ဆောင်းပါး

ႏိုင္ငံေတာ္ေရွ႕ခရီး

ႏိုင္ငံေတာ္ေရွ႕ခရီး

ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ ေခါင္းေဆာင္သည့္ စစ္တပ္က ႏိုင္ငံေတာ္အာဏာကို သိမ္းယူခဲ့သည္မွာ ယခု ၂၀၂၀ ဒီဇင္ဘာလဆိုလွ်င္ ၁၀လ ကာလၾကာရွည္ခဲ့ၿပီျဖစ္ၿပီး လာမည့္ ၂၀၂၂ ေဖေဖာ္ဝါရီလဆိုလွ်င္ ၁ ႏွစ္ျပည့္ေျမာက္ေတာ့မည္ျဖစ္ သည္။

အာဏာသိမ္းမႈေၾကာင့္ အျပစ္မဲ့ျပည္သူတစ္ေထာင္ေက်ာ္ေသဆံုးခဲ့ရၿပီး ေထာင္ေပါင္းမ်ားစြာေသာ ျပည္သူမ်ားဖမ္းဆီး ထိန္းသိမ္းခံခဲ့ရသည္။ အခ်ိဳ႕မွာ ေသဒဏ္၊ တစ္သက္တစ္ကြ်န္း ျပစ္ဒဏ္မ်ားက်ခံရၿပီး အမ်ားစုမွာ ႏွစ္ရွည္ေထာင္ဒဏ္မ်ား က်ခံၾကရ သည္။ ထိုေထာင္ဒဏ္က်ခံရသူမ်ား စာရင္းတြင္ ဒီဇင္ဘာလ ၆ရက္ေန႔၌ ေနျပည္ေတာ္သီးသန္႔တရား႐ံုးတြင္ စီရင္ခ်က္ခ်ခံရသည့္ ႏိုင္ငံေတာ္သမၼတႏွင့္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္တို႔ ပါဝင္လာခဲ့သည္။

ゞင္းတို႔ကို စီရင္ခ်က္မခ်မီ တစ္ေန႔က ရန္ကုန္၊ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္၊ ပန္းပင္ႀကီးလမ္း၌ ၿငိမ္းခ်မ္းစြာ ဆႏၵျပသူ လူငယ္ တစ္စုကို  စစ္တပ္က ေမာ္ေတာ္ကားျဖင့္ တိုက္ကာ ေသနတ္ပစ္ၿဖိဳခြင္းမႈျဖစ္ပြားခဲ့သည္။ ထိုသို႔ၿဖိဳခြင္းမႈေၾကာင့္ ဆႏၵျပလူငယ္ ၅ ဦး ေသဆံုးၿပီး ၁၀ ဦး အဖမ္းခံရေၾကာင္း သတင္းမ်ားတြင္ ေဖာ္ျပၾကသည္။ ထိုေန႔တြင္ပင္ အေမရိကန္သံ႐ံုးက ျဖစ္ရပ္အတြက္ ထိတ္လန္႔တုန္လႈပ္မိေၾကာင္း ေၾကညာခ်က္ထုတ္ျပန္ခဲ့ၿပီး ရန္ကုန္ၿမိဳ႕ရွိ ေနရာအမ်ားအျပားတြင္ ညအခါ သံပုန္းတီးသံမ်ား ျပန္လည္ ဆူညံလာခဲ့သည္။

ထိုျဖစ္ရပ္မ်ား ျဖစ္ပြားသည့္ေန႔ နံနက္ခင္း၌ပင္ စစ္ေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္က အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ နာယက ဦးတင္ဦးအား ေတြ႕ဆံုကာ က်န္းမာေရးႏွင့္ပတ္သက္သည့္ အားေပးစကားမ်ား ေျပာၾကားခဲ့သည္။ ေနာက္တစ္ေန႔တြင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္အား ပုဒ္မ ၂ခုျဖင့္ ေထာင္ဒဏ္ ၄ႏွစ္ အမိန္႔ခ်မွတ္ ၿပီး ညပိုင္းတြင္ စစ္ေကာင္စီဥကၠ႒က ၂ႏွစ္ ေလ်ာ့ေပါ့ေပးေၾကာင္း အမိန္႔ထုတ္ျပန္ခဲ့သည္။

