တိုင်းရင်းသားအကြောင်း

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ ကြေညာစာတမ်း ပြည်သူ့ပါတီ

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ ကြေညာစာတမ်း ပြည်သူ့ပါတီ

နိုင်ငံတော်သစ်ဆီသို့

ပြည်သူ့ပါတီ ဗဟိုဌာနချုပ်

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကြေညာစာတမ်း

ပြည်သူ့ပါတီ

ပြည်သူ့ပါတီသည် ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးအတွက် စစ်အာဏာရှင်စနစ်နှင့် တစ်ပါတီအာဏာရှင်စနစ်ကို တွန်းလှန်တိုက်ပွဲဝင်ခဲ့ သော ၈၈ မျိုးဆက် ကျောင်းသားများနှင့် မြန်မာနိုင်ငံ၏ အာဏာရှင်စနစ် တော်လှန်ရေး များတွင် ပါဝင်ခဲ့ကြသည့် မျိုးဆက်အသီးသီးမှ ရဲဘော်များ၊ နယ်ပယ်အသီးသီးမှ တတ်သိ ကျွမ်းကျင်သူ လူကြီး၊ လူငယ်၊ အမျိုးသမီးများ ပါဝင်ဖွဲ့စည်းထားသော နိုင်ငံရေးပါတီ တစ်ခု ဖြစ်ပါသည်။

၈၈ မျိုးဆက်အပါအဝင် မျိုးဆက်အသီးသီး ထာဝရကိုင်ဆွဲခဲ့သော အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ငြိမ်းချမ်းရေး၊ တိုင်းရင်းသားအားလုံး တန်းတူ အခွင့် အရေးရရှိရေးကို မမှိတ်မသုန် ဦးတည်ရည်မှန်း ဆောင်ရွက်နေသော နိုင်ငံရေးပါတီ တစ်ခုလည်း ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေသည် တိုင်းရင်းသားများကြား အပြန် အလှန် ယုံကြည်မှု အားနည်းနေပြီး ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် အခက်အခဲများကြုံတွေ့နေရကာ လက်နက်ကိုင်တိုက်ပွဲများကြောင့် စစ်ဘေးရှောင်တိမ်းနေရသော ပြည်သူများလည်း ပိုမိုများပြားလာသည့် အခြေအနေ တွင် ရှိနေပါသည်။ ၎င်းအပြင် ကမ္ဘာ့ကပ်ရောဂါဖြစ်သော ကိုဗစ် (၁၉) ကြောင့် နိုင်ငံသားများ၏ လူမှုစီးပွားဘဝများ ထိခိုက်နေသည့် အခြေအနေ တစ်ရပ်ကို လည်း ရင်ဆိုင်ဖြတ်သန်း နေရပါသည်။

အဆိုပါ အခြေအနေများကို ပြောင်းလဲရန်အတွက် လက်ရှိပြဋ္ဌာန်းထား သော ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ခြင်း၊ နိုင်ငံ့စီပွားရေးကို မြှင့်တင်ခြင်းများကို အလျင်အမြန် ကြိုးပမ်းဆောင် ရွက်ရမည် ဖြစ်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်ရာတွင် ဒီမိုကရေစီစနစ် ခိုင်မာ အားကောင်းလာစေ ရေးနှင့် တိုင်းရင်းသားတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အာဏာများကို ပိုမိုရရှိလာစေရေးအပြင် အားကောင်းသည့် ဖက်ဒရယ်စနစ် ဖွဲ့စည်းပုံမျိုး ဖြစ်လာစေရေးကို ဦးတည် လုပ်ဆောင်ရမည် ဖြစ်ပါသည်။ ထို့အတူ နိုင်ငံ၏ စီးပွားရေးမြှင့်တင်နိုင်ရန်မှာလည်း ငြိမ်းချမ်းရေး၊ ဒီမိုက ရေစီရေးတို့နှင့် တစ်ဆက်တည်း ဖြစ်သည်နှင့်အညီ ယင်းလုပ်ငန်းများကို လည်း ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ပါသည်။

မိမိတို့ ပြည်သူ့ပါတီ၏ ပါတီဝင် တစ်ဦးချင်းသည် တစ်စိုက်မတ်မတ် ထာဝစဉ် ခိုင်ခိုင်မာမာ ကိုင်စွဲလာခဲ့သော ယုံကြည်ချက် အကောင်အထည် ဖော်ဆောင်နိုင်ရန်အတွက် ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသည်။ ပြည်သူလူထုအတွက် ပြည်သူ့ပါတီ၏ ရည်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင် ရန် ပြည်သူများမှ ဆန္ဒမဲပေး၍ တာဝန်ပေး ခိုင်းစေလာပါက မိမိတို့သည် ပေးအပ်သည့်တာဝန်ကို ကျိုးနွံစွာ ဆောင်ရွက်သွားပါမည်ဟု ကတိပြုပါသည်။

 

–           နိုင်ငံရေး | ငြိမ်းချမ်းရေး

–             နိုင်ငံတော်ကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် ကျင့်သုံးသော နိုင်ငံအဖြစ် ဖွဲ့စည်း တည်ဆောက်နိုင်ရန် ကြိုးပမ်း ဆောင်ရွက်သွားမည်။

–             ပြည်နယ်နှင့် တိုင်းဒေသကြီးများဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေများ ပေါ်ပေါက်လာ စေရန် ဆောင်ရွက်သွားမည်။

ဒီမိုကရက်တစ် ဖက်ဒရယ်စံနှုန်းများနှင့် ကိုက်ညီသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ် ပေါက်လာရန် ကြိုးပမ်းနေ သည့် ကာလအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ အုပ်ချုပ်ခွင့်၊ ဥပဒေပြုခွင့်နှင့် တရားစီရင်ခွင့်ဆိုင်ရာ အခန်းကဏ္ဍများ မြင့်မားလာ စေရေးနှင့် ဗဟိုချုပ်ကိုင်မှု လျော့ချစေရေးကို ကြိုးပမ်းဆောင်ရွက်သွားမည်။

–             ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များကို သက် ဆိုင်ရာလွှတ်တော်များ၏ သဘောဆန္ဒနှင့်အညီ ဖွဲ့စည်းနိုင်ရေးနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ လုပ်ပိုင်ခွင့် အာဏာများ ပိုမိုရရှိလာစေရေး အတွက် ဆောင်ရွက်သွားမည်။

–             နိုင်ငံရေးနည်းလမ်းဖြင့် ထာဝရ ငြိမ်းချမ်းရေး ရရှိစေရန် ဆောင်ရွက်သွားမည်။

–             ငြိမ်းချမ်းရေး ဆောင်ရွက်နေစဉ် ကာလအတွင်း ဒေသတွင်း အပစ်အခတ်ရပ်စဲရေးကို မဖြစ်မနေ ရရှိစေရန် ဆောင်ရွက်သွားရမည်။

–             ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတွင် နိုင်ငံသားများ၏ သဘောထားအမြင် ပါဝင်ခွင့် ရရှိစေရန် ကြိုးပမ်းဆောင်ရွက်သွားမည်။

–             နိုင်ငံရေးအရ အပြန်အလှန် လေးစားနားလည်မှုကို အခြေခံသည့် ဆွေးနွေးပွဲများမှတဆင့် လက်နက်ကိုင်ပဋိပက္ခ များ အပြီးတိုင်ချုပ်ငြိမ်းစေရန် ဆောင်ရွက်သွားရမည်။

–             ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ငြိမ်းချမ်းရေးနှင့် စပ်လျဉ်းသော ဆွေးနွေးပွဲ များကို ကျယ်ပြန့်စွာ ဆွေးနွေးခွင့် ရရှိရေးအတွက် ဆောင်ရွက်သွားမည်။

 

–             နိုငံခြားရေး

–             နိုင်ငံခြားရေး နိုင်ငံတကာနှင့် ရင်းနှီးချစ်ကြည်စွာ ဆက်ဆံသွားမည်။

–             အိမ်နီးချင်းနိုင်ငံများနှင့် နီးကပ်စွာ လက်တွဲဆောင်ရွက်သွားမည်။

–             နိုင်ငံတစ်နိုင်ငံချင်းစီ၏ အချုပ်အခြာအာဏာနှင့် တရားဝင် တည်ရှိနေသော နယ်န မိတ်ကို လေးစားလိုက်နာသော နိုင်ငံတကာစံနှုန်းများ၊ ဥပဒေများ ဆုံးဖြတ်ချက်များကို အသိအမှတ်ပြု ဆောင်ရွက်သွားမည်။

–             အကြမ်းဖက်သည့် လုပ်ငန်းစဉ် အားလုံးကို ထာဝရ ဆန့်ကျင်သွားမည်။

 

–             တိုင်းရင်းသားရေး

–             တိုင်းရင်းသားများ၏ ရိုးရာဓလေ့၊ စာပေ၊ ယဉ်ကျေးမှုများ ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် နိုင်ငံတော်ဘဏ္ဍာကို ပိုမိုသုံးစွဲ ဆောင်ရွက်သွားမည်။

–             ပြည်တွင်းပဋိပက္ခဒဏ် ခံစားခဲ့ရသော ဒေသများတွင် ပြန်လည်ကုစားနိုင်ရေးနှင့် စစ်ဘေးရှောင် စခန်းများရှိ စစ်ဘေးရှောင်ဒေသခံများကို မိမိအရပ်ဒေသ ပြန်လည်နေထိုင်နိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းကို ဦးစားပေး လုပ်ငန်းစဉ်အဖြစ် ဆောင်ရွက် သွားမည်။

–             မြေပေါ်မြေအောက် သယံဇာတအရင်းအမြစ်များ ထုတ်ယူသုံးစွဲခြင်းနှင့် စပ်လျဉ်း၍ မျှတမှု အခြေခံသော မူဝါဒ တစ်ရပ်ကို ဥပဒေအဖြစ် ပြဋ္ဌာန်းရေးဆွဲနိုင်ရန်အတွက် အကျိုးသက်ဆိုင်သည့် ဒေသခံအစိုးရ၊ အဖွဲ့အစည်းများ၊ အကျိုးသက်ဆိုင်သူ ဒေသခံများနှင့် ညှိနှိုင်းဆွေးနွေး အဖြေရှာ ဆောင်ရွက်သွားမည်။

–             တိုင်းရင်းသား ဓလေ့ထုံးတမ်း ဥပဒေများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဒေသရှိ လွှတ်တော်၊ တရားရေး ကဏ္ဍ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားခေါင်းဆောင်များ နှင့် ညှိနှိုင်း ဆောင်ရွက်သွားမည်။

 

–             ဒီမိုကရေစီနှင့် လူ့အခွင့်အရေး

–             ဒီမိုကရေစီ ခိုင်မာအားကောင်းရေးတွင် ပြည်သူ့တို့၏ ပါဝင်ခွင့်သည် အရေးကြီး သည်ဟု ခံယူထားသည် နှင့်အညီ မူဝါဒ ဖော်ဆောင်မှုတိုင်း၌ ပြည်သူတို့၏ အသံကို နားထောင်သော အုပ်ချုပ်ရေးယန္တရားကို ဖော်ဆောင်သွားမည်။

–             ဒီမိုကရေစီ၏ အခြေခံအကျဆုံးဖြစ်သော ပွင့်လင်းမြင်သာမှုကို အစိုးရအဆင့်ဆင့် တွင် ဖော်ဆောင် သွားမည်။

