၂၀၂၀ ရွေးကောက်ပွဲနဲ့ ပြည်ထောင်စုအစိုးရဖွဲ့စည်းရေး အလားအလာ
သတ်မှတ်ထားတဲ့ရက်ကို အပြောင်းအလဲ မလုပ်တော့ဘူးဆိုရင် လာမယ့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့မှာ ရွေးကောက်ပွဲပြုလုပ်မှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲအလွန်မှာ ပြည်ထောင် စုအစိုးရဖွဲ့နိုင်ရေးအတွက် ဖြစ်ပေါ်လာမယ့် အခင်း အကျင်းတွေကို စဉ်းစားကြည့်တဲ့ အခါ ဖြစ်နိုင် ခြေပုံစံ (၄) မျိုးကို တွေးကြည့်မိပါတယ်၊ အဲဒါတွေ ကတော့ –
(၁) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရဖွဲ့နိုင်သွားတဲ့ အခြေအနေ အထိ အနိုင်ရ သွားတဲ့အတွက်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဦး ဆောင်တဲ့ အစိုးရက ဆက်လက် အာဏာရယူအုပ်ချုပ်သွားတာ၊
(၂) အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် တပါတီတည်းက အစိုးရဖွဲ့နိုင်တဲ့ အထိ အနိုင်မရတဲ့အတွက် ညွှန့်ပေါင်း အစိုးရဖွဲ့နိုင်ရေးအတွက် အနိုင်ရတဲ့ တိုင်းရင်းသားပါတီတွေနဲ့ ပေါင်းပြီး ညွှန့်ပေါင်းအစိုးရဖွဲ့တာ၊
(၃) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တပါတီအစိုးရဖွဲ့နိုင်တဲ့အထိ လိုအပ်တဲ့ ထိုင်ခုံနေရာ မရချိန်မှာ ကျန်တဲ့အင်အား စုများဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီအပါအဝင် ပြည်မပါတီများ၊ တိုင်းရင်းသားပါတီ များစုပေါင်းပြီး၊ တပ်မတော်အစုအဖွဲ့နဲ့ ညွှန့်ပေါင်းအစိုးရဖွဲ့တာ၊
(၄) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တစ် ပါတီတည်း အစိုးရဖွဲ့နိုင်တဲ့ အထိ အနိုင်မရတဲ့ အတွက် စစ်တပ်နဲ့ပေါင်းပြီး ညွှန့်ပေါင်းအစိုးရဖွဲ့တာ စသည့် အခင်း အကျင်းများ ဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၂၀၂၀ ရွေး ကောက်ပွဲခြေလှမ်းအစပိုင်းရက်တွေမှာ ပါတီခေါင်း ဆောင်တွေဟာ ရွေးကောက်ပွဲအပေါ်မှာ ပါတီအတွက် အတော်ယုံကြည်မှုရှိပုံပါပဲ။ ဇူလှိုင်လ (၂) ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ လာမည့်ရွေးကောက်ပွဲအပြီး ညွှန့်ပေါင်းအစိုးရ ဖွဲ့ရန် စဉ်းစာနေခြင်းပင်မရှိကြောင်း အမျိုးသား ဒီမိုက ရေစီအဖွဲ့ချုပ်ရဲ့ ဒု-ဥက္ကဋ္ဌဖြစ်သူ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြား ခဲ့ပါတယ်။
ဩဂုတ်လ(၂၉)ရက်နေ့မှာ DVB က ထုတ်လွှင့် သွားတဲ့ ၂၀၂၀ ရွေးကောက်ပွဲ Dabate မှာလည်း NLD ပြောရေးဆိုခွင့်ရှိသူ မုံရွာအောင်ရှင်က ၂၀၂၀ ရွေး ကောက်ပွဲလွန်အစိုးရဟာ နိုင်ငံရေးလိုအပ်ချက်အရ ညွှန့်ပေါင်းအစိုးရဖြစ်စရာမလိုသေးဘူးလို့ အတိအလင်း ပြောသွားခဲ့ပါတယ်။
တိုင်းရင်းသားတွေဘက်ကကြည့်ရင်တော့ သည်ပြောကြားချက်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်လက်ထက် တိုင်းရင်းသားပြည်နယ်တွေမှာ အမျိုး သားတန်းတူရေးကို မျက်ကွယ်ပြုကာ ဆောင်ရွက်ခဲ့တဲ့ အမှားများ၊ တိုင်းရင်းသားနယ်မြေတွေက စစ်ပွဲတွေ အပေါ်သဘောထား၊ စစ်ဘေးဒုက္ခသည်များကို စောင့် ရှောက်ရန် ပျက်ကွက်ခဲ့မှုတွေအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအပေါ် ယုံကြည်မှု ကျဆင်း နေချိန်မှာ အခုလို ပြောဆိုမှုတွေဟာ တိုင်းရင်းသား တွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဆန့်ကျင် ဘက်ရှိရာအရပ်ကို တွန်းပို့ လိုက်တာပါဘဲ။
ဒါ့အပြင် အစိုးရအဖြစ်တာဝန်ယူခဲ့တဲ့ ၅ နှစ်တာ ကာလအတွင်း အမှားများစွာကိုလည်း ကျူးလွန်ခဲ့ပြန် ပါတယ်၊ အဆိုးဆုံးက ပါတီဥက္ကဋ္ဌကိုယ်တိုင် ပါတီ အပေါ် သစ္စာရှိဖို့ ထပ်ခါတလဲလဲ ပြောနေတော့ ပါတီ က ပြည်သူအပေါ်မှာ သစ္စာမရှိရဘူးလားဆိုတာက မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ တကယ်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြည်သူဘက်က ရပ်ပြီး ပါတီကို ပြန်ဝေဖန်ထောက်ပြခဲ့သူတွေကို ပါတီ က တစ်နည်းနည်းနဲ့ ပထုတ်ခဲ့ပါတယ်။
