တိုင်းရင်းသားများသတင်းတိုင်းရင်းသားအကြောင်း

ေန႔စဥ္သတင္းမ်ား စုေဆာင္းတင္ျပျခင္း၊ နေ့စဉ်သတင်းများ စုဆောင်းတင်ပြခြင်း

zawgyi

 

ေန႔စဥ္သတင္းမ်ား စုေဆာင္းတင္ျပျခင္း

(No. 25, May 12, 2020)

 

၁။       COVID-19 စစ္ေဆးစခန္း မီးရႈိ႕ဖ်က္ဆီးခံရမႈအေပၚ JMC-S သုိ႔ KNU တုိင္ၾကားစာေပးပုိ႔

၂။       “ဝ”ႏွင့္ မိုင္းလားတပ္ဖြဲ႔တို႕ကို ကာခ်ဳပ္ေတြ႕ဆံု၊ မိမိတိုင္းျပည္ကို အားကိုးစိတ္ ေမြးရန္တိုက္တြန္း

၃။       ဖလံု-စေဝၚပါတီမွ ေရြးေကာက္ပြဲဝင္မည့္ ကုိယ္စားလွယ္ေလာင္းမ်ားအား ေရြးခ်ယ္မည္

၄။       အစိုးရႏွင့္ အပစ္ရပ္မ်ား COVID-19 ကာကြယ္ေရး အခ်က္ ၇ ခ်က္သေဘာတူ

၅။       မူဆယ္ၿမိဳ႕အ၀င္ တုိးဂိတ္ ဗုံးခြဲ တုိက္ခုိက္ခံရ

၆။       ၾသဂုတ္ ၃၁  ရက္အထိ အပစ္အခတ္ရပ္စဲေၾကာင္း တပ္မေတာ္ေၾကညာ

၇။       KNU ႏွင့္ ျမန္မာ့တပ္မေတာ္ပစ္ခတ္မႈ ေနာက္ဆက္တြဲ ဝါသိုခိုရြာလံုးကြ်တ္ထြက္ေျပးတိမ္းေရွာင္ေနရ

၈။       ေျမပံုနဲ႔ ပုဏၰားကြ်န္း ရြာႏွစ္ရြာက လူငယ္ေတြနဲ႔ လူလတ္ပိုင္းေတြကို တပ္မေတာ္ဖမ္းဆီး

၉။       ဝါရာဇြပ္ေဒသခံမ်ားေတာင္းဆိုသည့္ စားက်က္ေျမ မသတ္မွတ္ေပးနိုင္ေၾကာင္း အစိုးရအေၾကာင္းျပန္

၁၀။     ကုလားတန္ စီမံကိန္း အခ်ိန္မီ မၿပီးေတာ့ဘဲ MOU သက္တမ္း တိုးမည္

၁၁။     ေက်ာက္ေတာ္တြင္ ေပါက္ကြဲမႈျဖစ္ ေက်ာင္းဆရာ ၁ ဦးႏွင့္ ကေလးငယ္ ၁ ဦး ဒဏ္ရာရ

၁၂။     တာခ်ီလိတ္ခရိုင္ တပတ္အတြင္း က်ပ္သိန္း ၄၀ဝ၀ ခန္႔ရွိ မူးယစ္ေဆးမ်ား သိမ္းဆည္းရမိ

၁၃။     DKBA တပ္ဖြဲ႔ဝင္မ်ား ခရီးသြားမည္ဆိုက ဆိုင္ရာ ဆက္ဆံေရးရံုးသို႔ အေၾကာင္းၾကားရန္ အမိန္႔ထုတ္ထား

၁၄။     ေတာင္ကုတ္တြင္ ၿမိဳ႕ခံ ၃ ဦး အၾကမ္းဖက္ ဥပေဒျဖင့္ ဖမ္းဆီးအမႈဖြင့္ခံရ

၁၅။     မည္သည့္အဖြဲ႔အစည္းကိုမွခ်န္လွပ္မထားဘဲ တပ္မေတာ္အေနျဖင့္ တစ္ႏိုင္ငံလံုးအပစ္ရပ္စဲေပးသင့္ေၾကာင္း မြန္ျပည္သစ္ ပါတီ                    ဥကၠဌတိုက္တြန္း

၁၆။     ျမစ္ႀကီးနားရွိ FQ မ်ားကို အစားအေသာက္ေထာက္ပံ့ေနသည့္ ပရဟိတအဖြဲ႕မ်ား ေခတၱရပ္နားမည္ဟုဆို

၁၇။     အစိုးရႏွင့္ KNU ႏွစ္ဘက္ စစ္ေရးတင္းမာမႈကိစၥ ညွိႏိႈင္းေဆြးေႏြး

၁၈။     တပ္မေတာ္ အပစ္ရပ္ေၾကညာခ်က္အေပၚ အကဲခတ္ေတြ ေမးခြန္းထုတ္

၁၉။     ဘူးသီးေတာင္က စစ္ေဘးဒုကၡသည္ေတြ ရိကၡာလိုအပ္ေန

၂၀။     ဆြမ္ပရာဘြမ္ၿမိဳ႕အနီး ငလ်င္လႈပ္

၂၁။     သံျဖဴဇရပ္ၿမိဳ႕နယ္တြင္ မူးယစ္ေဆးဝါးဝယ္ယူသူ ၃၇ ဦးကို KNU ဖမ္းဆီး၊ လူတစ္ဦး ၅ သိန္းႏွင့္ ဆိုင္ကယ္တစ္စီး ၅ သိန္းစီ                           ဒဏ္ေငြခ်မွတ္

၂၂။     လက္နက္ကိုင္ပဋိပကၡမ်ားေၾကာင့္ ဧၿပီအတြင္း လူ ၇၁ ဦးေသဆံုးဟု အစီရင္ခံစာေဖာ္ျပ၊ ရခိုင္ျပည္နယ္တြင္ တိုက္ပြဲ အမ်ားဆံုး                    ျဖစ္ဟုဆို

၂၃။     ကယားျပည္နယ္သို႔ လာေရာက္သူမ်ား ခရီးသြားေထာက္ခံခ်က္ ျပရမည္

၂၄။     ေရခမ္းေျခာက္လာသည့္ ေမာ္လၿမိဳင္ ေရႊနတ္ေတာင္ဆည္ေရေပးေဝမႈ ႏွစ္ပတ္စာခန္႔သာ အဆင္ေျပေတာ့မည္ဟုဆို

၂၅။     မူဆယ္ ကိုဗစ္-၁၉ လူနာ ေဆးရံု ဆင္းခြင့္ ရ

၂၆။     က်ပ္သိန္း ၂,ဝ၀ဝ  ေက်ာ္ တန္ဖိုးရွိ ထိန္းခ်ဳပ္ဓာတုပစၥည္းမ်ား သယ္ေဆာင္လာသ ူေလးဦး ကို ဖမ္းဆီး

၂၇။     ကခ်င္ျပည္နယ္မွ COVID -19 လူနာ Case 144 မွာ စစ္ေဆးခ်က္အရ Negative နွစ္ျကိမ္ျပသျဖင့္ ေဆးရံုဆင္းကာ သီးျခား                        Quarantine ျဖင့္ ေနထိုင္

၂၈။     မူဆယ္ၿမိဳ႕ရွိ ျပည္ေတာ္ျပန္ လက္ခံႀကိဳဆိုေရး စခန္းတြင္ လူတစ္ေထာင္ေက်ာ္ ေသာင္တင္ေန

*****************

 

၁။       COVID-19 စစ္ေဆးစခန္း မီးရႈိ႕ဖ်က္ဆီးခံရမႈအေပၚ JMC-S သုိ႔ KNU တုိင္ၾကားစာေပးပုိ႔

May 8, 2020

ကရင္အမ်ဳိးသားအစည္းအရုံး-KNU တပ္မဟာ (၅)အေနျဖင့္ ေမလ ၆ ရက္ေန႔က ၎တုိ႔၏ COVID-19 စစ္ ေဆးေရးစခန္း (၂)ခုကို တပ္မေတာ္က ဝင္ေရာက္ မီး႐ႈိ႕ဖ်က္ဆီးမႈႏွင့္ ပတ္သက္ၿပီး ကရင္ျပည္နယ္ ပစ္ခတ္ တုိက္ခုိက္မႈ ရပ္စဲေရးဆုိင္ရာ ပူးတြဲေစာင့္ၾကည့္ေရး ေကာ္မတီ(JMC-S)ကုိ ယေန႔ (ေမ ၈ရက္) တုိင္ၾကားစာ ေပး ပုိ႔လုိက္သည္။

ေကအဲန္ယူအေနျဖင့္ ၎တုိ႔ထိန္းခ်ဳပ္နယ္ေျမအတြင္း က်န္းမာေရး လုပ္ငန္းမ်ားအေကာင္အထည္ေဖာ္ေဆာင္ ရြက္ေနစဥ္ ျမန္မာ့တပ္မေတာ္ အမွတ္(၈) စစ္ဆင္ကြပ္ကဲေရး ဌာနခ်ဳပ္၏ လက္ေအာက္ခံ ေျချမန္တပ္ ရင္း (ခမ ရ-၄၀၅)၏ ယာယီ တပ္ရင္းမွဴး လႈိင္ထြန္းဦးေဆာင္သည့္ အင္အား (၂၀)ခန္႔က ေကအဲန္ယူ က်န္းမာေရးဝန္ထမ္းမ်ား စုိက္ထူထားသည့္ က်န္းမာ ေရး အသိပညာေပးဆုိင္းဘုတ္မ်ားႏွင့္ က်န္းမာေရးစစ္ေဆးေရးဂိတ္ တဲမ်ားကုိ မီးရႈိ႕ဖ်က္ဆီးမႈမ်ားႏွင့္ ရန္ေထာင္ၿခိမ္းေျခာက္မႈ မ်ားျပဳလုပ္ခဲ့ေၾကာင္း တုိင္ၾကားစာ၌ ေဖာ္ျပထားသည္။ ထုိသုိ႔ ဝင္ေရာက္ဖ်က္ဆီးခံရမႈေၾကာင့္ ေကအဲန္ယူ၏ လုံၿခဳံေရး တပ္ဖြဲ႔ဝင္မ်ားႏွင့္ (ခမရ-၄၀၅) တပ္ရင္းတုိ႔အၾကား ထိပ္တုိက္ရင္ဆုိင္တုိက္ပြဲ ႏွစ္ႀကိမ္ျဖစ္ပြားခဲ့သလုိ (ခမရ-၄၁၀) တပ္ရင္း တပ္ဖြဲ႔မ်ားႏွင့္လည္း ၎ေန႔တြင္လည္း ထိပ္တုိက္ပစ္ခတ္မႈျဖစ္ပြားခဲ့ၿပီး စုစုေပါင္းပစ္ခတ္မႈ ၃ ႀကိမ္ျဖစ္ပြားခဲ့ေၾကာင္း ေကအဲန္ယူ ဘက္က ဆုိ သည္။

KNU သည္ တစ္ႏုိင္ငံလုံးပစ္ခတ္တုိက္ခုိက္မႈ ရပ္စဲေရး သေဘာတူ စာခ်ဳပ္(NCA)ကုိ သေဘာတူ လက္မွတ္ေရး ထုိးထားသည့္ တုိင္းရင္းသားလက္နက္ကုိင္ (၁၀)အဖြ႔ဲအနက္ တစ္ဖြဲ႔အပါအဝင္ျဖစ္သည္။ အစုိးရ၊တပ္မေတာ္ႏွင့္ တုိင္းရင္းသားလက္နက္ကုိင္ အဖြဲ႔အစည္းမ်ားအၾကား သေဘာတူလက္မွတ္ေရးထုိးထားသည့္ NCA စာခ်ဳပ္အရ ႏွစ္ဖက္ေလးစားလုိက္နာရမည့္ ပစ္ခတ္ တုိက္ခုိက္မႈရပ္စဲေရးဆုိင္ရာ စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္ စစ္ဘက္ဆုိင္ရာက်င့္ဝတ္မ်ား၏ အခန္း (၂)၊ အပိုဒ္(၇)၊ အပိုဒ္ခြဲ (က) အရ ျပည္သူ လူထု၏ စားဝတ္ေနေရး၊ က်န္းမာေရး၊ ပညာေရးႏွင့္ ေဒသႏၲရဖြံ႔ၿဖိဳးတိုးတက္ေရးတို႔အတြက္ လိုအပ္ေသာပံ့ပိုး ကူညီမႈ မ်ား ညွိႏွိဳင္းပူး ေပါင္းေဆာင္ရြက္ရန္ပါရွိသည္။ http://kicnews.org/2020/05/covid19%e1%80%85%e1%80 %85%e1%80%b9%e1%80%b1%e1%80%86%

**************

၂။       “ဝ”ႏွင့္ မိုင္းလားတပ္ဖြဲ႔တို႕ကို ကာခ်ဳပ္ေတြ႕ဆံု၊ မိမိတိုင္းျပည္ကို အားကိုးစိတ္ ေမြးရန္တိုက္တြန္း

May 10, 2020

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ဟာ  NDAA (မိုင္းလား) အဖြဲ႔နဲ႔ UWSA (ဝ) အဖြဲ႔တို႔က တာဝန္ရွိေတြနဲ႔ သီးျခားစီေတြ႔ဆံုၿပီး COVID-19  ေရာဂါထိန္းခ်ဳပ္ကာကြယ္ေရး အေထာက္အကူျပဳပစၥည္းေတြ ေပးအပ္ခဲ့ တယ္လို႔ တပ္မေတာ္က သတင္းထုတ္ျပန္ပါတယ္။ ေမလ ၁၀ ရက္ မြန္းလြဲပိုင္းက ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္၊ ေရႊႀတိဂံရိပ္သာ ဧည့္ခန္းမ ေဆာင္မွာ NDAA(မိုင္းလား)အဖြဲ႔မွ ဥကၠ႒ ဦးစိုင္းလင္းေခါင္းေဆာင္တဲ့အဖြဲ႔ေတြနဲ႔ UWSA (ဝ) အဖြဲ႔မွ ဦးညီကပ္ ေခါင္းေဆာင္တဲ့ အဖြဲ႔ဝင္ေတြကို ကာကြယ္ေရးဦးစီးခ်ဳပ္က လက္ခံေတြ႔ဆံုခဲ့တာပါ။

ဒီလိုေတြ႕ဆံုရာမွာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ကမၻာေပၚမွာ COVID-19 ေရာဂါျဖစ္ပြားသူေပါင္း ၄ သန္းေက်ာ္ရွိၿပီ ျဖစ္ၿပီး ျမန္မာႏိုင္ငံမွာ  ျဖစ္ပြားသူ ေပါင္း ၁၇၈ ဦးရွိၿပီျဖစ္ေျကာင္း၊ အဆိုပါ ေရာဂါဟာ မျမင္ရ၊ မၾကားရ၊ အနံ႔ခံ မရႏိုင္တာ ေၾကာင့္ လူတိုင္းကိုယ္စီအသိစိတ္နဲ႔ သတိထားေနထိုင္ၾကရမည္ျဖစ္ေၾကာင္း၊ မိုင္းလားေဒသမွာ အရပ္ဘက္ဆရာဝန္ မလံု ေလာက္ပါက တပ္မေတာ္ေဆးအဖြဲ႕ေတြ ေစလႊတ္ေပးမယ္လို႔ ေျပာပါတယ္။ ျမန္မာစာ၊ ျမန္မာစကားနဲ႔ ဗုဒၶဘာသာယဥ္ေက်းမႈ သင္တန္းေတြ သင္ၾကားေပးဖို႔ နယ္စပ္က ျပန္ဝင္လာၿပီး Qurantine  ထားရွိသူေတြရဲ႕ အခ်က္အလက္ေတြကို မွတ္တမ္းထား ရွိဖို႕၊ သြားလာမႈစည္းကမ္းေတြ စနစ္တက်လိုက္နာၾကဖို႕၊  ေဆးစစ္လိုပါက က်ိဳင္းတံုမွာလာစစ္ေဆးဖို႔နဲ႔ မိမိတိုင္းျပည္ကို အားကိုးစိတ္ ေမြးရန္လိုတယ္လို႔လည္း ေျပာပါတယ္။

NDAA (မိုင္းလား) အဖြဲ႔နဲ႔  UWSA (ဝ) အဖြဲ႔တို႔ကလည္း သူတို႔ေဒသမွာ COVID-19   ေရာဂါျဖစ္ပြားသူ မရွိေသးေၾကာင္းနဲ႔ ျဖစ္ေပၚလာပါက အသံုးျပဳႏိုင္ဖို႔ ေဆးရံု၊ ေဆးခန္းေတြ အသင့္ျပင္ဆင္ထားသလို နယ္စပ္ဝင္ေပါက္ေတြမွာလည္း  ဇန္နဝါရီလ ကတည္းက စစ္ေဆးေဆာင္ရြက္ေနတယ္လို႔ ေျပာပါတယ္။ NDAA  (မိုင္းလား) အဖြဲ႔နဲ႔ UWSA (ဝ) အဖြဲ႔တို႔အတြက္ တပ္မေတာ္ က တစ္ဖြဲ႔လွ်င္ PPE ဝတ္စံု ၅၀ဝ စံု၊  Surgical Masks  ၁၀ဝ၀ဝ ခု၊ Goggles ၁၀ဝ ခု၊ Surgical Gloves ၁၀ဝ၀ ခု၊ Bleaching Powder  ၂ ပံုး၊ Non-Contact Thermometer ၅၀ ခု၊ Hand Gel ၂၅၀ ဘူးနဲ႔ N 95 Mask  ၅၀ဝ ခုနဲ႔ စားေသာက္ဖြယ္ရာေတြ ေထာက္ပံ့ေပးခဲ့တယ္လို႔ တပ္မေတာ္ ထုတ္ျပန္ခ်က္အရ သိရပါတယ္။ http://burmese.dvb.no/archives/387134

*************

၃။       ဖလံု-စေဝၚပါတီမွ ေရြးေကာက္ပြဲဝင္မည့္ ကုိယ္စားလွယ္ေလာင္းမ်ားအား ေရြးခ်ယ္မည္

May 8, 2020

ကိုဗစ္-၁၉ ေၾကာင့္ ေႏွာင့္ေႏွးေနရသည့္ ပါတီကိစၥမ်ားအတြက္ ကရင္ျပည္နယ္ အေျခစုိက္ ဖလံု-စေဝၚ ဒီမုိကရက္တစ္ပါတီ (PSDP)က လာမည့္ ၂၀၂၀ ခုႏွစ္၊ ပါတီစံုဒီမုိကေရစီအေထြေထြ ေရြးေကာက္ပြဲတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ကုိယ္စားလွယ္ ေလာင္း စိစစ္ေရြးခ်ယ္မႈမ်ားကို ေမလအတြင္း ျပဳလုပ္သြားရန္ စီစဥ္ေနေၾကာင္း သိရသည္။

အဆိုပါကုိယ္စားလွယ္ေလာင္းမ်ားကို စိစစ္ေရြးခ်ယ္ႏိုင္ေရးအတြက္ ယခု ေမလအတြင္း ပါတီ အစည္းအေ၀း တစ္ရပ္ေခၚယူ ကာ ဆံုးျဖတ္ခ်က္ရယူသြားမည္ျဖစ္ေၾကာင္းလည္း PSDP ဥကၠ႒ ေစာခင္ေမာင္ျမင့္က ေကအုိင္စီ သုိ႔ ယခုလုိေျပာသည္။ “ဧၿပီ လ ကတည္းက အစည္းအေဝးထုိင္ဖုိ႔ လ်ာထားေပမယ့္ Covid-19 ေၾကာင့္ မလုပ္ျဖစ္ဘူး။ ဒီ ေမလအတြင္း မွာေတာ့ လုပ္ဖုိ႔ လ်ာထားတယ္။ ေရြးေကာက္ပြဲ မဲဆြယ္ကာလက သိပ္မလုိေတာ့ဘူးေလ။ ဒါေၾကာင့္ (ေရြးေကာက္ပြဲေကာ္မရွင္) ေတာင္းတဲ့ခါ အဆင္သင့္ျဖစ္ေအာင္ေပါ့” ဟု ၎က ယေန႔(ေမ ၈ ရက္)တြင္ ေျပာသည္။

ေရြးေကာက္ပြဲဝင္ခ်င္ေသာ သူမ်ားမွ ပုဂၢိဳလ္ေရးအခ်က္အလက္မ်ား၊ ပညာအရည္အခ်င္း၊ အလုပ္အကုိင္၊ ေနရပ္ လိပ္စာမ်ားကုိ အဆုိျပဳ ေလ်ွာက္လႊာေဖာင္၌ ျဖည့္သြင္းၿပီးေနာက္ ေရြးခ်ယ္ေရး ေကာ္မတီဝင္မ်ားက အစည္း အေဝးထုိင္ကာ အဖက္ဖက္မွ ျပန္လည္ဆုံးျဖတ္ေပးရမည္ျဖစ္ေၾကာင္းလည္း PSDP တာဝန္ရွိသူထံမွ သိရသည္။ ကရင္ျပည္နယ္တြင္သာ အဓိကထား ယွဥ္ၿပိဳင္ သြားရန္ရွိသည့္ PSDP အေနျဖင့္ ကုိယ္စားလွယ္ေလာင္းမ်ားအား ေရြးခ်ယ္သြားရန္ ရွိေနသလုိ မဲဆႏၵနယ္ေျမ မထပ္ေရးအတြက္ အျခားေသာ ညီေနာင္ကရင္ပါတီမ်ားႏွင့္ ညွိႏွိဳင္း ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္းလည္း ေစာခင္ေမာင္ျမင့္ က ေျပာသည္။

လက္ရွိတြင္ ကရင္ျပည္နယ္အေျခစုိက္ ဖလုံ-စေဝၚဒီမိုကရက္တစ္ပါတီ(PSDP) ႏွင့္ ကရင္အမ်ိဳးသားဒီမုိကရက္ တစ္ပါတီ (KNDP)၊ ရန္ကုန္အေျခစုိက္ ကရင္ျပည္သူ႔ပါတီ(KPP) ႏွင့္ ကရင္အမိ်ဳးသား ပါတီ(KNP)တုိ႔ တရားဝင္ ႏုိင္ငံေရးပါတီမ်ားအျဖစ္ ရပ္တည္လ်က္ ရွိသည္။ http://kicnews.org/2020/05/%e1%80%96%e1%80%9c%e1%80%b6%e1%80%af

**************

၄။       အစိုးရႏွင့္ အပစ္ရပ္မ်ား COVID-19 ကာကြယ္ေရး အခ်က္ ၇ ခ်က္သေဘာတူ

May 9, 2020

အစိုးရ၏ Covid-19 ကာကြယ္ထိန္းခ်ဳပ္ေရးဆိုင္ရာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔မ်ားႏွင့္ ညွိႏိႈင္းပူးေပါင္းေရး ေကာ္တီသည္ တႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) ေရးထိုးထားေသာ အပစ္ရပ္ ၁၀ ဖြဲ႔ႏွင့္ ေမလ ၈ ရက္ေန႔က ေဆြးေႏြးၾကသည္။ အဆိုပါ COVID-19 ဆိုင္ရာ လုပ္ငန္းညွိႏိႈင္း အစည္းအေဝးကို အြန္လိုင္းရုပ္သံ (Online Video Conferencing) ပံုစံျဖင့္ သက္ဆိုင္ရာ အဖြဲ႔အစည္း ကိုယ္စားျပဳ ကိုယ္စားလွယ္ ၂၀ ေက်ာ္က ေဆြးေႏြးခဲ့ျခင္းျဖစ္ၿပီး အခ်က္ ၇ ခ်က္ သေဘာတူညီမႈ ရရွိခဲ့ေၾကာင္း သိရသည္။

အစိုးရ၏ COVID-19 ကာကြယ္ထိန္းခ်ဳပ္ေရးဆိုင္ရာ EAO မ်ားႏွင့္ ညွိႏိႈင္းပူးေပါင္းေရး ေကာ္မတီ ဒုတိယဥကၠ႒ အၿငိမ္းစား ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ခင္ေဇာ္ဦး က “က်ေနာ္တို႔ဘက္ကေတာ့ က်ေနာ္တို႔ေကာ္မတီေတြအားလံုး တက္ပါတယ္။ သူတို႔ဘက္ ကလည္း EAO ေခါင္းေဆာင္ေတြတက္ၾကပါတယ္။ ဒီေဆြးေႏြးပြဲက ေကာင္းပါတယ္”ဟု ဧရာဝတီသို႔ေျပာသည္။ အစည္း အေဝးတြင္ ေရာဂါကာကြယ္ေရးထိန္းခ်ဳပ္ေရးအတြက္ နည္းပညာပိုင္းဆိုင္ရာ ကိစၥမ်ား ၊ ပစၥည္းပံ့ပိုးေရးကိစၥမ်ား အစရွိသည္တို႔ ကို အစိုးရနဲ႔ EAO မ်ားအၾကား အျပန္အလွန္ ညွိႏိႈင္းေဆာင္ရြက္ၾကရန္အပါအဝင္ ေရာဂါကုသႏိုင္ေရးအတြက္ အစိုးရႏွင့္ EAO မ်ားအၾကား သတင္းအခ်က္အလက္ ဖလွယ္ျခင္းႏွင့္ အနီးစပ္ဆံုး ေဆးရံုမ်ားသို႔ ပို႔ေဆာင္ကုသေရးကို အျပန္အလွန္ ညွိႏိႈင္း ေဆာင္ရြက္ၾကရန္ သေဘာတူညီခဲ့ေၾကာင္း ၎က ဆိုသည္။ KNU အေထြေထြ အတြင္းေရးမွဴးခ်ဳပ္ ပဒိုေစာတာဒိုမွဴးကလည္း အစိုးရ၏ ညွိႏိႈင္းပူးေပါင္းေရးေကာ္မတီႏွင့္ အပစ္ရပ္စာခ်ဳပ္ လက္မွတ္ထိုးထားသည့္ EAO မ်ားေဆြးေႏြးပြဲသည္ COVID-19 ကာကြယ္ေရးကို အစိုးရႏွင့္ EAO မ်ား ပူးေပါင္းေဆာင္ရြက္ရာတြင္ မည္ကဲ့သို႔အေျခခံမူမ်ားျဖင့္ ညွိႏိႈင္းေဆာင္ရြက္ၾကမည္ကို ေဆြးေႏြးၾကျခင္း ျဖစ္ေၾကာင္း ေျပာသည္။

“COVID-19 ကာကြယ္ ထိန္းခ်ဳပ္ေရးႏွင့္ စပ္လ်ဥ္း၍ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႔အစည္းမ်ားႏွင့္ ညွိႏိႈင္း ပူးေပါင္းေရး ေကာ္မတီ” ကို ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္က (EAO)မ်ား ထိန္းခ်ဳပ္ထားသည့္ ေဒသတြင္း ေနထိုင္သူမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈ ေပးရန္ ရည္ရြယ္ကာ ဧၿပီ ၂၇ ရက္တြင္ ဖြဲ႔စည္းလိုက္ျခင္းလည္း ျဖစ္သည္။ ယင္းေကာ္မတီတြင္ အစိုးရႏွင့္ EAO မ်ားၾကား သတင္း အခ်က္အလက္ ဖလွယ္ရန္၊ EAO မ်ားႏွင့္ ျပည္နယ္အစိုးရၾကား ပူးေပါင္းေရး ေဆာင္ရြက္ေပးရန္၊ EAO ေဒသအတြင္း ေရာဂါလကၡဏာ ျပလာသူမ်ားရွိပါက ေစာင့္ၾကပ္ကုသမႈ ေပးႏိုင္ေရး ညွိႏိႈင္းေဆာင္ရြက္ၾကရန္ အပါအဝင္ ေရာဂါႏွင့္ပတ္သက္၍ နည္းပညာဆိုင္ရာ ပူးေပါင္းေရးေဆာင္ရြက္ရန္ စသည့္လုပ္ငန္းတာဝန္ ၇ ရပ္ ရွိသည္။ https://burma. irrawaddy.com/news/2020/05/09/222267.html

*************

၅။       မူဆယ္ၿမိဳ႕အ၀င္ တုိးဂိတ္ ဗုံးခြဲ တုိက္ခုိက္ခံရ

May 12, 2020

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ မူဆယ္ၿမိဳ႕အဝင္ Oriental Highway (OHC) တိုးဂိတ္ကို တနလၤာေန႔ ည(၈)နာရီခြဲ အခ်ိန္ ေလာက္မွာ အမည္မသိ ဆိုင္ကယ္စီးသူ ႏွစ္ဦးက ဗုံးလို႔ ယူဆရတဲ့ အရာနဲ႔ လာေရာက္ပစ္ခတ္ သြားတာေၾကာင့္ ေပါက္ကြဲမႈ ျဖစ္ပြားခဲ့တယ္လို႔ အစိုးရ ျပန္ၾကားေရး သတင္းမွာ ေဖၚျပပါတယ္။

ဒီ ေပါက္ကြဲမႈေၾကာင့္ (OHC) တိုးဂိတ္ေငြေကာက္ေကာင္တာ တာဝန္က် ကိုမ်ိဳးထက္နိုင္ ဒဏ္ရာအနည္းငယ္ရသြားၿပီး၊ တိုးဂိတ္ ေကာင္တာ (၃)ခု အမိုးလန္ မွန္ကြဲ သြားတယ္လို႔ ဆိုပါတယ္။

(OHC) တိုးဂိတ္ကို ဗုံးနဲ႔လာပစ္သူႏွစ္ဦးက ေတာ့ မူဆယ္ ၿမိဳ႕ေရွာင္လမ္းအတိုင္း ဆိုင္ကယ္နဲ႔ ေမာင္းေျပး တိမ္းေရွာင္သ ြားၿပီး ခုခ်ိန္ထိ စုံစမ္းေနဆဲ ျဖစ္ပါတယ္။ https://burmese.voanews.com/a/muse-oriental-highway-bomb-attack-/5415462

*************

၆။       ၾသဂုတ္ ၃၁  ရက္အထိ အပစ္အခတ္ရပ္စဲေၾကာင္း တပ္မေတာ္ေၾကညာ

May 9, 2020

ေမလ ၁၀  ရက္ေန႔မွ ၾသဂုတ္ ၃၁  ရက္အထိ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲထားေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီး ခ်ဳပ္ရံုးက  ေမလ ၉ ရက္ေန႔စြဲနဲ႔ ထုတ္ျပန္ေၾကညာပါတယ္။ ျမန္မာႏိုင္ငံမွာ COVID-19  ေရာဂါထိန္းခ်ဳပ္၊ ကာကြယ္၊ ကုသေရးလုပ္ငန္း ေတြ ပိုမိုထိေရာက္ လ်င္ျမန္က်ယ္ျပန္႔စြာ ေဆာင္ရြက္ႏိုင္ေရးနဲ႔ ထာဝရၿငိမ္းခ်မ္းေရးအတြက္ တပ္မေတာ္အေနနဲ႔ ႏိုင္ငံတကာ စံႏႈန္းအတိုင္း ႏိုင္ငံေတာ္က အၾကမ္းဖက္ဟု သတ္မွတ္ေၾကညာထားတဲ့ အၾကမ္းဖက္အဖြဲ႔အစည္းေတြရွိေနတဲ့ ေနရာမ်ားမွအပ က်န္နယ္ေျမေတြမွာ ၂၀၂၀ ျပည့္ႏွစ္၊ ေမလ ၁၀ ရက္မွ ၾသဂုတ္လ ၃၁ ရက္ေန႔အထိ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲထားေၾကာင္း

ေၾကညာခ်က္မွာ ေဖာ္ျပပါတယ္။ ကမၻာအႏွံ႔မွာ  COVID-19 ကမၻာ့ကပ္ေရာဂါနဲ႔ ရင္ဆိုင္ေနရတာေၾကာင့္ ကမၻာတဝန္း လက္ရွိ ျဖစ္ပြားေနတဲ့ လက္နက္ကိုင္ပဋိပကၡေတြ ရပ္တန္႔ေပးၾကဖို႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္က တိုက္တြန္းထားသလို  ျမန္မာ ႏိုင္ငံမွာလည္း  ကမၻာ့ကပ္ေရာဂါ COVID-19 ထိန္းခ်ဳပ္၊ ကာကြယ္၊ ကုသေရးအတြက္ ႏိုင္ငံေတာ္က ေဆာင္ရြက္ေနတာကို တပ္မေတာ္ကလည္း ပါဝင္ ကူညီေဆာင္ရြက္ေနတယ္လို႔လည္းဆိုပါတယ္။

အခုလို အပစ္ရပ္ ေၾကညာထားတဲ့ကာလမွာ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႔အစည္းေတြအားလံုးအေနနဲ႔  တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ရဲ့ ၿငိမ္းခ်မ္းေရးမူဝါဒ ၆ ခ်က္အနက္ ၄ ခ်က္ကို  အေလးအနက္ လိုက္နာၾကဖို႔လည္း တပ္မေတာ္က တိုက္တြန္းပါတယ္။ အဆိုပါ ၄ ခ်က္ကေတာ့ သေဘာတူစာခ်ဳပ္မ်ားအတိုင္း ကတိတည္ရန္၊ ၿငိမ္းခ်မ္းေရး သေဘာတူညီ ခ်က္မ်ားအေပၚ အျမတ္မထုတ္ရန္၊ ေဒသခံျပည္သူမ်ားအေပၚ ဝန္ထုပ္ဝန္ပိုးမျဖစ္ေစရန္၊ ႏိုင္ငံေတာ္က ထုတ္ျပန္ထားသည့္ တည္ဆဲဥပေဒမ်ားကို လိုက္နာရန္တို႔ ျဖစ္ပါတယ္။ ဒါ့အျပင္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔အခ်င္းခ်င္း တစ္ဖြဲ႔ႏွင့္တစ္ဖြဲ႔ အျပန္အလွန္ တိုက္ခိုက္တာနဲ႔ ေဒသခံတိုင္းရင္းသားေတြအေပၚ  အႏိုင္က်င့္တာေတြမလုပ္ဖို႔၊ ႏိုင္ငံေတာ္အစိုးရရဲ႕ အုပ္ခ်ဳပ္မႈ ယႏၱရားအဆင့္ဆင့္ကို လည္းေကာင္း၊ လမ္းပန္း ဆက္သြယ္မႈ လံုၿခံဳေခ်ာေမြ႔ေစေရးကို လည္းေကာင္း၊ ျပည္သူလူထုရဲ႕ အသက္အိုးအိမ္စည္းစိမ္နဲ႔ အက်ိဳးစီးပြားေတြကို လည္းေကာင္း မထိခိုက္ေအာင္ တာဝန္ယူဖို႔နဲ႔ မလိုက္နာရင္  တပ္မေတာ္ အေနနဲ႔ လိုအပ္သလို အေရးယူေဆာင္ရြက္သြားမယ္လို႔လည္း သတိေပးထားပါတယ္။

