သတင်း

နေ့စဉ်သတင်းအကျဉ်း

#Photo_Credit

#Federal_Journal

၃၁ – ​အောက်တိုဘာ – ၂၀၂၁

 

 

စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး လူထုလှုပ်ရှား မှုကို မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်သတ်မှုကြောင့် ယမန်နေ့ ​အောက်တို ဘာလ ၃၀ ရက်နေ့ အထိ နွေဦးတော်လှန်ရေးတွင် အသက် သေဆုံးသူ (၁၂၂၂) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။ ဖမ်းဆီးခံခဲ့ရသူ (၉၄၉၀)ဦး ရှိပြီး ဖမ်းဝရမ်းထုတ်ခံရမှုကြောင့် သိမ်းရှောင်နေရသူ ( ၁၉၅၃) ဦးအထိ ရှိခဲ့ပြီဖြစ် ကြောင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

 

  • “ချင်းပြည်သူ​တွေ ​ပေး ဆပ်လေပြီ၊ ပြည်သူထဲက ပြည်သူများ စစ်တပ်စီးပွား ရိုက်ချိုးကြ” ​စာသားနဲ့အတူ မြစ်ကြီးနား KSCM နဲ့ ​ကျောင်းသားသမဂ္ဂလူငယ်များ ယ​နေ့ ​အောက်တိုဘာ ၃၁ ရက်​နေ့မှာ စစ်အာဏာ ရှင် ဆန့်ကျင်မှု လှုပ်ရှားခဲ့ ကြောင်းသိရသည်။

 

  • ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် အကြမ်း ဖက်စစ်ကောင်စီတပ်များကို ဖယ်ရှားရေးအ တွက် အောက်တိုဘာလ ၃၁ ရက်နေ့တွင် ဖားကန့်မြို့နေပြည်သူများက ချီတက် ဆန္ဒပြကြကြောင်း သိရှိရသည်။

 

  • ကချင်ပြည် တောတွင်းတစ်နေရာမှ လူငယ်များမှ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ ဆန့်ကျင်ရေးနှင် ထန်တလန်နှင် အတူရှိနေကြောင်း အားပေးခြင်းကို ယနေ့ အောက်တိုဘာ ၃၁ ရက်တွင် ပြုလုပ်ခဲ့သည်။

 

  • ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်းရော်ဒေသမှာ အောက်တိုဘာ ၃၁ ရက် မနက်ပိုင်းက သံမဏိနှင်းဆီ အမျိုးသမီးမဟာမိတ် အင်းအားစုနှင့် လူထုစုပေါင်းသပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင် အလိုမရှိကြောင်း ကြွေးကြော်သံတွေနဲ့အတူ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။ ထန်တလန်မြို့ကို မီးလောင်ဖျက်ဆီးလိုက်တဲ့ အကြမ်း ဖက်စစ်ကောင်စီရဲ့ လူမဆန်တဲ့လုပ်ရပ်ကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ဟော ပြောပွဲပြုလုပ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

 

  • ကရင်ပြည်နယ် ဘုရားသုံးဆူတွင် အကြမ်းဖက် ဖက်ဆစ် စစ်တပ်ဆန့်ကျင်ရေး ပြည်သူများ စုစည်း၍ ယနေ့ အောက်တိုဘာ ၃၁ ရက်နေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

 

  • တိုက်ပွဲနယ်မြေအတွင်း စစ်ကောင်စီတပ်က ထောင်ထားတဲ့ နင်းမိုင်း တစ်လုံးကို ကရင်နီအမျိုးသားများ ကာကွယ် ရေးတပ်ဖွဲ့ (KNDF B-09)မှ အောင်မြင်စွာ ဖယ်ရှားရှင်းလင်းနိုင်ခဲ့​တယ်လို့ ဒီနေ့ နေ့လယ် ၂ နာရီခွဲခန့်မှာ ထုတ်ပြန်ထားပါတယ်။

 

  • ကရင်နီပြည် ဒီးမော့ဆို PDF တပ်ရင်း (E)မှ သင်တန်းသူ၊ သင်တန်း သား (၅၀)ဦးဟာ အခြေခံ စစ်သင်တန်းကို အောင်မြင်စွာ သင်ယူတတ်‌ေမြာက်ခဲ့ပြီဖြစ်ကြောင်း ဒီးမော့ဆို PDF က ဒီနေ့ နေ့လယ်မှာ ထုတ်ပြန်လာပါတယ်။