ရွေးကောက်ပွဲနီးလာချိန် ရွေးကောက်ပွဲအတွက် ပါတီရဲ့ ကိုယ်စားလှယ်လှောင်းများ ရွေးချယ်မှုမှာ အောက်ခြေအဆင့်မှာ ရပ်မိရပ်ဖ ရွေးချယ်ပေးတဲ့ ကိုယ်စားလှယ်များကို ပြန်လှယ်ဖြုတ်ပြစ်ပြီး ပါတီ ဗဟိုက ပြန်လည်ရွေးချယ်သူများကိုသာ အတည်ပြု ခဲ့တဲ့အတွက် နိုင်ငံအနှံ့ ပွဲဆူခဲ့ပါတယ်၊ သည်လို အပြောင်းအလဲလုပ်မှုကြောင့် အောက်ခြေမှာ ပြည်သူ ကို မျက်နှာမူရတဲ့ မြို့နယ်တာဝန်ခံအဆင့်တွေ အချို့ နေရာတွေမှာ နှုတ်ထွက်သွားကြတာကိုလည်း တွေ့မြင် နေရပါတယ်။
တစ်ချိန်က ရဲဘော်ရဲဘက်များကိုလည်း လက်တွဲ ဖြုတ်ခဲ့တာတွေ၊ တစ်ဖက်က အားမလိုအားမရလို့ တစ်စင်ထောင်လာတွေရှိလာတဲ့အခါ ၂၀၁၅ ရွေး ကောက်ပွဲလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ရွှေထီးဆောင်းပါဦးမလား ဆိုတာ မေးစရာဖြစ်လာ ပါတယ်။
သည်အချက်ကို ပိုခိုင်မာအောင် တည်ဆောက် ပေးတဲ့ ဖြစ်ရပ်တွေဖြစ်တဲ့ မဲမပေးရေးလှုပ်ရှားမှုတွေ၊ ပယ်မဲဖြစ်အောင်ပေးဆိုတဲ့ အယူအဆတွေဟာလည်း ပြည်မဗမာလူမျိုးများကြားမှာ ထုတ်ဖော်ပြောဆိုလာ ကြပြီး လာမယ့်ရွေးကောက်ပွဲလွန်အစိုးရဟာ ညွှန့် ပေါင်းဖြစ်သင့်မဖြစ်သင့်ဆိုတဲ့ ရပ်တည်ချက် ကွဲပြားမှု ဟာ သိသိသာသာ ထင်ရှားလာပါတယ်။
တစ်ချိန်က ကိုယ်တိုင်ထမ်းပိုးတင်ပေးလိုက်တဲ့ အမျိုးသားဒီမိုကရေစီအစိုးရရဲ့ (၅)နှစ်သက်တမ်း အုပ်ချုပ်မှုကို ကြုံတွေ့လာရပြီးတဲ့နောက် တိုင်းရင်း သားများဟာလည်း ငြိမ်းချမ်းရေး၊ အမျိုးသားတန်းတူ ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အရေးတွေကို မိမိတို့ ကိုယ်တိုင် တည်ဆောက်ယူရမယ်လို့ မြင်လာတဲ့ အတွက် တစ်ဖက်မှာ ပြည်နယ်အုပ်ချုပ်ရေးနဲ့ လွှတ်တော်ကို စီးမိုးနိုင်ရေးအတွက် ကြိုးပမ်းလာကြ သလို ပြည်ထောင်စုလွှတ်တော်များဖြစ်ကြတဲ့ အမျိုး သားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်မှာ နေရာရရေး ကိုလည်း တွက်ချက်ပြင်ဆင်လာကြတာကို တွေ့မြင် နေရပါတယ်။ တစ်ချိန်က သက်ဆိုင်ရာပြည်နယ်အတွင်း သီးခြားစီရပ်တည်ခဲ့ကြတဲ့ တိုင်းရင်းသားပါတီတွေဟာ ပူးပေါင်းလာကြပြီး လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကို ပြည်မပါတီကြီးများနဲ့ ယှဉ်ပြိုင်နိုင်ဖို့ ကြိုးပမ်းအား ထုတ်လာကြပါတယ်။
တစ်ဖက်မှာ ပြည်မနိုင်ငံရေးအင်အားစုများနဲ့ အရပ်ဘက်အဖွဲ့အစည်းများအနေနဲ့လည်း တိုင်းရင်း သားပြည်နယ်များမှာ တိုင်းရင်းသားပါတီများ အနိုင်ရ ရေးဆိုပြီး ဆွေးနွေးပြောဆိုလာကြတာ၊ ၂၀၂၀ ရွေး ကောက်ပွဲလွန်အစိုးရဟာ ညွှန့်ပေါင်းအစိုးရ ဖြစ်သင့် တယ်လို့ ဆွေးနွေးတင်ပြလာကြတာတွေ တွေ့မြင်နေ ရပါတယ်။
သည်လို တိုင်းရင်းသားပါတီများကို ထောက်ခံ အားပေးမှုမြင့်တက်လာတဲ့အခါ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲဆက်လက်အနိုင်ရပြီး အစိုးရ ဖွဲ့ရေးကို လိုလားကြတဲ့ အုပ်စုဟာ တိုင်းရင်းသားပါတီ များကို အကြောင်းချက် ၂ ခုနဲ့ တိုက်ခိုက်လာပါတယ်။
ပထမတစ်ချက်ကတော့ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဖို့လိုတဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကိုသာ မဲပေးသင့်တယ်ဆိုတဲ့ တင်ပြချက်ဖြစ်ပြီး ဒုတိယအချက်ကတော့ တိုင်းရင်းသားပါတီတွေ အစိုးရ မဖွဲ့နိုင်တဲ့အတွက် အစိုးရဖွဲ့နိုင်မယ့် NLD ကိုသာ မဲပေးရမယ်ဆိုတဲ့ အချက် ၂ ချက်ပါ။
ပထမတစ်ချက်အနေနဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံကို ပြင်ဖို့အတွက် NLD ဟာ တစ်ဖွဲ့တည်းပြင်မယ်ဆိုရင် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၄၃၆ အရ ရွေးရမယ့် ပြည်ထောင်စုလွှတ်တော်နေရာ ၇၅ ရာခိုင် နှုန်းကို အားလုံးနိုင်အောင် ပထမလုပ်ရမှာဖြစ်ပြီး ၇၅ ရာခိုင်နှုန်းကျော်ဖို့အတွက် တပ်မတော်သား ကိုယ် စားလှယ် ၂၅ ရာခိုင်နှုန်းထဲက သဘောတူညီချက်ရမှ ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။ သည်တော့ NLD အနေနဲ့ ပြည်ထောင်စုလွှတ်တော်နေရာ ၇၅ ရာခိုင်နှုန်းကို အနိုင်ရဖို့မဖြစ်နိုင်တဲ့အတွက် NLD ပါတီအနိုင်ရမှ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်နိုင်မယ်ဆိုတာ မဟုတ်ပါဘူး။