ေျမာက္ပိုင္းမဟာမိတ္တိုင္းရင္းသားလက္နက္ကိုင္ ၃ ဖြဲ႔ျဖစ္တဲ့ ကိုးကန္႔ (MNDAA) ၊ တေအာင္း (TNLA)နဲ႔ ရကၡိဳင့္တပ္ေတာ္ (AA)တို႔ကလည္း တဖက္သတ္ အပစ္ရပ္ေၾကာင္း မၾကာခဏ ေၾကညာခဲ့ဖူးပါတယ္။ ဒီလို ပစ္ခိုက္တိုက္ခိုက္မႈေတြ ရပ္စဲ ေၾကာင္း ေၾကညာထားတဲ့ၾကားကပဲ တိုက္ပြဲေတြကေတာ့ ရပ္တန္႔ျခင္းမရွိဘဲ ဆက္လက္ျဖစ္ပြားေနတာျဖစ္ပါတယ္။ http://bur mese.dvb.no/archives /387002

*************

၇။       KNU ႏွင့္ ျမန္မာ့တပ္မေတာ္ပစ္ခတ္မႈ ေနာက္ဆက္တြဲ ဝါသိုခိုရြာလံုးကြ်တ္ထြက္ေျပးတိမ္းေရွာင္ေနရ

May 8, 2020

KNU -ကရင္အမ်ဳိးသားအစည္းအ႐ုံး မူေၾတာ္(ဖာပြန္)ခရိုင္ (တပ္မဟာ-၅) လက္ေအာက္ခံ ကရင္အမ်ဳိးသား လြတ္ေျမာက္ေရး တပ္မေတာ္-KNLA တပ္ဖြဲ႔ဝင္မ်ားႏွင့္ ျမန္မာ့တပ္မေတာ္တို႔အၾကား ေမလ ၆ ရက္ေန႔က ျဖစ္ပြား ခဲ့သည့္ ပစ္ခတ္မႈမ်ားေၾကာင့္ ဖာပြန္ၿမိဳ႕နယ္ ဝါေကာ္ေက်း ေက်းရြာအုပ္စုအတြင္းရွိ ဝါသိုခိုေက်းရြာမွ ရြာသားမ်ားမွာ ရြာလံုးကြ်တ္ထြက္ေျပးတိမ္းေရွာင္ ေနရေၾကာင္း သိရသည္။

ဖာပြန္- ကမေမာင္းၾကားရွိ ၀ါသိုခိုေက်းရြာႏွင့္ ဖားလို႔လမ္းခြရွိ KNU မူေၾတာ္ခ႐ုိင္၏ COVID-19 ေရာဂါကာကြယ္ တားဆီးေရး ဂိတ္(၂)ခုကုိ ျမန္မာ့တပ္မေတာ္က ေမလ ၆ ရက္ေန႔တြင္ ဝင္ေရာက္ မီးရႈိ႕ဖ်က္ဆီးခဲ့ျခင္းေၾကာင့္ ႏွစ္ဖက္အၾကား တင္းမာမႈ ျဖစ္ပြားခဲ့ၿပီးေနာက္ ယင္းေန႔ ေန႔လည္တြင္ အျပန္အလွန္ ပစ္ခတ္မႈမ်ား ျဖစ္ပြားခဲ့ သည့္အတြက္ ၀ါသိုခိုရြာသား ၄၈၀ ေက်ာ္မွာ ထုိသုိ႔ ထြက္ေျပးတိမ္းေရွာင္းခဲ့ရျခင္း ျဖစ္သည္။ အဆိုပါကိစၥႏွင့္ပတ္သက္ၿပီး ၀ါေကာ္ေက်း ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴး ေစာလွေဌးဦးက “ စျဖစ္တာနဲ႔ ရြာလံုး ကြ်တ္ထြက္ေျပးၾကရတာပါပဲ။ ဘာျဖစ္လို႔လဲဆိုေတာ့ အရင္တစ္ခါတုန္းက ျဖစ္တာ ရြာသား ၂ ေယာက္ထိ ဘူး တယ္ေလ။ အခုရြာမွာ ရြာကိုထိန္းတဲ့သေဘာအေနနဲ႔ လူႀကီးသံုးေလးေယာက္ ေလာက္ပဲက်န္ တယ္။ အိမ္ေျခ ကေတာ့ ၇၀ ေက်ာ္၊ လူဦးေရကေတာ့ ၄၈၀ ေက်ာ္ရွိတယ္” ဟု ၎က ေျပာသည္။

ဖာပြန္ၿမိဳ႕နယ္ ၀ါေကာ္ေက်း ေက်းရြာအုပ္စုအတြင္းတြင္ ၀ါေကာ္ေက်း၊ ကြ်န္းေတာ၊ တံတားဦး၊ ၀ါးဒူး ၊ ၀ါသိုခိုႏွင့္ မိဇိုင္းေခ်ာင္း ဖ်ား(မယ္က်ိခီး) စသည့္ေက်းရြာမ်ားပါ၀င္ၿပီး ယခုျဖစ္စဥ္တြင္ ပစ္ခတ္မႈႏွင့္ ကိုက္အ နည္းငယ္သာ ကြာေဝးသည့္ ဝါသိုခို ေက်းရြာမွ ရြာသားမ်ားသာ ထြက္ေျပးတိမ္းေရွာင္ခဲ့ၾကရသည္ဟု သိရသည္။

ထို႔အျပင္ ၿပီးခဲ့သည့္ ရက္ပိုင္းက ျဖစ္ပြားခဲ့သည့္ ပစ္ခတ္မႈျဖစ္စဥ္မ်ားေၾကာင့္ လက္ရွိ ျမန္မာ့တပ္မေတာ္ႏွင့္ KNU တပ္မဟာ ၅ တို႔ တစ္ဖက္ႏွင့္တစ္ဖက္ တပ္ပိုင္းဆိုင္ရာ အဆင္သင့္ေနရာယူမႈမ်ားရွိေနေသးသည့္အတြက္ ပစ္ခတ္မႈမ်ားဆက္လက္ျဖစ္ပြား လာမည္ကို စိုးရိမ္ေၾကာင္းလည္း ေဒသခံ မ်ားေျပာျပခ်က္မ်ားအရသိရသည္။ http://kicnews.org/2020/05/knu%e1  %82%8f%e1%80%bd%e1%80%84%e1  %80%b9%e1%80%b7

*************

၈။       ေျမပံုနဲ႔ ပုဏၰားကြ်န္း ရြာႏွစ္ရြာက လူငယ္ေတြနဲ႔ လူလတ္ပိုင္းေတြကို တပ္မေတာ္ဖမ္းဆီး

May 9, 2020

ရခိုင္ျပည္နယ္ ေျမပံုနဲ႔ ပုဏၰားကြ်န္းၿမိဳ႕နယ္တြင္း ရြာႏွစ္ရြာက လူငယ္နဲ႔ လူလတ္ပိုင္းအရြယ္ အမ်ိဳးသားေတြကို တပ္မေတာ္က ဖမ္းဆီးသြားတယ္လို႔ ေဒသခံေတြ ေျပာပါတယ္။ ဒါေၾကာင့္ ေဒသခံေတြဟာ ရြာမွာမေနရဲဘဲ နီးစပ္ရာရြာေတြကို ထြက္ေျပးေန ၾကတယ္လို႔ ဆိုပါတယ္။

ေမလ ၉ ရက္ ဒီမနက္ ၄ နာရီေလာက္မွာ ေျမပံုၿမိဳ႕နယ္ ေရရွင္ရြာကို တပ္မေတာ္စစ္ေၾကာင္း ဝင္ေရာက္လာၿပီး မနက္ ၆ နာရီ ေလာက္မွာ ေက်းရြာသား ၇၀ ေလာက္ကို ဖမ္းဆီးသြားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ အသက္ ၁၂ ႏွစ္အထက္ လူငယ္ေတြကို ဖမ္းဆီးၿပီး ေရရွင္ေတာင္ေပၚကို တပ္ရိကၡာသယ္ခိုင္းတာလို႔ လံုၿခံဳေရးအရ အမည္မေဖာ္လိုတဲ့ ေရွရွင္ေက်းရြာက ေဒသခံတစ္ဦးက RFA ကိုေျပာပါတယ္။ ဒီအေျခအေနေၾကာင့္ တခ်ိဳ႕လည္း ရြာမွာမေနရဲဘဲ နီးစပ္ရာရြာေတြကို ထြက္ေျပး ေနၾကၿပီး၊ အမ်ိဳးသမီးေတြနဲ႔ သက္ႀကီးရြယ္အိုေတြပဲ အမ်ားစုက်န္ခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ေက်းရြာအဝင္မွာ လက္နက္ႀကီး ႏွစ္ခု ရြာအလယ္မွာ လက္နက္ႀကီး တစ္ခုနဲ႔ ေရရွင္ေတာင္ေပၚမွာ လက္နက္ႀကီး တစ္ခု စုစုေပါင္း လက္နက္ႀကီး ေလးခု တပ္စြဲထားတယ္လို႔ ဆိုပါတယ္။

အလားတူ ပုဏၰားကြ်န္းၿမိဳ႕နယ္ ဒိုးတန္းရြာေဟာင္းက ေဒသခံ ခုႏွစ္ဦးကိုလည္း ဒီေန႔မနက္ပိုင္းမွာပဲ တပ္မေတာ္က ဖမ္းဆီး သြားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။  အသက္ ၅၀ ဝန္းက်င္းအရြယ္ေတြကို ဖမ္းဆီးသြားတယ္လို႔ သိရေၾကာင္း ပု႑ားကြ်န္းၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္လတ္က ေျပာပါတယ္။ အဲဒီကိစၥေတြနဲ႔ ပတ္သက္ၿပီး အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မွဴးႀကီး ဝင္းေဇာ္ဦး ကို RFA က ဆက္သြယ္ေမးျမန္းေပမယ့္ မရခဲ့ပါဘူး။ တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕က ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္း ကေတာ့ ဒီသတင္းကို မသိရေသးေၾကာင္း တံု႔ျပန္ခဲ့ ပါတယ္ RFA က ရရွိတဲ့ အခ်က္အလက္ေတြအရ ရခိုင္ျပည္နယ္ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ေတြမွာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ ၂၆ ရက္ေန႔ကေန ဧၿပီလ ၂၀ ရက္ေန႔ တစ္လေက်ာ္ကာလအတြင္း ေသဆံုးတဲ့ အရပ္သား ၈၅ ဦးထက္ မနည္းရွိ ေနၿပီး ထိခိုက္ဒဏ္ရာ ရရွိသူဟာလည္း ၂၀ဝ ေက်ာ္အထိ ရွိေနပါတယ္။ https://www.rfa. org/burmese/news/army-arr ested-myaypon-ponnagyun-young-adults-villagers-05092020072757.html

**************

၉။       ဝါရာဇြပ္ေဒသခံမ်ားေတာင္းဆိုသည့္ စားက်က္ေျမ မသတ္မွတ္ေပးႏိုင္ေၾကာင္း အစိုးရအေၾကာင္းျပန္

May 9, 2020

ကခ်င္ျပည္နယ္၊ ဟူေကာင္ခ်ိဳမ့္ဝွမ္းေဒသ လီဒိုလမ္းမေပၚ ဝါရာဇြပ္ေက်းရြာေဒသခံမ်ား ေတာင္းဆိုထားသည့္ စာက်က္ေျမကို ေတာင္းဆိုမႈအတိုင္း မသတ္မွတ္ေပးႏိုင္ေၾကာင္း ေဒသခံမ်ားကို ကားမိုင္းအုပ္ခ်ဳပ္ေရးမွဴးရံုးမွ ေမလ ၇ ရက္ေန႔ အေၾကာင္းျပန္ ခဲ့သည္ဟု သိရသည္။ ေက်းရြာေဒသခံမ်ားကိုယ္တိုင္ ေက်းရြာစာက်က္ေျမအျဖစ္ ေျမဧက ၃၅၅၀ ကို သတ္မွတ္ၿပီး တရားဝင္ အသိအမွတ္ျပဳေပးရန္ ေနျပည္ေတာ္ ဗဟိုအစိုးရထံသို႔ ၃ ႀကိမ္တိုင္တိုင္ ေတာင္းဆိုခဲ့ၿပီးေနာက္ ယခု ပထမအႀကိမ္ အေၾကာင္း ျပန္ခဲ့ျခင္းျဖစ္သည္ဟု သိရသည္။

ေမလ ၇ ရက္ေန႔ ၎တို႔ကို ကားမိုင္း အုပ္ခ်ဳပ္ေရးမွဴး ေခၚယူေတြ႔ဆံုမႈႏွင့္ပတ္သက္ၿပီး ဝါရာဇြပ္ေဒသခံ ဦးလရွီးေအာင္လတ္က “က်ေနာ္တို႔ကို ၿမဳိ႕နယ္အုပ္ခ်ဳပ္ေရးမွဴးက ေခၚယူတ္ယ။ ခင္ဗ်ားတို႔ တင္ျပထားတဲ့ စာနဲ႔ပတ္သက္ၿပီး အထက္က အေၾကာင္း ျပန္ထားတယ္။ အဲ့ေတာ့ အဲ့ဒါကို ဖတ္ျပတယ္။ ပထမက စားက်က္ေျမ သတ္မွတ္ေပးဖို႔ ေတာင္းဆိုထားတဲ့ ေျမဧက အရမ္း က်ယ္တယ္။ အစိုးရက ႏြား ၇ ႏွစ္ေကာင္မွာ ေျမဧက ၁ ဧကသ သတ္မွတ္ထားတာျဖစ္တယ္။ ၿပီးရင္ အခုေတာင္းဆိုထားတဲ့ ေနရာေတြက က်ားထိန္းသိမ္းေရးေနရာအျဖစ္ သတ္မွတ္ထားတဲ့ေနရာလည္း ပါဝင္ေနတယ္။ ေနာက္ ယုဇန အခြန္ေဆာင္ ထားတဲ့ ေျမေနရာလည္း ျဖစ္ေနတယ္။ အဲ့ေၾကာင့္ သီးျခား ေျမလြတ္တဲ့ေနရာ ျပန္ရွာၿပီး ထပ္မံျပန္တင္ျပရန္ လိုတယ္ဆိုၿပီး ေျပာခဲ့တယ္”ဟု ေျပာသည္။ ဟူးေကာင္းခ်ိဳမ့္ဝွမ္းေဒသတြင္ ၂၀၀၄ ခုႏွစ္မွစတင္ကာ က်ားထိန္းသိမ္းေရးစီမံကိန္း စတင္ခဲ့ၿပီး ေနာက္ ၂၀၀၇ ခုႏွစ္တြင္ တဖန္အဆိုပါ စီမံကိန္းအတြင္း နယ္ေျမတခ်ိဳ႕ကို ယုဇနကုမၸဏီထံ ျပန္လည္လုပ္ကိုင္ခြင့္ေပးခဲ့သျဖင့္ ေဒသခံမ်ား၏ လယ္ယာေျမႏွင့္ စားက်က္ေျမမ်ား ေပ်ာက္ဆံုးခဲ့ရသည္ဟု ေျပာသည္။ သို႔ေသာ္လည္း အမ်ိဳးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ NLD အစိုးရလက္ထက္တြင္ ေက်းရြာစားက်က္ေျမသတ္မွတ္ေပးရန္ ေဒသခံမ်ားကိုယ္တိုင္ ႏိုင္ငံေတာ္သမၼတရံုးအထိ စာေရးေပးပို႔ခဲ့ၿပီးေနာက္ ယခု ပထမအႀကိမ္ အေၾကာင္းျပန္ခဲ့ျခင္း ျဖစ္သည္ဟု ထပ္မံေျပာသည္။

ဟူးေကာင္းခ်ိဳမ့္ဝွမ္းေဒသ ေက်းရြာ ၂၀ ေက်ာ္တြင္ လြန္ခဲ့သည္ ၁၀ ႏွစ္ေက်ာ္က ေျမယာသိမ္းပိုက္ခံခဲ့ရတာေၾကာင့္ ဆံုးရႈံးခဲ့ သည့္ ေျမယာမ်ားကို ျပန္လည္ရရွိရန္ ျပန္လည္ႀကိဳးစားရာ ၂၀၁၇ ခုႏွစ္မွစတင္ကာ စားက်က္ေျမ ေခါင္းစဥ္ျဖင့္ ေျမဧက ၆ ေသာင္းေက်ာ္ကို စားက်က္ေျမသတ္မွတ္ေပးရန္ ေနျပည္ေတာ္ဗဟိုအစိုးရအဆင့္အထိ ေတာင္းဆိုခဲ့သည္။ ကိုယ္ပိုင္စားက်က္ ေျမသတ္မွတ္ထားေသာ ေက်းရြာ ၁၃ ခုၿပီးၿပီး ၎တို႔မွာ တရုန္၊ လဂ်ားဘြမ့္၊ ပနပ့္၊ ေအာင္ရာ၊ တိန္႔ေကာက္၊ ဝါရာဇြပ္၊ ရွဒူးဇြပ္၊ ေနာင္းမီ၊ ဒြန္ဘန္၊ လဝါး၊ ဒြမ္ဘုန္းႏွင့္ လေဂါင္ စေသာေက်းရြာမ်ားျဖစ္ၾကသည္။ ထိုေနရာမ်ားတြင္ ေဒသခံမ်ားႏွင့္ ယုဇန ကုမၸဏီတို႔ၾကားမွာလည္း ပဋိပကၡျဖစ္ေနဆဲျဖစ္သည္။ https://burmese.kachinnews.com/2020/05/09/%e1%80%9  d%e1%80%ab%e1%80%9b%e1%80%ac%e1%

***************

၁၀။     ကုလားတန္ စီမံကိန္း အခ်ိန္မီ မၿပီးေတာ့ဘဲ MOU သက္တမ္း တိုးမည္

May 9, 2020

တပ္မေတာ္ႏွင့္ ရကၡိဳင္စစ္တပ္ (AA)တို႔၏ တိုက္ပြဲမ်ားေၾကာင့္ ျမန္မာႏွင့္အိႏၵိယႏွစ္ႏိုင္ငံ စာခ်ဳပ္ခ်ဳပ္ဆိုကာေဆာင္ရြက္ေနသည့္ ကုလားတန္ စီမံကိန္း၏ အေျခခံ အေဆာက္အအံုမ်ား သတ္မွတ္ခ်ိန္အတြင္း အၿပီးသတ္ မေဆာက္ႏိုင္ဘဲ ရပ္တန္႔ေနသည္ဟု သတင္း ရရွိသည္။

ျမန္မာႏွင့္ အိႏိၵယ၂ ႏိုင္ငံၾကား ခ်ဳပ္ဆိုထားသည့္ သေဘာတူ စာခ်ဳပ္အရ ကုလားတန္ စီမံကိန္းကို ၃ ႏွစ္အတြင္းအၿပီး တည္ ေဆာက္ၾကမည္ဟု ကတိကဝတ္ျပဳထားၿပီး စီမံကိန္းကို ၂၀၁၇ ခုႏွစ္ ဇြန္ ၁ ရက္က စတင္ခဲ့ျခင္းျဖစ္သည္။ စာခ်ဳပ္ပါ ကတိ ကဝတ္အရ ၂၀၂၀ ဇြန္လတြင္ အၿပီးသတ္ တည္ေဆာက္ၿပီးစီးရမည္ ျဖစ္ေသာ္လည္း တပ္မေတာ္ႏွင့္ AA တို႔၏ တိုက္ပြဲမ်ား ေၾကာင့္ ၾကန္႔ၾကာေနျခင္းျဖစ္သည္။ ခ်င္းျပည္နယ္ အစိုးရအဖြဲ႕မွ စည္ပင္ဝန္ႀကီး ဦးစိုးထက္က “ကုလားတန္ စီမံကိန္းလမ္းပိုင္း က ဇြန္မွာ မၿပီးႏိုင္ဘူး။ စာခ်ဳပ္ သက္တမ္းကလည္း ဇြန္မွာ ကုန္မွာျဖစ္လို႔ အခု ျပည္ေထာင္စုအဆင့္က စာခ်ဳပ္ MOU သက္တမ္းတိုးဖို႔  ျပန္လုပ္ေနပါတယ္” ဟု ေျပာသည္။

ကုလားတန္ စီမံကိန္းသည္ အိႏၵိယ၏ အေရွ႕ေမွ်ာ္ မူဝါဒအရ ကုန္းတြင္းပိတ္ျဖစ္ေနသည့္ အိႏိၵယ အေရွ႕ေျမာက္ ျပည္နယ္ကို ပင္လယ္ထြက္ေပါက္ ရရန္၊ ေဒသတြင္း ကုန္ပစၥည္းမ်ားကို အေရွ႕ေတာင္ အာရွေဒသသို႔ ျဖန္႔က်က္ ခ်ိတ္ဆက္ႏိုင္ရန္ ရည္ရြယ္ကာ ေဆာင္ရြက္ေနျခင္း ျဖစ္သည္။ အိႏိၵယႏိုင္ငံ၏ အျခားျပည္နယ္မ်ားႏွင့္ အေရွ႕ေျမာက္ ျပည္နယ္သည္ ေဒသတြင္း အခ်င္းခ်င္းဆက္သြယ္ရန္အတြက္ ၾကားတြင္ ႏိုင္ငံေရးအရ မေျပလည္သည့္ ပါကစၥတန္ႏွင့္ ဘဂၤလာားေဒ့ရွ္ႏိုင္ငံတို႔ၾကားမွ ျဖတ္သန္းသြားရမည့္ က်ဥ္းေျမာင္းသည့္ လမ္းသြယ္တခုသာ ရွိသည္။ ယခုအခါ စီမံကိန္းတြင္း ပါဝင္သည့္ စစ္ေတြ ဆိပ္ကမ္း၊ ပလက္ဝ ဆိပ္ကမ္း၊ ပလက္ဝ ျမစ္ကူးတံတားတို႕မွာ ၿပီးစီးေနၿပီျဖစ္ၿပီး အိႏၵိယႏိုင္ငံနယ္စပ္မွ ပလက္ဝၿမိဳ႕သို႕ ေဖာက္မည့္ ကား လမ္းမွာ တိုက္ပြဲမ်ားေၾကာင့္ မၿပီးမစီး ျဖစ္ေနျခင္း ျဖစ္သည္။ အိႏၵိယႏိုင္ငံ၊ မီဇိုရမ္ျပည္နယ္၊ အိုက္ေဇာမွ ပလက္ဝၿမိဳ႕အထိ ေဖာက္မည့္ ကားလမ္းတြင္ အိႏိၵယဘက္မွ ၎တို႔ ႏိုင္ငံတြင္းလမ္းကို ေဖာက္ေနၿပီျဖစ္ၿပီး ျမန္မာႏိုင္ငံဘက္ျခမ္း၊ ပလက္ဝၿမိဳ႕နယ္ အတြင္းမွာ တိုက္ပြဲမ်ားေၾကာင့္ နယ္ေျမ မေအးခ်မ္းသျဖင့္ ၄၀ ရာခိုင္ႏႈန္းခန္႔သာ လမ္းေဖာက္လုပ္ ႏိုင္ေသးသည္ဟု ဦးစိုးထက္က ေျပာသည္။

AA စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ ထြန္းျမတ္ႏိုင္က ကုလားတန္စီမံကိန္း တည္ေဆာက္ေနသည့္ ေဒသတေၾကာမွာ ၎၏ တပ္ဖြဲ႕မ်ား လႈပ္ရွားသည့္ ေနရာျဖစ္သျဖင့္ AA ၏ ၾသဇာအာဏာ သက္ေရာက္မႈကို အိႏိၵယက အသိအမွတ္ျပဳရမည္ ဟု ၂၀၁၉ ခုႏွစ္ အတြင္းက ေျပာဆိုထားသည္။ အိႏၵိယက AA ကို အသိအမွတ္ျပဳရန္လိုၿပီး ညွိႏိႈင္းမွသာ စီမံကိန္းေအာင္ျမင္မည္ဟု  ေျပာသည့္ အျပင္ စီမံကိန္းစတင္လည္ပတ္ပါက လမ္းေၾကာင္းတေလွ်ာက္ ျဖတ္သန္းကာ ကုန္သြယ္ၾကမည့္ အိႏၵိယ ကုမၸဏီမ်ားႏွင့္ ျပည္တြင္းမွ စီးပြားေရးသမားမ်ားက AA ကို ေငြေၾကး အခြန္ေပးေဆာင္ရမည္ဟုလည္း ၂၀၁၉ ခုႏွစ္ အတြင္းက ဧရာဝတီကို ေျပာဆိုထားသည္။ https://burma.irrawaddy.com/news/2020/05/09/222271.html

**************

၁၁။     ေက်ာက္ေတာ္တြင္ ေပါက္ကြဲမႈျဖစ္ ေက်ာင္းဆရာ ၁ ဦးႏွင့္ ကေလးငယ္ ၁ ဦး ဒဏ္ရာရ

May 9, 2020

ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္ ေတာင္ဘြယ္ေက်းရြာအတြင္း ေမလ ၈ ရက္ေန႔ ညေန က လက္နက္ႀကီး က်ေရာက္ ေပါက္ကြဲသျဖင့္ မူလတန္းျပ ဆရာ ၁ ဦးႏွင့္ မိန္းကေလးငယ္ ၁ ဦး ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း သတင္းရရွိသည္။ အဆိုပါ ဒဏ္ရာရရွိသူမ်ားမွာ မူလတန္းျပဆရာ အသက္ ၂၇ ႏွစ္အရြယ္ ဦးစိုးသိန္းႏွင့္ အသက္ ၁၁ ႏွစ္အရြယ္ ၆ တန္း ေက်ာင္းသူ မေသာ္တာၿဖိဳး တို႔ ျဖစ္ေၾကာင္း ကာယကံရွင္ မိသားစုဝင္မ်ားက ေျပာသည္။ ဒဏ္ရာရရွိသူ ဦးစိုးသိန္း၏ ဖခင္ ဦးစံသိန္း က “လက္နက္ႀကီးက လူေတြ အိပ္ေနၾကတဲ့ အခ်ိန္လာက်တာပါ။ ပထမ က်ေနာ္အိမ္အနား ဝန္းက်င္ကို ၁ လံုးလာက်တယ္။ အဲဒီ အခ်ိန္ က်ေနာ္သားက ေၾကာက္ၿပီး အိမ္ေပၚကေန အိမ္ေအာက္ကို ဆင္းၿပီးေတာ့ သြားပုန္းဖို႔ သြားတဲ့အခါ ေနာက္ထပ္ တလံုး လာက်ၿပီးေတာ့ ထိမွန္တာပါ” ဟု ဧရာဝတီသို႔ ေျပာသည္။

ေတာင္ဘြယ္ေက်းရြာေန ဦးေအာင္သန္းဝင္း က “က်ေနာ္တို႔ ရြာ အေရွ႕ဘက္ကမ္း ေမ်ာက္ေတာင္ ေက်းရြာအနီး ဘုရား ေတာင္ကုန္းေပၚမွာ တပ္စြဲထားတာရွိတယ္။ အရင္ေန႔ေတြကလည္း အဲဒီေနရာက ေန႔တိုင္း ပစ္ေနတာ ရွိတယ္။ သူတို႔(တပ္) က ဘယ္ဖက္ကို လွည့္ၿပီးေတာ့ ပစ္တယ္ဆိုတာေတာ့ က်ေနာ္တို႔လည္း မသိဘူး။ မေန႔က က်ေနာ္ရြာထဲကို လက္နက္ႀကီး လာက်တယ္။ ရြာထဲမွာေရာ ၊ ျမစ္ကမ္းေဘးေရာ လက္ နက္ႀကီး ၄ လံုးေလာက္ လာက်တာ ရွိတယ္”ဟု ဧရာဝတီသို႔ ေျပာ သည္။ ထိုျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ ေျပာခြင့္ရပုဂၢိဳလ္ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္း က “အဓိက ေျပာခ်င္တာကေတာ့ တိုက္ပြဲေတြ ျဖစ္ၿပီဆိုရင္ တပ္မေတာ္က လက္နက္ႀကီးနဲ႔ ပစ္တယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြကို AA နဲ႔ AA အမာခံေတြက အစဥ္တစိုက္ လုပ္ေနတာျဖစ္တယ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ တိုက္ပြဲ ျဖစ္ပြားမျဖစ္ပြား မသိေသးဘူး။ သူတို႔ ရဲ႕စြပ္စြဲခ်က္ကေတာ့ အၿမဲတမ္း လက္နက္ႀကီးက်တယ္ ဆိုတာလုပ္တယ္” ဟု ဧရာဝတီသို႔ေျပာသည္။

မိုင္းေပါက္ကြဲမႈ အပါအဝင္ လက္နက္ႀကီး ၊ လက္နက္ငယ္မ်ား ထိမွန္၍ အရပ္သားျပည္ သူမ်ားမွာလည္း ေန႔စဥ္ႏွင့္မွ် ေသဆံုး၊ ဒဏ္ရာ ရရွိေနမႈႏွင့္ အတူ အရပ္သားမ်ား ဖမ္းဆီးခံရျခင္း၊ ေနအိမ္မ်ား မီးရိႈ႕ခံရမႈမ်ားလည္းမ်ားျပား လာေနသည့္အတြက္ အရပ္သား အစိုးရလက္ထက္တြင္ အျပင္းထန္ဆံုးႏွင့္ ထိခိုက္မႈအမ်ားဆံုး တိုက္ပြဲလည္းျဖစ္သည္။ https://burma.irraw addy.com/category/news

**************

၁၂။     တာခ်ီလိတ္ခရိုင္ တပတ္အတြင္း က်ပ္သိန္း ၄၀ဝ၀ ခန္႔ရွိ မူးယစ္ေဆးမ်ား သိမ္းဆည္းရမိ

May 8, 2020

သွ်မ္းျပည္ အေရွ႕ပိုင္း တာခ်ီလိတ္ခရိုင္တြင္ တပတ္အတြင္း က်ပ္သိန္း ၄၀ဝ၀ ခန္႕ရွိသည့္ မူးယစ္ေဆးဝါးကို သိမ္းဆည္းရမိ ေၾကာင္း သတင္းရရွိသည္။ တာခ်ီလိတ္ၿမိဳ႕နယ္တြင္ အမ်ားဆံုးဖမ္းဆီးရမိျခင္းျဖစ္ၿပီး၊ က်န္ရွိမူးယစ္ေဆးမ်ားမွာ မိုင္းေယာင္းၿမိဳ႕ ႏွင့္ မိုင္းျဖတ္ၿမိဳ႕တို႔တြင္ ဖမ္းဆီးရမိျခင္းျဖစ္သည္။

ေမလ ၇ ရက္ ေန႔လည္ ၁နာရီ က တာခ်ီလိတ္ၿမိဳ႕နယ္ မိုင္းဆတ္-တာခ်ီလိတ္ကားလမ္းေပၚတြင္ အသက္ ၂၁ ႏွစ္ အရြယ္ လီဗု ေမာင္းႏွင္ၿပီး၊ အသက္ ၂၂ ႏွစ္အရြယ္ ေလာ္ညီး လိုက္ပါးစီးနင္းလာသည့္ ကားေပၚတြင္စစ္ေဆးရာ က်ပ္သိန္း ၃ ေထာင္ တန္ဖိုးရွိ စိတ္ၾကြေဆးျပားမ်ားကို သိမ္းဆည္းရမိေၾကာင္း မူးယစ္ ရဲတပ္ဖြဲ႔ ထုတ္ျပန္ခ်က္ အရသိရသည္။ ဖမ္းဆီးရမိသည့္ မူးယစ္ေဆးဝါးႏွင့္အတူ ယာဥ္ေမာင္း လီဗု ႏွင့္ လိုက္ပါစီးနင္းသည့္ ေလာ္ညီးတို႕ကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္းက မူးယစ္ေဆးဝါး ႏွင့္ စိတ္ကို ေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒျဖင့္ အမႈဖြင့္ အေရးယူၿပီး ကြင္းဆက္မ်ားေဖာ္ထုတ္စစ္ေဆးလ်က္ရွိ  ေၾကာင္း သိရသည္။

