တိုင်းရင်းသားများသတင်းတိုင်းရင်းသားအကြောင်းမော်ကွန်း

ေန႔စဥ္တိုင္းရင္းသားသတင္းမ်ား စုေဆာင္းတင္ျပျခင္း၊ နေ့စဉ်တိုင်းရင်းသားသတင်းများ စုဆောင်းတင်ပြခြင်း

 

zawgyi

ေန႔စဥ္တိုင္းရင္းသားသတင္းမ်ား စုေဆာင္းတင္ျပျခင္း
(No. 64 , October 9, 2020)

၁။ ေက်ာက္မဲတိုက္ပြဲ အစိုးရတပ္ စစ္ရဟတ္ျဖင့္ လက္နက္ႀကီး ပစ္ခတ္

၂။ RCSS အႏၲရာယ္ျပဳမည္ကို စိုးရိမ္၍ မဲဆြယ္စည္း႐ုံးေရး ရပ္ဆိုင္းထား ဟု TNP ေျပာ

၃။ မိုးေကာင္းၿမိဳ႕နယ္ စာသင္ေက်ာင္းေျမတြင္ ဘုန္းႀကီးေက်ာင္းေဆာက္လုပ္ရန္ကိစၥ ေဒသခံတခ်ိဳ႕ ကန႔္ကြက္

၄။ ေ႐ြးေကာက္ပြဲတြင္ အမ်ိဳးသမီးကို အႏိုင္ရႏိုင္သည့္ေနရာမ်ိဳးထက္ ဟန္ျပၿပိဳင္ခိုင္းျခင္းမ်ိဳးေတြ႕ရဟု WLB ေျပာ

၅။ ေက်ာက္မဲ တိုက္ပြဲေၾကာင့္ စစ္ေရွာင္ ၃၀၀၀ ဝန္းက်င္ ထိရွိလာ

၆။ ပူတာအိုခ႐ိုင္၌ မဲဆႏၵရွင္ ၆၀,၀၀၀ ေက်ာ္ရွိၿပီး ၂၀၁၅ ေ႐ြးေကာက္ပြဲထက္ပိုမ်ားလာ

၇။ ေက်ာက္ႀကီးတြင္ KPP အင္အားေထာင္ခ်ီ လွည့္လည္မဲဆြယ္

၈။ ပလက္ဝၿမိဳ႕နယ္အတြင္း ေက်း႐ြာေပါင္း ၂၀၀ ေက်ာ္ ဆန္ျပတ္လပ္ဟုဆို

၉။ ကခ်င္ျပည္နယ္တြင္ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ နာဂ အမ်ိဳးသားပါတီ

၁၀။ အမတ္တစ္ဦးကို တရားစြဲမယ္လို႔ ကယားလႊတ္ေတာ္ ဥကၠ႒ ေျပာ

၁၁။ ထိုင္းေရာက္ ကရင္တိုင္းရင္းသား သုံးေထာင္ေက်ာ္ ႀကိဳတင္ဆႏၵမဲ ေပးသြားမည္

၁၂။ ျပည္လုံးကြၽတ္အေထြေထြေ႐ြးေကာက္ပြဲအတြက္ “ဖယ္ၾကဥ္မရွိမွ လြတ္မွ်တ” အစီရင္ခံစာကို မြန္ျပည္လူ႔အခြင့္အေရး ေဖာင္ေဒးရွင္းထုတ္ျပန္

၁၃။ COVID-19 ကူးစက္ေရာဂါကာလ ျဖစ္သည့္အတြက္ မဲဆြယ္စည္း႐ုံးေရးဆင္းရာတြင္ အခက္အခဲမ်ားေတြ႕ႀကဳံေနရဟု မြန္ညီၫြတ္ေရးပါတီ ကိုယ္စားလွယ္ေလာင္း ေျပာၾကား

၁၄။ ကိုဗစ္ကာကြယ္ေရး RCSS/SSA ထိန္းခ်ဳပ္သည့္ ေက်းလက္မ်ားအတြင္း ျပင္ပလူ၀င္ထြက္သြားလာခြင့္မျပဳ

၁၅။ ဗန္းေမာ္ခ႐ိုင္တြင္ မဲဆႏၵရွင္စာရင္း ၈၀၀၀ ေက်ာ္တိုးလာ

၁၆။ ေဒသတြင္း တိုင္းရင္းသား ႏိုင္ငံေရးပါတီမ်ား ေ႐ြးေကာက္ပြဲေအာင္ႏိုင္ေရး ကိစၥႏွင့္ပတ္သက္ၿပီး မြန္၊ ပအိုဝ္းႏွင့္ ကရင္ လူငယ္မ်ား အလြတ္သေဘာ ေတြ႕ဆုံေဆြးေႏြးခဲ့

