နေရာ ဒီကနေ့ အထိ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဖား‌ဆောင်း PDF နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။ ဇူလိုင်လ ၂၁ ရက်မှာ အင်အား ၄၀၀ ၀န်းကျင် အသုံးပြု တိုက်ခိုက်ခဲ့တာကြောင့် ဇူလိုင်လ ၂၂ ရက်က ဖားဆောင်းနဲ့ မယ်စဲ့မြို့နယ်ရဲ့ ကာကင်းဖြစ်တဲ့ ကျောက်ပန်းညိုနဲ့ ၀မ်အောင်း(ရှမ်း)ကျေးရွာက စခန်း ၂ ခုနဲ့ ရွေ့လျားခံစစ်စခန်း တစ်ခု တော်လှန်ရေး အင်အားစုတွေဘက်က လက်လွှတ်ခဲ့ရပါတယ်။ အဆိုပါ စခန်း ၃ ခုကို စစ်ကောင်စီ သိမ်းပိုက်လိုက်ပြီးနောက် အင်အား ၁၀၀ ခန့် ထပ်ဖြည့်ပြီး မယ်စဲ့မြို့နယ် ကျောက်စုကျေးရွာကို ထိန်းချုပ်ဖို့ ကြိုးစားလာလို့ တိုက်ပွဲတွေ ဆက်ဖြစ်နေတာလို့ ဖားဆောင်း PDF နဲ့ နီးစပ်သူက ဆိုပါတယ်။“ကျောက်ပန်းညိုနဲ့ ၀မ်အောင်း(ရှမ်း) ကျေးရွာတွေကို စကစ သိမ်းသွားပေမဲ့ တိုက်ပွဲ က ခဏ ပြန်ငြိမ်သွားသေးတယ်။ ဒါကို သူတို့ (စစ်ကောင်စီ) က အင်အားထပ်ဖြည့်ပြီး ထပ်ထိုးလို့ တိုက်ပွဲတွေက ဆက်ဖြစ်သွား တာပေါ့” လို့ သူကရှင်းပြပါတယ်။

ကျောက်စုကျေးရွာကို စစ်ကောင်စီ အင်အား ၂၀၀ ၀န်းကျင်နဲ့ ထိုးစစ်ဆင်လာတာဖြစ်ပြီး တိုက်ပွဲအတွင်း လေကြောင်း ပစ်ကူတွေ အသုံးပြုကာ နယ်မြေထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်ကောင်စီဘက်က ၁၂၀ မမ လက်နက် ကြီးတွေ နေ့စဥ် ပစ်ခတ်နေသလို ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့တွေ ဘက်က ဒရုန်းနဲ့ ဗုံးသီးကြဲချ တန်ပြန် တိုက်ခိုက်နေ တယ်လို့ သိရပါတယ်။ ကျောက်စုကျေးရွာဟာ ဖားဆောင်းနဲ့ မယ်စဲ့မြို့နယ်ကြားက ကျေးရွာ ဖြစ်သလို သံလွင်မြစ်ကမ်းဘေးက စစ်တပ် အထိုင်ချ တပ်စွဲထားတဲ့ ကျောက်ပန်းညိုနဲ့ ၀မ်အောင်း(ရှမ်း)ကျေးရွာတို့နဲ့ နီးကပ်တဲ့ အနေအထားရှိတယ်လို့ မယ်စဲ့တော် လှန်ရေး အင်အားစုတွေနဲ့ နီးစပ်သူ တစ်ဦးက ရှင်းပြပါတယ်။ “‌ကျောက်စုက ဖားဆောင်းနဲ့တော့ ပိုနီးတယ်။ ကျောက်ပန်းညို၊ ၀မ်အောင်းတို့နဲ့ အ‌ရှေ့အနောက်ရွာပေါ့။ သူတို့ကအရင်လို မယ်စဲ့ တစ်ခုလုံးကို ခြုံငုံသိမ်းချင်တဲ့ ပုံစံကနေ တစ်ရွာပြီး တစ်ရွာသိမ်း မဲ့ ပုံစံဖြစ်နေတယ်” လို့ သူက သုံးသပ်ပါတယ်။ လက်ရှိ စစ်ကောင်စီက မယ်စဲ့မြို့နယ်နဲ့ ဖားဆောင်းမြို့နယ်တွေမှာ တစ်ရွာချင်း အင်အားသုံး သိမ်းပိုက်ပြီး အထိုင်ချဖို့ ကြိုးစားတဲ့ စစ်ရေးလှုပ်ရှားမှု ပုံစံတွေ့ရတယ်လို့ ကရင်နီ  စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောဆိုပါတယ်။ ဆက်လက် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အတွင်း ၂ ဖက် ထိခိုက်ကျဆုံးမှုတွေ ရှိပေမဲ့ စစ်ရေးအခြေအနေ တည်ငြိမ် မှသာ ထုတ်ပြန်ပေးမယ်လို့ ဖားဆောင်း PDF ပြန်ကြားရေးက ပြောပါတယ်။ အဆိုပါ တိုက်ပွဲ ဖြစ်ပွားရာ ဒေသတွေမှာ ပြည်သူ တွေ နေထိုင်တာ မရှိတော့ဘူးလို့ သိရပါတယ်။ https://www.facebook.com/photo/?fbid=314697150916736&set=a.2 859 00490463069

၅။  ကရင်နီပြည် စစ်မျက်နှာပို့မဲ့ သတင်းကြောင့် ဓနုဒေသက ပျူစောထီးတွေ လက်နက်အပ် ထွက်ပြေးမှု များပြားနေ
     August 3, 2023

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပျူစောထီးတွေဟာ ကရင်နီပြည် ရှေ့တန်း စစ်မျက်နှာ ပို့မယ်ဆိုတဲ့ သတင်းကြောင့် ကြောက်ရွှံ့ပြီး လက်နက် ပြန်အပ်တာတွေ၊ ရှေ့တန်းမှာ ထွက်ပြေးတာတွေ များပြားလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်တဲ့ ပင်းတယနဲ့ ရွာငံမြို့နယ် အတွင်းက အသက်ပြည့်ပြီး ယုံကြည်စိတ်ချရတဲ့ ရွာသားတွေကို ပျူစောထီး သင်တန်းတက်ဖို့ လူစုဆောင်းလေ့ ရှိတယ်လို့ ဆိုပါတယ်။“ကယား(ကရင်နီ) ဘက် ထွက်ရမယ်ဆိုလည်း မထွက်ရဲ၊ လိုက်ထွက်တဲ့သူလည်း ရှေ့တန်းကနေ ပြေးကြတယ်။ ၄ လပိုင်းတုန်းက နောင်ချို တိုက်ပွဲမှာလည်း ပင်းတယ၊ ရွာငံက ပျူတွေပါလာတယ်။ ပြီးရင် ရှေ့တန်းကနေ ပြေးကြတာပဲ။ အခု DPLF (ဓနုပြည်သူ့ တော်လှန်ရေးတပ်ဦး) ကြေညာတော့လက်နက်ပြန်အပ်တဲ့ ပျူတွေပိုများလာတယ်”လို့ ပင်းတယဒေသခံတစ်ဦးက ပြောပါတယ်။

ပျူသင်တန်းတက်ပါက သင်တန်းကာလအတွင်း တစ်လ လစာ ၅ သိန်းပေးပြီး သင်တန်းဆင်းပြီးနောက် တာဝန်ထမ်း ဆောင်ချိန်မှာ တစ်လ ၇ သိန်းပေးမယ်လို့ စစ်ကောင်စီက မက်လုံးပေး ခေါ်ခဲ့ပေမယ့် လက်တွေ့မှာ တစ်လ တစ်သိန်းပဲ ပေးတယ် လို့ သိရပါတယ်။ ပျူစောထီးသင်တန်းဟာ ရက်တိုတောင်းပြီး တစ်လပင် မကြာတာကြောင့် ရှေ့တန်းမထွက်ရဲကြဘဲ အကြောင်း အမျိုးမျိုးပြပြီး လက်နက်ပြန်အပ်သူ၊ ရှေ့တန်းမှ ထွက်ပြေးသူတွေလည်း ရှိနေပြီး ပြန်ဖမ်းမိတာ နည်းပါးတယ်လို့ သိရပါတယ်။ ပြန်ဖမ်းမိသူတွေကို အင်အားလျော့သွားမှာ စိုးရိမ်တာကြောင့် စစ်ကောင်စီက အရေးမယူဘဲ နောက်ထပ် ထွက်မပြေးဖို့သာ ခြိမ်း ခြောက် အကြပ်ကိုင်ပြီး တာဝန်ပြန်ထမ်းခိုင်းတယ်လို့  နီးစပ်သူတွေက ပြောပါတယ်။ ၂၀၂၂ ခုနှစ် အတွင်းက ပင်းတယမြို့မှာ မိုးကုတ်ဝိပဿနာ တရားစခန်းထဲမှာ ပျူစောထီးသင်တန်း ပြုလုပ်ဖို့ စီစဉ်ခဲ့ပေမယ့် သတင်းပေါက်ကြားခဲ့တာကြောင့် ရပ်စောက် မြို့နယ်၊ ဗထူးတပ်မြို့ကို ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ပါတယ်။ ဒါ့အပြင် ရွာငံမြို့နယ်အတွက် သင်တန်းကိုတော့ ပျူစောထီးရွာအဖြစ် နာမည်ကြီးတဲ့ မြင်းကျဒိုးရွာအနီးမှာ ဖွင့်လှစ်သင်ကြားပေးနေတယ်လို့ သိရပါတယ်။ https://www.facebook.com/photo/? fbid=315307707522347&set=pcb.31 5307220855729

၆။ မူဆယ်မှာ စစ်ကောင်စီနဲ့ TNLA တိုက်ပွဲ ဖြစ်ပွားပြီး ပြည်သူ ၃ ဦး လက်နက်ထိမှန် ဒဏ်ရာရ
    August 3, 2023

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ဇယ်လန့်ရွာ အရှေ့ဘက်ရှိ ရသေ့တောင်မှာ ဩဂုတ်လ ၂ ရက်နေ့ မနက် ၁၀ နာရီကျော်ကစပြီး စစ်ကောင်စီနဲ့ TNLA တိုက်ပွဲ ဖြစ်ပွားရာ ပြည်သူ ၃ ဦး လက်နက်ထိမှန် ဒဏ်ရာရ ကြောင်း ဒေသခံတွေက ပြောပါတယ်။ မနေ့က မွန်းလွဲပိုင်းမှာ ၁၀၅ မိုင်က‌ ကနေ ဇယ်လန့်ဘက် စစ်ကူလာတဲ့ စစ်ကောင်စီတပ် တုံခန်အနီးမှာ မိုင်းဆွဲ တိုက်ခိုက်ခံရကာ ထိခိုက်မှုတွေရှိလို့ ၁၀၅ မိုင်တပ်က လက်နက်ကြီး ပစ်ကူရာက ဘုန်းကြီးကျောင်းထဲ တည့်တည့် ကျတာလို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။ “လက်နက်က ဘုန်းကြီးကျောင်းမှာ လာကျကွဲတာ။ ဘုန်းကြီး တစ်ပါး ထိသွားတယ်” လို့ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် အနီးက စစ်ကောင်စီတပ်တွေရှိတဲ့ အနီးနား ၂ နေရာ ခန့်ကိုလည်း လာရောက် ပစ်ခတ်သွားတာ ရှိတယ်လို့ ဆိုပါတယ်။

၁၀၅ မိုင် ဘော်လုံးကွင်းမှာလည်း လက်နက်ကြီး ၃ လုံး ကျရောက် ပေါက်ကွဲတာပြီး စာသင်ကျောင်း အနောက်ဘက် တစ်လုံး ကွဲရာ အလယ်တန်းအရွယ် မိန်းကလေး တစ်ဦးနဲ့ နမ္မတူနွားခြံ အနီးက လူနေအိမ်ရှေ့မှာ လက်နက်ကြီး တစ်လုံး ကျကွဲ ကာ အမျိုးသမီး တစ်ဦးတို့ ထိခိုက် ဒဏ်ရာရတာလို့ သူက ပြောပါတယ်။ “၂ ယောက်ထိသွားတယ်။ မိန်းကလေးပဲ။ အခု ဆေးရုံ မှာ” လို့ ၁၀၅ မိုင် ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။ ဒါ့အပြင် မနေ့ ညနေပိုင်းမှာ ‌၁၀၅ မိုင် ကနေ လားရှိုး ဘက်အထွက် မော်တောင်းရွာ အနီးဝန်းကျင်လည်း တိုက်ပွဲဖြစ်ပွားလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။  https://www.facebook.com/photo?fbid=315146434205141&set=a.2859004 90463069

၇။  စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် အင်းတော်တွင် ပြည်သူတစ်ဦး သေပြီး နှစ်ဦးဒဏ်ရာရ
     August 3, 2023