ပြီးခဲ့တဲ့လွှတ်တော်သက်တမ်းမှာ ပြည်နယ်နဲ့ တိုင်းဒေသကြီးများရဲ့ ဝန်ကြီးချုပ်ရွေးချယ်ခြင်းနဲ့ စပ်လျဉ်းတဲ့ ပုဒ်မ-၂၆၁ ကိုပြင်ဖို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကပါ ထောက်ခံတဲ့ အတွက် NLD က ဆန္ဒရှိလျှင် ပြင်နိုင်ပါလျှက် NLD ဟာ သည်ပုဒ်မကိုပြင်ဖို့ မထောက်ခံခဲ့တဲ့အတွက် ပြင်ဆင်ခွင့်မရခဲ့ပါဘူး။
ဒုတိယအချက်အနေနဲ့ တိုင်းရင်းသားပါတီများက အစိုးရမဖွဲ့နိုင်ဘူးဆိုတဲ့တင်ပြချက်ပါ၊ သည်နေရာမှာ တော့ ၂ ဆင့်ခွဲပြီး စဉ်းစားရမှာဖြစ်ပါတယ်၊ ပြည်နယ် အဆင့်မှာ ပြည်မပါတီကြီးတွေက ပြည်နယ်လွှတ်တော် နေရာတွေအထိဆင်းပြီး မရွေးခဲ့ရင် တိုင်းရင်းသား ပါတီတွေဟာ ပြည်နယ်အစိုးရနဲ့ ပြည်နယ်လွှတ်တော် တွေအဖြစ် ပြည်နယ်အဆင့်အုပ်ချုပ်မှုနဲ့ ဥပဒေပြုရေး အာဏာများကို ရရှိနိုင်ပါတယ်။ ဒါကိုလည်း ရှင်းအောင် ပြောဖို့လိုပါတယ်။
ပြည်ထောင်စုအဆင့်မှာတော့ တကယ်တမ်း တိုင်းပြည်ငြိမ်းချမ်းမှု တည်ဆောက်ရေး၊ အမျိုးသား တန်းတူရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုရဲ့ အနှစ်သာရ ကို ငဲ့ကွက်တွက်ချက်လက်တွဲခေါ်ခဲ့ရင် တိုင်းရင်းသား များပါတဲ့ ညွှန့်ပေါင်းအစိုးရ ဖွဲ့နိုင်ပါတယ်။
သည်တော့ သည်အခြေအနေတွေကိုကြည့်ရင် အထက်ကဖော်ပြထားတဲ့ ၂၀၂၀ ရွေးကောက်ပွဲလွန် ဖြစ်နိုင်ခြေအစိုးရပုံစံကို အတွေးနဲ့ ပုံဖော်ကြည့်မိပါ တယ်။
လက်ရှိအခြေအနေအရ ပြည်ထောင်စုလွှတ် တော် (၂၉) နေရာရှိတဲ့ ရခိုင်ပြည်နယ်ဟာ လက်နက် ကိုင်ပဋိပက္ခများနဲ့ ကိုဗစ်ကပ်ဘေးရောဂါ အခြေအနေ ကြောင့် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ထည့်သွင်း ကျင်းပ၊ မကျင်းပ မသေချာပါ။
ဒါပေမဲ့ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာရှိခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် ၆၆၄ နေရာကို လျာထားပြီး စဉ်းစားတွက်ချက်ကြည့်ပါမယ်၊ ရာခိုင်နှုန်းအားဖြင့် ၁၀ဝ ခိုင်နှုန်းဆိုပါစို့။
သည်တော့ ပြည်ထောင်စုအစိုးရဖွဲ့ဖို့ဆိုရင် ပါတီကြီးတစ်ရပ်ရပ်ဟာ ပြည်ထောင်စုလွှတ်တော် ထက်ဝက်ကျော်ဖြစ်တဲ့ ၃၃၃ နေရာကို အနိုင်ရရှိရမှာ ဖြစ်ပါတယ် ရာခိုင်နှုန်းအားဖြင့် ၅၁ ရာခိုင်နှုန်း ဖြစ်ပါ တယ်။ တိုင်းရင်းသားပြည်နယ်(၇)ခုမှာ ပြည်ထောင်စု လွှတ်တော်ခုံနေရာဟာ (၂၀၇) နေရာရှိပါတယ်။ သည်ကိန်းဂဏန်းတွေအပေါ်အခြေခံပြီး အနိုင်ရနိုင် သည့်ပုံစံကို ရာခိုင်နှုန်းနဲ့တွက်ပြီး ရွေးကောက်ပွဲလွန် အစိုးရ လွန်ဆွဲပွဲကို စဉ်းစား တွက်ချက်ကြည့်ရအောင် –
ပါတီများအနိုင်ရရှိမှုနှင့် အစိုးရ ဖွဲ့နိုင်သည့်ပုံစံကို စဉ်းစားတွေးတောကြည့်ခြင်း
ျဖစ္စဥ္ | NLD | တသီးပုဂၢလမ်ား၊ ျပည္မပါတီမ်ား | တိုင္းရင္းသား ပါတီ | တပ္ | စုစုေပါင္း |
၁ | ၅၁% | ၁၅% | ၉% | ၂၅% | ၁၀ဝ% |
၂ | ၄၈% | ၁၅% | ၁၂% | ၂၅% | ၁၀ဝ% |
၃ | ၄၂% | ၁၈% | ၁၅% | ၂၅% | ၁၀ဝ% |
၄ | ၃၆% | ၂၃% | ၁၆% | ၂၅% | ၁၀ဝ% |
ဖြစ်စဉ် NLD တသီးပုဂ္ဂလများ၊ ပြည်မပါတီများ တိုင်းရင်းသား ပါတီ တပ် စုစုပေါင်း
၁ ၅၁% ၁၅% ၉% ၂၅% ၁၀ဝ%
၂ ၄၈% ၁၅% ၁၂% ၂၅% ၁၀ဝ%
၃ ၄၂% ၁၈% ၁၅% ၂၅% ၁၀ဝ%
၄ ၃၆% ၂၃% ၁၆% ၂၅% ၁၀ဝ%
သည်စဉ်းစားချက်မှာ NLD သာအကယ်၍ အစိုးရဖွဲ့နိုင်တဲ့အထိ မဲမရခဲ့သော်ဆိုတဲ့ အချက်အပေါ် အခြေခံစဉ်းစားထားကြောင်း ဦးစွာဝန်ခံလိုပါတယ်၊ သည်လိုစဉ်းစားရတာကလည်း ထောက်ချင့်စရာ အကြောင်းများစွာရှိလို့ ဖြစ်ပါတယ်။
သည်တော့ အထက်ဖော်ပြပါ စိတ်ကူးပုံဖော် ကြည့်တဲ့ ၂၀၂၀ ရွေးကောက်ပွဲရလာဒ်အရ –
ဖြစ်စဉ်-(၁) ကို ကြည့်လိုက်ရင် ၂၀၁၅ ရွေး ကောက်ပွဲလိုပါပဲ NLD က ပြည်ထောင်စုလွှတ်တော် ထက်ဝက်ကျော်နိုင်သွားတဲ့အတွက် ပြည်ထောင်စု အစိုးရကို ဖွဲ့နိုင်မှာဖြစ်ပါတယ်။ အခြားဖြစ်တန်ရာ ထူးထူးထွေထွေစဉ်းစားဖို့ သိပ်မလိုပါဘူး။
