တိုင်းရင်းသားများသတင်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များမော်ကွန်း

ေန႔စဥ္သတင္းမ်ား စုေဆာင္းတင္ျပျခင္း၊ နေ့စဉ်သတင်းများ စုဆောင်းတင်ပြခြင်း

zawgyi

ေန႔စဥ္သတင္းမ်ား စုေဆာင္းတင္ျပျခင္း
(No. 36, June 19, 2020)

၁။ ၿမိဳ႕နယ္ ကိုယ္စားလွယ္ေလာင္းမ်ားေရြးခ်ယ္ရာတြင္ မြန္ညီညြတ္ေရးပါတီဗဟိုမွ ဝင္ေရာက္စြက္ဖက္မည္မဟုတ္

၂။ ဇြန္ ၁၆ ရက္ကို သွ်မ္းအမ်ိဳးသားအခြင့္အေရးေန႔အျဖစ္ သတ္မွတ္

၃။ AA ေၾကာင့္ ရခိုင္၏ အုပ္ခ်ဳပ္ေရး ယႏၱရား မပ်က္စီးႏိုင္ဟု အစိုးရ အဖြဲ႔ရံုး ေျပာ

၄။ ႏွစ္ပတ္အတြင္း ဒုတိယအႀကိမ္ ျမန္မာစစ္တပ္ ႏွင့္ KIA တိုက္ပြဲ ျဖစ္ပြား

၅။ ဒီမိုကေရစီအေရးႏွင့္ တုိင္းရင္းအေရး တက္ႂကြလႈပ္ရွားသူ ေနာ္အုန္းလွ ရန္ကုန္ကရင့္ေရးရာ ဝင္ၿပိဳင္မည္

၆။ လာမည့္ လႊတ္ေတာ္တြင္ ၅၈ ေနရာ ရရွိမည္ဟု SNDP ခန္႔မွန္း

၇။    ကြတ္ခိုင္ ရြာသား ၅ ဦး တပ္မေတာ္မွ လမ္းျပ အျဖစ္ေခၚေဆာင္သြား

၈။ သခင္စစ္ကုမၸဏီကို တရားစြဲဆိုထားသည့္အမႈ တရားလိုသက္ေသ ရဲစခန္း၏ထြက္ဆိုမႈကို အားရေက်နပ္မႈ မရွိဟုဆို

၉။ အမ္းၿမိဳ႕ ခ်င္းဒုကၡသည္ တစ္ေထာင္ေက်ာ္ ဆန္ရိကၡာအေရးေပၚလိုအပ္

၁၀။ ေနာင္ခ်ိဳ ဂုတ္တြင္း ကားတစီး ေခ်ာက္ထဲက် ၃ ဦးေသ

၁၁။ ျပည္နယ္အစိုးရ၏ လယ္ယာေျမေဖာ္ထုတ္မွုေၾကာင့္ လီဒိုလမ္းမေပၚေက်းရြာ ၂ ခုအျငင္းပြားဖြယ္ရွိေန

၁၂။ မူးယစ္ေဆးဝါးျပစ္မႈက်ဴးလြန္သူမ်ားအတြက္ ထားစရာေနရာလံုေလာက္မႈမရွိေတာ့ဟု မြန္ျပည္သစ္ပါတီ သထံုခရိုင္ တာဝန္ရွိသူ                 ေျပာ

၁၃။ ကိုဗစ္ လုပ္ငန္းစဥ္ ေဆာင္ရြက္ေနသည့္ RCSS/SSA ကို အာဏာပိုင္မ်ား တားျမစ္

၁၄။ ေက်ာက္ျဖဴတြင္ ေထြအုပ္ဝန္ထမ္း ၁ ဦးအသတ္ခံရ

၁၅။ လားရိႈးၿမိဳ႕နယ္အတြင္း ပုတ္ပြေနသည့္ အမ်ိဳးသမီးအေလာင္း ၂ ေလာင္းေတြ႔

၁၆။ ေရြးေကာက္ပြဲ ဝင္ၿပိဳင္လိုသူမ်ားအတြက္ ဆႏၵျပဳလႊာမ်ား KPP စတင္ေတာင္းယူ

၁၇။ ျမန္မာအလံ ျဖဳတ္ခ်ခံခဲ့ရသည့္ ခ်င္းေရႊေဟာ္တြင္ နယ္နမိတ္ ျပန္တိုင္းဖို႔ တရုတ္နွင့္ သေဘာတူညီမႈ ရ

၁၈။ မူးယစ္သံသယ တပ္ရင္းမွဴးကို ရဲထံအစစ္ခံရန္ အစိုးရအသိေပးမႈ DKBA မတံု႔ျပန္

၁၉။ တာေလာႀကီးေက်းရြာ ႏွစ္ရွည္ပင္စိုက္ပ်ိဳးေျမေနရာ ဖ်က္စီးခံရမႈ ျပည္နယ္အစိုးရ စုံစမ္းေန

၂၀။ ေခါႏူးစုမ္ အမ်ိုးသားဥယ်ာဥ္တြင္ အိမ္ေမြး တိရိစာၦန္မ်ား စည္းကမ္းမဲ့ လႊတ္ျခင္းကို အေရးယူေပးရန္ ေတာင္းဆို

၂၁။ ဂ်ပန္စ္က်န္ပစၥည္း စမ္းသပ္တူးေဖာ္ခဲ့ၿပီးေနာက္ ခ်န္ထားရွိေသာ ေရကန္တြင္ ၄ ေလာင္းၿပိဳင္ ေရနစ္ေသဆံုး

၂၂။ ျမဝတီၿမိဳ႕ ညမထြက္ရအမိန္႔ ဇြန္လ ၃၀ ရက္ထိ တိုးျမႇင့္ထားၿပီး ၂လအတြင္း အမိန္႔ခ်ိဳးေဖာက္သူ ၈၀၀ ေက်ာ္ဖမ္း မိ

၂၃။ လယ္သမားမ်ားအတြက္ COVID 19 ကာလအထူးေခ်းေငြ စတင္ထုတ္ေပးသြားမည္

၂၄။ ေတာင္ကုတ္ၿမိဳ႕ႏွင့္ ငါးမိုင္ခန္႔အကြာတြင္ အင္အားရစ္(ခ္)တာစေကး ၅.ဝ အဆင့္ရွိ ေျမငလ်င္တစ္ခု လႈပ္ခတ္

****************

၁။ ၿမိဳ႕နယ္ ကိုယ္စားလွယ္ေလာင္းမ်ားေရြးခ်ယ္ရာတြင္ မြန္ညီညြတ္ေရးပါတီဗဟိုမွ ဝင္ေရာက္စြက္ဖက္မည္မဟုတ္
June 16, 2020

၂၀၂၀ ေရြးေကာက္ပြဲဝင္ၾကမည့္ ကိုယ္စားလွယ္ေလာင္းမ်ားေရြးခ်ယ္ရာတြင္ သက္ဆိုင္ရာၿမိဳ႕နယ္အလိုက္ စိတ္ႀကိဳက္ေရြး ခ်ယ္ ေစမွာျဖစ္ၿပီး မြန္ညီညြတ္ေရးပါတီ MUP ဗဟိုမွ ဝင္ေရာက္စြက္ဖက္မည္မဟုတ္ေၾကာင္း ဗဟိုအလုပ္အမႈေဆာင္အဖြဲ႔ဝင္ ႏိုင္က်န္ရစ္က ေျပာၾကားသည္။“မိမိတို႔ကိုယ္စားလွယ္ေလာင္းေရြးခ်ယ္ဖို႔က မိမိတို႔ၿမိဳ႕နယ္ေကာ္မတီေတြအေပၚမွာပဲ အဓိက မူတည္ပါတယ္၊ ေရြးခ်ယ္မႈအခြင့္အာဏာေတြ ၿမိဳ႕နယ္ကိုအျပည့္အပ္ႏွင္းေပးထားပါတယ္၊ က်ေနာ္တို႔ ဗဟိုအဆင့္ေရြးခ်ယ္ ေရးအဖြဲ႔ကေန ၿမိဳ႕နယ္ေတြကို ဝင္ေရာက္စြက္ဖက္မွာမဟုတ္ဘူး၊ ကိုယ့္ၿမိဳ႕နယ္ ကိုယ္စားလွယ္ေလာင္းေတြကို ကိုယ့္ၿမိဳ႕နယ္ ကသာ ေရြးခ်ယ္တာ အေကာင္းဆံုးပါပဲ” ဟု ႏိုင္က်န္ရစ္က ဆိုသည္။

မြန္ညီညြတ္ေရးပါတီ ဥကၠဌ ႏိုင္တင္ေအာင္၊ ဗဟိုအလုပ္အမႈေဆာင္ဝင္မ်ားျဖစ္ၾကေသာ ႏိုင္က်န္ရစ္၊ ႏိုင္မြန္ရာဇာႏွင့္ ႏိုင္ေအာင္မြန္ တို႔ပါဝင္သည့္ ဗဟိုအဆင့္ ကိုယ္စားလွယ္ေလာင္းေရြးခ်ယ္ေရးအဖြဲ႔က ၂၀၂၀ ေရြးေကာက္ပြဲေအာင္ႏိုင္ေရး မဟာဗ်ဴဟာ ႏွင့္ပတ္သက္၍ ယေန႔(ဇြန္ ၁၆) တြင္ သံျဖဴဇရပ္ၿမိဳ႕၌ ၿမိဳ႕နယ္ MUP ပါတီေကာ္မတီဝင္ ၁၀ဝ ခန္႔အား လာ ေရာက္ေတြ႕ဆံု၍ ရွင္းလင္းေျပာၾကားခဲ့ျခင္း ျဖစ္သည္။ ကိုယ္စားလွယ္ေလာင္းအျဖစ္ ေရြးေကာက္ပြဲဝင္ေရာက္ယွဥ္ၿပိဳင္လိုသူ ပါတီဝင္မ်ားအေနျဖင့္ သက္ဆိုင္ရာၿမိဳ႕နယ္ပါတီရံုးအသီးသီးသို႔ ဇြန္လ ၃၀ ရက္ေန႔ကို ေနာက္ဆံုးထား၍ သတ္မွတ္ေလွ်ာက္ လႊာပံုစံျဖင့္ အဆိုျပဳလႊာ တင္သြင္းရမည္ျဖစ္ၿပီး ၿမိဳ႕နယ္အဆင့္ ကိုယ္စားလွယ္ေလာင္းေရြးခ်ယ္ေရးအဖြဲ႔က မိမိတို႔ ကိုယ္စား လွယ္ေလာင္းမ်ားကိုေရြးခ်ယ္၍ ဇူလိုင္လ ၁၅ ရက္ေန႔ ေနာက္ဆံုးထားၿပီး ပါတီဗဟိုဌာနခ်ဳပ္ စာရင္းေပးပို႔ရမည္ဟု အသိေပး ထားသည္။ MUP ပါတီကိုယ္စားလွယ္ေလာင္း အရည္အခ်င္းသတ္မွတ္ခ်က္ ၁၉ ခ်က္ရွိသည့္အနက္ အဓိကအားျဖင့္ ေဒသခံ (သို႔မဟုတ္) ေဒသတြင္းေနထိုင္သူ (သို႔မဟုတ္) ဇာတိေမြးရပ္ေျမမွ ပါတီဝင္ျဖစ္ရမည္ဟု ကိုယ္စားလွယ္ေလာင္း အရည္ အခ်င္း (Criteria of Candidate) သတ္မွတ္ခ်က္တြင္ ဦးစားေပး ေဖာ္ျပထားသည္။

ၿပီးခဲ့သည့္ ၂၀၁၅ ေရြးေကာက္ပြဲ၌ သံျဖဴဇရပ္ၿမိဳ႕နယ္အတြင္း မြန္အမ်ိဳးသားပါတီ MNP, မြန္ေဒသလံုးဆိုင္ရာဒီမိုကေရစီပါတီ AMDP, အမ်ိဳးသမီးပါတီ(မြန္)ႏွင့္ မြန္အမ်ိဳးသား တစ္သီးပုဂၢလကိုယ္စားလွယ္ေလာင္းမ်ားစြာ ပါဝင္ယွဥ္ၿပိဳင္ၾကသျဖင့္ မြန္ ကိုယ္စားလွယ္ေလာင္းမ်ား အခ်င္းခ်င္းထိပ္တိုက္ျဖစ္ကုန္ၾကၿပီး NLD ကိုယ္စားလွယ္မ်ားက မဲဆႏၵနယ္ေျမအားလံုးတြင္ အျပတ္အသပ္ အႏိုင္ရရွိခဲ့ေၾကာင္း ေတြ႔ရသည္။ ယခုအခါ မြန္အင္အားစုအားလံုး ျပန္လည္ေပါင္းစည္းထားေသာ မြန္ညီညြတ္ ေရးပါတီ၏ တစ္ခုတည္းေသာ အလံေတာ္ေအာက္တြင္ ၂၀၂၀ ေရြးေကာက္ပြဲဝင္ေရာက္ၾကမည့္ မြန္အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္မ်ား မဲဆႏၵေနရာအေတာ္မ်ားမ်ားတြင္ ေအာင္ပြဲဆင္ႏိုင္လိမ့္မည္ျဖစ္ေၾကာင္း ေစာင့္ၾကည့္ေလ့လာသူမ်ားက သံုးသပ္ၾကသည္။ http://burmese.monnews.org/2020/06/16/%e1%80%99%e1%80%bc%e1

**************

၂။ ဇြန္ ၁၆ ရက္ကို သွ်မ္းအမ်ိဳးသားအခြင့္အေရးေန႔အျဖစ္ သတ္မွတ္
June 16, 2020

လြန္ခဲ့သည့္ ၂၃ ႏွစ္က သွ်မ္းျပည္ အလယ္ပိုင္းတြင္ အစုလံုအၿပံဳလိုက္ သတ္ျဖတ္ခံရသည့္ ေန႔ကို သတိရ ေအာက္ေမ့ေစရန္ အတြက္ ဇြန္ ၁၆ ရက္ကို သွ်မ္းအမ်ိဳးသားလူ႔အခြင့္အေရးေန႔အျဖစ္ သတ္မွတ္လိုက္ေၾကာင္း CSSU ကထုတ္ျပန္လိုက္သည္။

၁၉၉၆ မွ ၁၉၉၈ ခုႏွစ္အတြင္းျဖတ္ေလးျဖတ္စီမံကိန္းျဖင့္ အစိုးရတပ္မေတာ္မွ သွ်မ္းျပည္ေတာင္ပိုင္းရွိ ေက်းလက္လူထုအား အတင္းအဓမၼ ေနရပ္ေျပာင္းေရႊ႕ခိုင္းမႈ၊ အစုလိုက္အၿပံဳလိုက္သတ္ျဖတ္မႈ၊ အတင္းအဓမၼျပဳက်င့္မႈမ်ား ျပဳလုပ္ခဲ့သည္။ ၁၉၉၇ ခုႏွစ္ ဇြန္လ ၁၆ ရက္က သွ်မ္းျပည္ေတာင္ပိုင္း လြိဳင္လင္ခရိုင္ ကြန္ဟိန္းၿမိဳ႕နယ္အတြင္း အမ်ိဳးသမီးႏွင့္ကေလးငယ္အပါ အဝင္ ေက်းလက္ျပည္သူ ၅၆ ဦးကို သတ္ျဖတ္မႈလုပ္ခဲ့သည့္ရက္ကို ဝမ္းနည္းသတိရေအာက္ေမ့သည့္အေနျဖင့္ သွ်မ္းအမ်ိဳး သားလူ႔အခြင့္အေရးေန႔အျဖစ္ သတ္မွတ္လိုက္ရျခင္းျဖစ္ေၾကာင္း သွ်မ္းျပည္ညီညြတ္ေရးေကာ္မတီက ယေန႔ ဇြန္ ၁၆ ရက္စြဲ ျဖင့္ ထုတ္ျပန္လိုက္သည္။

သွ်မ္းအမ်ိဳးသားလူ႔အခြင့္အေရးေန႔ သတ္မွတ္လိုက္သည့္ ကိစၥႏွင့္ပတ္သက္ၿပီး CSSU ၏ အတြင္းေရးမွဴး စိုင္းဆိုင္မုဒ္ က “လြန္ခဲ့တဲ့ ၂၃ ႏွစ္က စစ္တပ္က သွ်မ္းျပည္သားေတြအေပၚလူ႔အခြင့္အေရး က်ဴးလြန္ခဲ့တာေတြကို ျပန္သတိရေအာင္၊ လူ ငယ္ေတြကို သမိုင္းေၾကာင္းသိေအာင္၊ ေနာက္အဲဒီအခ်ိန္က ေသဆံုးသြားတဲ့သူေတြကို သတိရေအာက္ေမ့ဖို႔ပါ”ဟု သွ်မ္းသံ ေတာ္ဆင့္ ကိုေျပာသည္။ လြန္ခဲ့သည့္ႏွစ္ေပါင္း ၂၃ ႏွစ္ကအတိုင္း သမိုင္းျဖစ္ရပ္ဆိုးမ်ားထပ္မံ မေပၚေပါက္ေစဘဲ ၿငိမ္းခ်မ္း ေရး လ်င္ျမန္စြာျဖစ္ထြန္းရန္၊ က်ဴးေက်ာ္ေစာ္ကားသူမ်ား၏ အျပစ္ေၾကြးအား ေဆးေၾကာေပးရာေရာက္ေစရန္၊ မတရားက်ဴး လြန္ခံခဲ့ရသည့္ အျပစ္မဲ့ျပည္သူတို႔၏ မိသားစုဝင္းမ်ား အားႏွစ္သိမ့္ကုစားေပးရာေရာက္ေစရန္ႏွင့္ ေသဆံုးသြားသည့္ အျပစ္ မဲ့ျပည္သူတို႔အား ေအာက္ေမ့သတိရသည့္အေနျဖင့္ ရည္ရြယ္ကာ ဇြန္ ၁၆ ရက္ကို သွ်မ္းအမ်ိဳးသားလူ႔အခြင့္အေရးေန႔အျဖစ္ သတ္မွတ္ေၾကာင္း CSSU ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ျမန္မာစစ္အစိုးရ၏ စစ္ရာဇာဝတ္မႈေျမာက္သည့္ က်ဴးလြန္မႈမ်ားကို အဆိုးရြားဆံုးႏွင့္ အက်ယ္ျပန္႔ဆံုးထိခိုက္ခံစားခဲ့ရသည့္ ၿမိဳ႕နယ္ေပါင္း ၁၁ ၿမိဳ႕နယ္၊ ရြာေပါင္း ၁၄၀ဝ ေက်ာ္ ထိခိုက္ပ်က္စီးခဲ့ၿပီး၊ အမ်ိဳးသမီးေပါင္း ၆၀ဝ ေက်ာ္ လိင္အၾကမ္းဖက္ခံခဲ့ရ သည္။ ျမန္မာစစ္အစိုးရ အေနျဖင့္ သွ်မ္းျပည္သူမ်ားအေပၚ က်ဴးလြန္ခဲ့သည့္ျဖစ္ရပ္ကို ယေန႔ထိတိုင္ အေရးယူေဆာင္ရြက္ ျခင္းမရွိေသးသည့္အျပင္ ဆက္လက္ၿပီးက်ဴးလြန္ေနဆဲဟု သွ်မ္းလူ႔အခြင့္အေရး တက္ၾကြေဆာင္ရြက္သူမ်ားကေျပာဆိုသည္။

၁၉၉၆-၁၉၉၈ ကာလတြင္ သွ်မ္းျပည္ ေတာင္ပိုင္းၿမိဳ႕နယ္ ၁၅ ၿမိဳ႕နယ္အတြင္း စစ္အစိုးရမွ နယ္ေျမ ရွင္းလင္းမႈေၾကာင့္ ေက်း လက္ျပည္သူ ၄ သိန္းေက်ာ္ ေနရပ္စြန္႔ခြာခဲ့ရၿပီး အစုလိုက္အၿပံဳလိုက္ သတ္ျဖတ္ခံရျခင္း အဓမၼျပဳက်င့္ခံရျခင္းသည္ ယေန႔ တိုင္ တရားမွ်တမႈ မရရွိေသးေၾကာင္းလည္း သွ်မ္းလူမႈအသင္းမ်ားက ယေန႔ရက္စြဲျဖင့္ ထုတ္ျပန္ေၾကညာလိုက္သည္။ ဇြန္ ၁၆ ရက္ကိုသွ်မ္းလူမႈ အဖြဲ႔အစည္းမ်ားက ေနရာေဒသအႏွံ႔တြင္ လြန္ခဲ့သည့္ ၂၃ ႏွစ္တြင္ စစ္တပ္က်ဴးလြန္မႈေၾကာင့္ ေသဆံုး သြားသူမ်ားအတြက္ ဝမ္းနည္းျခင္း သတိရေအာက္ေမ့ျခင္းအေနျဖင့္ အလွဴဒါနမ်ားလည္း ျပဳလုပ္ေပးေၾကာင္း သိရသည္။ https://burmese.shannews.o rg/archives/17118

**************

၃။ AA ေၾကာင့္ ရခိုင္၏ အုပ္ခ်ဳပ္ေရး ယႏၱရား မပ်က္စီးႏိုင္ဟု အစိုးရ အဖြဲ႔ရံုး ေျပာ
June 16, 2020

ရခိုင္ျပည္နယ္တြင္ ရကၡိဳင့္ စစ္တပ္ (AA) ၏ တိုက္ခိုက္ေနမႈမ်ားက အစိုးရ၏ အုပ္ခ်ဳပ္ေရး ယႏၱရားမ်ား ပ်က္စီးသြားႏိုင္သည္ အထိ စိုးရိမ္စရာမရွိေၾကာင္း ျပည္ေထာင္စုအစိုးရအဖြဲ႔ရံုးဝန္ျကီးဌာနမွ တာဝန္ရွိသူမ်ားကေျပာသည္။ ေနျပည္ေတာ္တြင္ က်င္းပျပဳလုပ္သည့္ အစိုးရ၏ စတုတၳ ၁ ႏွစ္တာကာလအတြင္း ေဆာင္ရြက္ခဲ့သည္မ်ားကို ျပည္ေထာင္စု အစိုးရအဖြဲ႔ရံုး ဝန္ႀကီးဌာနမွ ရွင္းလင္းစဥ္ ယင္းဌာန၏ ဒုတိယဝန္ႀကီး ဦးတင္ျမင့္ႏွင့္ ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးျမင့္သန္း တို႔က အထက္ပါ အတိုင္း ေျပာဆိုျခင္းျဖစ္သည္။“ရခိုင္ျပည္နယ္အစိုးရအဖြဲ႔ကလည္း သူ႔နယ္ေျမေဒသအတြက္ သူလည္းပဲေအးခ်မ္းဖို႔အတြက္ ဒီအုပ္ခ်ဳပ္ေရးယႏၱရားလည္ပတ္ႏိုင္ဖို႔အတြက္ေတာ့ သူလည္းပဲ အားသြန္ခြန္စိုက္ေဆာင္ရြက္ေနတယ္”ဟု အစိုးရအဖြဲ႔ရံုး ဝန္ႀကီးဌာန၏ ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးျမင့္သန္းက သတင္းစာ ရွင္းလင္းပြဲအၿပီးတြင္ သတင္းေထာက္မ်ားကို ေျပာသည္။

AA အဖြဲ႔သည္ ရခိုင္ျပည္နယ္တြင္ အစိုးရ၏ အုပ္ခ်ဳပ္ေရးစနစ္အစား ၎တို႔၏ အုပ္ခ်ဳပ္ေရးစနစ္ျဖင့္ အစားထိုးမည္ဟု ေၾကြး ေၾကာ္ထားၿပီး ရခိုင္ျပည္နယ္မွ အစိုးရႏွင့္တပ္မေတာ္ကို အၿပီးအပိုင္ထြက္ခြာသြားရန္ၿပီးခဲ့သည့္ ေမ ၂၉ ရက္ေန႔က သေဘာ ထား ေၾကညာခ်က္တေစာင္ ထုတ္ျပန္ခဲ့သည္။ AA အဖြဲ႔သည္ ရခိုင္ျပည္နယ္တြင္ အုပ္ခ်ဳပ္ေရးယႏၱရားပ်က္ျပားေစရန္ အတြက္ ရဲစခန္းမ်ားကို တိုက္ခိုက္ျခင္း၊ အုပ္ခ်ဳပ္ေရးမွဴးမ်ားကို ဖမ္းဆီးသတ္ျဖတ္ျခင္းမ်ား ေဆာင္ရြက္လ်က္ရွိရာ ေျမာက္ဦး၊ ေျမပံု၊ မင္းျပားႏွင့္ ပုဏၰားကြ်န္းၿမိဳ႕နယ္မ်ားတြင္ အုပ္ခ်ဳပ္ေရးမွဴးမ်ား ႏုတ္ထြက္ခဲ့ေၾကာင္း အစိုးရအဖြဲ႔ရံုး ဝန္ႀကီးဌာန၏ ဒုတိယ ဝန္ႀကီး ဦးတင္ျမင့္က ေျပာသည္။

ဦးတင္ျမင့္က“အုပ္ခ်ဳပ္ေရးပ်က္ျပားေအာင္လို႔ ရဲတပ္ဖြဲ႔ဝင္ေတြကို ဖမ္းတယ္။ သတ္တယ္။ စခန္းေတြကို တိုက္တယ္။ အုပ္ခ်ဳပ္ေရးအဖြဲ႔အစည္းဝင္ေတြကိုလည္း ဖမ္းဆီးတယ္။ ေခၚယူႏွိပ္စက္တယ္။ မည္သို႔ပင္ဆိုေစ ရခိုင္ျပည္နယ္ အစိုးရက သမၼတရံုးရဲ့ ညႊန္ၾကားခ်က္နဲ႔အညီ အုပ္ခ်ဳပ္ေရးယႏၱရားကို ျပန္လည္တည္ ေဆာက္ေနပါတယ္”ဟု ေျပာသည္။

ရခိုင္ျပည္နယ္၏ အုပ္ခ်ဳပ္ေရးယႏၱရားကို ထိန္းခ်ဳပ္ႏိုင္ရန္ အစိုးရႏွင့္ AA အဖြဲ႔တို႔ အားၿပိဳင္ေနသည့္ သေဘာျဖစ္ေနၿပီး AA အဖြဲ႔ကလည္း ၎တို႔၏ အာဏာထူေထာင္ႏိုင္ရန္ Arakan People Authority (APA) ဟုေခၚသည့္ ရခိုင္ျပည္သူ႔အာဏာ ပိုင္အဖြဲ႔ ဖြဲ႔စည္းႏိုင္ေရးႀကိဳးစားေနေၾကာင္း ရခိုင္အေရးေလ့လာသူ ဦးေမာင္ေမာင္စိုး ကေျပာသည္။“ေျပာရရင္ေတာ့ ၂ ဖက္ စလံုးက အုပ္ခ်ဳပ္ေရးယႏၱရားကို ခ်ဳပ္ကိုင္ႏိုင္ဖို႔အၿပိဳင္ႀကိဳးစားေနတဲ့ကာလေပါ့။ ဒုတိယအခ်က္ကေတာ့ ေက်းရြာအုပ္ခ်ဳပ္ေရး မွဴး ေတြက ဖမ္းဆီးခံရလို႔ ႏုတ္ထြက္ေနတဲ့အခ်ိန္မွာ အစိုးရရဲ့ယႏၱရားကို ဘယ္လိုတည္ေဆာက္ရမလဲဆိုၿပီး အစိုးရကလည္း လံုးပန္းေနတဲ့ကာလျဖစ္တယ္။ နည္းနည္းေတာ့အားၿပိဳင္ေနတဲ့ကာလလို႔ပဲ ေျပာရပါလိမ့္မယ္”ဟု ၎ ကသံုးသပ္သည္။

ရခိုင္ျပည္နယ္တြင္ AA အဖြဲ႔က ၎တို႔၏ အုပ္ခ်ဳပ္ေရးယႏၱရားႏွင့္ အစားထိုးမည္ဟု ေျပာဆိုခဲ့ၿပီး ယခုအခါ ရဲစခန္း၊ ရဲကင္း မ်ားကို ဝင္ေရာက္တိုက္ခိုက္ျခင္းသည္ အုပ္ခ်ဳပ္ေရး ယႏၱရားကိုတိုက္ခိုက္ေနျခင္းျဖစ္ေၾကာင္း တပ္မေတာ္မွ ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာသည္။“တရားဥပေဒ စိုးမိုးေရးလုပ္ငန္းေတြကို တိုက္ခိုက္တာဟာ အုပ္ခ်ဳပ္ေရးယႏၱရားကို ပ်က္ျပား ေအာင္လုပ္တာပဲ။ ဒါေၾကာင့္ ထိေရာက္တဲ့အုပ္ခ်ဳပ္မႈစနစ္ လိုေနၿပီလို႔ ေျပာတာ”ဟု ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာ သည္။ မေန႔က ေနျပည္ေတာ္တြင္ သတင္းေထာက္မ်ားက ရခိုင္ျပည္နယ္တြင္ စစ္အုပ္ခ်ဳပ္ေရးဝင္ေရာက္ႏိုင္သလားဆိုသည့္ ေမးခြန္းကို အစိုးရအဖြဲ႔ရံုးညႊန္ခ်ဳပ္ ဦးျမင့္သန္းက ယင္းအေျခအေနအထိ စိုးရိမ္စရာ မလိုေၾကာင္း ျပန္လည္တုန္႔ျပန္သည္။ https://burma.irrawaddy.com/news/2020/06/16/224725.html

**************

၄။ ႏွစ္ပတ္အတြင္း ဒုတိယအႀကိမ္ ျမန္မာစစ္တပ္ ႏွင့္ KIA တိုက္ပြဲ ျဖစ္ပြား
June 18, 2020

ျမန္မာအစိုးရတပ္ႏွင့္ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA ၾကား ႏွစ္ပတ္အတြင္း ဒုတိယအႀကိမ္တိုက္ပြဲသည္ ရွမ္းျပည္နယ္ ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕နယ္တြင္ ဇြန္လ(၁၇)၊ ဗုဒၶဟူးေန႔ နံနက္ပိုင္းက ျဖစ္ပြားခဲ့သည္။

ကြတ္ခိုင္ၿမိဳ႕ အေနာက္ေျမာက္ဘက္ KIA တပ္မဟာ (၄) လက္ေအာက္ခံ တပ္ရင္း (၈) နယ္ေျမ Kaleng (ကာလိုင္) ေက်းရြာ အုပ္စု Nawng Maw Bum (ေနာင္ေမာ့ေတာင္)သို႔ တပ္မေတာ္စစ္ေၾကာင္းမ်ား စစ္ဆင္လႈပ္ရွားလာေသာေၾကာင့္ KIA ဘက္က ခုခံယင္း တိုက္ပြဲျဖစ္ပြားရေၾကာင္း KIA တပ္မဟာ (၄) အရာရွိတစ္ဦး ယခုလို အတည္ျပဳေျပာပါသည္။ “ျမန္မာစစ္ တပ္ ထိုးစစ္ဆင္လာတာကေတာ့ သုံး၊ ေလးရက္ေလာက္ရွိၿပီ၊ သုံးေနရာကေန မိမိသို႔ စခန္းဆီ တက္လာတာပါ။ တပ္မ (၈၈) နဲ႔ တျခားတပ္ရင္းေတြ ပူးေပါင္းတဲ့ စစ္ေၾကာင္းေတြ စုစုေပါင္း အင္အား ၄၀၀ ေလာက္ရွိမယ္”ဟု သူက ကခ်င္သတင္းဌာန KNG ကို ဗုဒၶဟူးေန႔ ေျပာပါသည္။ ယခုတိုက္ပြဲသည္ KIA တပ္ရင္း (၈) လက္ေအာက္ Kaleng တိုက္နယ္႐ုံးကို လုံၿခဳံေရးေပး ေသာ KIA အထူးလႈပ္ရွားေရး တပ္ရင္း (Mobile Battalion) (၂၉) ႏွင့္ ‘နယ္ေျမရွင္းလင္းေရးေခါင္းစဥ္’ျဖင့္ ထိုးစစ္ဆင္လာ ေသာ ျမန္မာစစ္တပ္ႏွင့္ တိုက္ပြဲျဖစ္ပြားျခင္း ျဖစ္သည္ဟု အထက္ KIA အရာရွိက ဆက္ဆိုသည္။

လြန္ခဲ့ေသာ တစ္ပတ္ေက်ာ္မွာလည္း မူဆယ္ၿမိဳ႕နယ္အတြင္း KIA တပ္မဟာ (၆) လက္ေအာက္ခံ တပ္ရင္း (၉) အေျခစိုက္ စခန္း Htan Hpa Bum (ထန္းဖါေတာင္) ကို ျမန္မာစစ္တပ္ တပ္မ (၈၈) ႏွင့္ တပ္မ (၉၉) ပူးေပါင္းစစ္ေၾကာင္းမွ ဇြန္လ (၆) ရက္ မွ (၇) ရက္ထိႏွစ္ရက္ၾကာ ထိုးစစ္ဆင္တိုက္ခိုက္ၿပီး သိမ္းပိုက္ခဲ့သည္။ COVID-19 ကမၻာ့ကပ္ေရာဂါကာလ တပ္မေတာ္ က ၎တို႔ အၾကမ္းဖက္အဖြဲ႕အျဖစ္ သတ္မွတ္ထားေသာ ရခိုင္ AA အဖြဲ႕ႏွင့္ျဖစ္ပြားေနေသာ စစ္ပြဲမွလႊဲၿပီး က်န္ တနိုင္ငံလုံး အတိုင္းအတာကို ေမလ (၁၀)ရက္မွ ၾသဂုတ္လ (၃၁)ရက္ထိ စစ္ပြဲ ရပ္ထားေၾကာင္း ေၾကညာထားခ်ိန္ ရွမ္းျပည္ေျမာက္ပိုင္း မွာ KIA အဖြဲ႕ကို ‘နယ္ေျမရွင္းလင္းေရး ေခါင္းစဥ္’သတ္ကာ လိုက္လံတိုက္ခိုက္မႈမ်ား ျပဳလုပ္ေနျခင္းလည္း ျဖစ္သည္။ https://burmese.kachinnews.com/2020/06/18/%e1%82%8f%e1%80%bd%e1%80%85%e1%80%b9%e1