၁၇။ မိုင္ေ႐ႊေလွတီာလ္ ႐ုပ္အေလာင္း လမ္းေဘးေျမျမဳပ္ခိုင္းမႈ သက္ဆိုင္သူမ်ားကို ထိေရာက္စြာအေရးယူရန္ ခ်င္း ေက်ာင္းသား/လူငယ္ (၁၃) ဖြဲ႕ကေတာင္းဆို

၁၈။ တိုက္ပြဲမ်ား ရပ္တန႔္ရန္ အရပ္ဘက္အဖြဲ႕မ်ားႏွင့္ ေဒသခံမ်ား ေတာင္းဆို

၁၉။ ေ႐ႊကုကၠိဳလ္ စီမံကိန္းႏွင့္ ပတ္သက္သည့္ တပ္အရာရွိႀကီးတခ်ိဳ႕ စုံစမ္းစစ္ေဆးခံေနရ

၂၀။ ဘီးလင္းတြင္ ေက်း႐ြာ ၅ ႐ြာက ျပည္သူ ၁၀၀၀ ခန႔္ မဲေပးခြင့္မရ

၂၁။ ခ်င္းမွာ ကုန္တင္ယာဥ္ေမာင္းနဲ႔ ေနာက္လိုက္ေတြ ကိုဗစ္ စစ္ရမည္

၂၂။ မိုးညႇင္းခ႐ိုင္တြင္ မသန္စြမ္းမ်ား မဲေပးရန္ မဲ႐ုံေပါင္း ၁၄၀ ရွိ

၂၃။ မြန္ညီၫြတ္ေရးပါတီက ရန္ကုန္တြင္ ၆ ေနရာ ဝင္ေရာက္ယွဥ္ၿပိဳင္မည္

၂၄။ ေကာ့မွဴးၿမိဳ႕နယ္တြင္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း မဲဆြယ္ဆိုင္းဘုတ္မ်ားကို ၿမိဳ႕နယ္စည္ပင္က COVID-19 အေၾကာင္းျပခ်က္ျဖင့္ စိုက္ထူခြင့္ မေပးဟု UNDP ပါတီ ကိုယ္စားလွယ္ေလာင္းမ်ား ေျပာၾကား

၂၅။ ဘူးသီးေတာင္ၿမိဳ႕နယ္တြင္ တပ္မေတာ္ႏွင့္ ေအေအ တို႔ တိုက္ပြဲျဖစ္၊ ေဒသခံမ်ား ေဘးလြတ္ရာ ထြက္ေျပးတိမ္းေရွာင္

၂၆။ ေခါင္လန္ဖူးၿမိဳ႕နယ္အတြက္ မဲ႐ုံသုံးပစၥည္းမ်ားကို ရဟတ္ယာဥ္ႏွင့္ လား ျဖင့္ ပို႔ေဆာင္မည္

၂၇။ မဲဆႏၵနယ္ျပင္ပ မဲေပးခြင့္ ေအာက္တိုဘာ ၁၀ ရက္ေန႔ ေနာက္ဆုံးထား ေလွ်ာက္ရမည္

၂၈။ ဗန္းေမာ္ခ႐ိုင္ရွိ စစ္ေဘးေရွာင္စခန္းသုံးခုတြင္ မဲ႐ုံဖြင့္ရန္လ်ာထား

၂၉။ ကိုဗစ္ကပ္ေရာဂါကာလအတြင္း မြန္လူငယ္မ်ား ဘိန္းစာ႐ြက္သုံးစြဲမႈပိုမ်ားလာ

၃၀။ ျမ၀တီၿမိဳ႕ရွိ ကုိဗစ္လူနာ (၃) ဦး ေရာဂါေပ်ာက္ကင္း၍ ေဆး႐ုံဆင္းခြင့္ရေသာ္လည္း အမႈဆက္ရင္ဆိုင္ရမည္