 

  • ထားဝယ်မြို့ လောင်းလုံးမြို့နယ်အတွင်းရှိ လူငယ်များမှ ယနေ့ အောက်တို ဘာလ ၃၁ ရက်နေ့ နံနက်ပိုင်တွင်း အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး မီးတုတ်ရှို့ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

 

  • ကလေးမြို့တွင် လုံခြုံ ရေးတင်းကျပ်သည့် ကြားမှ ပြည်သူများ စုစည်း၍ အ ကြမ်းဖက် ဖက်ဆစ် စစ် တပ်ဆန့်ကျင်သည့် ဆန္ဒပြချီတက်မှုကို အောက်တို ဘာ ၃၁ ရက်နေတွင် ပြုလုပ်ခဲ့သည်။

 

  • စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး အင်အားစုတွေနဲ့အတူ လက်တွဲ တိုက်ပွဲဝင်သွားမယ်ဆိုပြီး ကျောင်း သားတပ်မတော် (ABSDF) တည်ထောင်ခြင်း (၃၃)နှစ်ပြည့် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

  • ရန်ကုန်၊ ဗဟန်းမြို့နယ် နတ်မောက်လမ်းရှိ စင်ကာပူ-မြန်မာ သက်မွေးပညာ သင်ကျောင်းရှေ့တံခါးတွင် “ဖက်ဆစ်အလောင်းနဲ့ သွေးကြွေးတောင်းမယ်” စာတမ်းအား စင်ကာပူ-မြန်မာသက် မွေးပညာ သင်ကျောင်း ကျောင်းသားသမဂ္ဂ က ယနေ့ အောက် တိုဘာလ ၃၁ ရက်တွင် သွားရောက်ချိတ်ဆွဲပြီး အကြမ်းဖက် စစ်အာ ဏာရှင် အမြစ်ပြတ် ဖြုတ်ချရေး ဆန္ဒပြကြသည်။

 

  • ရန်ကုန်မြို့ ဗိုလ်တထောင် မြို့နယ်တွင် ယနေ့ အောက်တိုဘာ ၃၁ ရက်နေ့တွင် အခြေခံပညာကျောင်း သားများရေးရာအဖွဲ့ချုပ်၊ ဗိုလ်တထောင် မြို့နယ်ကျောင်းသားရေးရာအဖွဲ့မှ လူငယ်များက အကြမ်း ဖက်ဖက်ဆက်စစ်ကောင်စီ ဖွင့်လှစ်သော ကျောင်းများကို သပိတ် မှောက်ရန် တိုက်တွန်းနိုးဆော်စာများကို လိုက်လံ ကပ်ခဲ့သည်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ အောက်တို ဘာလ ၃၁ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ်တော်လှန် ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

 

  • စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းတွင်ရှိသော ကျေးရွာများစုပေါင်း၍ ယနေ့အောက်တိုဘာ ၃၁ ရက်တွင် ချီတက်ဆန္ဒပြကြသည်။ “ထန်တလန်ကို လောင်တဲ့မီးနဲ့ စစ်ခွေးတွေကို သင်္ဂြိုလ်မယ်”စာတမ်းအား ကိုင်ဆွဲကာ ထန်တလန်ကို စာနာသောအားဖြင့် အတူတကွရှိကြောင်း ချီတက်ပြသခဲ့ကြသည်။ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု ၂၃၅ ရက်မြောက်အဖြစ် ချီတက်ကြခြင်းဖြစ်ပြီး ရွာပေါင်းစုံ သပိတ်စစ် ကြောင်းသည် စစ်အာဏာ သိမ်းပြီးနောက် မတ်လ ၉ ရက်နေ့မှ စတင် ဆန္ဒပြလာခဲ့ကြခြင်းဖြစ်သည်။

 

  • ယင်းမာပင်တွင် ၂၃၅ ရက်နေ့မြောက်နေ့အဖြစ် အကြမ်းဖက် ဖက်ဆစ်စစ်တပ်ဆန္ဒပြသည့် ရွာပေါင်းစုံသပိတ်စစ်ကြောင်းတွင် ထန်တလန် ပြည်သူများနှင့် အတူတကွ ရှိကြောင်း “ထန်တလန်ကို လောင်တဲ့ မီးနဲ့ စစ်ခွေးတွေကို သဂြိုလ်မယ်” စာတန်းနှင့် ထန်တလန် ကိုယ်စားပြုစာသားဖြစ်သော ” မချမ်းသာသော်လည်း ပျော်ပါသည်” ၊ “Not rich but happy.” ဆိုသည့် စာရွက်များကို ကိုင်ဆောင်ကာ အောက်တိုဘာ ၃၁ ရက်နေ့တွင် ချီတက် ဆန္ဒပြကြသည်။