စစ်ကောင်စီတပ်နှင့် KPDF တို့ အင်းတော်မြို့နယ်တွင် ဩဂုတ်လ ၂ ရက်နေ့ နံနက် ၆ နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး နောက် စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ပြည်သူတစ်ဦး သေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ နဘားလမ်းဆုံအနီးတွင် မိနစ် ၃၀ ခန့်ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က လမ်းသွားလမ်း လာပြည်သူများကို စစ်ဆေးမှုပြုလုပ်ချိန် ကားတစ်စီးကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟုအခင်းဖြစ်ပွားရာအနီးတွင်ရှိနေခဲ့သည့် Indaw Revolution တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။“နဘားလမ်းဆုံနားမှာတိုက်ပွဲဖြစ်ပြီးတော့ စစ်ကောင်စီကလာသမျှကားတွေကို စစ်တာပေါ့။ အဲဒီ Light Truck ကားဆရာက မရပ်ပေးလို့ဆိုပြီးတော့ ပစ်လိုက်တာပေါ့။ ပစ်လိုက်တော့ ကားဆရာ တစ်ယောက် သေသွားတယ်။ ကားပေါ်မှာပါတဲ့ နောက်ခရီးသည်နှစ်ယောက်ကလည်း ထိခိုက်ဒဏ်ရာရတယ်” ဟုပြောသည်။ ခရီးသည် အမျိုးသားနှစ်ဦးမှာလည်း မျက်ခုံးနှင့်နားတို့တွင် ကျည်စထိမှန်ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး ဆေးကုသမှုခံယူနေကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တို့၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူမှာ စစ်ကိုင်းမြို့တွင် ဘုရားထီးတော်ပြုလုပ်သည့် အသက် ၄၀ ဝန်းကျင်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး ရုပ်အလောင်းကို နေရပ်သို့ပြန်လည်ပို့ဆောင်ရန်လည်း အခက်အခဲများကြုံနေရ ကြောင်း မျိုးဆက်သစ်လူငယ် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ “သူတို့က အဲဒီ(ကသာဆေးရုံ)ကနေ ပြီးတော့ DB (ရုပ်အလောင်း) ကိုပို့ပေးပါလို့ အကူညီလှမ်းတောင်းတော့ ကသာကိုးပင်နဲ့ ကြာညှပ်လမ်းကြားက ပိတ်ထားတော့ သွားပေးလို့အဆင်မပြေဘူးဗျ။ ကျွန်တော်တို့ကတော့ ကသာမှာပဲ သင်္ဂြုဟ်လိုက်လို့ အကြံ ဉာဏ်ပေးလိုက်တယ်” ဟုပြောသည်။ အင်းတော်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည်မှာ လေးလခန့်ကြာမြင့်ခဲ့ပြီဖြစ်ပြီး  ဩဂုတ်လ ၂ ရက်နေ့တွင် KPDF တပ်ရင်း (၆) နှင့် စစ်ကောင်စီ ခမရ (၄၁၆) တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ https://www.facebook.com/photo/?fbid=603533721 974300&set=a.535867405 407599

၈။  တနင်္သာရီမြို့နယ်ရှိ စစ်ကောင်စီ၏ ညောင်ပင်ကွင်းဂိတ်နှင့် ဗောဓိကမ်းဂိတ်စခန်းကို မြိတ်ခရိုင်တပ်ရင်း၂၊ တပ်ခွဲ ၁       မှ ဝင်ရောက်တိုက်ခိုက်
     Aug 3, 2023

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ စစ်ကောင်စီ၏ ညောင်ပင်ကွင်းဂိတ်နှင့် ဗောဓိကမ်းဂိတ် စခန်း ကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင်တပ်ရင်း ၂ က ပြောသည်။ ဩဂုတ်လ ၁ ရက်နေ့၊ နံနက် ၇ နာရီခန့်တွင် ညောင်ပင် ကွင်းဂိတ်သို့လည်းကောင်း၊ ည ၇ နာရီခွဲခန့်တွင် ဗောဓိကမ်းဂိတ်စခန်းသို့လည်းကောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ် ခရိုင်တပ်ရင်း၂၊ တပ်ခွဲ ၁ မှ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ “ညောင်ပင်ကွင်းဂိတ်က ခလရ ၅၆၁ နဲ့ နီး တယ်။ စကစ အင်အား ၂၀ ကျော်ရှိတယ်။ ဗောဓိကမ်းဂိတ်က အင်အားပုံသေမရှိဘူးဗျ ။ ပျူတွေပေါပါတယ်ဗျ”ဟု မြိတ်ခရိုင် တပ် ရင်း ၂ ၏ သတင်းပြန်ကြားတာဝန်ရှိသူက ပြောသည်။ တစ်နေ့တည်းတွင် နေရာနှစ်ခုသို့ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ တပ်သားများ၏ ထိခိုက်မှုများအား စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်ဟု ဆိုသည်။ “အဲ့ဒီဂိတ်တွေကို သွားရောက်တိုက် ခိုက်တာကတော့ ပြောက်ကျားနည်းနဲ့ပါပဲ ခင်ဗျ။ အခုရက်ပိုင်း မိုးကလည်း အရမ်းရွာနေတော့ အခက်အခဲတွေတော့ ရှိပါတယ် ခင်ဗျာ” ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း မြိတ်ခရိုင်တပ်ရင်း ၂၊ တပ်ခွဲ ၁ မှ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း စုံစမ်းသိရှိရသည်။ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့တွင်လည်း စစ်ကောင်စီ၏ ညောင်ပင်ကွင်းရွာအခြေစိုက် ခမရ ၅၆၁ တပ်ရင်းမှ သိန္ဓောရွာ ဘက်သို့ ဦးတည်ထွက်ခွာလာသော စစ်ကောင်စီတပ်ခြေလျင်စစ်ကြောင်းကို တနင်္သာရီမြို့နယ်၊ သကျက်ကျေးရွာအုပ် စု၊ လငုရွာအနီးတွင် မြိတ်ခရိုင်၊ တပ်ရင်း (၂) နှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံး မှု ရှိခဲ့ကြောင်း သိရှိရသည်။ တနင်္သာရီမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်နှင့် တနင်္သာရီမြို့၊ ဗောဓိကမ်းနှင့် ညောင်ပင်ကွင်းကျေးရွာလမ်းများပေါ်တွင် တိုက်ပွဲများအချိန်မရွေးဖြစ်ပေါ်လာနိုင်သဖြင့် လုံခြုံရေးအရအနီရောင်အဆင့် သတ် မှတ်ထားပြီး ခရီးသွားပြည်သူများ အထူးသထိထား သွားလာကြရန်လည်း မြိတ်ခရိုင်၊ တပ်ရင်း(၂) က မေတ္တာရပ်ခံထားသည်။ https://www.facebook.com/photo/?fbid=843569940465729&set=pcb.843569990465724

၉။  ဘီးလင်း ဒေသခံ ၁၀ ဦးခန့်ကို စစ်ကောင်စီဘက်က ဖမ်းဆီး
     August 3, 2023

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်က ကျေးရွာရပ်ကွက်တွေမှာ စစ်ကောင်စီက ဒေသခံ ၁၀ ဦးခန့်ကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ စစ်ကောင်စီက ဒေသခံတွေကို PDFတေွနဲ့ပတ်သက်သတင်းပေးတာ၊ ငွေကြေးထောက်ပံတာနဲ့ စစ်ကောင်စီကို အများအကြည်ညိုပျက်အောင် အွန်လိုင်းပေါ်ကနေ ရေးသားတယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ဖမ်းသွားတာလို့ ဆိုပါတယ်။ ဖမ်းဆီးခံရသူတွေဟာ ပုဂ္ဂလိကဘဏ်ဝန်ထမ်း မအိဖြူစင်၊ CDM ဆရာမ ဒေါ်အေးအေးခိုင်၊ မိဘမေတ္တာ ရွှေဆိုင်က ကိုဇော်ဝင်းဦး၊ ကိုဝင်းနိုင် အပါအဝင် ၁၀ ဦးခန့်ဖြစ်ပါတယ်။

“ပြီးခဲ့တဲ့လ တတိယအပတ်လော​က်က စပြီး အကြောင်းအမျိုးမျိုးပြ ဖမ်းနေတာပါဘဲ။ ငွေရှိသူဆို ငွေညှစ်ပြန်လွတ်။ ငွေမပေးနိုင်သူဆို ထောင်ချ ဒီလိုဘဲ လုပ်နေတာဘဲ”လို့ ဒေသခံတစ်ဦးကပြောပြပါတယ်။ ဖမ်းဆီးခံရသူတွေက တောင်စွန်း ကျေး ရွာ၊ ပေါက်တော၊ အလူးနဲ့မြို့ပေါ်ရပ်ကွက်တွေက ဒေသခံတွေဖြစ်ပါတယ်။ စစ်ကောင်စီက ဖမ်းဆီးထားသူတွေအနက်က ရွှေဆိုင် ပိုင်ရှင်နဲ့ လူငယ် ၂ ဦးကိုတော့ငွေတောင်းပြန်လွှတ်ပေးပြီး ကျန်သူတွေကိုတော့ ဘီးလင်းရဲစခန်းမှာ ထိနိးသိမ်းထားပါတယ်။ https://www.facebook.com/photo?fbid=636334415268379&set=a.60 6834888218332

၁၀။ လောင်းလုံးမြို့နယ် နခံတောရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ် ၁၀ဦးခန့်သေ၊ PDF ရဲဘော်သုံးဦးကျဆုံး
     August 3, 2023

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ နခံတောကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်း တပ်များ ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားကာ စစ်ကောင် စီတပ်မှ ၁၀ဦးခန့်သေဆုံး၍ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၂၆ ဦးခန့် ထိခိုက်ဒဏ်ရာရ သွားကြောင်း ဗထူးစစ်ကြောင်းက (သြဂုတ် ၃) ထုတ်ပြန်သည်။ နခံတောရွာရှိ ရပ်ခံတောင်ပေါ်ဘုရားကုန်းသို့ စစ်ကောင်စီတပ်မှ အင်အား ၁၅၀ခန့်ဖြင့် မြေသယ်ယာဥ်များနှင့် ဇူလိုင် ၂၂ ရက်တွင် ရောက်ရှိလာရာ  ယင်းနေ့နံနက် ၆ နာရီခွဲခန့်တွင် ဗထူးစစ် ကြောင်းမှ ရဲဘော်များနှင့် ထိပ်တိုက်တွေ့ကာ မိနစ် ၂၀ ခန့်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။ အဆိုပါတိုက်ပွဲတွင် ဗထူးစစ် ကြောင်းမှ ရဲဘော်သုံးဦး မြင့်မြတ်စွာကျဆုံးပြီး တစ်ဦးမစိုးရိမ်ရဒဏ်ရာရသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း အသိပေးသည်။ ထို့နောက် စစ်ကောင်စီတပ်၏ အခြားစစ်ကြောင်းတစ်ကြောင်းမှာ ခမောင်းတောင်ကျေးရွာဘက်မှ တောင်မင်းပြောင်ကျေးရွာ ဘက်သို့ စစ်ကြောင်းထိုးလာရာ ဗထူးစစ်ကြောင်းမှ ရဲဘော်များက အသင့်စောင့်စိုင်းပြီး အင်အားပြင်းမိုင်းလေးလုံးနှင့် တပြိုင်နက် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ဖောက်ခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၁၀ ဦးခန့်သေပြီး ၂၀ ကျော်ထိခိုက်ဒဏ်ရာရသွားကာ ဗထူးစစ်ကြောင်း မှ ရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်း ဖော်ပြသည်။ “ကျနော်တို့ ပွဲဖြစ်ခဲ့တဲ့ တချို့နေရာတွေမှာ နယ်မြေရှင်းလင်းရေး လုပ်နိုင် ခဲ့ပြီ။ အကုန်လုံးတိုးပြီးတော့ မလုပ်နိုင်သေးဘူး။ ဘာကြောင့်လည်းဆိုတော့ (စစ်ကောင်စီတပ်)တချို့အဲဒီနေရာတွေမှာ ဆက်ရှိ နေသေးတယ်ဗျ”ဟု တိုက်ပွဲဖြစ်ပွားပြီး နောက်ဆက်တွဲအခြေအနေအား ဗထူးစစ်ကြောင်းတွင်ပါဝင်သည့် လောင်းလုံး(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထို့အပြင် တိုက်ပွဲများဖြစ်ပွားပြီး နောက်တစ်ရက် ဇူလိုင် ၂၃ တွင် တောင်မင်းပြောင်ကျေးရွာသို့ ရောက်ရှိနေသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် မြို့ဟောင်းကျေးရွာဘက်သို့ထွက်လာစဥ် တိုက်ခိုက်ရန်ပြင်ဆင်ထား သော်လည်း ဒေသခံပြည်သူများအားဖမ်းဆီး၍ လူသားဒိုင်းအဖြစ်ခေါ်ဆောင်လာသဖြင့် မတိုက်ခိုက်ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရ သည်ဟု ဗထူးစစ်ကြောင်းက ဆိုသည်။ လောင်းလုံးမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများလုပ်ဆောင်လျှက်ရှိသော ဗထူးစစ် ကြောင်းတွင် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)၊ Dawei Guerrilla Revolutionary Force(DGRF)၊ YPPDF နှင့် ရေဖြူ(ပကဖ)တို့ ပါဝင်သည်။ https://www.fa cebook.com/photo/?fbid=625206676344795&set=a.559396 186259178