ဖြစ်စဉ်-(၂) ကိုကြည့်ရင်တော့ NLD ဟာ ပြည်ထောင်စုအစိုးရဖွဲ့ဖို့ ၃ ရာခိုင်နှုန်း (အရေ အတွက်အားဖြင့် ပြည်ထောင်စုလွှတ်တော်ခုံနေရာ ၂၀ သာလိုတယ်ဆိုပေမယ့် တစ်ဖက်မှာ ပြည်မပါတီ ညွှန့်ပေါင်း၊ တသီးပုဂ္ဂလ အနိုင်ရသူများ၊ တိုင်းရင်း သားပါတီများနဲ့ တပ်ကိုယ်စားလှယ်ပေါင်းလိုက်ရင် ၅၂ ရာခိုင်နှုန်းနဲ့ ညွှန့်ပေါင်းအစိုးရဖွဲ့နိုင်တဲ့ အခြေအနေ ရှိသွားပြီဖြစ်တဲ့အတွက် NLD အနေနဲ့ အစိုးရဖွဲ့ဖို့ ဘယ်ပါတီနဲ့မှ မပူးပေါင်းလိုဘူးဆိုရင် အခွင့်အရေး တစ်ခုခုကိုဘန်းပြပြီး အမတ်တွေ ဝယ်ရတော့မှာ ဖြစ်ပါ တယ်၊ အယောက် ၂၀ ကို မြန်မြန်မဝယ်ရင် ညွှန့်ပေါင်း အစိုးရဘက်က လက်ဦးပါက အစိုးရဖြစ်ခွင့် အခွင့် အရေးဆုံးရှုံးမှာဖြစ်ပါတယ်။ သည်အခြေအနေမှာ တသီးပုဂ္ဂလအမတ်တွေ နေရာရလာနိုင်ပါတယ်။ တိုင်း ရင်းသားပါတီတွေရဲ့ သဘောထားဟာလည်း အရေး ကြီးပြီ ဖြစ်ပါတယ်။
ဖြစ်စဉ်-(၃) ကိုကြည့်ရင်တော့ NLD ဟာ ပြည်ထောင်စုအစိုးရဖွဲ့ဖို့ အမတ်နေရာ ၉ ရာခိုင်နှုန်း အထိ (ပြည်ထောင်စုလွှတ်တော်ခုံနေရာ ၆၀ ခန့်)လိုသွားပြီဖြစ်ပါတယ်၊ သည်အခါမှာ လိုတဲ့ အမတ် နေရာကို ကောက်သင်းကောက်ဝယ်ဖို့ မဖြစ်နိုင်တော့ ဘဲ ညွှန့်ပေါင်းအစိုးရဖွဲ့ဖို့ အခြားပါတီတွေနဲ့ ပူးပေါင်း ရတော့မှာ ဖြစ်ပါတယ်။ အစိုးရဖွဲ့နိုင်ဖို့အတွက် လိုတဲ့ အမတ်အရေအတွက်ပြည့်အောင် ပြည်မပါတီတွေ ထဲကနဲ့ ပေါင်းမလား၊ တိုင်းရင်းသားတွေနဲ့ပေါင်းမလား ဆိုတာကို စဉ်းစားရတော့မှာဖြစ်ပါတယ်၊ တဖက်မှာ ကြတော့ အုပ်စုကြီး ၃ စုပေါင်းလိုက်ရင် ၅၈ ရာခိုင် နှုန်းရှိတဲ့အတွက် အစိုးရ လွတ်လွတ်ကျွတ်ကျွတ် ဖွဲ့နိုင်တဲ့အခြေအနေပါ။ သည်ဖြစ်စဉ်မှာတော့ NLD ကတဖက် တပ်နဲ့ ပြည်မပါတီကြီးများ ပူးပေါင်းအင်အား က တစ်ဖက် အားပြိုင်မှုမှာ တိုင်းရင်းသားပါတီတွေဟာ ညီညီညွတ်ညွတ်နဲ့ အခွင့်အရေးကို အတူတကွ ပူးပေါင်းဖော်ဆောင်ကြရင် တိုင်းရင်းသားတွေက ပုံဖော်ချင်တဲ့ တိုင်းပြည်ရဲ့ကံကြမ္မာအတွက် အခွင့်အရေး မျက်နှာသာပေးနိုင်တဲ့ နိုင်ငံရေးအခင်းအကျဉ်းကို အာမခံမယ့်အုပ်စုနဲ့ အပေးအယူ ရရှိနိုင်မလားလို့ မျှော်လင့်နိုင်ပါတယ်။
ဖြစ်စဉ်-(၄) ကိုကြည့်ရင်တော့ NLD ဟာ ပြည်ထောင်စုအစိုးရဖွဲ့ဖို့ အခြေအနေ တော်တော် လိုအပ်သွားပြီဖြစ်ပြီး တဖက်မှာတော့ တပ်နဲ့ ပြည်မ ပါတီကြီးများပေါင်းလျှင် ၄၈ ရာခိုင်နှုန်းရှိပြီး အစိုးရဖွဲ့ဖို့ ၃ ရာခိုင်နှုန်းသာလိုတဲ့အတွက် တသီးပုဂ္ဂလိကတွေနဲ့ တိုင်းရင်းသားပါတီတွေဟာ ကောက်သင်းကောက် ဝယ်ဖို့ ပစ်မှတ်တွေ ဖြစ်လာနိုင်သလို အစိုးရဖွဲ့ချင်တဲ့ အုပ်စုရဲ့ ဖိအားပေးမှုတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။
ဒါ့ထက်ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာက NLD ဟာ တပ်နဲ့ပေါင်းလိုက်ရင် အစိုးရဖွဲ့နိုင်တဲ့ အနေ အထားပါ။
သည်နေရာမှာ အနားယူတော့မယ့် တပ်ချုပ်ရဲ့ အနားယူချိန်မှာ သည့်ထက်ပိုကြီးလေးတဲ့ တိုင်းပြည် တာဝန်ကို ထမ်းဆောင်ချင်တယ်ဆိုပြီး ရုရှားမီဒီယာ တစ်ခုကို အင်အာဗျူးခဲ့တဲ့စကားရယ်၊ ဇွန်လ ၂၀ ရက် နေ့က ဘီဘီစီနဲ့ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ ကာချုပ်က ဖွဲ့စည်းပုံပြင်ဖို့ဦးဆောင်ရင် သမ္မတဖြစ်ဖို့ အလားအလာများတယ်ဆိုတဲ့ NLD က ဦးဝင်းထိန်ရဲ့ စကားရယ်ဟာ စဉ်းစားစရာပါ၊ ယုန်လေးရဲ့ MTV ဟာလည်းသည် သဘောတရားကို ဖော်ပြခဲ့တာပါ၊ နိုင်ငံရေးမှာ ထာဝရမိတ်ဆွေ၊ ထာဝရရန်သူမရှိပါဘူး ဒါကိုမဖြစ်နိုင်ဘူးလို့ တစ်ထစ်ချလည်း မပြောနိုင်ပါဘူး၊ ဒါပေမဲ့ သည်အခြေအနေရောက်ရင်တော့ ပြည်ထောင်စုလွှတ်တော် ၂၅ ရာခိုင်နှုန်းကိုင်ထားတဲ့ တပ်မတော်ဟာ စင်ပေါ်ရောက်သွားပါပြီ၊ ထို့အတူ တိုင်းရင်းသားပါတီများရဲ့ အနေအထားဟာလည်း လာမဲ့ ၂၀၂၀ လွန်အစိုးရအတွက် သေချာ စဉ်းစားပြင် ဆင်ရမယ့် အနေအထားပါ၊ မိမိတို့ရဲ့အားကို စုစည်းပြီး ညီညွတ်မှုနဲ့ ရှေ့ဆက်ရင် တိုင်းရင်းသားတွေမျှော်မှန်းတဲ့ နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများအတွက် အခွင့်အလမ်းကောင်းတွေ ရနိုင်သလို၊ တစ်ကိုယ်ကောင်း အတ္တနဲ့ အကျိုးအမြတ်နောက်ကို တစ်ကွဲတစ်ပြား လိုက်ကြမယ်ဆိုရင် နောက် (၅) နှစ်မှာလည်း တိုင်း ရင်းသားပြည်သူတွေရဲ့ဘဝဟာ ထူးပြီးတိုးတက်လာဖို့ မရှိပါဘူး၊ တစ်ဖက်မှာလည်း စစ်မှန်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရေးနဲ့၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ရွေးကောက်ပွဲ ကနေရရှိလာမယ့် အခွင့်အရေးကို မှန်မှန်ကန်ကန် ရွေးချယ်ပြီး တိုင်တိုင်ပင်ပင် စည်းစည်းလုံးလုံးနဲ့ တိုင်း ရင်းသားပါတီများက အတူလက်တွဲ ဆောင်ရွက်သင့်ပါကြောင်း။