–             လွတ်လပ်စွာ ထုတ်ဖော်ခွင့်နှင့် လွတ်လပ်စွာ စုရုံးခွင့်တို့ကို လူ့အခွင့်အရေး စံနှုန်း များနှင့်အညီ ရရှိစေ မည်။

–             ငြိမ်းချမ်းစွာစု ဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ပြန်လည် ပြင်ဆင်ခြင်း၊ အသစ် ရေးဆွဲပြဋ္ဌာန်းခြင်းများ လုပ်ဆောင်ရာတွင် လူ့အခွင့် အရေးစံနှုန်းများနှင့်အညီ ပြန်လည်ရေးဆွဲ ပြဋ္ဌာန်းသွားမည်။

–             အသင်းအဖွဲ့ ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ လူ့အခွင့်အရေးစံနှုန်းများနှင့် ညီညွှတ်စေရန်အတွက် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေနှင့် နည်းဥပဒေများကို ပြန်လည်ပြင်ဆင် ပြဋ္ဌာန်းသွားမည်။

–             အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းကိုလေးစားလိုက်နာသွားမည်။

–             နိုင်ငံတော်အတွင်း မည်သည့် ညှင်းပန်းနှိပ်စက်မှုမျိုးမှ မဖြစ်ပေါ်စေရန်နှင့် ကုလသမဂ္ဂ၊ ညှဉ်းပန်း နှိပ်စက်မှု ဆန့်ကျင်ရေး သဘောတူစာချုပ်(UNCAT)ကို လက်မှတ် ရေးထိုးနိုင်ရေးကြိုးပမ်း ဆောင်ရွက် မည်။

–             အကျဉ်းထောင်အတွင်း နှိပ်စက်မှုများ၊ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေခြင်းများ အား အကာအကွယ် ပေးနိုင် သည့် အကျဉ်းထောင်စီမံအုပ်ချုပ်မှု ဥပဒေသစ်တစ်ရပ်ကို ရေးဆွဲသွားမည်။

–             လူ့အခွင့်အရေးကော်မရှင်ကို လွတ်လပ်စွာ ဖွဲ့စည်းသွားရန်နှင့် တည်ဆဲဥပဒေကို ပြန်လည်ပြင်ဆင် ပြဋ္ဌာန်း သွားမည်။

–             လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖော်ထုတ်အရေးယူခြင်းနှင့် ပြန်လည်ကုစားရေး အစီအစဉ်များကို လုပ်ထုံးလုပ်နည်း သတ်မှတ်၍ ဆောင်ရွက်သွားမည်။

–             လူမျိုး၊ ကိုးကွယ်ရာဘာသာ၊ ကျား/မ၊ မသန်စွမ်းဖြစ်မှုအပေါ် အခြေခံ၍ မည်သည့် ခွဲခြားဆက်ဆံမှုမျိုးမှ မဖြစ်စေရေးအတွက် တည်ဆဲဥပဒေများအားလုံးကို ပြန်လည် သုံးသပ်ပြီး ပြင်ဆင် ပြဋ္ဌာန်းပေးမည်။

–             နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းများကို အလေးထားပြီး နိုင်ငံရေးအခွင့်အရေးများ ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (ICCPR)ကို အမြန်ဆုံး လက်မှတ် ရေးထိုးနိုင်ရေး ကြိုးပမ်း ဆောင်ရွက်မည်။

 

–             တရားရေး

–             လွတ်လပ်၍ အမှီအခိုကင်းသည့် တရားရေးမဏ္ဍိုင် ပေါ်ထွန်းလာစေရန် ဦးစားပေး ဆောင်ရွက် သွားမည်။

–             တရားစီရင်ရေး၏ အခြေခံမူများဖြစ်သော လွတ်လပ်စွာ တရားစီရင်ရေး၊ ဥပဒေအရ ကန့်သတ်ချက်များ မှအပ အများပြည်သူရှေ့မှောက် တရားစီရင်ရေး၊ ဥပဒေအရ ခုခံချေပခွင့်နှင့် အယူခံပိုင်ခွင့် ရရှိရေးတို့ကို လူတိုင်း ခံစားရရှိစေရန် ဆောင်ရွက်သွားမည်။

–             တရားစီရင်ရေး၏ လွတ်လပ်မှုနှင့် မျှတမှုကို ပေါ်လွင်စေရန်အတွက် တရားရုံးများမှ စီရင်သည့် အမှုကိစ္စရပ်များကို အများပြည်သူသို့ ထုတ်ပြန်ကြေညာရန်နှင့် တရားရုံးများ၏ ပွင့်လင်းမြင်သာမှုကို ဖော်ဆောင်ရန် အလေးပေးဆောင်ရွက်မည်။

–             တရားရုံးများကို လူတိုင်း ယုံကြည်စိတ်ချမှု ရှိလာစေရေးနှင့် တရားဥပဒေစိုးမိုးရေးကို မြှင့်တင်ရန် ဆောင်ရွက်သွားမည်။

–             လူတိုင်းအတွက် ထိရောက်သော ဥပဒေဆိုင်ရာ အထောက်အကူပေးရေးစနစ် ပေါ်ထွန်းလာစေရန် အတွက် ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေကို ပြန်လည် သုံးသပ်၍ ပြင်ဆင် ပြဋ္ဌာန်းမည်။

–             တည်ဆဲဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ပြန်လည်သုံးသပ်ပြီး တရားမျှတမှုကို အခြေခံသည့် ဥပဒေများ ပြဋ္ဌာန်းနိုင်ရေးအတွက် ပြင်ဆင်ခြင်း၊ ရုပ်သိမ်းခြင်းနှင့် အသစ်ရေးဆွဲခြင်း များကို ဆောင်ရွက်သွားမည်။

–             ပြစ်မှုအလိုက် လူမှုရေးပြစ်ဒဏ်ပေးသည့်စနစ်ကို အမြန်ဆုံး ပြဋ္ဌာန်းဆောင်ရွက် မည်။

 

–             စီးပွားရေး

–             မျှတသည့် ဈေးကွက်စီးပွားရေး (FAIR ECONOMY) အားကောင်းရှင်သန်ရေး ဆောင် ရွက်မည်။

–             တာဝန်ယူမှုရှိသော နိုင်ငံတကာရင်းနှီးမြှပ်နှံမှုနှင့် ပြည်တွင်းရင်းနှီးမြှပ်နှံမှုများကို အပြည့်အဝ ကာကွယ် ပေးသွားမည်။

–             အစုရှယ်ယာဈေးကွက်၊ ငွေချေးစာချုပ်ဈေးကွက်နှင့် ငွေကြေးဈေးကွက်များ အားကောင်းလာစေရေး အတွက် ဆောင်ရွက်သွားမည်။

–             လယ်ယာနှင့် စိုက်ပျိုးရေးထုတ်ကုန်များကို အခြေခံသော တန်ဖိုးမြှင့် ထုတ်လုပ်မှု များ ဖွံ့ဖြိုးလာစေရန် ဆောင်ရွက်မည်။

–             နည်းပညာအခြေပြု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် နိုင်ငံတော် ဘဏ္ဍာမှ အထောက် အကူပြုခြင်းများ ဆောင်ရွက်မည်။

–             စီးပွားရေးလုပ်ကိုင်ရာတွင် လွယ်ကူချောမွေ့စေရေးအတွက် တည်ဆဲဥပဒေ၊ နည်း ဥပဒေနှင့် လုပ်ထုံး လုပ်နည်းများကို ပြန်လည်သုံးသပ်ပြီး ပြင်ဆင်သွားရန်နှင့် ရုံး လုပ်ငန်းဆိုင်ရာအဆင့်များ လျော့ချနိုင် ရေးအတွက် နည်းပညာအခြေပြု ဌာနဆိုင်ရာများ ဖြစ်ပေါ်လာစေရေး အလေးပေးဆောင်ရွက်မည်။

–             အသေးစား၊ အလတ်စားနှင့် လုပ်ငန်းရှင်အသစ်များ ထွက်ပေါ် အားကောင်းလာစေရေးအတွက် နည်းပညာနှင့် ချေးငွေများ ရရှိစေရေး ဆောင်ရွက်သွားမည်။

–             နိုင်ငံစီးပွားရေးကို အထောက်အကူပေးနိုင်သည့် နိုင်ငံတကာ ဝန်ဆောင်မှုများ ပေး စွမ်းနိုင်သော ဘဏ် လုပ်ငန်းများ ဖြစ်ပေါ်လာစေရန် ဆောင်ရွက်မည်။

–             မြန်မာကျပ်ငွေ တန်ဘိုး ခိုင်မာစေရေးအတွက် အလေးအနက်ထား ဆောင်ရွက်သွားမည်။

 

–             အခွန် ကောက်ခံခြင်း

–             အကြိမ်ကြိမ် စည်းကြပ်သည့် အခွန်စနစ်ကို ရှင်းလင်းလွယ်ကူစေပြီး မျှတသော အခွန်စနစ် ဖြစ်ပေါ်လာ စေရန် ဆောင်ရွက်သွားမည်။

–             ဆန်းသစ်တီထွင်မှုရှိသည့် လုပ်ငန်းများကို အခွန် သက်သာခွင့်များ ရရှိစေရေး ဆောင်ရွက်သွားမည်။

 

–             ကျန်းမာရေး

–             လူတိုင်း အလွယ်တကူလက်လှမ်းမီသည့် ကျန်းမာရေးစနစ်ကို နိုင်ငံတော်၏ အဓိက ထောက်ပံ့မှုဖြင့် နိုင်ငံတဝန်း ဖော်ဆောင်ရန်နှင့် လိုအပ်ပါက ဥပဒေပြဋ္ဌာန်း ဆောင် ရွက်သွားမည်။

–             ကူးစက်ရောဂါ ကာကွယ်တားဆီးရေးနှင့် သွေးတိုး၊ ဆီးချို စသည့် ရောဂါများအတွက် အသိပညာပေး လုပ်ငန်းစဉ်များတွင် ဘက်ဂျက်သုံးစွဲရေးကို မြှင့်တင်ဆောင် ရွက်သွားမည်။

–             ကျန်းမာရေးကို ထိခိုက်စေနိုင်သော အစားအသောက်၊ ဆေးဝါး၊ အလှကုန်ပစ္စည်း စသည့် အရာများကို တင်းကြပ်စွာ ကိုင်တွယ်အရေးယူ ဆောင်ရွက်သွားမည်။

–             မွေးကင်းစ ကလေးသူငယ်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုကို ဦးစားပေး ဆောင်ရွက်မည်။

–             ကလေးများအားလုံး အာဟာရပြည့်မီစွာ စားသုံးနိုင်ရေးနှင့် ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်သွားမည်။

–             မိခင်နှင့် ကလေးသူငယ်များ၏ ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုနှင့် ကျန်းမာရေး စောင့်ရှောက်မှု ကို အထူးဂရုစိုက် ဆောင်ရွက်နိုင်ရန် ဘဏ္ဍာငွေသုံးစွဲမှုကို မြှင့်တင်သွားမည်။

–             ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ညီညွှတ်စေရန် ကြီးကြပ် ဆောင်ရွက် နိုင်ရေးအတွက် ဥပဒေပိုင်းဆိုင်ရာ ပြန်လည်သုံးသပ်မှုများ ဆောင်ရွက်မည်။

–             အမျိုးသားကျန်းမာရေး မြင့်မားလာစေရေးနှင့် အားကစား အဆင့်အတန်း တိုးတက် ကောင်းမွန်လာရေး အတွက် အားကစားဆိုင်ရာ အရည်အသွေးမီ အခြေခံအဆောက် အဦများကို နိုင်ငံအနှံ့ အပြားတွင် တိုးချဲ့ တည်ဆောက်သွားမည်။