၃၁။ ရွဒူးဇြပ္ေခ်ာင္းရွင္းလင္းမႈကို ထိေရာက္စြာေဆာင္႐ြက္ေစလိုေၾကာင္း ေဒသခံမ်ားေျပာ

၃၂။ စစ္ေတြတြင္ ကိုဗစ္ျဖင့္ ေက်းလက္ လမ္းဦးစီးဌာန ၫြန္မွဴး ၁ ဦး ေသဆုံး

၃၃။ ႐ိုဟင္ဂ်ာကေလးႏွစ္ဦးေသဆုံးမႈ တပ္နဲ႔ေဒသခံ ေျပာဆိုခ်က္ ကြဲလြဲ

***************

၁။ ေက်ာက္မဲတိုက္ပြဲ အစိုးရတပ္ စစ္ရဟတ္ျဖင့္ လက္နက္ႀကီး ပစ္ခတ္
October 8, 2020

သွ်မ္းျပည္ ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္အတြင္း အစိုးရတပ္မေတာ္မွ စစ္ရဟတ္ယာဥ္သုံးၿပီး လက္နက္ႀကီးျဖင့္ ပစ္ခတ္ခဲ့ ေၾကာင္း စုံစမ္းသိရသည္။ အစိုးရတပ္မေတာ္သည္ ယမန္ေန႔ (ေအာက္တိုဘာ ၇)ရက္ ေန႔လည္ ၁ နာရီဝန္းက်င္တြင္ စစ္ ရဟတ္ယာဥ္ ၂ စင္းျဖင့္ တပ္မေတာ္သားမ်ားအတြက္ ရိကၡာႏွင့္အင္အားျဖည့္တင္းခ်င္ေပးၿပီး အျပန္လမ္းတြင္ ရဟတ္ယာဥ္ ေပၚမွ လက္နက္ႀကီးပစ္ခ်ခဲ့ေၾကာင္း RCSS/SSA ေျပာေရးဆိုခြင့္ရွိသူ ဒုဗိုလ္မွဴးႀကီး အုမ္ေခးက သွ်မ္းသံေတာ္ဆင့္ကို ေျပာ သည္။“ မေန႔က ရဟတ္ယာဥ္ နဲ႔ ၂ စီးလာတယ္။ ေနာက္ လက္နက္လာပစ္သြားတယ္။ အဲ့ေနရာက က်ေနာ္တို႔မေနဘူး။ သူတို႔က ျပည္သူေတြကို ထိတ္လန႔္ေအာင္လုပ္ေနတာ။ ျပည္သူေတြ ထြက္ေျပးေအာင္လုပ္ေနတဲ့သေဘာပါ”ဟု ဒုဗိုလ္မွဴး ႀကီး အုမ္ေခး က ေျပာသည္။

ယမန္ေန႔ စစ္ရဟတ္ယာဥ္ေပၚမွ ပစ္ခ်လိုက္သည့္ လက္နက္ႀကီးသည္ ေတာပိုင္းတြင္မက်ဘဲ ႐ြာ ႏွင့္မလွမ္းမကမ္းေနရာတြင္ က်သျဖင့္ အမ်ိဳးသမီးတဦး လက္နက္ႀကီးက်ည္စ အနည္းငယ္ ထိခိုက္ဒဏ္ရာ ရရွိခဲ့ေၾကာင္းသိရသည္။“မေန႔က က်တဲ့ လက္နက္ႀကီးက လူေနတဲ့အိမ္နဲ႔ နည္းနည္းေဝး က်တယ္။ လက္နက္ႀကီးက်လို႔ စင္လာတဲ့ ေက်ာက္ခဲက အမ်ိဳးသမီးတဦး ကိုထိတာပါ။ ေက်ာက္ခဲစထိတဲ့ဒဏ္ရာပါ။ မျပင္းထန္ပါဘူး။ က်ေနာ္တို႔ သြားေခၚတာေတာင္ လိုက္မလာဘူး”ဟု ကမ္းလင့္ လက္မ်ား လူမႈကူညီေရးအသင္း (ေနာင္ပိန္) မွ ဥကၠဌ စိုင္းေနေအာင္က သွ်မ္းသံေတာ္ဆင့္ကို ေျပာသည္။ ထိုစဥ္က အစိုးရတပ္မေတာ္သည္ စစ္ရဟတ္ယာဥ္ျဖင့္ စစ္အင္အား (၁၀၀)ေက်ာ္အား ေက်ာက္မဲၿမိဳ႕နယ္ ပုံဝိုးေက်း႐ြာအေရွ႕ဘက္ ေတာင္ကုန္းေပၚတြင္ လာေရာက္ျဖည့္ဆည္းခ်ေပးခဲ့ၿပီး၊ အျပန္တြင္ လက္နက္ႀကီးပစ္ခ်ခဲ့သည္ကို စစ္ေရွာင္ မ်ားကလည္း ျမင္ေတြ႕ေၾကာင္း သိရသည္။

“ ရဟတ္ယာဥ္ ၂ စီးနဲ႔ စစ္သားေတြလာခ်တာ ျမင္ရတယ္။ က်ေနာ္တို႔ ေနတဲ့စစ္ေရွာင္နဲ႔နီးတယ္။ အျပန္လက္နက္ႀကီး ေပါက္ကြဲတဲ့အသံလည္းၾကားရတယ္။ က်ေနာ္တို႔လည္း ရင္တထိတ္ထိတ္နဲ႔ ေနေနရတယ္”ဟု ပုံဝိုးေက်း႐ြာ ဘုန္းႀကီး ေက်ာင္းတြင္ စစ္ေဘးေရွာင္လာသည့္ အမ်ိဳးသားတဦးက သွ်မ္းသံေတာ္ဆင့္ကို ေျပာသည္။ ေအာက္တိုဘာ ၂ရက္မွ စတင္ကာ အစိုးရတပ္မေတာ္သည္ (RCSS/SSA) လႈပ္ရွားသည့္ေနရာကို လာေရာက္ ရွာေဖြ တိုက္ခိုက္မႈေၾကာင့္ တိုက္ပြဲ ျပင္းထန္ေနရျခင္းျဖစ္ေၾကာင္း သိရသည္။ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးမွ ေျပာေရးဆိုခြင့္ရွိသူကို လက္ရွိျဖစ္ပြားေန သည့္ တိုက္ပြဲအေျခအေနႏွင့္ ပတ္သက္ၿပီး သွ်မ္းသံေတာ္ဆင့္ သတင္းဌာန မွ အႀကိမ္ႀကိမ္ ဆက္သြယ္ေမးျမန္းေသာ္လည္း မရရွိခဲ့ေပ။ https://burmese.shannews.org/archives/ 18800