ျဖစ္စဥ္အားလံုးကို သံုးသပ္ၾကည့္ေသာအခါ စစ္ေကာင္စီသည္ မီးစတစ္ဖက္ ေရမႈတ္တစ္ဖက္ လုပ္ခ်င္လာေသာ သေဘာထားရွိေၾကာင္း ေတြ႕ ျမင္ရမည္ျဖစ္သည္။ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ ရန္ကုန္ၿမိဳ႕သို႔ ေရာက္ရွိစဥ္၌ပင္ ပန္းပင္ႀကီးလမ္း သပိတ္ကို ရက္စက္စြာ ၿဖိဳခြင္းမႈက စစ္ေကာင္စီဘက္မွ ရန္ငါျပတ္ေၾကာင္းကို ရွင္းရွင္းလင္းလင္းျပခဲ့ျခင္းျဖစ္သည္။ ပန္းပင္ႀကီး လမ္းသပိတ္ကဲ့သို႔ ေျပာက္က်ားဆႏၵျပပြဲမ်ားက ရန္ကုန္ႏွင့္ မႏၱေလးတို႔တြင္ ေန႔စဥ္ျပသၿမဲ ျဖစ္သည္။ လူငယ္ အေယာက္ ၂၀၊ ၃၀ ေလာက္ႏွင့္ ေျပးေျပးလႊားလႊား ဆႏၵျပရျခင္းျဖစ္၏။ စစ္တပ္အေနႏွင့္ေဖေဖာ္ဝါရီ၊ မတ္လတို႔က လူသိန္းခ်ီသည့္ ဆႏၵျပပြဲမ်ားကိုပင္ လက္ပိုက္ၾကည့္ေနခဲ့ၿပီး  ယခုလူအနည္းငယ္ႏွင့္ ေျပးလႊားဆႏၵျပသူမ်ားအား အၾကမ္းဖက္ႏွိမ္နင္းျခင္းမွာ အာဏာသိမ္းစစ္ ေကာင္စီ၏ ျပည္သူအေပၚထားရွိသည့္ သေဘာထားကို ဆက္လက္ေဖာ္ျပေနျခင္းပင္ျဖစ္သည္။

စစ္ေကာင္စီေခါင္းေဆာင္သည္ သမၼတႏွင့္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္တို႔အား အမိန္႔မခ်မီတစ္ရက္၌ နာယက ဦးတင္ဦးႏွင့္ သြားေရာက္ေတြ႕ဆံုျခင္းမွာလည္း ျပည္သူလူထုအား မ်က္လွည့္ျပျခင္းပင္ျဖစ္၏။ ျပည္သူလူထုအျမင္တြင္ အန္အယ္လ္ဒီ၏ အျပစ္မရွိသူမ်ားအေပၚ ေကာင္းမြန္စြာ ဆက္ဆံသေယာင္ျပသျခင္းပင္ျဖစ္သည္။ နာယက ဦးတင္ဦးသာ က်န္းမာ ေရးေကာင္းမြန္ၿပီး ပ ါတီအက်ိဳးထမ္းေဆာင္ႏိုင္ပါက မည္ကဲ့သို႔ ဆက္ဆံမည္နည္းဆိုသည္မွာ အေျဖထုတ္စရာမလိုေပ။ ထို႔အျပင္ ေနျပည္ေတာ္ တရား႐ံုးက ေထာင္ဒဏ္ ၄ႏွစ္စီ ခ်မွတ္လိုက္ျခင္းအား ေန႔ခ်င္း ျပစ္ဒဏ္ေလ်ာ့ေပါ့ေပးခဲ့သည္မွာလည္း စစ္ေကာင္စီ က တရားေရးကို ဝင္ေရာက္စြက္ဖက္ျခင္းမရွိသေယာင္ လူစုကို ထင္ေယာင္ထင္မွားျဖစ္ေအာင္ ျပဳလိုက္ျခင္းသာျဖစ္သည္။

ထိုသို႔ စစ္ေကာင္စီ၏ေန႔စဥ္ ပရမ္းပတာျပဳလုပ္မႈမ်ားေၾကာင့္ ျပည္သူတို႔၏ႏိုင္ငံေရးေရခ်ိန္မွာ ပိုမိုျမင့္တက္လာၿပီး ေတာ္လွန္လိုစိတ္အသီးအပြင့္မ်ားသာ ျဖစ္ေပၚလာခဲ့သည္။ လူထုသည္ ကမၻာ့ကုလသမဂၢႏွင့္ အေနာက္ႏိုင္ငံမ်ား၏ အကူအညီကို ေမွ်ာ္လင့္ခ်က္ကုန္သြားခဲ့ၿပီး ကိုယ့္ျပည္တြင္းေရးကို ကိုယ္ကိုယ္တိုင္ ေျဖရွင္းမွသာရမည္ဆိုေသာ အေတြးမ်ားဝင္လာခဲ့သည္မွာ ၾကာၿပီျဖစ္သည္။