**************

၅။ ဒီမိုကေရစီအေရးႏွင့္ တုိင္းရင္းအေရး တက္ႂကြလႈပ္ရွားသူ ေနာ္အုန္းလွ ရန္ကုန္ကရင့္ေရး            ရာ ဝင္ၿပိဳင္မည္
June 17, 2020

ဒီမိုကေရစီအေရး၊ လူ႔အခြင့္အေရးႏွင့္ တုိင္းရင္းသားအေရး တက္ႂကြလႈပ္ရွားသူ ေနာ္အုန္းလွ သည္ လာမည့္ပါတီစံု အေထြ ေထြေရြးေကာက္ပြဲတြင္ ရန္ကုန္တုိင္းေဒသႀကီး ကရင္တုိင္းရင္းသားေရးရာဝန္ႀကီးေနရာကို ညီၫြတ္ေသာတိုင္းရင္းသား လူမ်ိဳးမ်ား ဒီမိုကေရစီပါတီ(UNDP) ကိုယ္စားျပဳ ဝင္ၿပိဳင္သြားမည္ဟု သူမက ေကအုိင္စီသို႔ ဇြန္ ၁၇ ရက္ေန႔တြင္ အတည္ျပဳ ေျပာသည္။

“ ပါတီက တာဝန္ေပးလို႔ ရန္ကုန္တုိင္းေဒသႀကီး ကရင္ေရးရာ မဲဆႏၵနယ္ ဝင္ၿပိဳင္မယ္။ ကရင္လူမ်ိဳးေတြ အခြင့္အေရး အျပည့္အဝရဖုိ႔၊ တန္းတူအခြင့္အေရးရွိဖို႔ လုပ္ေဆာင္ခ်င္လို႔ အခုလို ဝင္ၿပိဳင္တာျဖစ္ပါတယ္”ဟု ေနာ္အုန္းလွက ေျပာသည္။ ၎သည္ ၁၉၈၈ ဒီမိုကေရစီအေရးေတာ္ပံုတြင္ စတင္ပါဝင္ၿပီးေနာက္ ႏုိင္ငံေရးေလာကသို႔ ဝင္ေရာက္လာသူ ျဖစ္သည္။ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (NLD) တြင္ ရပ္ေက်းအဆင့္မွ ဗဟိုအမ်ိဳးသမီးအဆင့္ထိ တာဝန္ယူခဲ့ဖူးသူျဖစ္သည္။ ေဒၚေအာင္ဆန္းစုၾကည္ လြတ္ေျမာက္ေရးအတြက္ ေရႊတိဂံုဘုရားတြင္ ဆုေတာင္းပြဲျပဳလုပ္ရာ ပါတီစည္းကမ္းႏွင့္ မညီသည့္ အတြက္ NLD က ပါတီဝင္အျဖစ္မွ သူမအား ၂၀၀၅ ခုႏွစ္တြင္ ထုတ္ပယ္ခဲ့ေၾကာင္း သိရသည္။

သူမသည္ ႏိုင္ငံေရးေလာကသို႔ စတင္ဝင္ေရာက္ခဲ့ခ်ိန္ကတည္းက ၂၁ ႀကိမ္ အဖမ္းခံခဲ့ရဖူးၿပီး ေထာင္ ၁၁ ႀကိမ္ က်ခံရထား သည္။ ထိုထဲတြင္ ၂၀၁၉ ခုႏွစ္ ၾသဂုတ္ ၁၁ ရက္ေန႔တြင္ ရန္ကုန္ၿမိဳ႕၊ မဟာဗႏၶဳလ ပန္းၿခံေရွ႕၌ ကရင့္အာဇာနည္ေန႔ ျပဳလုပ္ သည့္အတြက္ ေထာင္ ၁၅ ရက္ က်ခဲ့မႈျဖစ္စဥ္တြင္ ကရင္တုိင္းရင္းသားမ်ားက သူမအေပၚ အားေပးဝန္းရံမႈမ်ားစြာရရွိခဲ့ သည္။ ထို႔အျပင္ သူမသည္ ႏိုင္ငံေရးတက္ႂကြလႈပ္ရွားသူအျဖစ္ ရပ္တည္ခဲ့ေသာ္လည္း ၂၀၁၉ ဧၿပီ ၅ ရက္ေန႔တြင္ ျပဳလုပ္ သည့္ UNDP ပါတီတည္ေထာင္ေရး ေဆြးေႏြးပြဲတြင္ ပါတီႏုိင္ငံေရးျပန္လုပ္မည္ဟု ေကအုိင္စီသို႔ သီးျခား ေျပာဆိုခဲ့ဖူးသည္။

၎က“လက္ရွိ ျပဳျပင္ေျပာင္းလဲေရးလုပ္ငန္းစဥ္က ပါတီျပင္ပႏုိင္ငံေရးနဲ႔လုပ္တဲ့အခါ မလြယ္ကူတာေတြရွိတယ္။ ဒါေၾကာင့္ ပါတီႏုိင္ငံေရးျပန္လုပ္ဖုိ႔ ရည္ရြယ္တယ္။ ပူးေပါင္းမဲ့ပါတီကေတာ့ အခု ၉၀ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားအဖြဲ႔က တည္ေထာင္မယ့္ပါတီမွ ဝင္ေရာက္လုပ္ကိုင္ဖို႔ ရည္ရြယ္ထားတယ္”ဟု ၂၀၁၉ ခုႏွစ္ ဧၿပီ ၅ ရက္ေန႔တြင္ ေကအိုင္စီသို႔ ေျပာ သည္။ လက္ရွိ ေနာ္အုန္းလွသည္ ၁၉၉၀ အမတ္မ်ား တည္ေထာင္ထားသည့္ ညီၫြတ္ေသာတိုင္းရင္းသားလူမ်ိဳးမ်ား ဒီမို ကေရစီပါတီ(UNDP)တြင္ အေထြေထြအတြင္းေရးမွဴးတာဝန္ယူထားသူ ျဖစ္သည္။ http://kicnews.org/2020/06/%e1% 80%92%e1%80%ae%e1%80%99% e1%80%ad%e1%80%af%e1%80

**************

၆။ လာမည့္ လႊတ္ေတာ္တြင္ ၅၈ ေနရာ ရရွိမည္ဟု SNDP ခန္႔မွန္း
June 18, 2020

လာမည့္ ၂၀၂၀ ေရြးေကာက္ပြဲတြင္ သွ်မ္းတိုင္းရင္းသားမ်ား ဒီမိုကရက္တစ္ ပါတီ( SNDP) အေနျဖင့္ လႊတ္ေတာ္တြင္ ၅၈ ေနရာခန္႔မွန္းထားေၾကာင္း SNDP ဥကၠဌ ဦးစိုင္းအိုက္ေပါင္း က ေျပာၾကားလိုက္သည္။

“က်ေနာ္တို႔ အရင္က ၅၈ ေယာက္ ႏိုင္ဖူးတယ္ေလ။ အခုလဲ အဲ့ေလာက္ မွန္းထားတာေပါ့”ဟု ဦးစိုင္းအိုက္ေပါင္း ကေျပာ သည္။ လြန္ခဲ့သည့္ ၂၀၁၀ ခုႏွစ္တြင္ SNDP ပါတီသည္ လႊတ္ေတာ္တြင္ ၅၈ ေနရာရရွိခဲ့ၿပီး၊ ဝန္ႀကီးေနရာ ၆ ဦးရခဲ့သျဖင့္ အေတြ႔အႀကံဳမ်ားစြာရွိေၾကာင္း၊ ထို႔ေၾကာင့္ လာမည့္ ၂၀၂၀ ေရြးေကာက္ခံၿပီး အႏိုင္ရမည္ဆိုပါက သွ်မ္းျပည္အစိုးရ ျဖစ္ႏိုင္ ေၾကာင္းလည္း ဦးစိုင္းအိုက္ေပါင္းက သံုးသပ္ေျပာဆိုလိုက္သည္။

၂၀၂၀ ေရြးေကာက္ပြဲတြင္ SNDP အေနျဖင့္ သွ်မ္းျပည္ေနရာအႏွံ႔အျပင္ ကခ်င္ျပည္နယ္၊ မႏၱေလးတိုင္း စုစုေပါင္းၿမိဳ႕နယ္ ၃၀ ၿမိဳ႕နယ္တြင္ ဝင္ၿပိဳင္သြားမည္ဟု ပါတီ ဥကၠဌ ဦးစိုင္းအိုက္ေပါင္းက ေျပာၾကားသည္။“ ၿမိဳ႕နယ္ ၃၀ ေလာက္ ဝင္ၿပိဳင္မယ္။ သွ်မ္းအေရွ႕၊ သွ်မ္းေတာင္၊ သွ်မ္းေျမာက္ ေနာက္ၿပီး ကခ်င္ျပည္နယ္ သွ်မ္းျပည္ ျပင္ပကေတာ့ ကခ်င္ပဲ။ မႏၱေလးတိုင္းက သွ်မ္းတိုင္းရင္းသားေရးရာ ဝန္ႀကီးေနရာလဲ ဝင္ၿပိဳင္မယ္”ဟု ဦးစိုင္းအိုက္ေပါင္း က ထပ္ေလာင္းေျပာသည္။

ထို႔ျပင္ ၂၀၂၀ ေရြးေကာက္ပြဲတြင္ အမ်ိဳးသမီး ႏွင့္ လူငယ္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းကို ဦးစားေပး ေရြးခ်ယ္သြားမည္ ျဖစ္ၿပီး ပါတီ၏ ထိပ္သီးေခါင္းေဆာင္မ်ား ပါဝင္ယွဥ္ၿပိဳင္သြားမည္ မဟုတ္ေၾကာင္းလည္းသိရသည္။“ အမ်ိဳးသမီးနဲ႔ လူငယ္က ၂၀၊၃၀ ရာခိုင္ႏႈန္းပါမယ္လို႔ ေမွ်ာ္လင့္ပါတယ္။ က်ေနာ္ကေတာ့ ဝင္မၿပိဳင္ေတာ့ဘူး။ က်ေနာ္တို႔လူငယ္ေတြကို ေနရာေပး တယ္”ဟု ဦးစိုင္းအိုက္ေပါင္းက ဆိုသည္။ ၂၀၁၅ ေရြးေကာက္ပြဲတြင္ SNDP အေနျဖင့္ သွ်မ္းျပည္တြင္ လႊတ္ေတာ္တေနရာ တြင္သာ ရရွိခဲ့သည္။ https://burmese.shannews.org/archives/17161

**************

၇။ ကြတ္ခိုင္ ရြာသား ၅ ဦး တပ္မေတာ္မွ လမ္းျပ အျဖစ္ေခၚေဆာင္သြား
June 18, 2020

သွ်မ္းျပည္ ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕နယ္အတြင္း ယေန႔ မနက္ တိုက္ပြဲ ၂ ႀကိမ္ျဖစ္ပြားၿပီး ရြာသား ၅ ဦးကို တပ္မေတာ္မွ လမ္းျပအျဖစ္ေခၚေဆာင္သြားေၾကာင္း စံုစမ္းသိရသည္။ အစိုးရတပ္မေတာ္မွလမ္းျပအျဖစ္ေခၚေဆာင္သြားသည့္ အမ်ိဳးသား ၅ ဦးထဲမွ ၃ ဦးသည္ ကြတ္ခိုင္ၿမိဳ႕နယ္ ေနာင္ဟြယ္ေက်းရြာတြင္ ေနထိုင္သူမ်ားျဖစ္ၿပီး က်န္ ၂ ဦးမွာ ကာလိုင္ဇြပ္ေအာင္ စစ္ေရွာင္စခန္းတြင္ ေနထိုင္သူမ်ားျဖစ္ေၾကာင္း ကြတ္ခိုင္ေဒသခံမ်ားေျပာျပခ်က္အရသိရသည္။

“ ေနာင္ဟြယ္ ရြာသား ၃ ဦးက တအာင္း(ပေလာင္) လူမ်ိဳးေတြပါ။ စစ္ေရွာင္စခန္းက ၂ ဦးက ကခ်င္လူမ်ိဳးေတြပါ။ လမ္းျပ အျဖစ္ေခၚသြားတယ္လို႔သိရပါတယ္”ဟု အစိုးရတပ္မေတာ္မွ ေခၚေဆာင္သြားစဥ္ ျမင္ေတြ႔လိုက္သည့္ ေဒသခံ အမ်ိဳးသား တဦးက သွ်မ္းသံေတာ္ဆင့္ကို ေျပာသည္။ ျဖစ္ပြားေနေသာ စစ္ေရးဋိပကၡေၾကာင့္ ေတာင္ယာအလုပ္သြားလုပ္ၿပီး စစ္ေရွာင္ စခန္းသို႔ျပန္လာသည့္ အမ်ိဳးသား ၂ ဦးကိုလည္း စစ္တပ္က ယေန႔မနက္ပိုင္းကဖမ္းဆီး ေခၚေဆာင္သြားျခင္းျဖစ္ေၾကာင္း သိရသည္။“ေနာင္ဟြယ္ရြာသား ၃ ဦးကိုေတာ့ ရြာကေနေခၚသြားတယ္။ စစ္ေရွာင္ အမ်ိဳးသား ၂ ေယာက္က ေတာင္ယာက ေနျပန္လာတာ။ လမ္းမွာ တပ္မေတာ္နဲ႔ေတြ႔ေတာ့ လမ္းျပအျဖစ္ေခၚသြားတာ။ သူတို႔ေတြက အသက္က ၂၀-၃၀ ဝန္းက်င္ရွိ မယ္ထင္တယ္”ဟု တပ္မွ ေခၚသြားစဥ္ျမ င္ေတြ႔လိုက္သည့္ အမ်ိဳးသားတဦးက ျပန္ေျပာျပသည္။

ယခုရက္ပိုင္း ကြတ္ခိုင္ၿမိဳ႕နယ္ ကာလိုင္၊ ေနာင္ဖန္းေက်းရြာႏွင့္ နမ့္ဖူးေက်းရြာတြင္ ျဖစ္ပြားေနသည့္ တိုက္ပြဲမ်ားသည္ အစိုးရ တပ္မေတာ္ ႏွင့္ ကခ်င္လြတ္ေျမာက္ေရး တပ္မေတာ္ (KIA)တို႔ ျဖစ္ပြားေနသည့္ တိုက္ပြဲျဖစ္ေၾကာင္း ေဒသခံမ်ား ေျပာျပခ်က္ အရသိရသည္။ သွ်မ္းျပည္ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕နယ္အတြင္း တိုက္ပြဲမ်ားဆက္လက္ ျပင္းထန္လာႏိုင္ေၾကာင္း၊ ကိုဗစ္ ကာကြယ္ထိန္းခ်ဳပ္သည့္ အခ်ိန္ကာလအတြင္း တပ္မေတာ္မွ တိုက္ပြဲမ်ားရပ္တန္႔ထားမည္ဟု ေၾကညာခဲ့ေသာ္လည္း တိုက္ပြဲ မ်ားဆက္လက္ျဖစ္ပြားေနေၾကာင္းလည္း ဆရာေနာင္လတ္က ေျပာသည္။

ကြတ္ခိုင္ၿမိဳ႕နယ္အတြင္း ယခုရက္ပိုင္း တပ္မေတာ္မွစစ္အင္အား ရာဂဏန္း ထပ္မံျဖည့္တင္းကာ ေဒသအတြင္း လႈပ္ရွားေန ေၾကာင္း ေဒသခံမ်ားေျပာျပခ်က္အရသိရသည္။ အဆိုပါ သတင္းႏွင့္ပတ္သက္ၿပီး သွ်မ္းသံေတာ္ဆင့္မွ တပ္မေတာ္ သတင္း မွန္ျပန္ၾကားေရးဌာန ႏွင့္ KIA ကို အႀကိမ္ႀကိမ္ ဖုန္းဆက္ေခၚဆိုခဲ့ေသာ္လည္း မရရွိခဲ့ေပ။ https://burmese.shannews.o rg/archives/17166

**************

၈။ သခင္စစ္ကုမၸဏီကို တရားစြဲဆိုထားသည့္အမႈ တရားလိုသက္ေသ ရဲစခန္း၏ထြက္ဆိုမႈကို အားရေက်နပ္မႈ မရွိဟုဆို
June 16, 2020

ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕အေျခစိုက္ ျမစ္ႀကီးနားသတင္းဂ်ာနယ္ မွ သခင္စစ္ကုမၼဏီကို တရားစြဲဆိုထားထားသည့္အမွု ဇြန္လ ၁၅ ရက္ေန႔ ႐ုံးခ်ိန္းတြင္ တရားလိုသက္ေသျဖစ္ေသာ ရဲစခန္း၏ထြက္ဆိုခ်က္အေပၚ ေက်နပ္အားရမႈမရွိေၾကာင္း တရားလို သတင္းေထာက္ မြန္းမြန္းပန္ ထံမွ သိရသည္။
“ဒီေန႔႐ုံးခ်ိန္းကို လုံးဝအားမရဘူး။ ဘာလို႔လဲဆိုရင္ အမွုစစ္ထြက္ဆိုတဲ့အခ်က္မွာ အခင္းျဖစ္တဲ့ေန႔ကဖမ္းထားတဲ့ အသံဖိုင္ ကို အခင္းျဖစ္တဲ့ေန႔မွာ မေပးခဲ့ဘဲနဲ႔ ေနာက္က်မွေပးတယ္ဆိုတဲ့အခ်က္ေတြျဖစ္ေနတယ္။ ေနာက္တစ္ခ်က္က က်မတို႔အဲေန႔ က သက္ေသခံပစၥည္းေတြကိုအပ္တယ္။ ရဲစခန္းကလက္မခံဘူး။ သူတို႔ကေျပာတာ ေနာက္မွအပ္ပါတဲ့။ က်ေနာ္တို႔ေခၚတဲ့ ခ်ိန္မွ အပ္ရမယ္။ ခုအပ္လို႔မရဘူးဆိုၿပီး ခုမအပ္ေသးနဲ႔ဆိုၿပီးေျပာတယ္။ ၿပီးေတာ့အဲေန႔ကလည္း အမႈကိုေစာေစာမဖြင့္ေပး ဘူး။ ေက်ေအးဖို႔ဘဲထပ္ခါထပ္ခါလာေျပာေနတာ။ အဲခ်ိန္က်ေတာ့ ေန႔လည္ ၁၁ နာရီကတည္းကေန ည ၁၀ နာရီေလာက္မွ အိမ္ျပန္ရတယ္။ ၿပီးလို႔ရွိရင္ အေသးစိတ္အခ်က္လက္ကိုလည္း တရား႐ုံးေရာက္မွေျပာ ဒီမွာက အေသးစိတ္အခ်က္လက္ ေတြကို မေရးလည္းရတယ္ မွတ္မိသေလာက္ဘဲေျပာ အဲလိုေတြေျပာတဲ့ခ်ိန္က်ေတာ့ မပါႏိုင္တဲ့အခ်က္လက္ေတြရွိသြားတာ ေပ့ါေနာ္။ အဲအမႈျဖစ္တဲ့ေန႔မွာ က်မသတင္းေတြမွာ ဘယ္လိုေျဖထားတယ္။ အဲေန႔က က်မအက်ီ ၤ ၾကယ္သီးက ဘယ္လိုျပဳတ္ ထားတယ္ မျပဳတ္ထားဘူးဆိုတာ အဲေန႔က်မတို႔ ေရွ႕ေနအျပင္ တစ္ျခားသတင္းေထာက္ေတြလည္း အားလုံးေတြ႕မွာပါ။ ခုက က်မကဘဲ အဲဒီၾကယ္သီးေတြကို စြဲျဖဳတ္ထားတဲ့အေနထားမွာရွိေနတယ္။”ဟု မြန္းမြန္းပန္ က ေျပာသည္။

“သူ႔ရဲ႕ဥပေဒေၾကာင္းအရဆို အမွုနဲ႔ပတ္သက္တဲ့ဟာကို တရားလိုဘက္က စေပးကတည္းက ရဲေတြယူခဲ့ရမွေပါ့။ ယူဖို႔လည္း က်ေနာ္တို႔အကုန္လုံးက ေျပာတယ္။ အဲဒါကိုသိမ္းေပးပါ ဒါအမွုအတြက္ သက္ေသခံပစၥည္းဟုတ္တယ္ စတိုင္ကတည္းက သိမ္းခိုင္းတာသူတို႔က မသိမ္းဘူး။ အဲေတာ့ ဒီေန႔တရား႐ုံးမွာလာထြက္တဲ့ခ်ိန္က်ေတာ့ မေပးပါဘူးဆိုၿပီး လာထြက္ၾကတာ။ အဲေတာ့ အမႈျဖစ္ၿပီး တစ္ပတ္ ဒါမွမဟုတ္ ၁၄ရက္ေလာက္ၾကာတဲ့ခါက်မွ က်ေနာ္တို႔ကဘဲ အဲသက္ေသခံပစၥည္းကို ရဲကို အပ္ တယ္ေပါ့။ အမွုျဖစ္ၿပီးအဲေလာက္ၾကာမွအပ္တဲ့ပစၥည္းက အစစ္အမွန္တစ္ကယ္ အသံဖမ္းထားတာ ဟုတ္မဟုတ္ အက်ီ ၤၿပဲ တာကလည္း သူတို႔ျပသာနာျဖစ္ခဲ့တာ ဟုတ္မဟုတ္ကိစၥမွာ သံသယျဖစ္စရာ ျဖစ္လာတာေပါ့ဗ်ာ”ဟု တရားလိုဘက္မွ ေရွ႕ေနျဖစ္သည့္ တရားလႊတ္ေတာ္ေရွ႕ေန ဦးတင္ထြန္းသိန္းက ေျပာသည္။ ရဲစခန္းဘက္မွ လက္မခံခဲ့သည့္ အဆိုပါ သက္ေသခံပစၥည္းသည္ ရဲစခန္း၏ေပ့ါဆမႈသာ ျဖစ္သည့္အတြက္ ၎၏အမႈႏွင့္ပတ္သက္ၿပီး နစ္နာမႈမရွိေစရန္ အေကာင္း ဆုံးညႇိႏိႈင္းေဆာင္ရြက္သြားဖို႔ ရွိေၾကာင္း ၎ကဆက္ေျပာသည္။

၂၀၁၉ ခုႏွစ္ ေဖေဖာ္ဝါရီလ ၂၆ ရက္ေန႔ သခင္စစ္ကုမၼဏီက ျမစ္ႀကီးနားသတင္းဂ်ာနယ္မွ သတင္းေထာက္ႏွစ္ဦးအား ဂ်ာနယ္တြင္ပါရွိသည့္ သတင္းတစ္ပုဒ္ႏွင့္ပတ္သက္ၿပီး ေဆြးေႏြးရန္အတြက္ဟုဆိုကာ ျမစ္ႀကီးနားသတင္းဂ်ာနယ္႐ုံးမွ ဝိုင္းေမာ္ၿမိဳ႕ရွိ ၎တို႔ကုမၸဏီ႐ုံးခန္းသို႔ ေခၚေဆာင္ၿပီးေနာက္ အမ်ိဳးသမီးသတင္းေထာက္ျဖစ္သည့္ မြန္းမြန္းပန္အား ၿခိမ္း ေျခာက္ေျပာဆိုကာ ဂ်ာနယ္ျဖင့္ ပါးရိုက္ခဲ့ၿပီး သတင္းေထာက္ အေဂ်အား ထိုင္ထတစ္သိန္းလုပ္ရန္ ၿခိမ္းေျခာက္ေစခဲ့သည့္ အတြက္ ျမစ္ႀကီးနား သတင္းဂ်ာနယ္မွ သခင္စစ္ကုမၼဏီအား အသေရဖ်က္မူ ပုဒ္မ ၅၀၀ ျဖင့္ စတင္တရားစြဲဆိုခဲ့ျခင္း ျဖစ္သည္။ မည္သူမဆို အျခားတစ္ဦးဦးအား အေသရဖ်က္မူ တစ္ခုခုက်ဴးလြန္လၽွင္ ထိုသူအား ေထာင္ဒဏ္ (၂) ႏွစ္ထိ ခ်မွတ္ နိုင္သည့္အျပင္ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ႏိုင္ေသာပုဒ္မျဖစ္သည္ဟု သိရသည္။ https://burmese.kac hinnews.com/2020/06/16/%e1%80%9e%e1%80%81%e1%80%84%e1%80%ba%e1

***************

၉။ အမ္းၿမိဳ႕ ခ်င္းဒုကၡသည္ တစ္ေထာင္ေက်ာ္ ဆန္ရိကၡာအေရးေပၚလိုအပ္
June 17, 2020

ရခိုင္ျပည္နယ္ အမ္းၿမိဳ႕နယ္ ဒလက္ေခ်ာင္းေက်းရြာအုပ္စုက ရွမ္းကုန္းနဲ႔ မဂၤလာဒံုရြာက ခ်င္းတိုင္းရင္းသား လူဦးေရတစ္ ေထာင္ေက်ာ္ကို တပ္မေတာ္က ဆန္သယ္ယူခြင့္ကန္႔သတ္ထားတာ ေျခာက္လေက်ာ္ၿပီျဖစ္လို႔ အဲဒီရြာေတြမွာ ဆန္ရိကၡာ ျပတ္လပ္ေနပါတယ္။ ဆန္သယ္ခြင့္ အပိတ္ခံထားရတာေျကာင့္ ခ်င္းတိုင္းရင္းသား တစ္ေထာင္ေက်ာ္ဟာ စားစရာဆန္မရွိဘဲ အေရးေပၚ ရိကၡာလိုအပ္ေနတယ္လို႔ ခ်င္းလူသားခ်င္းစာနာေထာက္ထားမႈ အကူအညီေပးေရးအဖြဲ႔ (CHAT) က ဆလိုင္း ဝင္းေမာင္ က ေျပာပါတယ္။ “ေက်းရြာကလူေတြက ပိတ္ဆို႔ခံထားရတာ ၾကာတဲ့အခါက်ေတာ့ စားဖို႔ေသာက္ဖို႔က ဆန္ေတြက မရွိတဲ့ အတိုင္းအတာကို ေရာက္ေနတယ္၊ ခုကရြာေတြမွာ ဆန္လည္းဝယ္လို႔မရဘူး၊ အခုရြာေတြမွာ ငွက္ေပ်ာသီးေတြ၊ အသီးအရြက္ေတြ စားၿပီးေနေနရတယ္ဗ်၊ ေက်းရြာအားလံုးနီးပါး ပိတ္ဆို႔ခံထားရတယ္၊ အေရးေပၚလိုအပ္ေနတာကေတာ့ ရွမ္းကုန္းေက်းရြာနဲ႔ မဂၤလာဒံုေက်းရြာ အဲမွာအဓိက လိုအပ္ေနတယ္” ရွမ္းကုန္းေက်းရြာမွာ လူဦးေရ ၆၀ဝ ေက်ာ္နဲ႔ မဂၤလာဒံု ေက်းရြာမွာ လူဦးေရ ၅၀ဝ ေက်ာ္ရွိတယ္လို႔ ဆလိုင္းဝင္းေမာင္က ေျပာပါတယ္။

ဒလက္ေခ်ာင္းေက်းရြာအုပ္စုထဲမွာ ခ်င္းတိုင္းရင္းသားေတြ ေနထိုင္တဲ့ရြာ ၃၆ ရြာနဲ႔ ရခိုင္တိုင္းရင္းသားေတြ ေနထိုင္တဲ့ရြာ ငါး ရြာေလာက္ရွိပါတယ္။ ဒီေက်းရြာႏွစ္ရြာကိုပဲ ဖုန္းအဆက္အသြယ္ရတာေၾကာင့္ ေျမျပင္အေျခအေနသိရၿပီး အျခားေက်းရြာ ေတြ အေျခအေနကိုေတာ့ အေသးစိတ္ မသိရေသးဘူးလို႔ CHAT အဖြဲ႔က ေျပာပါတယ္။ ဒလက္ေခ်ာင္းေက်းရြာအုပ္စုဟာ အမ္းၿမိဳ႕ကို ကုန္းလမ္း၊ ေရလမ္းနဲ႔ သြားႏိုင္ပါတယ္။ ဒါေပမဲ့ ဒီႏွစ္ ဇန္နဝါရီလဆန္းကစလို႔ AA အဖြဲ႔ကို ရိကၡာေရာက္သြားမွာ တားျမစ္တာဆိုတဲ့ တပ္မေတာ္ဘက္က အေၾကာင္းျပခ်က္နဲ႔ ရိကၡာသယ္ယူခြင့္ နဲ႔ သြားလာခြင့္ေတြ ပိတ္ထားတာလို႔ ေဒသခံ ေတြကေျပာပါတယ္။ ရိကၡာအေရးေပၚ လိုအပ္ေနတဲ့ ေဒသခံ ခ်င္းတိုင္းရင္းသားေတြကို အကူအညီေပးႏိုင္ဖို႔ ခ်င္းအရပ္ဘက္ အဖြဲ႔ေတြ ျပင္ဆင္ေန ၾကပါတယ္။ ခ်င္း စစ္ေဘးေရွာင္ျပည္သူမ်ား အေရးေပၚကူညီေရးနဲ႔ ျပန္လည္ထူေထာင္ေရးေကာ္မတီ RRCCI က ေျပာေရး ဆိုခြင့္ရွိသူ မိုင္နန္းေဝ ေျပာသြားတာပါ။ ရြာေတြထဲက ခ်င္းလူငယ္တခ်ိဳ႕ကေတာ့ ရန္ကုန္ကိုထြက္ေျပး ခိုလံႈေနတာေတြလည္း ရွိတယ္လို႔ ခ်င္းအရပ္ဘက္အဖြဲ႔ေတြက ေျပာပါတယ္။

တပ္မေတာ္က ရိကၡာသယ္ယူခြင့္ ပိတ္ထားတယ္ဆိုတာနဲ႔ ပတ္သက္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔က ဗိုလ္မွဴး ခ်ဳပ္ ေဇာ္မင္းထြန္းကို RFA ဖုန္းနဲ႔ ဆက္သြယ္ေမးျမန္းေပမယ့္ လက္ခံေျဖၾကားတာမရွိပါဘူး။ AA နဲ႔ တပ္မေတာ္တို႔ တိုက္ပြဲ ေတြေၾကာင့္ ခ်င္းျပည္နယ္ ပလက္ဝမွာစစ္ေဘးဒုကၡသည္ ၉၀ဝ၀ ေက်ာ္ရွိသလို ရခိုင္ျပည္နယ္မွာလည္း ခ်င္းလူဦးေရ ေျခာက္ေထာင္ေက်ာ္ ဒုကၡေရာက္ေနတယ္လို႔ အရပ္ဘက္အဖြဲ႔ေတြက ေျပာပါတယ္။ ရခိုင္ျပည္နယ္မွာဆိုရင္ မင္းျပား၊ အမ္း၊ ေျမပံုနဲ႔ ေျမာက္ဦးၿမိဳ႕နယ္ေတြမွာ ခ်င္းတိုင္းရင္းသား စစ္ေဘးဒုကၡသည္ေတြရွိၿပီး အမ္းၿမိဳ႕နယ္မွာေတာ့ အမ်ားဆံုးရွိတယ္လို႔ ေျပာၾကပါတယ္။ https://www.rfa.org/burme se/news/urgent-food-supply-required-for-thousand-of-ann-refug ees-

**************

၁၀။ ေနာင္ခ်ိဳ ဂုတ္တြင္း ကားတစီး ေခ်ာက္ထဲက် ၃ ဦးေသ
June 17, 2020

သွ်မ္းျပည္ ေျမာက္ပိုင္း ေနာင္ခ်ိဳၿမိဳ႕နယ္ ဂုတ္တြင္း တြင္ ယေန႔ မနက္ ၃ နာရီ ေက်ာ္က ခရီးသည္ တင္ယာဥ္ express ကား တစီး ေခ်ာက္ထဲသို႔ ထိုးက်ကာ ယာဥ္ေမာင္းတဦး ႏွင့္ ခရီးသည္ ၂ ဦး ေသဆံုးခဲ့ေၾကာင္း စံုစမ္းသိရသည္။“ယာဥ္ေမာင္းနဲ႔အမ်ိဳးသားတဦးကေတာ့ ျဖစ္တဲ့ေနရာမွာ ပြဲခ်င္းၿပီးေသတယ္။ ေနာက္အမ်ိဳးသမီးတေယာက္ကေတာ့ ေဆးရံု မွာဆံုးတယ္”ဟု သြားေရာက္ကူညီခဲ့သည့္ ကမ္းလင့္လက္မ်ား လူမႈကူညီေရးအသင္း (ေနာင္ပိန္) မွ ဦးေနေအာင္က သွ်မ္းသံေတာ္ဆင့္သို႔ ေျပာသည္။ အဆိုပါ ခရီးသည္ယာဥ္တြင္ ယာဥ္ေမာင္းအပါဝင္ စုစုေပါင္း ၁၇ ဦး လိုက္ပါခဲ့ၿပီး၊ ၃ ဦး

ေသဆံုးကာ ၊ ၅ ဦး ဒဏ္ရာျပင္းထန္ေၾကာင္း၊ က်န္ သူမ်ားမွာ ဒဏ္ရာမျပင္းထန္ေၾကာင္းလည္း ဦးေနေအာင္ က ဆိုသည္။“ ဒဏ္ရာျပင္းထန္တဲ့ ၅ ဦးကိုေတာ့ က်ေနာ္တို႔အသင္းက ျပင္ဦးလြင္ ေဆးရံုကိုပို႔ေပးခဲ့ပါတယ္။ က်န္ သူေတြကေတာ့ ေနာင္ခ်ိဳ ေဆးရံုမွာပါ”ဟု ဦးေနေအာင္ က ေျပာသည္။ ထို ခရီးသည္ယာဉ္ သည္ မေကြးၿမိဳ႕မွ လားရိႈးၿမိဳ႕သို႔သြားမည္ မင္းသားႀကီး express ကားျဖစ္ေၾကာင္း၊ ကုန္းအဆင္းတြင္ ကားဘရိတ္ေပါက္မႈေၾကာင့္ ေရွ႕သို႕ထိုးဆင္းသြားေၾကာင္း သြားေရာက္ကူညီ သည့္ လူမႈေရးအသင္းမ်ားကေျပာသည္။