 

  • မုံရွာမြို့နယ်တွင် အခြေခံပညာ ကျောင်းသားများ သမဂ္ဂ (ဗကသများ အဖွဲ့ချုပ်) ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့တွင် စစ်ကျွန်ပညာရေး အလိုမရှိကြောင်း လှုပ်ရှားမှု ပြုလုပ်ခဲ့သည်ဟု သိရသည်။

 

  • အောက်တိုဘာ ၃၀ ရက်က လက်ပံတောင်းဒေသ ရွာတရွာမှာ သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှုမြန်မာပြည်ကိုကယ်တင်ရေး စစ်ကောင်စီကိုငွေမပေး ” သပိတ် ပြုလုပ်ခဲ့ပါတယ်။

 

  • ဆားလင်းကြီးမြို့နယ် ကံကုန်းရွာ ပင်မသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ အောက်တို ဘာလ ၃၁ ရက်နေ့တွင် “မြန်မာပြည်ကို ကယ်တင်ရေး စစ်ကောင်စီကို ငွေမပေး” ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ထန်တလန်နဲ့အတူရှိကြောင်း ပြသတဲ့အနေနဲ့ အောက်တိုဘာ ၃၁ ရက်က ဆားလင်းကြီးမြို့နယ် ရွာတရွာမှာ “ထန်တလန်မှာလောင်တဲ့မီးနဲ့ စစ်ခွေးတွေကို သင်္ဂြိုဟ်မယ်” ဆိုတဲ့စာသားနဲ့အတူ ထန်တလန်မြို့ရဲ့ ကိုယ်စားပြုစာသားဖြစ်တဲ့ “Not rich, but Happy ” “မချမ်းသာသော်လည်း ပျော်ပါသည်” ဆိုတဲ့စာသားတွေနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ လူထုသပိတ်စစ်ကြောင်း ချီတက်ခဲ့ကြပါတယ်။

 

  • မြိုင်မြို့နယ် အခြေခံ ပညာအထွေထွေသပိတ်ကော်မတီနှင့် ပြည်သူလူထုပူးပေါင်းကာ ယနေ့ အောက်တိုဘာလ ၃၁ရက်နေ့ နံနက်ပိုင်းတွင်အကြမ်း ဖက် ဖက်ဆစ်စစ်အာဏာ ရှင်အမြစ်ပြတ်ချေမှုန်းရေး ကြွေးကြော်သံများ ဟစ်ကြွေးကာကြွေးကြော်ကာ ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

 

  • လက်ပံတောင်းဒေသ ဖောင်းကားကျေးရွာ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့တွင် “ထန်တလန်မှာ လောင်တဲ့မီးနဲ့ စစ်ခွေးတွေကို သင်္ဂြိုလ်မယ်” ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်း ဘုတလင်မြို့တွင် ပြည်သူများက အကြမ်းဖက် ဖက်ဆစ် စစ်တပ်ဆန့်ကျင်ရေး လှုပ်ရှားမှုအဖြစ် ဆိုင်ကယ်များနှင့် စီတန်းလှည့်လည် ဆန္ဒပြမှုကို ယနေ့ အောက်တို ဘာလ၃၁ တွင် ပြုလုပ်ခဲ့သည်။

 

  • ရွှေဘိုမြို့ရှိ ကျေးရွာတစ်ရွာတွင် အကြမ်းဖက် ဖက်ဆစ်စစ်တပ် ဆန့်ကျင်ရေး ဆန္ဒပြ သပိတ်စစ်ကြောင်း ချီတက်မှုကို ကျေးရွာလူထုစုပေါင်း၍ အောက်တိုဘာ ၃၁ ရက် နံနက်ပိုင်းတွင် ချီတက်ခဲ့ကြသည်။

 

  • ယင်းမာပင်မြို့နယ် ကျေးစာကျရွာ သပိတ်စစ် ကြောင်း ပြည်သူများ ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • တန့်ဆည်မြို့နယ် ပင်မသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ပြည်သူများ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Related Articles

Back to top button