တိုင္းျပည္၏စီးပြားေရးမွာလည္း တစ္ေန႔ထက္တစ္ေန႔ ခြ်တ္ၿခံဳက်လ်က္ရွိၿပီး ကမၻာ့ဘဏ္၏ခန္႔မွန္းခ်က္အရ လာမည့္ ႏွစ္ တြင္ ဂ်ီဒီပီ ၁၈ ရာခိုင္ႏႈန္းခန္႔ က်ဆင္းမည္ဟု ဆိုထားသည္။ တိုင္းျပည္တြင္ စီဒီအမ္ျပဳလုပ္ေသာ ဆရာဝန္၊ ေက်ာင္းဆရာ၊ ဝန္ထမ္း အမ်ားအျပားရွိျခင္းေၾကာင့္ လူသားအရင္းအျမစ္မ်ား ေပ်ာက္ဆံုးခဲ့ရသည္။ ကေလး၊ လူငယ္မ်ား၏ အနာဂတ္အေရးမွာလည္း ေမွ်ာ္လင့္ခ်က္မဲ့ေနသည္။ က်ဴးေက်ာ္မ်ား ဖ်က္သိမ္းျခင္းေၾကာင့္ လူ႔အခြင့္အေရးမ်ား ဆံုး႐ံႈးရၿပီး အေျခခံလူတန္းစားမ်ား၏ စားဝတ္ ေနေရးမွာ စိုးရိမ္စရာေကာင္းေနသည္။

သည္အတိုင္း ဆက္လက္သြားမည္ဆိုလွ်င္ ႏိုင္ငံေတာ္ေရွ႕ခရီးမွာ က်႐ံႈးႏိုင္ငံ ( ၤေငူ ွအေအန)သို႔ ဦးတည္ေနသည္။ စစ္ေကာင္စီသည္ က်႐ံႈးႏိုင္ငံျဖစ္လာမႈကို စိုးရိမ္ျခင္းမရွိသည့္အျပင္ ထိုကဲ့သို႔ ျဖစ္ေပၚလာပါကလည္း ဂ႐ုစိုက္မည္မဟုတ္ေပ။ အလံုးစံုပ်က္စီးသြားသည့္တိုင္ ゞင္းတို႔၏ အာဏာတည္ၿမဲေရးကိုသာ ဆက္လက္က်ိဳးပမ္းသြားမည္ျဖစ္သည္။ သန္း ၅၀ ေသာ ျပည္သူတို႔ကား က်႐ံႈးႏိုင္ငံမျဖစ္ေပၚရန္အတြက္ အျခားေမွ်ာ္လင့္ခ်က္မ်ားမထားဘဲ ဥစၥာရင္လို ဥစၥာရင္ခဲကဲ့သို႔ က်င့္သံုးရေတာ့မည္ သာျဖစ္သည္။

ေမာဂၢလိ

 

 

နိုင်ငံတော်ရှေ့ခရီး

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခေါင်းဆောင်သည့် စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သည်မှာ ယခု ၂၀၂၀ ဒီဇင်ဘာလဆိုလျှင် ၁၀လ ကာလကြာရှည်ခဲ့ပြီဖြစ်ပြီး လာမည့် ၂၀၂၂ ဖေဖော်ဝါရီလဆိုလျှင် ၁ နှစ်ပြည့်မြောက်တော့မည်ဖြစ် သည်။

အာဏာသိမ်းမှုကြောင့် အပြစ်မဲ့ပြည်သူတစ်ထောင်ကျော်သေဆုံးခဲ့ရပြီး ထောင်ပေါင်းများစွာသော ပြည်သူများဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည်။ အချို့မှာ သေဒဏ်၊ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်များကျခံရပြီး အများစုမှာ နှစ်ရှည်ထောင်ဒဏ်များ ကျခံကြရ သည်။ ထိုထောင်ဒဏ်ကျခံရသူများ စာရင်းတွင် ဒီဇင်ဘာလ ၆ရက်နေ့၌ နေပြည်တော်သီးသန့်တရားရုံးတွင် စီရင်ချက်ချခံရသည့် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်လာခဲ့သည်။