***************

၂။ RCSS အႏၲရာယ္ျပဳမည္ကို စိုးရိမ္၍ မဲဆြယ္စည္း႐ုံးေရး ရပ္ဆိုင္းထား ဟု TNP ေျပာ
6 October 2020

ရွမ္းျပည္ ျပန္လည္ထူေထာင္ေရး ေကာင္စီ (RCSS/SSA) ဘက္မွ အႏၲရာယ္ျပဳမည္ကို စိုးရိမ္သျဖင့္ ရွမ္းျပည္နယ္ ေတာင္ ပိုင္း၊ မိုင္းကိုင္ၿမိဳ႕နယ္တြင္ မဲဆြယ္စည္း႐ုံးေရး လုပ္ငန္းအားလုံးကို ရပ္ဆိုင္းလိုက္ရေၾကာင္း မိုင္းကိုင္ၿမိဳ႕နယ္၊ တအာန္း (ပ ေလာင္) အမ်ိဳးသားပါတီ (TNP) ၊ ဥကၠ႒ မိုင္းႏုမ္ဟန္က ဧရာဝတီကို ေျပာသည္။ မိုင္းႏုမ္ဟန္က “က်ေနာ္တို႔ မိုင္းကိုင္မွာ မဲဆြယ္ရတာ လြတ္လြတ္လပ္လပ္ရွိဖို႔ လုံးဝ အဆင္မေျပပါဘူး။ က်ေနာ္တို႔ လူထု ႐ြာသူ႐ြာသားေတြလည္း ေဘးအႏၲရာယ္ ကင္းမယ့္ လမ္းကိုပဲ ေ႐ြးတဲ့အေနနဲ႔၊ က်ေနာ္တို႔ အႏၲရာယ္မႀကဳံေပမယ့္ ေနာက္ကြယ္မွာ ဘာေတြ ျဖစ္လာမလဲဆိုတာကို ေတြးၿပီး မဲဆြယ္တာကို ရပ္ဆိုင္းလိုက္တာပါ။ ေအာက္တိုဘာ ၁ ရက္ကတည္းက စည္း႐ုံးေရး ဆင္းတာကို ရပ္လိုက္ရပါ တယ္။ အဓိကကေတာ့ RCSS ဘက္က အႏၲရာယ္ျပဳမွာကို စိုးရိမ္လို႔ပါ”ဟု ေျပာ သည္။

TNP ပါတီမွ ကိုယ္စားလွယ္ေလာင္းမ်ား မဲဆြယ္စည္း႐ုံးေရး ဆင္းရန္ ေက်း႐ြာမ်ားသို႔ သြားရာတြင္ COVID -19 ေရာဂါ ေၾကာင့္ဟု အေၾကာင္းျပကာ RCSS တပ္ဖြဲ႕ဝင္မ်ားမွ လမ္းမ်ား ပိတ္ဆို႔ထားျခင္း၊ TNP ကိုယ္စားလွယ္ေလာင္းမ်ား မဲလာ ဆြယ္သည္ကို လက္ခံပါက ေက်း႐ြာ ဥကၠ႒မ်ားမွ ဒဏ္ေငြ ၁၀ သိန္း ေပးရမည္ ဟု စာပို႔ေျပာဆိုထားျခင္းမ်ားအျပင္ လမ္း ခရီးတြင္ ကိုယ္စားလွယ္ေလာင္းမ်ား၏ လုံၿခဳံေရးကို အာမ မခံႏိုင္ပါဟု ေျပာဆိုမႈမ်ား ရွိသျဖင့္ မဲဆြယ္မႈကို ရပ္ဆိုင္းရျခင္း ျဖစ္ပါသည္ ဟုလည္း ၎က ဆိုသည္။ “က်ားေခါင္း (SNLD) ဆိုလည္း ႐ြာတိုင္း သြားလာေရး လြတ္လပ္တယ္။ က်ေနာ္တို႔ ပါတီကိုပဲ ဘာလို႔ အဲဒီလို လုပ္လဲ စဥ္းစားမရပါဘူး။ မိုင္းကိုင္မွာ တိုင္းရင္းသားအမ်ားစုက ရွမ္းနဲ႔ပေလာင္ပဲ ရွိပါတယ္။ ကိုဗစ္-၁၉ ကို အေၾကာင္းျပဳ တယ္ ဆိုေပမယ့္ အစိုးရပိုင္းက လမ္းတေၾကာလုံးမွာ လမ္းမႀကီး စစ္ေဆးေရးဂိတ္၊ စမ္းသပ္ေမးျမန္း တာ ရွိတယ္။ ေရာဂါ မရွိရင္ သြားလာလို႔ ရတယ္။ RCSS က်ေတာ့ လုံးဝကို အၾကမ္းသမားနည္းနဲ႔ ႐ြာထဲမွာ အိပ္၊ ႐ြာထဲမွာ စားၿပီး ေစာင့္တာ၊ တ႐ြာကို ၁၀ ေပါက္ ရွိရင္ ၁၀ ေပါက္လုံး ေစာင့္ေနတာ။ လုံးဝကို မတရားပါဘူး”ဟု ေျပာသည္။