၁၁။  ရှမ်းတောင်နဲ့ ကရင်နီမှာ အရပ်သားသေဆုံးမှု မြင့်တက်
      August 3, 2023

ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ ကရင်နီပြည်နယ် အတွင်းမှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ပြီးခဲ့တဲ့ ဇွန်နဲ့ ဇူလိုင် ၂ လ အတွင်း စစ်အာဏာသိမ်းအစောပိုင်းကာလထက် အရပ်သားသေဆုံးမှု မြင့်တက်လာတယ်လို့ ဒေသတွင်း အရပ်ဖက် အဖွဲ့အစည်း တွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကရင်နီအခြေစိုက် တိုးတက်သော ကရင်နီပြည်သူ့အင်အားစု-PKPF က လစဉ်ထုတ် ပြန်နေတဲ့ စာရင်းအရ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်ကစပြီး အခုနှစ် မေလအထိ အရပ်သား သေဆုံးမှု ၃၂၆ ဦးရှိခဲ့တာ ဖြစ်ပါ တယ်။ ဩဂုတ်လ ၁ ရက်မှာ PKPF က ထုတ်ပြန်တဲ့ စာရင်းမှာတော့ အရပ်သား သေဆုံးသူ စုစုပေါင်း ၃၇၅ ဦး ရှိနေတာကြောင့် ဇွန်လနဲ့ ဇူလိုင် ၂ လတာအတွင်း ကရင်နီပြည်နယ်မှာ သေဆုံးခဲ့တဲ့ အရပ်သား ပြည်သူ ၄၉ ဦး ရှိလာပါတယ်။ ကရင်နီ လူ့အခွင့် အရေးအဖွဲ့ရဲ့ စစ်တမ်းတွေအရ ၂၀၂၃ ခုနှစ်ရဲ့ ဒုတိယ ၃ လပတ်ဖြစ်တဲ့ ဧပြီ၊ မေနဲ့ ဇွန်လတွေမှာ ကရင်နီပြည်နယ်တွင်းက အရပ် သား သေဆုံးမှုဟာ အရင်ကာလတွေထက် ၂ ဆနီးပါး မြင့်တက်လာခဲ့ပါတယ်။ အခုနှစ် ပထမ ၃ လပတ်မှာ ကရင်နီပြည်နယ်က လက်နက်ကိုင် ပဋိပက္ခတွေကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား ပြည်သူ ၂၇ ဦး ရှိခဲ့တာဖြစ်ပြီး ဒုတိယ ၃ လပတ်မှာတော့ အရပ်သား ၄၉ ဦးသေဆုံးခဲ့တယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့က ဖော်ပြထားပါတယ်။

အခုလို ကရင်နီဒေသခံ အရပ်သားတွေ သေဆုံးထိခိုက်ဒဏ်ရာရတာဟာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက် နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုနဲ့ မြေမြှုပ်မိုင်းတွေကြောင့် ဖြစ်တယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့က ဆိုပါတယ်။ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ရဲ့ စာရင်းတွေအရ အခုနှစ် ဒုတိယ ၃ လအတွင်း သေဆုံးတဲ့ အရပ်သားတွေထဲမှာ လေကြောင်း တိုက်ခိုက်မှု ကြောင့် ၈ ဦး၊ သေနတ်နဲ့ ပစ်ခတ်ခံရသူ ၁၉ ဦးနဲ့ မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ တစ်ဦးတို့ ပါဝင်ပါတယ်။ ကရင်နီ ပြည်နယ်မှာ စစ်ရှောင်ကူညီနေသူ အမျိုးသားတစ်ဦးကတော့ “သူတို့ (စစ်ကောင်စီ)က ပြည်သူတွေကို ပစ်မှတ်ထားပြီးတော့ အကြောင်းမဲ့ ပစ်ခတ်နေတာများတယ်။ ကရင်နီပြည်နယ်တွင်းက စစ်ရှောင်တွေမှာ စစ်ကောင်စီဘက်က ပစ်တဲ့လက်နက်ကြီးတွေ၊ လေ ကြောင်း တိုက်ခိုက်မှုတွေကို စိုးရိမ်ရတဲ့အခြေအနေဖြစ်နေတယ်”လို့ ပြောပါတယ်။ ရှမ်း-ကရင်နီနယ်စပ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုနဲ့ လေကြောင်း တိုက်ခိုက်မှု တွေကြောင့် အရပ်သား ၃၃ ဦး သေဆုံးခဲ့ တယ်လို့ KNDF BO9 က ဇူလိုင် ၅ ရက်က ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ဒီးမော့ဆိုမြို့နယ် အပါအဝင် မယ်စဲ့၊ ယာဒိုဒေသတွေ မှာလည်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေ က ဖော်ပြပါတယ်။ https://www.faceboo k.com/photo/?fbid=315107144209070&set=pcb.315107200875 731

၁၂။  AA နှင့် ဆက်စပ်မှုဖြင့် ဖမ်းဆီး တရားရင်ဆိုင်နေရသည့် ရခိုင်ဒေသခံ ၆၀ ကျော် ပြန်လည်လွတ်မြောက်
     August 3, 2023

စစ်ကောင်စီလည်းဖြစ် မြန်မာစစ်တပ်မှ မတရားစွပ်စွဲတရားစွဲဆို၍ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) (၂) တို့ဖြင့် အမှုရင်ဆိုင်နေရသည့် မြို့နယ်အသီးသီးက ရခိုင်ဒေသခံ ၆၁ ဦး ပြန်လည်လွတ်မြောက်လာကြောင်း နိုင်ငံရေးအကျဉ်းသား ဟောင်း စာရေးဆရာ ဝေဟင်အောင်က ဆိုသည်။ ရက္ခိုင့်တပ်တော် ULA/AA နှင့် ဆက်စပ်သည်ဆိုပြီး တရားစွဲဆိုခံထားရကာ ဝါဆိုလပြည့်အထိမ်းအမှတ်အဖြစ် စစ်ကောင်စီမှ အမှုကိုရုပ်သိမ်းပြီး ဩဂုတ်လ ၂ ရက်နေ့က လွှတ်ပေးလိုက်ခြင်းဖြစ်သည်။ စစ်ကောင်စီမှ မတရားအသင်းဆက်သွယ်ပုဒ်မနှင့် တရားစွဲဆိုခံနေရသူများထဲက ၇၂ ဦးကို လွှတ်ပေးမည်ဟု ထုတ်ပြန်ခဲ့ သော် လည်းတကယ်လွှတ်ပေးခဲ့ရာမှာ ၆၁ ဦးကိုသာလွှတ်ပေးခဲ့ကြောင်း နိုင်ငံရေးအကျဉ်း သားဟောင်း စာရေးဆရာ ဝေဟင်အောင် က ပြောသည်။ သံတွဲအကျဉ်းထောင်က သံတွဲဒေသခံ တေးရေးဆရာ ကိုစန်းကိုအပါအဝင် ၁၆ ဦး၊ ကျောက်ဖြူအကျဉ်းထောင်က ၁၀ ဦး၊ စစ်တွေအကျဉ်းထောင်က ၁၂ ဦး၊ ကျောက်တော်အချုပ်ခန်းက ၂ ဦး၊ ဘူးသီးတောင်အကျဉ်းထောင်မှ ၉ ဦး၊ မောင်တော အချုပ်ခန်းမှ ၄ ဦး၊ တောင်ကုတ်အချုပ်ခန်းမှ ၃ ဦး၊ အမ်းအချုပ်ခန်းက ၅ ဦး စုစုပေါင်း ၆၁ ဦးမှာ လွတ်မြောက်လာခြင်းဖြစ်သည်။

ကိုစန်းကို၏ ညီဖြစ်သူက  “ကိုစန်းကို ပြန်လွတ်လာတော့ အရမ်းဝမ်းသာတာပေါ့။ သူ့မှာ မိသားစုတွေရှိတယ်။ ကလေး ကလည်း ငယ်သေးတော့ မိသားစုအတွက် လိုအပ်နေတာပေါ့။ ကိုစန်းကို မရှိတော့ သူ့မိသားစုက အခက်အခဲအမျိုးမျိုးနဲ့ ရင်ဆိုင် ရတာပေါ့။ အခု ပြန်လွတ်လာတော့ ဝမ်းသာပါတယ်။ ကိုစန်းကို လက်နက်ကိုင်ဘာညာတွေနဲ့ ဆက်စပ်မှု မရှိပါဘူး။ ဒီအတိုင်း ကျောင်းဆရာလေးပါ။ သီချင်းလေးရေးတာပေါ့ ” ဟု ပြောသည်။  ထို့ပြင် တရားရုံးမှ အမိန့်ချပြီး ထောင်ဒဏ်အသီးသီးကို ကျခံနေ ရသော ရခိုင်ပြည်က အကျဉ်းသား ၂၅၀ ကျော်လည်း လွတ်မြောက်ခဲ့ကြောင်းနှင့် ယင်းအထဲတွင် နိုင်ငံရေးပုဒ်မဖြင့် ထောင်ချခံခဲ့ရ သည့် ပလက်ဝဒေသခံ ကိုတင်ထွန်းအောင်လည်း ပါဝင်ခဲ့သည်။ ဩဂုတ်လ ၁ ရက်နေ့မှာ ကျရောက်သည့် ဓမ္မစကြာနေ့ ဝါဆို လပြည့်နေတွင် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ အကျဉ်းထောင်များမှ အကျဉ်းသားအကျဉ်းသူ စုစုပေါင်း ၇၇၄၉ ဦးကို စစ်ကောင်စီ က လွှတ်ပေးခဲ့ကြောင်းနှင့် နိုင်ငံခြားသား ၁၂၅ ဦး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင် ၂၂ ဦး၊ လက်နက်ကိုင်အဖွဲ့များနှင့် ဆက် စပ်သူ ၇၂ ဦးကို လွှတ်ပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။ AA ကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ၂၀၂၁ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့ က ပယ်ဖျက်ပြီးနောက်ပိုင်း ဒေသခံ ၁၅၀ ကျော်ကို ပြန်လွှတ်ပေးခဲ့သော်လည်း ၇၀ ကျော်ခန့်မှာ ထောင်ဒဏ်ချမှတ်ခံထားရသေးသည်။ https://www.f acebook.com/photo?fbid=718605983612164&set=a.682731967199566

၁၃။  ရပ်စောက်မှာ စစ်ကောင်စီတပ်က လူထုတွေရဲ့ စိတ်ပျိုးသီးနှံနဲ့ အိမ်မွေးကြက်တွေကို ခွင့်ပြုချက်မတောင်းဘဲ              အတင်းအဓမ္မ ယူစားနေ
     August 3, 2023

ရှမ်းတောင် ရပ်စောက်မြို့နယ် ကောင်းဘို့ကျေးရွာအုပ်စုထဲက တူးတယ်၊ ကျောက်တစ်လုံး၊ ရွာမနဲ့ ငွေတွင်းရွာတွေမှာ စစ်ကောင်စီတပ်က လာရောက် နေထိုင်ပြီး ရွာခံတွေရဲ့ စိုက်ပျိုးသီးနှံနဲ့ အိမ်မှာ မွေးထားတဲ့ကြက်တွေကို အတင်းအဓမ္မ ယူစားနေ တယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်က စစ်ကောင်စီတပ်အင်အား ၅၀ ကျော်နဲ့ တူးတယ်ရွာထဲ ဝင် ရောက်နေထိုင်ခဲ့ပြီး ဆန်အပါအဝင် ရွာထဲက ကြက် ၁၀ ကောင်ထက်မနည်းကိုလည်း အတင်းအဓမ္မ ယူဆောင်သွားပြီး ငွေ မပေး ခဲ့ဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “ဟင်းသီးဟင်းရွက်တွေကအစလေ။ စရောက်လာတဲ့ညက ဆန်တွေ လိုက်ကောက်တာ လည်းရှိတယ်။ သူတို့ကတော့ ထည့်ချင်သလောက်ထည့်လို့ ပြောတာပေါ့” ဒါ့အပြင် စစ်ကောင်စီ တပ်သားတွေဟာ ရွာခံတွေရဲ့ ထော်လာဂျီ၊ ကားနဲ့ ၎င်းတို့ကိုလိုက်ပို့ခိုင်းတာတွေရှိပြီး ငွေပေးတာ မရှိဘူးလို့ သူကဆက်ပြောပါတယ်။

“လက်နက်ကိုင်တွေဆိုရင် သူတို့အရမ်းကြောက်ကြတယ်။ မပို့ချင်ရင်တောင်မှ တခါတလေ စိတ်မပါဘဲ လုပ်ပေးရတာ မျိုးတွေရှိတယ်​။ ကျနော်အမြင် ပြော​ရရင် ဒါကမဖြစ်သင့်ဘူးပေါ့နော်။ ဓာတ်ဆီဖိုးတော့ ပေးသင့်တယ်” ဒါ့အပြင် စစ်ကောင်စီ တပ်သားတွေဟာ ရွာထဲက အမျိုးသမီးတချို့ကိုလည်း ထိကပါးရိကပါး လုပ်တာတွေ ရှိတယ်လို့ ဆိုပါတယ်။ စစ်တပ်အာဏာ မသိမ်းခင်က စစ်ကောင်စီတပ်သားတွေ ရွာထဲလာရောက် နေထိုင်တာရှိပေမယ့် ရွာခံတွေကို အခုလို ဆက်ဆံတာမျိုးမရှိဘဲ ကောင်းကောင်းမွန်မွန်သာပြောဆိုဆက်ဆံတယ်လို့ ရွာခံတွေက ပြောပါတယ်။ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ် သားတွေ ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်ပြီး အရင်ကနဲ့ မတူတော့တာကြောင့် ဒေသခံတွေက ကြောက်လန့် စိုးရိမ်နေရ တယ်လို့ ပြောပါတယ်။ https://www.facebook.com/photo?fbid=61104 6731202595&set=a.404503215190282

၁၄။  ဖရူဆိုမှာ စစ်ကောင်စီ စစ်ကြောင်း ၃ ခုနဲ့ ထိုးစစ်ဆင်လို့ တိုက်ပွဲ ပြင်းထန်
      August 3, 2023