ထို႔ျပင္ ေမလ ၅ ရက္က မိုင္းေယာင္းၿမိဳ႕၊ မိုင္းေယာင္း-မိုင္းျဖတ္ သြားလမ္းတြင္ လမ္းေလွ်ာက္လာသူအသက္ ၁၉ ႏွစ္ အရြယ္ မနာဘို အား မသကၤာသျဖင့္ စစ္ေဆးရာ ၎ကိုင္ေဆာင္လာသည့္အိတ္အတြင္း က်ပ္သိန္း ၄၅၀ တန္ဖိုးရွိ စိတ္ၾကြေဆးမ်ားကို သိမ္းဆည္းရမိေၾကာင္းရဲထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။ ဆက္လက္ၿပီး ကြင္းဆက္ကို စစ္ေဆးရာ မိုင္းေယာင္းၿမိဳ႕နယ္ ရပ္ကြက္ (၁) ေန အိုက္ေပး ထံ ယူလာသည္ကို သိရသျဖင့္ အိုက္ေပး အိမ္ကို ဝင္ေရာက္ရွာေဖြရာ အိမ္ေရွ႕တြင္ ရပ္ထားသည့္ ကားေပၚတြင္ က်ပ္သိန္း ၂၇၀ တန္ဖိုးရွိ မူးယစ္ေဆးဝါးကို ဆက္လက္ သိမ္းဆည္းရမိသည္။ ထိုနည္းတူ ေမ ၄ ရက္ တြင္လည္း သွ်မ္းျပည္ အေရွ႕ပိုင္း မိုင္းျဖတ္ၿမိဳ႕နယ္ မိုင္းျဖတ္-က်ိဳင္းတံု သြားကားလမ္းေပၚတြင္ လမ္းေလွ်ာက္ေနသည့္ အမ်ိဳးသား ၂ ဦးကို မသကၤာသျဖင့္ စစ္ေဆးရာ ခရီးေဆာင္အိတ္ထဲတြင္ ဘိန္းစိမ္း အေလးခ်ိန္ ၂၇ ကီလို (ေဒသ ကာလေပါက္ေဈး တန္ဖိုးေငြက်ပ္ ၂၇၀) ကိုသိမ္းဆည္းရေၾကာင္း သိရပါသည္။ https://burmese. shannews.org/archives/16461

***************

၁၃။     DKBA တပ္ဖြဲ႔ဝင္မ်ား ခရီးသြားမည္ဆိုက ဆိုင္ရာ ဆက္ဆံေရးရံုးသို႔ အေၾကာင္းၾကားရန္ အမိန္႔ထုတ္ထား

May 11, 2020

ဒီမိုကေရစီ အက်ိဳးျပဳ ကရင့္တပ္မေတာ္ (DKBA) တပ္ဖြဲ႔ဝင္မ်ားအေနျဖင့္ မည္သည့္ အေၾကာင္းေၾကာင့္ျဖစ္ေစ ခရီးသြားမည္ ဆိုပါက သက္ဆုိင္ရာ ဆက္ဆံေရး႐ံုးမ်ားသို႔ သတင္းပို႔ၿပီး သြားလာရန္ ေမ ၁၁ ရက္ေန႔တြင္ DKBA ဗဟို ဌာနခ်ဳပ္ (ဆံုဆည္း ၿမိဳင္)က အမိန္႔ထုတ္ျပန္လုိက္သည္။

အဆိုပါ အမိန္႔ထုတ္ျပန္ခ်က္သည္ အျခားအေၾကာင္းအရာမ်ား မပါဝင္ဘဲ တပ္ဖဲြ႔ဝင္မ်ားကို ျပန္လည္ ၾကပ္မတ္ လိုသည့္ သေဘာသာ ျဖစ္သည္ဟု DKBA မွ ဗိုလ္မႉးႀကီးေက်ာ္သန္းေဌးက ေကအုိင္စီသို႔ ယခုလို ေျပာသည္။  ၎က “ ဒီလုိစည္းကမ္း က အရင္ကတည္းကထုတ္ထားၿပီးသား။ တခ်ိဳ႕က စည္းကမ္းလိုက္နာတာရွိတယ္၊ မလိုက္နာတာရွိတယ္။ အမ်ိဳးမ်ိဳးေပါ့။ ဒါက စည္းကမ္းျပန္တင္းၾကပ္ၿပီး စနစ္တက်ျဖစ္ေအာင္ ျပန္ထိန္း ညွိတဲ႔သေဘာပါ”ဟု ေျပာသည္။ အဆိုပါ အမိန္႔ထုတ္ျပန္ခ်က္တြင္ DKBA စစ္ဗ်ဴဟာမ်ား၊ ဌာနမ်ား၊ တပ္ရင္းမ်ား၊ တပ္ဖြဲ႔ဝင္မ်ား စစ္ေၾကာင္းမ်ား အားလံုးပါဝင္ၿပီး ခြင့္ႏွင့္ျဖစ္ေစ တာဝန္အရျဖစ္ေစ၊ အေရးေပၚကိစၥေၾကာင့္ျဖစ္ေစ မည္သူမဆို ခရီးသြားမည္ဆိုပါက သတင္းပို႔ရမည္ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။

အဆိုပါထုတ္ျပန္ခ်က္သည္ ဒီမိုကေရစီ အက်ိဳးျပဳကရင့္တပ္မေတာ္ (DKBA ) ကလိုထူးေဘာတပ္ဖြဲ႔ စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး ေစာမိုေရွးက လက္မွတ္ထိုးထုတ္ျပန္ျခင္းျဖစ္ၿပီး အမိန္႔စာကို လိုက္နာျခင္းမရွိပါက တပ္ဖြဲ႔မွ သတ္မွတ္ထားသည့္ စည္းကမ္း ခ်က္အတိုင္း ထိေရာက္စြာ အျပစ္ေပး ျခင္းခံရမည္ျဖစ္သည္ဟု အမိန္႔စာတြင္ေဖာ္ျပထားသည္။ ဒီမိုကေရစီအက်ိဳးျပဳ ကရင့္ တပ္မေတာ္အဖြဲ႔သည္ KNU -ကရင္အမ်ဳိးသားအစည္းအ႐ုံး မွ ၁၉၉၄ ခုႏွစ္တြင္ စတင္ခြဲထြက္ခဲ့ၿပီးေနာက္ တိုးတက္ေသာ ဗုဒၶ ဘာသာ ကရင္အမ်ိဳးသား တပ္မေတာ္ -DKBA အျဖစ္ ရပ္တည္ခဲ့ ရာမွ ၂၀၁၂ ခုႏွစ္၊ ဧၿပီလတြင္ ဒီမိုကေရစီ အက်ိဳးျပဳ ကရင္ တပ္မေတာ္(DKBA)အျဖစ္ နာမည္ေျပာင္းလဲခဲ့သည္။

၂၀၁၅ခုႏွစ္တြင္ တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မွႈ ရပ္စဲေရးသေဘာတူ စာခ်ဳပ္ -NCA လက္မွတ္ထိုးထားသည့္ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႔တစ္ဖြဲ႔ျဖစ္သည္။ http://kicnews.org/2020/05/dkba%e1%80%90%e1%80%95%e1%80%b% e1%80%96%e1%80%bc%e1%80%b2%e1%82%94%e1

**************

 

၁၄။     ေတာင္ကုတ္တြင္ ၿမိဳ႕ခံ ၃ ဦး အၾကမ္းဖက္ ဥပေဒျဖင့္ ဖမ္းဆီးအမႈဖြင့္ခံရ

May 11, 2020

ရခိုင္ျပည္နယ္၊ ေတာင္ကုတ္ၿမိဳ႕ေပၚတြင္ ေနထိုင္သူ ႏိုင္ငံေရးပါတီဝင္ ၁ ဦးႏွင့္ အရပ္ဘက္ လူမႈအဖြဲ႕အစည္းမွ ၿမိဳ႕ခံ ၃ ဦး ကို ရဲတပ္ဖြဲ႔က အၾကမ္းဖက္ တိုက္ဖ်က္ေရး ဥပေဒ ပုဒ္မ ၅၀ (က) ျဖင့္ အမႈဖြင့္ကာ ဖမ္းဆီး စစ္ေဆးခံေနရေၾကာင္း သတင္း ရရွိ သည္။ အဆိုပါ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ဥပေဒျဖင့္ အမႈဖြင့္ခံထားရသူမ်ားမွာ ေတာင္ကုတ္ၿမိဳ႕နယ္ ရခိုင္အမ်ိဳးသားပါတီ (ANP) မွ ၿမိဳ႕နယ္ အလုပ္အမႈေဆာင္ ေကာ္မတီဝင္ ဦးေဝေသာင္း၊ ၿမိဳ႕နယ္စည္ပင္ယာေရးေကာ္မတီ ဥကၠ႒ ဦးေဇယ်ေက်ာ္ႏွင့္ စည္ပင္ေကာ္မတီ ဥကၠ႒ (ေဟာင္း) ဦးစန္းေငြတို႔ ျဖစ္ေၾကာင္း မိသားစုဝင္မ်ားက ေျပာသည္။

ဖမ္းဆီးခံ ဦးေဇယ်ေက်ာ္၏ ဇနီး ေဒၚဟန္စုလိႈင္ က “ဒီေန႔ တရားရံုးမွာ ရံုးထုတ္ၿပီး က်မ အမ်ိဳးသားနဲ႔ အဖမ္းခံထားရတဲ့ လူေတြ ကို ရမန္ယူပါတယ္။ အၾကမ္းဖက္ဥပေဒနဲ႔ အမႈဖြင့္ခံထားရတယ္လို႔ေတာ့ က်မအမ်ိဳးသားက ေျပာသြားတယ္။ ဘာေၾကာင့္ ဖမ္းတယ္ဆိုတာလည္း က်မတို႔လည္း တိတိက်က် မသိဘူး။ အခုလို ျဖစ္တဲ့အေပၚ အရမ္းလည္း စိတ္မေကာင္း ျဖစ္ေနရတယ္”ဟု ဧရာဝတီသို႔ ေျပာသည္။ အဆိုပါ ဖမ္းဆီးခံ ေတာင္ကုတ္ၿမိဳ႕ခံ ၃ ဦးကို ၿမိဳ႕နယ္ရဲတပ္ဖြဲ႕ကေန ယေန႔ ေတာင္ကုတ္ၿမိဳ႕နယ္ တရားရံုးတြင္ ရံုးထုတ္ၿပီး ေမလ ၂၃ ရက္ေန႔အထိ ရမန္ႀကီး ၂ ပတ္ယူခဲ့ေၾကာင္းလည္း သိရသည္။

ေတာင္ကုတ္ၿမိဳ႕နယ္ ANP ပါတီမွ ဒုဥကၠ႒ ဦးေဖၾကြယ္ က “က်ေနာ္တို႔ ပါတီက ဦးေဝေသာင္း အဖမ္းခံရတယ္ဆိုတာေတာ့ ဟုတ္ပါတယ္။ သူတို႔ကို အၾကမ္းဖက္မႈ ဥပေဒနဲ႔ အမႈဖြင့္ၿပီးေတာ့ ဒီေန႔ခ်ဳပ္ရမန္ယူသြားတာရွိတယ္။ အခုအခ်ိန္ အေျခအေနက တအားရႈပ္ေထြးေနေတာ့ ဒီျဖစ္စဥ္အေပၚမွာ က်ေနာ္တို႔လည္း ဘယ္လိုေျပာရမွန္းေတာင္မသိေတာ့ပါဘူး။ ဘာ့ေၾကာင့္  ဖမ္း တယ္ဆိုတာလည္း က်ေနာ္တို႔အေနနဲ႔ ေသခ်ာ မသိရေသးဘူး” ဟု ဧရာဝတီသို႔ ေျပာသည္။ ရဲမွဴး သိန္းႏိုင္ က “က်ေနာ္တို႔က ရမန္ယူၿပီးေတာ့ စံုစမ္း စစ္ေဆးေနတဲ့ ကာလမို႔ အေသးစိတ္အခ်က္အလက္ကိုေတာ့ ေျပာလို႔ မရဘူး။ သတင္းတခ်ိဳ႕ရရွိထားတဲ့အတြက္ အဲဒီအေပၚမွာ အေျခခံၿပီးေတာ့ က်ေနာ္တို႔က စံုစမ္းစစ္ေဆးမႈေတြ လုပ္ေနျခင္းသာ ျဖစ္ပါတယ္။ အဲဒီေလာက္ပဲ ေလာေလာဆယ္ ေျပာလို႔ ရမယ္” ဟု ဧရာဝတီသို႔ ေျပာသည္။

အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒျဖင့္ အဆိုပါ ဖမ္းဆီးစစ္ေဆးခံေနရသူမ်ားတြင္ ဦးေဇယ်ေက်ာ္မွာ ေမလ ၉ ရက္ေန႔က လည္းေကာင္း၊ ေမလ ၁၀ ရက္ေန႔တြင္ ဦးစန္းေငြ အားလည္းေကာင္း၊ ယေန႔ ေမလ ၁၁ ရက္ေန႔တြင္ ဦးေဝေသာင္းအား လည္းေကာင္း စံုစမ္းေမးျမန္းစရာမ်ားရွိသည္ဟုဆိုကာ ရဲတပ္ဖြဲ႔က ေနအိမ္သို႔ လာေရာက္ေခၚယူသြားျခင္းျဖစ္ေျကာင္း မိသားစု ဝင္မ်ားက ေျပာသည္။ လက္ရွိအခ်ိန္တြင္ ေတာင္ကုတ္ၿမိဳ႕နယ္အတြင္း ႏိုင္ငံေရးပါတီမ်ားအၾကားတြင္ ရႈပ္ေထြးမႈမ်ား ျဖစ္ေပၚ ေနသည့္အတြက္ ၿမိဳ႕လံုၿခံဳေရးကို တင္းၾကပ္ထားေၾကာင္းလည္း ေဒသခံမ်ားထံမွ သိရသည္။ https://burma.irrawaddy.c om/news/2020/05/11/222380.html

*************

၁၅။     မည္သည့္အဖြဲ႔အစည္းကိုမွခ်န္လွပ္မထားဘဲ တပ္မေတာ္အေနျဖင့္ တစ္ႏိုင္ငံလံုးအပစ္ရပ္စဲေပးသင့္ေၾကာင္း မြန္ျပည္သစ္ ပါတီ ဥကၠဌတိုက္တြန္း

May 11, 2020

တပ္မေတာ္၏ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးႏွင့္ ထာဝရၿငိမ္းခ်မ္းေရးအတြက္ ထုတ္ျပန္ခ်က္ကို ေကာင္းမြန္ေသာ ေဆာင္ရြက္ ခ်က္ဟု မိမိတို႕ရႈျမင္သလို တပ္မေတာ္အေနျဖင့္ သေဘာထားႀကီးစြာထား၍ တစ္နိုင္ငံလံုးအပစ္အခတ္ရပ္စဲေရး ေၾကျငာေပး သင့္ေၾကာင္း မြန္ျပည္သစ္ပါတီဥကၠဌ ႏိုင္ဟံသာ တိုက္တြန္းလိုက္သည္။ ျမန္မာႏိုင္ငံတြင္ COVID-19 ေရာဂါထိန္းခ်ဳပ္၊ ကာကြယ္၊ ကုသေရးလုပ္ငန္းမ်ား ပိုမိုထိေရာက္ လ်င္ျမန္က်ယ္ျပန္႕စြာေဆာင္ရြက္ႏိုင္ေရးႏွင့္ ထာဝရၿငိမ္းခ်မ္းေရးအတြက္ တပ္မေတာ္အေနျဖင့္ ႏိုင္ငံတကာ စံနႈန္းအတိုင္း ႏိုင္ငံေတာ္မွအၾကမ္းဖက္ဟု သတ္မွတ္ေၾကညာထားေသာ အၾကမ္းဖက္အဖြဲ႔ အစည္းမ်ားရွိသည့္  ေနရာမ်ားမွအပ က်န္နယ္ေျမမ်ား၌ ၂၀၂၀ ျပည့္ႏွစ္၊ ေမလ(၁၀) ရက္မွ ၾသဂုတ္လ (၃၁) ရက္ေန႔အထိ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲထားေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရံုးက ေၾကညာခဲ့ျခင္း ျဖစ္သည္။

ႏိုင္ဟံသာက “ဒီကပ္ေရာဂါက အႏၱရယ္ေတာ္ေတာ္ႀကီးမားပါတယ္၊ အားလံုးအတူတကြဝိုင္းဝန္းကာကြယ္ၾကမွ ျဖစ္မယ္၊ ဒါေပမယ့္ တိုက္ပြဲေတြဆက္ျဖစ္ေနရင္ေတာ့ ေရာဂါကာကြယ္ေရးအပိုင္းေတြမွာ အခက္အခဲျဖစ္ေနပါလိမ့္မယ္၊ ေနရာတိုင္းအား လံုးမွာ ပစ္ခတ္တိုက္ခိုက္တာေတြကို ရပ္စဲထားသင့္တယ္၊ အခ်ိဳ႕အဖြဲ႕အစည္းေတြနဲ႕ရပ္စဲၿပီး အခ်ိဳ႕အဖြဲ႕အစည္းနဲ႔ တိုက္ပြဲ ဆက္ျဖစ္ေနတာကေတာ့ မျဖစ္သင့္ဘူးေလ၊ ဒါေၾကာင့္ တပ္မေတာ္အေနနဲ႔ သေဘာထားႀကီးႀကီးထားၿပီး တစ္ႏိုင္ငံလံုး အပစ္ အခတ္ရပ္စဲေပးပါလို႔ တိုက္တြန္းပါတယ္”ဟု မြန္သတင္းေအဂ်င္စီသို႔ ေျပာသည္။ ျမန္မာ့မဟာဗိ်ဴဟာႏွင့္ မူဝါဒေလ့လာ ေရးအင္စတီက်ဴ ISP-Myanmar ဒါရိုက္တာ ဦးေအာင္သူၿငိမ္းက “ကမာၻ႔စီးပြားေရး ထိခိုက္လာတဲ့အေနအထားမွာ ဒီလို အရင္း အျမစ္ေတြ ရွားပါးလာတဲ့အေနအထားမွာလည္း တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔အစည္းေတြ ဒီလို အခြန္ေငြေကာက္တာ ကစ လို႔ အရင္းျမစ္ေတြ ရွားပါးလာႏိုင္တဲ့ျပႆနာမ်ိဳးရွိတယ္၊ အဲလိုအရင္းျမစ္ေတြရွားပါးလာရင္ လူသားေတြမွာ လုယက္ တတ္တဲ့ သေဘာရွိတယ္ခင္ဗ်၊ အခ်င္းခ်င္းလည္း ျပႆနာပဋိပကၡ ပိုႀကီးလာႏိုင္တဲ့အေနအထားမ်ိဳးလည္း ရွိတတ္တယ္၊

သို႔ရာတြင္ ယင္းကဲ့သို႔ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး ေၾကညာထားသည့္ကာလအတြင္း တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႔ အစည္းမ်ားအားလံုးအေနျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ ၿငိမ္းခ်မ္းေရးမူဝါဒ(၆) ရပ္အနက္မွ ေဖာ္ျပပါ(၄)ခ်က္ျဖစ္ သည့္ (က) သေဘာတူစာခ်ဳပ္မ်ားအတိုင္းကတိတည္ရန္။ (ခ ) ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္မ်ားအေပၚ အျမတ္မထုတ္ရန္။ (ဂ ) ေဒသခံျပည္သူမ်ားအေပၚ ဝန္ထုပ္ဝန္ပိုးမျဖစ္ေစရန္။ (ဃ) ႏိုင္ငံေတာ္က ထုတ္ျပန္ထားသည့္ တည္ဆဲဥပေဒမ်ားကို အေလးအနက္ထား လိုက္နာရန္လိုအပ္ေၾကာင္း တပ္မေတာ္၏ေၾကျငာခ်က္တြင္ ေဖာ္ျပသည္။ ထို႔အျပင္ ႏိုင္ငံေတာ္အစိုးရ၏ အုပ္ခ်ဳပ္မႈ ယႏၱရားအဆင့္ဆင့္၊ လမ္းပန္းဆက္သြယ္မႈ လံုၿခံဳေခ်ာေမြ႕ေစေရး၊ ျပည္သူလူထု၏ အသက္အိုးအိမ္စည္းစိမ္ႏွင့္ အက်ိဳးစီးပြားမ်ားကို ထိခိုက္မႈမျဖစ္ေစရန္ တာဝန္ယူ ရမည္ျဖစ္ၿပီး အထက္ပါ ျဖစ္စဥ္ျဖစ္ရပ္မ်ား ျဖစ္ေပၚလာပါက တပ္မေတာ္ အေနျဖင့္ လိုအပ္သလို အေရးယူေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သတိေပးထားသည္။ http://burmese.monnews.or  g/2020/05/11/%e1%80%99%e1%80%8a%e1%80%ba%e1%80%9e%e1%80

*************

၁၆။     ျမစ္ႀကီးနားရွိ FQ မ်ားကို အစားအေသာက္ေထာက္ပံ့ေနသည့္ ပရဟိတအဖြဲ႕မ်ား ေခတၱရပ္နားမည္ဟုဆို

May 8, 2020

ျမစ္ႀကီးနားၿမိဳ႕ရွိ Covid-19 ေရာဂါေၾကာင့္ FQ ဝင္ေနသူမ်ားကို ပရဟိတအဖြဲ႔မွ အစားအေသာက္ေထာက္ပံ့ေနမႈကို ေမလ ၁၁ ရက္ေန႔မွစကာ ေခတၱရပ္နားထားမည္ျဖစ္ေၾကာင္း Covid-19 ကူညီေပးေရး ျမစ္ႀကီးနားအေျချပဳ ပရဟိတအဖြဲ႔မွ စာရင္းစစ္ အထက္တန္းေရွ႕ေန ဦးခြန္ျမတ္မင္းေအာင္ က ေျပာသည္။

“က်ေနာ္တို႔အဖြဲ႔က အဖြဲ႔ငယ္ေလးတစ္ဖြဲ႔ျဖစ္တယ္။ မိတ္ေဆြအေပါင္းအသင္ေတြ ပံ့ပိုးေပးေနတဲ့ ေငြနဲ႔ ၾကားခံကူညီေနတဲ့အဖြဲ႔ ျဖစ္တယ္။ အဲေတာ့ က်ေနာ္တိုပမွာရွိတဲ့ေငြနဲ႔ ေတာက္ေလွ်ာက္သံုးမယ္ဆိုလို႔ရွိရင္ တစ္လ ေလာက္ဘဲ သူတို႔ကို ပံ့ပိုးႏိုင္မယ္။ ဒါေၾကာင့္ က်ေနာ္တို႔ကေနၿပီး အစိုးရကို အကူအညီေတာင္းၾကည့္တယ္။ အစိုးရကေနၿပီးမွ သူတို႔အေနနဲ႔ ၅ လပိုင္း ၁ ရက္ေန႔ ကေနစၿပီး တစ္လလံုးသူတို႔အေနနဲ႔ တာဝန္ယူမယ္လို႔ အဲေန႔ကေျပာခဲ့တယ္။ ဒါေပမယ့္အခုေနာက္ပိုင္းက်ေတာ့ ၁၁ ရက္ေန႔မွ ဘဲ စေကြ်းမယ္လို႔ထပ္ေျပာတယ္။ ေနာက္ဆံုးၾကားတဲ့သတင္းအရဆိုရင္ မေကြ်းေတာ့ဘူးဆိုတဲ့ သတင္းျပန္ရတယ္။ အဲ့ေၾကာင့္ က်ေနာ္တို႔အေနနဲ႔ ၁၀ ရက္ေနာက္ပိုင္း အားလံုးရပ္ထားမယ္ဆိုၿပီး အားလံုးဆႏၵအတိုင္း သေဘာတူဆံုးျဖတ္ထားျခင္းျဖစ္တယ္”ဟု ဦးခြန္ျမတ္မင္းေအာင္ ကဆိုသည္။

လကုန္တဲ့ထိေကြ်းႏိုင္မယ့္ အလွဴရွင္ရွိပါတယ္။ Q ထားတဲ့သူေတြကို လ ကုန္တဲ့ထိက က်ေနာ္တို႔အစိုးရအဖြဲ႔က ေကြ်းစရာပိုက္ ဆံ ေပးစရာမလုိေတာ့ဘူး။ သို႔ေသာ္ေနာက္ပိုင္းဝင္လာလို႔ ေနာက္ပိုင္းထားရမယ့္သူေတြအတြက္ အလွဴရွင္မရွိရင္ေတာ့ က်ေနာ္ တို႔ ေကြ်းမွာျဖစ္တယ္။ မေကြ်းတာမဟုတ္ဘူး။ ေကြ်းရဲ႕သားနဲ႔ အလွဴရွင္ သူတို႔တာဝန္ယူမွာျဖစ္တယ္။ ကုသိုလ္ယူမယ္ဆိုရင္ ေတာ့ က်ေနာ္တို႔က မျငင္းႏိုင္ဘူး။ ဒါေၾကာင့္ ဒီေန႔ ေနာက္ထပ္အလွဴရွင္ ၃ ဦး ေပၚလာတယ္ သူတို႔ေကြ်းမွာျဖစ္တယ္။ လကုန္ ေနာက္ပိုင္း အလွဴရွင္မရွိရင္ေတာ့ အစိုးရအဖြဲ႔ အေနနဲ႔ ေကြ်းမွာျဖစ္တယ္။ ဟု ကခ်င္ျပည္နယ္ ညႊန္ၾကားေရးမွဴး ဦးေဇာ္ေဇာ္က ေျပာသည္။

လက္ရွိ ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕ေပၚတြင္ အစိုးရကသတ္မွတ္ထားသည့္ FQ Center မ်ားသည္ ပညာေရး ေကာလိပ္၊ သားဖြားသင္တန္းေက်ာင္း၊ သူနာျပဳေက်ာင္း၊ ျမစ္ႀကီးနားတကၠသိုလ္ စုစုေပါင္း ၄ ေနရာ သတ္မွတ္ထားၿပီး Q ဝင္ေနသူ စုစု ေပါင္း ၂၅၀ ေက်ာ္ရွိေၾကာင္း သက္ဆိုင္ရာမွ သိရသည္။ https://burmese.kachinnews.com/2020/05/0 8/%e1%80% 99%e1%80%bc%e1%80%85%e1%80%ba%e1

*************

၁၇။     အစိုးရႏွင့္ KNU ႏွစ္ဘက္ စစ္ေရးတင္းမာမႈကိစၥ ညွိႏိႈင္းေဆြးေႏြး

May 11. 2020

အစိုးရ၏ Covid-19 ကာကြယ္ထိန္းခ်ဳပ္ေရးဆိုင္ရာ ညွွႏိႈင္းပူးေပါင္းေရးေကာ္တီႏွင့္ ကရင္အမ်ိဳးသား အစည္းအရံုး KNU တို႔ သည္ ေမလ ၁၁ ရက္တြင္ ကရင္ျပည္နယ္ဖာပြန္ခရိုင္ႏွင့္ သထံုခရိုင္ရွိ စစ္ေရးတင္းမာ မႈကိစၥမ်ား ညွိႏိႈင္းေဆြးေႏြးခဲ့ၾကေၾကာင္း သတင္းရရွိသည္။ ေဆြးေႏြးပြဲကို ညွိႏိႈင္းပူးေပါင္းေရးေကာ္မတီ ဥကၠ႒ ေဒါက္တာ တင္မ်ိဳးဝင္း က အစိုးရကိုယ္စားလွယ္ဘက္မွ ဦးေဆာင္ၿပီး KNU ဘက္မွ KNU အေထြေထြအတြင္းေရးမွဴးခ်ဳပ္ ပဒိုေစာတာဒိုမွဴးက ဦးေဆာင္ကာ အြန္လိုင္းရုပ္သံ (Online Video Conferencing) ပံုစံျဖင့္ ေဆြးေႏြးၾကျခင္းျဖစ္သည္။

ၿပီးခဲ့သည့္ ေမလ ၆ ရက္က ကရင္ျပည္နယ္၊ ဖာပြန္ခရိုင္ ၊ ဒြဲလံုၿမိဳ႕နယ္တြင္ တပ္မေတာ္ႏွင့္ KNU တပ္မဟာ (၅) တို႔ အၾကား အျပန္အလွန္ ပစ္ခတ္မႈ ျဖစ္ပြားခဲ့ၿပီး ဧၿပီလ ၃၀ ရက္ကလည္း မြန္ျပည္နယ္၊ သထံုခရိုင္ရွိ KNU တပ္မဟာ (၁) စစ္ေဆးေရး ဂိတ္ကို ဖယ္ရွားေပးရန္ တပ္မေတာ္ဘက္က လာေရာက္တားျမစ္ရာမွ စစ္ေရးတင္းမာမႈ ျဖစ္ပြားခဲ့သည္။ ပဒိုေစာတာဒိုမွဴးက “အထူးသျဖင့္ နားလည္မႈလြဲမွားႏိုင္ေလာက္တဲ့ ေနရာေတြမွာရွိတဲ့ က်န္းမာေရးစစ္ေဆးတဲ့ စခန္းေတြကို ႏွစ္ဖက္ၾကားမွာ ႀကိဳတင္အသိေပးၿပီး ဘယ္လိုပံုစံမ်ိဳးနဲ႔ ညွိႏိႈင္းမလဲဆိုတဲ့ မူတခုခ်မွတ္ၿပီး ေကာ္မတီနဲ႔ ညွိႏိႈင္းသြားဖို႔ပါ။ က်ေနာ္တို႕ဘက္က ကိုဗစ္ စစ္ေဆးေရး စခန္းေတြရဲ႕စာရင္းကိုေပးမယ္။ အဲဒီေပၚမွာညွိႏိႈင္းသြားဖို႔ပါ” ဟု ေျပာဆိုသည္။

အစိုးရ၏ COVID-19 ကာကြယ္ထိန္းခ်ဳပ္ေရးဆိုင္ရာ EAO မ်ားႏွင့္ ညွိႏိႈင္းပူးေပါင္းေရးေကာ္မတီ ဒုတိယ ဥကၠ႒ အၿငိမ္းစား ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ခင္ေဇာ္ဦး ကလည္း KNU ႏွင့္ ညွိႏိႈင္းပူးေပါင္းေရးေကာ္မတီတို႔၏ ေဆြးေႏြးပြဲသည္ အျပဳသေဘာေဆာင္ ၿပီး တိုးတက္မႈရွိေၾကာင္း ေျပာဆိုသည္။ KNU အေနႏွင့္ COVID-19 ကာကြယ္ေရးဆိုင္ရာ စစ္ေဆးေရးဂိတ္မ်ား ေဆာင္ရြက္ မည္ဆိုပါက မည္သည့္ေနရာမ်ားတြင္ မည္သည့္ပံုစံျဖင့္ မည္ကဲ့သို႔ ေဆာင္ရြက္မည္ကို ေကာ္မတီထံ တင္ျပၿပီး ညွိႏိႈင္းေဆာင္ ရြက္ရန္ KNU ဘက္သို႔ ေတာင္းဆိုထားေၾကာင္း ၎က ဆိုသည္။

တိုင္းရင္းသားအေရးေလ့လာသံုးသပ္သူ ဦးေမာင္ေမာင္စိုးကမူ KNU အေနႏွင့္ ဗိုင္းရပ္စ္ကာကြယ္ေရးအတြက္ ဖြင့္မည့္ စစ္ေဆး ေရးဂိတ္မ်ား စာရင္းကို အစိုးရ၏ ညွိႏိႈင္းပူးေပါင္းေရးေကာ္မတီ ထံတင္ျပေဆာင္ရြက္မည္ဆိုပါက လတ္တေလာတြင္ ႏွစ္ဖက္ ပဋိပကၡမ်ား နည္းသြားႏိုင္ေၾကာင္းသံုးသပ္သည္။ သို႔ေသာ္ တဖက္က စဥ္းစားၾကည့္ပါက စစ္ေဆးေရးဂိတ္မ်ားဖြင့္ရန္ အစိုးရ၏ ေကာ္မတီႏွင့္ ညွိႏိႈင္းရမည္ဆိုသည့္ အခ်က္သည္ အစိုးရက ခြင့္ျပဳမွသာ စစ္ေဆးေရးဂိတ္မ်ားကို KNU ဘက္က ဖြင့္ခြင့္ရွိသည့္ သေဘာျဖစ္ေနေၾကာင္း ၎က ေထာက္ျပသည္။ ဦးေမာင္ေမာင္စိုးက “အစိုးရသေဘာတူလို႔ဖြင့္ရင္ ျပႆနာမရွိဘူးဆိုတဲ့ အဓိပၸါယ္ပဲ ျဖစ္ပါတယ္” ဟု မွတ္ခ်က္ေပးသည္။

KNU အဖြဲ႔သည္ အစိုးရႏွင့္ တႏိုင္ငံလံုးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) ကို ၂၀၁၅ ခုႏွစ္ ေအာက္တိုဘာ လ တြင္ လက္မွတ္ေရးထိုးထားသည့္ အဖြဲ႔ျဖစ္ၿပီး အစိုးရႏွင့္ လက္တြဲကာ ဗိုင္းရပ္စ္ကာကြယ္ေရး ေဆာင္ရြက္ေနသည့္ အဖြဲ႕ အစည္းလည္းျဖစ္သည္။ https://burma.irrawaddy.com/news/2020/05/11/222385.html