TNP ပါတီသည္ မိုင္းကိုင္ၿမိဳ႕နယ္တြင္ အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္၊ ျပည္သူ႔ လႊတ္ေတာ္မဲဆႏၵနယ္ ၊ ျပည္နယ္လႊတ္ ေတာ္ မဲဆႏၵနယ္ (၁) ႏွင့္ (၂) တို႔တြင္ ကိုယ္စားလွယ္ေလာင္း ၄ ဦး ဝင္ေရာက္ ယွဥ္ၿပိဳင္မည္ ျဖစ္သည္။ အဆိုပါ ကိုယ္စား လွယ္ေလာင္း ၄ ဦးက မဲဆြယ္စည္း႐ုံးရန္ ၎တို႔က မဲဆႏၵနယ္ေျမမ်ား အတြင္းမွ ႐ြာေပါင္း ၉၀ ေက်ာ္ကို စည္း႐ုံးေရးဆင္း ရန္ စီစဥ္ထားေသာ္လည္း ႐ြာ ၃ ႐ြာသာ သြားႏိုင္ခဲ့သည္ဟု သိရသည္။ https://burma.irrawaddy.com /election-2020 /2020/10/06/231141.html

***************

၃။ မိုးေကာင္းၿမိဳ႕နယ္ စာသင္ေက်ာင္းေျမတြင္ ဘုန္းႀကီးေက်ာင္းေဆာက္လုပ္ရန္ကိစၥ ေဒသခံတခ်ိဳ႕ ကန႔္ကြက္
8 October 2020

ကခ်င္ျပည္နယ္၊ မိုးေကာင္းၿမိဳ႕နယ္၊ လြယ္လင္ယာန္အုပ္စု ေက်း႐ြာတြင္ ျပည္သူပိုင္စာသင္ေက်ာင္း ေျမဧရိယာတြင္ ဗုဒၶဘာသာ ဘုန္းႀကီးေက်ာင္းတည္ေဆာက္ရန္ကိစၥႏွင့္ ပတ္သက္ၿပီး အျငင္းပြားမႈရွိေနေၾကာင္း သိရသည္။ အဆိုပါကိစၥကို အျမန္ေျဖရွင္းေပးရန္ ေဒသခံ ၃၀ ေက်ာ္က ေအာက္တိုဘာလ ၇ ရက္ေန႔ မနက္ ၇ နာရီခန႔္က ဆႏၵျပခဲ့ၾကသည္။

မိုးေကာင္းၿမိဳ႕မွ ၄ မိုင္ခန႔္သြားရသည့္ လြယ္လင္ယာန္ၿမိဳ႕ေဟာင္းေက်း႐ြာ ေက်ာင္းေျမေနရာ ၁၀ ဧက၏ ထက္ဝက္ခန႔္ကို ေက်း႐ြာ ရာအိမ္မွဴး ဦးဝင္းႀကိဳင္က ဦးေဆာင္ၿပီး သာသနာေျမပိုင္အျဖစ္ ၿခံစည္း႐ိုး ကာလိုက္ေသာေၾကာင့္ ကန႔္ကြက္ရျခင္း ျဖစ္သည္ဟု ဦး Hkangda Tu Ring က ယခုလို ေျပာဆိုသည္။“အခုဒီေျမေနရာက ႐ြာစတင္တည္ရွိကတည္းက ျပည္သူပိုင္ ေက်ာင္းေျမေနရာအျဖစ္သတ္မွတ္ထားတာျဖစ္တယ္။ အခုလည္းအဲမွာ ေက်ာင္းေဆာက္ထားတာျဖစ္တယ္။ အဲ့ဒါကို အခု လက္ရွိ ရာအိမ္မွဴးက သာသနာပိုင္နယ္ေျမအျဖစ္ က်ဴးေက်ာ္သိမ္းပိုက္ေနတယ္။ အခုကေျမဧက တစ္ဝက္ေလာက္မွာ ၿခံစည္း႐ိုးေတြကာထာတယ္။ ေဒသခံေတြက ဒါကိုလုံးဝ သေဘာမတူဘူး။ အမ်ားပိုင္ေက်ာင္းနယ္ေျမလို႔ သတ္မွတ္ထားတဲ့ ေျမေနရာျဖစ္တဲ့အတြက္ ဘယ္ဘာသာေရး အဖြဲ႕အစည္းလည္း က်ဴးေက်ာ္လို႔မရဘူး”ဟု ေျပာဆိုသည္။