လြန္ခဲ့သည့္ရက္ပိုင္းက ေနာင္ခ်ိဳၿမိဳ႕နယ္ ဂုတ္တြင္း တြင္ မိုးသည္းထန္စြာ ရြာသြန္းမႈေၾကာင့္ ေတာင္က်ေခ်ာင္းေရႀကီးကာ ကားလမ္းမ်ားေခ်ာ္ခဲ့ေၾကာင္း၊ ယခုရက္ပိုင္း ထို ဂုတ္တြင္းတြင္ အတက္အဆင္း သတိထားၿပီး ေမာင္းရန္ လိုအပ္ေၾကာင္း လည္း ကားသမားမ်ား က ေျပာသည္။ “ဒီရက္ပိုင္း မိုးေတြ အရမ္းရြာတယ္။ ေတာင္တက္ေတာင္ဆင္း ကားလမ္း ေတြေခ်ာ္ ေတာ့ သတိနဲ႔ေမာင္းဖို႔လိုတယ္။ ဂရုစိုက္ေမာင္းဖို႔ လိုပါတယ္”ဟု ကားသမား တဦးျဖစ္သည့္ စိုင္းေလာဝ္ က ေျပာသည္။

မိုးရြာသြန္းမႈေၾကာင့္ ေတာင္က်ေရမ်ား ယခင္ကထက္ ပိုက်လာေၾကာင္း၊ လမ္းမ်ားေခ်ာ္မႈေၾကာင္း ယခုရက္ပိုင္း ကားႀကီး၊ ကားေသးမ်ား သြားလာမႈခက္ခဲေနေၾကာင္း၊ လမ္းမ်ားသည္ ယခင္ကဲ့သို႔ မဟုတ္ေတာ့ေၾကာင္းလည္း ကားသမားမ်ားက ေျပာသည္။ https://burmese.shannew s.org/archives/17134

***************

၁၁။ ျပည္နယ္အစိုးရ၏ လယ္ယာေျမေဖာ္ထုတ္မွုေၾကာင့္ လီဒိုလမ္းမေပၚေက်းရြာ ၂ ခုအျငင္း            ပြားဖြယ္ရွိေန
June 17, 2020

အစိုးရ၏ ဟူးေဟာင့္ခ်ိဳင့္ဝွမ္းေဒသ လီဒိုလမ္းမေပၚရွိ စံျပ ေရြ႕ေျပာင္းေက်းရြာသစ္အတြက္ ေျမယာအသစ္ေဖာ္ထုတ္မွုကို အစိုးရက ေႏွာင္းမီေက်းရြာတြင္ လုပ္ေဆာင္ေနေသာေၾကာင့္ ေက်းရြာ ၂ ခုၾကား ပဠိပကၡျဖစ္လာမည့္အေျခအေနရွိေနသျဖင့္ အျမန္ေျဖရွင္းေပးရန္ ေတာင္းဆိုေနၾကသည္။ ဖားကန႔္ၿမိဳ႕နယ္ ေျမယာေဖာ္ထုတ္ေရးေကာ္မတီက စံျပေက်းရြာအတြက္ ေျမဧက ၂၀၀ ေက်ာ္ကို ၎ေက်းရြာႏွင့္ မိုင္ ၂၀ ေက်ာ္ကြာေဝးေသာ ေႏွာင္းမီေက်းရြာတြင္ လြန္ခဲ့သည့္မတ္လ ကတည္းက စတင္ေဖာ္ေဆာင္ခဲ့ရာ ေႏွာင္းမီေဒသခံမ်ားက ကန႔္ကြက္ေနဆဲျဖစ္သည္။
လယ္ယာေျမေဖာ္ထုတ္ေပးရန္ ေႏွာင္းမွီေက်းရြာေဒသခံမွ ေတာင္းဆိုျခင္းမရွိေသာ္လည္း စံျပေက်းရြာကသာ ေတာင္းဆိုခဲ့ ျခင္းျဖစ္သည္။ သို႔ေသာ္ ျပည္နယ္အစိုးရ၏ ညြန္ၾကားစာတြင္ ‘ေႏွာင္းမီစံျပေက်းရြာ’တြင္ဟု ေက်းရြာ ၂ ခုကိုေရာေထြးစြာ ေဖာ္ျပခဲ့သျဖင့္ ေက်းရြာ ၂ ခုၾကား အျငင္းပြားဖြယ္ အေျခအေနျဖစ္ေနသည္ဟု ဆိုသည္။ “ညြန္ၾကားစာမွာက ‘ေႏွာင္းမွီစံျပ ေက်းရြာ’လို႔ စာထြက္လာတယ္။ စာထဲမွာကိုက ေျမေနရာရွာခိုင္းတာေပါ့။ ညြန္ၾကားစာက ဝန္ႀကီး႐ုံးကေန ၿမိဳ႕နယ္အုပ္ခ်ဳပ္ ေရးမွဴး ႐ုံးကထြက္လာတာေပါ့။ အဲ့မွတဆင့္ က်ေနာ္တို႔ကို ကြင္းဆင္းခိုင္းတယ္။ ေနာက္စံျပ ေက်းရြာအနီးတဝိုက္မွာက ေျမေနရာ လြတ္တာမရွိဘူးေလ။ စာမွာကိုက ေႏွာင္းမီပါေနေတာ့ အဲ့ဒီကို ျပန္ရွာတာေပါ့။ အဲ့မွာက ေျမလြတ္ေျမလပ္ရွိေန ေတာ့ တင္ေပးလိုက္တာေပါ့။ လက္ရွိအေျခအေနမွာလည္း စံျပေတာင္သူအတြက္ျဖစ္တယ္လို႔၊ ေနာက္ ေႏွာင္းမွီေတာင္သူ ေတြ အတြက္ျဖစ္တယ္လို႔ ၂ ဦး စလုံးကို တိတိက်က် ခ်မွတ္ေပးတာမရွိေသးပါဘူး”ဟု ဖားကန႔္ၿမိဳ႕နယ္ စိုက္ပ်ိဳးေရးဦးစီးမွဴး ဦးေဇာ္ေဇာ္လင္းက ေျပာဆိုသည္။

လယ္ယာေျမေဖာ္ထုတ္ေရးအတြက္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးမ်ားက ကြင္းဆင္းစစ္ေဆးခဲ့ခ်ိန္ ေဒသခံမ်ားအတြက္ ေဆာင္ရြက္ ေပးမည့္အေၾကာင္း ေျပာဆိုခဲ့ေသာေၾကာင့္ အဆိုပါလုပ္ငန္းကို ခြင့္ျပဳေပးခဲ့ျခင္းျဖစ္သည္ဟု ေႏွာင္းမီေဒသခံ ဦးဆိုင္းေအာင္ က သတင္းဌာန KNG ကိုေျပာသည္။

“ဒီမွာလုပ္ငန္းစတင္ခဲ့တဲ့အခ်ိန္မွာ ၿမိဳ႕နယ္ကေန ကြင္းဆင္းစစ္ေဆးခဲ့တယ္။ က်ေနာ္ တို႔ ေဒသခံေတြက ဒီေနရာမွာ မလုပ္ဖို႔ ျငင္းပယ္ခဲ့တာရွိတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ေဒသခံေတြက ေျမလြတ္ေျမလပ္ ေလၽွာက္ထားတဲ့ေနရာ ျဖစ္တယ္။ ဒါေပမယ့္ သူတို႔က ႏိုင္ငံေတာ္ရံပုံေငြက်ထားတဲ့အတြက္ လုပ္ရင္လည္းေဒသခံေတြ အတြက္သာ ျဖစ္လိုေျပာခဲ့တယ္။ အခုက လယ္ယာေျမေဖာ္ထုတ္တာကလည္း ၿပီးခါနီးေတာ့ ေက်းရြာသားေတြအတြက္ မဟုတ္ဘဲ စံျပေက်းရြာဘက္က ေတာင္သူ ေတြ အတြက္လုပ္ေပးတာျဖစ္တယ္လို႔ ေျပာလာတယ္။ အဲ့ေတာ့ အခုေဖာ္ထုတ္ ထားတဲ့ ေျမယာေတြက ခြဲဝယ္ယူလို႔လဲမရ ျပႆနာတက္ေနတာေပါ့” ဟုေျပာသည္။

အဆိုပါကိစၥႏွင့္ပတ္သက္ၿပီး လီဆူတိုင္းရင္းသားေရးရာဝန္ႀကီး ဦးအားတီေယာဟန္က “က်ေနာ္တို႔ သိထားသေလာက္ေျပာ ရမယ္ဆိုရင္ စံျပေက်းရြာနဲ႔ ေႏွာင္မီေဒသခံျပည္သူေတြနဲ႔ ဘာေၾကာင့္ ျပသနာျဖစ္လာရသလဲဆိုေတာ့ ေအာက္ေျခမွာ အစိုးရ က လယ္ယာေျမေဖာ္ထုတ္ေပးဖို႔ တာဝန္ေပးလိုက္တဲ့သူရဲ႕ ျပတ္သားမွုမရွိတဲ့တစ္ေၾကာင္း၊ ျပည္နယ္အစိုးရကလည္း ေနရာ ႀကိဳတင္ရွာထားျခင္းမရွိဘဲနဲ႔ ျပည္သူေတာင္းခံထားတဲ့ဟာကို ဘတ္ဂ်က္ ခ်ေပးလိုက္တယ္။ အခ်ိန္အခါအရဆို မသုံးလို႔မရ ေတာ့ဘူး။ အဲ့ေတာ့ ခ်ေပးတဲ့အခါမွ ဟိုေနရာ ရွာလိုက္နဲ႔ ပတ္ခ်ာလည္သြားတဲ့အခါ ေနာက္ဆုံး ေႏွာင္းမွီမွာ သြားေဖာ္တယ္။ အဲ့မွာမေဖာ္ခင္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးနဲ႔ ေဒသခံေတြကို ေသခ်ာညိႏိႈင္းတိုင္ပင္ရမွာျဖစ္တယ္။ အခုက မွန္မွန္ကန္ကန္နဲ႔ အလုပ္မလုပ္တဲ့အတြက္ ျဖစ္လာတဲ့ ျပႆနာ ျဖစ္တယ္” ဟု ေျပာသည္။

ဟူးေကာင္းခ်ိဳင့္ဝွမ္းေဒသ လီဒိုလမ္းေက်းရြာမ်ားတြင္ ေဒသခံမ်ားႏွင့္ ယုဇနကုမၸဏီတို႔ၾကား ေျမယာျပႆနာျဖစ္ေနရာမွ ယခု အခ်ိန္တြင္ အစိုးရ၏ညြန္ၾကားခ်က္ေၾကာင့္ ေက်းရြာ ၂ ခုၾကားေျမယာအျငင္းပြားမႈ ျဖစ္လာႏိုင္ေျခရွိေနသည္ဟု ေဒသခံမ်ား က ေျပာသည္။ https://burmese.k achinnews.com/2020/06/17/%e1%80%95%e1%80%bc%e1%80%8a%e

**************

၁၂။ မူးယစ္ေဆးဝါးျပစ္မႈက်ဴးလြန္သူမ်ားအတြက္ ထားစရာေနရာလံုေလာက္မႈမရွိေတာ့ဟု မြန္ျ         ပည္သစ္ပါတီ သထံုခရိုင္ တာဝန္ရွိသူ ေျပာ
June 16, 2020

မူးယစ္ေဆးဝါးအႏၱရယ္ကို အမ်ိဳးသားေရးတာဝန္တစ္ရပ္အေနျဖင့္ မြန္ျပည္သစ္ပါတီက ဖမ္းဆီးအေရးယူလ်က္ရွိရာ ၎၏ ထိန္းခ်ဳပ္ေဒသတစ္ခုျဖစ္ေသာ သထံုခရိုင္အတြင္း ျပစ္မႈက်ဴးလြန္သူတရားခံမ်ားအတြက္ ထိန္းသိမ္းထားစရာေနရာလံု ေလာက္မႈမရွိေတာ့ ဟု မြန္ျပည္သစ္ပါတီသထံုခရိုင္တာဝန္ရွိသူတစ္ဦးက ေျပာျကားသည္။

မြန္ျပည္သစ္သတင္းစဉ္ Online မွ မြန္ဘာသာျဖင့္ ျဖန္႔ခ်ိခဲ့ေသာ “မြန္အမ်ိဳးသားအႏၱရယ္ မူးယစ္ေဆးဝါး” Documentary အပိုင္း(၂)တြင္ မူးယစ္ေဆးဝါးေရာင္းဝယ္ျဖန္႔ျဖဴးသူမ်ားႏွင့္ သံုးစြဲသူမ်ားအားဖမ္းဆီးအေရးယူထားမႈအေပၚ မြန္ျပည္သစ္ပါတီ သထံုခရိုင္မွ ဝန္ထုတ္ဝန္ပိုးျဖစ္လာရေၾကာင္း ခရိုင္အလုပ္အမႈေဆာင္ေကာ္မတီဝင္ ႏိုင္ေဇာ္မင္းဦးက ေျပာဆိုထားသည္။ ႏိုင္ေဇာ္မင္းဦးက “လက္ႀကီးသမားေတြကိုပဲ ဖမ္းခ်င္ပါတယ္၊ လူမ်ားမ်ားဖမ္းမိရင္ က်ေနာ္တို႔ဆီမွာ ထိန္းသိမ္းဖို႔ေနရာအတြက္ အခက္အခဲ ေတာ္ေတာ္ေလးရွိလာတယ္၊ ဖမ္းဆီးမိလာရင္ ေနစရာေနရာအတြက္ အခက္အခဲျဖစ္လာရတာကတစ္မ်ိဳး သူတို႔ စားေရးေသာက္ေရးကိစၥေတြကိုလည္း ပါတီအေနနဲ႔တာဝန္ႀကီးလာတဲ့အတြက္ တခါတေလမွာ အဖမ္းအဆီးေတြမလုပ္ဖို႔ တားထားလိုက္ရတယ္ သံုးစြဲတဲ့အဆင့္ေလာက္ပဲဆိုရင္ ဖမ္းမလာပါနဲ႔ေတာ့လို႔၊ ဘာျဖစ္လဲဆိုရင္ ဖမ္းလာၿပီးဆိုရင္ အိပ္ဖို႔ ေနရာမေပးႏိုင္ဘူး ထားဖို႔အခန္းေနရာလည္းမရွိဘူး ေနာက္ၿပီး သူတို႔ကို ေကြ်းေမြးတဲ့ကိစၥကလည္း တာဝန္ေတာ္ေတာ္ႀကီး ေလးလာတယ္” ဟု ဆိုသည္။

အထူးအျဖင့္ ေက်းရြာမ်ားတြင္ ၁၀ ႏွစ္ႏွင့္အထက္ ခေလးလူငယ္မ်ား သံုးစြဲေနၾကသည္ကို ေက်းရြာအႀကီးအကဲမ်ား ေျပာဆို ဆံုးမေသာ္လည္း ထိေရာက္မႈမရွိသည့္အတြက္ သက္ဆိုင္ရာအဖြဲ႔အစည္းမ်ားအေနျဖင့္ အေရးယူေပးေဆာင္ရြက္ေပးေစလို ေၾကာင္း အလားတူ ေကာ့မိတ္ေက်းရြာ ရပ္မိရပ္ဖ ႏိုင္စိုးခိုင္က ေျပာထားသည္။

ႏိုင္စိုးခိုင္က “အမ်ားအားျဖင့္ေတာ့ မိဘေတြ က ရပ္ရြာမွာမရွိၾကဘူး၊ အဖိုးအဖြားေတြနဲ႔ ေနၾကတာမ်ားေတာ့ ဒီလိုကိစၥေတြ အျဖစ္မ်ားလာတာလို႔လည္း ဆိုႏိုင္တယ္၊ ခေလးေတြ စာရိတၱခ်ိဳ႕ယြင္းလာတယ္၊ ပညာေရးအပိုင္းမွာလည္း ထိခိုက္လာ တယ္၊ ဒီမွာက ေတာ္ေတာ္မ်ားဆိုမွ ေတာ္ေတာ္မ်ားမ်ား ကို ျဖစ္ေနတာ အဲဒါေၾကာင့္ ထိေရာက္ျပတ္သားစြာ အေရးယူေစ ခ်င္ပါတယ္” ဟု ဆိုသည္။

အဆိုပါ “မြန္အမ်ိဳးသားအႏၱရယ္ မူးယစ္ေဆးဝါး” Documentary အပိုင္း(၂) တြင္ မြန္ျပည္သစ္ပါတီ သထံုခရိုင္အတြင္း မူယစ္ေဆးဝါးျပစ္မႈျဖင့္ အေရးယူခံထားရသူမ်ား၏ ေနာက္ခံပံုရိပ္မ်ား၊ အင္တာဗ်ဴးမ်ားႏွင့္အတူ မူးယစ္ေဆးဝါးေၾကာင့္ ေနာက္ဆံုးရလိုက္သည့္သင္ခန္းစာမွာ “ေနာင္တ”ျဖစ္ေၾကာင္း ေဖာ္ျပထားသည္ကို ေတြ႔ရွိရသည္။ အလားတူ မြန္ျပည္သစ္ ပါတီ ေမာ္လၿမိဳင္ခရိုင္ႏွင့္ ထားဝယ္ခရိုင္ အုပ္ခ်ဳပ္ေရးေဒသမ်ားတြင္လည္း မူးယစ္ေဆးဝါးႏွင့္ပတ္သက္၍ ေဆးစြဲသူမ်ား ျပန္ လည္ကုသေရး၊ ျပစ္မႈက်ဴးလြန္သူတရားခံမ်ား ထိန္းသိမ္းထားရွိရန္လံုၿခံဳေသာေနရာႏွင့္ စားနပ္ရိကၡာမ်ားရရွိေရးအတြက္ ဝန္ထုပ္ဝန္ပိုးမ်ား ျဖစ္လာသည္ဟု သတင္းရရွိသည္။ http://burmese.monnews.org/2020/06/16/%e1%80%99% e1%80 %b0%e1%8 0%b8%e1%80%9a%e1%

**************

၁၃။ ကိုဗစ္ လုပ္ငန္းစဥ္ ေဆာင္ရြက္ေနသည့္ RCSS/SSA ကို အာဏာပိုင္မ်ား တားျမစ္
June 18, 2020

သွ်မ္းျပည္ ေတာင္ပိုင္း လင္းေခးခရိုင္ မိုးနဲၿမိဳ႕နယ္အတြင္း RCSS/SSA ၏ ကိုဗစ္-၁၉ ႀကိဳတင္ကာကြယ္ေရး လုပ္ငန္းစဥ္ကို ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ႏွင့္ ရဲတပ္ဖြဲ႔ဝင္မ်ားက တားျမစ္ပိတ္ပင္ေၾကာင္းစံုစမ္းသိရသည္။

ဇြန္ ၁၈ ရက္ မနက္ ၉ နာရီက သွ်မ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ၊ သွ်မ္းျပည္တပ္မေတာ္ (RCSS/SSA) ၏ က်န္းမာ ေရးဝန္ထမ္းမ်ားက မိုးနဲၿမိဳ႕နယ္အတြင္းရွိ ေဒသခံျပည္သူမ်ားအား ကိုဗစ္-၁၉ ႀကိဳတင္ကာကြယ္ေရး လုပ္ငန္းစဥ္ ေဆာင္ ရြက္ေနစဥ္ လြယ္ဝပ္ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးႏွင့္ ရဲတပ္ဖြဲ႔ဝင္ ၂ ဦး တို႔က လာေရာက္တားျမစ္ခဲ့ေၾကာင္း RCSS/SSA ဘက္က ဆိုပါသည္။“ဒီေန႔မနက္ က်ေနာ္တို႔ ကိုဗစ္-၁၉ ႀကိဳတင္ကာကြယ္ေရးလုပ္ငန္းစဥ္ အဖြဲ႔ကို လာၿပီးဟန္႔တားတယ္ဆိုတာ ဟုတ္ပါတယ္။ က်ေနာ့အထင္ေတာ့ က်ေနာ္တို႔ RCSS/SSA ကို နာမည္ မရေစခ်င္တဲ့သေဘာလားမသိဘူး”ဟု RCSS/SSA ၏ ေျပာေရးဆိုခြင့္ရွိသူ ဒုဗိုလ္မွဴးႀကီး အုမ္ေခး က သွ်မ္းသံေတာ္ဆင့္ ကို ေျပာသည္။

RCSS/SSA ေဆးဝန္ထမ္းအဖြဲ႔သည္ က်ိဳင္းေတာင္းၿမိဳ႕အသြားလမ္း တေနရာတြင္ ကိုဗစ္-၁၉ သံသယလူနာရွိ၊ မရွိစစ္ေဆး ျခင္းႏွင့္ ႀကိဳတင္ကာကြယ္နည္း အသိပညာေဟာေျပာေပးျခင္း ေဆာင္ရြက္ေနစဥ္ လြယ္ဝပ္ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ႏွင့္ ရဲတပ္ဖြဲ႔ ၂ ဦး တို႔က ကားျဖင့္လာၿပီး၊ ခြင့္ျပဳခ်က္မရရွိပါက ကိုဗစ္-၁၉ ႀကိဳတင္ကာကြယ္ေရးလုပ္ေဆာင္ျခင္း မျပဳရန္ တားျမစ္ ပိတ္ပင္ခဲ့ေၾကာင္း RCSS/SSA ၏သတင္းမီဒီယာ ဝက္ဆိုဒ္တြင္ ေရးသားေဖာ္ျပထားသည္။ ထို႔အျပင္ အမိန္႔မရပါက ထို ေနရာတြင္ ကိုဗစ္ -၁၉ ႀကိဳတင္ကာကြယ္ေရး လုပ္ငန္းစဥ္မ်ား ေဆာင္ရြက္ျခင္းမျပဳရန္ ႏွင့္ ျပန္လည္ဆုတ္ခြာေပးရန္ ေျပာဆို ၿခိမ္းေျခာက္ခဲ့ရာ RCSS/SSA ၏ က်န္းမာေရးဝန္ထမ္းမ်ားသည္ ထိုေနရာမွ ျပန္လည္ဆုတ္ခြာေပးခဲ့ရေျကာင္းလည္း RCSS/SSA ၏ ဝက္ဆိုဒ္တြင္ ေဖာ္ျပထားသည္။

ဇြန္ ၁၆ ရက္ေန႔တြင္ ကိုဗစ္-၁၉ ကာလအတြင္း ထိန္းခ်ဳပ္ေရး ၊ကုသေရး ႏွင့္ ပတ္သတ္ၿပီး RCSS/SSA ႏွင့္ အစိုးရအဖြဲ႔တို႔ သည္ Vedio Conferencing အစည္းအေဝး ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။ လြန္ခဲ့သည့္ ဧၿပီလ ၇ ရက္ တြင္လည္း သွ်မ္းျပည္ ေတာင္ပိုင္း မိုင္းပန္ၿမိဳ႕နယ္ တြင္ RCSS/SSA ၏ ေဆးဝန္ထမ္းမ်ားကို အစိုးရတပ္မေတာ္က တားျမစ္ခဲ့ၿပီး၊ RCSS/SSA ၏ ေထာက္ပံ့မႈကို ယူပါက ေဒသခံျပည္သူမ်ားကို ဖမ္းဆီးအေရးယူမည္ဟုလည္း ၿခိမ္းေျခာက္ခဲ့ေၾကာင္းသိရသည္။ https://bu rmese.shannews.org/archives/17173

***************

၁၄။ ေက်ာက္ျဖဴတြင္ ေထြအုပ္ဝန္ထမ္း ၁ ဦးအသတ္ခံရ
June 18, 2020

ရခိုင္ျပည္နယ္ ေက်ာက္ျဖဴၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနမွ စာေရးဝန္ထမ္းျဖစ္သူ အသက္ ၄၀ ႏွစ္ခန္႔ရွိ ဦးစိုးမင္း မွာ အမည္မသိ လူတစုက ေခၚေဆာင္သြားၿပီးေနာက္ အသတ္ခံရေၾကာင္း ရဲတပ္ဖြဲ႔က အတည္ျပဳေျပာၾကားသည္။

ေက်ာက္ျဖဴၿမိဳ႕မ စခန္းမွဴး ဒုရဲမွဴး ေက်ာ္ေဇာက “က်ေနာ္တို႔ ဇြန္လ ၁၇ ရက္ေန႔ မနက္ပိုင္းမွာ ေတာင္ရွည္ေက်းရြာသို႔ သြားတဲ့ ကားလမ္းမေဘးမွာ လူတေယာက္ ေသေနတယ္ဆိုတာ သတင္းရလို႔ သြားၾကည့္တယ္။ ဘယ္သူ၊ ဘယ္ဝါ ျဖစ္တယ္ဆိုတာ ေဆးရံုပို႔ၿပီး စစ္ေဆးတဲ့အခါ စိုင္ၿခံဳေက်းရြာက ေထြအုပ္စာေရး ကိုစိုးမင္းထြန္း ျဖစ္တယ္ဆိုတာ သိရတာ”ဟု ဧရာဝတီသို႔ ေျပာသည္။ အသတ္ခံရသူ ဦးစိုးမင္းထြန္းမွာ ေက်ာက္ျဖဴၿမိဳ႕နယ္ စိုင္ၿခံဳေက်းရြာမွ ရပ္/ေက်း စာေရးတဦး ျဖစ္ၿပီး ဇြန္လ ၁၆ ရက္ေန႔ ညေနပိုင္းက မိသားစုႏွင့္အတူ ေနအိမ္၌ အိပ္ေနစဥ္ အမည္မသိ လူတစုမွ ေခၚေဆာင္သြားၿပီး ေနာက္ေန႔ နံနက္ ေလယာဥ္ကြင္း အနီးရွိေတာင္ရွည္ေက်းရြာသြားသည့္ ကားလမ္းေဘးတြင္ ၎၏ အေလာင္းအား ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႔က ဆိုသည္။

“သူ႔မိန္းမက ေျပာတာ အဲဒီည ၁၂ နာရီေလာက္မွာ အမည္မသိ လူတစု ေရာက္လာၿပီး အတင္းအဓမၼ ဖမ္းေခၚသြား တယ္လို႔ ေျပာတယ္။ ေနာက္ေန႔ မနက္မွာ ဒဏ္ရာနဲ႔ သူ႔အေလာင္းေတြ႔တာ”ဟု စခန္းမွဴး ဒုရဲမွဴး ေက်ာ္ေဇာက ဆက္လက္ ေျပာၾကားသည္။ အသတ္ခံရသည့္ ဦးစိုးမင္းထြန္း၏ အေလာင္းအား စစ္ေဆးရာ ဦးေခါင္း၊ ဝမ္းဗိုက္၊ ဝဲဘက္ လက္ဖ်ံတို႔တြင္ ညိဳမဲ ဒဏ္ရာအသီးသီး ရရွိခဲ့ၿပီးေသဆံုးခဲ့ျခင္းျဖစ္ေၾကာင္း ေက်ာက္ျဖဴၿမိဳ႕မရဲစခန္းမွသိရသည္။ အသတ္ခံရသည့္ အေၾကာင္း ရင္းႏွင့္က်ဴးလြန္သည့္တရားခံမ်ားကို ရဲတပ္ဖြဲ႔မွ ယခုတိုင္ဖမ္းဆီးႏိုင္ျခင္း မရွိေသးေပ။ အဆိုပါ ေသဆံုးမႈႏွင့္ ပတ္သက္ၿပီး ဦးစိုးမင္းထြန္း၏ ဇနီးျဖစ္သူ ေဒၚမေဝသန္းက တရားလိုလုပ္ တိုင္တန္းၿပီး ေက်ာက္ျဖဴၿမိဳ႕မ ရဲစခန္းတြင္ ပ/၂၁၅ / ၂၀၂၀ ၊ ရာဇသတ္ႀကီး ပုဒ္မ ၃၀၂ / ၄၃ တို႔ျဖင့္ အမႈဖြင့္ကာ တရားခံဖမ္းဆီးႏိုင္ေရး ရွာေဖြစံုစမ္းလွ်က္ ရွိေၾကာင္းသိရသည္။ https:/ /burma.irrawaddy.com/news/2020/06/18/224902.html

**************

၁၅။ လားရိႈးၿမိဳ႕နယ္အတြင္း ပုတ္ပြေနသည့္ အမ်ိဳးသမီးအေလာင္း ၂ ေလာင္းေတြ႔
June 16, 2020

သွ်မ္းျပည္ ေျမာက္ပိုင္း လားရိႈးၿမိဳ႕နယ္ မတ္ခ်ီႏူရြာ အနီးတြင္ ပုတ္ပြေနသည့္ အမ်ိဳးသမီး ရုပ္အေလာင္း (၂)ေလာင္းကို ယေန႔ မနက္ပိုင္းက ေတြ႔ရွိေၾကာင္း စံုစမ္းသိရသည္။

အဆိုပါ အမ်ိဳးသမီး အေလာင္း ၂ ေလာင္း သည္ လားရိႈးၿမိဳ႕နယ္ တာပံုေက်းရြာအုပ္စု မတ္ခ်ီႏူ ရြာသြားလမ္းေဘးရွိၿခံဳ တခုထဲ တြင္း ေတြ႔ရွိေၾကာင္း၊ ေသဆံုးသူမ်ား၏အေလာင္းမွာ ပုတ္ပြေနၿပီျဖစ္သျဖင့္ မည္သူမည္ဝါျဖစ္ေၾကာင္း ေသခ်ာမသိရွိရ ေၾကာင္း လားရိႈးလူငယ္မ်ားလူမႈကူညီေရးအဖြဲ႔မွ စိုင္းဝသုန္ထြန္း က သွ်မ္းသံေတာ္ဆင့္ ကို ေျပာသည္။

“ဘာေၾကာင့္ အသတ္ခံရတယ္ဆိုတာကိုေတာ့ ေသခ်ာမသိရေသးဘူး။ ေနာက္ အေလာင္းက ပုတ္ပြၿပီး နံေနေတာ့ ဒဏ္ရာရထားတာလား ဆိုတာလည္း က်ေနာ္တို႔ ေသခ်ာမသိရဘူး” ဟု စိုင္းဝသုန္ထြန္း က ေျပာသည္။

အမ်ိဳးသမီး ၂ ဦး၏ အေလာင္းအား သြားေရာက္သယ္ေဆာင္ရသည့္လမ္းသည္ မိုးရြာထားသျဖင့္ သြားလာရလြန္စြာ ခက္ခဲ ေၾကာင္း၊ ေရာက္ရွိသြားသည့္ အခ်ိန္တြင္ အမ်ိဳးသမီး ၂ ဦး၏ ရုပ္အေလာင္းသည္ ညိဳပုတ္ပ်က္စီးေနေၾကာင္း၊ အသက္အရြယ္ အရ အသက္ ၄၀ ေက်ာ္ ႏွင့္ ၅၀ ဝန္းက်င္ခန္႔ရွိၾကေၾကာင္း၊ လက္ရွိမွာ လားရိႈးၿမိဳ႕ ရင္ခြဲရံုကို ပို႔ေဆာင္ထားေၾကာင္း သိရ သည္။ ထို ပုတ္ပြေနသည့္ အမ်ိဳးသမီး ၂ ဦးသည္ ညဝတ္စံု ဝမ္းဆက္ ဝတ္ဆင္ထားၿပီး၊ အမ်ိဳးသမီး ၂ ဦး လက္ကို ေနာက္ ျပန္ ႀကိဳးတုတ္ထားသည့္ အေနအထားႏွင့္ ၿခံဳပုတ္ထဲသို႔ စြန္႔ပစ္ထားသည့္ အေလာင္းျဖစ္သည္ဟု သိရသည္။ သွ်မ္းျပည္ ေျမာက္ပိုင္း လားရိႈးၿမိဳ႕နယ္အတြင္း ယခုရက္ပိုင္းလုယက္မႈမ်ားမၾကာခဏျဖစ္ပြားေၾကာင္းသိရသည္။ https://burmese. shannews.org/ar chives/17122

*************

၁၆။ ေရြးေကာက္ပြဲ ဝင္ၿပိဳင္လိုသူမ်ားအတြက္ ဆႏၵျပဳလႊာမ်ား KPP စတင္ေတာင္းယူ
June 18, 2020

ကရင္ျပည္သူ႔ပါတီ (KPP) က ေရြးေကာက္ပြဲဝင္ၿပိဳင္လိုသူမ်ားအတြက္ ဆႏၵျပဳလႊာမ်ားကို ဇြန္ ၁၈ ရက္ေန႔မွစ၍ စတင္ ေတာင္းယူေနၿပီးျဖစ္ေၾကာင္း ပါတီ ဒုဥကၠ႒ ေစာေစးဝါးက ေကအုိင္စီသို႔ ေျပာသည္။ ၎က “ ဒီေန႔က စေတာင္းလိုက္တယ္။ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ သူေတြရဲ႕ ဆႏၵျပဳလႊာ ေတာင္းထားတယ္။ ဝင္ၿပိဳင္ခ်င္တဲ့ ေနရာနဲ႔ ဝင္ၿပိဳင္မယ့္ သူေတြကိုေပါ့။ ဇြန္ ၃၀ ရက္ေန႔ အေရာက္ ပါတီဌာနခ်ဳပ္ကိုပို႔ေပးဖို႔ ေတာင္းထားတယ္” ဟု ေစာေစးဝါးက ေျပာသည္။

ကရင္ျပည္သူ႔ပါတီ အေနျဖင့္ လာမည့္ပါတီစံု အေထြေထြေရြးေကာက္ပြဲတြင္ ၎တို႔၏ အမာခံနယ္ေျမျဖစ္သည့္ ကရင္ျပည္ နယ္၊ သံေတာင္ႀကီးၿမိဳ႕နယ္ မဲဆႏၵနယ္ေျမမ်ားႏွင့္ ရန္ကုန္၊ ဧရာဝတီ၊ ပဲခူး၊ မြန္၊ တနသၤာရီရွိ မဲဆႏၵနယ္ေျမအခ်ိဳ႕တြင္ ဝင္ၿပိဳင္ ရန္ ျပင္ဆင္မႈမ်ားျပဳလုပ္ေနေၾကာင္း သိရသည္။

KPP အေနျဖင့္ ၂၀၁၀ ေရြးေကာက္ပြဲတြင္ ေျခာက္ေနရာ၊ ၂၀၁၅ ေရြးေကာက္ပြဲတြင္ တစ္ေနရာ အႏုိင္ရရွိခဲ့သလို ပါတီဝင္ အင္အား တစ္သိန္းေက်ာ္ရွိကာ ကရင္ပါတီမ်ားထဲတြင္ ေရြးေကာက္ပြဲႏွစ္ႀကိမ္ဆက္ ႏုိင္ဖူးသည့္ တစ္ခုတည္းေသာပါတီျဖစ္ သည္။ လာမည့္ ေရြးေကာက္ပြဲတြင္ ထပ္မံအႏုိင္ရေရးအတြက္ ကရင္လူငယ္မ်ား ဝိုင္းကူလုပ္ကိုင္ေပးေနေၾကာင္း KPP ႏွင့္ ကရင္လူငယ္မ်ားထံမွ သိရသည္။ http://kicnews.org/2020/06/%e1%80%b1%e1%80 %9b%e1% 80%bc%e1% 80%b8%e1%80%b1%e1%