*************

၁၈။     တပ္မေတာ္ အပစ္ရပ္ေၾကညာခ်က္အေပၚ အကဲခတ္ေတြ ေမးခြန္းထုတ္

May 10, 2020

ျမန္မာႏုိင္ငံ အပါအ၀င္ ကမာၻတ၀န္း ကပ္ေရာဂါနဲ႔ ႀကံဳေနရခ်ိန္မွာ ေရာဂါထိန္းခ်ဳပ္ ကာကြယ္ကုသေရး အေထာက္အကူ ျဖစ္ေစဖုိ႔နဲ႔ ၿငိမ္းခ်မ္းေရးအတြက္ ဒီကေန႔ ေမလ ၁၀ ရက္ေန႔ကစၿပီး ၾသဂုတ္လ ၃၁ ရက္ေန႔အထိ တုိက္ခုိက္မႈေတြ ရပ္စဲမယ့္ အေၾကာင္း ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက မေန႔တုန္းကပဲ ေၾကညာခ်က္ ထုတ္ျပန္ခဲ့တာပါ။ ဒါေပမယ့္လည္း အၾကမ္းဖက္ အဖဲြ႔ အစည္းအျဖစ္ သတ္မွတ္ေၾကညာထားတဲ့ လက္နက္ကုိင္ေတြရွိရာ နယ္ေျမေတြမွာ သက္ေရာက္မႈရွိမွာ မဟုတ္ေၾကာင္းလည္း ေျပာဆုိထားပါတယ္။ ဒီအတြက္လည္း အစုိးရက အၾကမ္းဖက္ အဖဲြ႔အစည္းအျဖစ္ သတ္မွတ္ထားတဲ့ AA ရခုိင္တိုင္းရင္းသား လက္နက္ကုိင္အဖဲြ႔နဲ႔ လတ္တေလာ တုိက္ပဲြေတြ ျဖစ္ပြားေနတဲ့ ရခုိင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္ေတြက နယ္ေျမေတြ ပါ၀င္မွာ မဟုတ္ပါဘူး။ ဒီလုိ တုိက္ပဲြေတြ ျပင္းထန္ေနတဲ့ နယ္ေျမေတြ မပါ၀င္ဘဲ တဖက္သတ္ အပစ္ရပ္ ေၾကညာတာဟာ လက္ေတြ႔ အလုပ္ျဖစ္ႏုိင္ပါ့မလား ဆုိတာကုိေတာ့ ႏိုင္ငံေရးေလ့လာသံုးသပ္သူ ေဒါက္တာရန္မ်ိဳးသိမ္းတုိ႔လုိ အကဲခတ္ေတြက ေမးခြန္း ထုတ္ေနၾကပါတယ္။

“COVID-19 ျဖစ္ေနခ်ိန္မွာေရာ က်ေနာ္တို႔ႏုိင္ငံရဲ႕ ဒီမိုကေရစီ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရး လမ္းေၾကာင္းမွာေရာ ဒီလို အပစ္အခတ္ရပ္စဲေရး ေၾကညာတာကို ေကာင္းမြန္တဲ့ ေျခလွမ္းတခုလို႔ ျမင္ပါတယ္ဗ်။ သို႔ေသာ္လည္းပဲ ဒီ အပစ္အခတ္ ရပ္စဲေရးဟာ တႏိုင္ငံလံုးကို လႊမ္းၿခံဳတဲ့ အပစ္အခတ္ရပ္စဲေရးျဖစ္ဖို႔ လိုအပ္တယ္လို႔ ျမင္တယ္။ အဲ့ေတာ့ လက္ရွိအေျခအေနမွာ တကယ္ေတာ့ တိုက္ပြဲေတြ စစ္ေရးလႈပ္ရွားမႈေတြ အမ်ားဆံုး ျဖစ္ေနတာက ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္မွာ ျဖစ္တဲ့အခါက် ေတာ့ အဲ့ဒီ့ တုိင္းရင္းေဒသ ၂ ခုကိုပါ လႊမ္းၿခံဳတဲ့ အပစ္အခတ္ရပ္စဲေရးျဖစ္ဖို႔ လိုအပ္တယ္လို႔ ျမင္တယ္။ ရခိုင္အမ်ိဳးသား ေကာင္စီ (ANC) အေထြေထြအတြင္းေရးမွဴး ဦးထြန္းေဇာ္ကေတာ့ တပ္မေတာ္ရဲ႕ တဖက္သတ္ ေၾကညာခ်က္ ဟာ ႏုိင္ငံတကာ ဖိအားေတြကုိ ေရွာင္လဲႊဖုိ႔ ႀကိဳးပမ္းတဲ့လုပ္ရပ္ အျဖစ္နဲ႔သာ ႐ႈျမင္ပါတယ္။

“အဲ့သလိုပဲ ပစ္ေနခတ္ေန တုိက္ေနၾကတဲ့ တိုက္ပြဲေတြ ျဖစ္ေနၾကတဲ့ ကာလေဒသေတြမွာလည္း အပစ္အခတ္ ရပ္စဲမႈကို ထိထိ ေရာက္ေရာက္ ေဖာ္ေဆာင္ႏုိင္ဖို႔က အေရးႀကီးတယ္။ အထူးသျဖင့္က အခု စစ္ေရးပဋိပကၡေတြ တင္းမာေနတဲ့ ခ်င္းနဲ႔ ရခုိင္ ျပည္နယ္တြင္းက ေဒသခံ ျပည္သူလူထုၾကားမွာ အင္မတန္မွ ႀကီးမားတဲ့ စစ္ေဘးဒုကၡေတြနဲ႔ ရင္ဆိုင္ေနရတဲ့ အေျခအေန ဆိုးႀကီးကို ေက်ာ္လႊားႏိုင္ဖို႔ဆိုတာ ႏုိင္ငံေရးအရ ေတြ႔ဆံုေဆြးေႏြးဖို႔ ႏွစ္ဖက္ၾကား သေဘာတူညီခ်က္ေတြရဖို႔ ယံုၾကည္မႈ နားလည္မႈ တည္ေဆာက္ႏိုင္ဖို႔ ဒီအပစ္အခတ္ရပ္စဲေရး ေၾကညာခ်က္ကို လက္ေတြ႔ျဖစ္ေအာင္ ဒီအတြက္စၿပီး ေျခလွမ္းျပင္ဖို႔ မျဖစ္မေန လိုအပ္ေနၿပီလို႔ သံုးသပ္ပါတယ္။” https://burmese.voanews.com/a/react-myanmar-military-ceasefire/54 13596.html

************

၁၉။     ဘူးသီးေတာင္က စစ္ေဘးဒုကၡသည္ေတြ ရိကၡာလိုအပ္ေန

May 10, 2020

ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕၊ ရပ္ကြက္ ၄ မွာ ေျမငွားရမ္းၿပီး အေထာက္အပံ့ အကူအညီမရဘဲ တဲေဆာက္ေနရတဲ့ စစ္ေဘးဒုကၡသည္ျပည္သူေတြနဲ႔ ဘုန္းႀကီးေက်ာင္း အပါအဝင္ နီးစပ္ရာေက်းရြာေတြမွာ ခိုလံႈေနရသူေတြ စားေရးေသာက္ေရးနဲ႔ ေသာက္သံုးေရ အခက္အခဲေတြႀကံဳေနရပါတယ္။

ဘူးသီးေတာင္ၿမိဳ႕နယ္ ရပ္ကြက္ ၄ မွာ အေထာက္အပံ့ အကူအညီမရတဲ့ စစ္ေဘးဒုကၡသည္ေတြနဲ႔ ဘုန္းႀကီးေက်ာင္း အပါ အဝင္ နီးစပ္ရာေက်းရြာေတြမွာခိုလံႈေနရသူေတြ စားဝတ္ေနေရး အခဲေတြႀကံဳေနရေၾကာင္း ခမီေခ်ာင္းေက်းရြာ ေဒသခံ ဦးေက်ာ္ သာခိုင္က RFA ကိုေျပာပါတယ္။ ဘူးသီးေတာင္ၿမိဳ႕နယ္ ျပည္သူ႕လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေအာင္ေသာင္းေရႊက ရပ္ကြက္ ၄ က စစ္ေဘးဒုကၡ သည္ေတြတင္ အခက္အခဲျဖစ္ေနတာ မဟုတ္ဘဲ ဘူးသီးေတာင္ၿမိဳ႕နယ္ထဲမွာရွိတဲ့ စစ္ေဘးဒုကၡသည္ ေတြအားလံုး အခက္အခဲႀကံဳေနရတယ္လို႔ ေျပာပါတယ္။“လက္ရွိ ဘူးသီးေတာင္ၿမိဳ႕နယ္ထဲက စစ္ေဘးဒုကၡသည္စခန္း ၂၀ ေလာက္မွာရွိတဲ့ လူဦးေရ တစ္ေသာင္းေက်ာ္ဟာ အစိုးရရဲ႕ အကူအညီအေထာက္အပံ့ ပံုမွန္မရတဲ့အတြက္ ပုဂၢိလက အကူ အညီေတြပဲ ေမွ်ာ္လင့္ေနရတယ္လို႔ ဦးေအာင္ေသာင္းေရႊက ဆိုပါတယ္။

ဘူးသီးေတာင္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးေရႊလွေအာင္ကေတာ့ ရပ္ကြက္ ၄ တင္မကဘဲ တစ္ၿမိဳ႕နယ္လံုးမွာရွိတဲ့ စစ္ေဘးေရွာင္ ေတြအတြက္ ေန႔စဥ္စားဖို႔ ဆန္အကူအညီေပးထားတယ္လို႔ RFA ကို ေျပာပါတယ္။ REC ရဲ့ ေလ့လာဆန္းစစ္ခ်က္အရ ရခိုင္ျပည္နယ္အတြင္းမွာ အေထာက္အပံ့ အကူအညီမရဘဲ ငွားရမ္းေနထိုင္ ေနရတဲ့ စစ္ေဘးဒုကၡသည္ အိမ္ေထာင္စုေပါင္း ၃၇၀ဝ ခန္႔ရွိၿပီး အစုအေဝးလိုက္ စခန္းဖြင့္ေနၾကတာ မဟုတ္တဲ့အတြက္ အကူအညီေတြ မရသေလာက္ပဲလို႔ ဆိုပါတယ္။ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ AA တို႔ရဲ႕ တိုက္ပြဲေတြေၾကာင့္ ဘူးသီးေတာင္ၿမိဳ႕နယ္အတြင္းက စစ္ေဘးဒုကၡသည္ စခန္း ၂၀ ေလာက္နဲ႔ နီးစပ္ရာ ဘုန္းႀကီးေက်ာင္းေတြ၊ ေက်းရြာေတြမွာ ေရာက္ရွိခိုလံႈေနရတဲ့ စစ္ေဘးဒုကၡသည္ အေရအတြက္ဟာ ၁၃၀ဝ၀ ေက်ာ္ရွိၿပီလို႔ ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးေရႊလွေအာင္က ေျပာပါတယ္။ https://www.rfa.org/burmese/news/w  ar-refugees-in-buthidaung-05102020055932.html

*************

၂၀။     ဆြမ္ပရာဘြမ္ၿမိဳ႕အနီး ငလ်င္လႈပ္

May 9, 2020

ကခ်င္ျပည္နယ္၊ ဆြမ္ပရာဘြမ္ၿမိဳ႕အနီးမွာ  အင္အားရစ္ခ်္တာစေကး ၃ ဒသမ ၈ အဆင့္ရွိ အင္အားအနည္းငယ္ရွိတဲ့ ေျမငလ်င္ တခု လႈပ္ခတ္သြားတယ္လို႔ မိုးဇလဌာနက ထုတ္ျပန္ပါတယ္။

ေမလ ၉ ရက္ ည ၈ နာရီ၊ ၅၇ မိနစ္၊ ၅၇ စကၠန္႔ အခ်ိန္က  ျမစ္ႀကီးနားေျမငလ်င္စခန္းရဲ႕ ေျမာက္-အေရွ႕ေျမာက္ဘက္ ၇၄ မိုင္ ေလာက္‌ေဝးတဲ့  ျမန္မာႏိုင္ငံျပည္တြင္း ဆြမ္ပရာဘြမ္ၿမိဳ႕ရဲ႕ အေရွ႕ေျမာက္ဘက္ ၅ မိုင္ခန္႔အကြာ ေျမာက္လတၱီတြဒ္ ၂၆ ဒသမ ၅၈ ဒီဂရီ၊ အေရွ႕ေလာင္ဂ်ီတြဒ္ ၉၇ ဒသမ ၆၃ ဒီဂရီ၊  အနက္ ၄၇ ကီလိုမီတာကို ဗဟိုျပဳၿပီး ေျမငလ်င္တခု လႈပ္သြားတာလို႔ သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။ http://burmese.dvb.no/archives/387010

***********

၂၁။     သံျဖဴဇရပ္ၿမိဳ႕နယ္တြင္ မူးယစ္ေဆးဝါးဝယ္ယူသူ ၃၇ ဦးကို KNU ဖမ္းဆီး၊ လူတစ္ဦး ၅ သိန္းႏွင့္ ဆိုင္ကယ္တစ္စီး ၅ သိန္း စီဒဏ္ ေငြခ်မွတ္

May 10, 2020

သံျဖဴဇရပ္ၿမိဳ႕နယ္၊ ရဲတံခြန္ေက်းရြာႏွင့္ စခန္းႀကီးေက်းရြာအၾကား အတြင္းစခန္းႀကီးေက်းရြာရွိ ၿခံတစ္ၿခံ၌ ေမလ ၇ ရက္ေန႔ ညပိုင္းက မူးယစ္ေဆးဝါးလာေရာက္ဝယ္ယူသူ ၃၇ ဦးကို ကရင့္အမ်ိဳးသားရဲတပ္ဖြဲ႔ KNPF က ဖမ္းဆီးၿပီး လူတစ္ဦးေငြက်ပ္ ၅ သိန္းႏွင့္ ဆိုင္ကယ္တစ္စီး ၅ သိန္း ဒဏ္ေငြခ်မွတ္ထားေၾကာင္း စံုစမ္းသိရွိရသည္။

အဆိုပါ မူးယစ္သံုးစြဲသူတစ္ဦးကို ၆ လစာျဖင့္ညီမွ်သည့္ ေငြဒဏ္ ၅၀ဝ,ဝ၀ဝ က်ပ္ႏွင့္ ဆိုင္ကယ္တစ္စီးအတြက္ ၆ လစာ ျဖင့္ ညီမွ်သည့္ေငြဒဏ္ ၅၀ဝ,ဝ၀ဝ က်ပ္ ဒဏ္ေငြေပးေဆာင္ရမည္ျဖစ္ေၾကာင္း ဒုရဲတပ္ဖြဲ႕မွဴး ေစာၿငိမ္းခ်မ္း အမွတ္(၄)ရဲဌာန KNPF, ဝင္းေရးၿမိဳ႕နယ္ ဆိုသူက အမိန္႔ခ်မွတ္ထားသည့္ မိတၱဴစာတစ္ေစာင္ မြန္သတင္းေအဂ်င္စီက လက္ခံရရွိထားသည္။“ဖားျပ ရြာမွာ သြားေရြးရတာပါ၊ ရြာစံုက မြန္လူငယ္ေတြခ်ည္းပဲ အဖမ္းခံထိတာ၊ လြတ္တဲ့လူက လြတ္လာၿပီ၊ လာမေရြးေသးတဲ့လူေတြ က်န္ေသးတယ္” ဟု ဒဏ္ေငြသြားေရာက္ေပးေဆာင္ခဲ့သူ အမည္မေဖာ္လိုသည့္ ဝယ္ကလိရြာသားတစ္ဦးက ေျပာသည္။

ယင္းသို႔ ဒဏ္ေငြေပးေဆာင္ရာ၌ ေနာက္ေနာင္တြင္ မူးယစ္ေဆးဝါးသံုးစြဲျခင္း ကိစၥရပ္မ်ားမျပဳလုပ္ မက်ဴးလြန္ေတာ့ပါ၊ ထပ္မံ က်ဴးလြန္မိပါက ထိုက္သင့္သည့္ျပစ္ဒဏ္ကို ျပတ္သားစြာအေရးယူခံပါမည္ဟု မိမိကို မိမိတာဝန္ရွိလူႀကီးမင္း၏ ေရွ႕ေမွာက္တြင္ ဝန္ခံကတိျပဳ လက္မွတ္ေရးထိုးေစသည္ဟု သိရသည္။ “ က်ေနာ္တို႔ ရြာသား ၁၀ ေယာက္ေလာက္ပါတယ္လို႔ သိရတယ္၊ နာမည္ေတာ့ မသိရပါဘူး၊ သူတို႔မိဘေဆြမ်ိဳးေတြ တိတ္တိတ္ေလးမသိမသာ သြားေရြးေနၾကတယ္”ဟု အမည္မေဖာ္လိုသည့္ ပငေက်းရြာသားတစ္ဦးက ေျပာဆိုေသာ္လည္း မြန္သတင္းေအဂ်င္စီအေနျဖင့္ သီးျခားအတည္ျပဳႏိုင္ျခင္း မရွိေပ။

အဆိုပါ မူးယစ္ေဆးဝါးကိစၥႏွင့္ပတ္သက္၍ ဖမ္းဆီးထားသူမ်ားအား အျပစ္ရွိသူမ်ားအား တရားဥပေဒအရေရးယူေရးႏွင့္ အျပစ္မဲ့ျပည္သူမ်ားအား ျပန္လည္လႊတ္ေပးေရး ကရင္ျပည္နယ္ လံု/နယ္ဝန္ႀကီးမွတစ္ဆင့္ JMC-S ႏွင့္ KNU ဆက္ဆံေရးရံုး မ်ားသို႔ ညွိႏိႈင္းေဆာင္ရြက္ခဲ့ေၾကာင္း လူမႈကြန္ယက္ Facebook စာမ်က္ႏွာမ်ားတြင္ ေတြ႔ရွိရသည္။ အထက္ပါျဖစ္စဥ္ကို အမည္မေဖာ္လိုသည့္ ေရွ႕ေနတစ္ဦးက “ျပည္သူက အစိုးရ ၂ ခုနဲ႔ ႀကံဳဆံုေနရပံုပါ၊ ၂ ဖက္အေရးယူတာခံေနရတယ္”ဟု သံုးသပ္သည္။ http://burmese.monnews.org/ 2020/05/10/%e1%80%9e%e1%80%b6%e1%80%96c%e1%80

**************

၂၂။     လက္နက္ကိုင္ပဋိပကၡမ်ားေၾကာင့္ ဧၿပီအတြင္း လူ ၇၁ ဦးေသဆံုးဟု အစီရင္ခံစာေဖာ္ျပ၊ ရခိုင္ျပည္နယ္တြင္ တိုက္ပြဲ အမ်ားဆံုး ျဖစ္ဟုဆို

May 11, 2020

လက္နက္ကိုင္ပဋိပကၡ မ်ားႏွင့္ဆက္စပ္၍  ၿပီးခဲ့သည့္ ဧၿပီအတြင္း လူ ၇၁ ဦးေသဆံုးခဲ့ၿပီး ၉၁ ဦးဒဏ္ရာရရွိခဲ့ေၾကာင္း ျပည္တြင္း လက္နက္ကိုင္ပဋိပကၡႏွင့္ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ ေစာင့္ၾကည့္ေလ့လာသည့္ အရပ္ဘက္အဖြဲ႕အစည္း Burma Monitor က ေဖာ္ျပ သည္။ ထို႔အျပင္ လူ႕အခြင့္အေရးႏွင့္ ဆက္စပ္ျဖစ္စဥ္ အႀကိမ္ ၃၀ ျဖစ္ ပြားခဲ့ၿပီး ဖမ္းဆီးခံရသူ ၉၆ ဦးရွိၿပီး ၃၃ ဦး ျပန္လြတ္ ေျမာက္ခဲ့ေၾကာင္း Burma Monitor ၏ ဧၿပီအစီရင္ ခံစာက ဆိုသည္။

ထိခိုက္ေသဆံုးမူမ်ားကို ေဖာ္ျပရာတြင္ လက္နက္ႀကီး က်ည္က်ေရာက္မႈ အပါအဝင္ တိုက္ပြဲ၊ မိုင္းေပါက္ကြဲမႈႏွင့္ လူ႔အခြင့္ အေရးဆိုင္ရာ ဆက္စပ္ျဖစ္စဥ္မ်ားကို ထည့္သြင္းတြက္ခ်က္ ထားျခင္းျဖစ္သည္။ တပ္မေတာ္ႏွင့္ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕မ်ားၾကား ဧၿပီ ၁ ရက္မွ ၃၀ ရက္အထိ ရခိုင္ျပည္နယ္၊ ခ်င္းျပည္နယ္၊ ကရင္ျပည္နယ္၊ ရွမ္းျပည္နယ္ ေျမာက္ပိုင္းႏွင့္ စစ္ကိုင္းတိုင္း ေဒသျကီးရွိ ျမို့နယ္ ၁၇ ခုတြင္ တိုက္ပြဲ ၃၄ ျကိမ္ ျဖစ္ပြားခဲ့သည္ ဟု Burna Monitor အစီရင္ခံစာကဆိုသည္။ ထို႔အျပင္ မိုင္းေပါက္ကြဲမႈ ၁၀ ႀကိမ္ျဖစ္ပြားခဲ့ေၾကာင္း ေဖာ္ျပသည္။

တိုက္ပြဲျဖစ္ပြားမႈ အမ်ားဆံုး မွာ ရခိုင္ျပည္နယ္တြင္ျဖစ္ၿပီး စုစု ေပါင္း ၁၉ ႀကိမ္ ျဖစ္ပြားခဲ့သည္။ ယင္းတိုက္ပြဲမ်ားႏွင့္ ဆက္စပ္၍ ေသဆံုးသူ ၃၀ ဦးရွိၿပီး ၆၆ ဦးဒဏ္ရာရရွိခဲ့သည္ဟု ဆိုသည္။ ထို႔အျပင္ ေျမျမွဳပ္မိုင္းေပါက္ကြဲမႈ ေလးႀကိမ္ျဖစ္ပြားခဲ့ၿပီး ႏွစ္ဦး ေသဆံုးကာ တစ္ဦးဒဏ္ရာရွိခဲ့ေၾကာင္း အစီရင္ခံစာက ေဖာ္ျပသည္။ ခ်င္းျပည္နယ္ ပလက္ဝေဒသတြင္လည္း ဧၿပီအတြင္း တိုက္ပြဲရွစ္ႀကိမ္ျဖစ္ပြားခဲ့ၿပီး လက္နက္ႀကီးက်ည္က်ေရာက္မႈေၾကာင့္ အရပ္သား ၁၆ ဦး ေသဆံုးကာ ၁၆ ဦး ဒဏ္ရာရရွိခဲ့ ေၾကာင္း အစီရင္ခံစာက ဆိုသည္။  ပလက္ဝၿမိဳ႕နယ္တြင္ ေျမျမွဳပ္မိုင္း ေပါက္ကြဲမႈ တစ္ႀကိမ္ျဖစ္ပြားခဲ့ၿပီး  တစ္ဦးဒဏ္ရာရရွိခဲ့ ေၾကာင္း ေဖာ္ျပထားသည္။ ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ တိုက္ပြဲေလးႀကိမ္ျဖစ္ပြားၿပီး ငါးဦးေသဆံုးခဲ့ကာ မိုင္းေပါက္ကြဲမႈ တစ္ႀကိမ္ျဖစ္ပြားခဲ့သည္။ ကရင္ျပည္နယ္တြင္ တိုက္ပြဲတစ္ႀကိမ္ႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီးတြင္ တိုက္ပြဲႏွစ္ႀကိမ္ ျဖစ္ပြားခဲ့ သည္ဟုလည္း အစီရင္ခံစာက ေဖာ္ျပထားသည္။ https://7day.news/detail?id=185811

*************

၂၃။     ကယားျပည္နယ္သို႔ လာေရာက္သူမ်ား ခရီးသြားေထာက္ခံခ်က္ ျပရမည္

May 10, 2020

ကယားျပည္နယ္အတြင္း အဝင္၊ အထြက္ျပဳလုပ္မည့္ သူမ်ားသည္ သက္ဆိုင္ရာရပ္ကြက္မွ ခရီးသြားေထာက္ခံခ်က္ ျပသရ မည္ဟု ကယားျပည္နယ္ အစိုးရအဖြဲ႕က ယမန္ေန႔တြင္ ထုတ္ျပန္သည္။

COVID-19 ေရာဂါ ကူး စက္ျပန္႕ပြားမႈမရွိေစေရးႀကိဳတင္ကာကြယ္သည့္အေနျဖင့္ ကယားျပည္နယ္၏ ၿမိဳ႕နယ္ အဝင္၊ အထြက္ ဂိတ္မ်ားတြင္ က်န္းမာေရးစစ္ေဆးျခင္း၊ ခရီးသြားေထာက္ခံခ်က္မ်ား စစ္ေဆးျခင္းမ်ားကို ျပဳလုပ္ေနၿပီး ျပည္နယ္တြင္းသို႔ လာေရာက္သူမ်ားျဖစ္ေစ၊ ျပည္နယ္တြင္းမွ ျပင္ပသို႔သြားေရာက္သူမ်ားျဖစ္ေစ သက္ဆိုင္ရာ ရပ္ကြက္၊ ေက်းရြာအုပ္စု အုပ္ခ်ဳပ္ ေရးမွဴးရံုးမ်ားမွ တစ္ပတ္အတြင္း ထုတ္ေပးထားသည့္ ခရီးသြား ေထာက္ခံခ်က္မ်ားကို ယူေဆာင္ လာရမည္ျဖစ္သည္။

ယင္းကဲ့သို႔ ေဆာင္ရြက္ရျခင္းသည္ ေရာဂါပိုးရွိသူမ်ားႏွင့္ ထိေတြ႔ခဲ့သူမ်ားအား အခ်ိန္ႏွင့္တစ္ေျပးညီ ဆက္စပ္ေဖာ္ထုတ္ ႏိုင္ေရး အတြက္ျဖစ္ၿပီး ေထာက္ခံခ်က္မပါရွိပါက ေထာက္ခံခ်က္ ျပန္ယူခိုင္းျခင္း၊ အေရးယူျခင္း၊ ျပည္နယ္အတြင္း ဝင္ေရာက္ခြင့္ ျပဳမည္မဟုတ္ေၾကာင္း ကယား ျပည္နယ္အစိုးရအဖြဲ႔ဝင္ သဘာဝ သယံဇာတႏွင့္ သစ္ေတာဝန္ႀကီး ဦးတီရယ္က ေျပာသည္။ ‘‘ေထာက္ခံခ်က္ပါရင္ စစ္ေဆးရတာ လြယ္မယ္၊ ျမန္မယ္ေလ။ ဘာလို႔ဆို တခ်ိဳ႕က အမွန္မေျဖပဲ စစ္ေဆးသူေတြကို ရစ္တာ၊ ရန္ေတြ႔တာမ်ိဳးရွိတယ္။ အဓိက ရည္ရြယ္ခ်က္က လိမ္ၿပီးသြားတာမ်ိဳးမျဖစ္ဖို႔ပါ။ ေထာက္ခံခ်က္ မပါရင္ ေပးမဝင္တာမ်ိဳးေတာ့ မဟုတ္ဘူး ’’ ဟု ၎ကေျပာသည္။ https://7day.news/detail?id=185757

************

၂၄။     ေရခမ္းေျခာက္လာသည့္ ေမာ္လၿမိဳင္ ေရႊနတ္ေတာင္ဆည္ေရေပးေဝမႈ ႏွစ္ပတ္စာခန္႔သာ အဆင္ေျပေတာ့မည္ဟုဆို

May 8, 2020

ရာသီဥတု အလြန္ပူျပင္းေသာေၾကာင့္ ေမာ္လၿမိဳင္ၿမိဳ႕ကို အဓိကေရေဝေပးေနရသည့္ ေရႊနတ္ေတာင္ဆည္  ေရခမ္းေျခာက္မႈရွိ လာၿပီး ႏွစ္ပတ္စာခန္႔သာ အဆင္ေျပေတာ့မည္ဟု ေမာ္လၿမိဳင္စည္ပင္သာယာေရးအဖြဲ႔ တြဲဖက္ညႊန္ၾကားေရးမွဴး ဦးတင္ကိုကိုက ေျပာသည္။ “ပူျပင္းေတာ့ ေရႊနတ္ေတာ္ဆည္ေရကို တစ္ရက္ကို ဂါလံသိန္း ၄၀ ေလာက္ ထုတ္ေနတယ္၊ အတၱရံက တစ္ရက္ ကို ဂါလံ ၁၅ သိန္းေလာက္ ထုတ္ေနရတယ္၊ ျပသနာျဖစ္ေနတာက ေရႊနတ္ေတာင္ကေန ထုတ္တဲ့ ေရက ကြ်န္ေတာ္တို႔ ခန္႔မွန္းတာဆိုလိုရွိရင္ ေနာက္ထပ္ ၂ ပတ္စာေလာက္ကိုပဲ ေရယူလို႔ အဆင္ေျပေတာ့မယ့္ အေနအထားမ်ိဳးေတြ႕ရတယ္”ဟု ၎က ဆိုသည္။

ထို႔အတူ မြန္ျပည္နယ္ေရရွားမႈအႏၱရာယ္ႏွင့္ ပတ္သက္ၿပီး သဘာဝေဘးအႏၱရာယ္ ရန္ပံုေငြ ၁ ဘီလီလ်ံမွ အသံုးျပဳ၍ ေျဖရွင္း ေပးေနသည္ဟု မြန္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအးဇံက ၿပီးခဲ့သည့္မတ္လလယ္တြင္ သတင္းေထာက္မ်ားကို ေျပာသည္။ သို႔ရာတြင္ ျပည္နယ္တြင္းေရရွားပါးမႈ ၇၅ %ကို  ျပည္နယ္အစိုးရေျဖရွင္းေပးႏိုင္ထားၿပီးဟု ဆိုေသာ္လည္း ၿမိဳ႕နယ္တိုင္းတြင္ ေက်းရြာမ်ားပါမက်န္ မီးသတ္တပ္ဖြဲ႔၊ လူမႈေရးအသင္းမ်ားႏွင့္ ပရဟိတအသင္းအဖြဲ႔မ်ားက ေန႔စဥ္ေရအလွဴေဝေပးေနရေၾကာင္း လူမႈကြန္ယက္မ်ားမွတဆင့္ ေတြ႔ရွိရသည္။

အထူးသျဖင့္ ေခ်ာင္းဆံုႏွင့္ ေပါင္ၿမိဳ႕နယ္ဘက္မွာ အဓိက ေရရွားပါးမႈမ်ား ျဖစ္ေပၚေနသည္ဟု ေမာ္လၿမိဳင္ လူမႈကယ္ဆယ္ေရး အဖြဲ႔မွ ကိုဇင္မိုးက ေျပာသည္။ အကယ္၍ ေသာက္သံုးေရျပတ္လပ္ၿပီး ေရအခက္အခဲျဖစ္ေပၚလာပါက ေက်းလက္ေဒသ ဖြံ႔ၿဖိဳး ေရးဦးဌာနသို႔ အကူအညီေတာင္းခံႏိုင္သလို ေသာက္သံုးေရမ်ား ျဖန္႔ေဝေပးႏိုင္ေရး စီစဥ္ထားေၾကာင္း ျပည္နယ္ ေက်းလက္ ေဒသဖြံ႔ၿဖိဳးတိုးတက္ေရး ဦးစီးဌာနမွ သိရသည္။ http://burmese.monnews.org/2020/05/08/%e1%80%9b%e1%80%b1%e1%80%81%e1%80%99%e1%80

**************

၂၅။     မူဆယ္ ကိုဗစ္-၁၉ လူနာ ေဆးရံု ဆင္းခြင့္ ရ

May 9, 2020

သွ်မ္းျပည္ ေျမာက္ပိုင္း မူဆယ္ၿမိဳ႕ ကိုဗစ္-၁၉ လူနာ သည္ ဓာတ္ခြဲခန္း အေျဖႏွစ္ႀကိမ္ Negative  ျဖစ္သျဖင့္ ေဆးရံု ေပးဆင္း လိုက္ၿပီ ျဖစ္ေၾကာင္း သတင္းရရွိသည္။ ဧၿပီ ၂၄ ရက္တြင္ မူဆယ္ၿမိဳ႕ အသက္ ၈၇ ႏွစ္ရွိ အမ်ိဳးသမီး တဦးသည္ ကိုဗစ္ ၁၉ အတည္ျပဳလူနာအျဖစ္ က်န္းမာေရး ႏွင့္ အားကစားဝန္ႀကီးဌာနက ေၾကညာခ်က္ ထုတ္ခဲ့သည့္ သူျဖစ္သည္။ ထိုဧၿပီ ၂၄ ရက္ ေနာက္ပိုင္း အသက္ ၈၇ ႏွစ္အရြယ္ ကိုဗစ္-၁၉ လူနာ ၏ ဓာတ္ခြဲနမူနာကို ထပ္မံစစ္ေဆးရာ Negative ၂ ႀကိမ္ျဖစ္သျဖင့္ ေဆးရံု မွ ဆင္းခြင့္ ေပးလိုက္ေၾကာင္း မူဆယ္ၿမိဳ႕ေဆးရံုအုပ္ ေဒါက္တာ ဟန္ႏိုင္စိုး က သွ်မ္းသံေတာ္ဆင့္ သို႔ေျပာသည္။

ေဆးရံု ေပးဆင္းၿပီးေနာက္ ဟိုတယ္ Quarantine ၇ ရက္ ႏွင့္ ေနအိမ္ Quarantine ၇ ရက္ စုစုေပါင္း ၁၄ ရက္ေနၿပီးပါက ထပ္မံစစ္ေဆးၿပီးမွ အျပင္သြား လာခြင့္ျပဳမည္ဟုလည္း ေဒါက္တာ ဟန္ႏိုင္စိုး ကေျပာသည္။ “ အဖြား က Negative ႏွစ္ႀကိမ္ျဖစ္ၿပီး ေနေကာင္းတာၾကားရေတာ့ ဝမ္းသာပါတယ္။ အသက္ကလည္း ႀကီးၿပီးဆိုေတာ့ စိတ္ေတာ့ပူတယ္။ မဟုတ္ရင္ အားလံုးက ဒီေရာဂါကို စိုးရိမ္ေနၾကတာ” ဟု မူဆယ္ေဒသခံ အမ်ိဳးသမီး တဦးက ေျပာသည္။

ျမန္မာ-တရုတ္ နယ္စပ္ မူဆယ္ၿမိဳ႕တြင္ ကိုဗစ္-၁၉ လူနာ တဦး ကို ဧၿပီ ၂၄ ရက္ တြင္ က်န္းမာေရး ႏွင့္ အားကစား ဝန္ႀကီးဌာန က ထုတ္ျပန္ေၾကညာၿပီးေနာက္ပိုင္း တရုတ္ႏိုင္ငံတြင္ တင္းၾကပ္သည့္ စည္းကမ္းမ်ားထုတ္ျပန္ကာ တပိုင္တႏိုင္ ၿခံထြက္ သီးႏွံ မ်ား တရုတ္နယ္စပ္သို႔ ျဖတ္သန္းေရာင္းခ်ခြင့္မရေတာ့သည့္ အေျခအေနျဖစ္ခဲ့သည္။ https://burmese.shannews.org/ archives/16466