ေက်ာင္းပိုင္ေျမေနရာတြင္ မူလတန္းေက်ာင္းဖြင့္ရန္ ေက်ာင္းေဆာင္တစ္ခုတည္ေဆာက္ထားၿပီျဖစ္ေသာ္လည္း ေက်း႐ြာ၏ အေနအထားအရ ေငြေၾကးခက္ခဲမႈေၾကာင့္ ေက်ာင္းမဖြင့္ႏိုင္ေသးသည့္အျပင္ ေက်ာင္းတက္မည့္ ေက်ာင္းသားဦးေရ နည္းပါး ေနသည့္အတြက္ ေက်ာင္းမဖြင့္ႏိုင္ေသးပဲ ရပ္နားထားဆဲျဖစ္ေၾကာင္း သိရသည္။ အဆိုပါ ေက်ာင္းနယ္ေျမတြင္ စတင္ဝင္ ေရာက္က်ဳးေက်ာ္လာအခ်ိန္ကတည္းက တားျမစ္ခဲ့ေသာ္လည္း လိုက္နာမႈမရွိေၾကာင္း လြယ္လင္ယာန္ေက်း႐ြာ အပါအဝင္ ေက်း႐ြာအုပ္စု ၅ ခု၏ အုပ္ခ်ဳပ္ေရးမွဴး ဦး Gum Ja Naw က ယခုလို ေျပာဆိုသည္။

“အခုက အမ်ားျပည္သူပိုင္တဲ့စာသင္ေက်ာင္းဝန္းျဖစ္တဲ့အတြက္ အစိုးရနဲ႔ဆိုင္တဲ့ ေဆးေပးခန္းတို႔၊ အစိုး႐ုံးတို႔က လိုအပ္ ရင္က အသုံးျပဳလို႔ရတယ္။ ဒါေပမယ့္သီးျခား ဘာသာေရးေက်ာင္းေတြက မည္သည့္အဖြဲ႕အစည္းကမွ အသုံးျပဳလို႔မရဘူးလို႔ တားျမစ္ခဲ့ၾကတယ္။ အဲလိုကန႔္ကြက္ေနတဲ့ၾကား သူတို႔က ၅ ဧကေလာက္ကို ၿခံစည္း႐ိုးေတြကာၿပီး သိမ္းယူဖို႔ လုပ္ေနတယ္။ ေထြအုပ္႐ုံကိုလည္း စာတင္ျပထားတယ္။ လိုက္နာမႈမရွိဘဲ ဆက္လုပ္ေတာ့ အျငင္းပြားမႈျဖစ္သြားခဲ့တယ္” ဟု ေျပာဆိုသည္။ ေဒသခံမ်ား ေတာင္းဆိုခဲ့သည့္အေပၚ ေျမယာက်ဴးေက်ာ္မႈကို ဖ်က္သိမ္းခိုင္းထားၿပီး ဆက္လက္လုပ္ေဆာင္ခဲ့ပါက ၿမိဳ႕နယ္ ေထြအုပ္႐ုံးမွ တရားဥပေဒႏွင့္ ေျဖရွင္းေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း ဦး Gum Ja Naw က ဆက္လက္ေျပာဆိုခဲ့ သည္။ https://burmese.kachinnews.co m/2020/10/08/%e1%80%99%e1%80%ad%e1%80%af%e1%80%

***************

၄။ ေ႐ြးေကာက္ပြဲတြင္ အမ်ိဳးသမီးကို အႏိုင္ရႏိုင္သည့္ေနရာမ်ိဳးထက္ ဟန္ျပၿပိဳင္ခိုင္းျခင္းမ်ိဳးေတြ႕ရဟု WLB ေျပာ
October 7, 2020

၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ အမ်ိဳးသမီးမ်ားကို အႏိုင္ရႏိုင္သည့္ မဲဆႏၵနယ္ေျမမ်ားထက္ ဟန္ျပၿပိဳင္ခိုင္းျခင္းမ်ိဳးမ်ား ေတြ႕ရ သည္ဟု အမ်ိဳးသမီးမ်ားအဖြဲ႕ခ်ဳပ္(ျမန္မာႏိုင္ငံ)-WLB ၏ တြဲဖက္အေထြေထြအတြင္းေရးမွဴး-၂ ေလြးပိုးငယ္ က ေျပာသည္။ အဆိုပါကိစၥႏွင့္ ပတ္သက္၍ အမ်ိဳးသမီးမ်ားအဖြဲ႕ခ်ဳပ္ (ျမန္မာႏိုင္ငံ)က ထုတ္လႊင့္မည့္ “၂၀၂၀ စိန္ေခၚသံမ်ား” အၿငိမ့္ႏွင့္ ပတ္သက္၍ ေအာက္တိုဘာ ၆ ရက္ေန႔တြင္ ျပဳလုပ္သည့္ အြန္လိုင္း သတင္းစာရွင္းလင္းပြဲတြင္ သူမက ယခုလို မွတ္ခ်က္ျပဳ ေျပာဆိုလိုက္ျခင္း ျဖစ္သည္။