သောသီခို
Zawgyi
၂၀၂၀ ေရြးေကာက္ပြဲနဲ႔ ျပည္ေထာင္စုအစိုးရဖြဲ႕စည္းေရး အလားအလာ
သတ္မွတ္ထားတဲ့ရက္ကို အေျပာင္းအလဲ မလုပ္ေတာ့ဘူးဆိုရင္ လာမယ့္ ၂၀၂၀ ျပည့္ႏွစ္၊ ႏိုဝင္ဘာလ (၈) ရက္ေန႔မွာ ေရြးေကာက္ပြဲျပဳလုပ္မွာ ျဖစ္ပါတယ္။ ေရြးေကာက္ပြဲအလြန္မွာ ျပည္ေထာင္ စုအစိုးရဖြဲ႕ႏိုင္ေရးအတြက္ ျဖစ္ေပၚလာမယ့္ အခင္း အက်င္းေတြကို စဥ္းစားၾကည့္တဲ့ အခါ ျဖစ္ႏိုင္ ေျခပံုစံ (၄) မ်ိဳးကို ေတြးၾကည့္မိပါတယ္၊ အဲဒါေတြ ကေတာ့ –
(၁) အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္က အစိုးရဖြဲ႔ႏိုင္သြားတဲ့ အေျခအေန အထိ အႏိုင္ရ သြားတဲ့အတြက္၊ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ဦး ေဆာင္တဲ့ အစိုးရက ဆက္လက္ အာဏာရယူအုပ္ခ်ဳပ္သြားတာ၊
(၂) အမ်ိဳးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ တပါတီတည္းက အစိုးရဖြဲ႕ႏိုင္တဲ့ အထိ အႏိုင္မရတဲ့အတြက္ ညႊန္႔ေပါင္း အစိုးရဖြဲ႕ႏိုင္ေရးအတြက္ အႏိုင္ရတဲ့ တိုင္းရင္းသားပါတီေတြနဲ႔ ေပါင္းၿပီး ညႊန္႔ေပါင္းအစိုးရဖြဲ႕တာ၊
(၃) အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က တပါတီအစိုးရဖြဲ႕ႏိုင္တဲ့အထိ လိုအပ္တဲ့ ထိုင္ခံုေနရာ မရခ်ိန္မွာ က်န္တဲ့အင္အား စုမ်ားျဖစ္တဲ့ ႀကံ့ခိုင္ေရးပါတီအပါအဝင္ ျပည္မပါတီမ်ား၊ တိုင္းရင္းသားပါတီ မ်ားစုေပါင္းၿပီး၊ တပ္မေတာ္အစုအဖြဲ႕နဲ႔ ညႊန္႔ေပါင္းအစိုးရဖြဲ႕တာ၊
(၄) အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ တစ္ ပါတီတည္း အစိုးရဖြဲ႕ႏိုင္တဲ့ အထိ အႏိုင္မရတဲ့ အတြက္ စစ္တပ္နဲ႔ေပါင္းၿပီး ညႊန္႔ေပါင္းအစိုးရဖြဲ႕တာ စသည့္ အခင္း အက်င္းမ်ား ျဖစ္ပါတယ္။
အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ရဲ႕ ၂၀၂၀ ေရြး ေကာက္ပြဲေျခလွမ္းအစပိုင္းရက္ေတြမွာ ပါတီေခါင္း ေဆာင္ေတြဟာ ေရြးေကာက္ပြဲအေပၚမွာ ပါတီအတြက္ အေတာ္ယံုၾကည္မႈရွိပံုပါပဲ။ ဇူလိႈင္လ (၂) ရက္ေန႔က ေနျပည္ေတာ္မွာျပဳလုပ္တဲ့ ပါတီဗဟိုအလုပ္အမႈေဆာင္ အဖြဲ႕အစည္းအေဝးမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အေနနဲ႔ လာမည့္ေရြးေကာက္ပြဲအၿပီး ညႊန္႔ေပါင္းအစိုးရ ဖြဲ႕ရန္ စဥ္းစာေနျခင္းပင္မရွိေၾကာင္း အမ်ိဳးသား ဒီမိုက ေရစီအဖြဲ႕ခ်ဳပ္ရဲ႕ ဒု-ဥကၠ႒ျဖစ္သူ မႏၱေလးတိုင္း ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္က ေျပာၾကား ခဲ့ပါတယ္။
ဩဂုတ္လ(၂၉)ရက္ေန႔မွာ DVB က ထုတ္လႊင့္ သြားတဲ့ ၂၀၂၀ ေရြးေကာက္ပြဲ Dabate မွာလည္း NLD ေျပာေရးဆိုခြင့္ရွိသူ မံုရြာေအာင္ရွင္က ၂၀၂၀ ေရြး ေကာက္ပြဲလြန္အစိုးရဟာ ႏိုင္ငံေရးလိုအပ္ခ်က္အရ ညႊန္႔ေပါင္းအစိုးရျဖစ္စရာမလိုေသးဘူးလို႔ အတိအလင္း ေျပာသြားခဲ့ပါတယ္။
တိုင္းရင္းသားေတြဘက္ကၾကည့္ရင္ေတာ့ သည္ေျပာၾကားခ်က္ဟာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ ခ်ဳပ္လက္ထက္ တိုင္းရင္းသားျပည္နယ္ေတြမွာ အမ်ိဳး သားတန္းတူေရးကို မ်က္ကြယ္ျပဳကာ ေဆာင္ရြက္ခဲ့တဲ့ အမွားမ်ား၊ တိုင္းရင္းသားနယ္ေျမေတြက စစ္ပြဲေတြ အေပၚသေဘာထား၊ စစ္ေဘးဒုကၡသည္မ်ားကို ေစာင့္ ေရွာက္ရန္ ပ်က္ကြက္ခဲ့မႈေတြအတြက္ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္အစိုးရအေပၚ ယံုၾကည္မႈ က်ဆင္း ေနခ်ိန္မွာ အခုလို ေျပာဆိုမႈေတြဟာ တိုင္းရင္းသား ေတြကို အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္နဲ႔ ဆန္႔က်င္ ဘက္ရွိရာအရပ္ကို တြန္းပို႔ လိုက္တာပါဘဲ။