*************

၂၆။     က်ပ္သိန္း ၂,ဝ၀ဝ  ေက်ာ္ တန္ဖိုးရွိ ထိန္းခ်ဳပ္ဓာတုပစၥည္းမ်ား သယ္ေဆာင္လာသ ူေလးဦး ကို ဖမ္းဆီး

May 10, 2020

ရွမ္းျပည္နယ္ေတာင္ပိုင္း ေက်းသီးၿမိဳ႕နယ္တြင္ က်ပ္သိန္း ၂,၆၀ဝ ေက်ာ္တန္ဖိုးရွိ ထိန္းခ်ဳပ္ဓာတုပစၥည္းမ်ား သယ္ေဆာင္ လာ သည့္ ေမာ္ေတာ္ယာဥ္အား ရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့သည္။ ေမလ ၇ ရက္ နံနက္က လံုၿခံဳေရးတပ္ဖြဲ႔ဝင္မ်ားသည္ ေက်းသီးၿမိဳ႕နယ္ မိုင္းေနာင္ၿမိဳ႕အဝင္တြင္ နယ္ေျမလံုၿခံဳေရး ေဆာင္ရြက္ေနစဥ္ ဝမ္ဆင္းဘက္မွ မိုင္းေနာင္သို႔ ေမာင္းႏွင္လာသည့္ ကုန္တင္ယာဥ္ တစ္စီးကို စစ္ေဆးရန္ ရပ္တန္႔ခိုင္းရာ ၎ယာဥ္မွာ ေနာက္ျပန္လွည့္၍ ေမာင္းႏွင္  ထြက္ေျပးခဲ့ေၾကာင္း ရဲတပ္ဖြဲ႔က  ထုတ္ျပန္ သည္။

ရဲတပ္ဖြဲ႔က လိုက္လံတားဆီးရာ ၎ယာဥ္ေပၚ လိုက္ပါလာသည့္ ယာဥ္ေမာင္းအပါအဝင္ အမ်ိဳးသားႏွစ္ဦးက ကုန္တင္ ယာဥ္ကို ရပ္တန္႔ထားခဲ့ၿပီးေနာက္တြင္ ကပ္လ်က္လိုက္ပါလာသည့္ Vigo အမ်ိဳးအစား ကိုယ္ပိုင္ယာဥ္ ေပၚတက္၍  ဆက္လက္ ေမာင္းႏွင္ ထြက္ေျပးခဲ့သည္။

ထို႔ေနာက္ ရဲတပ္ဖြဲ႔က ဝိုင္းဝန္းပိတ္ဆို႔ဖမ္းဆီးခဲ့ရာ ကုန္တင္ယာဥ္ေမာင္း လိႈင္သာယာၿမိဳ႕နယ္ေန အသက္(၂၈)ႏွစ္အရြယ္ ခ်စ္ဝင့္သူႏွင့္ ယာဥ္အကူျဖစ္သူ မူဆယ္ၿမိဳ႕ေန (၂၆)ႏွစ္အရြယ္ လႈိင္ေဝဦးတို႔ ႏွစ္ဦးကိုလည္းေကာင္း၊ ကိုယ္ပိုင္ယာဥ္ေပၚမွ မူ ဆယ္ၿမိဳ႕ေန အမ်ိဳးသားႏွစ္ဦးတို႔ကို ဖမ္းမိခဲ့သည္။ ကုန္တင္ယာဥ္ကို စစ္ေဆးရာ ယာဥ္ေပၚတြင္ ပလတ္စတစ္ပီပါ၊ သံပီပါမ်ား ျဖင့္ ထည့္သြင္းသယ္ေဆာင္လာသည့္ က်ပ္သိန္း ၂,၆၅၆ တန္ဖိုးရွိ ထိန္းခ်ဳပ္ ဓာတုပစၥည္း အီသိုင္းအက္စီတစ္ အရည္မ်ားကို ဖမ္းဆီးရမိခဲ့ေၾကာင္း ရဲတပ္ဖြဲ႔က ထုတ္ျပန္သည္။

‘‘ဒီဓာတုပစၥည္းေတြက မူးယစ္ေဆးဝါးခ်က္လုပ္ရာမွာ အသံုးျပဳတဲ့ ပစၥည္း ေတြပါ။ ေနာက္ၿပီး သူတို႔ေလးေယာက္က ဒီပစၥည္းေတြကို အက်ိဳးတူပူးေပါင္းၿပီး သယ္ေဆာင္လာတာကို စစ္ ေဆးေတြ႔ရွိရပါ တယ္’’ဟု ေက်း သီးၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွ ရဲအရာ ရွိတစ္ဦးက ေျပာသည္။ https://7day.news/detail?id=185743

************

၂၇။     ကခ်င္ျပည္နယ္မွ COVID -19 လူနာ Case 144 မွာ စစ္ေဆးခ်က္အရ Negative နွစ္ျကိမ္ျပသျဖင့္ ေဆးရံုဆင္းကာ သီးျခား Quarantine ျဖင့္ ေနထိုင္

May 11, 2020

ကခ်င္ျပည္နယ္မွ တစ္ဦးတည္းေသာ COVID -19 လူနာ Case 144 မွာ စစ္ေဆးခ်က္အရ Negative ႏွစ္ႀကိမ္ျပသျဖင့္ ေဆးရံုဆင္းကာ သီးျခား Quarantine ျဖင့္ ေနထိုင္ေနၿပီျဖစ္ေၾကာင္း သိရသည္။ COVID-19 လူနာအမွတ္ ၁၄၄ သည္  ဧၿပီ ၄ ရက္ခန္႕မွစတင္ကာ ကိုယ္လက္မ်ား ထိုင္းမိႈင္းျခင္း ကိုခံစားရေၾကာင္း ဧၿပီ ၇ ရက္၊ ၈ ရက္မ်ားတြင္ ျပင္ပေဆးခန္းျပသခဲ့ ေၾကာင္း၊ အံသြားမ်ားနာသည့္အေျခအေနျဖစ္ခဲ့ေၾကာင္း၊ အသက္ရႉမဝသည့္ အေျခအေနႀကံဳေတြ႔ခဲ့ေၾကာင္း၊ လူလည္း ထိုင္းမိႈင္းေနေၾကာင္း၊ အလုပ္သမား ေဆးခန္းတြင္လည္း ျပသခဲ့ရေၾကာင္း၊ ရန္ ကုန္မွ ဧၿပီ ၁၅ ရက္တြင္ လူမႈကူညီေရးကားျဖင့္ မိုးညွင္းသို႔ ထြက္ခြာလာေၾကာင္း၊ ဧၿပီ ၁၆ရက္ မိုးညွင္းၿမိဳ႕သို႕ေရာက္ေရာက္ျခင္း Quarantine ဝင္ခဲ့ေၾကာင္း၊ ဧၿပီ ၂၁ ရက္တြင္ ဓာတ္ခြဲနမူနာ ယူခဲ့ေၾကာင္း၊ မည္သည့္ေနရာမွကူးသည္ကို အစရွာမရေၾကာင္း၊ ရန္ကုန္တြင္ အခန္းအတူ ေနမွလြဲ၍ သီးျခား လုပ္ကိုင္ရသည့္အေျခအေနျဖစ္ေၾကာင္း၊ ျပည္ပခရီးလံုးဝမရွိေၾကာင္း သိရသည္။

လူနာအမွတ္ ၁၄၄ က “ေရာဂါမရွိေတာ့ဘူးဆိုေတာ့ အရမ္းေပါ့သြားတယ္။ ကြ်န္ေတာ္ ခံစားရတာကေတာ့ ကိုယ္လက္ထိုင္းၿပီး ဖ်ားခ်င္တာ အရင္ျဖစ္တာ။ အသက္ရႉမဝတာေတြ ျဖစ္တယ္။ ေဆးရံုတက္ၿပီးေနာက္မွ ထူးထူးျခားျခားျဖစ္တာ ဘာမွမရွိဘူး။ က်န္းမာေရး ဝန္ထမ္းေတြကလည္း ဘာမွမလိုေအာင္ကူညီ ေပးၾကတယ္။ အားလံုး ေက်းဇူးတင္ပါတယ္။ ပိုးေတြ႔တဲ့ လူနာေတြ ကိုလည္း ဘာမွအားမငယ္ေစခ်င္ဘူး။ အခ်ိန္တန္ရင္ သူ႕ဟာသူ ေပ်ာက္သြားမွာပါ” ဟု ေျပာၾကားသည္။

အသက္ ၂၄ ႏွစ္ အရြယ္ရွိ မိုးညွင္းၿမိဳ႕မွ COVID-19 လူနာမွာ ရန္ကုန္တိုင္းေဒသႀကီး လိႈင္သာယာၿမိဳ႕နယ္ရွိ ဖိနပ္စက္ရံုတစ္ရံုတြင္ လြန္ခဲ့သည့္ မတ္လေႏွာင္းပိုင္းက တရုတ္စကားျပန္အျဖစ္ လုပ္ကိုင္သူျဖစ္ေၾကာင္း၊ စက္ရံုဝင္းအတြင္းရွိ အခန္း ၁၈ ခန္းပါ တိုက္ ခန္း အမွတ္ ၁၆ တြင္ တရုတ္လူမ်ိဳးတစ္ဦးႏွင့္ အတူေနထိုင္ခဲ့သည္။

ကခ်င္ျပည္နယ္ ျပည္သူ႕က်န္းမာေရး ဦးစီးဌာန စာရင္းမ်ားအရ ရန္ကုန္ၿမိဳ႕သို႔ ေပးပို႔စစ္ေဆးခဲ့သည့္ ဓာတ္ခြဲနမူနာေပါင္း ၅၃၈ ဦး တြင္ တစ္ဦးေတြ႕ရွိရၿပီး ဓာတ္ခြဲနမူနာ ၄၈၇ တြင္ မေတြ႕ရွိရေၾကာင္း၊ ဓာတ္ခြဲအေျဖေစာင့္ ဆိုင္းေနသူ ၅၀ ရွိေၾကာင္း ေမ ၁၀ ရက္ က ထုတ္ျပန္ခဲ့သည္။ ကခ်င္ျပည္နယ္တြင္ ေမ ၁၀ ရက္အထိ ေဆးရံု၊ ေနအိမ္၊ လူမႈအေဆာင္အအံု ၅၃၆ခု တြင္ လူဦးေရ ၆၇၂၃ ဦးမွာ Quarantine ဝင္ ေနဆဲျဖစ္ၿပီး ၈၆၆၈ ဦး Quarantine လြန္ေျမာက္ခဲ့ေၾကာင္း သိရသည္။ https://news-eleven.com/article/173087

**************

၂၈။     မူဆယ္ၿမိဳ႕ရွိ ျပည္ေတာ္ျပန္ လက္ခံႀကိဳဆိုေရး စခန္းတြင္ လူတစ္ေထာင္ေက်ာ္ ေသာင္တင္ေန

May 11, 2020

မူဆယ္ၿမိဳ႕ရွိ ျပည္ေတာ္ျပန္ လက္ခံႀကိဳဆိုေရး စခန္းတြင္ တရုတ္ႏိုင္ငံမွ ျပန္လည္ဝင္ေရာက္လာသည့္ ျမန္မာႏိုင္ငံသား တစ္ေထာင္ေက်ာ္ ေသာင္တင္လ်က္ရွိေၾကာင္း သိရသည္။ COVID-19 ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ ကုသေရးေကာ္မတီ၊ ႀကိဳဆို လက္ခံေရးေကာ္မတီမွ ၎တို႔စီစဥ္ေပးေသာ ကားမ်ားျဖင့္ လားရိႈးသို႔ ပို႔ေဆာင္ေပးရာ အခ်ိဳ႕မွာ သံုးရက္ခန္႔ ေသာင္တင္ေနမႈ မ်ား ရွိေနေသာေၾကာင့္ ေနထိုင္စား‌ေသာက္‌ေရးႏွင့္ သန္႔စင္ခန္းမ်ား အတြက္ပါ ဒုကၡေရာက္ေနေၾကာင္း သိရသည္။

ျမန္မာ-တရုတ္နယ္စပ္ မူဆယ္ၿမိဳ႕နယ္ရွိ နန္းေတာ္ဂိတ္သို႔ တရုတ္ႏိုင္ငံဘက္မွ ျပန္လည္ဝင္ေရာက္လာေသာ ျမန္မာႏိုင္ငံသာ မ်ားမွာ တစ္ရက္လွ်င္ ၅၀ဝ ဦးခန္႔ရွိၿပီး ၎တို႔အား သက္ဆိုင္ရာက က်န္းမာေရး စစ္းေဆးေပးေနၿပီး သံသယလူနာေတြ႔ရွိပါက ေစာင့္ၾကည့္လူနာအျဖစ္ ကုသေပးေနေၾကာင္း သိရသည္။ အဆိုပါ နန္းေတာ္ဂိတ္မွ ျပန္လည္ဝင္ေရာက္လာေသာ ျမန္မာႏိုင္ငံ သားမ်ားမွာ ဧၿပီ ၃ ရက္ မွ ေမ ၁၁ အထိ တစ္ေသာင္း ဝန္းက်င္ခန္႔ ရွိေနၿပီး မူဆယ္ၿမိဳ႕နယ္ COVID-19 ေရာဂါ ကာကြယ္ထိန္း ခ်ဳပ္ ကုသေရးေကာ္မတီ၊ ႀကိဳဆိုလက္ခံေရး ဆပ္ေကာ္မတီက စနစ္တက် လက္ခံၿပီး ၿမိဳ႕နယ္ျပည္သူ႔ က်န္းမာေရးဌာနက Fever Surveillance မ်ားျပဳလုပ္ကာ ျပန္လည္ဝင္ေရာက္ လာသူမ်ားအား ၎တို႔အစီအစဥ္ျဖင့္ ေနရပ္ေဒသသို႔ ျပန္ႏိုင္ရန္စီစဥ္ ေပးလ်က္ရွိေၾကာင္း သိရသည္။

လက္ရွိအခ်ိန္တြင္ ရွမ္းျပည္နယ္အစိုးရ အစီအစဥ္ျဖင့္ ျပည္ေတာ္ျပန္မ်ားအား ရထားျဖင့္ ပို႔ေဆာင္ရန္ စီစဥ္ထားေသာေၾကာင့္ ရွမ္းျပည္နယ္ေျမာက္ပိုင္းရွိ နယ္စပ္ဂိတ္ေပါက္မ်ားမွ ျပန္လည္ဝင္ေရာက္ လာသူမ်ားအား လားရိႈးၿမိဳ႕မွ အလွည့္က်လက္ခံၿပီး ရထားျဖင့္ ၎တို႔၏ ေနရပ္ေဒသအသီးသီးသို႔ ဆက္လက္ထြက္ခြာေစလ်က္ရွိေၾကာင္းသိရသည္။ https://news-eleven.co m/article/173103

*************

 

မွတ္ခ်က္။        သက္ဆိုင္ရာ သတင္းမီဒီယာအသီးသီးမွ ေကာက္ႏုတ္ေဖာ္ျပျခင္း ျဖစ္ပါသည္။

 

*** ၿပီး ***

 

unicode

နေ့စဉ်သတင်းများ စုဆောင်းတင်ပြခြင်း

(No. 25, May 12, 2020)

 

၁။        COVID-19 စစ်ဆေးစခန်း မီးရှို့ဖျက်ဆီးခံရမှုအပေါ် JMC-S သို့ KNU တိုင်ကြားစာပေးပို့

၂။         “ဝ”နှင့် မိုင်းလားတပ်ဖွဲ့တို့ကို ကာချုပ်တွေ့ဆုံ၊ မိမိတိုင်းပြည်ကို အားကိုးစိတ် မွေးရန်တိုက်တွန်း

၃။        ဖလုံ-စဝေါ်ပါတီမှ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများအား ရွေးချယ်မည်

၄။        အစိုးရနှင့် အပစ်ရပ်များ COVID-19 ကာကွယ်ရေး အချက် ၇ ချက်သဘောတူ

၅။        မူဆယ်မြို့အဝင် တိုးဂိတ် ဗုံးခွဲ တိုက်ခိုက်ခံရ

၆။        သြဂုတ် ၃၁  ရက်အထိ အပစ်အခတ်ရပ်စဲကြောင်း တပ်မတော်ကြေညာ

၇။        KNU နှင့် မြန်မာ့တပ်မတော်ပစ်ခတ်မှု နောက်ဆက်တွဲ ဝါသိုခိုရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရ

၈။        မြေပုံနဲ့ ပုဏ္ဏားကျွန်း ရွာနှစ်ရွာက လူငယ်တွေနဲ့ လူလတ်ပိုင်းတွေကို တပ်မတော်ဖမ်းဆီး

၉။        ဝါရာဇွပ်ဒေသခံများတောင်းဆိုသည့် စားကျက်မြေ မသတ်မှတ်ပေးနိုင်ကြောင်း အစိုးရအကြောင်းပြန်

၁၀။      ကုလားတန် စီမံကိန်း အချိန်မီ မပြီးတော့ဘဲ MOU သက်တမ်း တိုးမည်

၁၁။      ကျောက်တော်တွင် ပေါက်ကွဲမှုဖြစ် ကျောင်းဆရာ ၁ ဦးနှင့် ကလေးငယ် ၁ ဦး ဒဏ်ရာရ

၁၂။      တာချီလိတ်ခရိုင် တပတ်အတွင်း ကျပ်သိန်း ၄၀ဝဝ ခန့်ရှိ မူးယစ်ဆေးများ သိမ်းဆည်းရမိ

၁၃။      DKBA တပ်ဖွဲ့ဝင်များ ခရီးသွားမည်ဆိုက ဆိုင်ရာ ဆက်ဆံရေးရုံးသို့ အကြောင်းကြားရန် အမိန့်ထုတ်ထား

၁၄။      တောင်ကုတ်တွင် မြို့ခံ ၃ ဦး အကြမ်းဖက် ဥပဒေဖြင့် ဖမ်းဆီးအမှုဖွင့်ခံရ

၁၅။      မည်သည့်အဖွဲ့အစည်းကိုမှချန်လှပ်မထားဘဲ တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံးအပစ်ရပ်စဲပေးသင့်ကြောင်း မွန်ပြည်                   သစ် ပါတီ ဥက္ကဌတိုက်တွန်း

၁၆။      မြစ်ကြီးနားရှိ FQ များကို အစားအသောက်ထောက်ပံ့နေသည့် ပရဟိတအဖွဲ့များ ခေတ္တရပ်နားမည်ဟုဆို

၁၇။      အစိုးရနှင့် KNU နှစ်ဘက် စစ်ရေးတင်းမာမှုကိစ္စ ညှိနှိုင်းဆွေးနွေး

၁၈။      တပ်မတော် အပစ်ရပ်ကြေညာချက်အပေါ် အကဲခတ်တွေ မေးခွန်းထုတ်

၁၉။      ဘူးသီးတောင်က စစ်ဘေးဒုက္ခသည်တွေ ရိက္ခာလိုအပ်နေ

၂၀။      ဆွမ်ပရာဘွမ်မြို့အနီး ငလျင်လှုပ်

၂၁။      သံဖြူဇရပ်မြို့နယ်တွင် မူးယစ်ဆေးဝါးဝယ်ယူသူ ၃၇ ဦးကို KNU ဖမ်းဆီး၊ လူတစ်ဦး ၅ သိန်းနှင့် ဆိုင်ကယ်တစ်စီး ၅ သိန်းစီ                  ဒဏ်ငွေချမှတ်

၂၂။       လက်နက်ကိုင်ပဋိပက္ခများကြောင့် ဧပြီအတွင်း လူ ၇၁ ဦးသေဆုံးဟု အစီရင်ခံစာဖော်ပြ၊ ရခိုင်ပြည်နယ်တွင် တိုက်ပွဲ အများဆုံး ဖြစ်ဟုဆို

၂၃။      ကယားပြည်နယ်သို့ လာရောက်သူများ ခရီးသွားထောက်ခံချက် ပြရမည်

၂၄။      ရေခမ်းခြောက်လာသည့် မော်လမြိုင် ရွှေနတ်တောင်ဆည်ရေပေးဝေမှု နှစ်ပတ်စာခန့်သာ အဆင်ပြေတော့မည်ဟုဆို

၂၅။      မူဆယ် ကိုဗစ်-၁၉ လူနာ ဆေးရုံ ဆင်းခွင့် ရ

၂၆။      ကျပ်သိန်း ၂,ဝဝဝ  ကျော် တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများ သယ်ဆောင်လာသ ူလေးဦး ကို ဖမ်းဆီး

၂၇။      ကချင်ပြည်နယ်မှ COVID -19 လူနာ Case 144 မှာ စစ်ဆေးချက်အရ Negative နှစ်ကြိမ်ပြသဖြင့် ဆေးရုံဆင်းကာ                      သီးခြား Quarantine ဖြင့် နေထိုင်

၂၈။      မူဆယ်မြို့ရှိ ပြည်တော်ပြန် လက်ခံကြိုဆိုရေး စခန်းတွင် လူတစ်ထောင်ကျော် သောင်တင်နေ

*****************

 

၁။        COVID-19 စစ်ဆေးစခန်း မီးရှို့ဖျက်ဆီးခံရမှုအပေါ် JMC-S သို့ KNU တိုင်ကြားစာပေးပို့

May 8, 2020

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၅)အနေဖြင့် မေလ ၆ ရက်နေ့က ၎င်းတို့၏ COVID-19 စစ် ဆေးရေးစခန်း (၂)ခုကို တပ်မတော်က ဝင်ရောက် မီးရှို့ဖျက်ဆီးမှုနှင့် ပတ်သက်ပြီး ကရင်ပြည်နယ် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC-S)ကို ယနေ့ (မေ ၈ရက်) တိုင်ကြားစာ ပေး ပို့လိုက်သည်။

ကေအဲန်ယူအနေဖြင့် ၎င်းတို့ထိန်းချုပ်နယ်မြေအတွင်း ကျန်းမာရေး လုပ်ငန်းများအကောင်အထည်ဖော်ဆောင် ရွက်နေစဉ် မြန်မာ့တပ်မတော် အမှတ်(၈) စစ်ဆင်ကွပ်ကဲရေး ဌာနချုပ်၏ လက်အောက်ခံ ခြေမြန်တပ် ရင်း (ခမ ရ-၄၀၅)၏ ယာယီ တပ်ရင်းမှူး လှိုင်ထွန်းဦးဆောင်သည့် အင်အား (၂၀)ခန့်က ကေအဲန်ယူ ကျန်းမာရေးဝန်ထမ်းများ စိုက်ထူထားသည့် ကျန်းမာ ရေး အသိပညာပေးဆိုင်းဘုတ်များနှင့် ကျန်းမာရေးစစ်ဆေးရေးဂိတ် တဲများကို မီးရှို့ဖျက်ဆီးမှုများနှင့် ရန်ထောင်ခြိမ်းခြောက်မှု များပြုလုပ်ခဲ့ကြောင်း တိုင်ကြားစာ၌ ဖော်ပြထားသည်။ ထိုသို့ ဝင်ရောက်ဖျက်ဆီးခံရမှုကြောင့် ကေအဲန်ယူ၏ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် (ခမရ-၄၀၅) တပ်ရင်းတို့အကြား ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့သလို (ခမရ-၄၁၀) တပ်ရင်း တပ်ဖွဲ့များနှင့်လည်း ၎င်းနေ့တွင်လည်း ထိပ်တိုက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စုစုပေါင်းပစ်ခတ်မှု ၃ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ကေအဲန်ယူ ဘက်က ဆို သည်။

KNU သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်(NCA)ကို သဘောတူ လက်မှတ်ရေး ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် (၁၀)အဖွဲ့အနက် တစ်ဖွဲ့အပါအဝင်ဖြစ်သည်။ အစိုးရ၊တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား သဘောတူလက်မှတ်ရေးထိုးထားသည့် NCA စာချုပ်အရ နှစ်ဖက်လေးစားလိုက်နာရမည့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ၏ အခန်း (၂)၊ အပိုဒ်(၇)၊ အပိုဒ်ခွဲ (က) အရ ပြည်သူ လူထု၏ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လိုအပ်သောပံ့ပိုး ကူညီမှု များ ညှိနှိုင်းပူး ပေါင်းဆောင်ရွက်ရန်ပါရှိသည်။ http://kicnews.org/2020/05/covid19%e1%80%85%e1%80 %85%e1%80%b9%e1%80%b1%e1%80%86%

**************

၂။         “ဝ”နှင့် မိုင်းလားတပ်ဖွဲ့တို့ကို ကာချုပ်တွေ့ဆုံ၊ မိမိတိုင်းပြည်ကို အားကိုးစိတ် မွေးရန်တိုက်တွန်း

May 10, 2020

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ  NDAA (မိုင်းလား) အဖွဲ့နဲ့ UWSA (ဝ) အဖွဲ့တို့က တာဝန်ရှိတွေနဲ့ သီးခြားစီတွေ့ဆုံပြီး COVID-19  ရောဂါထိန်းချုပ်ကာကွယ်ရေး အထောက်အကူပြုပစ္စည်းတွေ ပေးအပ်ခဲ့ တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ မေလ ၁၀ ရက် မွန်းလွဲပိုင်းက တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ရွှေတြိဂံရိပ်သာ ဧည့်ခန်းမ ဆောင်မှာ NDAA(မိုင်းလား)အဖွဲ့မှ ဥက္ကဋ္ဌ ဦးစိုင်းလင်းခေါင်းဆောင်တဲ့အဖွဲ့တွေနဲ့ UWSA (ဝ) အဖွဲ့မှ ဦးညီကပ် ခေါင်းဆောင်တဲ့ အဖွဲ့ဝင်တွေကို ကာကွယ်ရေးဦးစီးချုပ်က လက်ခံတွေ့ဆုံခဲ့တာပါ။

ဒီလိုတွေ့ဆုံရာမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကမ္ဘာပေါ်မှာ COVID-19 ရောဂါဖြစ်ပွားသူပေါင်း ၄ သန်းကျော်ရှိပြီ ဖြစ်ပြီး မြန်မာနိုင်ငံမှာ  ဖြစ်ပွားသူ ပေါင်း ၁၇၈ ဦးရှိပြီဖြစ်ကြောင်း၊ အဆိုပါ ရောဂါဟာ မမြင်ရ၊ မကြားရ၊ အနံ့ခံ မရနိုင်တာ ကြောင့် လူတိုင်းကိုယ်စီအသိစိတ်နဲ့ သတိထားနေထိုင်ကြရမည်ဖြစ်ကြောင်း၊ မိုင်းလားဒေသမှာ အရပ်ဘက်ဆရာဝန် မလုံ လောက်ပါက တပ်မတော်ဆေးအဖွဲ့တွေ စေလွှတ်ပေးမယ်လို့ ပြောပါတယ်။ မြန်မာစာ၊ မြန်မာစကားနဲ့ ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းတွေ သင်ကြားပေးဖို့ နယ်စပ်က ပြန်ဝင်လာပြီး Qurantine  ထားရှိသူတွေရဲ့ အချက်အလက်တွေကို မှတ်တမ်းထား ရှိဖို့၊ သွားလာမှုစည်းကမ်းတွေ စနစ်တကျလိုက်နာကြဖို့၊  ဆေးစစ်လိုပါက ကျိုင်းတုံမှာလာစစ်ဆေးဖို့နဲ့ မိမိတိုင်းပြည်ကို အားကိုးစိတ် မွေးရန်လိုတယ်လို့လည်း ပြောပါတယ်။

NDAA (မိုင်းလား) အဖွဲ့နဲ့  UWSA (ဝ) အဖွဲ့တို့ကလည်း သူတို့ဒေသမှာ COVID-19   ရောဂါဖြစ်ပွားသူ မရှိသေးကြောင်းနဲ့ ဖြစ်ပေါ်လာပါက အသုံးပြုနိုင်ဖို့ ဆေးရုံ၊ ဆေးခန်းတွေ အသင့်ပြင်ဆင်ထားသလို နယ်စပ်ဝင်ပေါက်တွေမှာလည်း  ဇန်နဝါရီလ ကတည်းက စစ်ဆေးဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ NDAA  (မိုင်းလား) အဖွဲ့နဲ့ UWSA (ဝ) အဖွဲ့တို့အတွက် တပ်မတော် က တစ်ဖွဲ့လျှင် PPE ဝတ်စုံ ၅၀ဝ စုံ၊  Surgical Masks  ၁၀ဝဝဝ ခု၊ Goggles ၁၀ဝ ခု၊ Surgical Gloves ၁၀ဝဝ ခု၊ Bleaching Powder  ၂ ပုံး၊ Non-Contact Thermometer ၅၀ ခု၊ Hand Gel ၂၅၀ ဘူးနဲ့ N 95 Mask  ၅၀ဝ ခုနဲ့ စားသောက်ဖွယ်ရာတွေ ထောက်ပံ့ပေးခဲ့တယ်လို့ တပ်မတော် ထုတ်ပြန်ချက်အရ သိရပါတယ်။ http://burmese.dvb.no/archives/387134

*************

၃။        ဖလုံ-စဝေါ်ပါတီမှ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများအား ရွေးချယ်မည်

May 8, 2020

ကိုဗစ်-၁၉ ကြောင့် နှောင့်နှေးနေရသည့် ပါတီကိစ္စများအတွက် ကရင်ပြည်နယ် အခြေစိုက် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ (PSDP)က လာမည့် ၂၀၂၀ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်း စိစစ်ရွေးချယ်မှုများကို မေလအတွင်း ပြုလုပ်သွားရန် စီစဉ်နေကြောင်း သိရသည်။

အဆိုပါကိုယ်စားလှယ်လောင်းများကို စိစစ်ရွေးချယ်နိုင်ရေးအတွက် ယခု မေလအတွင်း ပါတီ အစည်းအဝေး တစ်ရပ်ခေါ်ယူ ကာ ဆုံးဖြတ်ချက်ရယူသွားမည်ဖြစ်ကြောင်းလည်း PSDP ဥက္ကဋ္ဌ စောခင်မောင်မြင့်က ကေအိုင်စီ သို့ ယခုလိုပြောသည်။ “ဧပြီ လ ကတည်းက အစည်းအဝေးထိုင်ဖို့ လျာထားပေမယ့် Covid-19 ကြောင့် မလုပ်ဖြစ်ဘူး။ ဒီ မေလအတွင်း မှာတော့ လုပ်ဖို့ လျာထားတယ်။ ရွေးကောက်ပွဲ မဲဆွယ်ကာလက သိပ်မလိုတော့ဘူးလေ။ ဒါကြောင့် (ရွေးကောက်ပွဲကော်မရှင်) တောင်းတဲ့ခါ အဆင်သင့်ဖြစ်အောင်ပေါ့” ဟု ၎င်းက ယနေ့(မေ ၈ ရက်)တွင် ပြောသည်။

ရွေးကောက်ပွဲဝင်ချင်သော သူများမှ ပုဂ္ဂိုလ်ရေးအချက်အလက်များ၊ ပညာအရည်အချင်း၊ အလုပ်အကိုင်၊ နေရပ် လိပ်စာများကို အဆိုပြု လျှောက်လွှာဖောင်၌ ဖြည့်သွင်းပြီးနောက် ရွေးချယ်ရေး ကော်မတီဝင်များက အစည်း အဝေးထိုင်ကာ အဖက်ဖက်မှ ပြန်လည်ဆုံးဖြတ်ပေးရမည်ဖြစ်ကြောင်းလည်း PSDP တာဝန်ရှိသူထံမှ သိရသည်။ ကရင်ပြည်နယ်တွင်သာ အဓိကထား ယှဉ်ပြိုင် သွားရန်ရှိသည့် PSDP အနေဖြင့် ကိုယ်စားလှယ်လောင်းများအား ရွေးချယ်သွားရန် ရှိနေသလို မဲဆန္ဒနယ်မြေ မထပ်ရေးအတွက် အခြားသော ညီနောင်ကရင်ပါတီများနှင့် ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း စောခင်မောင်မြင့် က ပြောသည်။

လက်ရှိတွင် ကရင်ပြည်နယ်အခြေစိုက် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP) နှင့် ကရင်အမျိုးသားဒီမိုကရက် တစ်ပါတီ (KNDP)၊ ရန်ကုန်အခြေစိုက် ကရင်ပြည်သူ့ပါတီ(KPP) နှင့် ကရင်အမျိုးသား ပါတီ(KNP)တို့ တရားဝင် နိုင်ငံရေးပါတီများအဖြစ် ရပ်တည်လျက် ရှိသည်။ http://kicnews.org/2020/05/%e1%80%96%e1%80%9c%e1%80%b6%e1%80%af

**************

၄။        အစိုးရနှင့် အပစ်ရပ်များ COVID-19 ကာကွယ်ရေး အချက် ၇ ချက်သဘောတူ

May 9, 2020

အစိုးရ၏ Covid-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ညှိနှိုင်းပူးပေါင်းရေး ကော်တီသည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ရေးထိုးထားသော အပစ်ရပ် ၁၀ ဖွဲ့နှင့် မေလ ၈ ရက်နေ့က ဆွေးနွေးကြသည်။ အဆိုပါ COVID-19 ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အွန်လိုင်းရုပ်သံ (Online Video Conferencing) ပုံစံဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်း ကိုယ်စားပြု ကိုယ်စားလှယ် ၂၀ ကျော်က ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး အချက် ၇ ချက် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