“ ဒီ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္တဲ့ ေနရာေတြမွလည္း တခ်ိဳ႕ႏိုင္ငံေရးပါတီေတြ ဆိုလို႔ရွိရင္ ျမင္ရတာက အမ်ိဳးသမီးေတြကို မူအရထည့္ထားတာပဲ ရွိတယ္။ တကယ့္လက္ေတြ႕မွာ အမ်ိဳးသမီးေတြ ေအာင္ႏိုင္မဲ့ ေနရာမွာ ထည့္ထား တာမရွိဘူး။ ဟို ဟန္ျပ ထည့္ထားတာမ်ိဳးေတြ အမ်ားႀကီးျမင္ေတြ႕ေနရတာကို က်မတို႔ ေဖာ္ျပထားတာေပါ့ေနာ္”ဟု ၎က ေျပာသည္။ ယခုလို အေျခအေနမ်ိဳးသည္ ပါတီႀကီးမ်ားတြင္လည္းေတြ႕ႏိုင္သလို တိုင္းရင္းသားပါတီမ်ားတြင္လည္းရွိ ေၾကာင္း၊ အထူးသျဖင့္ တိုင္းရင္းသားပါတီမ်ားတြင္ အခြင့္အလမ္းနည္းသည့္အတြက္ လာၿပိဳင္ရန္ စည္း႐ုံး ရျခင္းမ်ိဳးလည္းရွိ သည္ဟု ကရင္ျပည္သူ႔ပါတီ တြဲဖက္အတြင္းေရးမွဴး-၁ နန႔္ခင္ေအးဦးက ေျပာသည္။

“ ဆရာမကိုေတာ့ ႏိုင္ေျခရွိလို႔ပါတီက လက္မလႊတ္ပဲ ဝင္ၿပိဳင္ခိုင္းတာ။ တခ်ိဳ႕အမ်ိဳးသမီးေတြက်ေတာ့ ၿပိဳင္ခ်င္တယ္ဆို ေတာ့ အေတြ႕အႀကဳံရေအာင္ ေပးၿပိဳင္ရတာပဲ။ ကိုယ့္တိုင္းရင္းသားပါတီေတြမွာေတာ့ အနစ္အနာခံႏိုင္ဖို႔ အဓိကလိုတယ္” ဟု ဧရာဝတီတိုင္းေဒသႀကီး ကရင္တိုင္းရင္းသားလူမ်ိဳးေရးရာ ကိုယ္စားလွယ္ေလာင္း နန႔္ခင္ေအးဦး က မွတ္ခ်က္ျပဳေျပာ သည္။ WLB က ထုတ္လႊင့္မည့္ ၂၀၂၀ စိန္ေခၚသံမ်ားအၿငိမ့္တြင္ အမ်ိဳးသမီး လူ႐ႊင္ေတာ္မ်ားက ဦးေဆာင္ တင္ဆက္ထားၿပီး လက္ရွိျမန္မာႏိုင္ငံတြင္ ႀကဳံေတြ႕ေနရသည့္ ႏိုင္ငံေရးအေျခအေနမ်ား၊ အမ်ိဳးသမီးမ်ားကို စစ္ေဘးေရွာင္ေနရမႈ၊ ၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ အမ်ိဳးသမီးအမတ္မ်ားကို ပိုမိုမဲေပးရန္ ရည္႐ြယ္ထုတ္လႊင့္ျခင္း ျဖစ္ေၾကာင္းသိရသည္။ http://kicne ws.org/2020/10/%e1%80%b1%e1%82%90% e1%80%bc%e1%80%b8%e1%80%b1%e1%