 

–             ပညာရေး

–             နိုင်ငံသားတိုင်း အလယ်တန်းအထိ အခမဲ့ပညာသင်ကြားခွင့်နှင့် ကျောင်းနေအရွယ် ကလေးတိုင်း ပညာ သင်ကြားခွင့် ရရှိစေရန် ဆောင်ရွက်မည်။

–             အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျောင်းများကို ဖွံ့ဖြိုးမှု အားနည်းသော ဒေသများ တွင် ဦးစားပေး ဖွင့်လှစ်ပေးနိုင်ရန် ဆောင်ရွက်ပြီး ၎င်းကျောင်းများမှ ပညာပြီးဆုံး လာသူများကို စက်ရုံ၊ အလုပ်ရုံများနှင့် ချိတ်ဆက်၍ အလုပ်အကိုင် အခွင့်အလမ်း များ ဖော်ဆောင်ဖန်တီးပေးမည်။

–             သက်ဆိုင်ရာ တိုင်းရင်းသား ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံများကို မူလတန်းအဆင့် ပညာရေးတွင် ထည့်သွင်း သင်ကြားနိုင်ရေးကို ပထမအဆင့် လုပ်ငန်းစဉ်အဖြစ် ဦးစားပေး အကောင် အထည်ဖော် ဆောင်ရွက်မည်။

–             နိုင်ငံတကာ ကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများ တည်ထောင်ဖွင့်လှစ်ခြင်းကို ဥပဒေနှင့်အညီ ဆောင်ရွက်နိုင် ရန်နှင့် တည်ဆဲ ဥပဒေ၊ နည်းဥပဒေများကို ပြန်လည် သုံးသပ်၍ နိုင်ငံတကာ စံချိန် စံညွှန်းများနှင့်အညီ ပြင်ဆင် ပြဋ္ဌာန်းမည်။

–             တက္ကသိုလ်၊ ကောလိပ်များ၏ လွတ်လပ်စွာ ကိုယ်ပိုင်စီမံခန့်ခွဲမှု ရရှိရေးကို အာမခံ နိုင်ရန်နှင့် တက္ကသိုလ်၊ ကောလိပ်များ၏ ရန်ပုံငွေ ထူထောင်မှုဆိုင်ရာအတွက် နိုင်ငံတော်ဘဏ္ဍာမှ ထောက်ပံ့ခြင်း အပြင် ပုဂ္ဂလိက အလှူရှင်များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ လှူဒါန်းလာရေးကို ဆောင်ရွက်မည်။

–             ဆရာများသမဂ္ဂနှင့် ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းတည်ထောင်ခြင်း ကို အားပေးကူညီ ဆောင်ရွက်မည်။

 

–             အလုပ်သမားများ၏ ဘဝလုံခြုံရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း

 

–             လူတိုင်း မိမိနှင့်ကိုက်ညီသော အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် လိုအပ် သော လေ့လာ သင်ကြားမှုများကို ဆောင်ရွက်ခြင်းပြုနိုင်ရန် အစိုးရဌာနများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးမည်။

–             လုပ်ငန်းခွင် လုံခြုံစိတ်ချရေးဆိုင်ရာအတွက် တိကျရှင်းလင်းသည့် ဥပဒေ ပြဋ္ဌာန်း၍ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာစေရေး ဆောင်ရွက်မည်။

–             လူတစ်ဦးချင်း အခြေခံ နေထိုင်စားသောက်စရိတ်ကို သုတေသနပြု တွက်ချက်၍ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ ဖူလုံစိတ်ချရသည့် အနိမ့်ဆုံး လုပ်ခလစာ ရရှိစေ ရေးကို ဆောင်ရွက်မည်။

–             ၏ အလုပ်သမားများနှင့်စပ်လျဉ်း၍ လူမှုဖူလုံရေးဆိုင်ရာမူဝါဒများကို ရေရှည်အစီအစဉ်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်မည်။

–             အလုပ်ရှင်နှင့် အလုပ်သမား အငြင်းပွားမှုများကို မျှတစွာ ဖြေရှင်းနိုင်ရေးအတွက် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို ပြင်ဆင်ခြင်းနှင့် ဥပဒေနှင့်အညီ ဖြေရှင်းဆောင် ရွက်ရေး လုပ်ဆောင်သွားမည်။

–             အလုပ်သမားများ၏ နစ်နာမှုများ ကြုံတွေ့လာလျှင် ဥပဒေ၊ လုပ်ထုံး လုပ်နည်းများ နှင့်အညီ ခံစားသင့် ခံစားထိုက်သည့် အခွင့်အရေးများ အပြည့်အဝ ရရှိစေရန် ဆောင်ရွက်မည်။

–             ပြည်တွင်း၊ ပြည်ပရွှေ့ပြောင်းအလုပ်သမားနှင့် စပ်လျဉ်း၍ ရှင်းလင်းသည့် မူဝါဒများချမှတ် ဆောင်ရွက် မည်။

–             မသန်စွမ်းဖြစ်မှုအပေါ် အခြေခံ၍ အလုပ်ခန့်ထားခြင်း၊ လစာခွဲခြားပေးခြင်း စသည်တို့ မရှိစေရေး အတွက် ဆောင်ရွက်မည်။

 

 

–             လယ်ယာ စိုက်ပျိုးရေးနှင့် မွေးမြူရေး

–             ဒေသတစ်ခုချင်းစီ၏ ရာသီဥတု၊ စိုက်ပျိုးမြေနှင့် ကိုက်ညီသော သီးနှံများ စိုက်ပျိုး ထုတ်လုပ်နိုင်ရန် အတွက် မြေယာအမျိုးအစား၊ ရာသီဥတုစသည်တို့ကို သုတေသနပြုလုပ်သည့် လုပ်ငန်းစဉ်များကို နိုင်ငံ အနှံ့ ဦးစားပေး ဆောင်ရွက်သွားမည်။

–             တည်ဆဲဥပဒေများကြောင့် လယ်ယာ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ကိုင်ဆောင် ရွက်နေသူများ၏ နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန် ဥပဒေ၊ နည်းဥပဒေများကို ပြန်လည် သုံးသပ်၍ ပြန်ဆင်ပြဋ္ဌာန်း သွားမည်။

–             စိုက်ပျိုးရေးအတွက် မျိုးစေ့၊ နည်းပညာစသည်တို့ကို ထောက်ပံ့ပေးနိုင်ရန်နှင့် ချေးငွေများ ရရှိစေရေး အတွက် ဆောင်ရွက်မည်။

–             စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ထုတ်ကုန်များကို အဆင့်မြှင့်တင်ပြီး နိုင်ငံတကာ ဈေးကွက်များ ရှာဖွေ ချိတ်ဆက် ရောင်းချနိုင်ရန် ဆောင်ရွက်ပေးမည်။

–             တောင်သူလယ်သမား၊ စိုက်ပျိုးရေးဆိုင်ရာသမဂ္ဂနှင့် အဖွဲ့အစည်းများကို လွတ်လပ်စွာ ဖွဲ့စည်း နိုင်ရေးနှင့် ၎င်းအဖွဲ့များသည် နိုင်ငံတကာအဖွဲ့အစည်းများဖြင့် ချိတ်ဆက် ဆောင်ရွက်နိုင်ရေးကို နိုင်ငံတော်မှ ထောက်ပံ့ ကူညီသွားမည်။

–             စိုက်ပျိုးသီးနှံများပေါ်ချိန်တွင် တောင်သူလယ်သမားများနှင့် စိုက်ပျိုးရေးသမားများ ဆုံးရှုံးနစ်နာမှုများ မဖြစ်ပေါ်စေရေးအတွက် သီးနှံအာမခံစနစ် တစ်ရပ် အမြန်ဆုံး ပေါ်ထွက်လာစေရန် ဆောင်ရွက်မည်။

–             ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ သတင်းအချက်အလက်များကို အကျိုးသက်ဆိုင် သူအားလုံးရရှိရေး အတွက် အလျှင်အမြန်ထုတ်ပြန်ကြေညာနိုင်ရန် ဆောင်ရွက်မည်။

–             ဈေးကွက်နှင့် သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာသော ဆုံးရှုံးမှုများကို အချိန်မီ ကုစားပေး သည့် လုပ်ငန်းများကို လျှင်မြန်စွာ ဆောင်ရွက်သွားမည်။

 

–             သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတ

–            သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အထူးအလေးထားသည့် မူဝါဒများ ချမှတ်ဆောင်ရွက်မည်။

–             သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးကွဲ ထိန်းသိမ်းစောင့်ရှောက်ခြင်းကို မူဝါဒများ ချမှတ် ဆောင်ရွက်၍ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မည်။

–             ဇီဝမျိုးကွဲစုံလင်မှုကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်ရေး၊ ဒေသမျိုးရင်းများ မပျောက်ပျက် စေရေးနှင့် ပျောက်ဆုံးသွားသည့် မျိုးရင်းများကို သုတေသနပြုလုပ် ပြန်လည်ရှာဖွေခြင်းများကို နိုင်ငံတော် ဘဏ္ဍာငွေ သုံးစွဲဆောင်ရွက်မည်။

–             သဘာဝ သယံဇာတများသည် သားစဉ်မြေးဆက် ပိုင်ဆိုင်သည့်အရာများ ဖြစ်သည့်အတွက် ထုတ်ယူ သုံးစွဲရာတွင်ရေရှည်တည်တံ့ရေးကိုသာရှေးရှု၍ သယံဇာတထုတ်ယူရာမှ ရရှိလာသည့် ဝင်ငွေကို သဘာဝ ပတ်ဝန်းကျင်နှင့် အခြားထိခိုက်နစ်နာ ပျက်စီးမှု များအတွက် အသုံးပြုရန်နှင့် နောင်အနာဂတ် ကာလ အတွက် အသုံးပြုရန်(၃၀) ရာခိုင် နှုန်းထက် မနည်းသော အချိုးအစားတစ်ခုကို ရန်ပုံငွေအဖြစ် ထူထောင် ထားရှိမည်။

–             သယံဇာတအခြေပြု စီးပွားရေးမှသည် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုအပေါ် အခြေပြုသည့် စီးပွားရေးစနစ်ကို အဆင့်ဆင့် တည်ဆောက်သွားမည်။ ဓာတ်သတ္တုတူးဖော်ခြင်း၊ သစ်တောထွက် ပစ္စည်း ထုတ်ယူခြင်းနှင့် သယံဇာတထုတ်ယူသုံးစွဲခြင်းများကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ညီညွတ် စေရန် ဆောင်ရွက်မည်။

–             ကမ္ဘာကြီးပူနွေးလာမှုဖြစ်စဉ်ကို ဖြစ်ပေါ်စေသည့် ဓာတ်ငွေ့များ ထုတ်လုပ်မှုလျော့ချ ရေးနှင့် လေထု ညစ်ညမ်းမှု ကာကွယ်ရေး လုပ်ငန်းစဉ်များကို အထူး အလေးပေး ဆောင်ရွက်မည်။

–             ရေအရင်းအမြစ်သုံးစွဲရေးနှင့် စပ်လျဉ်းသည့် မူဝါဒများကို ဥပဒေပြဋ္ဌာန်း ဆောင်ရွက်နိုင်ရန် သုံးသပ် ခြင်းများ ဆောင်ရွက်သွားမည်။

 