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်ကို စစ်ကောင်စီ စစ်ကြောင်း ၃ ခုနဲ့ ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲတွေ ပြင်းထန် နေတယ်လို့ ဖရူဆို PDF နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။ စစ်ကောင်စီ စစ်ကြောင်း ၃ ခုနဲ့ အင်အား ၂၅၀ ၀န်းကျင် အသုံးပြုကာ ဒီးမော့ဆို-ဖရူဆို လမ်းအတိုင်း ဖရူဆိုမြို့နယ်ကို ဦးတည် ထိုးစစ်ဆင်လာတာကြောင့် လုံခြုံရေးယူထားတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ကောင်စီတပ်တွေဟာ မနေ့ မနက်ပိုင်းကစပြီး ဖရူဆိုမြို့နယ်ဘက်ကို စစ်ကြောင်းထိုး ၀င်ရောက်လာရာ ဒေါညင်းခူ-ထီးပေါ့ဆို ကျေးရွာချင်းဆက် လမ်းပေါ်မှာ တိုက်ပွဲ ဖြစ်ပွား နေတယ်လို့ သိရပါတယ်။“ဒီးမော့ဆိုဘက်က တပ်တွေ ရွေ့လာတာလို့ လောလော ဆယ်သိထားတယ်။ တပ်မ (၉၉)၊ (၅၅)၊ (၆၆)၊ တပ်သားတွေ ပါနိုင်တယ်။ တပ်ရင်းတပ်မ အတိအကျတော့ မသိရသေးဘူး” လို့ ဖရူဆို PDF နဲ့ နီးစပ်သူ တစ်ဦးကရှင်းပြပါတယ်။

လက်ရှိ တိုက်ပွဲတွေ ဖြစ်ပွားနေပေမဲ့ ဖရူဆိုမြို့နယ်ထဲမှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း မကောင်းမွန်တာကြောင့် အခြေ အနေ အတိအကျ မသိရသေးဘူးလို့ သူကပြောပါတယ်။ ကရင်နီ စစ်ရေးသတင်းရင်းမြစ် တစ်ဦးကတော့ အဆိုပါ တိုက်ပွဲထဲက ရှေ့တန်း ရဲဘော် တစ်ဦးနဲ့ အဆက်အသွယ်ရချိန် တိုက်ပွဲ ပြင်းထန်သံတွေ ကြားနေရပြီး လက်နက်ကြီး အသံတွေလည်း ဖုန်းထဲက ကြားရတယ်လို့ ဆိုပါတယ်။“တိုက်ပွဲကတော့ ပြင်းတယ်နဲ့တူတယ်။ အသံက ဆက်တိုက်ပဲ။ လက်နက်သံတွေက ဆူတာရယ်၊ ဖုန်းလိုင်းက သိပ်အဆင်မပြေတာနဲ့ ဆိုတော့ တစ်ဖက်က ပြောတာ သေသေချာချာ မကြားရဘူး။ ပြန်ချပြီး ပြန်ခေါ်တော့ ဆက် သွယ်မှု ဧရိယာပြင်ပ ဖြစ်နေတယ်” လို့ သူကရှင်းပြပါတယ်။ မိုဆိုရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ ပြည်သူ ၃၀ ကျော် အပြင် ပြည်သူတွေကို အကြမ်းမဖက်ဖို့ တားမြစ်တဲ့ နယ်ခြားစောင့်တပ် (၁၀၀၄) တပ်ဖွဲ့၀င် ၄ ဦးပါ သတ်ဖြတ် ခံခဲ့ရတယ် လို့ ဒေသခံ တစ်ဦးက ဆိုပါတယ်။ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့-KNDF ကတော့ ဒေါညင်းခူ-ထီးပေါ့ဆို လမ်းပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေလို့ ပြည်သူတွေ ဖြတ်သန်းသွားလာမှု မပြုလုပ်ကြဖို့ ထုတ်ပြန် အသိပေးထားပါတယ်။ https://www.facebook.com/photo?fbid=315250690861382&set=a.285900490463069

၁၅။  စစ်ကောင်စီပစ္စည်းသွားပို့ခိုင်းလိုက်တဲ့ မူဆင့် ဒေသခံ ၃ ဦးတစ်လကျော်ကြာပျောက်ဆုံးနေ
      August 3, 2023

ကချင်ပြည်နယ် မံစီမြို့နယ် မူဆင့်ကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပစ္စည်းသွားပို့ခိုင်းတဲ့ မူဆင့်ဒေသခံ အမျိုးသား ၃ ဦး တစ်လကျော်ကြာတဲ့အထိပြန်မလာပဲ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တွေနဲ့နီးစပ်သူတွေဆီကနေ သိရပါ တယ်။ ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့မှာ မူဆင့်ရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ ဒုတပ်ရင်းမှူး ဟိန်းထက်ရှိန်းကနေပြီး မူဆင့် ဒေသခံအမျိုးသား ၃ ဦးကို မံစီမြို့နယ် မူဆင့်ရွာကနေ ရှမ်းပြည်နယ် မိုးမိတ်မြို့ ၃၈၄ တပ်ထဲ ဆိုင်ကယ်တစ်စီးအပါအဝင် ပစ္စည်း တစ်ချို့အား ပို့ခိုင်းလိုက်တဲ့နောက် လက်ရှိချိန်ထိ အဆက်သွယ်ပြတ်တောက်သွားတာလို့ မိသားစုဝင်နဲ့နီးစပ်သူက ပြောပါတယ်။“သူတို့က ၆ လပိုင်း ၈ ရက်နေ့ကထွက်တာ ၁၁ နေ့ထိဖုန်းပြောသေးတယ်သူတို့ကို အဲ့နောက် ပိုင်းကသူတို့ရဲ့ဖုန်းတွေ ဆက်သွယ် မှုခနရပ်ဆိုင်းထားတယ်ပဲ ပြောလာခဲ့တော့တယ်။အဲ့ ၁၁ ရက်နေ့က ဖုန်းပြောတော့သူတို့ဆိုင်ကယ်ပျက်နေတယ်တဲ့ သုံးစီးနဲ့သွား တာ ၂ စီးကပျက်နေတယ်တဲ့ပြောခဲ့တာ”လို့ပြောပါတယ်။ မူဆင့်နဲ့ မိုးမိတ်ဟာ ဆိုင်ကယ်နဲ့ နေ့ချင်းပြန်သွားလို့ရတဲ့ခရီးဖြစ်ပြီး ပျောက်ဆုံးနေတဲ့ အမျိုးသားသုံးဦးနဲ့ နောက်ဆုံးဆက်သွယ်ခဲ့တဲ့နေရာဟာ မူဆင့်နဲ့ မိုးမိတ်ကြားမှာဖြစ်ပြီး ဇွန်လ ၁၁ ရက်နေ့ နောက်ဆုံးဖုန်းဆက်သွယ်ရလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ပျောက်ဆုံးနေတဲ့ အမျိုးသားသုံးဦးဟာ ကိုမင်းသိန်းဌေး (ခ)ကုလားလေး အသက် ၃၆ နှစ် ၊ ကိုသက်ထွန်းအောင်အသက် ၂၀ ကျော် နှင့် ကိုအောင်ပိုင်စိုး အသက် ၂၀ ကျော်တို့ဖြစ်ပြီး စစ်တပ်က ရွာသားတွေကိုအလှည့်ကျ ပစ္စည်းပို့ခိုင်းရာ ခုပျောက်ဆုံး နေတဲ့ ဒေသခံ ၃ ဦးက ဒုတိယအသုတ်ဖြစ်တယ်လို့ သိရပါတယ်။ “125 တစ်စီး၊ iphone တစ်လုံး၊ ကျွန်းနဲ့ထုထားတဲ့ဘုရားရယ်၊ ၅၆ မီးစက်တစ်လုံးရယ်ကိုသူတို့ကိုပို့ခိုင်းတာ။ ပို့ခိုင်းတာက ၈ ရက် ၆ လပိုင်းကအဲ့တာအခုထိ ပြန်မပေါ်လာသေးဘူး အဆက် အသွယ်လည်းမရဘူး။ သူတို့က အလှည့်ကျပို့ခိုင်းတာ အရင်ပထမအသုတ်က ဘာမဖြစ်ကြဘူး ဒီ ၃ ယောက်ကဘယ်လို ဖြစ်သွား လို့မသိဘူး”လို့ ပျောက်ဆုံးနေသူတွေနဲ့ရင်းနှီးနဲ့အခြားဒေသခံအမျိုးသမီးတစ်ဦးကပြောတယ်။“သူတို့ကို လာခေါ်တာတော ရပ်ကွက်ကလူကြီးတွေလာခေါ်တာ အခုပျောက်နေတော့ သူတို့ စုံစမ်းမပေးဘူး စစ်တပ်ကိုပဲဆက်သွယ်လိုက်တဲ့ ကျနော်တို့ စစ်တပ်ကိုမေးလို့ရတယ်၊ ဖုန်းနဲ့ဘယ်လိုတာဝန်ယူမလဲ ဘယ်လိုဖြေရှင်းပေးမလဲပြောတော့ဖုန်းကိုကိုင်ကိုမကိုင်ပေးတော့ဘူး ခုခြေနေနဲ့စစ်တပ်ထဲ အဝင်အထွက်လည်း မလုပ်ရဲဘူးလေ”လို့ ကိုမင်းသိန်းဌေး မိသားစုနဲ့ရင်းနှီးသူကပြောပါတယ်။ https://b urmese.kachinnews.com/2023/08/03/wl1-9/

၁၆။  ရခိုင်တွင် လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်စခန်းအချို့မှ နေအိမ် ၇၀ ခန့် အမိုးအကာများ ပျက်စီး
      August 3, 2023

ယခုရက်ပိုင်းအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ရခိုင်ပြည်အတွင်းက ရသေ့တောင်၊ ပုဏ္ဏားကျွန်း ၊ ကျောက်တော် စသည့်မြို့နယ်များရှိ စစ်ဘေးရှောင်စခန်းအချို့တွင် နေအိမ်များ ၇၀ ခန့်မှာ အမိုးအကာများ ပျက်စီးသွားခဲ့ကြောင်း စစ်ဘေးရှောင် များထံမှ သိရသည်။“မိုခါ”မုန်တိုင်းကြောင့် ပျက်စီးသွားသည့် နေအိမ်များကို တည်ဆောက်နေဆဲအချိန်တွင် ထပ်မံပြီး လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်ရှိ အမိုးအကာများမှာ ပြန်လည်ပျက်စီးသွားသည့်အတွက် ဖြစ်သလို နေထိုင်နေကြရသည်ဟု စစ်ဘေး ရှောင်များက ပြောသည်။“ကျနော်တို့မှာ မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့အိမ်ကို ကြံ့ကြံ့ခံနိုင်ဆောင် မဆောက်နိုင်သေးဘူး။ ဒီအတိုင်းကျန်ခဲ့တဲ့ အစအနလေးတွေနဲ့ ဖြစ်သလိုနေနေရတာ။ တာပေါ်လိပ်တွေနဲ့ မိုးထားတဲ့ အမိုးအကာတွေက လေပြင်းတိုက် တော့ ဘာမှမရလိုက်ဘူး။ အခုလည်း ဖြစ်သလို ပြုပြင်ထားတာ။ မိုးအများရွာရင် ထီးဆောင်ပြီး နေရတယ်”ဟု ပုဏ္ဏားကျွန်း မြို့နယ် ယိုးတရုတ်စစ်ဘေးရှောင်စခန်းမှ ဦးမောင်သိန်းက ပြောသည်။ ယိုးတရုတ် စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၆၉ နှင့် လူဦးရေ ၅၀၀ ခန့်ရှိပြီး လေးပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၃၁ ဆောင်မှာ အမိုးအကာများ လှန်ထွက်ပျက်စီးသွားခဲ့ကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

ဇူလိုင် ၃၁ ရက်မှ ဩဂုတ် ၂ ရက်နေ့တို့တွင်လေပြင်းတိုက်ခတ်မှုကြောင့် အမိုးအကာများပျက်စီးသွားသည့် စစ်ဘေး ရှောင်စခန်းများမှာ ပုဏ္ဏားမြို့နယ်၊ ယိုးတရုတ် စစ်ဘေးရှောင်စခန်းမှ နေအိမ်  ၃၁ ဆောင်၊ ကျောက်တော်မြို့နယ်၊ တောင်မင်းကု လား စစ်ဘေးရှောင်စခန်းမှ နေအိမ် ၅ ဆောင်၊ ကဝိရတနာ စစ်ဘေးရှောင်စခန်းမှ နေအိမ် ၁၇ ဆောင်တို့ဖြစ်ကြသည်။ ယင်းအ ပြင် ရသေ့တောင်မြို့ ရွှေပါရမီကျောင်းရှေ့စစ်ဘေးရှောင်စခန်းမှ နေအိမ် ၃ ဆောင်၊ ပြားချောင်းကြီးစစ်ဘေးရှောင်စခန်းမှ နေအိမ် ၃ ဆောင်နှင့် စေတီပြင်စစ်ဘေးရှောင်စခန်းမှ နေအိမ် ၁၃ ‌ဆောင်တို့မှာလည်း ပျက်စီးသွားခဲ့ရသည်။ ရသေ့တောင်မြို့ ပေါ်ရှိ ရွှေပါရမီကျောင်းရှေ့ စစ်ဘေးရှောင်စခန်းမှ တာဝန်ခံ ဦးရန်ပိုင်စိုးက  “ကျနော်တို့မှာ ဓနိအမိုးတွေနဲ့ ပြန်လည်ပြုပြင်ထားတာ။ ဆိုတော့ လေပြင်းတိုက်လို့ အမိုးတွေအကုန်လုံး လှန်သွားတယ်။ လက်ရှိမှာ မိုးနည်းနေလို့ ပျက်စီးသွားတဲ့ခေါင်မိုးတွေကို တာပေါ် လင်စတွေနဲ့ ပြုပြင်ထားရတယ်” ဟု ပြောသည်။ “အုန်းတွေ၊ ဝါးတွေက ရှာမရတော့ ယာယီအဖြစ် တာပေါ်လင်စတွေနဲ့ မိုးထား တာ လေပြင်းတိုက်တော့ အကုန်လုံးလွင့်သွားပြီး စုတ်ပြဲသွားတယ်။ အိမ်မှာလည်း ယောင်္ကျားသားမရှိတော့ ဒီအတိုင်း ဖြစ်သလို ကြိုးနဲ့ချည်ပြီးထားတာကြောင့် ပျက်စီးသွားတာပါ”ဟု ကျောက်တော်မြို့နယ်၊ တောင်မင်းကုလား စစ်ဘေးရှောင်စခန်းမှ ဒေါ်မအေးခင် က ပြောသည်။ https://www.face book.com/photo?fbid=675159674657632&set=pcb.6751598913 24277