အစိုးရ၏ COVID-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ EAO များနှင့် ညှိနှိုင်းပူးပေါင်းရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး က “ကျနော်တို့ဘက်ကတော့ ကျနော်တို့ကော်မတီတွေအားလုံး တက်ပါတယ်။ သူတို့ဘက် ကလည်း EAO ခေါင်းဆောင်တွေတက်ကြပါတယ်။ ဒီဆွေးနွေးပွဲက ကောင်းပါတယ်”ဟု ဧရာဝတီသို့ပြောသည်။ အစည်း အဝေးတွင် ရောဂါကာကွယ်ရေးထိန်းချုပ်ရေးအတွက် နည်းပညာပိုင်းဆိုင်ရာ ကိစ္စများ ၊ ပစ္စည်းပံ့ပိုးရေးကိစ္စများ အစရှိသည်တို့ ကို အစိုးရနဲ့ EAO များအကြား အပြန်အလှန် ညှိနှိုင်းဆောင်ရွက်ကြရန်အပါအဝင် ရောဂါကုသနိုင်ရေးအတွက် အစိုးရနှင့် EAO များအကြား သတင်းအချက်အလက် ဖလှယ်ခြင်းနှင့် အနီးစပ်ဆုံး ဆေးရုံများသို့ ပို့ဆောင်ကုသရေးကို အပြန်အလှန် ညှိနှိုင်း ဆောင်ရွက်ကြရန် သဘောတူညီခဲ့ကြောင်း ၎င်းက ဆိုသည်။ KNU အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမှူးကလည်း အစိုးရ၏ ညှိနှိုင်းပူးပေါင်းရေးကော်မတီနှင့် အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားသည့် EAO များဆွေးနွေးပွဲသည် COVID-19 ကာကွယ်ရေးကို အစိုးရနှင့် EAO များ ပူးပေါင်းဆောင်ရွက်ရာတွင် မည်ကဲ့သို့အခြေခံမူများဖြင့် ညှိနှိုင်းဆောင်ရွက်ကြမည်ကို ဆွေးနွေးကြခြင်း ဖြစ်ကြောင်း ပြောသည်။

“COVID-19 ကာကွယ် ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်း ပူးပေါင်းရေး ကော်မတီ” ကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က (EAO)များ ထိန်းချုပ်ထားသည့် ဒေသတွင်း နေထိုင်သူများအား ကျန်းမာရေး စောင့်ရှောက်မှု ပေးရန် ရည်ရွယ်ကာ ဧပြီ ၂၇ ရက်တွင် ဖွဲ့စည်းလိုက်ခြင်းလည်း ဖြစ်သည်။ ယင်းကော်မတီတွင် အစိုးရနှင့် EAO များကြား သတင်း အချက်အလက် ဖလှယ်ရန်၊ EAO များနှင့် ပြည်နယ်အစိုးရကြား ပူးပေါင်းရေး ဆောင်ရွက်ပေးရန်၊ EAO ဒေသအတွင်း ရောဂါလက္ခဏာ ပြလာသူများရှိပါက စောင့်ကြပ်ကုသမှု ပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ကြရန် အပါအဝင် ရောဂါနှင့်ပတ်သက်၍ နည်းပညာဆိုင်ရာ ပူးပေါင်းရေးဆောင်ရွက်ရန် စသည့်လုပ်ငန်းတာဝန် ၇ ရပ် ရှိသည်။ https://burma. irrawaddy.com/news/2020/05/09/222267.html

*************

၅။        မူဆယ်မြို့အဝင် တိုးဂိတ် ဗုံးခွဲ တိုက်ခိုက်ခံရ

May 12, 2020

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့အဝင် Oriental Highway (OHC) တိုးဂိတ်ကို တနင်္လာနေ့ ည(၈)နာရီခွဲ အချိန် လောက်မှာ အမည်မသိ ဆိုင်ကယ်စီးသူ နှစ်ဦးက ဗုံးလို့ ယူဆရတဲ့ အရာနဲ့ လာရောက်ပစ်ခတ် သွားတာကြောင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ အစိုးရ ပြန်ကြားရေး သတင်းမှာ ဖေါ်ပြပါတယ်။

ဒီ ပေါက်ကွဲမှုကြောင့် (OHC) တိုးဂိတ်ငွေကောက်ကောင်တာ တာဝန်ကျ ကိုမျိုးထက်နိုင် ဒဏ်ရာအနည်းငယ်ရသွားပြီး၊ တိုးဂိတ် ကောင်တာ (၃)ခု အမိုးလန် မှန်ကွဲ သွားတယ်လို့ ဆိုပါတယ်။

(OHC) တိုးဂိတ်ကို ဗုံးနဲ့လာပစ်သူနှစ်ဦးက တော့ မူဆယ် မြို့ရှောင်လမ်းအတိုင်း ဆိုင်ကယ်နဲ့ မောင်းပြေး တိမ်းရှောင်သ ွားပြီး ခုချိန်ထိ စုံစမ်းနေဆဲ ဖြစ်ပါတယ်။ https://burmese.voanews.com/a/muse-oriental-highway-bomb-attack-/5415462

*************

၆။        သြဂုတ် ၃၁  ရက်အထိ အပစ်အခတ်ရပ်စဲကြောင်း တပ်မတော်ကြေညာ

May 9, 2020

မေလ ၁၀  ရက်နေ့မှ သြဂုတ် ၃၁  ရက်အထိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ရုံးက  မေလ ၉ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။ မြန်မာနိုင်ငံမှာ COVID-19  ရောဂါထိန်းချုပ်၊ ကာကွယ်၊ ကုသရေးလုပ်ငန်း တွေ ပိုမိုထိရောက် လျင်မြန်ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် တပ်မတော်အနေနဲ့ နိုင်ငံတကာ စံနှုန်းအတိုင်း နိုင်ငံတော်က အကြမ်းဖက်ဟု သတ်မှတ်ကြေညာထားတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေရှိနေတဲ့ နေရာများမှအပ ကျန်နယ်မြေတွေမှာ ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၀ ရက်မှ သြဂုတ်လ ၃၁ ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားကြောင်းကြေညာချက်မှာ ဖော်ပြပါတယ်။ ကမ္ဘာအနှံ့မှာ  COVID-19 ကမ္ဘာ့ကပ်ရောဂါနဲ့ ရင်ဆိုင်နေရတာကြောင့် ကမ္ဘာတဝန်း လက်ရှိ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ရပ်တန့်ပေးကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းထားသလို  မြန်မာ နိုင်ငံမှာလည်း  ကမ္ဘာ့ကပ်ရောဂါ COVID-19 ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးအတွက် နိုင်ငံတော်က ဆောင်ရွက်နေတာကို တပ်မတော်ကလည်း ပါဝင် ကူညီဆောင်ရွက်နေတယ်လို့လည်းဆိုပါတယ်။

အခုလို အပစ်ရပ် ကြေညာထားတဲ့ကာလမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံးအနေနဲ့  တပ်မတော် ကာကွယ် ရေးဦးစီးချုပ်ရဲ့ ငြိမ်းချမ်းရေးမူဝါဒ ၆ ချက်အနက် ၄ ချက်ကို  အလေးအနက် လိုက်နာကြဖို့လည်း တပ်မတော်က တိုက်တွန်းပါတယ်။ အဆိုပါ ၄ ချက်ကတော့ သဘောတူစာချုပ်များအတိုင်း ကတိတည်ရန်၊ ငြိမ်းချမ်းရေး သဘောတူညီ ချက်များအပေါ် အမြတ်မထုတ်ရန်၊ ဒေသခံပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်၊ နိုင်ငံတော်က ထုတ်ပြန်ထားသည့် တည်ဆဲဥပဒေများကို လိုက်နာရန်တို့ ဖြစ်ပါတယ်။ ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်း တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြန်အလှန် တိုက်ခိုက်တာနဲ့ ဒေသခံတိုင်းရင်းသားတွေအပေါ်  အနိုင်ကျင့်တာတွေမလုပ်ဖို့၊ နိုင်ငံတော်အစိုးရရဲ့ အုပ်ချုပ်မှု ယန္တရားအဆင့်ဆင့်ကို လည်းကောင်း၊ လမ်းပန်း ဆက်သွယ်မှု လုံခြုံချောမွေ့စေရေးကို လည်းကောင်း၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ အကျိုးစီးပွားတွေကို လည်းကောင်း မထိခိုက်အောင် တာဝန်ယူဖို့နဲ့ မလိုက်နာရင်  တပ်မတော် အနေနဲ့ လိုအပ်သလို အရေးယူဆောင်ရွက်သွားမယ်လို့လည်း သတိပေးထားပါတယ်။

မြောက်ပိုင်းမဟာမိတ်တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ဖြစ်တဲ့ ကိုးကန့် (MNDAA) ၊ တအောင်း (TNLA)နဲ့ ရက္ခိုင့်တပ်တော် (AA)တို့ကလည်း တဖက်သတ် အပစ်ရပ်ကြောင်း မကြာခဏ ကြေညာခဲ့ဖူးပါတယ်။ ဒီလို ပစ်ခိုက်တိုက်ခိုက်မှုတွေ ရပ်စဲ ကြောင်း ကြေညာထားတဲ့ကြားကပဲ တိုက်ပွဲတွေကတော့ ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်ဖြစ်ပွားနေတာဖြစ်ပါတယ်။ http://bur mese.dv b.no/archives/387002

*************

၇။        KNU နှင့် မြန်မာ့တပ်မတော်ပစ်ခတ်မှု နောက်ဆက်တွဲ ဝါသိုခိုရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရ

May 8, 2020

KNU -ကရင်အမျိုးသားအစည်းအရုံး မူတြော်(ဖာပွန်)ခရိုင် (တပ်မဟာ-၅) လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-KNLA တပ်ဖွဲ့ဝင်များနှင့် မြန်မာ့တပ်မတော်တို့အကြား မေလ ၆ ရက်နေ့က ဖြစ်ပွား ခဲ့သည့် ပစ်ခတ်မှုများကြောင့် ဖာပွန်မြို့နယ် ဝါကော်ကျေး ကျေးရွာအုပ်စုအတွင်းရှိ ဝါသိုခိုကျေးရွာမှ ရွာသားများမှာ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။

ဖာပွန်- ကမမောင်းကြားရှိ ဝါသိုခိုကျေးရွာနှင့် ဖားလို့လမ်းခွရှိ KNU မူတြော်ခရိုင်၏ COVID-19 ရောဂါကာကွယ် တားဆီးရေး ဂိတ်(၂)ခုကို မြန်မာ့တပ်မတော်က မေလ ၆ ရက်နေ့တွင် ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် နှစ်ဖက်အကြား တင်းမာမှု ဖြစ်ပွားခဲ့ပြီးနောက် ယင်းနေ့ နေ့လည်တွင် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ သည့်အတွက် ဝါသိုခိုရွာသား ၄၈၀ ကျော်မှာ ထိုသို့ ထွက်ပြေးတိမ်းရှောင်းခဲ့ရခြင်း ဖြစ်သည်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဝါကော်ကျေး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး စောလှဌေးဦးက “ စဖြစ်တာနဲ့ ရွာလုံး ကျွတ်ထွက်ပြေးကြရတာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အရင်တစ်ခါတုန်းက ဖြစ်တာ ရွာသား ၂ ယောက်ထိ ဘူး တယ်လေ။ အခုရွာမှာ ရွာကိုထိန်းတဲ့သဘောအနေနဲ့ လူကြီးသုံးလေးယောက် လောက်ပဲကျန် တယ်။ အိမ်ခြေ ကတော့ ၇၀ ကျော်၊ လူဦးရေကတော့ ၄၈၀ ကျော်ရှိတယ်” ဟု ၎င်းက ပြောသည်။

ဖာပွန်မြို့နယ် ဝါကော်ကျေး ကျေးရွာအုပ်စုအတွင်းတွင် ဝါကော်ကျေး၊ ကျွန်းတော၊ တံတားဦး၊ ဝါးဒူး ၊ ဝါသိုခိုနှင့် မိဇိုင်းချောင်း ဖျား(မယ်ကျိခီး) စသည့်ကျေးရွာများပါဝင်ပြီး ယခုဖြစ်စဉ်တွင် ပစ်ခတ်မှုနှင့် ကိုက်အ နည်းငယ်သာ ကွာဝေးသည့် ဝါသိုခို ကျေးရွာမှ ရွာသားများသာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်ဟု သိရသည်။

ထို့အပြင် ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုဖြစ်စဉ်များကြောင့် လက်ရှိ မြန်မာ့တပ်မတော်နှင့် KNU တပ်မဟာ ၅ တို့ တစ်ဖက်နှင့်တစ်ဖက် တပ်ပိုင်းဆိုင်ရာ အဆင်သင့်နေရာယူမှုများရှိနေသေးသည့်အတွက် ပစ်ခတ်မှုများဆက်လက်ဖြစ်ပွား လာမည်ကို စိုးရိမ်ကြောင်းလည်း ဒေသခံ များပြောပြချက်များအရသိရသည်။ http://kicnews.org/2020/05/knu%e1  %82%8f%e1%80%bd%e1%80%84%e1  %80%b9%e1%80%b7

*************

၈။        မြေပုံနဲ့ ပုဏ္ဏားကျွန်း ရွာနှစ်ရွာက လူငယ်တွေနဲ့ လူလတ်ပိုင်းတွေကို တပ်မတော်ဖမ်းဆီး

May 9, 2020

ရခိုင်ပြည်နယ် မြေပုံနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွင်း ရွာနှစ်ရွာက လူငယ်နဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားတွေကို တပ်မတော်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေ ပြောပါတယ်။ ဒါကြောင့် ဒေသခံတွေဟာ ရွာမှာမနေရဲဘဲ နီးစပ်ရာရွာတွေကို ထွက်ပြေးနေ ကြတယ်လို့ ဆိုပါတယ်။

မေလ ၉ ရက် ဒီမနက် ၄ နာရီလောက်မှာ မြေပုံမြို့နယ် ရေရှင်ရွာကို တပ်မတော်စစ်ကြောင်း ဝင်ရောက်လာပြီး မနက် ၆ နာရီ လောက်မှာ ကျေးရွာသား ၇၀ လောက်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အသက် ၁၂ နှစ်အထက် လူငယ်တွေကို ဖမ်းဆီးပြီး ရေရှင်တောင်ပေါ်ကို တပ်ရိက္ခာသယ်ခိုင်းတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရှေရှင်ကျေးရွာက ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။ ဒီအခြေအနေကြောင့် တချို့လည်း ရွာမှာမနေရဲဘဲ နီးစပ်ရာရွာတွေကို ထွက်ပြေး နေကြပြီး၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေပဲ အများစုကျန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကျေးရွာအဝင်မှာ လက်နက်ကြီး နှစ်ခု ရွာအလယ်မှာ လက်နက်ကြီး တစ်ခုနဲ့ ရေရှင်တောင်ပေါ်မှာ လက်နက်ကြီး တစ်ခု စုစုပေါင်း လက်နက်ကြီး လေးခု တပ်စွဲထားတယ်လို့ ဆိုပါတယ်။

အလားတူ ပုဏ္ဏားကျွန်းမြို့နယ် ဒိုးတန်းရွာဟောင်းက ဒေသခံ ခုနှစ်ဦးကိုလည်း ဒီနေ့မနက်ပိုင်းမှာပဲ တပ်မတော်က ဖမ်းဆီး သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။  အသက် ၅၀ ဝန်းကျင်းအရွယ်တွေကို ဖမ်းဆီးသွားတယ်လို့ သိရကြောင်း ပုဏ္ဍားကျွန်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။ အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး ကို RFA က ဆက်သွယ်မေးမြန်းပေမယ့် မရခဲ့ပါဘူး။ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကတော့ ဒီသတင်းကို မသိရသေးကြောင်း တုံ့ပြန်ခဲ့ ပါတယ် RFA က ရရှိတဲ့ အချက်အလက်တွေအရ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ကနေ ဧပြီလ ၂၀ ရက်နေ့ တစ်လကျော်ကာလအတွင်း သေဆုံးတဲ့ အရပ်သား ၈၅ ဦးထက် မနည်းရှိ နေပြီး ထိခိုက်ဒဏ်ရာ ရရှိသူဟာလည်း ၂၀ဝ ကျော်အထိ ရှိနေပါတယ်။ https://www.rfa.org/burmese/news/army-arr ested-myaypon-ponnagyun-young-adults-villagers-05092020072757.html

**************

၉။        ဝါရာဇွပ်ဒေသခံများတောင်းဆိုသည့် စားကျက်မြေ မသတ်မှတ်ပေးနိုင်ကြောင်း အစိုးရအကြောင်းပြန်

May 9, 2020

ကချင်ပြည်နယ်၊ ဟူကောင်ချိုမ့်ဝှမ်းဒေသ လီဒိုလမ်းမပေါ် ဝါရာဇွပ်ကျေးရွာဒေသခံများ တောင်းဆိုထားသည့် စာကျက်မြေကို တောင်းဆိုမှုအတိုင်း မသတ်မှတ်ပေးနိုင်ကြောင်း ဒေသခံများကို ကားမိုင်းအုပ်ချုပ်ရေးမှူးရုံးမှ မေလ ၇ ရက်နေ့ အကြောင်းပြန် ခဲ့သည်ဟု သိရသည်။ ကျေးရွာဒေသခံများကိုယ်တိုင် ကျေးရွာစာကျက်မြေအဖြစ် မြေဧက ၃၅၅၀ ကို သတ်မှတ်ပြီး တရားဝင် အသိအမှတ်ပြုပေးရန် နေပြည်တော် ဗဟိုအစိုးရထံသို့ ၃ ကြိမ်တိုင်တိုင် တောင်းဆိုခဲ့ပြီးနောက် ယခု ပထမအကြိမ် အကြောင်း ပြန်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

မေလ ၇ ရက်နေ့ ၎င်းတို့ကို ကားမိုင်း အုပ်ချုပ်ရေးမှူး ခေါ်ယူတွေ့ဆုံမှုနှင့်ပတ်သက်ပြီး ဝါရာဇွပ်ဒေသခံ ဦးလရှီးအောင်လတ်က “ကျနော်တို့ကို မြို့နယ်အုပ်ချုပ်ရေးမှူးက ခေါ်ယူတ်ယ။ ခင်ဗျားတို့ တင်ပြထားတဲ့ စာနဲ့ပတ်သက်ပြီး အထက်က အကြောင်း ပြန်ထားတယ်။ အဲ့တော့ အဲ့ဒါကို ဖတ်ပြတယ်။ ပထမက စားကျက်မြေ သတ်မှတ်ပေးဖို့ တောင်းဆိုထားတဲ့ မြေဧက အရမ်း ကျယ်တယ်။ အစိုးရက နွား ၇ နှစ်ကောင်မှာ မြေဧက ၁ ဧကသ သတ်မှတ်ထားတာဖြစ်တယ်။ ပြီးရင် အခုတောင်းဆိုထားတဲ့ နေရာတွေက ကျားထိန်းသိမ်းရေးနေရာအဖြစ် သတ်မှတ်ထားတဲ့နေရာလည်း ပါဝင်နေတယ်။ နောက် ယုဇန အခွန်ဆောင် ထားတဲ့ မြေနေရာလည်း ဖြစ်နေတယ်။ အဲ့ကြောင့် သီးခြား မြေလွတ်တဲ့နေရာ ပြန်ရှာပြီး ထပ်မံပြန်တင်ပြရန် လိုတယ်ဆိုပြီး ပြောခဲ့တယ်”ဟု ပြောသည်။ ဟူးကောင်းချိုမ့်ဝှမ်းဒေသတွင် ၂၀ဝ၄ ခုနှစ်မှစတင်ကာ ကျားထိန်းသိမ်းရေးစီမံကိန်း စတင်ခဲ့ပြီး နောက် ၂၀ဝ၇ ခုနှစ်တွင် တဖန်အဆိုပါ စီမံကိန်းအတွင်း နယ်မြေတချို့ကို ယုဇနကုမ္ပဏီထံ ပြန်လည်လုပ်ကိုင်ခွင့်ပေးခဲ့သဖြင့် ဒေသခံများ၏ လယ်ယာမြေနှင့် စားကျက်မြေများ ပျောက်ဆုံးခဲ့ရသည်ဟု ပြောသည်။ သို့သော်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD အစိုးရလက်ထက်တွင် ကျေးရွာစားကျက်မြေသတ်မှတ်ပေးရန် ဒေသခံများကိုယ်တိုင် နိုင်ငံတော်သမ္မတရုံးအထိ စာရေးပေးပို့ခဲ့ပြီးနောက် ယခု ပထမအကြိမ် အကြောင်းပြန်ခဲ့ခြင်း ဖြစ်သည်ဟု ထပ်မံပြောသည်။

ဟူးကောင်းချိုမ့်ဝှမ်းဒေသ ကျေးရွာ ၂၀ ကျော်တွင် လွန်ခဲ့သည် ၁၀ နှစ်ကျော်က မြေယာသိမ်းပိုက်ခံခဲ့ရတာကြောင့် ဆုံးရှုံးခဲ့ သည့် မြေယာများကို ပြန်လည်ရရှိရန် ပြန်လည်ကြိုးစားရာ ၂၀၁၇ ခုနှစ်မှစတင်ကာ စားကျက်မြေ ခေါင်းစဉ်ဖြင့် မြေဧက ၆ သောင်းကျော်ကို စားကျက်မြေသတ်မှတ်ပေးရန် နေပြည်တော်ဗဟိုအစိုးရအဆင့်အထိ တောင်းဆိုခဲ့သည်။ ကိုယ်ပိုင်စားကျက် မြေသတ်မှတ်ထားသော ကျေးရွာ ၁၃ ခုပြီးပြီး ၎င်းတို့မှာ တရုန်၊ လဂျားဘွမ့်၊ ပနပ့်၊ အောင်ရာ၊ တိန့်ကောက်၊ ဝါရာဇွပ်၊ ရှဒူးဇွပ်၊ နောင်းမီ၊ ဒွန်ဘန်၊ လဝါး၊ ဒွမ်ဘုန်းနှင့် လဂေါင် စသောကျေးရွာများဖြစ်ကြသည်။ ထိုနေရာများတွင် ဒေသခံများနှင့် ယုဇန ကုမ္ပဏီတို့ကြားမှာလည်း ပဋိပက္ခဖြစ်နေဆဲဖြစ်သည်။ https://burmese.kachinnews.com/2020/05/09/%e1%80%9  d%e1%80%ab%e1%80%9b%e1%80%ac%e1%

***************

၁၀။      ကုလားတန် စီမံကိန်း အချိန်မီ မပြီးတော့ဘဲ MOU သက်တမ်း တိုးမည်

May 9, 2020

တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA)တို့၏ တိုက်ပွဲများကြောင့် မြန်မာနှင့်အိန္ဒိယနှစ်နိုင်ငံ စာချုပ်ချုပ်ဆိုကာဆောင်ရွက်နေသည့် ကုလားတန် စီမံကိန်း၏ အခြေခံ အဆောက်အအုံများ သတ်မှတ်ချိန်အတွင်း အပြီးသတ် မဆောက်နိုင်ဘဲ ရပ်တန့်နေသည်ဟု သတင်း ရရှိသည်။

မြန်မာနှင့် အိန္ဒိယ၂ နိုင်ငံကြား ချုပ်ဆိုထားသည့် သဘောတူ စာချုပ်အရ ကုလားတန် စီမံကိန်းကို ၃ နှစ်အတွင်းအပြီး တည် ဆောက်ကြမည်ဟု ကတိကဝတ်ပြုထားပြီး စီမံကိန်းကို ၂၀၁၇ ခုနှစ် ဇွန် ၁ ရက်က စတင်ခဲ့ခြင်းဖြစ်သည်။ စာချုပ်ပါ ကတိ ကဝတ်အရ ၂၀၂၀ ဇွန်လတွင် အပြီးသတ် တည်ဆောက်ပြီးစီးရမည် ဖြစ်သော်လည်း တပ်မတော်နှင့် AA တို့၏ တိုက်ပွဲများ ကြောင့် ကြန့်ကြာနေခြင်းဖြစ်သည်။ ချင်းပြည်နယ် အစိုးရအဖွဲ့မှ စည်ပင်ဝန်ကြီး ဦးစိုးထက်က “ကုလားတန် စီမံကိန်းလမ်းပိုင်း က ဇွန်မှာ မပြီးနိုင်ဘူး။ စာချုပ် သက်တမ်းကလည်း ဇွန်မှာ ကုန်မှာဖြစ်လို့ အခု ပြည်ထောင်စုအဆင့်က စာချုပ် MOU သက်တမ်းတိုးဖို့  ပြန်လုပ်နေပါတယ်” ဟု ပြောသည်။

ကုလားတန် စီမံကိန်းသည် အိန္ဒိယ၏ အရှေ့မျှော် မူဝါဒအရ ကုန်းတွင်းပိတ်ဖြစ်နေသည့် အိန္ဒိယ အရှေ့မြောက် ပြည်နယ်ကို ပင်လယ်ထွက်ပေါက် ရရန်၊ ဒေသတွင်း ကုန်ပစ္စည်းများကို အရှေ့တောင် အာရှဒေသသို့ ဖြန့်ကျက် ချိတ်ဆက်နိုင်ရန် ရည်ရွယ်ကာ ဆောင်ရွက်နေခြင်း ဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ အခြားပြည်နယ်များနှင့် အရှေ့မြောက် ပြည်နယ်သည် ဒေသတွင်း အချင်း ချင်းဆက်သွယ်ရန်အတွက် ကြားတွင် နိုင်ငံရေးအရ မပြေလည်သည့် ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကြားမှ ဖြတ် သန်းသွားရမည့် ကျဉ်းမြောင်းသည့် လမ်းသွယ်တခုသာ ရှိသည်။ ယခုအခါ စီမံကိန်းတွင်း ပါဝင်သည့် စစ်တွေ ဆိပ်ကမ်း၊ ပလက်ဝ ဆိပ်ကမ်း၊ ပလက်ဝ မြစ်ကူးတံတားတို့မှာ ပြီးစီးနေပြီဖြစ်ပြီး အိန္ဒိယနိုင်ငံနယ်စပ်မှ ပလက်ဝမြို့သို့ ဖောက်မည့် ကား လမ်းမှာ တိုက်ပွဲများကြောင့် မပြီးမစီး ဖြစ်နေခြင်း ဖြစ်သည်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမှ ပလက်ဝမြို့အထိ ဖောက်မည့် ကားလမ်းတွင် အိန္ဒိယဘက်မှ ၎င်းတို့ နိုင်ငံတွင်းလမ်းကို ဖောက်နေပြီဖြစ်ပြီး မြန်မာနိုင်ငံဘက်ခြမ်း၊ ပလက်ဝမြို့နယ် အတွင်းမှာ တိုက်ပွဲများကြောင့် နယ်မြေ မအေးချမ်းသဖြင့် ၄၀ ရာခိုင်နှုန်းခန့်သာ လမ်းဖောက်လုပ် နိုင်သေးသည်ဟု ဦးစိုးထက်က ပြောသည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ကုလားတန်စီမံကိန်း တည်ဆောက်နေသည့် ဒေသတကြောမှာ ၎င်း၏ တပ်ဖွဲ့များ လှုပ်ရှားသည့် နေရာဖြစ်သဖြင့် AA ၏ သြဇာအာဏာ သက်ရောက်မှုကို အိန္ဒိယက အသိအမှတ်ပြုရမည် ဟု ၂၀၁၉ ခုနှစ် အတွင်းက ပြောဆိုထားသည်။ အိန္ဒိယက AA ကို အသိအမှတ်ပြုရန်လိုပြီး ညှိနှိုင်းမှသာ စီမံကိန်းအောင်မြင်မည်ဟု  ပြောသည့် အပြင် စီမံကိန်းစတင်လည်ပတ်ပါက လမ်းကြောင်းတလျှောက် ဖြတ်သန်းကာ ကုန်သွယ်ကြမည့် အိန္ဒိယ ကုမ္ပဏီများနှင့် ပြည်တွင်းမှ စီးပွားရေးသမားများက AA ကို ငွေကြေး အခွန်ပေးဆောင်ရမည်ဟုလည်း ၂၀၁၉ ခုနှစ် အတွင်းက ဧရာဝတီကို ပြောဆိုထားသည်။ https://burma.irrawaddy.com/news/2020/05/09/222271.html

**************

၁၁။      ကျောက်တော်တွင် ပေါက်ကွဲမှုဖြစ် ကျောင်းဆရာ ၁ ဦးနှင့် ကလေးငယ် ၁ ဦး ဒဏ်ရာရ

May 9, 2020

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် တောင်ဘွယ်ကျေးရွာအတွင်း မေလ ၈ ရက်နေ့ ညနေ က လက်နက်ကြီး ကျရောက် ပေါက်ကွဲသဖြင့် မူလတန်းပြ ဆရာ ၁ ဦးနှင့် မိန်းကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ ဒဏ်ရာရရှိသူများမှာ မူလတန်းပြဆရာ အသက် ၂၇ နှစ်အရွယ် ဦးစိုးသိန်းနှင့် အသက် ၁၁ နှစ်အရွယ် ၆ တန်း ကျောင်းသူ မသော် တာဖြိုး တို့ ဖြစ်ကြောင်း ကာယကံရှင် မိသားစုဝင်များက ပြောသည်။ ဒဏ်ရာရရှိသူ ဦးစိုးသိန်း၏ ဖခင် ဦးစံသိန်း က “လက်န က်ကြီးက လူတွေ အိပ်နေကြတဲ့ အချိန်လာကျတာပါ။ ပထမ ကျနော်အိမ်အနား ဝန်းကျင်ကို ၁ လုံးလာကျတယ်။ အဲဒီ အချိန် ကျနော်သားက ကြောက်ပြီး အိမ်ပေါ်ကနေ အိမ်အောက်ကို ဆင်းပြီးတော့ သွားပုန်းဖို့ သွားတဲ့အခါ နောက်ထပ် တလုံး လာကျပြီးတော့ ထိမှန်တာပါ” ဟု ဧရာဝတီသို့ ပြောသည်။

တောင်ဘွယ်ကျေးရွာနေ ဦးအောင်သန်းဝင်း က “ကျနော်တို့ ရွာ အရှေ့ဘက်ကမ်း မျောက်တောင် ကျေးရွာအနီး ဘုရား တောင်ကုန်းပေါ်မှာ တပ်စွဲထားတာရှိတယ်။ အရင်နေ့တွေကလည်း အဲဒီနေရာက နေ့တိုင်း ပစ်နေတာ ရှိတယ်။ သူတို့(တပ်) က ဘယ်ဖက်ကို လှည့်ပြီးတော့ ပစ်တယ်ဆိုတာတော့ ကျနော်တို့လည်း မသိဘူး။ မနေ့က ကျနော်ရွာထဲကို လက်နက်ကြီး လာကျတယ်။ ရွာထဲမှာရော ၊ မြစ်ကမ်းဘေးရော လက် နက်ကြီး ၄ လုံးလောက် လာကျတာ ရှိတယ်”ဟု ဧရာဝတီသို့ ပြော သည်။ ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က “အဓိက ပြောချင်တာကတော့ တိုက်ပွဲတွေ ဖြစ်ပြီဆိုရင် တပ်မတော်က လက်နက်ကြီးနဲ့ ပစ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို AA နဲ့ AA အမာခံတွေက အစဉ်တစိုက် လုပ်နေတာဖြစ်တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ တိုက်ပွဲ ဖြစ်ပွားမဖြစ်ပွား မသိသေးဘူး။ သူတို့ ရဲ့စွပ်စွဲချက်ကတော့ အမြဲတမ်း လက်နက်ကြီးကျတယ် ဆိုတာလုပ်တယ်” ဟု ဧရာဝတီသို့ပြောသည်။

မိုင်းပေါက်ကွဲမှု အပါအဝင် လက်နက်ကြီး ၊ လက်နက်ငယ်များ ထိမှန်၍ အရပ်သားပြည် သူများမှာလည်း နေ့စဉ်နှင့်မျှ သေဆုံး၊ ဒဏ်ရာ ရရှိနေမှုနှင့် အတူ အရပ်သားများ ဖမ်းဆီးခံရခြင်း၊ နေအိမ်များ မီးရှို့ခံရမှုများလည်းများပြား လာနေသည့်အတွက် အရပ်သား အစိုးရလက်ထက်တွင် အပြင်းထန်ဆုံးနှင့် ထိခိုက်မှုအများဆုံး တိုက်ပွဲလည်းဖြစ်သည်။ https://burma.irraw addy.com/category/news

**************

၁၂။      တာချီလိတ်ခရိုင် တပတ်အတွင်း ကျပ်သိန်း ၄၀ဝဝ ခန့်ရှိ မူးယစ်ဆေးများ သိမ်းဆည်းရမိ

May 8, 2020

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်ခရိုင်တွင် တပတ်အတွင်း ကျပ်သိန်း ၄၀ဝဝ ခန့်ရှိသည့် မူးယစ်ဆေးဝါးကို သိမ်းဆည်းရမိ ကြောင်း သတင်းရရှိသည်။ တာချီလိတ်မြို့နယ်တွင် အများဆုံးဖမ်းဆီးရမိခြင်းဖြစ်ပြီး၊ ကျန်ရှိမူးယစ်ဆေးများမှာ မိုင်းယောင်းမြို့ နှင့် မိုင်းဖြတ်မြို့တို့တွင် ဖမ်းဆီးရမိခြင်းဖြစ်သည်။