–             လူငယ်ရေးရာ

–             လူငယ်ရေးရာမူဝါဒများ ချမှတ်ဆောင်ရွက်နိုင်ရေးအတွက် လူငယ်များ ဦးဆောင်သည့် ဆွေးနွေးမှုများမှ တဆင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်။

–             စွန့်ဦးတီထွင် လုပ်ငန်းများ၊ နည်းပညာဆိုင်ရာ လုပ်ငန်းများကို လူငယ်များ ဆောင်ရွက်နိုင်စေရန် ကူညီဆောင်ရွက်သွားမည်။

–             လူငယ်များ၏ ဘဝလုံခြုံစိတ်ချရေးအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျောင်းများ၊ သင်တန်း များကို လူငယ်တိုင်း လက်လှမ်းမီ တက်ရောက်ခွင့် ရရှိစေ ရန်ဆောင်ရွက်မည်။

–             လူငယ်များ၏ လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခြင်းများကို အားပေးကူညီသွား မည်။

–             လူငယ်ရေးရာ ဖွံ့ဖြိုးရေးစင်တာများ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် ဖွင့်လှစ်၍ လူငယ် များ၏ ဆန်းသစ်တီထွင်မှုများ၊ မတူကွဲပြားသည့် ယဉ်ကျေးမှု ဓလေ့များ၊ အတွေးအခေါ်အယူအဆများ မျှဝေ ဖလှယ်ခြင်းများ ပြုလုပ်နိုင်ရေး ဆောင်ရွက်ရန်။

 

–             အမျိုးသမီးနှင့် ကလေးသူငယ်

အမျိုးသမီးများအား ကဏ္ဍအသီးသီးတွင် ပိုမိုပါဝင် ဆောင်ရွက်နိုင်ရန်နှင့် ကျား/မ တန်းတူအခွင့်အရေး ရရှိမှုကို မြှင့်တင် ဆောင်ရွက်သွားမည်။

–             အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေကို ပြဋ္ဌာန်းနိုင်ရေးအတွက် အကျိုး သက်ဆိုင်သူများ၏ အကြံဉာဏ်များရယူပြီး အမြန်ဆုံး ပြဋ္ဌာန်း ခြင်း ဆောင်ရွက်မည်။

–             အမျိုးသမီးများနှင့် ကလေးသူငယ်များအပေါ် အကြမ်းဖက်သည့် မည်သည့်လုပ်ရပ် မျိုးမဆို အထူး အလေးပေး ကာကွယ်စောင့်ရှောက်နိုင်သည့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်မည်။

တည်ဆဲ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် မြေပြင်ကွင်းဆင်း သုတေသနပြုခြင်းနှင့် ဥပဒေပိုင်းဆိုင်ရာ ပြန်လည် သုံးသပ်ခြင်း များကို လုပ်ဆောင်မည်။

–             ကလေးသူငယ်များအပေါ် အကြမ်းဖက်မှု၊ အဓမ္မ အလုပ်ခိုင်းစေမှုများအား ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်မည်။

–             အမျိုးသမီးနှင့် ကလေးသူငယ်များကို အဓိက ပစ်မှတ်ထား ခြိမ်းခြောက်နေသည့် နိုင်ငံတွင်း၊ နိုင်ငံ ဖြတ်ကျော် လူကုန်ကူးမှုများကို ပြတ်ပြတ်သားသား အရေးယူ တိုက်ဖျက်သွားမည်။

 

–             သတင်းအချက်အလက်နှင့် မီဒီယာလွတ်လပ်ခွင့်

အစိုးရ ဌာနဆိုင်ရာများ၏ သတင်းအချက်အလက်များကို လူတိုင်း ရယူနိုင်ရေးအတွက် သတင်း အချက်အလက် ရယူပိုင်ခွင့်ဆိုင်ရာဥပဒေ ပြဋ္ဌာန်းနိုင်ရေး ဆောင် ရွက်သွားမည်။

ဥပဒေပြဋ္ဌာန်း ဆောင်ရွက်နိုင်ခြင်းမတိုင်မီ အစိုးရဌာနဆိုင်ရာများမှ သတင်းအချက် အလက်များကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်နိုင်ရေး ဆောင်ရွက်သွားမည်။

–             သတင်းမီဒီယာများသည် ဒီမိုကရေစီ၏ ဒေါက်တိုင်များဖြစ်သည်နှင့်အညီ သတင်း မီဒီယာများ၏ လွတ်လပ်စွာ သတင်းရယူခွင့်ကို အကန့်အသတ် အဟန့်အတားဖြစ်စေသော တည်ဆဲဥပဒေ၊ နည်း ဥပဒေ နှင့် လုပ်ထုံးလုပ်နည်းများကို ပြန်လည် ပြင် ဆင် ပြဋ္ဌာန်းသွားမည်။

–             ပုဂ္ဂလိက သတင်းမီဒီယာများ အားကောင်းရှင်သန်လာစေရေးအတွက် နိုင်ငံပိုင် သတင်းမီဒီယာများ၏ အခန်းကဏ္ဍကို ပြန်လည်သုံးသပ်၍ လိုအပ်ပါက နိုင်ငံပိုင် သတင်းမီဒီယာများကို ဖျက်သိမ်းသွားမည်။

PEOPLE’S PARTY 2020 MANIFESTO

PEOPLE’S PARTY HEADQUARTERS NO. 906, 9TH FLOOR YUZANA TOWER SHWE GON DINE BAHAN TOWNSHIP YANGON 09 789 8888 50

09 453 8888 50 HQ@PEOPLEPARTY.ORG.MM WWW.PEOPLEPARTY.ORG.MM

Zawgyi

၂၀၂၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲ ေၾကညာစာတမ္း ျပည္သူ႔ပါတီ

 

ႏိုင္ငံေတာ္သစ္ဆီသို႔

 

ျပည္သူ႔ပါတီ ဗဟိုဌာနခ်ဳပ္

 

၂၀၂၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲေၾကညာစာတမ္း

 

ျပည္သူ႔ပါတီ

 

ျပည္သူ႔ပါတီသည္ ဒီမိုကေရစီစနစ္ ေပၚထြန္းေရးအတြက္ စစ္အာဏာရွင္စနစ္ႏွင့္ တစ္ပါတီအာဏာရွင္စနစ္ကို တြန္းလွန္တိုက္ပြဲဝင္ခဲ့ ေသာ ၈၈ မ်ိဳးဆက္ ေက်ာင္းသားမ်ားႏွင့္ ျမန္မာႏိုင္ငံ၏ အာဏာရွင္စနစ္ ေတာ္လွန္ေရး မ်ားတြင္ ပါဝင္ခဲ့ၾကသည့္ မ်ိဳးဆက္အသီးသီးမွ ရဲေဘာ္မ်ား၊ နယ္ပယ္အသီးသီးမွ တတ္သိ ကြၽမ္းက်င္သူ လူႀကီး၊ လူငယ္၊ အမ်ိဳးသမီးမ်ား ပါဝင္ဖြဲ႕စည္းထားေသာ ႏိုင္ငံေရးပါတီ တစ္ခု ျဖစ္ပါသည္။

 

၈၈ မ်ိဳးဆက္အပါအဝင္ မ်ိဳးဆက္အသီးသီး ထာဝရကိုင္ဆြဲခဲ့ေသာ အာဏာရွင္စနစ္ခ်ဳပ္ၿငိမ္းေရး၊ ၿငိမ္းခ်မ္းေရး၊ တိုင္းရင္းသားအားလုံး တန္းတူ အခြင့္ အေရးရရွိေရးကို မမွိတ္မသုန္ ဦးတည္ရည္မွန္း ေဆာင္႐ြက္ေနေသာ ႏိုင္ငံေရးပါတီ တစ္ခုလည္း ျဖစ္ပါသည္။

 

ျမန္မာႏိုင္ငံ၏ လက္ရွိအေျခအေနသည္ တိုင္းရင္းသားမ်ားၾကား အျပန္ အလွန္ ယုံၾကည္မႈ အားနည္းေနၿပီး ၿငိမ္းခ်မ္းေရး တည္ေဆာက္ရာတြင္ အခက္အခဲမ်ားႀကဳံေတြ႕ေနရကာ လက္နက္ကိုင္တိုက္ပြဲမ်ားေၾကာင့္ စစ္ေဘးေရွာင္တိမ္းေနရေသာ ျပည္သူမ်ားလည္း ပိုမိုမ်ားျပားလာသည့္ အေျခအေန တြင္ ရွိေနပါသည္။ ၎အျပင္ ကမာၻ႔ကပ္ေရာဂါျဖစ္ေသာ ကိုဗစ္ (၁၉) ေၾကာင့္ ႏိုင္ငံသားမ်ား၏ လူမႈစီးပြားဘဝမ်ား ထိခိုက္ေနသည့္ အေျခအေန တစ္ရပ္ကို လည္း ရင္ဆိုင္ျဖတ္သန္း ေနရပါသည္။

 

အဆိုပါ အေျခအေနမ်ားကို ေျပာင္းလဲရန္အတြက္ လက္ရွိျပ႒ာန္းထား ေသာ ၂၀၀၈ ခုႏွစ္၊ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒကို ျပင္ဆင္ျခင္း၊ ႏိုင္ငံ့စီပြားေရးကို ျမႇင့္တင္ျခင္းမ်ားကို အလ်င္အျမန္ ႀကိဳးပမ္းေဆာင္ ႐ြက္ရမည္ ျဖစ္ပါသည္။ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရး ေဆာင္႐ြက္ရာတြင္ ဒီမိုကေရစီစနစ္ ခိုင္မာ အားေကာင္းလာေစ ေရးႏွင့္ တိုင္းရင္းသားတို႔၏ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ အာဏာမ်ားကို ပိုမိုရရွိလာေစေရးအျပင္ အားေကာင္းသည့္ ဖက္ဒရယ္စနစ္ ဖြဲ႕စည္းပုံမ်ိဳး ျဖစ္လာေစေရးကို ဦးတည္ လုပ္ေဆာင္ရမည္ ျဖစ္ပါသည္။ ထို႔အတူ ႏိုင္ငံ၏ စီးပြားေရးျမႇင့္တင္ႏိုင္ရန္မွာလည္း ၿငိမ္းခ်မ္းေရး၊ ဒီမိုက ေရစီေရးတို႔ႏွင့္ တစ္ဆက္တည္း ျဖစ္သည္ႏွင့္အညီ ယင္းလုပ္ငန္းမ်ားကို လည္း ႀကိဳးပမ္းေဆာင္႐ြက္ရမည္ ျဖစ္ပါသည္။

 

မိမိတို႔ ျပည္သူ႔ပါတီ၏ ပါတီဝင္ တစ္ဦးခ်င္းသည္ တစ္စိုက္မတ္မတ္ ထာဝစဥ္ ခိုင္ခိုင္မာမာ ကိုင္စြဲလာခဲ့ေသာ ယုံၾကည္ခ်က္ အေကာင္အထည္ ေဖာ္ေဆာင္ႏိုင္ရန္အတြက္ ၂၀၂၀ ျပည့္ႏွစ္ ပါတီစုံအေထြေထြ ေ႐ြးေကာက္ပြဲ၌ ဝင္ေရာက္ယွဥ္ၿပိဳင္ရန္ ဆုံးျဖတ္ခဲ့ျခင္း ျဖစ္ပါသည္။ ျပည္သူလူထုအတြက္ ျပည္သူ႔ပါတီ၏ ရည္မွန္းခ်က္မ်ားကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ႏိုင္ ရန္ ျပည္သူမ်ားမွ ဆႏၵမဲေပး၍ တာဝန္ေပး ခိုင္းေစလာပါက မိမိတို႔သည္ ေပးအပ္သည့္တာဝန္ကို က်ိဳးႏြံစြာ ေဆာင္႐ြက္သြားပါမည္ဟု ကတိျပဳပါသည္။