*************

၁၇။ ျမန္မာအလံ ျဖဳတ္ခ်ခံခဲ့ရသည့္ ခ်င္းေရႊေဟာ္တြင္ နယ္နမိတ္ ျပန္တိုင္းဖို႔ တရုတ္နွင့္                  သေဘာတူညီမႈ ရ
June 17, 2020

ရွမ္းျပည္နယ္၊ ကိုးကန္႔ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ခ်င္းေရႊေဟာ္ၿမိဳ႕ရွိ တရုတ္-ျမန္မာ နယ္စပ္တြင္ လႊင့္ထူထားေသာ ျမန္မာ အလံတိုင္ကို တရုတ္နယ္ျခားေစာင့္တပ္က လက္နက္အျပည့္အစံုျဖင့္ လာေရာက္၍ ျဖဳတ္ခ်ခဲ့မႈျဖစ္ပြားခဲ့ၿပီးေနာက္ ၂ ႏိုင္ငံ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနတို႔၏ ညွိႏိႈင္းမႈျဖင့္ ယခုအခါ နယ္နမိတ္ေျမ ျပန္တိုင္းရန္ သေဘာတူညီမႈ ရရွိထားေၾကာင္း သတင္း ရရွိသည္။ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလက ကိုးကန္႔ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရေဒသ ခ်င္းေရႊေဟာ္ၿမိဳ႕ အမွတ္ ၂ ရပ္ကြက္ နယ္နိမိတ္ ေက်ာက္တိုင္ အမွတ္ BP- 144/3 ႏွင့္ BP-144/4 ၾကား ခန္႔မွန္းေျမပံုညႊန္း (MF-824965) ရွိ ႏွစ္ႏိုင္ငံ နယ္နိမိတ္မ်ဥ္းမွ (၄.၇) မီတာခန္႔အကြာတြင္ စိုက္ထူထားေသာ ျမန္မာႏိုင္ငံအလံတိုင္ေနရာသို႔ တရုတ္နယ္ျခားေစာင့္တပ္မွ ဝင္ေရာက္ဖ်က္ဆီးခဲ့ျခင္း ျဖစ္သည္။

“အဲဒီတုန္းက ႏိုင္ငံျခားေရး ဝန္ႀကီးဌာနကတဆင့္ တရုတ္သံအမတ္ႀကီးကို ကန္႔ကြက္တယ္။ အဲဒီကတဆင့္ သူတို႔က ႏိုင္ငံေတာ္ကို သတင္းပို႔တယ္။ အဲဒါၿပီးေတာ့ နယ္နမိတ္ကိစၥေတြ ေဆာင္ရြက္ေနပါၿပီ။ အိမ္နီးနားခ်င္းႏိုင္ငံလည္း ျဖစ္တယ္။ မိတ္ဝတ္မပ်က္ေအာင္ ေဆာင္ရြက္ရမယ္ဆိုတဲ့ ႏိုင္ငံေတာ္ရဲ႕ ညႊန္ၾကားခ်က္အရ နယ္နမိတ္ဆိုင္ရာ ကိစၥေတြကို ဥပေဒ၊ နည္းဥပေဒနဲ႔အညီပဲ ေျဖရွင္းပါတယ္”ဟု အစိုးရ အဖြဲ႔ရံုး ဝန္ႀကီးဌာန ဒုတိယ ဝန္ႀကီး ဦးတင္ျမင့္က ေျပာသည္။ ၎က“သူတို႔က တခါျပန္လာဖ်က္တယ္။ က်ေနာ္တို႔က သတ္မွတ္တယ္။ အဲလိုနဲ႔ ျဖစ္တဲ့အခါမွာ ၂ ႏိုင္ငံ ခ်စ္ၾကည္ေရးအတြက္ ရည္ ရြယ္ၿပီးေတာ့ သံတမန္နည္းလမ္းအရ ဒီလိုျဖစ္ေနတယ္။ ခင္ဗ်ားတို႔ တပ္ေတြ ျပန္ဆုတ္ပါဆိုၿပီး ၂ ဖက္ ညွိႏိႈင္းၿပီ ၂ ဖက္စလံုး ကတပ္ဖြဲ႔ေတြ ျပန္ဆုတ္သြားတယ္”ဟု ရွင္းျပသည္။ သို႔ေသာ္ မည္သည့္အခ်ိန္က စတင္ေဆာင္ရြက္သည္ ဆိုသည့္ အေသး စိတ္ေဆာင္ရြက္ခ်က္မ်ားကို မရွင္းျပႏိုင္ေသးေၾကာင္း၊ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ပိုသိ၊ ပိုေျပာႏိုင္မည္ ျဖစ္ေၾကာင္း ၎တို႔ က ေျပာသည္။

နယ္စပ္ျပႆနာမ်ားသည္ တရုတ္ႏွင့္သာမက အိႏၵိယ၊ ထိုင္းႏိုင္ငံတို႔ႏွင့္လည္း ျဖစ္ပြားလ်က္ရွိေၾကာင္း၊ သို႔ေသာ္ ျပႆနာ ျဖစ္ပြားတိုင္းတြင္ အိမ္နီးခ်င္းေကာင္း ပီသစြာ မိတ္ဝတ္မပ်က္ေစရန္ ပါးနပ္လိမၼာစြာ ကိုယ္တြယ္ေျဖရွင္း ေဆာင္ရြက္ရမည္ ျဖစ္ေၾကာင္း အစိုးရအဖြဲ႔ရံုး တာဝန္ရွိသူမ်ားက ေျပာသည္။

တရုတ္ – ျမန္မာ ႏွစ္ႏိုင္ငံ နယ္နိမိတ္အျငင္းပြားမႈမ်ားျဖစ္ေပၚပါက ေျဖရွင္းႏိုင္ေရးအတြက္ ျမန္မာ-တရုတ္ နယ္စပ္ေဒသမ်ား စီမံခန္႔ခြဲေရးႏွင့္ ပူးေပါင္းေဆာင္ရြက္ေရးဆိုင္ရာ သေဘာတူစာခ်ဳပ္ကို ၁၉၉၇ ခုႏွစ္တြင္ လက္မွတ္ေရးထိုးထားၾကေျကာင္း သိရသည္။ ထိုသေဘာတူစာခ်ဳပ္ပါ အေျခအေနမ်ားအပါအဝင္ လက္ရွိ ျမန္မာ – တရုတ္ နယ္စပ္အျငင္းပြားမႈမ်ား ေျဖရွင္း ႏိုင္ေရးအတြက္ ေဆာင္ရြက္မည့္ ကိစၥမ်ားကို တရုတ္ႏိုင္ငံႏွင့္ ဆက္လက္ ေဆြးေႏြးေနသလို နယ္စပ္ အျငင္းပြားမႈမ်ား ထပ္မံ မျဖစ္ေပၚလာေရးအတြက္ ပူးတြဲရည္မွန္းခ်က္တခုကို ေဖာ္ေဆာင္ရန္လည္း ျမန္မာအစိုးရက ႀကိဳးပမ္းခဲ့ျခင္း ျဖစ္သည္။ https://.irrawaddy.com/news/2020/0 6/17/224755.html

*************

၁၈။ မူးယစ္သံသယ တပ္ရင္းမွဴးကို ရဲထံအစစ္ခံရန္ အစိုးရအသိေပးမႈ DKBA မတံု႔ျပန္
June 18, 2020

က်ပ္ ၄၀ ဘီလီယံေက်ာ္ တန္ဖိုးရွိ ICE မူးယစ္ေဆးဝါးမႈတြင္ သံသယရွိသူ အမွတ္ ၉၀၃ တပ္ရင္းမွဴး ဒုတိယ ဗိုလ္မွဴးႀကီး ေစာေအဝမ္းအား ရဲတပ္ဖြဲ႔ထံေစလႊတ္ေပးရန္ အစိုးရ၏ အေၾကာင္းၾကားမႈကို ကလိုထူးေဘာတပ္ဖြဲ႔- KKO (ယခင္ DKBA) ဘက္က တပတ္ေက်ာ္အထိ တံု႕ျပန္မႈမရွိေသးေၾကာင္း တာဝန္ရွိသူမ်ားကေျပာသည္။ ရွမ္းျပည္နယ္၊ လြိဳင္လင္ၿမိဳ႕နယ္၊ ေတာင္ႀကီး-လြိဳင္လင္ ကားလမ္းေပၚတြင္ ေမလ ၂၄ ရက္ေန႔က ICE မူးယစ္ေဆး ၁၆၁၅ ကီလိုႏွင့္ ဖမ္းမိသူမ်ားအား စစ္ေဆး ခ်က္အရ ဒုဗိုလ္မွဴးႀကီ းေစာေအဝမ္းအေနျဖင့္ သယ္ေဆာင္ေရာင္းဝယ္မႈမ်ားတြင္ ပတ္သက္ေၾကာင္း သိရွိရသျဖင့္ ၎အား ဥပေဒ ႏွင့္အညီ စစ္ေဆးႏိုင္ရန္ ရဲတပ္ဖြဲ႔ထံသို႔ အျမန္ဆံုးေစလႊတ္ေပးရန္ ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ကိုယ္စား လံုၿခံဳေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မွဴးႀကီး မ်ိဳးမင္းေနာင္က လက္မွတ္ေရးထိုးကာ ဇြန္လ ၈ ရက္ေန႔ရက္စြဲျဖင့္ DKBA ထံ အေၾကာင္း ၾကားခဲ့ျခင္းျဖစ္သည္။

DKBA ဘားအံၿမိဳ႕နယ္၊ ဆက္ဆံေရးရံုးတာဝန္ခံ ဗိုလ္မွဴး စိုးမိုး က “စာကို ၉ ရက္ေန႔က လက္ခံရရွိေတာ့ ဌာနခ်ဳပ္ကို ဆက္ လက္ေပးပို႔ခဲ့ပါတယ္၊ ခုထိေတာ့ က်ေနာ့္ဆီကိုလဲ ဘာမွျပန္လည္ ညႊန္ၾကားလာတာမရွိေသးဘူး၊ လံု/နယ္ ဝန္ႀကီး ဘက္ကို လည္း ျပန္လည္အေၾကာင္းၾကားတာ မရွိေသးဘူးသိရပါတယ္”ဟု ဧရာဝတီသို႔ေျပာသည္။ ဒုဗိုလ္မွဴးႀကီး ေစာေအဝမ္းႏွင့္ ပတ္သက္မႈရွိေၾကာင္း ေျပာဆိုထားသည့္ မူးယစ္ေဆးဝါးအမႈမွ ဖမ္းမိထားသူမ်ား၏ ထြက္ဆိုခ်က္အရ ေမလ ၂၉ ရက္ေန႔က လည္း ကေလာၿမိဳ႕နယ္၊ ေအာင္ပန္းၿမိဳ႕၊ ေတာင္ႀကီး-ကေလာ ကားလမ္းမေဘးတြင္ ရပ္တန္႔ထားသည့္ ၁၂ ဘီးယာဥ္ တစီး အား ေတြ႔ရွိခဲ့ၿပီး ေဇာ္မင္းေထြး(ခ)က်ားေပါက္ ဆိုသူႏွင့္အတူ ယာဥ္ေပၚမွ ICE မူးယစ္ေဆး ၁၅၃၄ ကီလိုအား ထပ္မံဖမ္းမိခဲ့ ေၾကာင္း ျမန္မာႏိုင္ငံ မူးယစ္ေဆးဝါ တားဆီးနိမ္ႏွင္းေရး ရဲတပ္ဖြဲ႔က ထုတ္ျပန္ထားသည္။

ဒုဗိုလ္မွဴးႀကီး ေစာေအဝမ္းအား ရဲတပ္ဖြဲ႔ထံ ေစလႊတ္ေပးထားျခင္းရွိမရွိ ကရင္ျပည္နယ္ရဲတပ္ဖြဲ႔မွဴးရံုး၊ ေကာ့ကရိတ္ခရိုင္ ရဲတပ္ဖြဲ႔မွဴးရံုးႏွင့္ ကရင္ျပည္နယ္ လူဝင္မႈႀကီးၾကပ္ေရး ဝန္ႀကီးတို႔ထံ ဆက္သြယ္ေမးျမန္းခဲ့ရာတြင္ စစ္ေဆးခံရန္ ေစလႊတ္ေပး သည္ဟု မၾကားရေသးေၾကာင္း ေျပာၾကသည္။ ဗိုလ္မွဴးေစာဖားဘလဲ့က “ဒါက လူႀကီးေတြ ကိုင္တြယ္ေနတဲ့ကိစၥျဖစ္ေတာ့ က်ေနာ္တို႔ကို ဘာမွညြန္ၾကားတာေတာ့ မရွိေသးဘူး၊ ဒီလိုစြပ္စြဲတာအတြက္ သူတို႔က က်ေနာ္တို႔ကို ဘယ္လိုသေဘာထား လဲေတာ့ မသိဘူးေပါ့၊ က်ေနာ္တို႔က NCA ထိုးထားတဲ့အတြက္ လူႀကီးေတြကေတာ့ ထိန္းထိန္းသိမ္းသိမ္း ေဆာင္ရြက္ေန တယ္လို႔ ထင္ပါတယ္၊ အဖြဲ႔အစည္းအေနနဲ႔လည္း မူးယစ္ေဆးဝါးတိုက္ဖ်က္ေရးကို ေဆာင္ရြက္ေနပါတယ္” ဟု ေျပာသည္။

ကလိုထူးေဘာတပ္ဖြဲ႔- KKO (ယခင္ DKBA)သည္ တႏိုင္ငံလံုးဆိုင္ရာ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) လက္မွတ္ေရးထိုးထားသည့္အဖြဲ႔ျဖစ္ၿပီး ယခုျဖစ္စဥ္သည္ မူးယစ္ေဆးဝါး တားဆီးနိမ္ႏွင္းေရး ရဲတပ္ဖြဲ႔မွ ဖမ္းမိထားသူမ်ား စစ္ေဆးေပၚေပါက္ခ်က္အရ ေစာေအဝမ္း အေနျဖင့္ ပါဝင္ပတ္သက္ေနေၾကာင္း သံသယရွိသည့္အတြက္ ဥပေဒအရ စစ္ေဆးႏိုင္ရန္ DKBA တပ္ဖြဲ႔ထံသို႔ အေၾကာင္းထားျခင္းျဖစ္ၿပီး တပ္မေတာ္ႏွင့္ တိုက္ရိုက္ပတ္သက္မႈမရွိေၾကာင္း တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႔မွ ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာထားသည္။ https://burma.irrawaddy.com/news/202 0/ 06/18/224910.html

*************

၁၉။ တာေလာႀကီးေက်းရြာ ႏွစ္ရွည္ပင္စိုက္ပ်ိဳးေျမေနရာ ဖ်က္စီးခံရမႈ ျပည္နယ္အစိုးရ စုံစမ္းေန
June 17, 2020

ကခ်င္ျပည္နယ္ တာေလာႀကီးေက်းရြာရွိ ေဒသခံမ်ား၏ ႏွစ္ရွည္ပင္စိုက္ပ်ိဳးထားသည့္ေျမေနရာတြင္ ခြင့္ျပဳခ်က္မရွိဘဲ ဝင္ ေရာက္လုပ္ကိုင္ေနျခင္းကို စီစစ္ေတြ႕ရွိပါက ဥပေဒအရ အေရးယူသြားမည္ျဖစ္ေၾကာင္း သယံဇာတဝန္ႀကီး က ေျပာသည္။

လက္ရွိ တာေလာႀကီးေက်းရြာ အစိုးရ၏သစ္ေတာႀကိဳးဝိုင္းအနားရွိေဒသခံမ်ား ႏွစ္ရွည္ပင္မ်ား စိုက္ပ်ိဳးထားသည့္ ေျမေနရာ တြင္ ဦးညႊန႔္ေအာင္ကုမၼဏီမွ တစ္သၽွဴးငွက္ေပ်ာစိုက္ရန္ ဘတ္ဖိုးျဖင့္လိုက္လံထိုးထားသည့္အတြက္ အဆိုပါကိစၥအား တာဝန္ ယူ ေျဖရွင္းေပးရန္တိုင္ၾကားမွုရွိလာသည့္အတြက္ ဇြန္လ ၁၇ ရက္ေန႔မွစကာ ကြင္းဆင္းစစ္ေဆးထားၿပီ ျဖစ္ေၾကာင္း ကခ်င္ ျပည္နယ္ သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး ဝန္ႀကီး ဦးဒရွီလဆိုင္းက ေျပာသည္။“မေန႔က စုံစမ္းစစ္ေဆး ခိုင္းလိုက္တယ္ဆိုတာက ဦးညႊန႔္ေအာင္က ဘယ္သူ႔ရဲ႕ခြင့္ျပဳမိန႔္နဲ႔ ဘယ္သူကလုပ္ေဆာင္ခိုင္းလို႔ဆိုတဲ့ဟာကို တစ္ခုၿပီးတစ္ခု စီ စစ္ရမွာျဖစ္တယ္။ ရြာသားေတြက လုပ္ခိုင္းတာလား၊ သို႔မဟုတ္ ဘယ္အဖြဲ႕စည္းက လုပ္ခိုင္းတာလဲဆိုတာကို စီစစ္တဲ့ခါမွာ အေျဖတစ္ခုကရလာမွာပါ။ စီစစ္လို႔ ဘယ္သူ႔ခြင့္ျပဳမိန႔္လဲမရွိဘူးဆိုရင္ လုပ္ငန္းကိုလည္းရပ္တန္းကရပ္ရမယ္။ လိုအပ္ရင္ အေရးယူတဲ့ထိပါ ေဆာင္ရြက္မွာျဖစ္တယ္။” ဟု ေျပာသည္။

ကခ်င္ျပည္နယ္ တ႐ုတ္တစ္သၽွဴးငွက္ေပ်ာစိုက္ပ်ိဳးသည္ကုမၸဏီ ၃၀ ေက်ာ္ရွိေသာ္လည္း အစိုးရတြင္တရားဝင္မွတ္ပုံတင္ထား သည့္ ကခ်င္စတားကုမၼဏီတစ္ခုသာရွိသည္ဟု ဆိုသည္။

“ဘတ္ဖိုးနဲ႔ထိုးေနတာ တစ္လေလာက္ရွိေနၿပီ။ ထိုးတိုင္းလည္း သြားတားတယ္။ အဲေနရာနဲ႔ ရြာႏွင့္က်ေတာ့ မနက္သြား ည ျပန္လုပ္ၾကတယ္။ ဦးညႊန႔္ေအာင္ကုမၼဏီဘတ္ဖိုးထိုးတဲ့လူက်ေတာ့ အဲေတာမွာကိုေနၿပီး ထိုးေနၾကတဲ့ခ်ိန္က်ေတာ့ က်ေနာ္တို႔ သြားတားတဲ့ခ်ိန္မ်ိဳးေတာ့ မလုပ္ဘူး။ က်ေနာ္တို႔မျမင္ရင္ ျပန္ထိုးၾကတာ ခုတစ္လေလာက္ရွိၿပီ။ ၿပီးလည္းၿပီးခါးနီးေနၾကၿပီ။ လုပ္ပိုင္ခြင့္ရွိရင္ အေထာက္ထားျပပါဆို မျပနိုင္ဘူး။ ကၽြန္းစိုက္ထားတဲ့ေတာင္သူေတြမွာက ေျပစာရွိပါတယ္။ အဲေနရာ ပတ္လည္မွာ လည္း အက်ယ္ ၇ေပ အနံ ၇ေပေလာက္ရွိတယ္။ ေဒသခံေတြ အဲေတာထဲကို သြားဖို႔လာဖို႔ ကၽႊဲ ႏြား ေတြ ထည့္ ဖို႔လည္း ဘာမွအဆင္မေျပေတာ့ဘူး” ဟု တာေလာႀကီးေက်းရြာမွ ဦးေအာင္ေက်ာ္ထြန္းကေျပာသည္။

“က်ေနာ္တို႔အေနနဲ႔ သက္ဆိုင္ရာဌာနေတြကို တိုင္တာ ၃ ႀကိမ္ရွိၿပီ။ သက္ဆိုင္ရာကလည္း မလုပ္ေသးဘဲ ရပ္ထားဖို႔ တားျမစ္ထားတယ္လို႔သိရ တယ္။ ဒါေပမယ့္ သူတို႔က ဆက္လုပ္ေနေသးတုန္းဘဲ ဒီေန႔နဲ႔ မေန႔ကေတာ့ ေတာအုပ္ကိုယ္တိုင္ သြားေရာက္ကြင္းဆင္း ေနၿပီျဖစ္တဲ့တြက္ လုပ္တာမေတြ႕ဘူး။ က်ေနာ္တို႔အေနနဲ႔လည္း ေရာင္းထားတာေတြ ငွားထားတာ ေတြလည္း မရိွပါဘူး” ဟု ေဒသခံတစ္ဦးက ေျပာသည္။

ကခ်င္ျပည္နယ္တြင္ တ႐ုတ္တစ္သၽွဴးငွက္ေပ်ာစိုက္ထားသည့္ ေျမဧက ၁သိန္းေက်ာ္ရွိေနၿပီး တစ္သၽွဴးငွက္ေပ်ာစိုက္သည့္ လုပ္ငန္းရွင္မ်ားႏွင့္ အလုပ္သမားမ်ားၾကားအျပင္ သစ္ေတာႀကိဳးဝိုင္း၊ ေဒသခံမ်ားပိုင္ေျမစသည့္ ေျမယာျပသာနာအပါအဝင္ ျပႆနာမ်ားအားလုံးအား ထိထိေရာက္ေရာက္ ကိုင္သြယ္မည္ဆိုပါက လယ္ယာေျမဝန္ႀကီးဌာန၏ လုပ္ထုံးလုပ္နည္း စံ သတ္မွတ္ခ်က္ (SOP) ထြက္ရွိမွသာ အဆင္ေျပႏိုင္မည္ျဖစ္ေၾကာင္း ကခ်င္ျပည္နယ္ လူဝင္မူႀကီးၾကပ္ေရးနဲ႔ လူ႔စြမ္းအား ဝန္ႀကီး ဦးေဇာ္ဝင္းက သုံးသပ္ေျပာဆိုခဲ့သည္။ https://burmese.kachin news.com/2020/06/17/%e1%80%90%e1%80%ac%e1%80%9c%e1%80%b1%e

**************

၂၀။ ေခါႏူးစုမ္ အမ်ိုးသားဥယ်ာဥ္တြင္ အိမ္ေမြး တိရိစာၦန္မ်ား စည္းကမ္းမဲ့ လႊတ္ျခင္းကို အေရး            ယူေပးရန္ ေတာင္းဆို
June 16, 2020

ေခါႏူးစုမ္ အမ်ိဳးသားဥယ်ာဥ္ ဧရိယာအတြင္း အိမ္ေမြး တိရိစာၦန္မ်ား စည္းကမ္းမဲ့ လႊတ္ျခင္းတို႔ကို ထိထိေရာက္ေရာက္ အေရး ယူေပးရန္ အဆိုပါဥယ်ာဥ္အနီးတစ္ဝိုက္တြင္ ေနထိုင္သည့္ ေဒသခံအခ်ိဳ႕က ေတာင္းဆိုေၾကာင္း သိရသည္။

လူထုအေျချပဳ ခရီးသြားလုပ္ငန္း လုပ္ကိုင္ေနသူ ဆလိုင္းေယာဟာမာန္ က “က်ေတာ္တို႔ ေဘာင္ေက်းရြာရဲ့ အိမ္ေထာင္စု လူဦးေရစာရင္းမွာ မပါဝင္တဲ့ လူေတြက ေနာင္တစ္ခ်ိန္ သဘာဝပတ္ဝန္းက်င္ကို ျပစားမဲ့ေနရာေတြမွာ တရားမဝင္ ဆိတ္ေတြ လႊတ္တာတို႔ ေဘာင္ေက်းရြာလူေတြ အားလံုးေသာက္သံုးေနတဲ့ ေရစမ္းဦးမွာ အိမ္ေတြေဆာက္လုပ္ၿပီး အမိႈက္ေတြကို စည္းကမ္းမဲ့ စြန္႔ပစ္တာေတြရွိတယ္။ အဲဒါေတြကို ထိထိေရာက္ေရာက္ အေရးယူေပး ေစခ်င္ေနၾကတယ္ ေဒသခံေတြက လည္း”ဟု ေျပာသည္။

အမ်ိဳးသားဥယ်ာဥ္ တာဝန္ရွိသူမ်ားအေနျဖင့္လည္း စည္းကမ္းမဲ့ အိမ္ေမြးတိရိစာၦန္မ်ား ဥယ်ာဥ္အတြင္း ေစလႊတ္ျခင္းအေပၚ အေရးေဆာင္ရြက္မႈ မလုပ္တာမဟုတ္ပဲ ဥယ်ာဥ္ဝန္ထမ္းမ်ားလည္း လံုေလာက္မႈမရွိသျဖင့္ လက္လွမ္းမမီျခင္းျဖစ္ေၾကာင္း ျမန္မာႏိုင္ငံႏွင့္ ဥေရာပ သမဂၢအဖြဲ႔တို႔ ပူးေပါင္းေဆာင္ရြက္ေနသည့္ သစ္ေတာ စိုးမိုးေရး၊ သစ္ေတာစီမံအုပ္ခ်ဳပ္ေရးႏွင့္ သစ္ေတာတရားဝင္ ကုန္သြယ္မႈျပဳလုပ္ေရးဆိုင္ရာ ညႊန္ေပါင္းအဖြဲ႔မွ ဦးရွိန္းေဂငိုင္းကေျပာသည္။ ဦးရွိန္းေဂငိုင္းက “မတူပီ၊ မင္းတပ္၊ ကန္ပက္လက္ သံုးၿမိဳ႕နယ္ဆိုေတာ့ ကြင္းဆင္းဝန္ထမ္းက နည္းလို႔ျဖစ္တယ္။ ဒီကိစၥေတြကို သိရင္ တရားဥပေဒ အတိုင္း အေရးယူမွာျဖစ္တယ္။ အိမ္ေမြးတိရိစာၦန္ေတြ လႊတ္ေၾကာင္းခြင့္လည္း လံုးဝမရွိဘူး”ဟုေျပာသည္။

ေခါႏူးစုမ္အမ်ိဳးသားဥယ်ာဉ္သည္ ကန္ပက္လက္တြင္ တည္ရွိၿပီး အာဆီယံတြင္ ေျမသားေတာင္အျမင့္ဆံုးစာရင္းတြင္ ပါဝင္ သကဲ့သို႔ ျမန္မာႏိုင္ငံတြင္လည္း ဒုတိယအျမင့္ဆံုးျဖစ္သည္။ ပြင့္လင္းရာသီမ်ားတြင္ ျပည္တြင္းခရီးသည္မ်ားကို အဓိက ဆြဲေဆာင္သည့္ ခ်င္းျပည္နယ္၏ အထင္ကရေနရာလည္း ျဖစ္သည္။ https://www.bnionline.net/mm/news-73524

***************

၂၁။ ဂ်ပန္စ္က်န္ပစၥည္း စမ္းသပ္တူးေဖာ္ခဲ့ၿပီးေနာက္ ခ်န္ထားရွိေသာ ေရကန္တြင္ ၄ ေလာင္း           ၿပိဳင္ ေရနစ္ေသဆံုး
June 18, 2020

သံျဖဴဇရပ္ၿမိဳ႕ မိန္ဗလာေတာင္၌ ကုမၸဏီတစ္ခုမွ ဂ်ပန္စစ္က်န္ပစၥည္းစမ္းသပ္တူးေဖာ္ခဲ့ၿပီးေနာက္ မူလအတိုင္းျပန္လည္ ျပင္ဆင္ျခင္းမရွိေသာေၾကာင့္ ခ်န္ထားရွိေသာေရကန္တြင္ ယမန္ေန႔ညေနပိုင္းက အမ်ိဳးသမီးႏွင့္ မိန္းခေလး ၄ ေလာင္းၿပိဳင္ ေရနစ္ေသဆံုးခဲ့ေၾကာင္း ေဒသခံမ်ားထံမွသတင္းရရွိသည္။

အဆိုပါ မိန္ဗလာေတာင္ေျခရွိ ဂရုဏာဘုန္းႀကီးေက်ာင္း ကပၸိယအမ်ိဳးသမီးႀကီးတစ္ဦးႏွင့္ မြန္စာေပလာေရာက္သင္ၾကား ေနေသာ ေက်ာင္းသူမိန္းခေလး ၃ ဦးတို႔သည္ ေက်ာင္းေဝရာဝစၥေဆာင္ရြက္အၿပီး ေျခလက္သန္႔စင္ရန္ ေရကန္သို႔ သြား ေရာက္ရာမွ ေရနစ္ေသဆံုးလ်က္ေတြ႔ရွိခဲ့ရျခင္း ျဖစ္သည္။ ကပၸိယ ေဒၚခင္ (၆၆) ႏွစ္ႏွင့္ ၎၏ ေဆြမ်ိဳးသားခ်င္းမ်ားျဖစ္ၾက ေသာ မိန္ဗလာေတာင္အနီးရွိ ပငေက်းရြာမွ မေအးသီရိစံ (၁၂) နွစ္၊ မေရႊပန္း (၁၂)ႏွစ္၊ မမိုးသဇင္ (၁၁) ႏွစ္တို႔ (၄) ဦးတို႔ အေလာင္းမ်ားအား ရဲစခန္းမွလာေရာက္ဆည္ယူ၍ သံျဖဴဇရပ္ၿမိဳ႕နယ္ေဆးရံုႀကီးသို႔ ဇြန္လ ၁၇ ရက္၊ ည ၈ နာရီအခ်ိန္တြင္ ပို႔ေဆာင္ခဲ့ေၾကာင္း ရဲေၾကးနန္းစာမိတၱဴအရ သိရသည္။ မိန္ဗလာေတာင္အနီး ေအာင္ကုသိုလ္ရပ္ကြက္ေနထိုင္သူ လင္းလင္းခိုင္က “မိန္ဗလာေတာင္လူေသမႈနဲ႔ပတ္သက္ၿပီး သံျဖဴဇရပ္ၿမိဳ႕က ရဲစခန္း ေၾကးနန္းစာကိုဖတ္လိုက္မွ ေရတြင္းပ်က္ ဆိုတာ ခုမွသိလိုက္ရတယ္၊ သူခိုးေတြက ေရကန္တူးသြားၾကတယ္၊ ရဲ ေတြက ေရတြင္းပ်က္လို႔ေျပာတာ ဟုတ္ေနတာပဲ စည္းဝါးကိုက္ေနတာပဲ” ဟု ၎၏ Facebook တြင္ မွတ္ခ်က္ျပဳထားသည္။

ရဲေၾကးနန္းစာေဖာ္ျပခ်က္တြင္ အဆိုပါ ဘုန္းႀကီးေက်ာင္းႏွင့္ ၁ ဖာလံုခန္႔အကြာအေဝးရွိ မိန္ဗလာေတာင္အနီး Myanmar Eagle Co;Ltd. မွ တူးေဖာ္ထားရွိေသာ ေရတြင္းပ်က္အတြင္း၌ ေသဆံုးလွ်က္ေတြ႔ရွိရေၾကာင္း၊ ၎တို႔ ၄ ဦးေသဆံုးရျခင္းမွာ ဓမၼတာအတိုင္းဟုတ္မဟုတ္ အမႈမွန္ေပၚေပါက္ႏိုင္ေရး ေသမႈေသခင္းဖြင့္ ေဆာင္ရြက္ထားေၾကာင္း ေတြ႔ရွိရသည္။ Royal Eagle Myanmar Development Group Co., Ltd အား ခြင့္ျပဳခဲ့သည့္ ကနဦးစူးစမ္းေလ့လာခြင့္ကို ပိတ္သိမ္းရန္၊ ေျမျပင္ တြင္ ေဆာင္ရြက္ထားရွိမႈမ်ားအား မူလအတိုင္းျဖစ္ေအာင္ ျပန္လည္ေဆာင္ရြက္ရန္ႏွင့္ သဘာဝပတ္ဝန္းက်င္ ထိခိုက္ ပ်က္စီး မႈအတြက္ သစ္ပင္မ်ားျပန္လည္စိုက္ပ်ိဳးသြားရန္ မြန္ျပည္နယ္အစိုးရအဖြဲ႔မွ သက္ဆိုင္ရာကုမၸဏီသို႔ အေၾကာင္းၾကား ထားၿပီး ျဖစ္ပါေၾကာင္း ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလအတြင္း က်င္းပသည့္ ၁၅ ႀကိမ္ေျမာက္မြန္ျပည္နယ္လႊတ္ေတာ္ ပံုမွန္အစည္း အေဝး၌ မြန္ျပည္နယ္ စည္ပင္သာယာေရးဝန္ႀကီးက ေျပာၾကားခဲ့သည္။ သို႔ရာတြင္ အဆိုပါကုမၸဏီမွ ေျမသားမ်ားတူးေဖာ္ ခဲ့ၿပီးေနာက္ လုပ္ငန္းပိတ္သိမ္းခ်ိန္တြင္ မူလအတိုင္း လံုးဝျပန္လည္ေဆာင္ရြက္ထားျခင္းမရွိေၾကာင္း ေဒသခံမ်ားက ေျပာဆိုေနၾကသည္။

