ကဗျာ

ေမွ်ာ္လင့္ျခင္းေဆးစပ္ခြက္ မျှော်လင့်ခြင်းဆေးစပ်ခွက်

Zawgyi

ဘဝမွာ ရတတ္တဲ့အရာထဲမွာ
တစ္ခ်ိဳ႕က စနက္တံျဖဳတ္ၿပီးသားဗံုးေတြ
လက္ထဲေရာက္လာတာနဲ႔ ေပါက္ကဲြမယ့္ဟာေတြ

တစ္ခ်ိဳ႕က
ပြင့္ဖူးစျပဳေနတဲ့ပန္းပင္
လက္ထဲမွာ ပြင့္ၿပီး ေမႊးရနံ႔ေလးသင္းလာတယ္

တစ္ခါတစ္ေလ
အဆိပ္ပင္မွန္းမသိတဲ့
မ်ိဳးေစ့ေတြလည္း ပါတတ္တယ္
တစ္ခါတစ္ေလေတာ့
ဘယ္ကိုဦးတည္မွန္းမသိတဲ့ ေျမပံုေတြ

ငါတို႔ဘာမွ
ပ်ိဳးေထာင္ဖန္တီးခဲ့တာမဟုတ္ဘူး
ငါတို႔ ဘာမွ
ေရာစပ္ေမႊေႏွာက္ဖို႔မလိုဘူး
သူတို႔က
သူတို႔အရသာနဲ႔သူတို႔ လာခဲ့ၾကတာ

ဘဝမွာ အခ်င္းခ်င္းဆိုၿပီး
ေဆးဖက္ဝင္ခ်င္စိတ္နဲ႔အဆိပ္မိခဲ့ၾကတာလည္း ခဏခဏပါပဲ

လူတိုင္းဟာ လူေကာင္းေတြခ်ည္းပဲမလား

စကားလံုးခ်ိဳခ်ိဳေတြၾကားရင္
သြားၾကားမွာ မုသားေတြညႇပ္္ဖန္မ်ားၿပီး
ဘဝပိုးေပါက္တာပဲသတိရေတာ့တယ္။

ဆလိုင္းနံရံ

Unicode

ဘဝမှာ ရတတ်တဲ့အရာထဲမှာ
တစ်ချို့က စနက်တံဖြုတ်ပြီးသားဗုံးတွေ
လက်ထဲရောက်လာတာနဲ့ ပေါက်ကွဲမယ့်ဟာတွေ

တစ်ချို့က
ပွင့်ဖူးစပြုနေတဲ့ပန်းပင်
လက်ထဲမှာ ပွင့်ပြီး မွှေးရနံ့လေးသင်းလာတယ်

တစ်ခါတစ်လေ
အဆိပ်ပင်မှန်းမသိတဲ့
မျိုးစေ့တွေလည်း ပါတတ်တယ်
တစ်ခါတစ်လေတော့
ဘယ်ကိုဦးတည်မှန်းမသိတဲ့ မြေပုံတွေ

ငါတို့ဘာမှ
ပျိုးထောင်ဖန်တီးခဲ့တာမဟုတ်ဘူး
ငါတို့ ဘာမှ
ရောစပ်မွှေနှောက်ဖို့မလိုဘူး
သူတို့က
သူတို့အရသာနဲ့သူတို့ လာခဲ့ကြတာ

ဘဝမှာ အချင်းချင်းဆိုပြီး
ဆေးဖက်ဝင်ချင်စိတ်နဲ့အဆိပ်မိခဲ့ကြတာလည်း ခဏခဏပါပဲ

လူတိုင်းဟာ လူကောင်းတွေချည်းပဲမလား

စကားလုံးချိုချိုတွေကြားရင်
သွားကြားမှာ မုသားတွေညှပ်ဖန်များပြီး
ဘဝပိုးပေါက်တာပဲသတိရတော့တယ်။

ဆလိုင်းနံရံ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button