 

–           ႏိုင္ငံေရး | ၿငိမ္းခ်မ္းေရး

 

–             ႏိုင္ငံေတာ္ကို ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ က်င့္သုံးေသာ ႏိုင္ငံအျဖစ္ ဖြဲ႕စည္း တည္ေဆာက္ႏိုင္ရန္ ႀကိဳးပမ္း ေဆာင္႐ြက္သြားမည္။

 

–             ျပည္နယ္ႏွင့္ တိုင္းေဒသႀကီးမ်ားဆိုင္ရာ ဖြဲ႕စည္းပုံအေျခခံဥပေဒမ်ား ေပၚေပါက္လာ ေစရန္ ေဆာင္႐ြက္သြားမည္။

 

ဒီမိုကရက္တစ္ ဖက္ဒရယ္စံႏႈန္းမ်ားႏွင့္ ကိုက္ညီေသာ ဖြဲ႕စည္းပုံအေျခခံဥပေဒ ေပၚ ေပါက္လာရန္ ႀကိဳးပမ္းေန သည့္ ကာလအတြင္း ျပည္နယ္ႏွင့္ တိုင္းေဒသႀကီးမ်ား၏ အုပ္ခ်ဳပ္ခြင့္၊ ဥပေဒျပဳခြင့္ႏွင့္ တရားစီရင္ခြင့္ဆိုင္ရာ အခန္းက႑မ်ား ျမင့္မားလာ ေစေရးႏွင့္ ဗဟိုခ်ဳပ္ကိုင္မႈ ေလ်ာ့ခ်ေစေရးကို ႀကိဳးပမ္းေဆာင္႐ြက္သြားမည္။

 

–             ျပည္နယ္ႏွင့္ တိုင္းေဒသႀကီးမ်ား၏ ဝန္ႀကီးခ်ဳပ္ႏွင့္ အစိုးရအဖြဲ႕ဝင္မ်ားကို သက္ ဆိုင္ရာလႊတ္ေတာ္မ်ား၏ သေဘာဆႏၵႏွင့္အညီ ဖြဲ႕စည္းႏိုင္ေရးႏွင့္ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီး အစိုးရအဖြဲ႕မ်ား၏ လုပ္ပိုင္ခြင့္ အာဏာမ်ား ပိုမိုရရွိလာေစေရး အတြက္ ေဆာင္႐ြက္သြားမည္။

 

–             ႏိုင္ငံေရးနည္းလမ္းျဖင့္ ထာဝရ ၿငိမ္းခ်မ္းေရး ရရွိေစရန္ ေဆာင္႐ြက္သြားမည္။

 

–             ၿငိမ္းခ်မ္းေရး ေဆာင္႐ြက္ေနစဥ္ ကာလအတြင္း ေဒသတြင္း အပစ္အခတ္ရပ္စဲေရးကို မျဖစ္မေန ရရွိေစရန္ ေဆာင္႐ြက္သြားရမည္။

 

–             ၿငိမ္းခ်မ္းေရးႏွင့္ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးတြင္ ႏိုင္ငံသားမ်ား၏ သေဘာထားအျမင္ ပါဝင္ခြင့္ ရရွိေစရန္ ႀကိဳးပမ္းေဆာင္႐ြက္သြားမည္။

 

–             ႏိုင္ငံေရးအရ အျပန္အလွန္ ေလးစားနားလည္မႈကို အေျခခံသည့္ ေဆြးေႏြးပြဲမ်ားမွတဆင့္ လက္နက္ကိုင္ပဋိပကၡ မ်ား အၿပီးတိုင္ခ်ဳပ္ၿငိမ္းေစရန္ ေဆာင္႐ြက္သြားရမည္။

 

–             ျပည္နယ္ႏွင့္ တိုင္းေဒသႀကီးမ်ားတြင္ ၿငိမ္းခ်မ္းေရးႏွင့္ စပ္လ်ဥ္းေသာ ေဆြးေႏြးပြဲ မ်ားကို က်ယ္ျပန႔္စြာ ေဆြးေႏြးခြင့္ ရရွိေရးအတြက္ ေဆာင္႐ြက္သြားမည္။

 

 

 

 

–             ႏိုငံျခားေရး

 

–             ႏိုင္ငံျခားေရး ႏိုင္ငံတကာႏွင့္ ရင္းႏွီးခ်စ္ၾကည္စြာ ဆက္ဆံသြားမည္။

 

–             အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္ နီးကပ္စြာ လက္တြဲေဆာင္႐ြက္သြားမည္။

 

–             ႏိုင္ငံတစ္ႏိုင္ငံခ်င္းစီ၏ အခ်ဳပ္အျခာအာဏာႏွင့္ တရားဝင္ တည္ရွိေနေသာ နယ္န မိတ္ကို ေလးစားလိုက္နာေသာ ႏိုင္ငံတကာစံႏႈန္းမ်ား၊ ဥပေဒမ်ား ဆုံးျဖတ္ခ်က္မ်ားကို အသိအမွတ္ျပဳ ေဆာင္႐ြက္သြားမည္။

 

–             အၾကမ္းဖက္သည့္ လုပ္ငန္းစဥ္ အားလုံးကို ထာဝရ ဆန႔္က်င္သြားမည္။

 

–             တိုင္းရင္းသားေရး

 

–             တိုင္းရင္းသားမ်ား၏ ႐ိုးရာဓေလ့၊ စာေပ၊ ယဥ္ေက်းမႈမ်ား ဖြံ႕ၿဖိဳးတိုးတက္လာေစေရး အတြက္ ႏိုင္ငံေတာ္ဘ႑ာကို ပိုမိုသုံးစြဲ ေဆာင္႐ြက္သြားမည္။

 

–             ျပည္တြင္းပဋိပကၡဒဏ္ ခံစားခဲ့ရေသာ ေဒသမ်ားတြင္ ျပန္လည္ကုစားႏိုင္ေရးႏွင့္ စစ္ေဘးေရွာင္ စခန္းမ်ားရွိ စစ္ေဘးေရွာင္ေဒသခံမ်ားကို မိမိအရပ္ေဒသ ျပန္လည္ေနထိုင္ႏိုင္ေရးအတြက္ သက္ဆိုင္ရာ အဖြဲ႕အစည္းမ်ားႏွင့္ ညႇိႏႈိင္းေဆာင္႐ြက္ျခင္းကို ဦးစားေပး လုပ္ငန္းစဥ္အျဖစ္ ေဆာင္႐ြက္ သြားမည္။

 

–             ေျမေပၚေျမေအာက္ သယံဇာတအရင္းအျမစ္မ်ား ထုတ္ယူသုံးစြဲျခင္းႏွင့္ စပ္လ်ဥ္း၍ မွ်တမႈ အေျခခံေသာ မူဝါဒ တစ္ရပ္ကို ဥပေဒအျဖစ္ ျပ႒ာန္းေရးဆြဲႏိုင္ရန္အတြက္ အက်ိဳးသက္ဆိုင္သည့္ ေဒသခံအစိုးရ၊ အဖြဲ႕အစည္းမ်ား၊ အက်ိဳးသက္ဆိုင္သူ ေဒသခံမ်ားႏွင့္ ညႇိႏႈိင္းေဆြးေႏြး အေျဖရွာ ေဆာင္႐ြက္သြားမည္။

 

–             တိုင္းရင္းသား ဓေလ့ထုံးတမ္း ဥပေဒမ်ားႏွင့္ စပ္လ်ဥ္း၍ သက္ဆိုင္ရာေဒသရွိ လႊတ္ေတာ္၊ တရားေရး က႑၊ ႏိုင္ငံေရးပါတီမ်ား၊ တိုင္းရင္းသားေခါင္းေဆာင္မ်ား ႏွင့္ ညႇိႏႈိင္း ေဆာင္႐ြက္သြားမည္။

 

–             ဒီမိုကေရစီႏွင့္ လူ႔အခြင့္အေရး

 

–             ဒီမိုကေရစီ ခိုင္မာအားေကာင္းေရးတြင္ ျပည္သူ႔တို႔၏ ပါဝင္ခြင့္သည္ အေရးႀကီး သည္ဟု ခံယူထားသည္ ႏွင့္အညီ မူဝါဒ ေဖာ္ေဆာင္မႈတိုင္း၌ ျပည္သူတို႔၏ အသံကို နားေထာင္ေသာ အုပ္ခ်ဳပ္ေရးယႏၲရားကို ေဖာ္ေဆာင္သြားမည္။

 

–             ဒီမိုကေရစီ၏ အေျခခံအက်ဆုံးျဖစ္ေသာ ပြင့္လင္းျမင္သာမႈကို အစိုးရအဆင့္ဆင့္ တြင္ ေဖာ္ေဆာင္ သြားမည္။

 

–             လြတ္လပ္စြာ ထုတ္ေဖာ္ခြင့္ႏွင့္ လြတ္လပ္စြာ စု႐ုံးခြင့္တို႔ကို လူ႔အခြင့္အေရး စံႏႈန္း မ်ားႏွင့္အညီ ရရွိေစ မည္။

 

–             ၿငိမ္းခ်မ္းစြာစု ေဝးခြင့္ႏွင့္ ၿငိမ္းခ်မ္းစြာ စီတန္းလွည့္လည္ခြင့္ဆိုင္ရာ ဥပေဒကို ျပန္လည္ ျပင္ဆင္ျခင္း၊ အသစ္ ေရးဆြဲျပ႒ာန္းျခင္းမ်ား လုပ္ေဆာင္ရာတြင္ လူ႔အခြင့္ အေရးစံႏႈန္းမ်ားႏွင့္အညီ ျပန္လည္ေရးဆြဲ ျပ႒ာန္းသြားမည္။

 

–             အသင္းအဖြဲ႕ ဖြဲ႕စည္းျခင္းႏွင့္စပ္လ်ဥ္း၍ လူ႔အခြင့္အေရးစံႏႈန္းမ်ားႏွင့္ ညီၫႊတ္ေစရန္အတြက္ အသင္းအဖြဲ႕ မွတ္ပုံတင္ျခင္းဆိုင္ရာဥပေဒႏွင့္ နည္းဥပေဒမ်ားကို ျပန္လည္ျပင္ဆင္ ျပ႒ာန္းသြားမည္။

 

–             အျပည္ျပည္ဆိုင္ရာလူ႔အခြင့္အေရးေၾကညာစာတမ္းကိုေလးစားလိုက္နာသြားမည္။

 

–             ႏိုင္ငံေတာ္အတြင္း မည္သည့္ ညႇင္းပန္းႏွိပ္စက္မႈမ်ိဳးမွ မျဖစ္ေပၚေစရန္ႏွင့္ ကုလသမဂၢ၊ ညႇဥ္းပန္း ႏွိပ္စက္မႈ ဆန႔္က်င္ေရး သေဘာတူစာခ်ဳပ္(UNCAT)ကို လက္မွတ္ ေရးထိုးႏိုင္ေရးႀကိဳးပမ္း ေဆာင္႐ြက္ မည္။

 