မိန္ဗလာေတာင္၌ “မြန္ျပည္နယ္အစိုးရအဖြဲ႔ခြင့္ျပဳခ်က္ျဖင့္ ဒုတိယကမာၻစစ္ လက္က်န္ပစၥည္း ပဏာမေလ့လာစူးစမ္းေရးအဖြဲ႔” ေခါင္းစဥ္ျဖင့္လည္းေကာင္း၊ “ဒုတိယကမာၻစစ္အတြင္း ဂ်ပန္စစ္ဌာနခ်ဳပ္အေဆာက္အဦေနရာမ်ားအား စစ္သမိုင္းျပတိုက္ ေဖာ္ေဆာင္မည့္ ေရွ႕ေျပးစီမံကိန္း-စီမံကိန္းတာဝန္ရွိသူမ်ားမွအပ အခြင့္မရွိမဝင္ရ”ဗီႏိုင္းခ်ိတ္ဆြဲ၍လည္းေကာင္း ၂၀၁၈ ခုႏွစ္ ဧၿပီလမွ စတင္တူးေဖာ္ခဲ့ျခင္း ျဖစ္သည္။ ဒုတိယကမာၻစစ္အတြင္းက ဂ်ပန္စစ္စခန္းျဖစ္ခဲ့ေသာ မိန္ဗလာေတာင္တြင္ ဂ်ပန္စစ္လက္နက္မ်ား၊ ေရႊေခ်ာင္းႏွင့္ အဖိုးတန္ ပတၱျမား၊ စိန္၊ ေရႊ ရတနာပစၥည္းမ်ား ဂ်ပန္တို႔ျမွဳပ္ႏွံထားသည္ဟု ယခုကာလ အထိ လက္ခံယံုၾကည္သူမ်ား ရွိေနသည္။ http://burmese.monnews.org/2020/06/18/%e1%80%82%e1%80%bb %e1%80%95%e1%80%94%e1%

**************

၂၂။ ျမဝတီၿမိဳ႕ ညမထြက္ရအမိန္႔ ဇြန္လ ၃၀ ရက္ထိ တိုးျမႇင့္ထားၿပီး ၂လအတြင္း အမိန္႔                        ခ်ိဳးေဖာက္သူ ၈၀၀ ေက်ာ္ဖမ္း မိ
June 16, 2020

ထိုင္း-ျမန္မာနယ္စပ္ ကရင္ျပည္နယ္ ျမဝတီၿမိဳ႕တြင္ ည ၁၂ နာရီမွ နံနက္ ၄ နာရီအတြင္း ညမထြက္ရအမိန္႔အား ဇြန္လ ၁၇ ရက္မွ ၃၀ ရက္ေန႔အထိ ရက္တိုးျမႇင့္ထားလုိက္သည္ဟု ၿမိဳ႕နယ္အေထြေထြ အုပ္ခ်ဳပ္ေရး ဦးစီးဌာနက ယေန႔ အမိန္႔ထုတ္ျပန္

လုိက္သည္။ ကရင္ျပည္နယ္အစိုးရအဖြဲ႔၏ ၫႊန္ၾကားခ်က္ျဖင့္ ျမဝတီၿမိဳ႕တြင္း ညမထြက္ရအမိန္႔ကုိ ဧၿပီလ ၁၈ ရက္မွ ေမလ ၁၅ ရက္ေန႔ထိ ည ၁၀ နာရီမွ နံနက္ ၄ နာရီအထိ လည္းေကာင္း၊ ေမလ ၁၆ ရက္မွ ဇြန္လ ၁၆ ရက္ေန႔ထိကုိ ည ၁၂ နာရီ မွ နံနက္ ၄ နာရီအထိလည္းေကာင္း ထုတ္ျပန္ထားၿပီးေနာက္ ယခုလုိ တတိယအႀကိမ္ ရက္တိုးျမႇင့္ ထုတ္ျပန္လုိက္ျခင္းျဖစ္ သည္။
မူလ အမိန္႔ ထုတ္ျပန္ထားသည့္ ဧၿပီလ ၁၈ ရက္မွ ဇြန္လ ၁၆ ရက္ေန႔ထိ ထုတ္ျပန္ခ်က္ကို လိုက္နာမႈမရိွသူမ်ားအား ညစဥ္ ဖမ္းဆီးရမိခ့ဲရာ အမိန္႔ခ်ိဳး ေဖာက္သူ ၈၆၁ ဦးဖမ္းဆီးရမိခဲ့ေၾကာင္း ျမဝတီၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးၿဖိဳးေဇာ္ကိုကိုက ေျပာ သည္။ ထိုသို႔ ဖမ္းဆီးရမိသူမ်ားအား တရားရံုးတြင္ အမႈစြဲတင္ၿပီး ဒဏ္ေငြ ၅ ေသာင္း သို႔မဟုတ္ ဒဏ္ေငြမေဆာင္ႏိုင္ပါက ေထာင္ဒဏ္ ၁ လ သတ္မွတ္ ခဲ့ရာ ထိုထဲတြင္ ဒဏ္ေငြ ၅ ေသာင္းက်ပ္ေပးေဆာင္သူ ၆၇၈ ဦး ရွိၿပီး ေထာင္ဒဏ္က်ခံသူ ၁၈၃ ဦး ရွိေၾကာင္း ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးက ဆက္ေျပာသည္။

အဆိုပါ ညမထြက္ရအမိန္ထုတ္ျပန္သည့္ကာလအတြင္း နယ္ေျမလံုၿခံဳေရးအတြက္ တပ္မေတာ္၊ ရဲတပ္ဖြဲ႔၊ နယ္ျခားေစာင့္တပ္ ႏွင့္ မီးသတ္တပ္ဖြဲ ဝင္မ်ား၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႔ဝင္မ်ားက အမိန္႔ဆန္႔က်င္သူမ်ားကို ညစဥ္ လွည့္လည္ ဖမ္းဆီးခဲ့ၿပီး ေမလ ၁၈ရက္မွ ဇြန္လ ၁၅ ရက္ေန႔ထိ အမ်ိဳးသား ၈၀၃ ဦး၊ အမ်ိဳးသမီး ၅၈ဦး ဖမ္းဆီးရမိခ့ဲရာ ၿမိဳ႕နယ္တရားရံုးသို႔ တရာစြဲ တင္ခ့ဲသည္။ ထိုသို႔ ဖမ္းဆီး ရမိသူမ်ားတြင္ ၿမိဳ႕တြင္ အေျခတ က်ေနထိုင္သည့္ ေဒသခံအနည္းစုျဖစ္ၿပီး ခိုးဆိုးလုႏိႈက္ႏွင့္ ပ်ံက်အမ်ားစု ျဖစ္ေၾကာင္း တာဝန္ရွိသူမ်ားက ေျပာသည္။ http://kicnews.org/2020/06/%e1%80%bb%e1%80%9 9%e1%80%9d%e1%80 %90%e1%80%ae%e1%

***************

၂၃။ လယ္သမားမ်ားအတြက္ COVID 19 ကာလအထူးေခ်းေငြ စတင္ထုတ္ေပးသြားမည္
June 17, 2020

COVID 19 ကာလမွာ ေတာင္သူလယ္သမားမ်ား အတြက္အထူးေခ်းေငြမ်ားကို ယခု ဇြန္လ မွစတင္ထုတ္ေခ်း သြားရန္ ေဆာင္ရြက္ေနသည္ဟု ျမန္မာ့လယ္ယာ ဖြံ႔ၿဖိဳးေရးဘဏ္ မြန္ျပည္နယ္ ဘဏ္ခြဲ ျပည္နယ္ မန္ေနဂ်ာ ဦးေက်ာ္စြာလိႈင္ ေျပာ ၾကားသည္။ COVID-19 အထူးေခ်းေငြအျဖစ္ မိုးစပါးေခ်းေငြ ရရွိထားသူ ေတာင္သူလယ္သမားမ်ားကို တစ္ဧကလွ်င္ က်ပ္ငါး ေသာင္း ႏႈန္းျဖင့္ ထပ္ေဆာင္း ထုတ္ေခ်းေပးသြားမည္ျဖစ္ေၾကာင္း စီမံကိန္း၊ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာနက ဇြန္လ ၁၇ ရက္ေန႔က သတင္း ထုတ္ျပန္လိုက္သည္။

“လယ္သမားေတြအတြက္ အထူးေခ်းေငြ တစ္ဧကကို ၅ ေသာင္းနႈန္းနဲ့ ထုတ္ေခ်းမွာ ျဖစ္ၿပီး အမ်ားဆံုး ဆယ္ဧကကို ထုတ္ ေခ်းေပးသြားမယ္ အတိုးႏႈန္းကလည္း စိုက္ပ်ိဳးစရိတ္ အတိုးအႏႈန္းအတိုင္းပဲ ၅ % ပဲ ထုတ္ေခ်းေပးသြား အခု ဇြန္လ အတြင္း မွာထုတ္ေခ်းေပးႏိုင္ဖို႔ေဆာင္ရြက္ေနပါတယ္”ဟု ဦးေက်ာ္စြာလိႈင္ ကဆိုသည္။ လယ္ယာေျမပိုင္ဆိုင္ခြင့္ ပံုစံ(၇)ရွိၿပီး စိုက္ပ်ိဳး ေရးစရိတ္ အၾကြေးေက်သူမ်ားကို လယ္တစ္ဧက ၅ ေသာင္းက်ပ္ႏႈန္းျဖင့္ လယ္သမားတစ္ဦး အမ်ားဆံုးလယ္ ၁၀ ဧကစာအ တြက္သာ ႏိုင္ငံတစ္ဝန္းလံုးတြင္ ထုတ္ေခ်းေပးသြားမည့္ အစီအစဥ္ျဖစ္ေၾကာင္း ၎ကဆိုသည္။ ထို႔ေၾကာင့္ မိုးစပါးေခ်းေငြ ရရွိသူမ်ားသည္ ယခင္ပံုမွန္ေခ်းေငြမွ တစ္ဧကလွ်င္ က်ပ္တစ္သိန္းခြဲ ရရွိထားၿပီးျဖစ္သည့္အတြက္ စုစုေပါင္းက်ပ္ ၂ သိန္းရရွိ ေတာ့မည္ျဖစ္သည္။

ယင္းကဲ့သို႔ အထူးေခ်းေငြ ထပ္မံထုတ္ေခ်းေပးျခင္းသည္ လယ္သမားမ်ားအတြက္ ေကာက္စိုက္စရိတ္ ပိုရလာႏိုင္သည္ဟု သထံုၿမိဳ႕နယ္ ဒံုဝန္းမွ လယ္သမား ဦးေအာင္ဝင္းက ေျပာသည္။“ထုတ္ေခ်းေပးေတာ့ပိုေကာင္းတာေပါ့လယ္သမားေတြက ပိုက္ဆံလိုတာပဲေလ ေငြလိုေနေတာ့ ပိုေကာင္းတာေပါ့ သူတို႔ အခုေပးတဲ့ ေခ်းေငြက စိုက္စရိတ္နဲ႔ မေလာက္ဘူးေလ အခု ေပးေတာ့ အသံုးစရိတ္ ပိုရွိလာတာေပါ့ လိုအပ္တဲ့ ေကာက္စိုက္စရိတ္ေလးေတြ ပိုရလာတာေပါ့” ဟု ၎ကဆိုသည္။ အဆိုပါ အထူးေခ်းေငြ Special Covid 19 Relief Loan ကို မြန္ျပည္နယ္အတြင္းရွိ လယ္ဧက ၂ သိန္း ၈ ေသာင္းေက်ာ္ အတြက္ ေခ်းေငြ သန္းေပါင္း ၁ ေသာင္း ၄ ေထာင္ေက်ာ္ ထုတ္ေခ်းေပးသြားရန္ လ်ာထားသည္ဟု သိရသည္။

အလားတူ Covid-19 စီးပြားေရး ကုစားမႈအစီအစဉ္ လုပ္ငန္းစီမံခ်က္၏ Cash for Lending Support အစီအစဥ္တြင္ ေက်းရြာ မတည္ရန္ပံုေငြ စီမံကိန္းအား က်ပ္ ၄၁ ဘီလ်ံေက်ာ္ျဖင့္ ေက်းရြာ ၁၇ဝဝ ရြာအား အျမန္ဆံုးထုတ္ေခ်း သြားမည္ျဖစ္ ေၾကာင္း ေက်းလက္ေဒသဖြံ႔ၿဖိဳးတိုးတက္ေရး ဦးစီးဌာနမွ သတင္းရရွိသည္။ http://burmese.monnews.org/2020/06/18/ %e1%80%9c%e1%80%9a%e1%80%ba%e1%80%9e%e1%

**************

၂၄။ ေတာင္ကုတ္ၿမိဳ႕ႏွင့္ ငါးမိုင္ခန္႔အကြာတြင္ အင္အားရစ္(ခ္)တာစေကး ၅.ဝ အဆင့္ရွိ                       ေျမငလ်င္တစ္ခု လႈပ္ခတ္
June 16, 2020

ရခိုင္ျပည္နယ္၊ ေတာင္ကုတ္ၿမိဳ႕၏ အေရွ႕ေျမာက္ဘက္ ငါးမိုင္ခန္႔အကြာတြင္ အင္အားရစ္(ခ္)တာစေကး ၅.ဝ အဆင့္ရွိ ေျမ ငလ်င္တစ္ခု ဇြန္ ၁၆ ရက္ ညေနပိုင္းက လႈပ္ခတ္ခဲ့ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒ ညႊန္ၾကားမႈ ဦးစီးဌာန၏ ထုတ္ျပန္ခ်က္ အရ သိရသည္။

ယေန႔ (ဇြန္ ၁၆ ရက္) ျမန္မာစံေတာ္ခ်ိန္ ၁၇ နာရီ၊ ၄၅ မိနစ္၊ ၅ဝစကၠန္႔ အခ်ိန္တြင္ ဂြေျမငလ်င္စခန္းမွ ေျမာက္-အေနာက္ ေျမာက္ဘက္ (၉၁) မိုင္ခန္႔ကြာေဝးေသာ ျမန္မာႏိုင္ငံျပည္တြင္း (ေတာင္ကုတ္ၿမိဳ႕၏ အေရွ႕ေျမာက္ဘက္ (၅) မိုင္ခန္႔အကြာ) ေျမာက္လတၱီတြဒ္ (၁၈.၉၀)ဒီဂရီ၊ အေရွ႕ေလာင္ဂ်ီတြဒ္ (၉၄.၂၉)ဒီဂရီ၊ အနက္ (၁၀) ကီလိုမီတာကို ဗဟိုျပဳ၍ အင္အားရစ္(ခ္) တာစေကး (၅.ဝ) အဆင့္ရွိ အင္အားအသင့္အတင့္ရွိ ေျမငလ်င္တစ္ခု လႈပ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရ သည္။ https://news-eleven.com/article/178727

မွတ္ခ်က္။ သက္ဆိုင္ရာ သတင္းမီဒီယာအသီးသီးမွ ေကာက္ႏုတ္ေဖာ္ျပျခင္း ျဖစ္ပါသည္။

*** ၿပီး ***

unicode

နေ့စဉ်သတင်းများ စုဆောင်းတင်ပြခြင်း
(No. 36, June 19, 2020)

၁။ မြို့နယ် ကိုယ်စားလှယ်လောင်းများရွေးချယ်ရာတွင် မွန်ညီညွတ်ရေးပါတီဗဟိုမှ ဝင်ရောက်စွက်ဖက်မည်မဟုတ်

၂။ ဇွန် ၁၆ ရက်ကို သျှမ်းအမျိုးသားအခွင့်အရေးနေ့အဖြစ် သတ်မှတ်

၃။ AA ကြောင့် ရခိုင်၏ အုပ်ချုပ်ရေး ယန္တရား မပျက်စီးနိုင်ဟု အစိုးရ အဖွဲ့ရုံး ပြော

၄။ နှစ်ပတ်အတွင်း ဒုတိယအကြိမ် မြန်မာစစ်တပ် နှင့် KIA တိုက်ပွဲ ဖြစ်ပွား

၅။ ဒီမိုကရေစီအရေးနှင့် တိုင်းရင်းအရေး တက်ကြွလှုပ်ရှားသူ နော်အုန်းလှ ရန်ကုန်ကရင့်ရေးရာ ဝင်ပြိုင်မည်

၆။ လာမည့် လွှတ်တော်တွင် ၅၈ နေရာ ရရှိမည်ဟု SNDP ခန့်မှန်း

၇။ ကွတ်ခိုင် ရွာသား ၅ ဦး တပ်မတော်မှ လမ်းပြ အဖြစ်ခေါ်ဆောင်သွား

၈။ သခင်စစ်ကုမ္ပဏီကို တရားစွဲဆိုထားသည့်အမှု တရားလိုသက်သေ ရဲစခန်း၏ထွက်ဆို

မှုကို အားရကျေနပ်မှု မရှိဟုဆို

၉။ အမ်းမြို့ ချင်းဒုက္ခသည် တစ်ထောင်ကျော် ဆန်ရိက္ခာအရေးပေါ်လိုအပ်

၁၀။ နောင်ချို ဂုတ်တွင်း ကားတစီး ချောက်ထဲကျ ၃ ဦးသေ

၁၁။ ပြည်နယ်အစိုးရ၏ လယ်ယာမြေဖော်ထုတ်မှုကြောင့် လီဒိုလမ်းမပေါ်ကျေးရွာ ၂ ခုအငြင်းပွားဖွယ်ရှိနေ

၁၂။ မူးယစ်ဆေးဝါးပြစ်မှုကျူးလွန်သူများအတွက် ထားစရာနေရာလုံလောက်မှုမရှိတော့ဟု မွန်ပြည်သစ်ပါတီ သထုံခရိုင် တာဝန်ရှိသူ ပြော

၁၃။ ကိုဗစ် လုပ်ငန်းစဉ် ဆောင်ရွက်နေသည့် RCSS/SSA ကို အာဏာပိုင်များ တားမြစ်

၁၄။ ကျောက်ဖြူတွင် ထွေအုပ်ဝန်ထမ်း ၁ ဦးအသတ်ခံရ

၁၅။ လားရှိုးမြို့နယ်အတွင်း ပုတ်ပွနေသည့် အမျိုးသမီးအလောင်း ၂ လောင်းတွေ့

၁၆။ ရွေးကောက်ပွဲ ဝင်ပြိုင်လိုသူများအတွက် ဆန္ဒပြုလွှာများ KPP စတင်တောင်းယူ

၁၇။ မြန်မာအလံ ဖြုတ်ချခံခဲ့ရသည့် ချင်းရွှေဟော်တွင် နယ်နမိတ် ပြန်တိုင်းဖို့ တရုတ်နှင့် သဘောတူညီမှု ရ

၁၈။ မူးယစ်သံသယ တပ်ရင်းမှူးကို ရဲထံအစစ်ခံရန် အစိုးရအသိပေးမှု DKBA မတုံ့ပြန်

၁၉။ တာလောကြီးကျေးရွာ နှစ်ရှည်ပင်စိုက်ပျိုးမြေနေရာ ဖျက်စီးခံရမှု ပြည်နယ်အစိုးရ စုံစမ်းနေ

၂၀။ ခေါနူးစုမ် အမျိုးသားဥယျာဉ်တွင် အိမ်မွေး တိရိစ္ဆာန်များ စည်းကမ်းမဲ့ လွှတ်ခြင်းကို အရေးယူပေးရန် တောင်းဆို

၂၁။ ဂျပန်စ်ကျန်ပစ္စည်း စမ်းသပ်တူးဖော်ခဲ့ပြီးနောက် ချန်ထားရှိသော ရေကန်တွင် ၄ လောင်းပြိုင် ရေနစ်သေဆုံး

၂၂။ မြဝတီမြို့ ညမထွက်ရအမိန့် ဇွန်လ ၃၀ ရက်ထိ တိုးမြှင့်ထားပြီး ၂လအတွင်း အမိန့်ချိုးဖောက်သူ ၈၀ဝ ကျော်ဖမ်း မိ

၂၃။ လယ်သမားများအတွက် COVID 19 ကာလအထူးချေးငွေ စတင်ထုတ်ပေးသွားမည်

၂၄။ တောင်ကုတ်မြို့နှင့် ငါးမိုင်ခန့်အကွာတွင် အင်အားရစ်(ခ်)တာစကေး ၅.ဝ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်

**************

၁။ မြို့နယ် ကိုယ်စားလှယ်လောင်းများရွေးချယ်ရာတွင် မွန်ညီညွတ်ရေးပါတီဗဟိုမှ                 ဝင်ရောက်စွက်ဖက်မည်မဟုတ်
June 16, 2020

၂၀၂၀ ရွေးကောက်ပွဲဝင်ကြမည့် ကိုယ်စားလှယ်လောင်းများရွေးချယ်ရာတွင် သက်ဆိုင်ရာမြို့နယ်အလိုက် စိတ်ကြိုက်ရွေး ချယ် စေမှာဖြစ်ပြီး မွန်ညီညွတ်ရေးပါတီ MUP ဗဟိုမှ ဝင်ရောက်စွက်ဖက်မည်မဟုတ်ကြောင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်ကျန်ရစ်က ပြောကြားသည်။“မိမိတို့ကိုယ်စားလှယ်လောင်းရွေးချယ်ဖို့က မိမိတို့မြို့နယ်ကော်မတီတွေအပေါ်မှာပဲ အဓိက မူတည်ပါတယ်၊ ရွေးချယ်မှုအခွင့်အာဏာတွေ မြို့နယ်ကိုအပြည့်အပ်နှင်းပေးထားပါတယ်၊ ကျနော်တို့ ဗဟိုအဆင့်ရွေးချယ် ရေးအဖွဲ့ကနေ မြို့နယ်တွေကို ဝင်ရောက်စွက်ဖက်မှာမဟုတ်ဘူး၊ ကိုယ့်မြို့နယ် ကိုယ်စားလှယ်လောင်းတွေကို ကိုယ့်မြို့နယ် ကသာ ရွေးချယ်တာ အကောင်းဆုံးပါပဲ” ဟု နိုင်ကျန်ရစ်က ဆိုသည်။

မွန်ညီညွတ်ရေးပါတီ ဥက္ကဌ နိုင်တင်အောင်၊ ဗဟိုအလုပ်အမှုဆောင်ဝင်များဖြစ်ကြသော နိုင်ကျန်ရစ်၊ နိုင်မွန်ရာဇာနှင့် နိုင်အောင်မွန် တို့ပါဝင်သည့် ဗဟိုအဆင့် ကိုယ်စားလှယ်လောင်းရွေးချယ်ရေးအဖွဲ့က ၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေး မဟာဗျူဟာ နှင့်ပတ်သက်၍ ယနေ့(ဇွန် ၁၆) တွင် သံဖြူဇရပ်မြို့၌ မြို့နယ် MUP ပါတီကော်မတီဝင် ၁၀ဝ ခန့်အား လာ ရောက်တွေ့ဆုံ၍ ရှင်းလင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်လိုသူ ပါတီဝင်များအနေဖြင့် သက်ဆိုင်ရာမြို့နယ်ပါတီရုံးအသီးသီးသို့ ဇွန်လ ၃၀ ရက်နေ့ကို နောက်ဆုံးထား၍ သတ်မှတ်လျှောက် လွှာပုံစံဖြင့် အဆိုပြုလွှာ တင်သွင်းရမည်ဖြစ်ပြီး မြို့နယ်အဆင့် ကိုယ်စားလှယ်လောင်းရွေးချယ်ရေးအဖွဲ့က မိမိတို့ ကိုယ်စား လှယ်လောင်းများကိုရွေးချယ်၍ ဇူလိုင်လ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ပါတီဗဟိုဌာနချုပ် စာရင်းပေးပို့ရမည်ဟု အသိပေး ထားသည်။ MUP ပါတီကိုယ်စားလှယ်လောင်း အရည်အချင်းသတ်မှတ်ချက် ၁၉ ချက်ရှိသည့်အနက် အဓိကအားဖြင့် ဒေသခံ (သို့မဟုတ်) ဒေသတွင်းနေထိုင်သူ (သို့မဟုတ်) ဇာတိမွေးရပ်မြေမှ ပါတီဝင်ဖြစ်ရမည်ဟု ကိုယ်စားလှယ်လောင်း အရည် အချင်း (Criteria of Candidate) သတ်မှတ်ချက်တွင် ဦးစားပေး ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ၌ သံဖြူဇရပ်မြို့နယ်အတွင်း မွန်အမျိုးသားပါတီ MNP, မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP, အမျိုးသမီးပါတီ(မွန်)နှင့် မွန်အမျိုးသား တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများစွာ ပါဝင်ယှဉ်ပြိုင်ကြသဖြင့် မွန် ကိုယ်စားလှယ်လောင်းများ အချင်းချင်းထိပ်တိုက်ဖြစ်ကုန်ကြပြီး NLD ကိုယ်စားလှယ်များက မဲဆန္ဒနယ်မြေအားလုံးတွင် အပြတ်အသပ် အနိုင်ရရှိခဲ့ကြောင်း တွေ့ရသည်။

ယခုအခါ မွန်အင်အားစုအားလုံး ပြန်လည်ပေါင်းစည်းထားသော မွန်ညီညွတ် ရေးပါတီ၏ တစ်ခုတည်းသော အလံတော်အောက်တွင် ၂၀၂၀ ရွေးကောက်ပွဲဝင်ရောက်ကြမည့် မွန်အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ မဲဆန္ဒနေရာအတော်များများတွင် အောင်ပွဲဆင်နိုင်လိမ့်မည်ဖြစ်ကြောင်း စောင့်ကြည့်လေ့လာသူများက သုံးသပ်ကြသည်။ http://burmese.monnews.org/2020/06/16/%e1%80%99%e1%80%bc%e1

*************

၂။ ဇွန် ၁၆ ရက်ကို သျှမ်းအမျိုးသားအခွင့်အရေးနေ့အဖြစ် သတ်မှတ်
June 16, 2020

လွန်ခဲ့သည့် ၂၃ နှစ်က သျှမ်းပြည် အလယ်ပိုင်းတွင် အစုလုံအပြုံလိုက် သတ်ဖြတ်ခံရသည့် နေ့ကို သတိရ အောက်မေ့စေရန် အတွက် ဇွန် ၁၆ ရက်ကို သျှမ်းအမျိုးသားလူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်လိုက်ကြောင်း CSSU ကထုတ်ပြန်လိုက်သည်။

၁၉၉၆ မှ ၁၉၉၈ ခုနှစ်အတွင်းဖြတ်လေးဖြတ်စီမံကိန်းဖြင့် အစိုးရတပ်မတော်မှ သျှမ်းပြည်တောင်ပိုင်းရှိ ကျေးလက်လူထုအား အတင်းအဓမ္မ နေရပ်ပြောင်းရွှေ့ခိုင်းမှု၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ အတင်းအဓမ္မပြုကျင့်မှုများ ပြုလုပ်ခဲ့သည်။ ၁၉၉၇ ခုနှစ် ဇွန်လ ၁၆ ရက်က သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ကွန်ဟိန်းမြို့နယ်အတွင်း အမျိုးသမီးနှင့်ကလေးငယ်အပါ အဝင် ကျေးလက်ပြည်သူ ၅၆ ဦးကို သတ်ဖြတ်မှုလုပ်ခဲ့သည့်ရက်ကို ဝမ်းနည်းသတိရအောက်မေ့သည့်အနေဖြင့် သျှမ်းအမျိုး သားလူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်လိုက်ရခြင်းဖြစ်ကြောင်း သျှမ်းပြည်ညီညွတ်ရေးကော်မတီက ယနေ့ ဇွန် ၁၆ ရက်စွဲ ဖြင့် ထုတ်ပြန်လိုက်သည်။

သျှမ်းအမျိုးသားလူ့အခွင့်အရေးနေ့ သတ်မှတ်လိုက်သည့် ကိစ္စနှင့်ပတ်သက်ပြီး CSSU ၏ အတွင်းရေးမှူး စိုင်းဆိုင်မုဒ် က “လွန်ခဲ့တဲ့ ၂၃ နှစ်က စစ်တပ်က သျှမ်းပြည်သားတွေအပေါ်လူ့အခွင့်အရေး ကျူးလွန်ခဲ့တာတွေကို ပြန်သတိရအောင်၊ လူ ငယ်တွေကို သမိုင်း ကြောင်းသိအောင်၊ နောက်အဲဒီအချိန်က သေဆုံးသွားတဲ့သူတွေကို သတိရအောက်မေ့ဖို့ပါ”ဟု သျှမ်းသံ တော်ဆင့် ကိုပြောသည်။ လွန်ခဲ့သည့်နှစ်ပေါင်း ၂၃ နှစ်ကအတိုင်း သမိုင်းဖြစ်ရပ်ဆိုးများထပ်မံ မပေါ်ပေါက်စေဘဲ ငြိမ်းချမ်း ရေး လျင်မြန်စွာဖြစ်ထွန်းရန်၊ ကျူးကျော်စော်ကားသူများ၏ အပြစ်ကြွေးအား ဆေးကြောပေးရာရောက်စေရန်၊ မတရားကျူး လွန်ခံခဲ့ရသည့် အပြစ်မဲ့ပြည်သူတို့၏ မိသားစုဝင်းများ အားနှစ်သိမ့်ကုစားပေးရာရောက်စေရန်နှင့် သေဆုံးသွားသည့် အပြစ် မဲ့ပြည်သူတို့အား အောက်မေ့သတိရသည့်အနေဖြင့် ရည်ရွယ်ကာ ဇွန် ၁၆ ရက်ကို သျှမ်းအမျိုးသားလူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ကြောင်း CSSU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာစစ်အစိုးရ၏ စစ်ရာဇာဝတ်မှုမြောက်သည့် ကျူးလွန်မှုများကို အဆိုးရွားဆုံးနှင့် အကျယ်ပြန့်ဆုံးထိခိုက်ခံစားခဲ့ရသည့် မြို့နယ်ပေါင်း ၁၁ မြို့နယ်၊ ရွာပေါင်း ၁၄၀ဝ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး၊ အမျိုးသမီးပေါင်း ၆၀ဝ ကျော် လိင်အကြမ်းဖက်ခံခဲ့ရ သည်။ မြန်မာစစ်အစိုးရ အနေဖြင့် သျှမ်းပြည်သူများအပေါ် ကျူးလွန်ခဲ့သည့်ဖြစ်ရပ်ကို ယနေ့ထိတိုင် အရေးယူဆောင်ရွက် ခြင်းမရှိသေးသည့်အပြင် ဆက်လက်ပြီးကျူးလွန်နေဆဲဟု သျှမ်းလူ့အခွင့်အရေး တက်ကြွဆောင်ရွက်သူများကပြောဆိုသည်။

၁၉၉၆-၁၉၉၈ ကာလတွင် သျှမ်းပြည် တောင်ပိုင်းမြို့နယ် ၁၅ မြို့နယ်အတွင်း စစ်အစိုးရမှ နယ်မြေ ရှင်းလင်းမှုကြောင့် ကျေး လက်ပြည်သူ ၄ သိန်းကျော် နေရပ်စွန့်ခွာခဲ့ရပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရခြင်း အဓမ္မပြုကျင့်ခံရခြင်းသည် ယနေ့ တိုင် တရားမျှတမှု မရရှိသေးကြောင်းလည်း သျှမ်းလူမှုအသင်းများက ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။ ဇွန် ၁၆ ရက်ကိုသျှမ်းလူမှု အဖွဲ့အစည်းများက နေရာဒေသအနှံ့တွင် လွန်ခဲ့သည့် ၂၃ နှစ်တွင် စစ်တပ်ကျူးလွန်မှုကြောင့် သေဆုံး သွားသူများအတွက် ဝမ်းနည်းခြင်း သတိရအောက်မေ့ခြင်းအနေဖြင့် အလှူဒါနများလည်း ပြုလုပ်ပေးကြောင်း သိရသည်။ https://burmese.shannews.org/archives/17118

**************

၃။ AA ကြောင့် ရခိုင်၏ အုပ်ချုပ်ရေး ယန္တရား မပျက်စီးနိုင်ဟု အစိုးရ အဖွဲ့ရုံး ပြော
June 16, 2020

ရခိုင်ပြည်နယ်တွင် ရက္ခိုင့် စစ်တပ် (AA) ၏ တိုက်ခိုက်နေမှုများက အစိုးရ၏ အုပ်ချုပ်ရေး ယန္တရားများ ပျက်စီးသွားနိုင်သည် အထိ စိုးရိမ်စရာမရှိကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနမှ တာဝန်ရှိသူများကပြောသည်။

နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် အစိုးရ၏ စတုတ္ထ ၁ နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သည်များကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနမှ ရှင်းလင်းစဉ် ယင်းဌာန၏ ဒုတိယဝန်ကြီး ဦးတင်မြင့်နှင့် ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်း တို့က အထက်ပါ အတိုင်း ပြောဆိုခြင်းဖြစ်သည်။ “ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကလည်း သူ့နယ်မြေဒေသအတွက် သူလည်းပဲအေးချမ်းဖို့အတွက် ဒီအုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်ဖို့အတွက်တော့ သူလည်းပဲ အားသွန်ခွန်စိုက်ဆောင်ရွက်နေတယ်”ဟု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၏ ညွှန်ကြာ းရေးမှူးချုပ် ဦးမြင့်သန်းက သတင်းစာ ရှင်းလင်းပွဲအပြီးတွင် သတင်းထောက်များကို ပြောသည်။

AA အဖွဲ့သည် ရခိုင်ပြည်နယ်တွင် အစိုးရ၏ အုပ်ချုပ်ရေးစနစ်အစား ၎င်းတို့၏ အုပ်ချုပ်ရေးစနစ်ဖြင့် အစားထိုးမည်ဟု ကြွေး ကြော်ထားပြီး ရခိုင်ပြည်နယ်မှ အစိုးရနှင့်တပ်မတော်ကို အပြီးအပိုင်ထွက်ခွာသွားရန်ပြီးခဲ့သည့် မေ ၂၉ ရက်နေ့က သဘော ထား ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။ AA အဖွဲ့သည် ရခိုင်ပြည်နယ်တွင် အုပ်ချုပ်ရေးယန္တရားပျက်ပြားစေရန် အတွက် ရဲစခန်းများကို တိုက်ခိုက်ခြင်း၊ အုပ်ချုပ်ရေးမှူးများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ မြောက်ဦး၊ မြေပုံ၊ မင်းပြားနှင့် ပုဏ္ဏားကျွန်းမြို့နယ်များတွင် အုပ်ချုပ်ရေးမှူးများ နုတ်ထွက်ခဲ့ကြောင်း အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၏ ဒုတိယ ဝန်ကြီး ဦးတင်မြင့်က ပြောသည်။

ဦးတင်မြင့်က“အုပ်ချုပ်ရေးပျက်ပြားအောင်လို့ ရဲတပ်ဖွဲ့ဝင်တွေကို ဖမ်းတယ်။ သတ်တယ်။ စခန်းတွေကို တိုက်တယ်။ အုပ်ချုပ်ရေးအဖွဲ့အစည်းဝင်တွေကိုလည်း ဖမ်းဆီးတယ်။ ခေါ်ယူနှိပ်စက်တယ်။ မည်သို့ပင်ဆိုစေ ရခိုင်ပြည်နယ် အစိုးရက သမ္မတရုံးရဲ့ ညွှန်ကြားချက်နဲ့အညီ အုပ်ချုပ်ရေးယန္တရားကို ပြန်လည်တည် ဆောက်နေပါတယ်”ဟု ပြောသည်။