မေလ ၇ ရက် နေ့လည် ၁နာရီ က တာချီလိတ်မြို့နယ် မိုင်းဆတ်-တာချီလိတ်ကားလမ်းပေါ်တွင် အသက် ၂၁ နှစ် အရွယ် လီဗု မောင်းနှင်ပြီး၊ အသက် ၂၂ နှစ်အရွယ် လော်ညီး လိုက်ပါးစီးနင်းလာသည့် ကားပေါ်တွင်စစ်ဆေးရာ ကျပ်သိန်း ၃ ထောင် တန်ဖိုးရှိ စိတ်ကြွဆေးပြားများကို သိမ်းဆည်းရမိကြောင်း မူးယစ် ရဲတပ်ဖွဲ့ ထုတ်ပြန်ချက် အရသိရသည်။ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးနှင့်အတူ ယာဉ်မောင်း လီဗု နှင့် လိုက်ပါစီးနင်းသည့် လော်ညီးတို့ကို တာချီလိတ်မြို့မရဲစခန်းက မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့် အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက်ရှိ  ကြောင်း သိရသည်။

ထို့ပြင် မေလ ၅ ရက်က မိုင်းယောင်းမြို့၊ မိုင်းယောင်း-မိုင်းဖြတ် သွားလမ်းတွင် လမ်းလျှောက်လာသူအသက် ၁၉ နှစ် အရွယ် မနာဘို အား မသင်္ကာသဖြင့် စစ်ဆေးရာ ၎င်းကိုင်ဆောင်လာသည့်အိတ်အတွင်း ကျပ်သိန်း ၄၅၀ တန်ဖိုးရှိ စိတ်ကြွဆေးများကို သိမ်းဆည်းရမိကြောင်းရဲထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ဆက်လက်ပြီး ကွင်းဆက်ကို စစ်ဆေးရာ မိုင်းယောင်းမြို့နယ် ရပ်ကွက် (၁) နေ အိုက်ပေး ထံ ယူလာသည်ကို သိရသဖြင့် အိုက်ပေး အိမ်ကို ဝင်ရောက်ရှာဖွေရာ အိမ်ရှေ့တွင် ရပ်ထားသည့် ကားပေါ်တွင် ကျပ်သိန်း ၂၇၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးကို ဆက်လက် သိမ်းဆည်းရမိသည်။ ထိုနည်းတူ မေ ၄ ရက် တွင်လည်း သျှမ်းပြည် အရှေ့ပိုင်း မိုင်းဖြတ်မြို့နယ် မိုင်းဖြတ်-ကျိုင်းတုံ သွားကားလမ်းပေါ်တွင် လမ်းလျှောက်နေသည့် အမျိုးသား ၂ ဦးကို မသင်္ကာသဖြင့် စစ်ဆေးရာ ခရီးဆောင်အိတ်ထဲတွင် ဘိန်းစိမ်း အလေးချိန် ၂၇ ကီလို (ဒေသ ကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၂၇၀) ကိုသိမ်းဆည်းရကြောင်း သိရပါသည်။ https://burmese.shannews.org/archives/16461

***************

၁၃။      DKBA တပ်ဖွဲ့ဝင်များ ခရီးသွားမည်ဆိုက ဆိုင်ရာ ဆက်ဆံရေးရုံးသို့ အကြောင်းကြားရန် အမိန့်ထုတ်ထား

May 11, 2020

ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) တပ်ဖွဲ့ဝင်များအနေဖြင့် မည်သည့် အကြောင်းကြောင့်ဖြစ်စေ ခရီးသွားမည် ဆိုပါက သက်ဆိုင်ရာ ဆက်ဆံရေးရုံးများသို့ သတင်းပို့ပြီး သွားလာရန် မေ ၁၁ ရက်နေ့တွင် DKBA ဗဟို ဌာနချုပ် (ဆုံဆည်း မြိုင်)က အမိန့်ထုတ်ပြန်လိုက်သည်။

အဆိုပါ အမိန့်ထုတ်ပြန်ချက်သည် အခြားအကြောင်းအရာများ မပါဝင်ဘဲ တပ်ဖွဲ့ဝင်များကို ပြန်လည် ကြပ်မတ် လိုသည့် သဘောသာ ဖြစ်သည်ဟု DKBA မှ ဗိုလ်မှူးကြီးကျော်သန်းဌေးက ကေအိုင်စီသို့ ယခုလို ပြောသည်။  ၎င်းက “ ဒီလိုစည်းကမ်း က အရင်ကတည်းကထုတ်ထားပြီးသား။ တချို့က စည်းကမ်းလိုက်နာတာရှိတယ်၊ မလိုက်နာတာရှိတယ်။ အမျိုးမျိုးပေါ့။ ဒါက စည်းကမ်းပြန်တင်းကြပ်ပြီး စနစ်တကျဖြစ်အောင် ပြန်ထိန်း ညှိတဲ့သဘောပါ”ဟု ပြောသည်။ အဆိုပါ အမိန့်ထုတ်ပြန်ချက်တွင် DKBA စစ်ဗျူဟာများ၊ ဌာနများ၊ တပ်ရင်းများ၊ တပ်ဖွဲ့ဝင်များ စစ်ကြောင်းများ အားလုံးပါဝင်ပြီး ခွင့်နှင့်ဖြစ်စေ တာဝန်အရဖြစ်စေ၊ အရေးပေါ်ကိစ္စကြောင့်ဖြစ်စေ မည်သူမဆို ခရီးသွားမည်ဆိုပါက သတင်းပို့ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါထုတ်ပြန်ချက်သည် ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော် (DKBA ) ကလိုထူးဘောတပ်ဖွဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမိုရှေးက လက်မှတ်ထိုးထုတ်ပြန်ခြင်းဖြစ်ပြီး အမိန့်စာကို လိုက်နာခြင်းမရှိပါက တပ်ဖွဲ့မှ သတ်မှတ်ထားသည့် စည်းကမ်း ချက်အတိုင်း ထိရောက်စွာ အပြစ်ပေး ခြင်းခံရမည်ဖြစ်သည်ဟု အမိန့်စာတွင်ဖော်ပြထားသည်။ ဒီမိုကရေစီအကျိုးပြု ကရင့် တပ်မတော်အဖွဲ့သည် KNU -ကရင်အမျိုးသားအစည်းအရုံး မှ ၁၉၉၄ ခုနှစ်တွင် စတင်ခွဲထွက်ခဲ့ပြီးနောက် တိုးတက်သော ဗုဒ္ဓ ဘာသာ ကရင်အမျိုးသား တပ်မတော် -DKBA အဖြစ် ရပ်တည်ခဲ့ ရာမှ ၂၀၁၂ ခုနှစ်၊ ဧပြီလတွင် ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော်(DKBA) အဖြစ် နာမည်ပြောင်းလဲခဲ့သည်။

၂၀၁၅ခုနှစ်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် -NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။ http://kicnews.org/2020/05/dkba%e1%80%90%e1%80%95%e1%80%b% e1%80%96%e1%80%bc%e1%80%b2%e1%82%94%e1

**************

၁၄။      တောင်ကုတ်တွင် မြို့ခံ ၃ ဦး အကြမ်းဖက် ဥပဒေဖြင့် ဖမ်းဆီးအမှုဖွင့်ခံရ

May 11, 2020

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ပေါ်တွင် နေထိုင်သူ နိုင်ငံရေးပါတီဝင် ၁ ဦးနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းမှ မြို့ခံ ၃ ဦး ကို ရဲတပ်ဖွဲ့က အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (က) ဖြင့် အမှုဖွင့်ကာ ဖမ်းဆီး စစ်ဆေးခံနေရကြောင်း သတင်း ရရှိ သည်။ အဆိုပါ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ခံထားရသူများမှာ တောင်ကုတ်မြို့နယ် ရခိုင်အမျိုးသားပါတီ (ANP) မှ မြို့နယ် အလုပ်အမှုဆောင် ကော်မတီဝင် ဦးဝေသောင်း၊ မြို့နယ်စည်ပင်ယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဇေယျကျော်နှင့် စည်ပင်ကော်မတီ ဥက္ကဋ္ဌ (ဟောင်း) ဦးစန်းငွေတို့ ဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

ဖမ်းဆီးခံ ဦးဇေယျကျော်၏ ဇနီး ဒေါ်ဟန်စုလှိုင် က “ဒီနေ့ တရားရုံးမှာ ရုံးထုတ်ပြီး ကျမ အမျိုးသားနဲ့ အဖမ်းခံထားရတဲ့ လူတွေ ကို ရမန်ယူပါတယ်။ အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်ခံထားရတယ်လို့တော့ ကျမအမျိုးသားက ပြောသွားတယ်။ ဘာကြောင့် ဖမ်းတယ်ဆိုတာလည်း ကျမတို့လည်း တိတိကျကျ မသိဘူး။ အခုလို ဖြစ်တဲ့အပေါ် အရမ်းလည်း စိတ်မကောင်း ဖြစ်နေရတယ်”ဟု ဧရာဝတီသို့ ပြောသည်။ အဆိုပါ ဖမ်းဆီးခံ တောင်ကုတ်မြို့ခံ ၃ ဦးကို မြို့နယ်ရဲတပ်ဖွဲ့ကနေ ယနေ့ တောင်ကုတ်မြို့နယ် တရားရုံးတွင် ရုံးထုတ်ပြီး မေလ ၂၃ ရက်နေ့အထိ ရမန်ကြီး ၂ ပတ်ယူခဲ့ကြောင်းလည်း သိရသည်။

တောင်ကုတ်မြို့နယ် ANP ပါတီမှ ဒုဥက္ကဋ္ဌ ဦးဖေကြွယ် က “ကျနော်တို့ ပါတီက ဦးဝေသောင်း အဖမ်းခံရတယ်ဆိုတာတော့ ဟုတ်ပါတယ်။ သူတို့ကို အကြမ်းဖက်မှု ဥပဒေနဲ့ အမှုဖွင့်ပြီးတော့ ဒီနေ့ချုပ်ရမန်ယူသွားတာရှိတယ်။ အခုအချိန် အခြေအနေက တအားရှုပ်ထွေးနေတော့ ဒီဖြစ်စဉ်အပေါ်မှာ ကျနော်တို့လည်း ဘယ်လိုပြောရမှန်းတောင်မသိတော့ပါဘူး။ ဘာ့ကြောင့်  ဖမ်း တယ်ဆိုတာလည်း ကျနော်တို့အနေနဲ့ သေချာ မသိရသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။ ရဲမှူး သိန်းနိုင် က “ကျနော်တို့က ရမန်ယူပြီးတော့ စုံစမ်း စစ်ဆေးနေတဲ့ ကာလမို့ အသေးစိတ်အချက်အလက်ကိုတော့ ပြောလို့ မရဘူး။ သတင်းတချို့ရရှိထားတဲ့အတွက် အဲဒီအပေါ်မှာ အခြေခံပြီးတော့ ကျနော်တို့က စုံစမ်းစစ်ဆေးမှုတွေ လုပ်နေခြင်းသာ ဖြစ်ပါတယ်။ အဲဒီလောက်ပဲ လောလောဆယ် ပြောလို့ ရမယ်” ဟု ဧရာဝတီသို့ ပြောသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အဆိုပါ ဖမ်းဆီးစစ်ဆေးခံနေရသူများတွင် ဦးဇေယျကျော်မှာ မေလ ၉ ရက်နေ့က လည်း ကောင်း၊ မေလ ၁၀ ရက်နေ့တွင် ဦးစန်းငွေ အားလည်းကောင်း၊ ယနေ့ မေလ ၁၁ ရက်နေ့တွင် ဦးဝေသောင်းအား လည်းကောင်း စုံစမ်းမေးမြန်းစရာများရှိသည်ဟုဆိုကာ ရဲတပ်ဖွဲ့က နေအိမ်သို့ လာရောက်ခေါ်ယူသွားခြင်းဖြစ်ကြောင်း မိသားစု ဝင်များက ပြော သည်။ လက်ရှိအချိန်တွင် တောင်ကုတ်မြို့နယ်အတွင်း နိုင်ငံရေးပါတီများအကြားတွင် ရှုပ်ထွေးမှုများ ဖြစ်ပေါ် နေသည့်အတွက် မြို့လုံခြုံရေးကို တင်းကြပ်ထားကြောင်းလည်း ဒေသခံများထံမှ သိရသည်။ https://burma.irrawaddy.c om/news/2020/0 5/11/222380.html

*************

၁၅။      မည်သည့်အဖွဲ့အစည်းကိုမှချန်လှပ်မထားဘဲ တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံးအပစ်ရပ်စဲပေးသင့်ကြောင်း မွန်ပြည်သစ် ပါတီ ဥက္ကဌတိုက်တွန်း

May 11, 2020

တပ်မတော်၏ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်ကို ကောင်းမွန်သော ဆောင်ရွက် ချက်ဟု မိမိတို့ရှုမြင်သလို တပ်မတော်အနေဖြင့် သဘောထားကြီးစွာထား၍ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ကြေငြာပေး သင့်ကြောင်း မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ဟံသာ တိုက်တွန်းလိုက်သည်။ မြန်မာနိုင်ငံတွင် COVID-19 ရောဂါထိန်းချုပ်၊ ကာကွယ်၊ ကုသရေးလုပ်ငန်းများ ပိုမိုထိရောက် လျင်မြန်ကျယ်ပြန့်စွာဆောင်ရွက်နိုင်ရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် တပ်မတော်အနေဖြင့် နိုင်ငံတကာ စံနှုန်းအတိုင်း နိုင်ငံတော်မှအကြမ်းဖက်ဟု သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့ အစည်းများရှိသည့်  နေရာများမှအပ ကျန်နယ်မြေများ၌ ၂၀၂၀ ပြည့်နှစ်၊ မေလ(၁၀) ရက်မှ သြဂုတ်လ (၃၁) ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ကြေညာခဲ့ခြင်း ဖြစ်သည်။

နိုင်ဟံသာက “ဒီကပ်ရောဂါက အန္တရယ်တော်တော်ကြီးမားပါတယ်၊ အားလုံးအတူတကွဝိုင်းဝန်းကာကွယ်ကြမှ ဖြစ်မယ်၊ ဒါပေမယ့် တိုက်ပွဲတွေဆက်ဖြစ်နေရင်တော့ ရောဂါကာကွယ်ရေးအပိုင်းတွေမှာ အခက်အခဲဖြစ်နေပါလိမ့်မယ်၊ နေရာတိုင်းအား လုံးမှာ ပစ်ခတ်တိုက်ခိုက်တာတွေကို ရပ်စဲထားသင့်တယ်၊ အချို့အဖွဲ့အစည်းတွေနဲ့ရပ်စဲပြီး အချို့အဖွဲ့အစည်းနဲ့ တိုက်ပွဲ ဆက်ဖြစ်နေတာကတော့ မဖြစ်သင့်ဘူးလေ၊ ဒါကြောင့် တပ်မတော်အနေနဲ့ သဘောထားကြီးကြီးထားပြီး တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲပေးပါလို့ တိုက်တွန်းပါတယ်”ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။ မြန်မာ့မဟာဗျိူဟာနှင့် မူဝါဒလေ့လာ ရေးအင်စတီကျူ ISP-Myanmar ဒါရိုက်တာ ဦးအောင်သူငြိမ်းက “ကမ္ဘာ့စီးပွားရေး ထိခိုက်လာတဲ့အနေအထားမှာ ဒီလို အရင်း အမြစ်တွေ ရှားပါးလာတဲ့အနေ အထားမှာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ဒီလို အခွန်ငွေကောက်တာ ကစ လို့ အရင်းမြစ်တွေ ရှားပါးလာနိုင်တဲ့ပြဿနာမျိုးရှိတယ်၊ အဲလိုအရင်းမြစ်တွေရှားပါးလာရင် လူသားတွေမှာ လုယက် တတ်တဲ့ သဘောရှိတယ်ခင်ဗျ၊ အချင်းချင်းလည်း ပြဿနာပဋိပက္ခ ပိုကြီးလာနိုင်တဲ့အနေအထားမျိုးလည်း ရှိတတ်တယ်၊

သို့ရာတွင် ယင်းကဲ့သို့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ကြေညာထားသည့်ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများအားလုံးအနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ငြိမ်းချမ်းရေးမူဝါဒ(၆) ရပ်အနက်မှ ဖော်ပြပါ(၄)ချက်ဖြစ် သည့် (က) သဘောတူစာချုပ်များအတိုင်းကတိတည်ရန်။ (ခ ) ငြိမ်းချမ်းရေးသဘောတူညီချက်များအပေါ် အမြတ်မထုတ်ရန်။ (ဂ ) ဒေသခံပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်။ (ဃ) နိုင်ငံတော်က ထုတ်ပြန်ထားသည့် တည်ဆဲဥပဒေများကို အလေးအနက်ထား လိုက်နာရန်လိုအပ်ကြောင်း တပ်မတော်၏ကြေငြာချက်တွင် ဖော်ပြသည်။ ထို့အပြင် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှု ယန္တရားအဆင့်ဆင့်၊ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် အကျိုးစီးပွားများကို ထိခိုက်မှုမဖြစ်စေရန် တာဝန်ယူ ရမည်ဖြစ်ပြီး အထက်ပါ ဖြစ်စဉ်ဖြစ်ရပ်များ ဖြစ်ပေါ်လာပါက တပ်မတော် အနေဖြင့် လိုအပ်သလို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးထားသည်။ http://burmese.monnews.or  g/2020/05/11/%e1%80%99%e1%80%8a% e1%80%ba%e1%80%9e%e1%80

*************

၁၆။      မြစ်ကြီးနားရှိ FQ များကို အစားအသောက်ထောက်ပံ့နေသည့် ပရဟိတအဖွဲ့များ ခေတ္တရပ်နားမည်ဟုဆို

May 8, 2020

မြစ်ကြီးနားမြို့ရှိ Covid-19 ရောဂါကြောင့် FQ ဝင်နေသူများကို ပရဟိတအဖွဲ့မှ အစားအသောက်ထောက်ပံ့နေမှုကို မေလ ၁၁ ရက်နေ့မှစကာ ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း Covid-19 ကူညီပေးရေး မြစ်ကြီးနားအခြေပြု ပရဟိတအဖွဲ့မှ စာရင်းစစ် အထက်တန်းရှေ့နေ ဦးခွန်မြတ်မင်းအောင် က ပြောသည်။

“ကျနော်တို့အဖွဲ့က အဖွဲ့ငယ်လေးတစ်ဖွဲ့ဖြစ်တယ်။ မိတ်ဆွေအပေါင်းအသင်တွေ ပံ့ပိုးပေးနေတဲ့ ငွေနဲ့ ကြားခံကူညီနေတဲ့အဖွဲ့ ဖြစ်တယ်။ အဲတော့ ကျနော်တိုပမှာရှိတဲ့ငွေနဲ့ တောက်လျှောက်သုံးမယ်ဆိုလို့ရှိရင် တစ်လ လောက်ဘဲ သူတို့ကို ပံ့ပိုးနိုင်မယ်။ ဒါကြောင့် ကျနော်တို့ကနေပြီး အစိုးရကို အကူအညီတောင်းကြည့်တယ်။ အစိုးရကနေပြီးမှ သူတို့အနေနဲ့ ၅ လပိုင်း ၁ ရက်နေ့ ကနေစပြီး တစ်လလုံးသူတို့အနေနဲ့ တာဝန်ယူမယ်လို့ အဲနေ့ကပြောခဲ့တယ်။ ဒါပေမယ့်အခုနောက်ပိုင်းကျတော့ ၁၁ ရက်နေ့မှ ဘဲ စကျွေးမယ်လို့ထပ်ပြောတယ်။ နောက်ဆုံးကြားတဲ့သတင်းအရဆိုရင် မကျွေးတော့ဘူးဆိုတဲ့ သတင်းပြန်ရတယ်။ အဲ့ကြောင့် ကျနော်တို့အနေနဲ့ ၁၀ ရက်နောက်ပိုင်း အားလုံးရပ်ထားမယ်ဆိုပြီး အားလုံးဆန္ဒအတိုင်း သဘောတူဆုံးဖြတ်ထားခြင်းဖြစ်တယ်”ဟု ဦးခွန်မြတ်မင်းအောင် ကဆိုသည်။

လကုန်တဲ့ထိကျွေးနိုင်မယ့် အလှူရှင်ရှိပါတယ်။ Q ထားတဲ့သူတွေကို လ ကုန်တဲ့ထိက ကျနော်တို့အစိုးရအဖွဲ့က ကျွေးစရာပိုက် ဆံ ပေးစရာမလိုတော့ဘူး။ သို့သော်နောက်ပိုင်းဝင်လာလို့ နောက်ပိုင်းထားရမယ့်သူတွေအတွက် အလှူရှင်မရှိရင်တော့ ကျနော် တို့ ကျွေးမှာဖြစ်တယ်။ မကျွေးတာမဟုတ်ဘူး။ ကျွေးရဲ့သားနဲ့ အလှူရှင် သူတို့တာဝန်ယူမှာဖြစ်တယ်။ ကုသိုလ်ယူမယ်ဆိုရင် တော့ ကျနော်တို့က မငြင်းနိုင်ဘူး။ ဒါကြောင့် ဒီနေ့ နောက်ထပ်အလှူရှင် ၃ ဦး ပေါ်လာတယ် သူတို့ကျွေးမှာဖြစ်တယ်။ လကုန် နောက်ပိုင်း အလှူရှင်မရှိရင်တော့ အစိုးရအဖွဲ့ အနေနဲ့ ကျွေးမှာဖြစ်တယ်။ ဟု ကချင်ပြည်နယ် ညွှန်ကြားရေးမှူး ဦးဇော်ဇော်က ပြောသည်။

လက်ရှိ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်တွင် အစိုးရကသတ်မှတ်ထားသည့် FQ Center များသည် ပညာရေး ကောလိပ်၊ သားဖွားသင်တန်းကျောင်း၊ သူနာပြုကျောင်း၊ မြစ်ကြီးနားတက္ကသိုလ် စုစုပေါင်း ၄ နေရာ သတ်မှတ်ထားပြီး Q ဝင်နေသူ စုစု ပေါင်း ၂၅၀ ကျော်ရှိကြောင်း သက်ဆိုင်ရာမှ သိရသည်။ https://burmese.kachinnews.com/2020/05/0 8/%e1%80% 99%e1%80%bc%e1%80%85%e1%80%ba%e1

*************

၁၇။      အစိုးရနှင့် KNU နှစ်ဘက် စစ်ရေးတင်းမာမှုကိစ္စ ညှိနှိုင်းဆွေးနွေး

May 11. 2020

အစိုးရ၏ Covid-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညှနှိုင်းပူးပေါင်းရေးကော်တီနှင့် ကရင်အမျိုးသား အစည်းအရုံး KNU တို့ သည် မေလ ၁၁ ရက်တွင် ကရင်ပြည်နယ်ဖာပွန်ခရိုင်နှင့် သထုံခရိုင်ရှိ စစ်ရေးတင်းမာ မှုကိစ္စများ ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ ဆွေးနွေးပွဲကို ညှိနှိုင်းပူးပေါင်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း က အစိုးရကိုယ် စားလှယ်ဘက်မှ ဦးဆောင်ပြီး KNU ဘက်မှ KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမှူးက ဦးဆောင်ကာ အွန်လိုင်းရုပ်သံ (Online Video Conferencing) ပုံစံဖြင့် ဆွေးနွေးကြခြင်းဖြစ်သည်။

ပြီးခဲ့သည့် မေလ ၆ ရက်က ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ၊ ဒွဲလုံမြို့နယ်တွင် တပ်မတော်နှင့် KNU တပ်မဟာ (၅) တို့ အကြား အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ဧပြီလ ၃၀ ရက်ကလည်း မွန်ပြည်နယ်၊ သထုံခရိုင်ရှိ KNU တပ်မဟာ (၁) စစ်ဆေးရေး ဂိတ်ကို ဖယ်ရှားပေးရန် တပ်မတော်ဘက်က လာရောက်တားမြစ်ရာမှ စစ်ရေးတင်းမာမှု ဖြစ်ပွားခဲ့သည်။ ပဒိုစောတာဒိုမှူးက “အထူးသဖြင့် နားလည်မှုလွဲမှားနိုင်လောက်တဲ့ နေရာတွေမှာရှိတဲ့ ကျန်းမာရေးစစ်ဆေးတဲ့ စခန်းတွေကို နှစ်ဖက်ကြားမှာ ကြိုတင်အသိပေးပြီး ဘယ်လိုပုံစံမျိုးနဲ့ ညှိနှိုင်းမလဲဆိုတဲ့ မူတခုချမှတ်ပြီး ကော်မတီနဲ့ ညှိနှိုင်းသွားဖို့ပါ။ ကျနော်တို့ဘက်က ကိုဗစ် စစ်ဆေးရေး စခန်းတွေရဲ့စာရင်းကိုပေးမယ်။ အဲဒီပေါ်မှာညှိနှိုင်းသွားဖို့ပါ” ဟု ပြောဆိုသည်။

အစိုးရ၏ COVID-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ EAO များနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ကလည်း KNU နှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီတို့၏ ဆွေးနွေးပွဲသည် အပြုသဘောဆောင် ပြီး တိုးတက်မှုရှိကြောင်း ပြောဆိုသည်။ KNU အနေနှင့် COVID-19 ကာကွယ်ရေးဆိုင်ရာ စစ်ဆေးရေးဂိတ်များ ဆောင်ရွက် မည်ဆိုပါက မည်သည့်နေရာများတွင် မည်သည့်ပုံစံဖြင့် မည်ကဲ့သို့ ဆောင်ရွက်မည်ကို ကော်မတီထံ တင်ပြပြီး ညှိနှိုင်းဆောင် ရွက်ရန် KNU ဘက်သို့ တောင်းဆိုထားကြောင်း ၎င်းက ဆိုသည်။

တိုင်းရင်းသားအရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကမူ KNU အနေနှင့် ဗိုင်းရပ်စ်ကာကွယ်ရေးအတွက် ဖွင့်မည့် စစ်ဆေး ရေးဂိတ်များ စာရင်းကို အစိုးရ၏ ညှိနှိုင်းပူးပေါင်းရေးကော်မတီ ထံတင်ပြဆောင်ရွက်မည်ဆိုပါက လတ်တလောတွင် နှစ်ဖက် ပဋိပက္ခများ နည်းသွားနိုင်ကြောင်းသုံးသပ်သည်။ သို့သော် တဖက်က စဉ်းစားကြည့်ပါက စစ်ဆေးရေးဂိတ်များဖွင့်ရန် အစိုးရ၏ ကော်မတီနှင့် ညှိနှိုင်းရမည်ဆိုသည့် အချက်သည် အစိုးရက ခွင့်ပြုမှသာ စစ်ဆေးရေးဂိတ်များကို KNU ဘက်က ဖွင့်ခွင့်ရှိသည့် သဘောဖြစ်နေကြောင်း ၎င်းက ထောက်ပြသည်။ ဦးမောင်မောင်စိုးက “အစိုးရသဘောတူလို့ဖွင့်ရင် ပြဿနာမရှိဘူးဆိုတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်” ဟု မှတ်ချက်ပေးသည်။

KNU အဖွဲ့သည် အစိုးရနှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ လ တွင် လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်ပြီး အစိုးရနှင့် လက်တွဲကာ ဗိုင်းရပ်စ်ကာကွယ်ရေး ဆောင်ရွက်နေသည့် အဖွဲ့ အစည်းလည်းဖြစ်သည်။ https://burma.irrawaddy.com/news/2020/05/11/222385.html

*************

၁၈။      တပ်မတော် အပစ်ရပ်ကြေညာချက်အပေါ် အကဲခတ်တွေ မေးခွန်းထုတ်

May 10, 2020

မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတဝန်း ကပ်ရောဂါနဲ့ ကြုံနေရချိန်မှာ ရောဂါထိန်းချုပ် ကာကွယ်ကုသရေး အထောက်အကူ ဖြစ်စေဖို့နဲ့ ငြိမ်းချမ်းရေးအတွက် ဒီကနေ့ မေလ ၁၀ ရက်နေ့ကစပြီး သြဂုတ်လ ၃၁ ရက်နေ့အထိ တိုက်ခိုက်မှုတွေ ရပ်စဲမယ့် အကြောင်း ကာကွ ယ်ရေးဦးစီးချုပ်ရုံးက မနေ့တုန်းကပဲ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ ဒါပေမယ့်လည်း အကြမ်းဖက် အဖွဲ့ အစည်းအဖြစ် သတ်မှတ်ကြေညာထားတဲ့ လက်နက်ကိုင်တွေရှိရာ နယ်မြေတွေမှာ သက်ရောက်မှုရှိမှာ မဟုတ်ကြောင်းလည်း ပြောဆိုထားပါတယ်။ ဒီအတွက်လည်း အစိုးရက အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ AA ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ လတ် တလော တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေက နယ်မြေတွေ ပါဝင်မှာ မဟုတ်ပါဘူး။ ဒီလို တိုက်ပွဲတွေ ပြင်းထန်နေတဲ့ နယ်မြေတွေ မပါဝင်ဘဲ တဖက်သတ် အပစ်ရပ် ကြေညာတာဟာ လက်တွေ့ အလုပ်ဖြစ်နိုင်ပါ့မလား ဆိုတာကိုတော့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းတို့လို အကဲခတ်တွေက မေးခွန်း ထုတ်နေကြပါတယ်။

“COVID-19 ဖြစ်နေချိန်မှာရော ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး လမ်းကြောင်းမှာရော ဒီလို အပစ်အခတ်ရပ်စဲရေး ကြေညာတာကို ကောင်းမွန်တဲ့ ခြေလှမ်းတခုလို့ မြင်ပါတယ်ဗျ။ သို့သော်လည်းပဲ ဒီ အပစ်အခတ် ရပ်စဲရေးဟာ တနိုင်ငံလုံးကို လွှမ်းခြုံတဲ့ အပစ်အခတ်ရပ်စဲရေးဖြစ်ဖို့ လိုအပ်တယ်လို့ မြင်တယ်။ အဲ့တော့ လက်ရှိအခြေအနေမှာ တကယ်တော့ တိုက်ပွဲတွေ စစ်ရေးလှုပ်ရှားမှုတွေ အများဆုံး ဖြစ်နေတာက ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ ဖြစ်တဲ့အခါကျ တော့ အဲ့ဒီ့ တိုင်းရင်းဒေသ ၂ ခုကိုပါ လွှမ်းခြုံတဲ့ အပစ်အခတ်ရပ်စဲရေးဖြစ်ဖို့ လိုအပ်တယ်လို့ မြင်တယ်။ ရခိုင်အမျိုးသား ကောင်စီ (ANC) အထွေထွေအတွင်းရေးမှူး ဦးထွန်းဇော်ကတော့ တပ်မတော်ရဲ့ တဖက်သတ် ကြေညာချက် ဟာ နိုင်ငံတကာ ဖိအားတွေကို ရှောင်လွှဲဖို့ ကြိုးပမ်းတဲ့လုပ်ရပ် အဖြစ်နဲ့သာ ရှုမြင်ပါတယ်။

“အဲ့သလိုပဲ ပစ်နေခတ်နေ တိုက်နေကြတဲ့ တိုက်ပွဲတွေ ဖြစ်နေကြတဲ့ ကာလဒေသတွေမှာလည်း အပစ်အခတ် ရပ်စဲမှုကို ထိထိ ရောက်ရောက် ဖော်ဆောင်နိုင်ဖို့က အရေးကြီးတယ်။ အထူးသဖြင့်က အခု စစ်ရေးပဋိပက္ခတွေ တင်းမာနေတဲ့ ချင်းနဲ့ ရခိုင် ပြည်နယ်တွင်းက ဒေသခံ ပြည်သူလူထုကြားမှာ အင်မတန်မှ ကြီးမားတဲ့ စစ်ဘေးဒုက္ခတွေနဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေ ဆိုးကြီးကို ကျော်လွှားနိုင်ဖို့ဆိုတာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့ နှစ်ဖက်ကြား သဘောတူညီချက်တွေရဖို့ ယုံကြည်မှု နားလည်မှု တည်ဆောက်နိုင်ဖို့ ဒီအပစ်အခတ်ရပ်စဲရေး ကြေညာချက်ကို လက်တွေ့ဖြစ်အောင် ဒီအတွက်စပြီး ခြေလှမ်းပြင်ဖို့ မဖြစ်မနေ လိုအပ်နေပြီလို့ သုံးသပ်ပါတယ်။” https://burmese.voanews.com/a/react-myanmar-military-ceasefire/54 13596.html

************

၁၉။      ဘူးသီးတောင်က စစ်ဘေးဒုက္ခသည်တွေ ရိက္ခာလိုအပ်နေ

May 10, 2020

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ ရပ်ကွက် ၄ မှာ မြေငှားရမ်းပြီး အထောက်အပံ့ အကူအညီမရဘဲ တဲဆောက်နေရတဲ့ စစ်ဘေးဒုက္ခသည်ပြည်သူတွေနဲ့ ဘုန်းကြီးကျောင်း အပါအဝင် နီးစပ်ရာကျေးရွာတွေမှာ ခိုလှုံနေရသူတွေ စားရေးသောက်ရေးနဲ့ သောက်သုံးရေ အခက်အခဲတွေကြုံနေရပါတယ်။

ဘူးသီးတောင်မြို့နယ် ရပ်ကွက် ၄ မှာ အထောက်အပံ့ အကူအညီမရတဲ့ စစ်ဘေးဒုက္ခသည်တွေနဲ့ ဘုန်းကြီးကျောင်း အပါ အဝင် နီးစပ်ရာကျေးရွာတွေမှာခိုလှုံနေရသူတွေ စားဝတ်နေရေး အခဲတွေကြုံနေရကြောင်း ခမီချောင်းကျေးရွာ ဒေသခံ ဦးကျော် သာခိုင်က RFA ကိုပြောပါတယ်။ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ရပ်ကွက် ၄ က စစ်ဘေးဒုက္ခ သည်တွေတင် အခက်အခဲဖြစ်နေတာ မဟုတ်ဘဲ ဘူးသီးတောင်မြို့နယ်ထဲမှာရှိတဲ့ စစ်ဘေးဒုက္ခသည် တွေ