–             အက်ဥ္းေထာင္အတြင္း ႏွိပ္စက္မႈမ်ား၊ အတင္းအဓမၼ လုပ္အားေပးခိုင္းေစျခင္းမ်ား အား အကာအကြယ္ ေပးႏိုင္ သည့္ အက်ဥ္းေထာင္စီမံအုပ္ခ်ဳပ္မႈ ဥပေဒသစ္တစ္ရပ္ကို ေရးဆြဲသြားမည္။

 

–             လူ႔အခြင့္အေရးေကာ္မရွင္ကို လြတ္လပ္စြာ ဖြဲ႕စည္းသြားရန္ႏွင့္ တည္ဆဲဥပေဒကို ျပန္လည္ျပင္ဆင္ ျပ႒ာန္း သြားမည္။

 

–             လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈမ်ားကို ေဖာ္ထုတ္အေရးယူျခင္းႏွင့္ ျပန္လည္ကုစားေရး အစီအစဥ္မ်ားကို လုပ္ထုံးလုပ္နည္း သတ္မွတ္၍ ေဆာင္႐ြက္သြားမည္။

 

–             လူမ်ိဳး၊ ကိုးကြယ္ရာဘာသာ၊ က်ား/မ၊ မသန္စြမ္းျဖစ္မႈအေပၚ အေျခခံ၍ မည္သည့္ ခြဲျခားဆက္ဆံမႈမ်ိဳးမွ မျဖစ္ေစေရးအတြက္ တည္ဆဲဥပေဒမ်ားအားလုံးကို ျပန္လည္ သုံးသပ္ၿပီး ျပင္ဆင္ ျပ႒ာန္းေပးမည္။

 

–             ႏိုင္ငံတကာ လူ႔အခြင့္အေရးစံႏႈန္းမ်ားကို အေလးထားၿပီး ႏိုင္ငံေရးအခြင့္အေရးမ်ား ဆိုင္ရာ အျပည္ျပည္ဆိုင္ရာ သေဘာတူစာခ်ဳပ္ (ICCPR)ကို အျမန္ဆုံး လက္မွတ္ ေရးထိုးႏိုင္ေရး ႀကိဳးပမ္း ေဆာင္႐ြက္မည္။

 

–             တရားေရး

 

–             လြတ္လပ္၍ အမွီအခိုကင္းသည့္ တရားေရးမ႑ိဳင္ ေပၚထြန္းလာေစရန္ ဦးစားေပး ေဆာင္႐ြက္ သြားမည္။

 

–             တရားစီရင္ေရး၏ အေျခခံမူမ်ားျဖစ္ေသာ လြတ္လပ္စြာ တရားစီရင္ေရး၊ ဥပေဒအရ ကန႔္သတ္ခ်က္မ်ား မွအပ အမ်ားျပည္သူေရွ႕ေမွာက္ တရားစီရင္ေရး၊ ဥပေဒအရ ခုခံေခ်ပခြင့္ႏွင့္ အယူခံပိုင္ခြင့္ ရရွိေရးတို႔ကို လူတိုင္း ခံစားရရွိေစရန္ ေဆာင္႐ြက္သြားမည္။

 

–             တရားစီရင္ေရး၏ လြတ္လပ္မႈႏွင့္ မွ်တမႈကို ေပၚလြင္ေစရန္အတြက္ တရား႐ုံးမ်ားမွ စီရင္သည့္ အမႈကိစၥရပ္မ်ားကို အမ်ားျပည္သူသို႔ ထုတ္ျပန္ေၾကညာရန္ႏွင့္ တရား႐ုံးမ်ား၏ ပြင့္လင္းျမင္သာမႈကို ေဖာ္ေဆာင္ရန္ အေလးေပးေဆာင္႐ြက္မည္။

 

–             တရား႐ုံးမ်ားကို လူတိုင္း ယုံၾကည္စိတ္ခ်မႈ ရွိလာေစေရးႏွင့္ တရားဥပေဒစိုးမိုးေရးကို ျမႇင့္တင္ရန္ ေဆာင္႐ြက္သြားမည္။

 

–             လူတိုင္းအတြက္ ထိေရာက္ေသာ ဥပေဒဆိုင္ရာ အေထာက္အကူေပးေရးစနစ္ ေပၚထြန္းလာေစရန္ အတြက္ ဥပေဒဆိုင္ရာ အေထာက္အကူေပးေရး ဥပေဒကို ျပန္လည္ သုံးသပ္၍ ျပင္ဆင္ ျပ႒ာန္းမည္။

 

–             တည္ဆဲဥပေဒ၊ နည္းဥပေဒႏွင့္ လုပ္ထုံးလုပ္နည္းမ်ားကို ျပန္လည္သုံးသပ္ၿပီး တရားမွ်တမႈကို အေျခခံသည့္ ဥပေဒမ်ား ျပ႒ာန္းႏိုင္ေရးအတြက္ ျပင္ဆင္ျခင္း၊ ႐ုပ္သိမ္းျခင္းႏွင့္ အသစ္ေရးဆြဲျခင္း မ်ားကို ေဆာင္႐ြက္သြားမည္။

 

–             ျပစ္မႈအလိုက္ လူမႈေရးျပစ္ဒဏ္ေပးသည့္စနစ္ကို အျမန္ဆုံး ျပ႒ာန္းေဆာင္႐ြက္ မည္။

 

–             စီးပြားေရး

 

–             မွ်တသည့္ ေဈးကြက္စီးပြားေရး (FAIR ECONOMY) အားေကာင္းရွင္သန္ေရး ေဆာင္ ႐ြက္မည္။

 

–             တာဝန္ယူမႈရွိေသာ ႏိုင္ငံတကာရင္းႏွီးျမႇပ္ႏွံမႈႏွင့္ ျပည္တြင္းရင္းႏွီးျမႇပ္ႏွံမႈမ်ားကို အျပည့္အဝ ကာကြယ္ ေပးသြားမည္။

 

–             အစုရွယ္ယာေဈးကြက္၊ ေငြေခ်းစာခ်ဳပ္ေဈးကြက္ႏွင့္ ေငြေၾကးေဈးကြက္မ်ား အားေကာင္းလာေစေရး အတြက္ ေဆာင္႐ြက္သြားမည္။

 

–             လယ္ယာႏွင့္ စိုက္ပ်ိဳးေရးထုတ္ကုန္မ်ားကို အေျခခံေသာ တန္ဖိုးျမႇင့္ ထုတ္လုပ္မႈ မ်ား ဖြံ႕ၿဖိဳးလာေစရန္ ေဆာင္႐ြက္မည္။

 

–             နည္းပညာအေျချပဳ လုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္လာေစေရးအတြက္ ႏိုင္ငံေတာ္ ဘ႑ာမွ အေထာက္ အကူျပဳျခင္းမ်ား ေဆာင္႐ြက္မည္။

 

–             စီးပြားေရးလုပ္ကိုင္ရာတြင္ လြယ္ကူေခ်ာေမြ႕ေစေရးအတြက္ တည္ဆဲဥပေဒ၊ နည္း ဥပေဒႏွင့္ လုပ္ထုံး လုပ္နည္းမ်ားကို ျပန္လည္သုံးသပ္ၿပီး ျပင္ဆင္သြားရန္ႏွင့္ ႐ုံး လုပ္ငန္းဆိုင္ရာအဆင့္မ်ား ေလ်ာ့ခ်ႏိုင္ ေရးအတြက္ နည္းပညာအေျချပဳ ဌာနဆိုင္ရာမ်ား ျဖစ္ေပၚလာေစေရး အေလးေပးေဆာင္႐ြက္မည္။

 

–             အေသးစား၊ အလတ္စားႏွင့္ လုပ္ငန္းရွင္အသစ္မ်ား ထြက္ေပၚ အားေကာင္းလာေစေရးအတြက္ နည္းပညာႏွင့္ ေခ်းေငြမ်ား ရရွိေစေရး ေဆာင္႐ြက္သြားမည္။

 

–             ႏိုင္ငံစီးပြားေရးကို အေထာက္အကူေပးႏိုင္သည့္ ႏိုင္ငံတကာ ဝန္ေဆာင္မႈမ်ား ေပး စြမ္းႏိုင္ေသာ ဘဏ္ လုပ္ငန္းမ်ား ျဖစ္ေပၚလာေစရန္ ေဆာင္႐ြက္မည္။

 

–             ျမန္မာက်ပ္ေငြ တန္ဘိုး ခိုင္မာေစေရးအတြက္ အေလးအနက္ထား ေဆာင္႐ြက္သြားမည္။

 

–             အခြန္ ေကာက္ခံျခင္း

 

–             အႀကိမ္ႀကိမ္ စည္းၾကပ္သည့္ အခြန္စနစ္ကို ရွင္းလင္းလြယ္ကူေစၿပီး မွ်တေသာ အခြန္စနစ္ ျဖစ္ေပၚလာ ေစရန္ ေဆာင္႐ြက္သြားမည္။

 

–             ဆန္းသစ္တီထြင္မႈရွိသည့္ လုပ္ငန္းမ်ားကို အခြန္ သက္သာခြင့္မ်ား ရရွိေစေရး ေဆာင္႐ြက္သြားမည္။

 

–             က်န္းမာေရး

 

–             လူတိုင္း အလြယ္တကူလက္လွမ္းမီသည့္ က်န္းမာေရးစနစ္ကို ႏိုင္ငံေတာ္၏ အဓိက ေထာက္ပံ့မႈျဖင့္ ႏိုင္ငံတဝန္း ေဖာ္ေဆာင္ရန္ႏွင့္ လိုအပ္ပါက ဥပေဒျပ႒ာန္း ေဆာင္ ႐ြက္သြားမည္။

 

–             ကူးစက္ေရာဂါ ကာကြယ္တားဆီးေရးႏွင့္ ေသြးတိုး၊ ဆီးခ်ိဳ စသည့္ ေရာဂါမ်ားအတြက္ အသိပညာေပး လုပ္ငန္းစဥ္မ်ားတြင္ ဘက္ဂ်က္သုံးစြဲေရးကို ျမႇင့္တင္ေဆာင္ ႐ြက္သြားမည္။

 

–             က်န္းမာေရးကို ထိခိုက္ေစႏိုင္ေသာ အစားအေသာက္၊ ေဆးဝါး၊ အလွကုန္ပစၥည္း စသည့္ အရာမ်ားကို တင္းၾကပ္စြာ ကိုင္တြယ္အေရးယူ ေဆာင္႐ြက္သြားမည္။

 

–             ေမြးကင္းစ ကေလးသူငယ္မ်ားအတြက္ က်န္းမာေရးေစာင့္ေရွာက္မႈကို ဦးစားေပး ေဆာင္႐ြက္မည္။

 

–             ကေလးမ်ားအားလုံး အာဟာရျပည့္မီစြာ စားသုံးႏိုင္ေရးႏွင့္ ပုံမွန္ကာကြယ္ေဆးထိုးျခင္း လုပ္ငန္းမ်ားကို ပိုမိုက်ယ္ျပန႔္စြာ ေဆာင္႐ြက္သြားမည္။

 

–             မိခင္ႏွင့္ ကေလးသူငယ္မ်ား၏ က်န္းမာေရးဆိုင္ရာ အသိပညာေပးမႈႏွင့္ က်န္းမာေရး ေစာင့္ေရွာက္မႈ ကို အထူးဂ႐ုစိုက္ ေဆာင္႐ြက္ႏိုင္ရန္ ဘ႑ာေငြသုံးစြဲမႈကို ျမႇင့္တင္သြားမည္။

 