ရခိုင်ပြည်နယ်၏ အုပ်ချုပ်ရေးယန္တရားကို ထိန်းချုပ်နိုင်ရန် အစိုးရနှင့် AA အဖွဲ့တို့ အားပြိုင်နေသည့် သဘောဖြစ်နေပြီး AA အဖွဲ့ကလည်း ၎င်းတို့၏ အာဏာထူထောင်နိုင်ရန် Arakan People Authority (APA) ဟုခေါ်သည့် ရခိုင်ပြည်သူ့အာဏာ ပိုင်အဖွဲ့ ဖွဲ့စည်းနိုင်ရေးကြိုးစားနေကြောင်း ရခိုင်အရေးလေ့လာသူ ဦးမောင်မောင်စိုး ကပြောသည်။“ပြောရရင်တော့ ၂ ဖက် စလုံးက အုပ်ချုပ်ရေးယန္တရားကို ချုပ်ကိုင်နိုင်ဖို့အပြိုင်ကြိုးစားနေတဲ့ကာလပေါ့။ ဒုတိယအချက်ကတော့ ကျေးရွာအုပ်ချုပ်ရေး မှူး တွေက ဖမ်းဆီးခံရလို့ နုတ်ထွက်နေတဲ့အချိန်မှာ အစိုးရရဲ့ယန္တရားကို ဘယ်လိုတည်ဆောက်ရမလဲဆိုပြီး အစိုးရကလည်း လုံးပန်းနေတဲ့ကာလဖြစ်တယ်။ နည်းနည်းတော့အားပြိုင်နေတဲ့ကာလလို့ပဲ ပြောရပါလိမ့်မယ်”ဟု ၎င်း ကသုံးသပ်သည်။

ရခိုင်ပြည်နယ်တွင် AA အဖွဲ့က ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရားနှင့် အစားထိုးမည်ဟု ပြောဆိုခဲ့ပြီး ယခုအခါ ရဲစခန်း၊ ရဲကင်း များကို ဝင်ရောက်တိုက်ခိုက်ခြင်းသည် အုပ်ချုပ်ရေး ယန္တရားကိုတိုက်ခိုက်နေခြင်းဖြစ်ကြောင်း တပ်မတော်မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။“တရားဥပဒေ စိုးမိုးရေးလုပ်ငန်းတွေကို တိုက်ခိုက်တာဟာ အုပ်ချုပ်ရေးယန္တရားကို ပျက်ပြား အောင်လုပ်တာပဲ။ ဒါကြောင့် ထိရောက်တဲ့အုပ်ချုပ်မှုစနစ် လိုနေပြီလို့ ပြောတာ”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြော သည်။ မနေ့က နေပြည်တော်တွင် သတင်းထောက်များက ရခိုင်ပြည်နယ်တွင် စစ်အုပ်ချုပ်ရေးဝင်ရောက်နိုင်သလားဆိုသည့် မေးခွန်းကို အစိုးရအဖွဲ့ရုံးညွှန်ချုပ် ဦးမြင့်သန်းက ယင်းအခြေအနေအထိ စိုးရိမ်စရာ မလိုကြောင်း ပြန်လည်တုန့်ပြန်သည်။ https://burma.irrawaddy.com/news/202 0/06/16/224725.html

**************

၄။ နှစ်ပတ်အတွင်း ဒုတိယအကြိမ် မြန်မာစစ်တပ် နှင့် KIA တိုက်ပွဲ ဖြစ်ပွား
June 18, 2020
မြန်မာအစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား နှစ်ပတ်အတွင်း ဒုတိယအကြိမ်တိုက်ပွဲသည် ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ဇွန်လ(၁၇)၊ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။

ကွတ်ခိုင်မြို့ အနောက်မြောက်ဘက် KIA တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၈) နယ်မြေ Kaleng (ကာလိုင်) ကျေးရွာ အုပ်စု Nawng Maw Bum (နောင်မော့တောင်)သို့ တပ်မတော်စစ်ကြောင်းများ စစ်ဆင်လှုပ်ရှားလာသောကြောင့် KIA ဘက်က ခုခံယင်း တိုက်ပွဲဖြစ်ပွားရကြောင်း KIA တပ်မဟာ (၄) အရာရှိတစ်ဦး ယခုလို အတည်ပြုပြောပါသည်။ “မြန်မာစစ် တပ် ထိုးစစ်ဆင်လာတာကတော့ သုံး၊ လေးရက်လောက်ရှိပြီ၊ သုံးနေရာကနေ မိမိသို့ စခန်းဆီ တက်လာတာပါ။ တပ်မ (၈၈) နဲ့ တခြားတပ်ရင်းတွေ ပူးပေါင်းတဲ့ စစ်ကြောင်းတွေ စုစုပေါင်း အင်အား ၄၀ဝ လောက်ရှိမယ်”ဟု သူက ကချင်သတင်းဌာန KNG ကို ဗုဒ္ဓဟူးနေ့ ပြောပါသည်။ ယခုတိုက်ပွဲသည် KIA တပ်ရင်း (၈) လက်အောက် Kaleng တိုက်နယ်ရုံးကို လုံခြုံရေးပေး သော KIA အထူးလှုပ်ရှားရေး တပ်ရင်း (Mobile Battalion) (၂၉) နှင့် ‘နယ်မြေရှင်းလင်းရေးခေါင်းစဉ်’ဖြင့် ထိုးစစ်ဆင်လာ သော မြန်မာစစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်သည်ဟု အထက် KIA အရာရှိက ဆက်ဆိုသည်။

လွန်ခဲ့သော တစ်ပတ်ကျော်မှာလည်း မူဆယ်မြို့နယ်အတွင်း KIA တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်း (၉) အခြေစိုက် စခန်း Htan Hpa Bum (ထန်းဖါတောင်) ကို မြန်မာစစ်တပ် တပ်မ (၈၈) နှင့် တပ်မ (၉၉) ပူးပေါင်းစစ်ကြောင်းမှ ဇွန်လ (၆) ရက် မှ (၇) ရက်ထိနှစ်ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့သည်။ COVID-19 ကမ္ဘာ့ကပ်ရောဂါကာလ တပ်မတော် က ၎င်းတို့ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသော ရခိုင် AA အဖွဲ့နှင့်ဖြစ်ပွားနေသော စစ်ပွဲမှလွှဲပြီး ကျန် တနိုင်ငံလုံး အတိုင်းအတာကို မေလ (၁၀)ရက်မှ သြဂုတ်လ (၃၁)ရက်ထိ စစ်ပွဲ ရပ်ထားကြောင်း ကြေညာထားချိန် ရှမ်းပြည်မြောက်ပိုင်း မှာ KIA အဖွဲ့ကို ‘နယ်မြေရှင်းလင်းရေး ခေါင်းစဉ်’သတ်ကာ လိုက်လံတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းလည်း ဖြစ်သည်။ https://burmese.kachinnews.co m/2020/06/18/%e1%82%8f%e1%80%bd%e1%80%85%e1%80%b9%e1

***************

၅။ ဒီမိုကရေစီအရေးနှင့် တိုင်းရင်းအရေး တက်ကြွလှုပ်ရှားသူ နော်အုန်းလှ ရန်ကုန်         ကရင့်ရေးရာ ဝင်ပြိုင်မည်
June 17, 2020

ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနှင့် တိုင်းရင်းသားအရေး တက်ကြွလှုပ်ရှားသူ နော်အုန်းလှ သည် လာမည့်ပါတီစုံ အထွေ ထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာကို ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ(UNDP) ကိုယ်စားပြု ဝင်ပြိုင်သွားမည်ဟု သူမက ကေအိုင်စီသို့ ဇွန် ၁၇ ရက်နေ့တွင် အတည်ပြု ပြောသည်။

“ ပါတီက တာဝန်ပေးလို့ ရန်ကုန်တိုင်းဒေသကြီး ကရင်ရေးရာ မဲဆန္ဒနယ် ဝင်ပြိုင်မယ်။ ကရင်လူမျိုးတွေ အခွင့်အရေး အပြည့်အဝရဖို့၊ တန်းတူအခွင့်အရေးရှိဖို့ လုပ်ဆောင်ချင်လို့ အခုလို ဝင်ပြိုင်တာဖြစ်ပါတယ်”ဟု နော်အုန်းလှက ပြောသည်။ ၎င်းသည် ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံတွင် စတင်ပါဝင်ပြီးနောက် နိုင်ငံရေးလောကသို့ ဝင်ရောက်လာသူ ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တွင် ရပ်ကျေးအဆင့်မှ ဗဟိုအမျိုးသမီးအဆင့်ထိ တာဝန်ယူခဲ့ဖူးသူဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ရွှေတိဂုံဘုရားတွင် ဆုတောင်းပွဲပြုလုပ်ရာ ပါတီစည်းကမ်းနှင့် မညီသည့် အတွက် NLD က ပါတီဝင်အဖြစ်မှ သူမအား ၂၀ဝ၅ ခုနှစ်တွင် ထုတ်ပယ်ခဲ့ကြောင်း သိရသည်။

သူမသည် နိုင်ငံရေးလောကသို့ စတင်ဝင်ရောက်ခဲ့ချိန်ကတည်းက ၂၁ ကြိမ် အဖမ်းခံခဲ့ရဖူးပြီး ထောင် ၁၁ ကြိမ် ကျခံရထား သည်။ ထိုထဲတွင် ၂၀၁၉ ခုနှစ် သြဂုတ် ၁၁ ရက်နေ့တွင် ရန်ကုန်မြို့၊ မဟာဗန္ဓုလ ပန်းခြံရှေ့၌ ကရင့်အာဇာနည်နေ့ ပြုလုပ် သည့်အတွက် ထောင် ၁၅ ရက် ကျခဲ့မှုဖြစ်စဉ်တွင် ကရင်တိုင်းရင်းသားများက သူမအပေါ် အားပေးဝန်းရံမှုများစွာရရှိခဲ့ သည်။ ထို့အပြင် သူမသည် နိုင်ငံရေးတက်ကြွလှုပ်ရှားသူအဖြစ် ရပ်တည်ခဲ့သော်လည်း ၂၀၁၉ ဧပြီ ၅ ရက်နေ့တွင် ပြုလုပ် သည့် UNDP ပါတီတည်ထောင်ရေး ဆွေးနွေးပွဲတွင် ပါတီနိုင်ငံရေးပြန်လုပ်မည်ဟု ကေအိုင်စီသို့ သီးခြား ပြောဆိုခဲ့ဖူးသည်။

၎င်းက“လက်ရှိ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်က ပါတီပြင်ပနိုင်ငံရေးနဲ့လုပ်တဲ့အခါ မလွယ်ကူတာတွေရှိတယ်။ ဒါကြောင့် ပါတီနိုင်ငံရေးပြန်လုပ်ဖို့ ရည်ရွယ်တယ်။ ပူးပေါင်းမဲ့ပါတီကတော့ အခု ၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့က တည်ထောင်မယ့်ပါတီမှ ဝင်ရောက်လုပ်ကိုင်ဖို့ ရည်ရွယ်ထားတယ်”ဟု ၂၀၁၉ ခုနှစ် ဧပြီ ၅ ရက်နေ့တွင် ကေအိုင်စီသို့ ပြော သည်။ လက်ရှိ နော်အုန်းလှသည် ၁၉၉၀ အမတ်များ တည်ထောင်ထားသည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမို ကရေစီပါတီ(UNDP)တွင် အထွေထွေအတွင်းရေးမှူးတာဝန်ယူထားသူ ဖြစ်သည်။ http://kicnews.org/202 0/06/%e1% 80%92%e1%80%ae%e1%80%99%e1%80%ad% e1%80%af%

**************

၆။ လာမည့် လွှတ်တော်တွင် ၅၈ နေရာ ရရှိမည်ဟု SNDP ခန့်မှန်း
June 18, 2020

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ( SNDP) အနေဖြင့် လွှတ်တော်တွင် ၅၈ နေရာခန့်မှန်းထားကြောင်း SNDP ဥက္ကဌ ဦးစိုင်းအိုက်ပေါင်း က ပြောကြားလိုက်သည်။

“ကျနော်တို့ အရင်က ၅၈ ယောက် နိုင်ဖူးတယ်လေ။ အခုလဲ အဲ့လောက် မှန်းထားတာပေါ့”ဟု ဦးစိုင်းအိုက်ပေါင်း ကပြော သည်။ လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်တွင် SNDP ပါတီသည် လွှတ်တော်တွင် ၅၈ နေရာရရှိခဲ့ပြီး၊ ဝန်ကြီးနေရာ ၆ ဦးရခဲ့သဖြင့် အတွေ့အကြုံများစွာရှိကြောင်း၊ ထို့ကြောင့် လာမည့် ၂၀၂၀ ရွေးကောက်ခံပြီး အနိုင်ရမည်ဆိုပါက သျှမ်းပြည်အစိုးရ ဖြစ်နိုင် ကြောင်းလည်း ဦးစိုင်းအိုက်ပေါင်းက သုံးသပ်ပြောဆိုလိုက်သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် SNDP အနေဖြင့် သျှမ်းပြည်နေရာအနှံ့အပြင် ကချင်ပြည်နယ်၊ မန္တလေးတိုင်း စုစုပေါင်းမြို့နယ် ၃၀ မြို့နယ်တွင် ဝင်ပြိုင်သွားမည်ဟု ပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းက ပြောကြားသည်။“ မြို့နယ် ၃၀ လောက် ဝင်ပြိုင်မယ်။ သျှမ်းအရှေ့၊ သျှမ်းတောင်၊ သျှမ်းမြောက် နောက်ပြီး ကချင်ပြည်နယ် သျှမ်းပြည် ပြင်ပကတော့ ကချင်ပဲ။ မန္တလေးတိုင်းက သျှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာလဲ ဝင်ပြိုင်မယ်”ဟု ဦးစိုင်းအိုက်ပေါင်း က ထပ်လောင်းပြောသည်။

ထို့ပြင် ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသမီး နှင့် လူငယ် လွှတ်တော်ကိုယ်စားလှယ်လောင်းကို ဦးစားပေး ရွေးချယ်သွားမည် ဖြစ်ပြီး ပါတီ၏ ထိပ်သီးခေါင်းဆောင်များ ပါဝင်ယှဉ်ပြိုင်သွားမည် မဟုတ်ကြောင်းလည်းသိရသည်။“ အမျိုးသမီးနဲ့ လူငယ်က ၂၀၊၃၀ ရာခိုင်နှုန်းပါမယ်လို့ မျှော်လင့်ပါတယ်။ ကျနော်ကတော့ ဝင်မပြိုင်တော့ဘူး။ ကျနော်တို့လူငယ်တွေကို နေရာပေး တယ်”ဟု ဦးစိုင်းအိုက်ပေါင်းက ဆိုသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် SNDP အနေဖြင့် သျှမ်းပြည်တွင် လွှတ်တော်တနေရာ တွင်သာ ရရှိခဲ့သည်။ https://burmese.shannews.org/archives/17161

**************

၇။ ကွတ်ခိုင် ရွာသား ၅ ဦး တပ်မတော်မှ လမ်းပြ အဖြစ်ခေါ်ဆောင်သွား
June 18, 2020

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း ယနေ့ မနက် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီး ရွာသား ၅ ဦးကို တပ်မတော်မှ လမ်းပြအဖြစ်ခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ အစိုးရတပ်မတော်မှလမ်းပြအဖြစ်ခေါ်ဆောင်သွားသည့် အမျိုးသား ၅ ဦးထဲမှ ၃ ဦးသည် ကွတ်ခိုင်မြို့နယ် နောင်ဟွယ်ကျေးရွာတွင် နေထိုင်သူများဖြစ်ပြီး ကျန် ၂ ဦးမှာ ကာလိုင်ဇွပ်အောင် စစ်ရှောင်စခန်းတွင် နေထိုင်သူများဖြစ်ကြောင်း ကွတ်ခိုင်ဒေသခံများပြောပြချက်အရသိရသည်။

“ နောင်ဟွယ် ရွာသား ၃ ဦးက တအာင်း(ပလောင်) လူမျိုးတွေပါ။ စစ်ရှောင်စခန်းက ၂ ဦးက ကချင်လူမျိုးတွေပါ။ လမ်းပြ အဖြစ်ခေါ်သွားတယ်လို့သိရပါတယ်”ဟု အစိုးရတပ်မတော်မှ ခေါ်ဆောင်သွားစဉ် မြင်တွေ့လိုက်သည့် ဒေသခံ အမျိုးသား တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ဖြစ်ပွားနေသော စစ်ရေးဋိပက္ခကြောင့် တောင်ယာအလုပ်သွားလုပ်ပြီး စစ်ရှောင် စခန်းသို့ပြန်လာသည့် အမျိုးသား ၂ ဦးကိုလည်း စစ်တပ်က ယနေ့မနက်ပိုင်းကဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။“နောင်ဟွယ်ရွာသား ၃ ဦးကိုတော့ ရွာကနေခေါ်သွားတယ်။ စစ်ရှောင် အမျိုးသား ၂ ယောက်က တောင်ယာက နေပြန်လာတာ။ လမ်းမှာ တပ်မတော်နဲ့တွေ့တော့ လမ်းပြအဖြစ်ခေါ်သွားတာ။ သူတို့တွေက အသက်က ၂၀-၃၀ ဝန်းကျင်ရှိ မယ်ထင်တယ်”ဟု တပ်မှ ခေါ်သွားစဉ်မြ င်တွေ့လိုက်သည့် အမျိုးသားတဦးက ပြန်ပြောပြသည်။

ယခုရက်ပိုင်း ကွတ်ခိုင်မြို့နယ် ကာလိုင်၊ နောင်ဖန်းကျေးရွာနှင့် နမ့်ဖူးကျေးရွာတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများသည် အစိုးရ တပ်မတော် နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)တို့ ဖြစ်ပွားနေသည့် တိုက်ပွဲဖြစ်ကြောင်း ဒေသခံများ ပြောပြချက် အရသိရသည်။ သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲများဆက်လက် ပြင်းထန်လာနိုင်ကြောင်း၊ ကိုဗစ် ကာကွယ်ထိန်းချုပ်သည့် အချိန်ကာလအတွင်း တပ်မတော်မှ တိုက်ပွဲများရပ်တန့်ထားမည်ဟု ကြေညာခဲ့သော်လည်း တိုက်ပွဲ များဆက်လက်ဖြစ်ပွားနေကြောင်းလည်း ဆရာနောင်လတ်က ပြောသည်။

ကွတ်ခိုင်မြို့နယ်အတွင်း ယခုရက်ပိုင်း တပ်မတော်မှစစ်အင်အား ရာဂဏန်း ထပ်မံဖြည့်တင်းကာ ဒေသအတွင်း လှုပ်ရှားနေ ကြောင်း ဒေသခံများပြောပြချက်အရသိရသည်။ အဆိုပါ သတင်းနှင့်ပတ်သက်ပြီး သျှမ်းသံတော်ဆင့်မှ တပ်မတော် သတင်း မှန်ပြန်ကြားရေးဌာန နှင့် KIA ကို အကြိမ်ကြိမ် ဖုန်းဆက်ခေါ်ဆိုခဲ့သော်လည်း မရရှိခဲ့ပေ။ https://burmese.shannews.o rg/archives/17166

**************

၈။ သခင်စစ်ကုမ္ပဏီကို တရားစွဲဆိုထားသည့်အမှု တရားလိုသက်သေ ရဲစခန်း၏ထွက်ဆိုမှုကို အားရကျေနပ်မှု မရှိဟုဆို
June 16, 2020

ကချင်ပြည်နယ် မြစ်ကြီးနားမြို့အခြေစိုက် မြစ်ကြီးနားသတင်းဂျာနယ် မှ သခင်စစ်ကုမ္မဏီကို တရားစွဲဆိုထားထားသည့်အမှု ဇွန်လ ၁၅ ရက်နေ့ ရုံးချိန်းတွင် တရားလိုသက်သေဖြစ်သော ရဲစခန်း၏ထွက်ဆိုချက်အပေါ် ကျေနပ်အားရမှုမရှိကြောင်း တရားလို သတင်းထောက် မွန်းမွန်းပန် ထံမှ သိရသည်။

“ဒီနေ့ရုံးချိန်းကို လုံးဝအားမရဘူး။ ဘာလို့လဲဆိုရင် အမှုစစ်ထွက်ဆိုတဲ့အချက်မှာ အခင်းဖြစ်တဲ့နေ့ကဖမ်းထားတဲ့ အသံဖိုင် ကို အခင်းဖြစ်တဲ့နေ့မှာ မပေးခဲ့ဘဲနဲ့ နောက်ကျမှပေးတယ်ဆိုတဲ့အချက်တွေဖြစ်နေတယ်။ နောက်တစ်ချက်က ကျမတို့အဲနေ့ က သက်သေခံ ပစ္စည်းတွေကိုအပ်တယ်။ ရဲစခန်းကလက်မခံဘူး။ သူတို့ကပြောတာ နောက်မှအပ်ပါတဲ့။ ကျနော်တို့ခေါ်တဲ့ ချိန်မှ အပ်ရမယ်။ ခုအပ်လို့မရဘူးဆိုပြီး ခုမအပ်သေးနဲ့ဆိုပြီးပြောတယ်။ ပြီးတော့အဲနေ့ကလည်း အမှုကိုစောစောမဖွင့်ပေး ဘူး။ ကျေအေးဖို့ဘဲထပ်ခါထပ်ခါလာပြောနေတာ။ အဲချိန်ကျတော့ နေ့လည် ၁၁ နာရီကတည်းကနေ ည ၁၀ နာရီလောက်မှ အိမ်ပြန်ရတယ်။ ပြီးလို့ရှိရင် အသေးစိတ်အချက်လက်ကိုလည်း တရားရုံးရောက်မှပြော ဒီမှာက အသေးစိတ်အချက်လက် တွေကို မရေးလည်းရတယ် မှတ်မိသလောက်ဘဲပြော အဲလိုတွေပြောတဲ့ချိန်ကျတော့ မပါနိုင်တဲ့အချက်လက်တွေရှိသွားတာ ပေါ့နော်။ အဲအမှုဖြစ်တဲ့နေ့မှာ ကျမသတင်းတွေမှာ ဘယ်လိုဖြေထားတယ်။ အဲနေ့က ကျမအကျီ င်္ ကြယ်သီးက ဘယ်လိုပြုတ် ထားတယ် မပြုတ်ထားဘူးဆိုတာ အဲနေ့ကျမတို့ ရှေ့နေအပြင် တစ်ခြားသတင်းထောက်တွေလည်း အားလုံးတွေ့မှာပါ။ ခုက ကျမကဘဲ အဲဒီကြယ်သီးတွေကို စွဲဖြုတ်ထားတဲ့အနေထားမှာရှိနေတယ်။”ဟု မွန်းမွန်းပန် က ပြောသည်။

“သူ့ရဲ့ဥပဒေကြောင်းအရဆို အမှုနဲ့ပတ်သက်တဲ့ဟာကို တရားလိုဘက်က စပေးကတည်းက ရဲတွေယူခဲ့ရမှပေါ့။ ယူဖို့လည်း ကျနော်တို့အကုန်လုံးက ပြောတယ်။ အဲဒါကိုသိမ်းပေးပါ ဒါအမှုအတွက် သက်သေခံပစ္စည်းဟုတ်တယ် စတိုင်ကတည်းက သိမ်းခိုင်းတာသူတို့က မသိမ်းဘူး။ အဲတော့ ဒီနေ့တရားရုံးမှာလာထွက်တဲ့ချိန်ကျတော့ မပေးပါဘူးဆိုပြီး လာထွက်ကြတာ။ အဲတော့ အမှုဖြစ်ပြီး တစ်ပတ် ဒါမှမဟုတ် ၁၄ရက်လောက်ကြာတဲ့ခါကျမှ ကျနော်တို့ကဘဲ အဲသက်သေခံပစ္စည်းကို ရဲကို အပ် တယ်ပေါ့။ အမှုဖြစ်ပြီးအဲလောက်ကြာမှအပ်တဲ့ပစ္စည်းက အစစ်အမှန်တစ်ကယ် အသံဖမ်းထားတာ ဟုတ်မဟုတ် အကျီ င်္ပြဲ တာကလည်း သူတို့ပြသာနာဖြစ်ခဲ့တာ ဟုတ်မဟုတ်ကိစ္စမှာ သံသယဖြစ်စရာ ဖြစ်လာတာပေါ့ဗျာ”ဟု တရားလိုဘက်မှ ရှေ့နေဖြစ်သည့် တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းသိန်းက ပြောသည်။ ရဲစခန်းဘက်မှ လက်မခံခဲ့သည့် အဆိုပါ သက်သေခံပစ္စည်းသည် ရဲစခန်း၏ပေါ့ဆမှုသာ ဖြစ်သည့်အတွက် ၎င်း၏အမှုနှင့်ပတ်သက်ပြီး နစ်နာမှုမရှိစေရန် အကောင်း ဆုံးညှိနှိုင်းဆောင်ရွက်သွားဖို့ ရှိကြောင်း ၎င်းကဆက်ပြောသည်။

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ သခင်စစ်ကုမ္မဏီက မြစ်ကြီးနားသတင်းဂျာနယ်မှ သတင်းထောက်နှစ်ဦးအား ဂျာနယ်တွင်ပါရှိသည့် သတင်းတစ်ပုဒ်နှင့်ပတ်သက်ပြီး ဆွေးနွေးရန်အတွက်ဟုဆိုကာ မြစ်ကြီးနားသတင်းဂျာနယ်ရုံးမှ ဝိုင်းမော်မြို့ရှိ ၎င်းတို့ကုမ္ပဏီရုံးခန်းသို့ ခေါ်ဆောင်ပြီးနောက် အမျိုးသမီးသတင်းထောက်ဖြစ်သည့် မွန်းမွန်းပန်အား ခြိမ်း ခြောက်ပြောဆိုကာ ဂျာနယ်ဖြင့် ပါးရိုက်ခဲ့ပြီး သတင်းထောက် အဂျေအား ထိုင်ထတစ်သိန်းလုပ်ရန် ခြိမ်းခြောက်စေခဲ့သည့် အတွက် မြစ်ကြီးနား သတင်းဂျာနယ်မှ သခင်စစ်ကုမ္မဏီအား အသရေဖျက်မူ ပုဒ်မ ၅၀ဝ ဖြင့် စတင်တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ မည်သူမဆို အခြားတစ်ဦးဦးအား အသေရဖျက်မူ တစ်ခုခုကျူးလွန်လျှင် ထိုသူအား ထောင်ဒဏ် (၂) နှစ်ထိ ချမှတ် နိုင်သည့်အပြင် ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သောပုဒ်မဖြစ်သည်ဟု သိရသည်။ https://burmese.kac hinnews.com/2020/06/16/% e1%80%9e%e1%80%81%e1%80%84%e1%80%ba%e1

***************

၉။ အမ်းမြို့ ချင်းဒုက္ခသည် တစ်ထောင်ကျော် ဆန်ရိက္ခာအရေးပေါ်လိုအပ်
June 17, 2020

ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒလက်ချောင်းကျေးရွာအုပ်စုက ရှမ်းကုန်းနဲ့ မင်္ဂလာဒုံရွာက ချင်းတိုင်းရင်းသား လူဦးရေတစ် ထောင်ကျော်ကို တပ်မတော်က ဆန်သယ်ယူခွင့်ကန့်သတ်ထားတာ ခြောက်လကျော်ပြီဖြစ်လို့ အဲဒီရွာတွေမှာ ဆန်ရိက္ခာ ပြတ်လပ်နေပါတယ်။ ဆန်သယ်ခွင့် အပိတ်ခံထားရတာကြောင့် ချင်းတိုင်းရင်းသား တစ်ထောင်ကျော်ဟာ စားစရာဆန်မရှိဘဲ အရေးပေါ် ရိက္ခာလိုအပ်နေတယ်လို့ ချင်းလူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအဖွဲ့ (CHAT)က ဆလိုင်း ဝင်းမောင် က ပြောပါတယ်။ “ကျေးရွာကလူတွေက ပိတ်ဆို့ခံထားရတာ ကြာတဲ့အခါကျတော့ စားဖို့သောက်ဖို့က ဆန်တွေက မရှိတဲ့ အတိုင်းအတာကို ရောက်နေတယ်၊ ခုကရွာတွေမှာ ဆန်လည်းဝယ်လို့မရဘူး၊ အခုရွာတွေမှာ ငှက်ပျောသီးတွေ၊ အသီးအရွက်တွေ စားပြီးနေနေရတယ်ဗျ၊ ကျေးရွာအားလုံးနီးပါး ပိတ်ဆို့ခံထားရတယ်၊ အရေးပေါ်လိုအပ်နေတာကတော့ ရှမ်းကုန်းကျေးရွာနဲ့ မင်္ဂလာဒုံကျေးရွာ အဲမှာအဓိက လိုအပ်နေတယ်” ရှမ်းကုန်းကျေးရွာမှာ လူဦးရေ ၆၀ဝ ကျော်နဲ့ မင်္ဂလာဒုံ ကျေးရွာမှာ လူဦးရေ ၅၀ဝ ကျော်ရှိတယ်လို့ ဆလိုင်းဝင်းမောင်က ပြောပါတယ်။

ဒလက်ချောင်းကျေးရွာအုပ်စုထဲမှာ ချင်းတိုင်းရင်းသားတွေ နေထိုင်တဲ့ရွာ ၃၆ ရွာနဲ့ ရခိုင်တိုင်းရင်းသားတွေ နေထိုင်တဲ့ရွာ ငါး ရွာလောက်ရှိပါတယ်။ ဒီကျေးရွာနှစ်ရွာကိုပဲ ဖုန်းအဆက်အသွယ်ရတာကြောင့် မြေပြင်အခြေအနေသိရပြီး အခြားကျေးရွာ တွေ အခြေအနေကိုတော့ အသေးစိတ် မသိရသေးဘူးလို့ CHAT အဖွဲ့က ပြောပါတယ်။ ဒလက်ချောင်းကျေးရွာအုပ်စုဟာ အမ်းမြို့ကို ကုန်းလမ်း၊ ရေလမ်းနဲ့ သွားနိုင်ပါတယ်။ ဒါပေမဲ့ ဒီနှစ် ဇန်နဝါရီလဆန်းကစလို့ AA အဖွဲ့ကို ရိက္ခာရောက်သွားမှာ တားမြစ်တာဆိုတဲ့ တပ်မတော်ဘက်က အကြောင်းပြချက်နဲ့ ရိက္ခာသယ်ယူခွင့် နဲ့ သွားလာခွင့်တွေ ပိတ်ထားတာလို့ ဒေသခံ တွေကပြောပါတယ်။ ရိက္ခာအရေးပေါ် လိုအပ်နေတဲ့ ဒေသခံ ချင်းတိုင်းရင်းသားတွေကို အကူအညီပေးနိုင်ဖို့ ချင်းအရပ်ဘက် အဖွဲ့တွေ ပြင်ဆင်နေ ကြပါတယ်။ ချင်း စစ်ဘေးရှောင်ပြည်သူများ အရေးပေါ်ကူညီရေးနဲ့ ပြန်လည်ထူထောင်ရေးကော်မတီ RRCCI က ပြောရေး ဆိုခွင့်ရှိသူ မိုင်နန်းဝေ ပြောသွားတာပါ။ ရွာတွေထဲက ချင်းလူငယ်တချို့ကတော့ ရန်ကုန်ကိုထွက်ပြေး ခိုလှုံနေတာတွေလည်း ရှိတယ်လို့ ချင်းအရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။

တပ်မတော်က ရိက္ခာသယ်ယူခွင့် ပိတ်ထားတယ်ဆိုတာနဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူး ချုပ် ဇော်မင်းထွန်းကို RFA ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။ AA နဲ့ တပ်မတော်တို့ တိုက်ပွဲ တွေကြောင့် ချင်းပြည်နယ် ပလက်ဝမှာစစ်ဘေးဒုက္ခသည် ၉၀ဝဝ ကျော်ရှိသလို ရခိုင်ပြည်နယ်မှာလည်း ချင်းလူဦးရေ ခြောက်ထောင်ကျော် ဒုက္ခရောက်နေတယ်လို့ အရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။ ရခိုင်ပြည်နယ်မှာဆိုရင် မင်းပြား၊ အမ်း၊ မြေပုံနဲ့ မြောက်ဦးမြို့နယ်တွေမှာ ချင်းတိုင်းရင်းသား စစ်ဘေးဒုက္ခသည်တွေရှိပြီး အမ်းမြို့နယ်မှာတော့ အများဆုံးရှိတယ်လို့ ပြောကြပါတယ်။ https://www.rfa.org/burmese/news/urgent-food-supply-required-for-thousand-of-ann-refug ees–06172020055447.html

**************

၁၀။ နောင်ချို ဂုတ်တွင်း ကားတစီး ချောက်ထဲကျ ၃ ဦးသေ
June 17, 2020

သျှမ်းပြည် မြောက်ပိုင်း နောင်ချိုမြို့နယ် ဂုတ်တွင်း တွင် ယနေ့ မနက် ၃ နာရီ ကျော်က ခရီးသည် တင်ယာဉ် express ကား တစီး ချောက်ထဲသို့ ထိုးကျကာ ယာဉ်မောင်းတဦး နှင့် ခရီးသည် ၂ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။“ယာဉ်မောင်းနဲ့အမျိုးသားတဦးကတော့ ဖြစ်တဲ့နေရာမှာ ပွဲချင်းပြီးသေတယ်။ နောက်အမျိုးသမီးတယောက်ကတော့ ဆေးရုံ မှာဆုံးတယ်”ဟု သွားရောက်ကူညီခဲ့သည့် ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း (နောင်ပိန်) မှ ဦးနေအောင်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။ အဆိုပါ ခရီးသည်ယာဉ်တွင် ယာဉ်မောင်းအပါဝင် စုစုပေါင်း ၁၇ ဦး လိုက်ပါခဲ့ပြီး၊ ၃ ဦး