၁၇။  စစ်ရှောင်ကလေးများ လုံခြုံစွာ စာသင်ကြားနိုင်ဖို့ ကျောင်းဆောင်သစ် ဆောက်လုပ်ပေး
      August 3, 2023

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းတစ်နေရာမှာ စစ်ရှောင်ကလေးငယ်များ လုံခြုံစွာ စာသင်ကြားနိုင်ဖို့အတွက် ကတ်သလစ်သာသနာအဖွဲ့ ICJM မှ စာသင်ကျောင်းဆောင် ဆောက်လုပ်ပေးခဲ့တယ်လို့ သိရပါတယ်။ စစ်ရှောင်ကာလကြာလာတာနဲ့အမျှ စာသင်ကျောင်းဆောင်ဟာ ပေါက်ပြဲပြီး အဆင်မပြေတော့တဲ့အတွက် ကျောင်း ဆောင်သစ် ဆောက်လုပ်ပေးခဲ့တာဖြစ်ပါတယ်။ ဩဂုတ်လ ၂ ရက်နေ့မှာတော့ ကျောင်းဆောင်သစ်ဖွင့်လှစ် ပေးခဲ့ပါတယ်။ “ကလေးတွေရဲ့ပညာရေးဆက်လက်သင်ကြားနိုင်ဖို့ ကျမတို့ တစ်ထောင့်တစ်နေရာကနေ အားဖြည့်ပေးတဲ့အနေနဲ့ ဒီစာသင် ကျောင်းကို ဆောက်လုပ် လှူဒါန်းတာဖြစ်ပါတယ်။ လုံလုံခြုံခြုံနဲ့ပေါ့ စာသင်ကြားစေချင်တယ်။အမိုးလဲ လုံစေချင်တယ် အကာလဲ လုံ စေချင်တယ်။ မိုးရွာသည်ဖြစ်စေ နေပူသည်ဖြစ်စေ စာသင်ကြားနိုင်တဲ့ အဆောင်တစ်ခု ဖြစ်မြောက်စေဖို့ အဲ့ဒီရည်ရွယ်ချက်နဲ့ ကလေးတွေကို ကျမတို့က လှူပေးတာ ဖြစ်တယ်” လို့ ကျောင်းဆောက်လုပ်ပေးတဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကျောင်းဆောင်သစ်ဖွင့်ပွဲမှာ ကျောင်းသူကျောင်းသားနဲ့ ကျောင်းသားမိဘတွေ အပါအဝင် စုစုပေါင်းလူဦးရေ (၁၀၀)ဝန်း ကျင် တက်ရောက်ခဲ့ကြပါတယ်။ အဆိုပါ ကျောင်း မှာ ၅ တန်း အထိ ဖွင့်လှစ်ထားပြီး ကျောင်းသား၊ ကျောင်းသူဦးရေ ၅၀ ဝန်းကျင် ကို ဆရာ၊ ဆရာမ ၁၀ ယောက်ကနေ သင်ကြားပေးနေတယ်လို့ သိရပါတယ်။ https://www.kant arawaddytimes.org/% e1%80%85%e1%80%85%e1%80%ba%e1%80%9b%e1%80%be 

၁၈။  မိုးရာသီမှာ တနင်္သာရီတိုင်းထဲကပြည်သူ သုံးသောင်းကျော်စစ်ရှောင်နေရ
      August 4, 2023

တနင်္သာရီတိုင်းမှာ ဇူလိုင်လအတွင်း စစ်ဘေးရှောင်ပြည်သူဦးရေ သုံးသောင်းကျော်ရှိခဲ့တယ်လို့ ဒေါနတနင်္သာရီ-စစ်ဘေး ရှောင်များ အထောက်အကူပြုရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ ဇူလိုင်လအတွက် ထားဝယ်မြို့နယ်က အမြဲတမ်းစစ်ဘေးရှောင်အပါအဝင်ပြည်သူ ၅၀၀ ဝန်းကျင်၊ ရေဖြူမြို့နယ်မှာ ၃၁၅၀ ကျော်၊ သရက်ချောင်း မြို့နယ်ထဲက ပြည်သူ ၂၀၀၀ နီးပါး၊ လောင်းလုံးမြို့နယ်က ပြည်သူ ၅၀၀၀ ကျော်၊ ပုလောမြို့နယ်မှာ အမြဲတမ်းစစ်ဘေးရှောင် ၂၆၀၀ နဲ့ ရွှေ့ပြောင်းစစ်ရှောင် ၁၀,၀၀၀ ဝန်းကျင်၊ တနင်္သာရီမြို့နယ်မှာ ၁၀,၀၀၀ ကျော် အသီးသီးရှိခဲ့တယ်လို့ဆိုပါတယ်။ လက်ရှိ မှာတော့ နေရပ်ပြန်သူတချို့ရှိနေပြီး ၂၅၀၀၀ ဝန်းကျင်ရှိနေတုန်းပဲလို့ ဒေါနတနင်္သာရီကထုတ်ပြန်ထားပါတယ်။ လက်ရှိ စစ်ဘေး ရှောင်တွေကို ကူညီရာမှာ အခက်အခဲတွေလည်း ကြုံတွေ့နေရပါတယ်။ “လမ်းပန်းဆက် သွယ်ရေးနဲ့ ကုန်ဈေးနှုန်းပါ။ ကုန်ဈေး နှုန်းကတော့ ငွေကြေးတန်ဖိုးကျတဲ့အပေါ်မူတည်ပြီးလိုက်တက်တာဆိုတော့ ဥပမာအနေနဲ့ ဒေါနမှာ အလှူငွေသိန်း ၅၀ ရှိထားပြီး ဒီပမာဏကို အရင်နှစ်ကဆို ဆန်အိတ် ၁၀၀ နီးနီး ရနိုင်ပေမယ့် အခုဆို အိတ် ၅၀ နီးနီးလောက်ပဲရနိုင်တာမျိုးပေါ့” လို့ ဒေါန တနင်္သာရီရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

နှစ်ဖက်ပစ်ခတ်မှုတွေ၊ စစ်ကောင်စီတပ်က နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေကြောင့် ထားဝယ်မြို့နယ်ထဲက ပခပ်၊ ရမ္မဇူ၊ သရက်ငုတ်၊ လိပ်ကြယ်ပြောင်၊ သင်္ကန်းတုန်း၊ ဝကုန်းနှင့် ဝက်သေရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ ‌ဖော်ပြပါတယ်။ အလားတူ ဖြစ်စဥ်တွေကြောင့် ရေဖြူမြို့နယ်ထဲက ကျောက်ရှပ်ကျေးရွာ၊ ရေပုံး၊ နဘုလယ်၊ မူးဒူး၊ လဲရှောင်၊ ထိန်ကြီး၊ ပရဒတ်၊ ခမောင်းချောင်း၊ ဝက်ချောင်း၊ ဧကနိ၊ ကုန်းသာယာအင်း၊ ဘဝါ၊ ထွက်ဝ စတဲ့ရွာတွေက ပြည်သူတွေ ထွက် ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။ သရက်ချောင်းမြိုနယ်ထဲက ရငဲရွာမှာ ပြီးခဲ့တဲ့ ဇွန်လကတည်းကတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်တွေက ဒီကနေ့အထိ  ရွာထဲမှာတပ်စွဲနေထိုင်နေဆဲဖြစ်တာကြောင့် သိမ်ကုန်း၊ ဝဲရစ်၊ ကမြိုင်၊ ရငဲ၊ ကျောက်ခ မောက်၊ ကျွဲမင်းကုန်း၊ ကနက်သီရိ၊ ကတွဲ၊ ဆိပ်ချောင်း၊ ကညင်ချောင်း၊ အောက်သရက်ချောင်း စတဲ့ရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ မြိတ်ခရိင်၊ ကျွန်းစုမြို့နယ်မှာတော့ ပစ်ခတ်မှုရှိခဲ့ပေမဲ့ စစ်ဘေးရှောင်ပြည်သူမရှိဘူးလို့ ဖော်ပြ ထားပါတယ်။ စစ်‌ဘေးရှောင်ပြည်သူအရေအတွက်ဟာ ကိန်းသေမရှိဘဲ စစ်ကြောင်းထိုးဝင်ရောက်မှု၊ တိုက်ပွဲဖြစ်ပွားမှု အခြေ အနေပေါ်မူတည်ပြီး အရေအတွက် အပြောင်းအလဲရှိတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇွန်လက စစ်ဘေးရှောင်ပြည်သူဦးရေက တနင်္သာရီတိုင်းမှာ နှစ်သောင်းခြောက်‌ထောင်ကျော်ရှိခဲ့တယ်လို့ ဒေါနတနင်္သာရီ-စစ်ဘေး‌ရှောင်များအထောက်အကူပြုရေးအဖွဲ့ က ဖော်ပြခဲ့ပါတယ်။ https://www.facebook .com/photo/?fbid=314030714348018&set=a.196212682796489

၁၉။ ဓနုတပ်ဖွဲ့ နှင့် ပတ်သက်မှုရှိသည်ဆိုပြီး ရွာငံဒေသခံ ၄ ဦးကို စစ်ကောင်စီဖမ်း၊ နေအိမ်ကိုလည်း ဖျက်ဆီး
     August 3, 2023

သျှမ်းပြည် ရွာငံမြို့နယ် ဒေသခံ အမျိုးသား (၄) ဦးကို ဓနုပြည်သူ့ လွတ်မြောက်ရေး တပ်ဦး (DPLA) နှင့် ပတ်သက် သည်ဟုဆိုပြီး စစ်ကောင်စီမှ လာရောက်ဖမ်းဆီးသွားကြောင်း စုံစမ်း သိရသည်။ ဇူလိုင်လ (၃၁) ရက်နေ့ ညပိုင်းအချိန်တွင် ရွာငံမြို့ နယ်မှ လွှစင်ကျေးရွာ နှင့် ပဲရင်းတောင်ကျေးရွာမှ အမျိုးသား (၄) ဦးကို DPLA နှင့် ပတ်သက်မိသည် ဆိုသည့် စွပ်စွဲချက်ဖြင့် စစ်ကောင်စီတပ်ဖွဲ့ နေအိမ်အသီးသီးတွင် လာရောက် ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြော သည်။ “စစ်သားတွေက ကား တစ်စီးနဲ့ ဆိုင်ကယ် ၅/၆ စီးနဲ့ လာကြတယ်၊ ပျူစောထီးတွေလည်း ပါလာတယ်၊ အားလုံးက သေနတ်ကိုယ်စီ နဲ့ လာကြတာ၊ လွှစင်ရွာက ၂ ဦး ဖမ်းသွားတယ်၊ တစ်ဦးက သူ့အဖေကို မတွေ့လို့ သားဖြစ်သူကို ဖမ်းသွားတာ၊ သူတို့ အိမ်တွေကိုလည်း မီးရှို့ဖျက် ဆီးသွားတယ်”ဟု ဒေသခံများက ပြောသည်။ လွှစင်ကျေးရွာမှ ဖမ်းဆီးခံရသူများသည် အသက် (၃၀) ဝန်းကျင် ကိုမြင့်ဦး နှင့် ကိုဝင်းသိန်း တို့ဖြစ်ကြပြီး ကိုဝင်းသိန်းသည် ဖခင်ဖြစ်သူ ဦးဘဝေ အစား ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဦးဘဝေ၏ အိမ်တွင်း ပစ္စည်းများကိုလည်း ရိုက်နှက်ဖျက်ဆီးသည့် အပြင် အိမ်ကိုပါ မီးရှို့ဖျက်ဆီးသွားခဲ့သည်။ အလားတူပင် လွှစင်ကျေးရွာတွင်း စစ်ကြောင်း ဝင်ရောက်ဖမ်းဆီးပြီးသည့်နောက်တွင် ပဲရင်းတောင်ကျေးရွာမှ ဒေသခံများကို လည်း ဝင်ရောက်ဖမ်းဆီး၊ နေအိမ်ကို မီးရှို့မှု ရှိခဲ့ကြောင်းလည်း ဒေသခံများက ဆက်ပြောသည်။ “ပဲရင်းတောင်က ဖမ်းဆီးခံရ တာ ၂ ဦးလို့ပဲ သိရပေမဲ့ အဲ့ထက်ပိုနိုင်တယ်၊ သူတို့ကို DPLA နဲ့ ပတ်သက်တယ်ဆိုပြီးတော့ လာဖမ်းကြတာ၊ အိမ်မှာလည်း စစ်ဆေးမေးမြန်းမှုတွေ လုပ်သွားသေးတယ်။ ဒါပေမဲ့ သူတို့က ရပ်ရွာထဲမှာ အေးအေး ဆေးဆေးနေကြသူတွေပါ၊ တော်လှန်ရေး နဲ့ ပတ်သက်ပြီးဘာမှမလုပ်ပါဘူး”ဟု အသက် ၃၀ ကျော် အမျိုးသမီးတစ်ဦးကပြောသည်။ ပဲရင်းတောင်မှ ဖျက်ဆီးရသည့် နေအိမ် သည် ဦးတင်ဦး ဆိုသူ၏ နေအိမ်ဖြစ်ပြီး ၎င်းကိုလည်း အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး မိသားစုဝင် များကို အိမ်ပြင် ထွက်ခိုင်းကာ အိမ်ကို မီးရှို့ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။  ပဲရင်းတောင်ရွာကျေးရွာသည် ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် လေကြောင်းတိုက်ခိုက်မှု ခံခဲ့ရပြီး ဒေသခံ ရွာသား ၉ ဦးကိုလည်း စစ်ကောင်စီမှ PDF ဟု စွပ်စွဲပြီး အစုအပြုံလိုက် သတ်ဖြတ်ခဲ့သည့် ကျေးရွာလည်း ဖြစ်သည်။ https://burmese.shannews.org/archives/36054