အားလုံး အခက်အခဲကြုံနေရတယ်လို့ ပြောပါတယ်။“လက်ရှိ ဘူးသီးတောင်မြို့နယ်ထဲက စစ်ဘေးဒုက္ခသည်စခန်း ၂၀ လောက်မှာရှိတဲ့ လူဦးရေ တစ်သောင်းကျော်ဟာ အစိုးရရဲ့ အကူအညီအထောက်အပံ့ ပုံမှန်မရတဲ့အတွက် ပုဂ္ဂိလက အကူ အညီတွေပဲ မျှော်လင့်နေရတယ်လို့ ဦးအောင်သောင်းရွှေက ဆိုပါတယ်။

ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်ကတော့ ရပ်ကွက် ၄ တင်မကဘဲ တစ်မြို့နယ်လုံးမှာရှိတဲ့ စစ်ဘေးရှောင် တွေအတွက် နေ့စဉ်စားဖို့ ဆန်အကူအညီပေးထားတယ်လို့ RFA ကို ပြောပါတယ်။ REC ရဲ့ လေ့လာဆန်းစစ်ချက်အရ ရခိုင်ပြည်နယ်အတွင်းမှာ အထောက်အပံ့ အကူအညီမရဘဲ ငှားရမ်းနေထိုင် နေရတဲ့ စစ်ဘေးဒုက္ခသည် အိမ်ထောင်စုပေါင်း ၃၇၀ဝ ခန့်ရှိပြီး အစုအဝေးလိုက် စခန်းဖွင့်နေကြတာ မဟုတ်တဲ့အတွက် အကူအညီတွေ မရသလောက်ပဲလို့ ဆိုပါတယ်။ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ရဲ့ တိုက်ပွဲတွေကြောင့် ဘူးသီးတောင်မြို့နယ်အတွင်းက စစ်ဘေးဒုက္ခသည် စခန်း ၂၀ လောက်နဲ့ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေ၊ ကျေးရွာတွေမှာ ရောက်ရှိခိုလှုံနေရတဲ့ စစ်ဘေးဒုက္ခသည် အရေအတွက်ဟာ ၁၃၀ဝဝ ကျော်ရှိပြီလို့ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က ပြောပါတယ်။ https://www.rfa.org/burmese/news/w  ar-refugees-in-buthidaung-05102020055932.html

*************

၂၀။      ဆွမ်ပရာဘွမ်မြို့အနီး ငလျင်လှုပ်

May 9, 2020

ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့အနီးမှာ  အင်အားရစ်ချ်တာစကေး ၃ ဒသမ ၈ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင် တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။

မေလ ၉ ရက် ည ၈ နာရီ၊ ၅၇ မိနစ်၊ ၅၇ စက္ကန့် အချိန်က  မြစ်ကြီးနားမြေငလျင်စခန်းရဲ့ မြောက်-အရှေ့မြောက်ဘက် ၇၄ မိုင် လောက်‌ဝေးတဲ့  မြန်မာနိုင်ငံပြည်တွင်း ဆွမ်ပရာဘွမ်မြို့ရဲ့ အရှေ့မြောက်ဘက် ၅ မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၆ ဒသမ ၅၈ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒသမ ၆၃ ဒီဂရီ၊  အနက် ၄၇ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင်တခု လှုပ်သွားတာလို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ http://burmese.dvb.no/archives/387010

***********

၂၁။      သံဖြူဇရပ်မြို့နယ်တွင် မူးယစ်ဆေးဝါးဝယ်ယူသူ ၃၇ ဦးကို KNU ဖမ်းဆီး၊ လူတစ်ဦး ၅ သိန်းနှင့် ဆိုင်ကယ်တစ်စီး ၅ သိန်း စီဒဏ် ငွေချမှတ်

May 10, 2020

သံဖြူဇရပ်မြို့နယ်၊ ရဲတံခွန်ကျေးရွာနှင့် စခန်းကြီးကျေးရွာအကြား အတွင်းစခန်းကြီးကျေးရွာရှိ ခြံတစ်ခြံ၌ မေလ ၇ ရက်နေ့ ညပိုင်းက မူးယစ်ဆေးဝါးလာရောက်ဝယ်ယူသူ ၃၇ ဦးကို ကရင့်အမျိုးသားရဲတပ်ဖွဲ့ KNPF က ဖမ်းဆီးပြီး လူတစ်ဦးငွေကျပ် ၅ သိန်းနှင့် ဆိုင်ကယ်တစ်စီး ၅ သိန်း ဒဏ်ငွေချမှတ်ထားကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ မူးယစ်သုံးစွဲသူတစ်ဦးကို ၆ လစာဖြင့်ညီမျှသည့် ငွေဒဏ် ၅၀ဝ,ဝဝဝ ကျပ်နှင့် ဆိုင်ကယ်တစ်စီးအတွက် ၆ လစာ ဖြင့် ညီမျှသည့်ငွေဒဏ် ၅၀ဝ,ဝဝဝ ကျပ် ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကြောင်း ဒုရဲတပ်ဖွဲ့မှူး စောငြိမ်းချမ်း အမှတ်(၄)ရဲဌာန KNPF, ဝင်းရေးမြို့နယ် ဆိုသူက အမိန့်ချမှတ်ထားသည့် မိတ္တူစာတစ်စောင် မွန်သတင်းအေဂျင်စီက လက်ခံရရှိထားသည်။“ဖားပြ ရွာမှာ သွားရွေးရတာပါ၊ ရွာစုံက မွန်လူငယ်တွေချည်းပဲ အဖမ်းခံထိတာ၊ လွတ်တဲ့လူက လွတ်လာပြီ၊ လာမရွေးသေးတဲ့လူတွေ ကျန်သေးတယ်” ဟု ဒဏ်ငွေသွားရောက်ပေးဆောင်ခဲ့သူ အမည်မဖော်လိုသည့် ဝယ်ကလိရွာသားတစ်ဦးက ပြောသည်။

ယင်းသို့ ဒဏ်ငွေပေးဆောင်ရာ၌ နောက်နောင်တွင် မူးယစ်ဆေးဝါးသုံးစွဲခြင်း ကိစ္စရပ်များမပြုလုပ် မကျူးလွန်တော့ပါ၊ ထပ်မံ ကျူးလွန်မိပါက ထိုက်သင့်သည့်ပြစ်ဒဏ်ကို ပြတ်သားစွာအရေးယူခံပါမည်ဟု မိမိကို မိမိတာဝန်ရှိလူကြီးမင်း၏ ရှေ့မှောက်တွင် ဝန်ခံကတိပြု လက်မှတ်ရေးထိုးစေသည်ဟု သိရသည်။ “ ကျနော်တို့ ရွာသား ၁၀ ယောက်လောက်ပါတယ်လို့ သိရတယ်၊ နာမည်တော့ မသိရပါဘူး၊ သူတို့မိဘဆွေမျိုးတွေ တိတ်တိတ်လေးမသိမသာ သွားရွေးနေကြတယ်”ဟု အမည်မဖော်လိုသည့် ပငကျေးရွာသားတစ်ဦးက ပြောဆိုသော်လည်း မွန်သတင်းအေဂျင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

အဆိုပါ မူးယစ်ဆေးဝါးကိစ္စနှင့်ပတ်သက်၍ ဖမ်းဆီးထားသူများအား အပြစ်ရှိသူများအား တရားဥပဒေအရရေးယူရေးနှင့် အပြစ်မဲ့ပြည်သူများအား ပြန်လည်လွှတ်ပေးရေး ကရင်ပြည်နယ် လုံ/နယ်ဝန်ကြီးမှတစ်ဆင့် JMC-S နှင့် KNU ဆက်ဆံရေးရုံး များသို့ ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း လူမှုကွန်ယက် Facebook စာမျက်နှာများတွင် တွေ့ရှိရသည်။ အထက်ပါဖြစ်စဉ်ကို အမည်မဖော်လိုသည့် ရှေ့နေတစ်ဦးက “ပြည်သူက အစိုးရ ၂ ခုနဲ့ ကြုံဆုံနေရပုံပါ၊ ၂ ဖက်အရေးယူတာခံနေရတယ်”ဟု သုံးသပ်သည်။ http://burmese.monnews.org/2020/05/10/%e1%80%9e%e1%80%b6%e1%80%96c%e1%80

**************

၂၂။       လက်နက်ကိုင်ပဋိပက္ခများကြောင့် ဧပြီအတွင်း လူ ၇၁ ဦးသေဆုံးဟု အစီရင်ခံစာဖော်ပြ၊ ရခိုင်ပြည်နယ်တွင် တိုက်ပွဲ အများဆုံး ဖြစ်ဟုဆို

May 11, 2020

လက်နက်ကိုင်ပဋိပက္ခ များနှင့်ဆက်စပ်၍  ပြီးခဲ့သည့် ဧပြီအတွင်း လူ ၇၁ ဦးသေဆုံးခဲ့ပြီး ၉၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခနှင့် ငြိမ်းချမ်းရေးဖြစ်စဉ် စောင့်ကြည့်လေ့လာသည့် အရပ်ဘက်အဖွဲ့အစည်း Burma Monitor က ဖော်ပြ သည်။ ထို့အပြင် လူ့အခွင့်အရေးနှင့် ဆက်စပ်ဖြစ်စဉ် အကြိမ် ၃၀ ဖြစ် ပွားခဲ့ပြီး ဖမ်းဆီးခံရသူ ၉၆ ဦးရှိပြီး ၃၃ ဦး ပြန်လွတ် မြောက်ခဲ့ကြောင်း Burma Monitor ၏ ဧပြီအစီရင် ခံစာက ဆိုသည်။

ထိခိုက်သေဆုံးမူများကို ဖော်ပြရာတွင် လက်နက်ကြီး ကျည်ကျရောက်မှု အပါအဝင် တိုက်ပွဲ၊ မိုင်းပေါက်ကွဲမှုနှင့် လူ့အခွင့် အရေးဆိုင်ရာ ဆက်စပ်ဖြစ်စဉ်များကို ထည့်သွင်းတွက်ချက် ထားခြင်းဖြစ်သည်။ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကြား ဧပြီ ၁ ရက်မှ ၃၀ ရက်အထိ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်း ဒေသကြီးရှိ မြို့နယ် ၁၇ ခုတွင် တိုက်ပွဲ ၃၄ ကြိမ် ဖြစ်ပွားခဲ့သည် ဟု Burna Monitor အစီရင်ခံစာကဆိုသည်။ ထို့အပြင် မိုင်းပေါက်ကွဲမှု ၁၀ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။

တိုက်ပွဲဖြစ်ပွားမှု အများဆုံး မှာ ရခိုင်ပြည်နယ်တွင်ဖြစ်ပြီး စုစု ပေါင်း ၁၉ ကြိမ် ဖြစ်ပွားခဲ့သည်။ ယင်းတိုက်ပွဲများနှင့် ဆက်စပ်၍ သေဆုံးသူ ၃၀ ဦးရှိပြီး ၆၆ ဦးဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ ထို့အပြင် မြေမြှုပ်မိုင်းပေါက်ကွဲမှု လေးကြိမ်ဖြစ်ပွားခဲ့ပြီး နှစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရှိခဲ့ကြောင်း အစီရင်ခံစာက ဖော်ပြသည်။ ချင်းပြည်နယ် ပလက်ဝဒေသတွင်လည်း ဧပြီအတွင်း တိုက်ပွဲရှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးကျည်ကျရောက်မှုကြောင့် အရပ်သား ၁၆ ဦး သေဆုံးကာ ၁၆ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း အစီရင်ခံစာက ဆိုသည်။  ပလက်ဝမြို့နယ်တွင် မြေမြှုပ်မိုင်း ပေါက်ကွဲမှု တစ်ကြိမ်ဖြစ်ပွားခဲ့ပြီး  တစ်ဦးဒဏ်ရာရရှိခဲ့ ကြောင်း ဖော်ပြထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲလေးကြိမ်ဖြစ်ပွားပြီး ငါးဦးသေဆုံးခဲ့ကာ မိုင်းပေါက်ကွဲမှု တစ်ကြိမ်ဖြစ်ပွားခဲ့သည်။ ကရင်ပြည်နယ်တွင် တိုက်ပွဲတစ်ကြိမ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ သည်ဟုလည်း အစီရင်ခံစာက ဖော်ပြထားသည်။ https://7day.news/detail?id=185811

*************

၂၃။      ကယားပြည်နယ်သို့ လာရောက်သူများ ခရီးသွားထောက်ခံချက် ပြရမည်

May 10, 2020

ကယားပြည်နယ်အတွင်း အဝင်၊ အထွက်ပြုလုပ်မည့် သူများသည် သက်ဆိုင်ရာရပ်ကွက်မှ ခရီးသွားထောက်ခံချက် ပြသရ မည်ဟု ကယားပြည်နယ် အစိုးရအဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်သည်။

COVID-19 ရောဂါ ကူး စက်ပြန့်ပွားမှုမရှိစေရေးကြိုတင်ကာကွယ်သည့်အနေဖြင့် ကယားပြည်နယ်၏ မြို့နယ် အဝင်၊ အထွက် ဂိတ်များတွင် ကျန်းမာရေးစစ်ဆေးခြင်း၊ ခရီးသွားထောက်ခံချက်များ စစ်ဆေးခြင်းများကို ပြုလုပ်နေပြီး ပြည်နယ်တွင်းသို့ လာရောက်သူများဖြစ်စေ၊ ပြည်နယ်တွင်းမှ ပြင်ပသို့သွားရောက်သူများဖြစ်စေ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးရုံးများမှ တစ်ပတ်အတွင်း ထုတ်ပေးထားသည့် ခရီးသွား ထောက်ခံချက်များကို ယူဆောင် လာရမည်ဖြစ်သည်။

ယင်းကဲ့သို့ ဆောင်ရွက်ရခြင်းသည် ရောဂါပိုးရှိသူများနှင့် ထိတွေ့ခဲ့သူများအား အချိန်နှင့်တစ်ပြေးညီ ဆက်စပ်ဖော်ထုတ် နိုင်ရေး အတွက်ဖြစ်ပြီး ထောက်ခံချက်မပါရှိပါက ထောက်ခံချက် ပြန်ယူခိုင်းခြင်း၊ အရေးယူခြင်း၊ ပြည်နယ်အတွင်း ဝင်ရောက်ခွင့် ပြုမည်မဟုတ်ကြောင်း ကယား ပြည်နယ်အစိုးရအဖွဲ့ဝင် သဘာဝ သယံဇာတနှင့် သစ်တောဝန်ကြီး ဦးတီရယ်က ပြောသည်။ ‘‘ထောက်ခံချက်ပါရင် စစ်ဆေးရတာ လွယ်မယ်၊ မြန်မယ်လေ။ ဘာလို့ဆို တချို့က အမှန်မဖြေပဲ စစ်ဆေးသူတွေကို ရစ်တာ၊ ရန်တွေ့တာမျိုးရှိတယ်။ အဓိက ရည်ရွယ်ချက်က လိမ်ပြီးသွားတာမျိုးမဖြစ်ဖို့ပါ။ ထောက်ခံချက် မပါရင် ပေးမဝင်တာမျိုးတော့ မဟုတ်ဘူး ’’ ဟု ၎င်းကပြောသည်။ https://7day.news/detail?id=185757

************

၂၄။      ရေခမ်းခြောက်လာသည့် မော်လမြိုင် ရွှေနတ်တောင်ဆည်ရေပေးဝေမှု နှစ်ပတ်စာခန့်သာ အဆင်ပြေတော့မည်ဟုဆို

May 8, 2020

ရာသီဥတု အလွန်ပူပြင်းသောကြောင့် မော်လမြိုင်မြို့ကို အဓိကရေဝေပေးနေရသည့် ရွှေနတ်တောင်ဆည်  ရေခမ်းခြောက်မှုရှိ လာပြီး နှစ်ပတ်စာခန့်သာ အဆင်ပြေတော့မည်ဟု မော်လမြိုင်စည်ပင်သာယာရေးအဖွဲ့ တွဲဖက်ညွှန်ကြားရေးမှူး ဦးတင်ကိုကိုက ပြောသည်။ “ပူပြင်းတော့ ရွှေနတ်တော်ဆည်ရေကို တစ်ရက်ကို ဂါလံသိန်း ၄၀ လောက် ထုတ်နေတယ်၊ အတ္တရံက တစ်ရက် ကို ဂါလံ ၁၅ သိန်းလောက် ထုတ်နေရတယ်၊ ပြသနာဖြစ်နေတာက ရွှေနတ်တောင်ကနေ ထုတ်တဲ့ ရေက ကျွန်တော်တို့ ခန့်မှန်းတာဆိုလိုရှိရင် နောက်ထပ် ၂ ပတ်စာလောက်ကိုပဲ ရေယူလို့ အဆင်ပြေတော့မယ့် အနေအထားမျိုးတွေ့ရတယ်”ဟု ၎င်းက ဆိုသည်။

ထို့အတူ မွန်ပြည်နယ်ရေရှားမှုအန္တရာယ်နှင့် ပတ်သက်ပြီး သဘာဝဘေးအန္တရာယ် ရန်ပုံငွေ ၁ ဘီလီလျံမှ အသုံးပြု၍ ဖြေရှင်း ပေးနေသည်ဟု မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြီးခဲ့သည့်မတ်လလယ်တွင် သတင်းထောက်များကို ပြောသည်။ သို့ရာတွင် ပြည်နယ်တွင်းရေရှားပါးမှု ၇၅ %ကို  ပြည်နယ်အစိုးရဖြေရှင်းပေးနိုင်ထားပြီးဟု ဆိုသော်လည်း မြို့နယ်တိုင်းတွင် ကျေးရွာများပါမကျန် မီးသတ်တပ်ဖွဲ့၊ လူမှုရေးအသင်းများနှင့် ပရဟိတအသင်းအဖွဲ့များက နေ့စဉ်ရေအလှူဝေပေးနေရကြောင်း လူမှုကွန်ယက်များမှတဆင့် တွေ့ရှိရသည်။

အထူးသဖြင့် ချောင်းဆုံနှင့် ပေါင်မြို့နယ်ဘက်မှာ အဓိက ရေရှားပါးမှုများ ဖြစ်ပေါ်နေသည်ဟု မော်လမြိုင် လူမှုကယ်ဆယ်ရေး အဖွဲ့မှ ကိုဇင်မိုးက ပြောသည်။ အကယ်၍ သောက်သုံးရေပြတ်လပ်ပြီး ရေအခက်အခဲဖြစ်ပေါ်လာပါက ကျေးလက်ဒေသ ဖွံ့ဖြိုး ရေးဦးဌာနသို့ အကူအညီတောင်းခံနိုင်သလို သောက်သုံးရေများ ဖြန့်ဝေပေးနိုင်ရေး စီစဉ်ထားကြောင်း ပြည်နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။ http://burmese.monnews.org/2020/05/08/%e1%80%9b%e1%80 %b1%e1%8 0%81%e1%80%99%e1%80

**************

၂၅။      မူဆယ် ကိုဗစ်-၁၉ လူနာ ဆေးရုံ ဆင်းခွင့် ရ

May 9, 2020

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့ ကိုဗစ်-၁၉ လူနာ သည် ဓာတ်ခွဲခန်း အဖြေနှစ်ကြိမ် Negative  ဖြစ်သဖြင့် ဆေးရုံ ပေးဆင်း လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ ဧပြီ ၂၄ ရက်တွင် မူဆယ်မြို့ အသက် ၈၇ နှစ်ရှိ အမျိုးသမီး တဦးသည် ကိုဗစ် ၁၉ အတည်ပြုလူနာအဖြစ် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ကြေညာချက် ထုတ်ခဲ့သည့် သူဖြစ်သည်။ ထိုဧပြီ ၂၄ ရက်နောက်ပိုင်း အသက် ၈၇ နှစ်အရွယ် ကိုဗစ်-၁၉ လူနာ ၏ ဓာတ်ခွဲနမူနာကို ထပ်မံစစ်ဆေးရာ Negative ၂ ကြိမ်ဖြစ်သဖြင့် ဆေးရုံ မှ ဆင်းခွင့် ပေးလိုက်ကြောင်း မူဆယ်မြို့ဆေးရုံအုပ် ဒေါက်တာ ဟန်နိုင်စိုး က သျှမ်းသံတော်ဆင့် သို့ပြောသည်။

ဆေးရုံ ပေးဆင်းပြီးနောက် ဟိုတယ် Quarantine ၇ ရက် နှင့် နေအိမ် Quarantine ၇ ရက် စုစုပေါင်း ၁၄ ရက်နေပြီးပါက ထပ်မံစစ်ဆေးပြီးမှ အပြင်သွား လာခွင့်ပြုမည်ဟုလည်း ဒေါက်တာ ဟန်နိုင်စိုး ကပြောသည်။ “ အဖွား က Negative နှစ်ကြိမ်ဖြစ်ပြီး နေကောင်းတာကြားရတော့ ဝမ်းသာပါတယ်။ အသက်ကလည်း ကြီးပြီးဆိုတော့ စိတ်တော့ပူတယ်။ မဟုတ်ရင် အားလုံးက ဒီရောဂါကို စိုးရိမ်နေကြတာ” ဟု မူဆယ်ဒေသခံ အမျိုးသမီး တဦးက ပြောသည်။

မြန်မာ-တရုတ် နယ်စပ် မူဆယ်မြို့တွင် ကိုဗစ်-၁၉ လူနာ တဦး ကို ဧပြီ ၂၄ ရက် တွင် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန က ထုတ်ပြန်ကြေညာပြီးနောက်ပိုင်း တရုတ်နိုင်ငံတွင် တင်းကြပ်သည့် စည်းကမ်းများထုတ်ပြန်ကာ တပိုင်တနိုင် ခြံထွက် သီးနှံ များ တရုတ်နယ်စပ်သို့ ဖြတ်သန်းရောင်းချခွင့်မရတော့သည့် အခြေအနေဖြစ်ခဲ့သည်။ https://burmese.shannews.org/ archives/16466

*************

၂၆။      ကျပ်သိန်း ၂,ဝဝဝ  ကျော် တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများ သယ်ဆောင်လာသ ူလေးဦး ကို ဖမ်းဆီး

May 10, 2020

ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ်တွင် ကျပ်သိန်း ၂,၆၀ဝ ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများ သယ်ဆောင် လာ သည့် မော်တော်ယာဉ်အား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ မေလ ၇ ရက် နံနက်က လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကျေးသီးမြို့နယ် မိုင်းနောင်မြို့အဝင်တွင် နယ်မြေလုံခြုံရေး ဆောင်ရွက်နေစဉ် ဝမ်ဆင်းဘက်မှ မိုင်းနောင်သို့ မောင်းနှင်လာသည့် ကုန်တင်ယာဉ် တစ်စီးကို စစ်ဆေးရန် ရပ်တန့်ခိုင်းရာ ၎င်းယာဉ်မှာ နောက်ပြန်လှည့်၍ မောင်းနှင်  ထွက်ပြေးခဲ့ကြောင်း ရဲတပ်ဖွဲ့က  ထုတ်ပြန် သည်။

ရဲတပ်ဖွဲ့က လိုက်လံတားဆီးရာ ၎င်းယာဉ်ပေါ် လိုက်ပါလာသည့် ယာဉ်မောင်းအပါအဝင် အမျိုးသားနှစ်ဦးက ကုန်တင် ယာဉ်ကို ရပ်တန့်ထားခဲ့ပြီးနောက်တွင် ကပ်လျက်လိုက်ပါလာသည့် Vigo အမျိုးအစား ကိုယ်ပိုင်ယာဉ် ပေါ်တက်၍  ဆက်လက် မောင်းနှင် ထွက်ပြေးခဲ့သည်။

ထို့နောက် ရဲတပ်ဖွဲ့က ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးခဲ့ရာ ကုန်တင်ယာဉ်မောင်း လှိုင်သာယာမြို့နယ်နေ အသက်(၂၈)နှစ်အရွယ် ချစ်ဝင့်သူနှင့် ယာဉ်အကူဖြစ်သူ မူဆယ်မြို့နေ (၂၆)နှစ်အရွယ် လှိုင်ဝေဦးတို့ နှစ်ဦးကိုလည်းကောင်း၊ ကိုယ်ပိုင်ယာဉ်ပေါ်မှ မူ ဆယ်မြို့နေ အမျိုးသားနှစ်ဦးတို့ကို ဖမ်းမိခဲ့သည်။ ကုန်တင်ယာဉ်ကို စစ်ဆေးရာ ယာဉ်ပေါ်တွင် ပလတ်စတစ်ပီပါ၊ သံပီပါများ ဖြင့် ထည့်သွင်းသယ်ဆောင်လာသည့် ကျပ်သိန်း ၂,၆၅၆ တန်ဖိုးရှိ ထိန်းချုပ် ဓာတုပစ္စည်း အီသိုင်းအက်စီတစ် အရည်များကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

‘‘ဒီဓာတုပစ္စည်းတွေက မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်း တွေပါ။ နောက်ပြီး သူတို့လေးယောက်က ဒီပစ္စည်းတွေကို အကျိုးတူပူးပေါင်းပြီး သယ်ဆောင်လာတာကို စစ် ဆေးတွေ့ရှိရပါ တယ်’’ဟု ကျေး သီးမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာ ရှိတစ်ဦးက ပြောသည်။ https://7day.news/detail?id=185743

************

၂၇။      ကချင်ပြည်နယ်မှ COVID -19 လူနာ Case 144 မှာ စစ်ဆေးချက်အရ Negative နှစ်ကြိမ်ပြသဖြင့် ဆေးရုံဆင်းကာ သီးခြား Quarantine ဖြင့် နေထိုင်

May 11, 2020

ကချင်ပြည်နယ်မှ တစ်ဦးတည်းသော COVID -19 လူနာ Case 144 မှာ စစ်ဆေးချက်အရ Negative နှစ်ကြိမ်ပြသဖြင့် ဆေးရုံဆင်းကာ သီးခြား Quarantine ဖြင့် နေထိုင်နေပြီဖြစ်ကြောင်း သိရသည်။ COVID-19 လူနာအမှတ် ၁၄၄ သည်  ဧပြီ ၄ ရက်ခန့်မှစတင်ကာ ကိုယ်လက်များ ထိုင်းမှိုင်းခြင်း ကိုခံစားရကြောင်း ဧပြီ ၇ ရက်၊ ၈ ရက်များတွင် ပြင်ပဆေးခန်းပြသခဲ့ ကြောင်း၊ အံသွားများနာသည့်အခြေအနေဖြစ်ခဲ့ကြောင်း၊ အသက်ရှူမဝသည့် အခြေအနေကြုံတွေ့ခဲ့ကြောင်း၊ လူလည်း ထိုင်းမှိုင်းနေကြောင်း၊ အလုပ်သမား ဆေးခန်းတွင်လည်း ပြသခဲ့ရကြောင်း၊ ရန် ကုန်မှ ဧပြီ ၁၅ ရက်တွင် လူမှုကူညီရေးကားဖြင့် မိုးညှင်းသို့ ထွက်ခွာလာကြောင်း၊ ဧပြီ ၁၆ရက် မိုးညှင်းမြို့သို့ရောက်ရောက်ခြင်း Quarantine ဝင်ခဲ့ကြောင်း၊ ဧပြီ ၂၁ ရက်တွင် ဓာတ်ခွဲနမူနာ ယူခဲ့ကြောင်း၊ မည်သည့်နေရာမှကူးသည်ကို အစရှာမရကြောင်း၊ ရန်ကုန်တွင် အခန်းအတူ နေမှလွဲ၍ သီးခြား လုပ်ကိုင်ရသည့်အခြေအနေဖြစ်ကြောင်း၊ ပြည်ပခရီးလုံးဝမရှိကြောင်း သိရသည်။

လူနာအမှတ် ၁၄၄ က “ရောဂါမရှိတော့ဘူးဆိုတော့ အရမ်းပေါ့သွားတယ်။ ကျွန်တော် ခံစားရတာကတော့ ကိုယ်လက်ထိုင်းပြီး ဖျားချင်တာ အရင်ဖြစ်တာ။ အသက်ရှူမဝတာတွေ ဖြစ်တယ်။ ဆေးရုံတက်ပြီးနောက်မှ ထူးထူးခြားခြားဖြစ်တာ ဘာမှမရှိဘူး။ ကျန်းမာရေး ဝန်ထမ်းတွေကလည်း ဘာမှမလိုအောင်ကူညီ ပေးကြတယ်။ အားလုံး ကျေးဇူးတင်ပါတယ်။ ပိုးတွေ့တဲ့ လူနာတွေ ကိုလည်း ဘာမှအားမငယ်စေချင်ဘူး။ အချိန်တန်ရင် သူ့ဟာသူ ပျောက်သွားမှာပါ” ဟု ပြောကြားသည်။

အသက် ၂၄ နှစ် အရွယ်ရှိ မိုးညှင်းမြို့မှ COVID-19 လူနာမှာ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ ဖိနပ်စက်ရုံတစ်ရုံတွင် လွန်ခဲ့သည့် မတ်လနှောင်းပိုင်းက တရုတ်စကားပြန်အဖြစ် လုပ်ကိုင်သူဖြစ်ကြောင်း၊ စက်ရုံဝင်းအတွင်းရှိ အခန်း ၁၈ ခန်းပါ တိုက် ခန်း အမှတ် ၁၆ တွင် တရုတ်လူမျိုးတစ်ဦးနှင့် အတူနေထိုင်ခဲ့သည်။

ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန စာရင်းများအရ ရန်ကုန်မြို့သို့ ပေးပို့စစ်ဆေးခဲ့သည့် ဓာတ်ခွဲနမူနာပေါင်း ၅၃၈ ဦး တွင် တစ်ဦးတွေ့ရှိရပြီး ဓာတ်ခွဲနမူနာ ၄၈၇ တွင် မတွေ့ရှိရကြောင်း၊ ဓာတ်ခွဲအဖြေစောင့် ဆိုင်းနေသူ ၅၀ ရှိကြောင်း မေ ၁၀ ရက် က ထုတ်ပြန်ခဲ့သည်။ ကချင်ပြည်နယ်တွင် မေ ၁၀ ရက်အထိ ဆေးရုံ၊ နေအိမ်၊ လူမှုအဆောင်အအုံ ၅၃၆ခု တွင် လူဦးရေ ၆၇၂၃ ဦးမှာ Quarantine ဝင် နေဆဲဖြစ်ပြီး ၈၆၆၈ ဦး Quarantine လွန်မြောက်ခဲ့ကြောင်း သိရသည်။ https://news-eleven.com/article/ 173087

**************

၂၈။      မူဆယ်မြို့ရှိ ပြည်တော်ပြန် လက်ခံကြိုဆိုရေး စခန်းတွင် လူတစ်ထောင်ကျော် သောင်တင်နေ

May 11, 2020

မူဆယ်မြို့ရှိ ပြည်တော်ပြန် လက်ခံကြိုဆိုရေး စခန်းတွင် တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား တစ်ထောင်ကျော် သောင်တင်လျက်ရှိကြောင်း သိရသည်။ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီ၊ ကြိုဆို လက်ခံရေးကော်မတီမှ ၎င်းတို့စီစဉ်ပေးသော ကားများဖြင့် လားရှိုးသို့ ပို့ဆောင်ပေးရာ အချို့မှာ သုံးရက်ခန့် သောင်တင်နေမှု များ ရှိနေသောကြောင့် နေထိုင်စား‌သောက်‌ရေးနှင့် သန့်စင်ခန်းများ အတွက်ပါ ဒုက္ခရောက်နေကြောင်း သိရသည်။

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့နယ်ရှိ နန်းတော်ဂိတ်သို့ တရုတ်နိုင်ငံဘက်မှ ပြန်လည်ဝင်ရောက်လာသော မြန်မာနိုင်ငံသာ များမှာ တစ်ရက်လျှင် ၅၀ဝ ဦးခန့်ရှိပြီး ၎င်းတို့အား သက်ဆိုင်ရာက ကျန်းမာရေး စစ်းဆေးပေးနေပြီး သံသယလူနာတွေ့ရှိပါက စောင့်ကြည့်လူနာအဖြစ် ကုသပေးနေကြောင်း သိရသည်။ အဆိုပါ နန်းတော်ဂိတ်မှ ပြန်လည်ဝင်ရောက်လာသော မြန်မာနိုင်ငံ သားများမှာ ဧပြီ ၃ ရက် မှ မေ ၁၁ အထိ တစ်သောင်း ဝန်းကျင်ခန့် ရှိနေပြီး မူဆယ်မြို့နယ် COVID-19 ရောဂါ ကာကွယ်ထိန်း ချုပ် ကုသရေးကော်မတီ၊ ကြိုဆိုလက်ခံရေး ဆပ်ကော်မတီက စနစ်တကျ လက်ခံပြီး မြို့နယ်ပြည်သူ့ ကျန်းမာရေးဌာနက Fever Surveillance များပြုလုပ်ကာ ပြန်လည်ဝင်ရောက် လာသူများအား ၎င်းတို့အစီအစဉ်ဖြင့် နေရပ်ဒေသသို့ ပြန်နိုင်ရန်စီစဉ် ပေးလျက်ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် ရှမ်းပြည်နယ်အစိုးရ အစီအစဉ်ဖြင့် ပြည်တော်ပြန်များအား ရထားဖြင့် ပို့ဆောင်ရန် စီစဉ်ထားသောကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နယ်စပ်ဂိတ်ပေါက်များမှ ပြန်လည်ဝင်ရောက် လာသူများအား လားရှိုးမြို့မှ အလှည့်ကျလက်ခံပြီး ရထားဖြင့် ၎င်းတို့၏ နေရပ်ဒေသအသီးသီးသို့ ဆက်လက်ထွက်ခွာစေလျက်ရှိကြောင်းသိရသည်။ https://news-eleven.co m/article/173103

*************

 

 

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။

 

*** ပြီး ***

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button