သေဆုံးကာ ၊ ၅ ဦး ဒဏ်ရာပြင်းထန်ကြောင်း၊ ကျန် သူများမှာ ဒဏ်ရာမပြင်းထန်ကြောင်းလည်း ဦးနေအောင် က ဆိုသည်။“ ဒဏ်ရာပြင်းထန်တဲ့ ၅ ဦးကိုတော့ ကျနော်တို့အသင်းက ပြင်ဦးလွင် ဆေးရုံကိုပို့ပေးခဲ့ပါတယ်။ ကျန် သူတွေကတော့ နောင်ချို ဆေးရုံမှာပါ”ဟု ဦးနေအောင် က ပြောသည်။ ထို ခရီးသည်ယာဉ် သည် မကွေးမြို့မှ လားရှိုးမြို့သို့သွားမည် မင်းသားကြီး express ကားဖြစ်ကြောင်း၊ ကုန်းအဆင်းတွင် ကားဘရိတ်ပေါက်မှုကြောင့် ရှေ့သို့ထိုးဆင်းသွားကြောင်း သွားရောက်ကူညီ သည့် လူမှုရေးအသင်းများကပြောသည်။

လွန်ခဲ့သည့်ရက်ပိုင်းက နောင်ချိုမြို့နယ် ဂုတ်တွင်း တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေကြီးကာ ကားလမ်းများချော်ခဲ့ကြောင်း၊ ယခုရက်ပိုင်း ထို ဂုတ်တွင်းတွင် အတက်အဆင်း သတိထားပြီး မောင်းရန် လိုအပ်ကြောင်း လည်း ကားသမားများ က ပြောသည်။ “ဒီရက်ပိုင်း မိုးတွေ အရမ်းရွာတယ်။ တောင်တက်တောင်ဆင်း ကားလမ်း တွေချော် တော့ သတိနဲ့မောင်းဖို့လိုတယ်။ ဂရုစိုက်မောင်းဖို့ လိုပါတယ်”ဟု ကားသမား တဦးဖြစ်သည့် စိုင်းလောဝ် က ပြောသည်။

မိုးရွာသွန်းမှုကြောင့် တောင်ကျရေများ ယခင်ကထက် ပိုကျလာကြောင်း၊ လမ်းများချော်မှုကြောင်း ယခုရက်ပိုင်း ကားကြီး၊ ကားသေးများ သွားလာမှုခက်ခဲနေကြောင်း၊ လမ်းများသည် ယခင်ကဲ့သို့ မဟုတ်တော့ကြောင်းလည်း ကားသမားများက ပြောသည်။ https://burmese.s hannews.org/archives/17134

***************

၁၁။ ပြည်နယ်အစိုးရ၏ လယ်ယာမြေဖော်ထုတ်မှုကြောင့် လီဒိုလမ်းမပေါ်ကျေးရွာ ၂ ခု                  အငြင်းပွားဖွယ်ရှိနေ
June 17, 2020

အစိုးရ၏ ဟူးဟောင့်ချိုင့်ဝှမ်းဒေသ လီဒိုလမ်းမပေါ်ရှိ စံပြ ရွေ့ပြောင်းကျေးရွာသစ်အတွက် မြေယာအသစ်ဖော်ထုတ်မှုကို အစိုးရက နှောင်းမီကျေးရွာတွင် လုပ်ဆောင်နေသောကြောင့် ကျေးရွာ ၂ ခုကြား ပဠိပက္ခဖြစ်လာမည့်အခြေအနေရှိနေသဖြင့် အမြန်ဖြေရှင်းပေးရန် တောင်းဆိုနေကြသည်။ ဖားကန့်မြို့နယ် မြေယာဖော်ထုတ်ရေးကော်မတီက စံပြကျေးရွာအတွက် မြေဧက ၂၀ဝ ကျော်ကို ၎င်းကျေးရွာနှင့် မိုင် ၂၀ ကျော်ကွာဝေးသော နှောင်းမီကျေးရွာတွင် လွန်ခဲ့သည့်မတ်လ ကတည်းက စတင်ဖော်ဆောင်ခဲ့ရာ နှောင်းမီဒေသခံများက ကန့်ကွက်နေဆဲဖြစ်သည်။

လယ်ယာမြေဖော်ထုတ်ပေးရန် နှောင်းမှီကျေးရွာဒေသခံမှ တောင်းဆိုခြင်းမရှိသော်လည်း စံပြကျေးရွာကသာ တောင်းဆိုခဲ့ ခြင်းဖြစ်သည်။ သို့သော် ပြည်နယ်အစိုးရ၏ ညွန်ကြားစာတွင် ‘နှောင်းမီစံပြကျေးရွာ’တွင်ဟု ကျေးရွာ ၂ ခုကိုရောထွေးစွာ ဖော်ပြခဲ့သဖြင့် ကျေးရွာ ၂ ခုကြား အငြင်းပွားဖွယ် အခြေအနေဖြစ်နေသည်ဟု ဆိုသည်။ “ညွန်ကြားစာမှာက ‘နှောင်းမှီစံပြ ကျေးရွာ’လို့ စာထွက်လာတယ်။ စာထဲမှာကိုက မြေနေရာရှာခိုင်းတာပေါ့။ ညွန်ကြားစာက ဝန်ကြီးရုံးကနေ မြို့နယ်အုပ်ချုပ် ရေးမှူး ရုံးကထွက်လာတာပေါ့။ အဲ့မှတဆင့် ကျနော်တို့ကို ကွင်းဆင်းခိုင်းတယ်။ နောက်စံပြ ကျေးရွာအနီးတဝိုက်မှာက မြေနေရာ လွတ်တာမရှိဘူးလေ။ စာမှာကိုက နှောင်းမီပါနေတော့ အဲ့ဒီကို ပြန်ရှာတာပေါ့။ အဲ့မှာက မြေလွတ်မြေလပ်ရှိနေ တော့ တင်ပေးလိုက်တာပေါ့။ လက်ရှိအခြေအနေမှာလည်း စံပြတောင်သူအတွက်ဖြစ်တယ်လို့၊ နောက် နှောင်းမှီတောင်သူ တွေ အတွက်ဖြစ်တယ်လို့ ၂ ဦး စလုံးကို တိတိကျကျ ချမှတ်ပေးတာမရှိသေးပါဘူး”ဟု ဖားကန့်မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်ဇော်လင်းက ပြောဆိုသည်။

လယ်ယာမြေဖော်ထုတ်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးများက ကွင်းဆင်းစစ်ဆေးခဲ့ချိန် ဒေသခံများအတွက် ဆောင်ရွက် ပေးမည့်အကြောင်း ပြောဆိုခဲ့သောကြောင့် အဆိုပါလုပ်ငန်းကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်ဟု နှောင်းမီဒေသခံ ဦးဆိုင်းအောင် က သတင်းဌာန KNG ကိုပြောသည်။

“ဒီမှာလုပ်ငန်းစတင်ခဲ့တဲ့အချိန်မှာ မြို့နယ်ကနေ ကွင်းဆင်းစစ်ဆေးခဲ့တယ်။ ကျနော် တို့ ဒေသခံတွေက ဒီနေရာမှာ မလုပ်ဖို့ ငြင်းပယ်ခဲ့တာရှိတယ်။ ဘာကြောင့်လဲဆိုတော့ ဒေသခံတွေက မြေလွတ်မြေလပ် လျှောက်ထားတဲ့နေရာ ဖြစ်တယ်။ ဒါပေမယ့် သူတို့က နိုင်ငံတော်ရံပုံငွေကျထားတဲ့အတွက် လုပ်ရင်လည်းဒေသခံတွေ အတွက်သာ ဖြစ်လိုပြောခဲ့တယ်။ အခုက လယ်ယာမြေဖော်ထုတ်တာကလည်း ပြီးခါနီးတော့ ကျေးရွာသားတွေအတွက် မဟုတ်ဘဲ စံပြကျေးရွာဘက်က တောင်သူ တွေ အတွက်လုပ်ပေးတာဖြစ်တယ်လို့ ပြောလာတယ်။ အဲ့တော့ အခုဖော်ထုတ် ထားတဲ့ မြေယာတွေက ခွဲဝယ်ယူလို့လဲမရ ပြဿနာတက်နေတာပေါ့” ဟုပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဦးအားတီယောဟန်က “ကျနော်တို့ သိထားသလောက်ပြော ရမယ်ဆိုရင် စံပြကျေးရွာနဲ့ နှောင်မီဒေသခံပြည်သူတွေနဲ့ ဘာကြောင့် ပြသနာဖြစ်လာရသလဲဆိုတော့ အောက်ခြေမှာ အစိုးရ က လယ်ယာမြေဖော်ထုတ်ပေးဖို့ တာဝန်ပေးလိုက်တဲ့သူရဲ့ ပြတ်သားမှုမရှိတဲ့တစ်ကြောင်း၊ ပြည်နယ်အစိုးရကလည်း နေရာ ကြိုတင်ရှာထားခြင်းမရှိဘဲနဲ့ ပြည်သူတောင်းခံထားတဲ့ဟာကို ဘတ်ဂျက် ချပေးလိုက်တယ်။ အချိန်အခါအရဆို မသုံးလို့မရ တော့ဘူး။ အဲ့တော့ ချပေးတဲ့အခါမှ ဟိုနေရာ ရှာလိုက်နဲ့ ပတ်ချာလည်သွားတဲ့အခါ နောက်ဆုံး နှောင်းမှီမှာ သွားဖော်တယ်။ အဲ့မှာမဖော်ခင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ဒေသခံတွေကို သေချာညိနှိုင်းတိုင်ပင်ရမှာဖြစ်တယ်။ အခုက မှန်မှန်ကန်ကန်နဲ့ အလုပ်မလုပ်တဲ့အတွက် ဖြစ်လာတဲ့ ပြဿနာ ဖြစ်တယ်” ဟု ပြောသည်။

ဟူးကောင်းချိုင့်ဝှမ်းဒေသ လီဒိုလမ်းကျေးရွာများတွင် ဒေသခံများနှင့် ယုဇနကုမ္ပဏီတို့ကြား မြေယာပြဿနာဖြစ်နေရာမှ ယခု အချိန်တွင် အစိုးရ၏ညွန်ကြားချက်ကြောင့် ကျေးရွာ ၂ ခုကြားမြေယာအငြင်းပွားမှု ဖြစ်လာနိုင်ခြေရှိနေသည်ဟု ဒေသခံများ က ပြောသည်။ https://burmese.kachinnews.com/2020/06/17/%e1%80%95%e1%80%bc%e1%80%8a%e 1%80%ba%e1

**************

၁၂။ မူးယစ်ဆေးဝါးပြစ်မှုကျူးလွန်သူများအတွက် ထားစရာနေရာလုံလောက်မှုမရှိတော့           ဟု မွန်ပြည်သစ်ပါတီ သထုံခရိုင် တာဝန်ရှိသူ ပြော
June 16, 2020

မူးယစ်ဆေးဝါးအန္တရယ်ကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် မွန်ပြည်သစ်ပါတီက ဖမ်းဆီးအရေးယူလျက်ရှိရာ ၎င်း၏ ထိန်းချုပ်ဒေသတစ်ခုဖြစ်သော သထုံခရိုင်အတွင်း ပြစ်မှုကျူးလွန်သူတရားခံများအတွက် ထိန်းသိမ်းထားစရာနေရာလုံ လောက်မှုမရှိတော့ ဟု မွန်ပြည်သစ်ပါတီသထုံခရိုင်တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မွန်ပြည်သစ်သတင်းစဉ် Online မှ မွန်ဘာသာဖြင့် ဖြန့်ချိခဲ့သော “မွန်အမျိုးသားအန္တရယ် မူးယစ်ဆေးဝါး” Documentary အပိုင်း(၂)တွင် မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ဖြူးသူများနှင့် သုံးစွဲသူများအားဖမ်းဆီးအရေးယူထားမှုအပေါ် မွန်ပြည်သစ်ပါတီ သထုံခရိုင်မှ ဝန်ထုတ်ဝန်ပိုးဖြစ်လာရကြောင်း ခရိုင်အလုပ်အမှုဆောင်ကော်မတီဝင် နိုင်ဇော်မင်းဦးက ပြောဆိုထားသည်။ နိုင်ဇော်မင်းဦးက “လက်ကြီးသမားတွေကိုပဲ ဖမ်းချင်ပါတယ်၊ လူများများဖမ်းမိရင် ကျနော်တို့ဆီမှာ ထိန်းသိမ်းဖို့နေရာအတွက် အခက်အခဲ တော်တော်လေးရှိလာတယ်၊ ဖမ်းဆီးမိလာရင် နေစရာနေရာအတွက် အခက်အခဲဖြစ်လာရတာကတစ်မျိုး သူတို့ စားရေးသောက်ရေးကိစ္စတွေကိုလည်း ပါတီအနေနဲ့တာဝန်ကြီးလာတဲ့အတွက် တခါတလေမှာ အဖမ်းအဆီးတွေမလုပ်ဖို့ တားထားလိုက်ရတယ် သုံးစွဲတဲ့အဆင့်လောက်ပဲဆိုရင် ဖမ်းမလာပါနဲ့တော့လို့၊ ဘာဖြစ်လဲဆိုရင် ဖမ်းလာပြီးဆိုရင် အိပ်ဖို့ နေရာမပေးနိုင်ဘူး ထားဖို့အခန်းနေရာလည်းမရှိဘူး နောက်ပြီး သူတို့ကို ကျွေးမွေးတဲ့ကိစ္စကလည်း တာဝန်တော်တော်ကြီး လေးလာတယ်” ဟု ဆိုသည်။

အထူးအဖြင့် ကျေးရွာများတွင် ၁၀ နှစ်နှင့်အထက် ခလေးလူငယ်များ သုံးစွဲနေကြသည်ကို ကျေးရွာအကြီးအကဲများ ပြောဆို ဆုံးမသော်လည်း ထိရောက်မှုမရှိသည့်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် အရေးယူပေးဆောင်ရွက်ပေးစေလို ကြောင်း အလားတူ ကော့မိတ်ကျေးရွာ ရပ်မိရပ်ဖ နိုင်စိုးခိုင်က ပြောထားသည်။

နိုင်စိုးခိုင်က “အများအားဖြင့်တော့ မိဘတွေ က ရပ်ရွာမှာမရှိကြဘူး၊ အဖိုးအဖွားတွေနဲ့ နေကြတာများတော့ ဒီလိုကိစ္စတွေ အဖြစ်များလာတာလို့လည်း ဆိုနိုင်တယ်၊ ခလေးတွေ စာရိတ္တချို့ယွင်းလာတယ်၊ ပညာရေးအပိုင်းမှာလည်း ထိခိုက်လာ တယ်၊ ဒီမှာက တော်တော်များဆိုမှ တော်တော်များများ ကို ဖြစ်နေတာ အဲဒါကြောင့် ထိရောက်ပြတ်သားစွာ အရေးယူစေ ချင်ပါတယ်” ဟု ဆိုသည်။

အဆိုပါ “မွန်အမျိုးသားအန္တရယ် မူးယစ်ဆေးဝါး” Documentary အပိုင်း(၂) တွင် မွန်ပြည်သစ်ပါတီ သထုံခရိုင်အတွင်း မူယစ်ဆေးဝါးပြစ်မှုဖြင့် အရေးယူခံထားရသူများ၏ နောက်ခံပုံရိပ်များ၊ အင်တာဗျူးများနှင့်အတူ မူးယစ်ဆေးဝါးကြောင့် နောက်ဆုံးရလိုက်သည့်သင်ခန်းစာမှာ “နောင်တ”ဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရသည်။ အလားတူ မွန်ပြည်သစ် ပါတီ မော်လမြိုင်ခရိုင်နှင့် ထားဝယ်ခရိုင် အုပ်ချုပ်ရေးဒေသများတွင်လည်း မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ဆေးစွဲသူများ ပြန် လည်ကုသရေး၊ ပြစ်မှုကျူးလွန်သူတရားခံများ ထိန်းသိမ်းထားရှိရန်လုံခြုံသောနေရာနှင့် စားနပ်ရိက္ခာများရရှိရေးအတွက် ဝန်ထုပ်ဝန်ပိုးများ ဖြစ်လာသည်ဟု သတင်းရရှိသည်။ http://burmese.monnews.or g/2020/06/16/%e1%80%99% e1%80 %b0%e1%80%b8%e1%80%9a%e1%

**************

၁၃။ ကိုဗစ် လုပ်ငန်းစဉ် ဆောင်ရွက်နေသည့် RCSS/SSA ကို အာဏာပိုင်များ တားမြစ်
June 18, 2020

သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင် မိုးနဲမြို့နယ်အတွင်း RCSS/SSA ၏ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်ကို ကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် ရဲတပ်ဖွဲ့ဝင်များက တားမြစ်ပိတ်ပင်ကြောင်းစုံစမ်းသိရသည်။

ဇွန် ၁၈ ရက် မနက် ၉ နာရီက သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) ၏ ကျန်းမာ ရေးဝန်ထမ်းများက မိုးနဲမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ် ဆောင် ရွက်နေစဉ် လွယ်ဝပ်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့ဝင် ၂ ဦး တို့က လာရောက်တားမြစ်ခဲ့ကြောင်း RCSS/SSA ဘက်က ဆိုပါသည်။“ဒီနေ့မနက် ကျနော်တို့ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ် အဖွဲ့ကို လာပြီးဟန့်တားတယ်ဆိုတာ ဟုတ်ပါတယ်။ ကျနော့အထင်တော့ ကျနော်တို့ RCSS/SSA ကို နာမည် မရစေချင်တဲ့သဘောလားမသိဘူး”ဟု RCSS/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး အုမ်ခေး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

RCSS/SSA ဆေးဝန်ထမ်းအဖွဲ့သည် ကျိုင်းတောင်းမြို့အသွားလမ်း တနေရာတွင် ကိုဗစ်-၁၉ သံသယလူနာရှိ၊ မရှိစစ်ဆေး ခြင်းနှင့် ကြိုတင်ကာကွယ်နည်း အသိပညာဟောပြောပေးခြင်း ဆောင်ရွက်နေစဉ် လွယ်ဝပ်ကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် ရဲတပ်ဖွဲ့ ၂ ဦး တို့က ကားဖြင့်လာပြီး၊ ခွင့်ပြုချက်မရရှိပါက ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးလုပ်ဆောင်ခြင်း မပြုရန် တားမြစ် ပိတ်ပင်ခဲ့ကြောင်း RCSS/SSA ၏သတင်းမီဒီယာ ဝက်ဆိုဒ်တွင် ရေးသားဖော်ပြထားသည်။ ထို့အပြင် အမိန့်မရပါက ထို နေရာတွင် ကိုဗစ် -၁၉ ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်းမပြုရန် နှင့် ပြန်လည်ဆုတ်ခွာပေးရန် ပြောဆို ခြိမ်းခြောက်ခဲ့ရာ RCSS/SSA ၏ ကျန်းမာရေးဝန်ထမ်းများသည် ထိုနေရာမှ ပြန်လည်ဆုတ်ခွာပေးခဲ့ရကြောင်းလည်း RCSS/SSA ၏ ဝက်ဆိုဒ်တွင် ဖော်ပြထားသည်။

ဇွန် ၁၆ ရက်နေ့တွင် ကိုဗစ်-၁၉ ကာလအတွင်း ထိန်းချုပ်ရေး ၊ကုသရေး နှင့် ပတ်သတ်ပြီး RCSS/SSA နှင့် အစိုးရအဖွဲ့တို့ သည် Vedio Conferencing အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။ လွန်ခဲ့သည့် ဧပြီလ ၇ ရက် တွင်လည်း သျှမ်းပြည် တောင်ပိုင်း မိုင်းပန်မြို့နယ် တွင် RCSS/SSA ၏ ဆေးဝန်ထမ်းများကို အစိုးရတပ်မတော်က တားမြစ်ခဲ့ပြီး၊ RCSS/SSA ၏ ထောက်ပံ့မှုကို ယူပါက ဒေသခံပြည်သူများကို ဖမ်းဆီးအရေးယူမည်ဟုလည်း ခြိမ်းခြောက်ခဲ့ကြောင်းသိရသည်။ https://bu rmese.shannews.org/a rchi ves/17173

****************

၁၄။ ကျောက်ဖြူတွင် ထွေအုပ်ဝန်ထမ်း ၁ ဦးအသတ်ခံရ
June 18, 2020

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ စာရေးဝန်ထမ်းဖြစ်သူ အသက် ၄၀ နှစ်ခန့်ရှိ ဦးစိုးမင်း မှာ အမည်မသိ လူတစုက ခေါ်ဆောင်သွားပြီးနောက် အသတ်ခံရကြောင်း ရဲတပ်ဖွဲ့က အတည်ပြုပြောကြားသည်။

ကျောက်ဖြူမြို့မ စခန်းမှူး ဒုရဲမှူး ကျော်ဇောက “ကျနော်တို့ ဇွန်လ ၁၇ ရက်နေ့ မနက်ပိုင်းမှာ တောင်ရှည်ကျေးရွာသို့ သွားတဲ့ ကားလမ်းမဘေးမှာ လူတယောက် သေနေတယ်ဆိုတာ သတင်းရလို့ သွားကြည့်တယ်။ ဘယ်သူ၊ ဘယ်ဝါ ဖြစ်တယ်ဆိုတာ ဆေးရုံပို့ပြီး စစ်ဆေးတဲ့အခါ စိုင်ခြုံကျေးရွာက ထွေအုပ်စာရေး ကိုစိုးမင်းထွန်း ဖြစ်တယ်ဆိုတာ သိရတာ”ဟု ဧရာဝတီသို့ ပြောသည်။ အသတ်ခံရသူ ဦးစိုးမင်းထွန်းမှာ ကျောက်ဖြူမြို့နယ် စိုင်ခြုံကျေးရွာမှ ရပ်/ကျေး စာရေးတဦး ဖြစ်ပြီး ဇွန်လ ၁၆ ရက်နေ့ ညနေပိုင်းက မိသားစုနှင့်အတူ နေအိမ်၌ အိပ်နေစဉ် အမည်မသိ လူတစုမှ ခေါ်ဆောင်သွားပြီး နောက်နေ့ နံနက် လေယာဉ်ကွင်း အနီးရှိတောင်ရှည်ကျေးရွာသွားသည့် ကားလမ်းဘေးတွင် ၎င်း၏ အလောင်းအား တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

“သူ့မိန်းမက ပြောတာ အဲဒီည ၁၂ နာရီလောက်မှာ အမည်မသိ လူတစု ရောက်လာပြီး အတင်းအဓမ္မ ဖမ်းခေါ်သွား တယ်လို့ ပြောတယ်။ နောက်နေ့ မနက်မှာ ဒဏ်ရာနဲ့ သူ့အလောင်းတွေ့တာ”ဟု စခန်းမှူး ဒုရဲမှူး ကျော်ဇောက ဆက်လက် ပြောကြားသည်။ အသတ်ခံရသည့် ဦးစိုးမင်းထွန်း၏ အလောင်းအား စစ်ဆေးရာ ဦးခေါင်း၊ ဝမ်းဗိုက်၊ ဝဲဘက် လက်ဖျံတို့တွင် ညိုမဲ ဒဏ်ရာအသီးသီး ရရှိခဲ့ပြီးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကျောက်ဖြူမြို့မရဲစခန်းမှသိရသည်။ အသတ်ခံရသည့် အကြောင်း ရင်းနှင့်ကျူးလွန်သည့်တရားခံများကို ရဲတပ်ဖွဲ့မှ ယခုတိုင်ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။ အဆိုပါ သေဆုံးမှုနှင့် ပတ်သက်ပြီး ဦးစိုးမင်းထွန်း၏ ဇနီးဖြစ်သူ ဒေါ်မဝေသန်းက တရားလိုလုပ် တိုင်တန်းပြီး ကျောက်ဖြူမြို့မ ရဲစခန်းတွင် ပ/၂၁၅ / ၂၀၂၀ ၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ / ၄၃ တို့ဖြင့် အမှုဖွင့်ကာ တရားခံဖမ်းဆီးနိုင်ရေး ရှာဖွေစုံစမ်းလျှက် ရှိကြောင်းသိရသည်။ https:/ /burma.irrawaddy.com /news/2020/06/18/224902.html

**************

၁၅။ လားရှိုးမြို့နယ်အတွင်း ပုတ်ပွနေသည့် အမျိုးသမီးအလောင်း ၂ လောင်းတွေ့
June 16, 2020

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် မတ်ချီနူရွာ အနီးတွင် ပုတ်ပွနေသည့် အမျိုးသမီး ရုပ်အလောင်း (၂)လောင်းကို ယနေ့ မနက်ပိုင်းက တွေ့ရှိကြောင်း စုံစမ်းသိရသည်။

အဆိုပါ အမျိုးသမီး အလောင်း ၂ လောင်း သည် လားရှိုးမြို့နယ် တာပုံကျေးရွာအုပ်စု မတ်ချီနူ ရွာသွားလမ်းဘေးရှိခြုံ တခုထဲ တွင်း တွေ့ရှိကြောင်း၊ သေဆုံးသူများ၏အလောင်းမှာ ပုတ်ပွနေပြီဖြစ်သဖြင့် မည်သူမည်ဝါဖြစ်ကြောင်း သေချာမသိရှိရ ကြောင်း လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့မှ စိုင်းဝသုန်ထွန်း က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ဘာကြောင့် အသတ်ခံရတယ်ဆိုတာကိုတော့ သေချာမသိရသေးဘူး။ နောက် အလောင်းက ပုတ်ပွပြီး နံနေတော့ ဒဏ်ရာရထားတာလား ဆိုတာလည်း ကျနော်တို့ သေချာမသိရဘူး” ဟု စိုင်းဝသုန်ထွန်း က ပြောသည်။

အမျိုးသမီး ၂ ဦး၏ အလောင်းအား သွားရောက်သယ်ဆောင်ရသည့်လမ်းသည် မိုးရွာထားသဖြင့် သွားလာရလွန်စွာ ခက်ခဲ ကြောင်း၊ ရောက်ရှိသွားသည့် အချိန်တွင် အမျိုးသမီး ၂ ဦး၏ ရုပ်အလောင်းသည် ညိုပုတ်ပျက်စီးနေကြောင်း၊ အသက်အရွယ် အရ အသက် ၄၀ ကျော် နှင့် ၅၀ ဝန်းကျင်ခန့်ရှိကြကြောင်း၊ လက်ရှိမှာ လားရှိုးမြို့ ရင်ခွဲရုံကို ပို့ဆောင်ထားကြောင်း သိရ သည်။ ထို ပုတ်ပွနေသည့် အမျိုးသမီး ၂ ဦးသည် ညဝတ်စုံ ဝမ်းဆက် ဝတ်ဆင်ထားပြီး၊ အမျိုးသမီး ၂ ဦး လက်ကို နောက် ပြန် ကြိုးတုတ်ထားသည့် အနေအထားနှင့် ခြုံပုတ်ထဲသို့ စွန့်ပစ်ထားသည့် အလောင်းဖြစ်သည်ဟု သိရသည်။ သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်း ယခုရက်ပိုင်းလုယက်မှုများမကြာခဏဖြစ်ပွားကြောင်းသိရသည်။ https://burme se. shannews.org/archives/17122

*************

၁၆။ ရွေးကောက်ပွဲ ဝင်ပြိုင်လိုသူများအတွက် ဆန္ဒပြုလွှာများ KPP စတင်တောင်းယူ
June 18, 2020

ကရင်ပြည်သူ့ပါတီ (KPP) က ရွေးကောက်ပွဲဝင်ပြိုင်လိုသူများအတွက် ဆန္ဒပြုလွှာများကို ဇွန် ၁၈ ရက်နေ့မှစ၍ စတင် တောင်းယူနေပြီးဖြစ်ကြောင်း ပါတီ ဒုဥက္ကဋ္ဌ စောစေးဝါးက ကေအိုင်စီသို့ ပြောသည်။ ၎င်းက “ ဒီနေ့က စတောင်းလိုက်တယ်။ ဝင်ရောက်ယှဉ်ပြိုင်မယ့် သူတွေရဲ့ ဆန္ဒပြုလွှာ တောင်းထားတယ်။ ဝင်ပြိုင်ချင်တဲ့ နေရာနဲ့ ဝင်ပြိုင်မယ့် သူတွေကိုပေါ့။ ဇွန် ၃၀ ရက်နေ့ အရောက် ပါတီဌာနချုပ်ကိုပို့ပေးဖို့ တောင်းထားတယ်” ဟု စောစေးဝါးက ပြောသည်။

ကရင်ပြည်သူ့ပါတီ အနေဖြင့် လာမည့်ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် ၎င်းတို့၏ အမာခံနယ်မြေဖြစ်သည့် ကရင်ပြည် နယ်၊ သံတောင်ကြီးမြို့နယ် မဲဆန္ဒနယ်မြေများနှင့် ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ မွန်၊ တနင်္သာရီရှိ မဲဆန္ဒနယ်မြေအချို့တွင် ဝင်ပြိုင် ရန် ပြင်ဆင်မှုများပြုလုပ်နေကြောင်း သိရသည်။

KPP အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ခြောက်နေရာ၊ ၂၀၁၅ ရွေးကောက်ပွဲတွင် တစ်နေရာ အနိုင်ရရှိခဲ့သလို ပါတီဝင် အင်အား တစ်သိန်းကျော်ရှိကာ ကရင်ပါတီများထဲတွင် ရွေးကောက်ပွဲနှစ်ကြိမ်ဆက် နိုင်ဖူးသည့် တစ်ခုတည်းသောပါတီဖြစ် သည်။ လာမည့် ရွေးကောက်ပွဲတွင် ထပ်မံအနိုင်ရရေးအတွက် ကရင်လူငယ်များ ဝိုင်းကူလုပ်ကိုင်ပေးနေကြောင်း KPP နှင့် ကရင်လူငယ်များထံမှ သိရသည်။ http://kicnews.org/2020/06 /%e1%80%b1%e1%80%9b%e1%80%bc%e1% 80%b8%e1%80%b1%e1%

*************

၁၇။ မြန်မာအလံ ဖြုတ်ချခံခဲ့ရသည့် ချင်းရွှေဟော်တွင် နယ်နမိတ် ပြန်တိုင်းဖို့ တရုတ်နှင့်             သဘောတူညီမှု ရ
June 17, 2020

ရှမ်းပြည်နယ်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်မြို့ရှိ တရုတ်-မြန်မာ နယ်စပ်တွင် လွှင့်ထူထားသော မြန်မာ အလံတိုင်ကို တရုတ်နယ်ခြားစောင့်တပ်က လက်နက်အပြည့်အစုံဖြင့် လာရောက်၍ ဖြုတ်ချခဲ့မှုဖြစ်ပွားခဲ့ပြီးနောက် ၂ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနတို့၏ ညှိနှိုင်းမှုဖြင့် ယခုအခါ နယ်နမိတ်မြေ ပြန်တိုင်းရန် သဘောတူညီမှု ရရှိထားကြောင်း သတင်း ရရှိသည်။ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလက ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်မြို့ အမှတ် ၂ ရပ်ကွက် နယ်နိမိတ် ကျောက်တိုင် အမှတ် BP- 144/3 နှင့် BP-144/4 ကြား ခန့်မှန်းမြေပုံညွှန်း (MF-824965) ရှိ နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းမှ (၄.၇) မီတာခန့်အကွာတွင် စိုက်ထူထားသော မြန်မာနိုင်ငံအလံတိုင်နေရာသို့ တရုတ်နယ်ခြားစောင့်တပ်မှ ဝင်ရောက်ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

“အဲဒီတုန်းက နိုင်ငံခြားရေး ဝန်ကြီးဌာနကတဆင့် တရုတ်သံအမတ်ကြီးကို ကန့်ကွက်တယ်။ အဲဒီကတဆင့် သူတို့က နိုင်ငံတော်ကို သတင်းပို့တယ်။ အဲဒါပြီးတော့ နယ်နမိတ်ကိစ္စတွေ ဆောင်ရွက်နေပါပြီ။ အိမ်နီးနားချင်းနိုင်ငံလည်း ဖြစ်တယ်။ မိတ်ဝတ်မပျက်အောင် ဆောင်ရွက်ရမယ်ဆိုတဲ့ နိုင်ငံတော်ရဲ့ ညွှန်ကြားချက်အရ နယ်နမိတ်ဆိုင်ရာ ကိစ္စတွေကို ဥပဒေ၊ နည်းဥပဒေနဲ့အညီပဲ ဖြေရှင်းပါတယ်”ဟု အစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးတင်မြင့်က ပြောသည်။ ၎င်းက“သူတို့က တခါပြန်လာဖျက်တယ်။ ကျနော်တို့က သတ်မှတ်တယ်။ အဲလိုနဲ့ ဖြစ်တဲ့အခါမှာ ၂ နိုင်ငံ ချစ်ကြည်ရေးအတွက် ရည် ရွယ်ပြီးတော့ သံတမန်နည်းလမ်းအရ ဒီလိုဖြစ်နေတယ်။ ခင်ဗျားတို့ တပ်တွေ ပြန်ဆုတ်ပါဆိုပြီး ၂ ဖက် ညှိနှိုင်းပြီ ၂ ဖက်စလုံး ကတပ်ဖွဲ့တွေ ပြန်ဆုတ်သွားတယ်”ဟု ရှင်းပြသည်။ သို့သော် မည်သည့်အချိန်က စတင်ဆောင်ရွက်သည် ဆိုသည့် အသေး စိတ်ဆောင်ရွက်ချက်များကို မရှင်းပြနိုင်သေးကြောင်း၊ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပိုသိ၊ ပိုပြောနိုင်မည် ဖြစ်ကြောင်း ၎င်းတို့ က ပြောသည်။

နယ်စပ်ပြဿနာများသည် တရုတ်နှင့်သာမက အိန္ဒိယ၊ ထိုင်းနိုင်ငံတို့နှင့်လည်း ဖြစ်ပွားလျက်ရှိကြောင်း၊ သို့သော် ပြဿနာ ဖြစ်ပွားတိုင်းတွင် အိမ်နီးချင်းကောင်း ပီသစွာ မိတ်ဝတ်မပျက်စေရန် ပါးနပ်လိမ္မာစွာ ကိုယ်တွယ်ဖြေရှင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း အစိုးရအဖွဲ့ရုံး တာဝန်ရှိသူများက ပြောသည်။