၂၀။ မုဒုံနှင့်ဘီးလင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အချို့ ပျက်စီးပြီး ရေကြီး           ရေလျှံမှု များ ဖြစ်ပေါ်နေ
    August 3, 2023

မွန်ပြည်နယ် မုဒုံမြို့နယ်နှင့် ဘီလင်းမြို့နယ်တွင် ယနေ့ ဩဂုတ်လ ၂ရက်နေ့ မနက်ပိုင်းမှ စတင်ကာ  မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်းနှင့် နေအိမ်အချို့ ပြိုပျက်ခဲ့ပြီး နေရာအချို့တွင် ရေကြီးမှုများ ဖြစ်နေ ပေါ်သည်ဟု ဒေသခံများထံက သိရသည်။ ယနေ့ မနက် ၄ နာရီခန့်က မုဒုံမြိုနယ် တောင်ပကျေးရွာတွင် မိုးသည်း ထန်စွာရွာသွန်း ပြီး လေပြင်းတိုက်ခတ်မှုကြောင့် မူလွန်ကျောင်းတစ်ကျောင်းနှင့်လူနေအိမ် ၁၀ လုံး ပျက်စီးမှု ရှိသည်ဟု ဒေသခံတစ်ဦးက ပြော သည်။ “လေဆင်နှာမောင်းပုံစံမျိုး တိုက်တာ ကျောင်းဆို မျက်နှာကျက်တွေ ထုတ်တန်းတွေ ပြုတ်ကျတယ် သွပ်တွေကတော့ မရှိ တော့ဘူး ကလေးတွေကို ဘုန်းကြီးကျောင်းကို ပြောင်းပြီးစာသင်နေရတယ် အိမ်တွေက သွပ်မိုးကွာပြီး လွင့်ကုန်တာ”ဟု ပြော သည်။ လက်ရှိ အခြေအနေတွင် ကျောင်သား၊ ကျောင်းသူများအား အမှတ် ၈ ရပ်ကွက် ဘုန်းကြီးကျောင်းတွင် ပြောင်းရွေ့ကာ စာဆက်လက်သင်ကြားနေရသည်ဟု ဒေသခံများထံက သိရသည်။

အလားတူပင် ဘီးလင်းမြို့နယ်တွင်လည်း ယနေ့ မနက်ပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာပြီး ရေကြီးရေလျှံမှုများဖြစ် ပေါ်နေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ “အခုတက်တဲ့ရေက စိုးရိမ်ရတဲ့အနေအထားပါ လှေနဲ့သွားနေရတယ် ကယ်ဆယ် ရေးလုပ်ဖို့ အရေးပေါ်လိုနေတယ်”ဟု ပြောသည်။ ဘီးလင်းမြစ်ရေမှာ ဩဂုတ် ၂ ရက် မနက် ၇ နာရီ ၃၀ မိနစ် တိုင်းတာချက်အရ ဘီးလင်းမြို့၏ စိုးရိမ်ရေအမှတ်(၁၀၂၂) စင်တီမီတာအထက် ပေဝက်ခန့်ကျော်လွန်နေသည့်အတွက် ဘီးလင်းမြို့အနိမ့်ပိုင်းနေရာ များနှင့် ဘီးလင်းမြစ် အောက်ပိုင်းဒေသများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည်ဟု ဒေသခံများထံက သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်နှင့် ၁၈ ရက်ကလည်း မွန်ပြည်နယ် မုဒုံ၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျံမှုများဖြစ်ပွားခဲ့သည့် ဖြစ်စဥ်လည်းရှိသည်။ https://w ww.facebook.com/photo?fbid=264161223042921&se t=pcb.264161376376239

၂၁။  ဝင်းရော်ဒေသ ကျေးရွာတချို့တွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်၍ သွားလာရေး ခက်ခဲနေ
     August 3, 2023

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်းရော်ဒေသရှိ ကျေးရွာတချို့တွင် ယခုရက်ပိုင်းအတွင်း မိုးများပြီး ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်နေသောကြောင့် သွားရေးလာရေး အခက်ခဲများကြီးမားစွာကြုံတွေ့နေရကြောင်း ဒေသခံများကပြောသည်။ ဝင်းရော်ဒေသ တောင်ဒီးကျေးရွာအပါအဝင် ၎င်းအနီးအရှိ ကျေးရွာတချို့တွင် ယခုရက်ပိုင်းအတွင်း မိုးသည်း ထန်စွာ ရွာသွန်းပြီး တောင်ကျရေများစီးဆင်းလာမှုကြောင့် ရေကြီးရေလျှံမှု များဖြစ်ပေါ် နေခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။ ၎င်းက “ချောင်းနဲ့နီးတဲ့ သူတွေက ပိုပြီးတော့ ခက်ခဲတယ်။ မိုးတအားရွာပြီး ရေတအားကြီးတော့ လမ်းပန်း ဆက်သွယ်ရေး အခက်အခဲ တွေရှိတယ်။ ပြီးတော့ ဖုန်းလိုင်းတွေကလည်းရတချက် မရတစ်ချက်ပဲ။ အနီး အနားရွာတွေမှာလည်း ရေကသိပ်မကြီးပေမဲ့ မိုးက ဆက်တိုက်ရွာတော့ သွားလာရေးအခက်အခဲဖြစ်ရတယ်။” ဟု ပြေ ာသည်။

ရေကြီးရေလျှံမှုဖြစ်ပေါ်သည့်နေရာများမှာ တောင်ဒီးကျေးရွာအပြင် တညင်၊ ဝင်းခန၊ ကျော်ဘီလူး၊ ထီမံထို၊ တောင်စွန်း၊ ထီးနန်းရှီး၊ ထီးဖိုနိုင်း၊ ကျုံခဝန်၊ ဖားပြ၊ လှာကဒါ၊ လိုင်ကနီကျေးရွာများ ပါဝင်ပြီး ၎င်းကျေးရွာများထဲမှ ချောင်းနှင့်နီးစပ်သည့် နေရာများတွင် ရေကြီးမှု အများဆုံးနှင့်အဆိုးဝါးဆုံး ဖြစ်ပေါ်နေကြောင်း ၎င်းဒေသခံက ဆက်ပြောသည်။ ထို့အပြင် ဒေသခံများ အနေဖြင့် ရေကြီးမှုကြောင့် သွားလာရေးအခက်အခဲများစွာရှိနေသည့်အပြင် ကျန်းမာရေး အခြေအနေအရ ဆေးခန်းသွားရောက် ပြသရာတွင်လည်း လမ်းခရီးတွင် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များက တင်းကြပ်စွာ စစ်ဆေးမှုများကြောင့် ထပ်မံအခက် တွေ့နေရကြောင်း ၎င်းဒေသရှိ ဒေသခံများကပြောသည်။ အခြားဒေသခံတစ်ဦးကလည်း “ဒီနှစ်ရေတအားကြီးတော့ ကျန်းမာရေး ဘက်ကရော အခက်အခဲတွေရှိတယ်။ အချိန်မီဆေးရုံမပို့ နိုင်တာရယ်။ ပြီးတော့မြို့သွားဖို့ကလည်း စစ်ဆေးမှုတွေ တအားများ တယ် မုဒုံနဲ့မော်လမြိုင်မှာ။ ဆေးရုံအချိန်မီမပို့နိုင်လို့ ရွာက မိန်းကလေးတစ်ယောက်ဆုံးသွားတယ်။” ဟု ပြောသည်။ https://ki cnews.org/2023/08/%e1%80%9d%e1%80% 84%e1%80%ba%e1%80%b8%e1%80%9b%e1%80%b1%e1

၂၂။  လွိုင်ကော်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ လူငယ်တစ်ဦး ပစ်သတ်ခံရ
     August 4, 2023

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့၊ ထေးငှားလျားကျေးရွာ အနီးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ မနေ့ သြဂုတ်လ ၃ ရက်နေ့က လူငယ်တစ်ဦး ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပစ်ခတ်ခံရတဲ့ လူငယ်ဟာ ဘယ်သူ ဘယ်ဝါ ဖြစ်တယ်ဆိုတာ အခုချိန်ထိ မသိရသေးဘူးလို့ ဆိုပါတယ်။ “ဖုန်းစစ်ချိန် ဖုန်းထဲမှာ ပုံတွေတွေ့လို့ လက်ပြန်ကြိုး တုပ်ပြီး ကားပေါ် တင်ထားချိန် လူငယ်လေးက ကားပေါ်က ခုန်ချလို့ စခ (စစ်ကောင်စီ) တွေ ဝိုင်းပစ်တာကြောင့် နေရာတင် ပွဲချင်းပြီး သေသွား တယ်” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ထေးငှားလျား စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ် အင်အား ၂၀ ဝန်းကျင်ရှိပြီး ဖြတ်သွားဖြတ်လာ ဆိုင်ကယ် ကားတွေ အပြင် ဖုန်းတွေကိုပါ တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ကရင်နီပြည်နယ်တစ်လျှောက် နေရာအနှံ့မှာ စစ်အင်အား တိုးချဲ့နေပြီး လွိုင်ကော်မြို့မှာ လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေကို တင်းတင်းကျပ်ကျပ် ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ https://www.facebook.com/photo/?fbid=315675704152214&set=a.28 5900490463069

၂၃။ NUG တရားရေးဝန်ကြီးဌာနက အမှုပေါင်း၂၀၀ ကျော် စစ်ဆေးအမိန့်ချ
     August 4, 2023

အမျိုးသား ညီညွတ်ရေး အစိုးရ-NUG တရားရေး ဝန်ကြီးဌာနက၂၀၂၃ ခုနှစ်၊ ဇွန်လအထိ အမှုပေါင်း၂၀၀ ကျော်ကို စစ်ဆေး အမိန့်ချခဲ့တယ်လို့ ဒီကနေ့ ဩဂုတ် ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ NUG တရားရေး ဝန်ကြီးဌာနဟာ အမှုပေါင်း ၃၈၀ ကို ကြားနာ စစ်ဆေးခဲ့ကာ တရားမမှု ၂၉ မှုနဲ့ ရာဇဝတ်မှုပေါင်း ၁၇၃ မှုတို့ကို အပြီးအပြတ် အမိန့်ချမှတ် နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ပြည်သူတွေ တိုင်ကြားတဲ့ အမှုများရဲ့ ၅၃ ရာခိုင်နှုန်းကို ဖြေရှင်းပေးနိုင်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။ NUG တရားရေးဝန်ကြီးဌာနက ဩဂုတ်လ ၃ ရက်မှ ၅ ရက်အထိ တရားသူ ကြီး ၁၉ ဦး၊ ဥပဒေ အရာရှိ ၅ ဦးနဲ့ ရုံးချုပ် မှ အရာရှိ ၆ ဦး စုစုပေါင်း ၃၀ ဦးတို့ကို အခြားနည်းဖြင့် အငြင်းပွားမှု ဖြေရှင်းခြင်းဆိုင်ရာ သင်တန်း ဖွင့်လှစ်ပို့ချနေတယ်လို့ ထုတ် ပြန်ချက်မှာ ဖော်ပြထားပါတယ်။ https://www.facebook .com/photo/?fbid=315724937480624&set=a.2859004904630

၂၄။  ပင်းတယဒေသမှာ စစ်တပ်က ကျေးရွာနဲ့ ဘုန်းကြီးကျောင်းထဲ ဝင်ရောက်တပ်စွဲလို့ ဒေသခံတွေ ကြောက်လန့်
      August 3, 2023

ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်းတယမြို့နယ်မှာ စစ်တပ်က ဘုန်းကြီးကျောင်းနဲ့ ကျေးရွာတွေထဲ တပ်စွဲ နေထိုင်လာတဲ့ အတွက် ကြောက်လန့်နေရတယ်လို့  ပင်းတယ ဒေသခံတွေကပြောပါတယ်။ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး-DPLA တည် ထောင်ပြီးကြောင်းကြေညာချက် ထွက်ပေါ်လာပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဓနုဒေသမှာ စစ်ဆေးမှု ပိုတင်းကြပ်ပြီး နောက် အခုလို ကျေးရွာတွေထဲမှာပါ တပ်စွဲလာတာ ဖြစ်တယ်လို့ ဒေသခံ ဓနု အမျိုးသား တစ်ဦးက ပြောပါတယ်။ အင်အား ၃၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ဇူလိုင်လ ၃၀ ရက်နေ့မှာ ပင်းတယမြို့နယ် မြစေတီကျေးရွာထဲ ဝင်ရောက် တပ်စွဲခဲ့ပါတယ်။“အခု သူတို့တွေက ဘုန်းကြီးကျောင်းကို ခံတပ်လုပ်ပြီး ဝင်နေနေတယ်။ ရွာတွေထဲကိုလည်း ကင်းလှည့်တာတွေ လုပ်လာ တယ်။ သူတို့ အဲ့လိုနေတော့ ဒေသခံတွေက တောင်ယာကိုလည်း ကောင်းကောင်းမသွားရတော့ဘူး။ လပြည့် လကွယ် ဘုန်ကြီး ကျောင်း တက်ဖို့လည်း ကြောက်နေရတယ်။ သူတို့ရောက်လာမှ ပြည်သူလူထု ပိုပြီး မလုံခြုံ ဖြစ်သွားတယ်လေ။ ကြောက်စိတ်နဲ့ နေနေရတယ်” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

အခုလို စစ်ကောင်စီတပ်က ရွာထဲ လာရောက် စခန်းချ နေထိုင်တာကြောင့် ဒေသခံတွေဟာ ညအချိန်တွေမှာ သွားလာမှု မပြုရဲတော့ဘဲ တစ်အိမ်နဲ့ တစ်အိမ် အိမ် အလည် မသွားတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။“သူတို့က အကြောင်းမရှိ အကြောင်းရှာပြီး ဒုက္ခပေးနိုင်တဲ့ သူတွေဆိုတော့ ကြောက်ရတာပေါ့။ ပြဿနာရှာပြီး အဖမ်းခံရရင် ပြန်လွတ်တာ မလွတ်တာက တစ်ကဏ္ဍ ဒုက္ခရောက်မှာက အရင် ဖြစ်တယ်လေနော်” လို့ နောက်ထပ် ဒေသခံတစ်ဦးကပြောပါတယ်။ စစ်ကောင်စီတပ် အနေနဲ့ မြစေတီကျေးရွာမှာ ဘယ်အချိန်ထိ တပ်စွဲနေထိုင်မှာကို မသိရသေးတာကြောင့် ရေရှည် တပ်စွဲထားမှာကို ဒေသခံတွေက မလို လားဘူးလို့ ဆိုပါတယ်။ ပင်းတယမြို့နယ်၊ မြစေတီကျေးရွာဟာ လက်ဖက်၊ ကော်ဖီတွေ စိုက်ပျိုး လုပ်ကိုင်နေတဲ့ ကျေးရွာ ဖြစ်ပြီး ဓနု တိုင်းရင်းသားတွေ နေထိုင်တဲ့ ကျေးရွာ ဖြစ်ပါတယ်။ https://www. facebook.com/photo/?fbid=315322504187534& set=a.285900490463069

၂၅။  KNDF တပ်ရင်း (၉) က ပြုလုပ်တဲ့ “ပရောဂျက် မေ ၂၁” ကမ်ပိန်း ၉၅ ရာခိုင်နှုန်း အောင်မြင်
     August 3, 2023

ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်-KNDF တပ်ရင်း (၉) မှ ပြုလုပ်တဲ့ “ပရောဂျက် မေ ၂၁” ကမ်ပိန်း မဲလက်မှတ် သတ်မှတ် ပမာဏ ၉၅ ရာခိုင်နှုန်း ရောင်းချခဲ့ရပြီး သတ်မှတ်ရက်အတိုင်း အဆုံးသတ်နိုင်ခဲ့တယ်လို့ KNDF တပ်ရင်း (၉) ကပြော ပါတယ်။ အဲ့ဒီကမ်ပိန်းရဲ့ ပေါက်မဲတွေကို KNDF တပ်ရင်း (၉) တည်ထောင်တဲ့ ၂ နှစ်ပြည့်နေ့ ဖြစ်တဲ့ ဩဂုတ်လ ၂ ရက်နေ့ ညမှာ Live လွှင့်ပြီး မဲဖောက်ပေးခဲ့ပါတယ်။ မေလ ၂၁ ရက်နေ့မှာ စတင်ခဲ့တဲ့ ကမ်ပိန်း မဲလက်မှတ် တစ်စောင် ၃ သောင်းကျပ်နဲ့ ရောင်းချ ခဲ့ရာမှာ မဲလက်မှတ် ၉၅ ရာခိုင်နှုန်း ရောင်းချနိုင်ခဲ့လို့ သတ်မှတ်ထားတဲ့ ဩဂုတ် ၂ ရက်နေ့ ညမှာ ပေါက်မဲတွေ ကြေညာပေးခဲ့ပါ တယ်။“ကျွန်တော်တို့ရဲ့ ပရောဂျက် မေ ၂၁ ဟာ သတ်မှတ်ထားတဲ့ ပမာဏ မပြည့်ခဲ့သော်လည်း ၉၅ ရာခိုင်နှုန်းနဲ့ ပိတ်သိမ်း နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အခု ပရောဂျက်ဟာ မထင်မှတ်ထားတဲ့ အတိုင်းအတာထိ ပြည်တွင်း ပြည်ပမှ အလှူရှင်များရဲ့ ဝိုင်းဝန်းပါဝင် ကူညီပေးမှုကြောင့် ၉၅ ရာခိုင်နှုန်းထိ မဲများ ရောင်းချနိုင်ခဲ့ပါတယ်” လို့ KNDF တပ်ရင်း (၉) တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဒါကြောင့် မဲတွေကို ဝယ်ယူပေးကြတဲ့ ပြည်တွင်း ပြည်ပ အလှူရှင်တွေ အားလုံးကို ကျေးဇူးတင်တယ်လို့လည်း သူက ပြောပါတယ်။ ပေါက်မဲတွေ အနေနဲ့ ပထမဆု- MITSUBISH ကားတစ်စီး၊ ဒုတိယဆု- ရွှေဆွဲကြိုး၊ တတိယဆု-REDMI NOTE 12 PRO ဖုန်းနဲ့ ဂစ်တာ၊ နာရီ၊ ရိုးရာဝတ်စုံတွေ ပြန်လည်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်၊ မေလ ၂၁ ရက်နေ့မှာ တူမီး၊ လေးခွ၊ ပွိုင့်၂၂၊ တစ်တောင့်ထိုး လက်နက်တွေနဲ့ အသက်သွေးချွေးရင်းပြီး ဒီးမော့ဆို ညောင်ကိုင်းမှာ စစ်ကောင်စီယာဉ်တန်းကို အောင်မြင်စွာတော်လှန် တိုက်ထုတ်နိုင်ခဲ့တာတာကြောင့် “ပရောဂျက် မေ ၂၁” လို့ နာမည်ပေးရတာ ဖြစ်တယ်လို့ KNDF တပ်ရင်း (၉) ကပြောပါတယ်။ ဒီပရောဂျက် ကမ်ပိန်း ပြုလုပ်ရတာဟာ အချိန် ကြာမြင့်လာြပီဖြစ်တဲ့ တော်လှန်ရေး ကာလမှာ အိမ်ပြန်ချိန် အမြန်ဆုံး ရောက်ရှိဖို့၊ တပ်ရင်းတည်ထောင်ခြင်း ၂ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့အပြင် လာမယ့်တိုက်ပွဲတွေမှာ ရလဒ်ကောင်း တွေ ထပ်မံရရှိဖို့ ရည်ရွယ်ပြုလုပ်တာဖြစ်တယ် သိရပါတယ်။ https://www.facebook.com/photo/?fbid=3151861975344 98&set=pcb.3151862508 67826

၂၆။ ဒေါ်စုကို ပြစ်ဒဏ်လျှော့ပေါ့ပေးခြင်းသည် နိုင်ငံတကာ အသိအမှတ်ပြုခံရရေးအတွက် စစ်ကောင်စီ၏ကြိုးပမ်းမှုဟု       ယန်ဟီးလီ ပြော
    August 3, 2023

ဒေါ်အောင်ဆန်းစုကြည်အား ပြစ်ဒဏ်သက်သာခွင့် ပေးခြင်းသည် နိုင်ငံတကာ၏ တရားဝင်အသိအမှတ်ပြုမှု ရရှိရေး အတွက် စစ်ကောင်စီ၏ ကြိုးပမ်းမှုတစ်ရပ်သာဖြစ်သည်ဟု ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဒေါက်တာယန်ဟီးလီက ပြောကြားကြောင်း စီအန်အေသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တစ်ယောက် အကြံကုန်ပြီး ဘေးကျပ်နံကျပ် ဖြစ်နေသည်ကို ဤလုပ် ရပ်က ညွှန်ပြနေကြောင်းလည်း ယန်ဟီးလီက စီအန်အေသတင်းဌာန၏ သြဂုတ်လ ၁ ရက်နေ့က ထုတ်လွှင့်သည့် Asia Tonight အစီအစဉ်တွင် ပြောကြားသည်။ “အတုအယောင် စွပ်စွဲချက်တွေနဲ့ တရားစွဲပြီး ချုပ်နှောင်ခံထားရတဲ့ အသက် ၇၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ပြစ်ဒဏ်သက်တမ်း လျှော့ပေါ့ပေးတယ်ဆိုတာကို ရက်စက်ကြမ်းကြုတ်တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ နောင်တ ရတဲ့အပြုအမူ၊ ရင်ကြားစေ့တဲ့ အပြုအမူအဖြစ် ရှုမြင်လို့မရပါဘူး” ဟု ယန်ဟီးလီက ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည် သည် အမှုပေါင်း ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရပြီး သူမရင်ဆိုင်နေရသည့် အမှုများအနက် ၅ မှုအတွက် ထောင်ဒဏ် ၆ နှစ်ကို ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း မြန်မာစစ်ကောင်စီက သြဂုတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

မြန်မာစစ်ကောင်စီသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု နောက်ပိုင်းတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တော်လှန် ဆန့်ကျင်မှုများ ရင်ဆိုင်နေရပြီး နိုင်ငံတွင်း ငွေကြေးဖောင်းပွမှုကြောင့် စီးပွားရေးအရလည်း အကျပ်အတည်း ရင်ဆိုင်နေရသည်။ စစ်ကောင်စီသည် နိုင်ငံကို အုပ်ချုပ်နိုင်ခြင်းမရှိဘဲ နိုင်ငံဧရိယာ ထက်ဝက်ကျော်သည် ဒေသခံ တိုင်းရင်းသားလက်နက်ကိုင် အုပ်စု များ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်ဟု ယန်ဟီးလီက ပြောသည်။ နိုင်ငံကို အရေးပေါ်ကာလ သတ်မှတ်ပြီး အုပ်ချုပ်လျက်ရှိ သည့် စစ်ကောင်စီသည် ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်နေ့တွင် အရေးပေါ်ကာလ သက်တမ်းကို နောက် ထပ် ၆ လ ထပ်မံတိုးမြှင့် သတ်မှတ်ခဲ့သည်။“ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် တို့ကို ပြစ်ဒဏ်တွေ လျှော့ပေးလိုက်တဲ့အတွက် လူထုရဲ့ ထောက်ခံမှုကိုရမယ်၊ ဒီထက်အရေးကြီးတဲ့ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကိုလည်း ရမယ်လို့ သူတို့က ထင်နေတယ်” ဟု ယန်ဟီးလီ က ပြောကြားသည်။ https://www.facebook.com/photo?fbid=6752 41151316151&set=a.643209801185953

၂၇။  နမ့်ဆန်က အသက်(၆၀)အရွယ် အမျိုးသမီးကို ဓားပြတိုက်ပြီး ရိုက်သတ်သွားတဲ့ တရားခံ ၃ ဦးကို TNLA က          ဖမ်းဆီးရမိ
     August 3, 2023