ဒါ့အျပင္ အစိုးရအျဖစ္တာဝန္ယူခဲ့တဲ့ ၅ ႏွစ္တာ ကာလအတြင္း အမွားမ်ားစြာကိုလည္း က်ဴးလြန္ခဲ့ျပန္ ပါတယ္၊ အဆိုးဆံုးက ပါတီဥကၠ႒ကိုယ္တိုင္ ပါတီ အေပၚ သစၥာရွိဖို႔ ထပ္ခါတလဲလဲ ေျပာေနေတာ့ ပါတီ က ျပည္သူအေပၚမွာ သစၥာမရွိရဘူးလားဆိုတာက ေမးခြန္းထုတ္စရာျဖစ္လာပါတယ္။ တကယ္လည္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ဟာ ျပည္သူဘက္က ရပ္ၿပီး ပါတီကို ျပန္ေဝဖန္ေထာက္ျပခဲ့သူေတြကို ပါတီ က တစ္နည္းနည္းနဲ႔ ပထုတ္ခဲ့ပါတယ္။
ေရြးေကာက္ပြဲနီးလာခ်ိန္ ေရြးေကာက္ပြဲအတြက္ ပါတီရဲ႕ ကိုယ္စားလွယ္ေလွာင္းမ်ား ေရြးခ်ယ္မႈမွာ ေအာက္ေျခအဆင့္မွာ ရပ္မိရပ္ဖ ေရြးခ်ယ္ေပးတဲ့ ကိုယ္စားလွယ္မ်ားကို ျပန္လွယ္ျဖဳတ္ျပစ္ၿပီး ပါတီ ဗဟိုက ျပန္လည္ေရြးခ်ယ္သူမ်ားကိုသာ အတည္ျပဳ ခဲ့တဲ့အတြက္ ႏိုင္ငံအႏွံ႔ ပြဲဆူခဲ့ပါတယ္၊ သည္လို အေျပာင္းအလဲလုပ္မႈေၾကာင့္ ေအာက္ေျခမွာ ျပည္သူ ကို မ်က္ႏွာမူရတဲ့ ၿမိဳ႔နယ္တာဝန္ခံအဆင့္ေတြ အခ်ိဳ႕ ေနရာေတြမွာ ႏႈတ္ထြက္သြားၾကတာကိုလည္း ေတြ႕ျမင္ ေနရပါတယ္။
တစ္ခ်ိန္က ရဲေဘာ္ရဲဘက္မ်ားကိုလည္း လက္တြဲ ျဖဳတ္ခဲ့တာေတြ၊ တစ္ဖက္က အားမလိုအားမရလို႔ တစ္စင္ေထာင္လာေတြရွိလာတဲ့အခါ ၂၀၁၅ ေရြး ေကာက္ပြဲလို အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ဟာ ေရႊထီးေဆာင္းပါဦးမလား ဆိုတာ ေမးစရာျဖစ္လာ ပါတယ္။
သည္အခ်က္ကို ပိုခိုင္မာေအာင္ တည္ေဆာက္ ေပးတဲ့ ျဖစ္ရပ္ေတြျဖစ္တဲ့ မဲမေပးေရးလႈပ္ရွားမႈေတြ၊ ပယ္မဲျဖစ္ေအာင္ေပးဆိုတဲ့ အယူအဆေတြဟာလည္း ျပည္မဗမာလူမ်ိဳးမ်ားၾကားမွာ ထုတ္ေဖာ္ေျပာဆိုလာ ၾကၿပီး လာမယ့္ေရြးေကာက္ပြဲလြန္အစိုးရဟာ ညႊန္႔ ေပါင္းျဖစ္သင့္မျဖစ္သင့္ဆိုတဲ့ ရပ္တည္ခ်က္ ကြဲျပားမႈ ဟာ သိသိသာသာ ထင္ရွားလာပါတယ္။
တစ္ခ်ိန္က ကိုယ္တိုင္ထမ္းပိုးတင္ေပးလိုက္တဲ့ အမ်ိဳးသားဒီမိုကေရစီအစိုးရရဲ႕ (၅)ႏွစ္သက္တမ္း အုပ္ခ်ဳပ္မႈကို ႀကံဳေတြ႕လာရၿပီးတဲ့ေနာက္ တိုင္းရင္း သားမ်ားဟာလည္း ၿငိမ္းခ်မ္းေရး၊ အမ်ိဳးသားတန္းတူ ေရးနဲ႔ ကိုယ္ပိုင္ျပ႒ာန္းခြင့္အေရးေတြကို မိမိတို႔ ကိုယ္တိုင္ တည္ေဆာက္ယူရမယ္လို႔ ျမင္လာတဲ့ အတြက္ တစ္ဖက္မွာ ျပည္နယ္အုပ္ခ်ဳပ္ေရးနဲ႔ လႊတ္ေတာ္ကို စီးမိုးႏိုင္ေရးအတြက္ ႀကိဳးပမ္းလာၾက သလို ျပည္ေထာင္စုလႊတ္ေတာ္မ်ားျဖစ္ၾကတဲ့ အမ်ိဳး သားလႊတ္ေတာ္နဲ႔ ျပည္သူ႔လႊတ္ေတာ္မွာ ေနရာရေရး ကိုလည္း တြက္ခ်က္ျပင္ဆင္လာၾကတာကို ေတြ႕ျမင္ ေနရပါတယ္။ တစ္ခ်ိန္က သက္ဆိုင္ရာျပည္နယ္အတြင္း သီးျခားစီရပ္တည္ခဲ့ၾကတဲ့ တိုင္းရင္းသားပါတီေတြဟာ ပူးေပါင္းလာၾကၿပီး လာမယ့္ ၂၀၂၀ ေရြးေကာက္ပြဲကို ျပည္မပါတီႀကီးမ်ားနဲ႔ ယွဥ္ၿပိဳင္ႏိုင္ဖို႔ ႀကိဳးပမ္းအား ထုတ္လာၾကပါတယ္။
တစ္ဖက္မွာ ျပည္မႏိုင္ငံေရးအင္အားစုမ်ားနဲ႔ အရပ္ဘက္အဖြဲ႔အစည္းမ်ားအေနနဲ႔လည္း တိုင္းရင္း သားျပည္နယ္မ်ားမွာ တိုင္းရင္းသားပါတီမ်ား အႏိုင္ရ ေရးဆိုၿပီး ေဆြးေႏြးေျပာဆိုလာၾကတာ၊ ၂၀၂၀ ေရြး ေကာက္ပြဲလြန္အစိုးရဟာ ညႊန္႔ေပါင္းအစိုးရ ျဖစ္သင့္ တယ္လို႔ ေဆြးေႏြးတင္ျပလာၾကတာေတြ ေတြ႕ျမင္ေန ရပါတယ္။
သည္လို တိုင္းရင္းသားပါတီမ်ားကို ေထာက္ခံ အားေပးမႈျမင့္တက္လာတဲ့အခါ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ ေရြးေကာက္ပြဲဆက္လက္အႏိုင္ရၿပီး အစိုးရ ဖြဲ႔ေရးကို လိုလားၾကတဲ့ အုပ္စုဟာ တိုင္းရင္းသားပါတီ မ်ားကို အေၾကာင္းခ်က္ ၂ ခုနဲ႔ တိုက္ခိုက္လာပါတယ္။
ပထမတစ္ခ်က္ကေတာ့ ၂၀ဝ၈ ဖြဲ႔စည္းပံုအေျခခံ ဥပေဒ ျပင္ဖို႔လိုတဲ့အတြက္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ ခ်ဳပ္ကိုသာ မဲေပးသင့္တယ္ဆိုတဲ့ တင္ျပခ်က္ျဖစ္ၿပီး ဒုတိယအခ်က္ကေတာ့ တိုင္းရင္းသားပါတီေတြ အစိုးရ မဖြဲ႔ႏိုင္တဲ့အတြက္ အစိုးရဖြဲ႕ႏိုင္မယ့္ NLD ကိုသာ မဲေပးရမယ္ဆိုတဲ့ အခ်က္ ၂ ခ်က္ပါ။
ပထမတစ္ခ်က္အေနနဲ႔ ၂၀ဝ၈ ဖြဲ႕စည္းပံုကို ျပင္ဖို႔အတြက္ NLD ဟာ တစ္ဖြဲ႕တည္းျပင္မယ္ဆိုရင္ ၂၀ဝ၈ ဖြဲ႕စည္းပံုအေျခခံဥပေဒ ပုဒ္မ-၄၃၆ အရ ေရြးရမယ့္ ျပည္ေထာင္စုလႊတ္ေတာ္ေနရာ ၇၅ ရာခိုင္ ႏႈန္းကို အားလံုးႏိုင္ေအာင္ ပထမလုပ္ရမွာျဖစ္ၿပီး ၇၅ ရာခိုင္ႏႈန္းေက်ာ္ဖို႔အတြက္ တပ္မေတာ္သား ကိုယ္ စားလွယ္ ၂၅ ရာခိုင္ႏႈန္းထဲက သေဘာတူညီခ်က္ရမွ ျပင္ဆင္ႏိုင္မွာ ျဖစ္ပါတယ္။ သည္ေတာ့ NLD အေနနဲ႔ ျပည္ေထာင္စုလႊတ္ေတာ္ေနရာ ၇၅ ရာခိုင္ႏႈန္းကို အႏိုင္ရဖို႔မျဖစ္ႏိုင္တဲ့အတြက္ NLD ပါတီအႏိုင္ရမွ ၂၀ဝ၈ ဖြဲ႕စည္းပံုအေျခခံဥပေဒျပင္ႏိုင္မယ္ဆိုတာ မဟုတ္ပါဘူး။