–             ပုဂၢလိက ေဆး႐ုံ၊ ေဆးခန္းမ်ားကို ႏိုင္ငံတကာ စံခ်ိန္စံၫႊန္းမ်ားႏွင့္ ညီၫႊတ္ေစရန္ ႀကီးၾကပ္ ေဆာင္႐ြက္ ႏိုင္ေရးအတြက္ ဥပေဒပိုင္းဆိုင္ရာ ျပန္လည္သုံးသပ္မႈမ်ား ေဆာင္႐ြက္မည္။

 

–             အမ်ိဳးသားက်န္းမာေရး ျမင့္မားလာေစေရးႏွင့္ အားကစား အဆင့္အတန္း တိုးတက္ ေကာင္းမြန္လာေရး အတြက္ အားကစားဆိုင္ရာ အရည္အေသြးမီ အေျခခံအေဆာက္ အဦမ်ားကို ႏိုင္ငံအႏွံ႔ အျပားတြင္ တိုးခ်ဲ႕ တည္ေဆာက္သြားမည္။

 

–             ပညာေရး

 

–             ႏိုင္ငံသားတိုင္း အလယ္တန္းအထိ အခမဲ့ပညာသင္ၾကားခြင့္ႏွင့္ ေက်ာင္းေနအ႐ြယ္ ကေလးတိုင္း ပညာ သင္ၾကားခြင့္ ရရွိေစရန္ ေဆာင္႐ြက္မည္။

 

–             အသက္ေမြးဝမ္းေက်ာင္းဆိုင္ရာ ေက်ာင္းမ်ားကို ဖြံ႕ၿဖိဳးမႈ အားနည္းေသာ ေဒသမ်ား တြင္ ဦးစားေပး ဖြင့္လွစ္ေပးႏိုင္ရန္ ေဆာင္႐ြက္ၿပီး ၎ေက်ာင္းမ်ားမွ ပညာၿပီးဆုံး လာသူမ်ားကို စက္႐ုံ၊ အလုပ္႐ုံမ်ားႏွင့္ ခ်ိတ္ဆက္၍ အလုပ္အကိုင္ အခြင့္အလမ္း မ်ား ေဖာ္ေဆာင္ဖန္တီးေပးမည္။

 

–             သက္ဆိုင္ရာ တိုင္းရင္းသား ဘာသာစကား၊ စာေပ၊ ယဥ္ေက်းမႈ ဓေလ့ထုံးစံမ်ားကို မူလတန္းအဆင့္ ပညာေရးတြင္ ထည့္သြင္း သင္ၾကားႏိုင္ေရးကို ပထမအဆင့္ လုပ္ငန္းစဥ္အျဖစ္ ဦးစားေပး အေကာင္ အထည္ေဖာ္ ေဆာင္႐ြက္မည္။

 

–             ႏိုင္ငံတကာ ေက်ာင္းမ်ားႏွင့္ ပုဂၢလိကေက်ာင္းမ်ား တည္ေထာင္ဖြင့္လွစ္ျခင္းကို ဥပေဒႏွင့္အညီ ေဆာင္႐ြက္ႏိုင္ ရန္ႏွင့္ တည္ဆဲ ဥပေဒ၊ နည္းဥပေဒမ်ားကို ျပန္လည္ သုံးသပ္၍ ႏိုင္ငံတကာ စံခ်ိန္ စံၫႊန္းမ်ားႏွင့္အညီ ျပင္ဆင္ ျပ႒ာန္းမည္။

 

–             တကၠသိုလ္၊ ေကာလိပ္မ်ား၏ လြတ္လပ္စြာ ကိုယ္ပိုင္စီမံခန႔္ခြဲမႈ ရရွိေရးကို အာမခံ ႏိုင္ရန္ႏွင့္ တကၠသိုလ္၊ ေကာလိပ္မ်ား၏ ရန္ပုံေငြ ထူေထာင္မႈဆိုင္ရာအတြက္ ႏိုင္ငံေတာ္ဘ႑ာမွ ေထာက္ပံ့ျခင္း အျပင္ ပုဂၢလိက အလႉရွင္မ်ားႏွင့္ ႏိုင္ငံတကာ အဖြဲ႕အစည္းမ်ားမွ လႉဒါန္းလာေရးကို ေဆာင္႐ြက္မည္။

 

–             ဆရာမ်ားသမဂၢႏွင့္ ေက်ာင္းသားသမဂၢမ်ား လြတ္လပ္စြာ ဖြဲ႕စည္းတည္ေထာင္ျခင္း ကို အားေပးကူညီ ေဆာင္႐ြက္မည္။

–             အလုပ္သမားမ်ား၏ ဘဝလုံၿခဳံေရးႏွင့္ အလုပ္အကိုင္ အခြင့္အလမ္း

 

–             လူတိုင္း မိမိႏွင့္ကိုက္ညီေသာ အလုပ္အကိုင္အခြင့္အလမ္းမ်ား ရရွိေစရန္ႏွင့္ လိုအပ္ ေသာ ေလ့လာ သင္ၾကားမႈမ်ားကို ေဆာင္႐ြက္ျခင္းျပဳႏိုင္ရန္ အစိုးရဌာနမ်ား၊ ပုဂၢလိက လုပ္ငန္းရွင္မ်ားႏွင့္ ေပါင္းစပ္ ညႇိႏႈိင္း ေဆာင္႐ြက္ေပးမည္။

 

–             လုပ္ငန္းခြင္ လုံၿခဳံစိတ္ခ်ေရးဆိုင္ရာအတြက္ တိက်ရွင္းလင္းသည့္ ဥပေဒ ျပ႒ာန္း၍ လုပ္ထုံးလုပ္နည္း၊ စည္းမ်ဥ္း၊ စည္းကမ္းမ်ားကို လိုက္နာေစေရး ေဆာင္႐ြက္မည္။

 

–             လူတစ္ဦးခ်င္း အေျခခံ ေနထိုင္စားေသာက္စရိတ္ကို သုေတသနျပဳ တြက္ခ်က္၍ က်န္းမာေရးႏွင့္ လူမႈေရးဆိုင္ရာ ဖူလုံစိတ္ခ်ရသည့္ အနိမ့္ဆုံး လုပ္ခလစာ ရရွိေစ ေရးကို ေဆာင္႐ြက္မည္။

 

–             ၏ အလုပ္သမားမ်ားႏွင့္စပ္လ်ဥ္း၍ လူမႈဖူလုံေရးဆိုင္ရာမူဝါဒမ်ားကို ေရရွည္အစီအစဥ္ျဖင့္ အေကာင္ အထည္ေဖာ္ ေဆာင္႐ြက္မည္။

 

–             အလုပ္ရွင္ႏွင့္ အလုပ္သမား အျငင္းပြားမႈမ်ားကို မွ်တစြာ ေျဖရွင္းႏိုင္ေရးအတြက္ ဥပေဒ၊ စည္းမ်ဥ္း၊ စည္းကမ္းမ်ားကို ျပင္ဆင္ျခင္းႏွင့္ ဥပေဒႏွင့္အညီ ေျဖရွင္းေဆာင္ ႐ြက္ေရး လုပ္ေဆာင္သြားမည္။

 

–             အလုပ္သမားမ်ား၏ နစ္နာမႈမ်ား ႀကဳံေတြ႕လာလွ်င္ ဥပေဒ၊ လုပ္ထုံး လုပ္နည္းမ်ား ႏွင့္အညီ ခံစားသင့္ ခံစားထိုက္သည့္ အခြင့္အေရးမ်ား အျပည့္အဝ ရရွိေစရန္ ေဆာင္႐ြက္မည္။

 

–             ျပည္တြင္း၊ ျပည္ပေ႐ႊ႕ေျပာင္းအလုပ္သမားႏွင့္ စပ္လ်ဥ္း၍ ရွင္းလင္းသည့္ မူဝါဒမ်ားခ်မွတ္ ေဆာင္႐ြက္ မည္။

 

–             မသန္စြမ္းျဖစ္မႈအေပၚ အေျခခံ၍ အလုပ္ခန႔္ထားျခင္း၊ လစာခြဲျခားေပးျခင္း စသည္တို႔ မရွိေစေရး အတြက္ ေဆာင္႐ြက္မည္။

 

–             လယ္ယာ စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရး

 

–             ေဒသတစ္ခုခ်င္းစီ၏ ရာသီဥတု၊ စိုက္ပ်ိဳးေျမႏွင့္ ကိုက္ညီေသာ သီးႏွံမ်ား စိုက္ပ်ိဳး ထုတ္လုပ္ႏိုင္ရန္ အတြက္ ေျမယာအမ်ိဳးအစား၊ ရာသီဥတုစသည္တို႔ကို သုေတသနျပဳလုပ္သည့္ လုပ္ငန္းစဥ္မ်ားကို ႏိုင္ငံ အႏွံ႔ ဦးစားေပး ေဆာင္႐ြက္သြားမည္။

 

–             တည္ဆဲဥပေဒမ်ားေၾကာင့္ လယ္ယာ၊ စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရး လုပ္ကိုင္ေဆာင္ ႐ြက္ေနသူမ်ား၏ နစ္နာဆုံးရႈံးမႈမ်ား မျဖစ္ေပၚေစရန္ ဥပေဒ၊ နည္းဥပေဒမ်ားကို ျပန္လည္ သုံးသပ္၍ ျပန္ဆင္ျပ႒ာန္း သြားမည္။

 

–             စိုက္ပ်ိဳးေရးအတြက္ မ်ိဳးေစ့၊ နည္းပညာစသည္တို႔ကို ေထာက္ပံ့ေပးႏိုင္ရန္ႏွင့္ ေခ်းေငြမ်ား ရရွိေစေရး အတြက္ ေဆာင္႐ြက္မည္။

 

–             စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးက႑ ထုတ္ကုန္မ်ားကို အဆင့္ျမႇင့္တင္ၿပီး ႏိုင္ငံတကာ ေဈးကြက္မ်ား ရွာေဖြ ခ်ိတ္ဆက္ ေရာင္းခ်ႏိုင္ရန္ ေဆာင္႐ြက္ေပးမည္။

 

–             ေတာင္သူလယ္သမား၊ စိုက္ပ်ိဳးေရးဆိုင္ရာသမဂၢႏွင့္ အဖြဲ႕အစည္းမ်ားကို လြတ္လပ္စြာ ဖြဲ႕စည္း ႏိုင္ေရးႏွင့္ ၎အဖြဲ႕မ်ားသည္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားျဖင့္ ခ်ိတ္ဆက္ ေဆာင္႐ြက္ႏိုင္ေရးကို ႏိုင္ငံေတာ္မွ ေထာက္ပံ့ ကူညီသြားမည္။

 

–             စိုက္ပ်ိဳးသီးႏွံမ်ားေပၚခ်ိန္တြင္ ေတာင္သူလယ္သမားမ်ားႏွင့္ စိုက္ပ်ိဳးေရးသမားမ်ား ဆုံးရႈံးနစ္နာမႈမ်ား မျဖစ္ေပၚေစေရးအတြက္ သီးႏွံအာမခံစနစ္ တစ္ရပ္ အျမန္ဆုံး ေပၚထြက္လာေစရန္ ေဆာင္႐ြက္မည္။

 

–             ရာသီဥတုေျပာင္းလဲျခင္းဆိုင္ရာ သတင္းအခ်က္အလက္မ်ားကို အက်ိဳးသက္ဆိုင္ သူအားလုံးရရွိေရး အတြက္ အလွ်င္အျမန္ထုတ္ျပန္ေၾကညာႏိုင္ရန္ ေဆာင္႐ြက္မည္။