ゞင်းတို့ကို စီရင်ချက်မချမီ တစ်နေ့က ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်း၌ ငြိမ်းချမ်းစွာ ဆန္ဒပြသူ လူငယ် တစ်စုကို  စစ်တပ်က မော်တော်ကားဖြင့် တိုက်ကာ သေနတ်ပစ်ဖြိုခွင်းမှုဖြစ်ပွားခဲ့သည်။ ထိုသို့ဖြိုခွင်းမှုကြောင့် ဆန္ဒပြလူငယ် ၅ ဦး သေဆုံးပြီး ၁၀ ဦး အဖမ်းခံရကြောင်း သတင်းများတွင် ဖော်ပြကြသည်။ ထိုနေ့တွင်ပင် အမေရိကန်သံရုံးက ဖြစ်ရပ်အတွက် ထိတ်လန့်တုန်လှုပ်မိကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ရန်ကုန်မြို့ရှိ နေရာအများအပြားတွင် ညအခါ သံပုန်းတီးသံများ ပြန်လည် ဆူညံလာခဲ့သည်။

ထိုဖြစ်ရပ်များ ဖြစ်ပွားသည့်နေ့ နံနက်ခင်း၌ပင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးအား တွေ့ဆုံကာ ကျန်းမာရေးနှင့်ပတ်သက်သည့် အားပေးစကားများ ပြောကြားခဲ့သည်။ နောက်တစ်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ပုဒ်မ ၂ခုဖြင့် ထောင်ဒဏ် ၄နှစ် အမိန့်ချမှတ် ပြီး ညပိုင်းတွင် စစ်ကောင်စီဥက္ကဋ္ဌက ၂နှစ် လျော့ပေါ့ပေးကြောင်း အမိန့်ထုတ်ပြန်ခဲ့သည်။

ဖြစ်စဉ်အားလုံးကို သုံးသပ်ကြည့်သောအခါ စစ်ကောင်စီသည် မီးစတစ်ဖက် ရေမှုတ်တစ်ဖက် လုပ်ချင်လာသော သဘောထားရှိကြောင်း တွေ့ မြင်ရမည်ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရန်ကုန်မြို့သို့ ရောက်ရှိစဉ်၌ပင် ပန်းပင်ကြီးလမ်း သပိတ်ကို ရက်စက်စွာ ဖြိုခွင်းမှုက စစ်ကောင်စီဘက်မှ ရန်ငါပြတ်ကြောင်းကို ရှင်းရှင်းလင်းလင်းပြခဲ့ခြင်းဖြစ်သည်။ ပန်းပင်ကြီး လမ်းသပိတ်ကဲ့သို့ ပြောက်ကျားဆန္ဒပြပွဲများက ရန်ကုန်နှင့် မန္တလေးတို့တွင် နေ့စဉ်ပြသမြဲ ဖြစ်သည်။ လူငယ် အယောက် ၂၀၊ ၃၀ လောက်နှင့် ပြေးပြေးလွှားလွှား ဆန္ဒပြရခြင်းဖြစ်၏။ စစ်တပ်အနေနှင့်ဖေဖော်ဝါရီ၊ မတ်လတို့က လူသိန်းချီသည့် ဆန္ဒပြပွဲများကိုပင် လက်ပိုက်ကြည့်နေခဲ့ပြီး  ယခုလူအနည်းငယ်နှင့် ပြေးလွှားဆန္ဒပြသူများအား အကြမ်းဖက်နှိမ်နင်းခြင်းမှာ အာဏာသိမ်းစစ် ကောင်စီ၏ ပြည်သူအပေါ်ထားရှိသည့် သဘောထားကို ဆက်လက်ဖော်ပြနေခြင်းပင်ဖြစ်သည်။