ၿပီးခဲ့တဲ့လႊတ္ေတာ္သက္တမ္းမွာ ျပည္နယ္နဲ႔ တိုင္းေဒသႀကီးမ်ားရဲ႕ ဝန္ႀကီးခ်ဳပ္ေရြးခ်ယ္ျခင္းနဲ႔ စပ္လ်ဥ္းတဲ့ ပုဒ္မ-၂၆၁ ကိုျပင္ဖို႔ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္မ်ားကပါ ေထာက္ခံတဲ့ အတြက္ NLD က ဆႏၵရွိလွ်င္ ျပင္ႏိုင္ပါလွ်က္ NLD ဟာ သည္ပုဒ္မကိုျပင္ဖို႔ မေထာက္ခံခဲ့တဲ့အတြက္ ျပင္ဆင္ခြင့္မရခဲ့ပါဘူး။
ဒုတိယအခ်က္အေနနဲ႔ တိုင္းရင္းသားပါတီမ်ားက အစိုးရမဖြဲ႕ႏိုင္ဘူးဆိုတဲ့တင္ျပခ်က္ပါ၊ သည္ေနရာမွာ ေတာ့ ၂ ဆင့္ခြဲၿပီး စဥ္းစားရမွာျဖစ္ပါတယ္၊ ျပည္နယ္ အဆင့္မွာ ျပည္မပါတီႀကီးေတြက ျပည္နယ္လႊတ္ေတာ္ ေနရာေတြအထိဆင္းၿပီး မေရြးခဲ့ရင္ တိုင္းရင္းသား ပါတီေတြဟာ ျပည္နယ္အစိုးရနဲ႔ ျပည္နယ္လႊတ္ေတာ္ ေတြအျဖစ္ ျပည္နယ္အဆင့္အုပ္ခ်ဳပ္မႈနဲ႔ ဥပေဒျပဳေရး အာဏာမ်ားကို ရရွိႏိုင္ပါတယ္။ ဒါကိုလည္း ရွင္းေအာင္ ေျပာဖို႔လိုပါတယ္။
ျပည္ေထာင္စုအဆင့္မွာေတာ့ တကယ္တမ္း တိုင္းျပည္ၿငိမ္းခ်မ္းမႈ တည္ေဆာက္ေရး၊ အမ်ိဳးသား တန္းတူေရးနဲ႔ ဖက္ဒရယ္ျပည္ေထာင္စုရဲ႕ အႏွစ္သာရ ကို ငဲ့ကြက္တြက္ခ်က္လက္တြဲေခၚခဲ့ရင္ တိုင္းရင္းသား မ်ားပါတဲ့ ညႊန္႔ေပါင္းအစိုးရ ဖြဲ႕ႏိုင္ပါတယ္။
သည္ေတာ့ သည္အေျခအေနေတြကိုၾကည့္ရင္ အထက္ကေဖာ္ျပထားတဲ့ ၂၀၂၀ ေရြးေကာက္ပြဲလြန္ ျဖစ္ႏိုင္ေျခအစိုးရပံုစံကို အေတြးနဲ႔ ပံုေဖာ္ၾကည့္မိပါ တယ္။
လက္ရွိအေျခအေနအရ ျပည္ေထာင္စုလႊတ္ ေတာ္ (၂၉) ေနရာရွိတဲ့ ရခိုင္ျပည္နယ္ဟာ လက္နက္ ကိုင္ပဋိပကၡမ်ားနဲ႔ ကိုဗစ္ကပ္ေဘးေရာဂါ အေျခအေန ေၾကာင့္ လာမယ့္ ၂၀၂၀ ေရြးေကာက္ပြဲမွာ ထည့္သြင္း က်င္းပ၊ မက်င္းပ မေသခ်ာပါ။
ဒါေပမဲ့ ၿပီးခဲ့တဲ့ ၂၀၁၅ ေရြးေကာက္ပြဲမွာရွိခဲ့တဲ့ ျပည္ေထာင္စုလႊတ္ေတာ္ ၆၆၄ ေနရာကို လ်ာထားၿပီး စဥ္းစားတြက္ခ်က္ၾကည့္ပါမယ္၊ ရာခိုင္ႏႈန္းအားျဖင့္ ၁၀ဝ ခိုင္ႏႈန္းဆိုပါစို႔။
သည္ေတာ့ ျပည္ေထာင္စုအစိုးရဖြဲ႕ဖို႔ဆိုရင္ ပါတီႀကီးတစ္ရပ္ရပ္ဟာ ျပည္ေထာင္စုလႊတ္ေတာ္ ထက္ဝက္ေက်ာ္ျဖစ္တဲ့ ၃၃၃ ေနရာကို အႏိုင္ရရွိရမွာ ျဖစ္ပါတယ္ ရာခိုင္ႏႈန္းအားျဖင့္ ၅၁ ရာခိုင္ႏႈန္း ျဖစ္ပါ တယ္။ တိုင္းရင္းသားျပည္နယ္(၇)ခုမွာ ျပည္ေထာင္စု လႊတ္ေတာ္ခံုေနရာဟာ (၂၀၇) ေနရာရွိပါတယ္။ သည္ကိန္းဂဏန္းေတြအေပၚအေျခခံၿပီး အႏိုင္ရႏိုင္ သည့္ပံုစံကို ရာခိုင္ႏႈန္းနဲ႔တြက္ၿပီး ေရြးေကာက္ပြဲလြန္ အစိုးရ လြန္ဆြဲပြဲကို စဥ္းစား တြက္ခ်က္ၾကည့္ရေအာင္ –
ပါတီမ်ားအႏိုင္ရရွိမႈႏွင့္ အစိုးရ ဖြဲ႔ႏိုင္သည္႕ပံုစံကို စဥ္းစားေတြးေတာၾကည္႕ျခင္း
ျဖစ္စဥ္ | NLD | တသီးပုဂၢလမ်ား၊ ျပည္မပါတီမ်ား | တိုင္းရင္းသား ပါတီ | တပ္ | စုစုေပါင္း |
၁ | ၅၁% | ၁၅% | ၉% | ၂၅% | ၁၀ဝ% |
၂ | ၄၈% | ၁၅% | ၁၂% | ၂၅% | ၁၀ဝ% |
၃ | ၄၂% | ၁၈% | ၁၅% | ၂၅% | ၁၀ဝ% |
၄ | ၃၆% | ၂၃% | ၁၆% | ၂၅% | ၁၀ဝ% |
သည္စဥ္းစားခ်က္မွာ NLD သာအကယ္၍ အစိုးရဖြဲ႕ႏိုင္တဲ့အထိ မဲမရခဲ့ေသာ္ဆိုတဲ့ အခ်က္အေပၚ အေျခခံစဥ္းစားထားေၾကာင္း ဦးစြာဝန္ခံလိုပါတယ္၊ သည္လိုစဥ္းစားရတာကလည္း ေထာက္ခ်င့္စရာ အေၾကာင္းမ်ားစြာရွိလို႔ ျဖစ္ပါတယ္။
သည္ေတာ့ အထက္ေဖာ္ျပပါ စိတ္ကူးပံုေဖာ္ ၾကည့္တဲ့ ၂၀၂၀ ေရြးေကာက္ပြဲရလာဒ္အရ –
ျဖစ္စဥ္-(၁) ကို ၾကည့္လိုက္ရင္ ၂၀၁၅ ေရြး ေကာက္ပြဲလိုပါပဲ NLD က ျပည္ေထာင္စုလႊတ္ေတာ္ ထက္ဝက္ေက်ာ္ႏိုင္သြားတဲ့အတြက္ ျပည္ေထာင္စု အစိုးရကို ဖြဲ႕ႏိုင္မွာျဖစ္ပါတယ္။ အျခားျဖစ္တန္ရာ ထူးထူးေထြေထြစဥ္းစားဖို႔ သိပ္မလိုပါဘူး။