 

–             ေဈးကြက္ႏွင့္ သဘာဝေဘးအႏၲရာယ္ေၾကာင့္ ျဖစ္ေပၚလာေသာ ဆုံးရႈံးမႈမ်ားကို အခ်ိန္မီ ကုစားေပး သည့္ လုပ္ငန္းမ်ားကို လွ်င္ျမန္စြာ ေဆာင္႐ြက္သြားမည္။

 

–             သဘာဝပတ္ဝန္းက်င္ႏွင့္ သယံဇာတ

 

–            သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးကို အထူးအေလးထားသည့္ မူဝါဒမ်ား ခ်မွတ္ေဆာင္႐ြက္မည္။

 

–             သဘာဝပတ္ဝန္းက်င္ႏွင့္ ဇီဝမ်ိဳးကြဲ ထိန္းသိမ္းေစာင့္ေရွာက္ျခင္းကို မူဝါဒမ်ား ခ်မွတ္ ေဆာင္႐ြက္၍ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ား၊ ျပည္တြင္းအဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္မည္။

 

–             ဇီဝမ်ိဳးကြဲစုံလင္မႈကို ထိန္းသိမ္းကာကြယ္ ေစာင့္ေရွာက္ႏိုင္ေရး၊ ေဒသမ်ိဳးရင္းမ်ား မေပ်ာက္ပ်က္ ေစေရးႏွင့္ ေပ်ာက္ဆုံးသြားသည့္ မ်ိဳးရင္းမ်ားကို သုေတသနျပဳလုပ္ ျပန္လည္ရွာေဖြျခင္းမ်ားကို ႏိုင္ငံေတာ္ ဘ႑ာေငြ သုံးစြဲေဆာင္႐ြက္မည္။

 

–             သဘာဝ သယံဇာတမ်ားသည္ သားစဥ္ေျမးဆက္ ပိုင္ဆိုင္သည့္အရာမ်ား ျဖစ္သည့္အတြက္ ထုတ္ယူ သုံးစြဲရာတြင္ေရရွည္တည္တံ့ေရးကိုသာေရွးရႈ၍ သယံဇာတထုတ္ယူရာမွ ရရွိလာသည့္ ဝင္ေငြကို သဘာဝ ပတ္ဝန္းက်င္ႏွင့္ အျခားထိခိုက္နစ္နာ ပ်က္စီးမႈ မ်ားအတြက္ အသုံးျပဳရန္ႏွင့္ ေနာင္အနာဂတ္ ကာလ အတြက္ အသုံးျပဳရန္(၃၀) ရာခိုင္ ႏႈန္းထက္ မနည္းေသာ အခ်ိဳးအစားတစ္ခုကို ရန္ပုံေငြအျဖစ္ ထူေထာင္ ထားရွိမည္။

 

–             သယံဇာတအေျချပဳ စီးပြားေရးမွသည္ လူသားအရင္းအျမစ္ ဖြံ႕ၿဖိဳးတိုးတက္မႈအေပၚ အေျချပဳသည့္ စီးပြားေရးစနစ္ကို အဆင့္ဆင့္ တည္ေဆာက္သြားမည္။ ဓာတ္သတၱဳတူးေဖာ္ျခင္း၊ သစ္ေတာထြက္ ပစၥည္း ထုတ္ယူျခင္းႏွင့္ သယံဇာတထုတ္ယူသုံးစြဲျခင္းမ်ားကို ႏိုင္ငံတကာ စံခ်ိန္စံၫႊန္းမ်ားႏွင့္ ညီၫြတ္ ေစရန္ ေဆာင္႐ြက္မည္။

 

–             ကမာၻႀကီးပူေႏြးလာမႈျဖစ္စဥ္ကို ျဖစ္ေပၚေစသည့္ ဓာတ္ေငြ႕မ်ား ထုတ္လုပ္မႈေလ်ာ့ခ် ေရးႏွင့္ ေလထု ညစ္ညမ္းမႈ ကာကြယ္ေရး လုပ္ငန္းစဥ္မ်ားကို အထူး အေလးေပး ေဆာင္႐ြက္မည္။

 

–             ေရအရင္းအျမစ္သုံးစြဲေရးႏွင့္ စပ္လ်ဥ္းသည့္ မူဝါဒမ်ားကို ဥပေဒျပ႒ာန္း ေဆာင္႐ြက္ႏိုင္ရန္ သုံးသပ္ ျခင္းမ်ား ေဆာင္႐ြက္သြားမည္။

–             လူငယ္ေရးရာ

 

–             လူငယ္ေရးရာမူဝါဒမ်ား ခ်မွတ္ေဆာင္႐ြက္ႏိုင္ေရးအတြက္ လူငယ္မ်ား ဦးေဆာင္သည့္ ေဆြးေႏြးမႈမ်ားမွ တဆင့္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားမည္။

 

–             စြန႔္ဦးတီထြင္ လုပ္ငန္းမ်ား၊ နည္းပညာဆိုင္ရာ လုပ္ငန္းမ်ားကို လူငယ္မ်ား ေဆာင္႐ြက္ႏိုင္ေစရန္ ကူညီေဆာင္႐ြက္သြားမည္။

 

–             လူငယ္မ်ား၏ ဘဝလုံၿခဳံစိတ္ခ်ေရးအတြက္ အသက္ေမြးဝမ္းေက်ာင္းဆိုင္ရာ ေက်ာင္းမ်ား၊ သင္တန္း မ်ားကို လူငယ္တိုင္း လက္လွမ္းမီ တက္ေရာက္ခြင့္ ရရွိေစ ရန္ေဆာင္႐ြက္မည္။

 

–             လူငယ္မ်ား၏ လြတ္လပ္စြာ အသင္းအဖြဲ႕ ဖြဲ႕စည္းျခင္းမ်ားကို အားေပးကူညီသြား မည္။

 

–             လူငယ္ေရးရာ ဖြံ႕ၿဖိဳးေရးစင္တာမ်ား ျပည္နယ္ႏွင့္ တိုင္းေဒသႀကီး အသီးသီးတြင္ ဖြင့္လွစ္၍ လူငယ္ မ်ား၏ ဆန္းသစ္တီထြင္မႈမ်ား၊ မတူကြဲျပားသည့္ ယဥ္ေက်းမႈ ဓေလ့မ်ား၊ အေတြးအေခၚအယူအဆမ်ား မွ်ေဝ ဖလွယ္ျခင္းမ်ား ျပဳလုပ္ႏိုင္ေရး ေဆာင္႐ြက္ရန္။

 

–             အမ်ိဳးသမီးႏွင့္ ကေလးသူငယ္

 

အမ်ိဳးသမီးမ်ားအား က႑အသီးသီးတြင္ ပိုမိုပါဝင္ ေဆာင္႐ြက္ႏိုင္ရန္ႏွင့္ က်ား/မ တန္းတူအခြင့္အေရး ရရွိမႈကို ျမႇင့္တင္ ေဆာင္႐ြက္သြားမည္။

 

–             အမ်ိဳးသမီးမ်ားအေပၚ အၾကမ္းဖက္မႈ တားဆီးကာကြယ္ေရးဥပေဒကို ျပ႒ာန္းႏိုင္ေရးအတြက္ အက်ိဳး သက္ဆိုင္သူမ်ား၏ အႀကံဉာဏ္မ်ားရယူၿပီး အျမန္ဆုံး ျပ႒ာန္း ျခင္း ေဆာင္႐ြက္မည္။

 

–             အမ်ိဳးသမီးမ်ားႏွင့္ ကေလးသူငယ္မ်ားအေပၚ အၾကမ္းဖက္သည့္ မည္သည့္လုပ္ရပ္ မ်ိဳးမဆို အထူး အေလးေပး ကာကြယ္ေစာင့္ေရွာက္ႏိုင္သည့္ လုပ္ငန္းစဥ္မ်ားကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္မည္။

 

တည္ဆဲ ကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒပါ ျပ႒ာန္းခ်က္မ်ားကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ရန္ႏွင့္ ေျမျပင္ကြင္းဆင္း သုေတသနျပဳျခင္းႏွင့္ ဥပေဒပိုင္းဆိုင္ရာ ျပန္လည္ သုံးသပ္ျခင္း မ်ားကို လုပ္ေဆာင္မည္။

–             ကေလးသူငယ္မ်ားအေပၚ အၾကမ္းဖက္မႈ၊ အဓမၼ အလုပ္ခိုင္းေစမႈမ်ားအား ျပင္းျပင္းထန္ထန္ အေရးယူ ေဆာင္႐ြက္မည္။

–             အမ်ိဳးသမီးႏွင့္ ကေလးသူငယ္မ်ားကို အဓိက ပစ္မွတ္ထား ၿခိမ္းေျခာက္ေနသည့္ ႏိုင္ငံတြင္း၊ ႏိုင္ငံ ျဖတ္ေက်ာ္ လူကုန္ကူးမႈမ်ားကို ျပတ္ျပတ္သားသား အေရးယူ တိုက္ဖ်က္သြားမည္။

 

–             သတင္းအခ်က္အလက္ႏွင့္ မီဒီယာလြတ္လပ္ခြင့္

 

အစိုးရ ဌာနဆိုင္ရာမ်ား၏ သတင္းအခ်က္အလက္မ်ားကို လူတိုင္း ရယူႏိုင္ေရးအတြက္ သတင္း အခ်က္အလက္ ရယူပိုင္ခြင့္ဆိုင္ရာဥပေဒ ျပ႒ာန္းႏိုင္ေရး ေဆာင္ ႐ြက္သြားမည္။

 

ဥပေဒျပ႒ာန္း ေဆာင္႐ြက္ႏိုင္ျခင္းမတိုင္မီ အစိုးရဌာနဆိုင္ရာမ်ားမွ သတင္းအခ်က္ အလက္မ်ားကို ပြင့္လင္းျမင္သာစြာ ထုတ္ျပန္ႏိုင္ေရး ေဆာင္႐ြက္သြားမည္။

 

–             သတင္းမီဒီယာမ်ားသည္ ဒီမိုကေရစီ၏ ေဒါက္တိုင္မ်ားျဖစ္သည္ႏွင့္အညီ သတင္း မီဒီယာမ်ား၏ လြတ္လပ္စြာ သတင္းရယူခြင့္ကို အကန႔္အသတ္ အဟန႔္အတားျဖစ္ေစေသာ တည္ဆဲဥပေဒ၊ နည္း ဥပေဒ ႏွင့္ လုပ္ထုံးလုပ္နည္းမ်ားကို ျပန္လည္ ျပင္ ဆင္ ျပ႒ာန္းသြားမည္။

 

–             ပုဂၢလိက သတင္းမီဒီယာမ်ား အားေကာင္းရွင္သန္လာေစေရးအတြက္ ႏိုင္ငံပိုင္ သတင္းမီဒီယာမ်ား၏ အခန္းက႑ကို ျပန္လည္သုံးသပ္၍ လိုအပ္ပါက ႏိုင္ငံပိုင္ သတင္းမီဒီယာမ်ားကို ဖ်က္သိမ္းသြားမည္။

PEOPLE’S PARTY 2020 MANIFESTO

PEOPLE’S PARTY HEADQUARTERS NO. 906, 9TH FLOOR YUZANA TOWER SHWE GON DINE BAHAN TOWNSHIP YANGON 09 789 8888 50

 

09 453 8888 50 HQ@PEOPLEPARTY.ORG.MM WWW.PEOPLEPARTY.ORG.MM

Related Articles

Back to top button