တရုတ် – မြန်မာ နှစ်နိုင်ငံ နယ်နိမိတ်အငြင်းပွားမှုများဖြစ်ပေါ်ပါက ဖြေရှင်းနိုင်ရေးအတွက် မြန်မာ-တရုတ် နယ်စပ်ဒေသများ စီမံခန့်ခွဲရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်ကို ၁၉၉၇ ခုနှစ်တွင် လက်မှတ်ရေးထိုးထားကြကြောင်း သိရသည်။ ထိုသဘောတူစာချုပ်ပါ အခြေအနေများအပါအဝင် လက်ရှိ မြန်မာ – တရုတ် နယ်စပ်အငြင်းပွားမှုများ ဖြေရှင်း နိုင်ရေးအတွက် ဆောင်ရွက်မည့် ကိစ္စများကို တရုတ်နိုင်ငံနှင့် ဆက်လက် ဆွေးနွေးနေသလို နယ်စပ် အငြင်းပွားမှုများ ထပ်မံ မဖြစ်ပေါ်လာရေးအတွက် ပူးတွဲရည်မှန်းချက်တခုကို ဖော်ဆောင်ရန်လည်း မြန်မာအစိုးရက ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။ https://.irrawaddy.com/news/2020/06/17/224755.html

*************

၁၈။ မူးယစ်သံသယ တပ်ရင်းမှူးကို ရဲထံအစစ်ခံရန် အစိုးရအသိပေးမှု DKBA မတုံ့ပြန်
June 18, 2020

ကျပ် ၄၀ ဘီလီယံကျော် တန်ဖိုးရှိ ICE မူးယစ်ဆေးဝါးမှုတွင် သံသယရှိသူ အမှတ် ၉၀၃ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး စောအေဝမ်းအား ရဲတပ်ဖွဲ့ထံစေလွှတ်ပေးရန် အစိုးရ၏ အကြောင်းကြားမှုကို ကလိုထူးဘောတပ်ဖွဲ့- KKO (ယခင် DKBA) ဘက်က တပတ်ကျော်အထိ တုံ့ပြန်မှုမရှိသေးကြောင်း တာဝန်ရှိသူများကပြောသည်။ ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၊ တောင်ကြီး-လွိုင်လင် ကားလမ်းပေါ်တွင် မေလ ၂၄ ရက်နေ့က ICE မူးယစ်ဆေး ၁၆၁၅ ကီလိုနှင့် ဖမ်းမိသူများအား စစ်ဆေး ချက်အရ ဒုဗိုလ်မှူးကြီ းစောအေဝမ်းအနေဖြင့် သယ်ဆောင်ရောင်းဝယ်မှုများတွင် ပတ်သက်ကြောင်း သိရှိရသဖြင့် ၎င်းအား ဥပဒေ နှင့်အညီ စစ်ဆေးနိုင်ရန် ရဲတပ်ဖွဲ့ထံသို့ အမြန်ဆုံးစေလွှတ်ပေးရန် ကရင်ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်က လက်မှတ်ရေးထိုးကာ ဇွန်လ ၈ ရက်နေ့ရက်စွဲဖြင့် DKBA ထံ အကြောင်း ကြားခဲ့ခြင်းဖြစ်သည်။

DKBA ဘားအံမြို့နယ်၊ ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူး စိုးမိုး က “စာကို ၉ ရက်နေ့က လက်ခံရရှိတော့ ဌာနချုပ်ကို ဆက် လက်ပေးပို့ခဲ့ပါတယ်၊ ခုထိတော့ ကျနော့်ဆီကိုလဲ ဘာမှပြန်လည် ညွှန်ကြားလာတာမရှိသေးဘူး၊ လုံ/နယ် ဝန်ကြီး ဘက်ကို လည်း ပြန်လည်အကြောင်းကြားတာ မရှိသေးဘူးသိရပါတယ်”ဟု ဧရာဝတီသို့ပြောသည်။ ဒုဗိုလ်မှူးကြီး စောအေဝမ်းနှင့် ပတ်သက်မှုရှိကြောင်း ပြောဆိုထားသည့် မူးယစ်ဆေးဝါးအမှုမှ ဖမ်းမိထားသူများ၏ ထွက်ဆိုချက်အရ မေလ ၂၉ ရက်နေ့က လည်း ကလောမြို့နယ်၊ အောင်ပန်းမြို့၊ တောင်ကြီး-ကလော ကားလမ်းမဘေးတွင် ရပ်တန့်ထားသည့် ၁၂ ဘီးယာဉ် တစီး အား တွေ့ရှိခဲ့ပြီး ဇော်မင်းထွေး(ခ)ကျားပေါက် ဆိုသူနှင့်အတူ ယာဉ်ပေါ်မှ ICE မူးယစ်ဆေး ၁၅၃၄ ကီလိုအား ထပ်မံဖမ်းမိခဲ့ ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါ တားဆီးနိမ်နှင်းရေး ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဒုဗိုလ်မှူးကြီး စောအေဝမ်းအား ရဲတပ်ဖွဲ့ထံ စေလွှတ်ပေးထားခြင်းရှိမရှိ ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ကော့ကရိတ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးနှင့် ကရင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးတို့ထံ ဆက်သွယ်မေးမြန်းခဲ့ရာတွင် စစ်ဆေးခံရန် စေလွှတ်ပေး သည်ဟု မကြားရသေးကြောင်း ပြောကြသည်။ ဗိုလ်မှူးစောဖားဘလဲ့က “ဒါက လူကြီးတွေ ကိုင်တွယ်နေတဲ့ကိစ္စဖြစ်တော့ ကျနော်တို့ကို ဘာမှညွန်ကြားတာတော့ မရှိသေးဘူး၊ ဒီလိုစွပ်စွဲတာအတွက် သူတို့က ကျနော်တို့ကို ဘယ်လိုသဘောထား လဲတော့ မသိဘူးပေါ့၊ ကျနော်တို့က NCA ထိုးထားတဲ့အတွက် လူကြီးတွေကတော့ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နေ တယ်လို့ ထင်ပါတယ်၊ အဖွဲ့အစည်းအနေနဲ့လည်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို ဆောင်ရွက်နေပါတယ်” ဟု ပြောသည်။

ကလိုထူးဘောတပ်ဖွဲ့- KKO (ယခင် DKBA)သည် တနိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့်အဖွဲ့ဖြစ်ပြီး ယခုဖြစ်စဉ်သည် မူးယစ်ဆေးဝါး တားဆီးနိမ်နှင်းရေး ရဲတပ်ဖွဲ့မှ ဖမ်းမိထားသူများ စစ်ဆေးပေါ်ပေါက်ချက်အရ စောအေဝမ်း အနေဖြင့် ပါဝင်ပတ်သက်နေကြောင်း သံသယရှိသည့်အတွက် ဥပဒေအရ စစ်ဆေးနိုင်ရန် DKBA တပ်ဖွဲ့ထံသို့ အကြောင်းထားခြင်းဖြစ်ပြီး တပ်မတော်နှင့် တိုက်ရိုက်ပတ်သက်မှုမရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောထားသည်။ https://burma.irrawaddy.com /news/202 0/ 06/18/224910.html

*************

၁၉။ တာလောကြီးကျေးရွာ နှစ်ရှည်ပင်စိုက်ပျိုးမြေနေရာ ဖျက်စီးခံရမှု ပြည်နယ်အစိုးရ               စုံစမ်းနေ
June 17, 2020

ကချင်ပြည်နယ် တာလောကြီးကျေးရွာရှိ ဒေသခံများ၏ နှစ်ရှည်ပင်စိုက်ပျိုးထားသည့်မြေနေရာတွင် ခွင့်ပြုချက်မရှိဘဲ ဝင် ရောက်လုပ်ကိုင်နေခြင်းကို စီစစ်တွေ့ရှိပါက ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း သယံဇာတဝန်ကြီး က ပြောသည်။

လက်ရှိ တာလောကြီးကျေးရွာ အစိုးရ၏သစ်တောကြိုးဝိုင်းအနားရှိဒေသခံများ နှစ်ရှည်ပင်များ စိုက်ပျိုးထားသည့် မြေနေရာ တွင် ဦးညွှန့်အောင်ကုမ္မဏီမှ တစ်သျှူးငှက်ပျောစိုက်ရန် ဘတ်ဖိုးဖြင့်လိုက်လံထိုးထားသည့်အတွက် အဆိုပါကိစ္စအား တာဝန် ယူ ဖြေရှင်းပေးရန်တိုင်ကြားမှုရှိလာသည့်အတွက် ဇွန်လ ၁၇ ရက်နေ့မှစကာ ကွင်းဆင်းစစ်ဆေးထားပြီ ဖြစ်ကြောင်း ကချင် ပြည်နယ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးဒရှီလဆိုင်းက ပြောသည်။“မနေ့က စုံစမ်းစစ်ဆေး ခိုင်းလိုက်တယ်ဆိုတာက ဦးညွှန့်အောင်က ဘယ်သူ့ရဲ့ခွင့်ပြုမိန့်နဲ့ ဘယ်သူကလုပ်ဆောင်ခိုင်းလို့ဆိုတဲ့ဟာကို တစ်ခုပြီးတစ်ခု စီ စစ်ရမှာဖြစ်တယ်။ ရွာသားတွေက လုပ်ခိုင်းတာလား၊ သို့မဟုတ် ဘယ်အဖွဲ့စည်းက လုပ်ခိုင်းတာလဲဆိုတာကို စီစစ်တဲ့ခါမှာ အဖြေတစ်ခုကရလာမှာပါ။ စီစစ်လို့ ဘယ်သူ့ခွင့်ပြုမိန့်လဲမရှိဘူးဆိုရင် လုပ်ငန်းကိုလည်းရပ်တန်းကရပ်ရမယ်။ လိုအပ်ရင် အရေးယူတဲ့ထိပါ ဆောင်ရွက်မှာဖြစ်တယ်။” ဟု ပြောသည်။

ကချင်ပြည်နယ် တရုတ်တစ်သျှူးငှက်ပျောစိုက်ပျိုးသည်ကုမ္ပဏီ ၃၀ ကျော်ရှိသော်လည်း အစိုးရတွင်တရားဝင်မှတ်ပုံတင်ထား သည့် ကချင်စတားကုမ္မဏီတစ်ခုသာရှိသည်ဟု ဆိုသည်။

“ဘတ်ဖိုးနဲ့ထိုးနေတာ တစ်လလောက်ရှိနေပြီ။ ထိုးတိုင်းလည်း သွားတားတယ်။ အဲနေရာနဲ့ ရွာနှင့်ကျတော့ မနက်သွား ည ပြန်လုပ်ကြတယ်။ ဦးညွှန့်အောင်ကုမ္မဏီဘတ်ဖိုးထိုးတဲ့လူကျတော့ အဲတောမှာကိုနေပြီး ထိုးနေကြတဲ့ချိန်ကျတော့ ကျနော်တို့ သွားတားတဲ့ချိန်မျိုးတော့ မလုပ်ဘူး။ ကျနော်တို့မမြင်ရင် ပြန်ထိုးကြတာ ခုတစ်လလောက်ရှိပြီ။ ပြီးလည်းပြီးခါးနီးနေကြပြီ။ လုပ်ပိုင်ခွင့်ရှိရင် အထောက်ထားပြပါဆို မပြနိုင်ဘူး။ ကျွန်းစိုက်ထားတဲ့တောင်သူတွေမှာက ပြေစာရှိပါတယ်။ အဲနေရာ ပတ်လည်မှာ လည်း အကျယ် ၇ပေ အနံ ၇ပေလောက်ရှိတယ်။ ဒေသခံတွေ အဲတောထဲကို သွားဖို့လာဖို့ ကျွှဲ နွား တွေ ထည့် ဖို့လည်း ဘာမှအဆင်မပြေတော့ဘူး” ဟု တာလောကြီးကျေးရွာမှ ဦးအောင်ကျော်ထွန်းကပြောသည်။

“ကျနော်တို့အနေနဲ့ သက်ဆိုင်ရာဌာနတွေကို တိုင်တာ ၃ ကြိမ်ရှိပြီ။ သက်ဆိုင်ရာကလည်း မလုပ်သေးဘဲ ရပ်ထားဖို့ တားမြစ်ထားတယ်လို့သိရ တယ်။ ဒါပေမယ့် သူတို့က ဆက်လုပ်နေသေးတုန်းဘဲ ဒီနေ့နဲ့ မနေ့ကတော့ တောအုပ်ကိုယ်တိုင် သွားရောက်ကွင်းဆင်း နေပြီဖြစ်တဲ့တွက် လုပ်တာမတွေ့ဘူး။ ကျနော်တို့အနေနဲ့လည်း ရောင်းထားတာတွေ ငှားထားတာ တွေလည်း မရှိပါဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

ကချင်ပြည်နယ်တွင် တရုတ်တစ်သျှူးငှက်ပျောစိုက်ထားသည့် မြေဧက ၁သိန်းကျော်ရှိနေပြီး တစ်သျှူးငှက်ပျောစိုက်သည့် လုပ်ငန်းရှင်များနှင့် အလုပ်သမားများကြားအပြင် သစ်တောကြိုးဝိုင်း၊ ဒေသခံများပိုင်မြေစသည့် မြေယာပြသာနာအပါအဝင် ပြဿနာများအားလုံးအား ထိထိရောက်ရောက် ကိုင်သွယ်မည်ဆိုပါက လယ်ယာမြေဝန်ကြီးဌာန၏ လုပ်ထုံးလုပ်နည်း စံ သတ်မှတ်ချက် (SOP) ထွက်ရှိမှသာ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း ကချင်ပြည်နယ် လူဝင်မူကြီးကြပ်ရေးနဲ့ လူ့စွမ်းအား ဝန်ကြီး ဦးဇော်ဝင်းက သုံးသပ်ပြောဆိုခဲ့သည်။ https://burmese.kachinnews.com/2020/06/1 7/%e1%80%90%e1 %80%ac%e1%80%9c%e1%80%b1%e1

**************

၂၀။ ခေါနူးစုမ် အမျိုးသားဥယျာဉ်တွင် အိမ်မွေး တိရိစ္ဆာန်များ စည်းကမ်းမဲ့ လွှတ်ခြင်းကို              အရေးယူပေးရန် တောင်းဆို
June 16, 2020

ခေါနူးစုမ် အမျိုးသားဥယျာဉ် ဧရိယာအတွင်း အိမ်မွေး တိရိစ္ဆာန်များ စည်းကမ်းမဲ့ လွှတ်ခြင်းတို့ကို ထိထိရောက်ရောက် အရေး ယူပေးရန် အဆိုပါဥယျာဉ်အနီးတစ်ဝိုက်တွင် နေထိုင်သည့် ဒေသခံအချို့က တောင်းဆိုကြောင်း သိရသည်။

လူထုအခြေပြု ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူ ဆလိုင်းယောဟာမာန် က “ကျတော်တို့ ဘောင်ကျေးရွာရဲ့ အိမ်ထောင်စု လူဦးရေစာရင်းမှာ မပါဝင်တဲ့ လူတွေက နောင်တစ်ချိန် သဘာဝပတ်ဝန်းကျင်ကို ပြစားမဲ့နေရာတွေမှာ တရားမဝင် ဆိတ်တွေ လွှတ်တာတို့ ဘောင်ကျေးရွာလူတွေ အားလုံးသောက်သုံးနေတဲ့ ရေစမ်းဦးမှာ အိမ်တွေဆောက်လုပ်ပြီး အမှိုက်တွေကို စည်းကမ်းမဲ့ စွန့်ပစ်တာတွေရှိတယ်။ အဲဒါတွေကို ထိထိရောက်ရောက် အရေးယူပေး စေချင်နေကြတယ် ဒေသခံတွေက လည်း”ဟု ပြောသည်။

အမျိုးသားဥယျာဉ် တာဝန်ရှိသူများအနေဖြင့်လည်း စည်းကမ်းမဲ့ အိမ်မွေးတိရိစ္ဆာန်များ ဥယျာဉ်အတွင်း စေလွှတ်ခြင်းအပေါ် အရေးဆောင်ရွက်မှု မလုပ်တာမဟုတ်ပဲ ဥယျာဉ်ဝန်ထမ်းများလည်း လုံလောက်မှုမရှိသဖြင့် လက်လှမ်းမမီခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံနှင့် ဥရောပ သမဂ္ဂအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နေသည့် သစ်တော စိုးမိုးရေး၊ သစ်တောစီမံအုပ်ချုပ်ရေးနှင့် သစ်တောတရားဝင် ကုန်သွယ်မှုပြုလုပ်ရေးဆိုင်ရာ ညွှန်ပေါင်းအဖွဲ့မှ ဦးရှိန်းဂေငိုင်းကပြောသည်။ ဦးရှိန်းဂေငိုင်းက “မတူပီ၊ မင်းတပ်၊ ကန်ပက်လက် သုံးမြို့နယ်ဆိုတော့ ကွင်းဆင်းဝန်ထမ်းက နည်းလို့ဖြစ်တယ်။ ဒီကိစ္စတွေကို သိရင် တရားဥပဒေ အတိုင်း အရေးယူမှာဖြစ်တယ်။ အိမ်မွေးတိရိစ္ဆာန်တွေ လွှတ်ကြောင်းခွင့်လည်း လုံးဝမရှိဘူး”ဟုပြောသည်။

ခေါနူးစုမ်အမျိုးသားဥယျာဉ်သည် ကန်ပက်လက်တွင် တည်ရှိပြီး အာဆီယံတွင် မြေသားတောင်အမြင့်ဆုံးစာရင်းတွင် ပါဝင် သကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ဒုတိယအမြင့်ဆုံးဖြစ်သည်။ ပွင့်လင်းရာသီများတွင် ပြည်တွင်းခရီးသည်များကို အဓိက ဆွဲဆောင်သည့် ချင်းပြည်နယ်၏ အထင်ကရနေရာလည်း ဖြစ်သည်။ https://www.bnionline.net/ mm/news-73524

***************

၂၁။ ဂျပန်စ်ကျန်ပစ္စည်း စမ်းသပ်တူးဖော်ခဲ့ပြီးနောက် ချန်ထားရှိသော ရေကန်တွင် ၄                လောင်းပြိုင် ရေနစ်သေဆုံး
June 18, 2020

သံဖြူဇရပ်မြို့ မိန်ဗလာတောင်၌ ကုမ္ပဏီတစ်ခုမှ ဂျပန်စစ်ကျန်ပစ္စည်းစမ်းသပ်တူးဖော်ခဲ့ပြီးနောက် မူလအတိုင်းပြန်လည် ပြင်ဆင်ခြင်းမရှိသောကြောင့် ချန်ထားရှိသောရေကန်တွင် ယမန်နေ့ညနေပိုင်းက အမျိုးသမီးနှင့် မိန်းခလေး ၄ လောင်းပြိုင် ရေနစ်သေဆုံးခဲ့ကြောင်း ဒေသခံများထံမှသတင်းရရှိသည်။

အဆိုပါ မိန်ဗလာတောင်ခြေရှိ ဂရုဏာဘုန်းကြီးကျောင်း ကပ္ပိယအမျိုးသမီးကြီးတစ်ဦးနှင့် မွန်စာပေလာရောက်သင်ကြား နေသော ကျောင်းသူမိန်းခလေး ၃ ဦးတို့သည် ကျောင်းဝေရာဝစ္စဆောင်ရွက်အပြီး ခြေလက်သန့်စင်ရန် ရေကန်သို့ သွား ရောက်ရာမှ ရေနစ်သေဆုံးလျက်တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ ကပ္ပိယ ဒေါ်ခင် (၆၆) နှစ်နှင့် ၎င်း၏ ဆွေမျိုးသားချင်းများဖြစ်ကြ သော မိန်ဗလာတောင်အနီးရှိ ပငကျေးရွာမှ မအေးသီရိစံ (၁၂) နှစ်၊ မရွှေပန်း (၁၂)နှစ်၊ မမိုးသဇင် (၁၁) နှစ်တို့ (၄) ဦးတို့ အလောင်းများအား ရဲစခန်းမှလာရောက်ဆည်ယူ၍ သံဖြူဇရပ်မြို့နယ်ဆေးရုံကြီးသို့ ဇွန်လ ၁၇ ရက်၊ ည ၈ နာရီအချိန်တွင် ပို့ဆောင်ခဲ့ကြောင်း ရဲကြေးနန်းစာမိတ္တူအရ သိရသည်။ မိန်ဗလာတောင်အနီး အောင်ကုသိုလ်ရပ်ကွက်နေထိုင်သူ လင်းလင်းခိုင်က “မိန်ဗလာတောင်လူသေမှုနဲ့ပတ်သက်ပြီး သံဖြူဇရပ်မြို့က ရဲစခန်း ကြေးနန်းစာကိုဖတ်လိုက်မှ ရေတွင်းပျက် ဆိုတာ ခုမှသိလိုက်ရတယ်၊ သူခိုးတွေက ရေကန်တူးသွားကြတယ်၊ ရဲ တွေက ရေတွင်းပျက်လို့ပြောတာ ဟုတ်နေတာပဲ စည်းဝါးကိုက်နေတာပဲ” ဟု ၎င်း၏ Facebook တွင် မှတ်ချက်ပြုထားသည်။

ရဲကြေးနန်းစာဖော်ပြချက်တွင် အဆိုပါ ဘုန်းကြီးကျောင်းနှင့် ၁ ဖာလုံခန့်အကွာအဝေးရှိ မိန်ဗလာတောင်အနီး Myanmar Eagle Co;Ltd. မှ တူးဖော်ထားရှိသော ရေတွင်းပျက်အတွင်း၌ သေဆုံးလျှက်တွေ့ရှိရကြောင်း၊ ၎င်းတို့ ၄ ဦးသေဆုံးရခြင်းမှာ ဓမ္မတာအတိုင်းဟုတ်မဟုတ် အမှုမှန်ပေါ်ပေါက်နိုင်ရေး သေမှုသေခင်းဖွင့် ဆောင်ရွက်ထားကြောင်း တွေ့ရှိရသည်။ Royal Eagle Myanmar Development Group Co., Ltd အား ခွင့်ပြုခဲ့သည့် ကနဦးစူးစမ်းလေ့လာခွင့်ကို ပိတ်သိမ်းရန်၊ မြေပြင် တွင် ဆောင်ရွက်ထားရှိမှုများအား မူလအတိုင်းဖြစ်အောင် ပြန်လည်ဆောင်ရွက်ရန်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက် ပျက်စီး မှုအတွက် သစ်ပင်များပြန်လည်စိုက်ပျိုးသွားရန် မွန်ပြည်နယ်အစိုးရအဖွဲ့မှ သက်ဆိုင်ရာကုမ္ပဏီသို့ အကြောင်းကြား ထားပြီး ဖြစ်ပါကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ကျင်းပသည့် ၁၅ ကြိမ်မြောက်မွန်ပြည်နယ်လွှတ်တော် ပုံမှန်အစည်း အဝေး၌ မွန်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီးက ပြောကြားခဲ့သည်။ သို့ရာတွင် အဆိုပါကုမ္ပဏီမှ မြေသားများတူးဖော် ခဲ့ပြီးနောက် လုပ်ငန်းပိတ်သိမ်းချိန်တွင် မူလအတိုင်း လုံးဝပြန်လည်ဆောင်ရွက်ထားခြင်းမရှိကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

မိန်ဗလာတောင်၌ “မွန်ပြည်နယ်အစိုးရအဖွဲ့ခွင့်ပြုချက်ဖြင့် ဒုတိယကမ္ဘာစစ် လက်ကျန်ပစ္စည်း ပဏာမလေ့လာစူးစမ်းရေးအဖွဲ့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ “ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်ဌာနချုပ်အဆောက်အဦနေရာများအား စစ်သမိုင်းပြတိုက် ဖော်ဆောင်မည့် ရှေ့ပြေးစီမံကိန်း-စီမံကိန်းတာဝန်ရှိသူများမှအပ အခွင့်မရှိမဝင်ရ”ဗီနိုင်းချိတ်ဆွဲ၍လည်းကောင်း ၂၀၁၈ ခုနှစ် ဧပြီလမှ စတင်တူးဖော်ခဲ့ခြင်း ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်စစ်စခန်းဖြစ်ခဲ့သော မိန်ဗလာတောင်တွင် ဂျပန်စစ်လက်နက်များ၊ ရွှေချောင်းနှင့် အဖိုးတန် ပတ္တမြား၊ စိန်၊ ရွှေ ရတနာပစ္စည်းများ ဂျပန်တို့မြှုပ်နှံထားသည်ဟု ယခုကာလ အထိ လက်ခံယုံကြည်သူများ ရှိနေသည်။ http://burmese.monnews.org/2020/06/18/%e1%80%82%e1%80%bb %e1%80%95%e1%80%94%e1%

**************

၂၂။ မြဝတီမြို့ ညမထွက်ရအမိန့် ဇွန်လ ၃၀ ရက်ထိ တိုးမြှင့်ထားပြီး ၂လအတွင်း အမိန့်ချိုး                 ဖောက်သူ ၈၀ဝ ကျော်ဖမ်း မိ
June 16, 2020

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တွင် ည ၁၂ နာရီမှ နံနက် ၄ နာရီအတွင်း ညမထွက်ရအမိန့်အား ဇွန်လ ၁၇ ရက်မှ ၃၀ ရက်နေ့အထိ ရက်တိုးမြှင့်ထားလိုက်သည်ဟု မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ယနေ့ အမိန့်ထုတ်ပြန်

လိုက်သည်။ ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် မြဝတီမြို့တွင်း ညမထွက်ရအမိန့်ကို ဧပြီလ ၁၈ ရက်မှ မေလ ၁၅ ရက်နေ့ထိ ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ လည်းကောင်း၊ မေလ ၁၆ ရက်မှ ဇွန်လ ၁၆ ရက်နေ့ထိကို ည ၁၂ နာရီ မှ နံနက် ၄ နာရီအထိလည်းကောင်း ထုတ်ပြန်ထားပြီးနောက် ယခုလို တတိယအကြိမ် ရက်တိုးမြှင့် ထုတ်ပြန်လိုက်ခြင်းဖြစ် သည်။

မူလ အမိန့် ထုတ်ပြန်ထားသည့် ဧပြီလ ၁၈ ရက်မှ ဇွန်လ ၁၆ ရက်နေ့ထိ ထုတ်ပြန်ချက်ကို လိုက်နာမှုမရှိသူများအား ညစဉ် ဖမ်းဆီးရမိခဲ့ရာ အမိန့်ချိုး ဖောက်သူ ၈၆၁ ဦးဖမ်းဆီးရမိခဲ့ကြောင်း မြဝတီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုက ပြော သည်။ ထိုသို့ ဖမ်းဆီးရမိသူများအား တရားရုံးတွင် အမှုစွဲတင်ပြီး ဒဏ်ငွေ ၅ သောင်း သို့မဟုတ် ဒဏ်ငွေမဆောင်နိုင်ပါက ထောင်ဒဏ် ၁ လ သတ်မှတ် ခဲ့ရာ ထိုထဲတွင် ဒဏ်ငွေ ၅ သောင်းကျပ်ပေးဆောင်သူ ၆၇၈ ဦး ရှိပြီး ထောင်ဒဏ်ကျခံသူ ၁၈၃ ဦး ရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက ဆက်ပြောသည်။

အဆိုပါ ညမထွက်ရအမိန်ထုတ်ပြန်သည့်ကာလအတွင်း နယ်မြေလုံခြုံရေးအတွက် တပ်မ တော်၊ ရဲတပ်ဖွဲ့၊ နယ်ခြားစောင့်တပ် နှင့် မီးသတ်တပ်ဖွဲ ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက အမိန့်ဆန့်ကျင်သူများကို ညစဉ် လှည့်လည် ဖမ်းဆီးခဲ့ပြီး မေလ ၁၈ရက်မှ ဇွန်လ ၁၅ ရက်နေ့ထိ အမျိုးသား ၈၀၃ ဦး၊ အမျိုးသမီး ၅၈ဦး ဖမ်းဆီးရမိခဲ့ရာ မြို့နယ်တရားရုံးသို့ တရာစွဲ တင်ခဲ့သည်။ ထိုသို့ ဖမ်းဆီး ရမိသူများတွင် မြို့တွင် အခြေတ ကျနေထိုင်သည့် ဒေသခံအနည်းစုဖြစ်ပြီး ခိုးဆိုးလုနှိုက်နှင့် ပျံကျအများစု ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။ http://kicnews.org/2020/06/%e1%80%bb%e1%80%9 9%e1%80% 9d%e1%80%90%e1%80%ae%e1%

***************

၂၃။ လယ်သမားများအတွက် COVID 19 ကာလအထူးချေးငွေ စတင်ထုတ်ပေးသွားမည်
June 17, 2020

COVID 19 ကာလမှာ တောင်သူလယ်သမားများ အတွက်အထူးချေးငွေများကို ယခု ဇွန်လ မှစတင်ထုတ်ချေး သွားရန် ဆောင်ရွက်နေသည်ဟု မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မွန်ပြည်နယ် ဘဏ်ခွဲ ပြည်နယ် မန်နေဂျာ ဦးကျော်စွာလှိုင် ပြော ကြားသည်။ COVID-19 အထူးချေးငွေအဖြစ် မိုးစပါးချေးငွေ ရရှိထားသူ တောင်သူလယ်သမားများကို တစ်ဧကလျှင် ကျပ်ငါး သောင်း နှုန်းဖြင့် ထပ်ဆောင်း ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ဇွန်လ ၁၇ ရက်နေ့က သတင်း ထုတ်ပြန်လိုက်သည်။

“လယ်သမားတွေအတွက် အထူးချေးငွေ တစ်ဧကကို ၅ သောင်းနှုန်းနဲ့ ထုတ်ချေးမှာ ဖြစ်ပြီး အများဆုံး ဆယ်ဧကကို ထုတ် ချေးပေးသွားမယ် အတိုးနှုန်းကလည်း စိုက်ပျိုးစရိတ် အတိုးအနှုန်းအတိုင်းပဲ ၅ % ပဲ ထုတ်ချေးပေးသွား အခု ဇွန်လ အတွင်း မှာထုတ်ချေးပေးနိုင်ဖို့ဆောင်ရွက်နေပါတယ်”ဟု ဦးကျော်စွာလှိုင် ကဆိုသည်။ လယ်ယာမြေပိုင်ဆိုင်ခွင့် ပုံစံ(၇)ရှိပြီး စိုက်ပျိုး ရေးစရိတ် အကြွေးကျေသူများကို လယ်တစ်ဧက ၅ သောင်းကျပ်နှုန်းဖြင့် လယ်သမားတစ်ဦး အများဆုံးလယ် ၁၀ ဧကစာအ တွက်သာ နိုင်ငံတစ်ဝန်းလုံးတွင် ထုတ်ချေးပေးသွားမည့် အစီအစဉ်ဖြစ်ကြောင်း ၎င်းကဆိုသည်။ ထို့ကြောင့် မိုးစပါးချေးငွေ ရရှိသူများသည် ယခင်ပုံမှန်ချေးငွေမှ တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲ ရရှိထားပြီးဖြစ်သည့်အတွက် စုစုပေါင်းကျပ် ၂ သိန်းရရှိ တော့မည်ဖြစ်သည်။

ယင်းကဲ့သို့ အထူးချေးငွေ ထပ်မံထုတ်ချေးပေးခြင်းသည် လယ်သမားများအတွက် ကောက်စိုက်စရိတ် ပိုရလာနိုင်သည်ဟု သထုံမြို့နယ် ဒုံဝန်းမှ လယ်သမား ဦးအောင်ဝင်းက ပြောသည်။“ထုတ်ချေးပေးတော့ပိုကောင်းတာပေါ့လယ်သမားတွေက ပိုက်ဆံလိုတာပဲလေ ငွေလိုနေတော့ ပိုကောင်းတာပေါ့ သူတို့ အခုပေးတဲ့ ချေးငွေက စိုက်စရိတ်နဲ့ မလောက်ဘူးလေ အခု ပေးတော့ အသုံးစရိတ် ပိုရှိလာတာပေါ့ လိုအပ်တဲ့ ကောက်စိုက်စရိတ်လေးတွေ ပိုရလာတာပေါ့” ဟု ၎င်းကဆိုသည်။ အဆိုပါ အထူးချေးငွေ Special Covid 19 Relief Loan ကို မွန်ပြည်နယ်အတွင်းရှိ လယ်ဧက ၂ သိန်း ၈ သောင်းကျော် အတွက် ချေးငွေ သန်းပေါင်း ၁ သောင်း ၄ ထောင်ကျော် ထုတ်ချေးပေးသွားရန် လျာထားသည်ဟု သိရသည်။

အလားတူ Covid-19 စီးပွားရေး ကုစားမှုအစီအစဉ် လုပ်ငန်းစီမံချက်၏ Cash for Lending Support အစီအစဉ်တွင် ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်းအား ကျပ် ၄၁ ဘီလျံကျော်ဖြင့် ကျေးရွာ ၁၇ဝဝ ရွာအား အမြန်ဆုံးထုတ်ချေး သွားမည်ဖြစ် ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သတင်းရရှိသည်။ http://burmese.mo nnews. org/2020/06/18/ %e1%80%9c%e1%80%9a%e1%80%ba%e1%80%9e%e1%

**************

၂၄။ တောင်ကုတ်မြို့နှင့် ငါးမိုင်ခန့်အကွာတွင် အင်အားရစ်(ခ်)တာစကေး ၅.ဝ အဆင့်ရှိ               မြေငလျင်တစ်ခု လှုပ်ခတ်
June 16, 2020

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၏ အရှေ့မြောက်ဘက် ငါးမိုင်ခန့်အကွာတွင် အင်အားရစ်(ခ်)တာစကေး ၅.ဝ အဆင့်ရှိ မြေ ငလျင်တစ်ခု ဇွန် ၁၆ ရက် ညနေပိုင်းက လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။

ယနေ့ (ဇွန် ၁၆ ရက်) မြန်မာစံတော်ချိန် ၁၇ နာရီ၊ ၄၅ မိနစ်၊ ၅ဝစက္ကန့် အချိန်တွင် ဂွမြေငလျင်စခန်းမှ မြောက်-အနောက် မြောက်ဘက် (၉၁) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (တောင်ကုတ်မြို့၏ အရှေ့မြောက်ဘက် (၅) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၈.၉၀)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၂၉)ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်) တာစကေး (၅.ဝ) အဆင့်ရှိ အင်အားအသင့်အတင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရ သည်။ https://news-eleven .com/arti cle/178727

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။

*** ပြီး ***

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button