တအာင်းဒေသ နမ့်ဆန်မြို့နယ် ကယားလမ်းအုပ်စု ဟိုချောင်းကျေးရွာက အသက် ၆၀ အရွယ်အမျိုးသမီးတစ်ဦးကို ဓားပြတိုက်ပြီး သေဆုံးတဲ့အထိ ရိုက်သတ်ခဲ့တဲ့ တရားခံအမျိုးသား ၃ ဦးကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ကဖမ်းဆီးထားမိပြီဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်ညနေမှာ ဒေါ်မြရီရဲ့ နေအိမ်ထဲထိ ဝင် ရောက်ပြီး သူမကိုထင်းချောင်းနဲ့ ရိုက်သတ်သွားခဲ့တဲ့အပြင် ပိုက်ဆံ ၁၅ သိန်းကိုပါ ဓားပြတိုက်လုယူသွားတဲ့ တရားခံအမျိုးသား ၃ ဦးကို TNLA အုပ်ချုပ်ရေးဌာနက ပြီးခဲ့တဲ့ ဇူလိုင်လ နောက်ဆုံးအပတ်မှာ ဖမ်းဆီးမိခဲ့တယ်လို့ ဟိုချောင်းရွာခံ အမျိုးသားတစ်ဦးက ​ပြောပါတယ်။ “ကျနော်တို့ တစ်ရွာလုံးအတွက်တော့အရမ်းကောင်းတာပေါ့။ အရင်တုန်းက နေရတာစိတ်မချမ်းရတာနဲ့ဘာနဲ့ အမှုမပေါ်သေးတော့။ အခုကအမှုပေါ်တော့ စိတ်ချမ်းသာတာပေါ့” ဟိုချောင်းရွာနေ အသက် ၃၀ အရွယ် မိုင်းနေဦးကို ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်၊ ကယားလမ်းကျေးရွာအုပ်စု ကယားလမ်းရွာနေ အသက် ၃၅ အရွယ် မောင်အိုက်ဝင်းကို ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်နဲ့ ဟိုချောင်းရွာနေ အသက် ၄၀ အရွယ် ဦးသိန်းအောင်ကို ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်က အဆင့်ဆင့်ဖမ်းဆီးမိခဲ့တာဖြစ်တယ်လို့ TNLA အုပ်ချုပ်ရေးဌာန နမ့်ဆန်မြို့နယ် တိုက်နယ်အမှတ် ၃ ရဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဖမ်းဆီးထားတဲ့ တရားခံ ၃ ဦးဟာအရင်ကလည်း ဓားပြတိုက်ခဲ့ဖူးတာရှိပြီး ၎င်းတို့ကိုတရားဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ဟိုချောင်းရွာမှာ ခုလိုဓားပြတိုက်ခံရတာဟာ အရင်က တစ်ခါမှမကြုံဖူးဘဲ ဒါက ပထမဆုံး အကြိမ်ဖြစ်တယ်လို့သိရပါတယ်။ နမ့်ဆန်မြို့ပေါ်မှာတော့ အရင်က ခိုးမှုတွေ မကြာခဏကြုံတွေ့ခဲ့ရပေမယ့် TNLAက မကြာခဏ ဖမ်းစီးအရေးယူနေတာတွေကြောင့် မရှိသလောက် နည်းပါးသွားပြီလို့ ဒေသခံတွေက ဆိုပါတယ်။ https://www.facebook.com/photo?fbid=611488107825124&set=pcb.611488207825114

၂၈။  တပ်ရင်းတည်ထောင်တဲ့ ၂ နှစ်အတွင်း KNDF တပ်ရင်း (၉) လူငယ်ရဲဘော် ၁၉ ဦး ကျဆုံး
     August 3, 2023

ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်-KNDF တပ်ရင်း (၉) စတင်ဖွဲ့စည်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့အထိ ၂ နှစ်အတွင်း ရဲဘော် ၁၉ ဦး တော်လှန်ရေးမှာ အသက်ပေးလှူ ခဲ့ရတယ်လို့ မနေ့က ထုတ် ပြန်ပါတယ်။ ဩဂုတ်လ ၂ ရက်နေ့မှာ ကျရောက်တဲ့ KNDF တပ်ရင်း (၉) တည်ထောင်ခြင်း ၂ နှစ်ပြည့်နဲ့ ကျဆုံး အာဇာနည် ရဲဘော် များကို အလေးပြုတဲ့ အခမ်းအနား ကရင်နီပြည် တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ တပ်ရင်း (၉) က ပြောပါတယ်။ “ကျွန်တော်တို့ တိုက်ပွဲပေါင်းများစွာကို ပါဝင်တိုက်ခိုက်ခဲ့သလို ကျွန်တော်တို့ရဲဘော်တွေလည်း ၁၉ ဦးအထိ စစ်ကောင်စီကို တော်လှန် တိုက်ခိုက် ရင်း ကျဆုံးခဲ့ရပါတယ်” လို့ KNDF တပ်ရင်း (၉) တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ တပ်ရင်း ၂ နှစ်ပြည့် နှစ်ပတ်လည် အခမ်း အနားမှာ ကျဆုံးခဲ့တဲ့ အာဇာနည် ရဲဘော် ၁၉ ဦးကို KNDF တပ်ရင်း အမှတ် (၉) က ပန်းခြင်းတွေ ဓာတ်ပုံတွေနဲ့ အလေးပြုပြီး ဂုဏ်ပြုခဲ့ပါတယ်။

စစ်အာရှင်စနစ်ကို တိုက်ခိုက်ရင်း ကျဆုံးသွားတဲ့ ရဲဘော်တွေဟာ လူငယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။ စစ်ကောင်စီ တပ်နဲ့ တိုက်ခိုက်ရင်း ကျဆုံးသွားတဲ့ KNDF တပ်ရင်း (၉) ရဲဘော် ၁၉ ဦးအနက် အသက်အကြီးဆုံး ရဲဘော် ၂ ဦးဟာ အသက် ၃၃ နှစ်ဖြစ်ပြီး အငယ်ဆုံးရဲဘော် ၃ ဦးဟာ အသက် ၁၉ နှစ်သာရှိပါသေးတယ်။ မနေ့က ပြုလုပ်တဲ့ အခမ်းအနားမှာ ကျဆုံး အာဇာနည် ရဲဘော်တွေကို ဂုဏ်ပြုအလေးပြုခြင်း၊ ကရင်နီ အလံတော်ကို အလေးပြုခြင်း၊ သစ္စာအဓိဋ္ဌာန်ပြုပြီး သီဆိုစောင့်သိခြင်း၊ မဟာမိတ် များထံမှ ဂုဏ်ပြုသ၀ဏ်လွှာ ဖတ်ကြားခြင်း၊ ခေါင်းဆောင်များမှ ရဲဘော်ရဲဘက်များကို အားပေးစကားပြောခြင်းနဲ့ ဂုဏ်ပြုခြင်း များနဲ့ ခမ်းနားစွာ ကျင်းပခဲ့တယ်လို့ KNDF တပ်ရင်း (၉) တာ၀န်ရှိသူက ပြောပါတယ်။ https://www.facebook.com/photo/?fbid=315380967515021&set=pcb.3153810 57515012

၂၉။  ကျော်ဆေးခန်းပိုင်ရှင် ဒေါက်တာသိန်းမြင့်ဝေ ဖမ်းဆီးခံရ
      August 3,  2023

ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်မှာရှိတဲ့ ကျော်ဆေးခန်းပိုင်ရှင် မနေ့ည ၈ နာရီမှာ ဖမ်းဆီးခံလိုက်ရတယ်လို့ ဖားကန့် ဒေသခံ တွေကပြောပါတယ်။ အဲဒီဆေးခန်းဟာ ပုဂ္ဂလိကဆေးခန်းဖြစ်ပြီး ၂၄ နာရီဖွင့်တဲ့ဆေးခန်းဖြစ်ပြီး  မနေ့ညဆေးခန်းဖွင့် ထားချိန်မှာ အိမ်စီးကား ၅ စီးနဲ့ လူအင်အား ၁၀ ကျော်ရောက်လာပြီး ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ခုလိုပြောပါ တယ်။“မနေ့ည ဖမ်းဆီးခံသွားရတာ ဖားကန့်ဆေးရုံအုပ်ဟောင်းဟုတ်တယ် ဖမ်းဆီးခံရတဲ့ချိန် ဆေးခန်းမပိတ်သေးဘူး ဆေးခန်းကလာဖမ်းသွားတာ”လို့ပြောပါတယ်။ ဖမ်းဆီးခံသွားရသူဟာ ဖားကန့်ဆေးရုံအုပ်ဟောင်း ဒေါက်တာသိန်းမြင့်ဝေ ဆိုသူ ဖြစ်ပြီး အာဏာသိမ်းမှုမဖြစ်ခင် ဆေးရုံအုပ်ကြီးတာဝန်မှ နုတ်ထွက်ထားသူဖြစ်ကြောင်းလည်း သိရပါတယ်။

ဒေသခံတွေပြောတာကတော့ ဒေါက်တာသိန်းမြင့်ဝေကို ဖမ်းဆီးခံသွားသူတွေဟာ စစ်တပ်ကဖြစ်နိုင်တယ်လို့ ဖားကန့် ဒေသခံအမျိုးသားတစ်ယောက်က ခုလိုသုံးသပ်ပြောဆိုပါတယ်။“သူက CDM ဆရာဝန်တစ်ယောက်ကို အလုပ်ပေးထားတယ် ကြားတယ် အဲဒါနဲ့လည်း ဆက်စပ်နေလားပေါ့ ဖြစ်နိုင်တာတော့ စစ်တပ်ဘက်က ဖြစ်ဖို့များတယ်”လို့ပြောပါတယ်။ ဖားကန့်မှာ ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့ မြို့မလက်ဖက်ရည်ဆိုင်ပိုင်ရှင်ဖမ်းဆီးခံရမှု၊ဇူလိုင်လ ၂၇ ရက်နေ့ အမိန့်ရအပေါင် ဆိုင်ပိုင်ရှင်ဇနီး ဖမ်းဆီးခံခဲ့ရတာရှိခဲ့ပါတယ်။ ဒါ့အပြင် အာဏာသိမ်းပြီးနောက်ပိုင်း ဖားကန့်မှာ ခိုးဆိုးလုယက်မှု၊ဖမ်းဆီးခံရမှုတွေဟာ တစ်နေ့ ထက်တစ်နေ့ပိုများလာနေပြီး ပြီးခဲ့တဲ့ဇူလိုင်လ တစ်လတာအတွင်းမှာ ခိုးဆိုးလုယက်မှု၊ဖမ်းဆီးခံရမှုအကြိမ်ပေါင်း ၉ ကြိမ်ရှိခဲ့ပါ တယ်။ https://burmese.kachinnews.com/2023/08/03/zm1-82/

၃၀။ စစ်ကောင်စီ၏ လွတ်ငြိမ်းခွင့် ရိုးသားမှုမရှိ၍ သတိထားစောင့်ကြည့်ရမည်ဟု  TNLA ပြောကြား
      August 3, 2023

အာဏာသိမ်း စစ်ကောင်စီက အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ချမှတ်ခြင်း ခံထားရသည့် တိုင်းရင်းသားလက်နက် ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ – EROs မှ တပ်ဖွဲ့ဝင်များ၊ ယင်းတို့နှင့် ဆက်စပ်သူတို့ကို လွတ်ငြိမ်းခွင့်ပြုလိုက်ခြင်းသည် ရိုးသားမှုမရှိသဖြင့် သတိထားစောင့်ကြည့်ရမည်ဖြစ်ကြောင်း တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် -TNLA က တုံ့ပြန်ပြောဆိုသည်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အပါအဝင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို ရှေးရှုသောအားဖြင့်ဟုဆိုကာ အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ချမှတ်ခြင်း ခံထားရသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ- EROs မှ တပ်ဖွဲ့ဝင် ၂၂ ဦးတို့ကို ပြစ်ဒဏ်လျှော့ပေါ့၍  လွတ်ငြိမ်းခွင့် ပြုခဲ့သည်။ စစ်ကောင်စီက လွတ်ငြိမ်း ခွင့်ပြုခဲ့သည့် EROs ၂၂ ဦးမှာ  တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် -TNLA မှ တပ်ဖွဲ့ဝင် ၁၆ ဦး၊ ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP/SSA မှ တပ်ဖွဲ့ဝင် သုံးဦး၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်-ကိုးကန့် (MNDAA)မှ တပ်ဖွဲ့ဝင် နှစ်ဦးနှင့် ရက္ခိုင့်တပ်တော် – AA မှ တပ်ဖွဲ့ဝင် တစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့အနေနဲ့ မြင်တာကတော့ ဒါရိုးသားမှုမရှိဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အာဏာမသိမ်းမီတုန်းကဆို လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရဆိုရင်တော့ အာဏာရှိတာက ဒီတပ်မတော်မှာပဲ အာဏာရှိတယ်။ အဲဒီတုန်းကဆို လည်း ကျွန်တော်တို့ မြောက်ပိုင်းသုံးဖွဲ့ကို ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ ပါဝင်လို့မရအောင် ကန့်သတ်ထား တာတွေ၊ ချန်ရစ်ထား တာတွေ အများကြီးလုပ်ခဲ့ပြီး ဒီနေ့ဒီခေတ် ဒီအချိန်ကျမှပဲ ဒါမျိုး လုပ်လာတယ်ဆိုတာ ကျွန်တော်တို့ အများကြီး သတိထားရမယ့် အနေအထားမျိုး ဖြစ်ပါတယ်”ဟု TNLA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး တားပန်လ ကပြောသည်။ “စကစ(စစ်ကောင်စီ) ဘက်က ငြိမ်းချမ်းရေးအပေါ်မှာ သဘောထားက တကယ်ရိုးသားဖြောင့်မတ်စွာရှိတယ်ဆိုရင်တော့ အာဏာသိမ်းမှုဖြစ်မှာ မဟုတ် ပါဘူး။ အာဏာ သိမ်းမှာလည်း မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးအပေါ်နဲ့တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအပေါ် စေတနာမရှိလို့သာလျှင် အာဏာသိမ်းပြီးမှ အခုလိုမျိုး နိုင်ငံအပေါ်မှာ သတ်ဖြတ်မှုတွေ၊ မီးရှို့မှုတွေ၊ ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေကို စဉ်ဆက်မပြတ် ကျူးလွန်နေတာ ဖြစ်ပါတယ်” ဟု ဒုဗိုလ်မှူးကြီး တားပန်လက ပြောသည်။ TNLA အနေဖြင့် စစ်ကောင်စီ၏ လုပ်ဆောင်မှုများကို သတိကြီးကြီးထား၍ ဆက်လက် စောင့်ကြည့်သွားမည်ဖြစ်ပြီး နိုင်ငံရေးလမ်းကြောင်းအပေါ်တွင် ခိုင်မာစွာ ရှိနေကြောင်း ၎င်းက ဆက်လက်ပြောသည်။ https://www. facebok.com/photo/?fbid=615375647398125&set=a.58312 0797290277

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button