စစ်ကောင်စီခေါင်းဆောင်သည် သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့အား အမိန့်မချမီတစ်ရက်၌ နာယက ဦးတင်ဦးနှင့် သွားရောက်တွေ့ဆုံခြင်းမှာလည်း ပြည်သူလူထုအား မျက်လှည့်ပြခြင်းပင်ဖြစ်၏။ ပြည်သူလူထုအမြင်တွင် အန်အယ်လ်ဒီ၏ အပြစ်မရှိသူများအပေါ် ကောင်းမွန်စွာ ဆက်ဆံသယောင်ပြသခြင်းပင်ဖြစ်သည်။ နာယက ဦးတင်ဦးသာ ကျန်းမာ ရေးကောင်းမွန်ပြီး ပ ါတီအကျိုးထမ်းဆောင်နိုင်ပါက မည်ကဲ့သို့ ဆက်ဆံမည်နည်းဆိုသည်မှာ အဖြေထုတ်စရာမလိုပေ။ ထို့အပြင် နေပြည်တော် တရားရုံးက ထောင်ဒဏ် ၄နှစ်စီ ချမှတ်လိုက်ခြင်းအား နေ့ချင်း ပြစ်ဒဏ်လျော့ပေါ့ပေးခဲ့သည်မှာလည်း စစ်ကောင်စီ က တရားရေးကို ဝင်ရောက်စွက်ဖက်ခြင်းမရှိသယောင် လူစုကို ထင်ယောင်ထင်မှားဖြစ်အောင် ပြုလိုက်ခြင်းသာဖြစ်သည်။

ထိုသို့ စစ်ကောင်စီ၏နေ့စဉ် ပရမ်းပတာပြုလုပ်မှုများကြောင့် ပြည်သူတို့၏နိုင်ငံရေးရေချိန်မှာ ပိုမိုမြင့်တက်လာပြီး တော်လှန်လိုစိတ်အသီးအပွင့်များသာ ဖြစ်ပေါ်လာခဲ့သည်။ လူထုသည် ကမ္ဘာ့ကုလသမဂ္ဂနှင့် အနောက်နိုင်ငံများ၏ အကူအညီကို မျှော်လင့်ချက်ကုန်သွားခဲ့ပြီး ကိုယ့်ပြည်တွင်းရေးကို ကိုယ်ကိုယ်တိုင် ဖြေရှင်းမှသာရမည်ဆိုသော အတွေးများဝင်လာခဲ့သည်မှာ ကြာပြီဖြစ်သည်။

တိုင်းပြည်၏စီးပွားရေးမှာလည်း တစ်နေ့ထက်တစ်နေ့ ချွတ်ခြုံကျလျက်ရှိပြီး ကမ္ဘာ့ဘဏ်၏ခန့်မှန်းချက်အရ လာမည့် နှစ် တွင် ဂျီဒီပီ ၁၈ ရာခိုင်နှုန်းခန့် ကျဆင်းမည်ဟု ဆိုထားသည်။ တိုင်းပြည်တွင် စီဒီအမ်ပြုလုပ်သော ဆရာဝန်၊ ကျောင်းဆရာ၊ ဝန်ထမ်း အများအပြားရှိခြင်းကြောင့် လူသားအရင်းအမြစ်များ ပျောက်ဆုံးခဲ့ရသည်။ ကလေး၊ လူငယ်များ၏ အနာဂတ်အရေးမှာလည်း မျှော်လင့်ချက်မဲ့နေသည်။ ကျူးကျော်များ ဖျက်သိမ်းခြင်းကြောင့် လူ့အခွင့်အရေးများ ဆုံးရှုံးရပြီး အခြေခံလူတန်းစားများ၏ စားဝတ် နေရေးမှာ စိုးရိမ်စရာကောင်းနေသည်။

သည်အတိုင်း ဆက်လက်သွားမည်ဆိုလျှင် နိုင်ငံတော်ရှေ့ခရီးမှာ ကျရှုံးနိုင်ငံ ( ၤငေူ ှအအေန)သို့ ဦးတည်နေသည်။ စစ်ကောင်စီသည် ကျရှုံးနိုင်ငံဖြစ်လာမှုကို စိုးရိမ်ခြင်းမရှိသည့်အပြင် ထိုကဲ့သို့ ဖြစ်ပေါ်လာပါကလည်း ဂရုစိုက်မည်မဟုတ်ပေ။ အလုံးစုံပျက်စီးသွားသည့်တိုင် ゞင်းတို့၏ အာဏာတည်မြဲရေးကိုသာ ဆက်လက်ကျိုးပမ်းသွားမည်ဖြစ်သည်။ သန်း ၅၀ သော ပြည်သူတို့ကား ကျရှုံးနိုင်ငံမဖြစ်ပေါ်ရန်အတွက် အခြားမျှော်လင့်ချက်များမထားဘဲ ဥစ္စာရင်လို ဥစ္စာရင်ခဲကဲ့သို့ ကျင့်သုံးရတော့မည် သာဖြစ်သည်။

မောဂ္ဂလိ

Related Articles

Back to top button