ျဖစ္စဥ္-(၂) ကိုၾကည့္ရင္ေတာ့ NLD ဟာ ျပည္ေထာင္စုအစိုးရဖြဲ႕ဖို႔ ၃ ရာခိုင္ႏႈန္း (အေရ အတြက္အားျဖင့္ ျပည္ေထာင္စုလႊတ္ေတာ္ခံုေနရာ ၂၀ သာလိုတယ္ဆိုေပမယ့္ တစ္ဖက္မွာ ျပည္မပါတီ ညႊန္႔ေပါင္း၊ တသီးပုဂၢလ အႏိုင္ရသူမ်ား၊ တိုင္းရင္း သားပါတီမ်ားနဲ႔ တပ္ကိုယ္စားလွယ္ေပါင္းလိုက္ရင္ ၅၂ ရာခိုင္ႏႈန္းနဲ႔ ညႊန္႔ေပါင္းအစိုးရဖြဲ႕ႏိုင္တဲ့ အေျခအေန ရွိသြားၿပီျဖစ္တဲ့အတြက္ NLD အေနနဲ႔ အစိုးရဖြဲ႕ဖို႔ ဘယ္ပါတီနဲ႔မွ မပူးေပါင္းလိုဘူးဆိုရင္ အခြင့္အေရး တစ္ခုခုကိုဘန္းျပၿပီး အမတ္ေတြ ဝယ္ရေတာ့မွာ ျဖစ္ပါ တယ္၊ အေယာက္ ၂၀ ကို ျမန္ျမန္မဝယ္ရင္ ညႊန္႔ေပါင္း အစိုးရဘက္က လက္ဦးပါက အစိုးရျဖစ္ခြင့္ အခြင့္ အေရးဆံုး႐ံႈးမွာျဖစ္ပါတယ္။ သည္အေျခအေနမွာ တသီးပုဂၢလအမတ္ေတြ ေနရာရလာႏိုင္ပါတယ္။ တိုင္း ရင္းသားပါတီေတြရဲ့ သေဘာထားဟာလည္း အေရး ႀကီးၿပီ ျဖစ္ပါတယ္။
ျဖစ္စဥ္-(၃) ကိုၾကည့္ရင္ေတာ့ NLD ဟာ ျပည္ေထာင္စုအစိုးရဖြဲ႕ဖို႔ အမတ္ေနရာ ၉ ရာခိုင္ႏႈန္း အထိ (ျပည္ေထာင္စုလႊတ္ေတာ္ခံုေနရာ ၆၀ ခန္႔)လိုသြားၿပီျဖစ္ပါတယ္၊ သည္အခါမွာ လိုတဲ့ အမတ္ ေနရာကို ေကာက္သင္းေကာက္ဝယ္ဖို႔ မျဖစ္ႏိုင္ေတာ့ ဘဲ ညႊန္႔ေပါင္းအစိုးရဖြဲ႕ဖို႔ အျခားပါတီေတြနဲ႔ ပူးေပါင္း ရေတာ့မွာ ျဖစ္ပါတယ္။ အစိုးရဖြဲ႕ႏိုင္ဖို႔အတြက္ လိုတဲ့ အမတ္အေရအတြက္ျပည့္ေအာင္ ျပည္မပါတီေတြ ထဲကနဲ႔ ေပါင္းမလား၊ တိုင္းရင္းသားေတြနဲ႔ေပါင္းမလား ဆိုတာကို စဥ္းစားရေတာ့မွာျဖစ္ပါတယ္၊ တဖက္မွာ ၾကေတာ့ အုပ္စုႀကီး ၃ စုေပါင္းလိုက္ရင္ ၅၈ ရာခိုင္ ႏႈန္းရွိတဲ့အတြက္ အစိုးရ လြတ္လြတ္ကြ်တ္ကြ်တ္ ဖြဲ႕ႏိုင္တဲ့အေျခအေနပါ။ သည္ျဖစ္စဥ္မွာေတာ့ NLD ကတဖက္ တပ္နဲ႔ ျပည္မပါတီႀကီးမ်ား ပူးေပါင္းအင္အား က တစ္ဖက္ အားၿပိဳင္မႈမွာ တိုင္းရင္းသားပါတီေတြဟာ ညီညီညြတ္ညြတ္နဲ႔ အခြင့္အေရးကို အတူတကြ ပူးေပါင္းေဖာ္ေဆာင္ၾကရင္ တိုင္းရင္းသားေတြက ပံုေဖာ္ခ်င္တဲ့ တိုင္းျပည္ရဲ႕ကံၾကမၼာအတြက္ အခြင့္အေရး မ်က္ႏွာသာေပးႏိုင္တဲ့ ႏိုင္ငံေရးအခင္းအက်ဥ္းကို အာမခံမယ့္အုပ္စုနဲ႔ အေပးအယူ ရရွိႏိုင္မလားလို႔ ေမွ်ာ္လင့္ႏိုင္ပါတယ္။
ျဖစ္စဥ္-(၄) ကိုၾကည့္ရင္ေတာ့ NLD ဟာ ျပည္ေထာင္စုအစိုးရဖြဲ႕ဖို႔ အေျခအေန ေတာ္ေတာ္ လိုအပ္သြားၿပီျဖစ္ၿပီး တဖက္မွာေတာ့ တပ္နဲ႔ ျပည္မ ပါတီႀကီးမ်ားေပါင္းလွ်င္ ၄၈ ရာခိုင္ႏႈန္းရွိၿပီး အစိုးရဖြဲ႕ဖို႔ ၃ ရာခိုင္ႏႈန္းသာလိုတဲ့အတြက္ တသီးပုဂၢလိကေတြနဲ႔ တိုင္းရင္းသားပါတီေတြဟာ ေကာက္သင္းေကာက္ ဝယ္ဖို႔ ပစ္မွတ္ေတြ ျဖစ္လာႏိုင္သလို အစိုးရဖြဲ႕ခ်င္တဲ့ အုပ္စုရဲ႕ ဖိအားေပးမႈေတြနဲ႔ ရင္ဆိုင္ရႏိုင္ပါတယ္။
ဒါ့ထက္ပိုၿပီး စိတ္ဝင္စားဖို႔ေကာင္းတာက NLD ဟာ တပ္နဲ႔ေပါင္းလိုက္ရင္ အစိုးရဖြဲ႕ႏိုင္တဲ့ အေန အထားပါ။
သည္ေနရာမွာ အနားယူေတာ့မယ့္ တပ္ခ်ဳပ္ရဲ႕ အနားယူခ်ိန္မွာ သည့္ထက္ပိုႀကီးေလးတဲ့ တိုင္းျပည္ တာဝန္ကို ထမ္းေဆာင္ခ်င္တယ္ဆိုၿပီး ႐ုရွားမီဒီယာ တစ္ခုကို အင္အာဗ်ဴးခဲ့တဲ့စကားရယ္၊ ဇြန္လ ၂၀ ရက္ ေန႔က ဘီဘီစီနဲ႔ျပဳလုပ္တဲ့ အင္တာဗ်ဴးတစ္ခုမွာ ကာခ်ဳပ္က ဖြဲ႕စည္းပံုျပင္ဖို႔ဦးေဆာင္ရင္ သမၼတျဖစ္ဖို႔ အလားအလာမ်ားတယ္ဆိုတဲ့ NLD က ဦးဝင္းထိန္ရဲ႕ စကားရယ္ဟာ စဥ္းစားစရာပါ၊ ယုန္ေလးရဲ႕ MTV ဟာလည္းသည္ သေဘာတရားကို ေဖာ္ျပခဲ့တာပါ၊ ႏိုင္ငံေရးမွာ ထာဝရမိတ္ေဆြ၊ ထာဝရရန္သူမရွိပါဘူး ဒါကိုမျဖစ္ႏိုင္ဘူးလို႔ တစ္ထစ္ခ်လည္း မေျပာႏိုင္ပါဘူး၊ ဒါေပမဲ့ သည္အေျခအေနေရာက္ရင္ေတာ့ ျပည္ေထာင္စုလႊတ္ေတာ္ ၂၅ ရာခိုင္ႏႈန္းကိုင္ထားတဲ့ တပ္မေတာ္ဟာ စင္ေပၚေရာက္သြားပါၿပီ၊ ထို႔အတူ တိုင္းရင္းသားပါတီမ်ားရဲ႕ အေနအထားဟာလည္း လာမဲ့ ၂၀၂၀ လြန္အစိုးရအတြက္ ေသခ်ာ စဥ္းစားျပင္ ဆင္ရမယ့္ အေနအထားပါ၊ မိမိတို႔ရဲ႕အားကို စုစည္းၿပီး ညီညြတ္မႈနဲ႔ ေရွ႕ဆက္ရင္ တိုင္းရင္းသားေတြေမွ်ာ္မွန္းတဲ့ ႏိုင္ငံေရးဆိုင္ရာ အခြင့္အေရးမ်ားအတြက္ အခြင့္အလမ္းေကာင္းေတြ ရႏိုင္သလို၊ တစ္ကိုယ္ေကာင္း အတၱနဲ႔ အက်ိဳးအျမတ္ေနာက္ကို တစ္ကြဲတစ္ျပား လိုက္ၾကမယ္ဆိုရင္ ေနာက္ (၅) ႏွစ္မွာလည္း တိုင္း ရင္းသားျပည္သူေတြရဲ႕ဘဝဟာ ထူးၿပီးတိုးတက္လာဖို႔ မရွိပါဘူး၊ တစ္ဖက္မွာလည္း စစ္မွန္တဲ့ ၿငိမ္းခ်မ္းေရး တည္ေဆာက္ေရးနဲ႔၊ ဖက္ဒရယ္ ဒီမိုကေရစီ ျပည္ေထာင္စုတည္ေဆာက္ေရးအတြက္ ေရြးေကာက္ပြဲ ကေနရရွိလာမယ့္ အခြင့္အေရးကို မွန္မွန္ကန္ကန္ ေရြးခ်ယ္ၿပီး တိုင္တိုင္ပင္ပင္ စည္းစည္းလံုးလံုးနဲ႔ တိုင္း ရင္းသားပါတီမ်ားက အတူလက္တြဲ ေဆာင္ရြက္သင့္ပါေၾကာင္း။
ေသာသီခို