***************

၅။ ေက်ာက္မဲ တိုက္ပြဲေၾကာင့္ စစ္ေရွာင္ ၃၀၀၀ ဝန္းက်င္ ထိရွိလာ
October 8, 2020

သွ်မ္းျပည္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္ အတြင္း RCSS/SSA ႏွင့္ အစိုးရတပ္မေတာ္တို႔ၾကား တိုက္ပြဲေၾကာင့္ စစ္ေရွာင္ ၃၀၀၀ ဝန္းက်င္ ရွိလာေၾကာင္း လူမႈပရဟိတအဖြဲ႕မ်ားထံစုံစမ္းသိရသည္။ ေက်ာက္မဲၿမိဳ႕နယ္ အတြင္း ေအာက္တိုဘာ ၂ ရက္ ကစၿပီး ယေန႔ အခ်ိန္ထိ အစိုးရတပ္မေတာ္ႏွင့္ သွ်မ္းျပည္ ျပန္လည္ထူေထာင္ေရးေကာင္စီ၊ သွ်မ္းျပည္တပ္မေတာ္( RCSS/ SSA) တို႔သည္ တိုက္ပြဲဆက္လက္ျပင္းထန္ေနေသးသျဖင့္ စစ္ေရွာင္မ်ားလည္း တိုးလာေနျခင္းျဖစ္ပါသည္။

လက္ရွိ ေက်ာက္မဲၿမိဳ႕နယ္ ပုံဝိုးေက်း႐ြာ ဘုန္းႀကီးေက်ာင္းတြင္ စစ္ေရွာင္ (၇၀၀)ေက်ာ္၊ ေတာင္ထိပ္ တြင္ (၇၀၀)ေက်ာ္၊ နားေဆာင္႐ြာ တြင္ ၁၀၂ ဦး၊ ေနာင္ကြမ္႐ြာတြင္ ၁၀၀ ဦး၊ နမ့္ဟန္ခိန္႐ြာတြင္ ၄၀၀ ေက်ာ္ ၊ ကြမ္ဟင္႐ြာ တြင္ ၄၀၀ ေက်ာ္ႏွင့္ ေကာင္းလန္း႐ြာတြင္ (၂၀၀)ဝန္းက်င္ရွိေၾကာင္း ေက်ာက္မဲၿမိဳ႕စစ္ေရွာင္ေကာ္မတီမွ သိရသည္။“စစ္ေရွာင္ေတြ မ်ားလာရင္ ေတာ့ ေနဖို႔နဲ႔စားေသာက္ဖို႔ခက္ခဲမယ္။ အခုရင္ဆိုင္ေနရတာကေတာ့ အိမ္သာကိစၥပါပဲ။ က်ေနာ္တို႔အျမန္ဆုံး အိမ္သာေတြ တူးေပးေနရတယ္”ဟု ကမ္းလင့္လက္မ်ား လူမႈကူညီေရးအသင္း (ေနာင္ပိန္)မွ ဥကၠဌ စိုင္းေနေအာင္ က သွ်မ္းသံေတာ္ ဆင့္ကိုေျပာသည္။ လတ္တေလာအေျခအေနအရ စစ္ေဘးေရွာင္မ်ားအတြက္ အစားအေသာက္အေရးေပၚလိုအပ္ေန ေၾကာင္း၊ တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြားပါက စစ္ေဘးေရွာင္မ်ားအတြက္ စားနိပ္ရိကၡာ ခက္ခဲလာႏိုင္ေၾကာင္း စိုင္းေနေအာင္ က ေျပာသည္။“ ေတာင္ထိပ္မွာ ရွိတဲ့ စစ္ေရွာင္ ၇၀၀ ေက်ာ္ အတြက္ အခုစားေသာက္ဖို႔ အခက္အခဲျဖစ္ေနတယ္။ က်ေနာ္ တို႔ ကို ဖုန္းဆက္ အကူအညီေတာင္းတယ္။ တိုက္ပြဲျဖစ္ေတာ့ သြားမပို႔ႏိုင္ဘူး။ တိုက္ပြဲကလည္း ဒီေန႔ထိျဖစ္ေနေသး တယ္” ဟု စိုင္းေနေအာင္က ဆိုသည္။

လက္ရွိ ကာလသည္ ကိုဗစ္-၁၉ ကာကြယ္ထိန္းခ်ဳပ္သည့္ ကာလလည္းျဖစ္သျဖင့္ စစ္ေဘးေရွာင္မ်ား လူစုလူေဝးမျဖစ္ေအာင္ လည္း ထိန္းသိမ္းေနရေၾကာင္း၊ က်န္းမာေရးကိစၥ အေလးထားေစာင့္ၾကည့္ေနရေၾကာင္းလည္း စစ္ေဘးေရွာင္မ်ားကို လိုက္ လံကူညီေပးေနသည့္ ပရဟိတအဖြဲ႕မ်ားက ေျပာသည္။“ဒီလို ဆက္သြားေနရင္ေတာ့ က်န္းမာေရးအတြက္လည္း အေျခ အေန ဆိုးလာႏိုင္တယ္။ အဓိက ဝမ္းပ်က္ဝမ္းေလွ်ာ ျဖစ္မွာစိုးရိမ္ရတယ္”ဟု ပုံဝိုးေက်း႐ြာသို႔ စစ္ေဘးေရွာင္ေနသည့္ အမ်ိဳးသမီး တဦးက ေျပာသည္။ ကိုဗစ္-၁၉ ကာလေၾကာင့္ အလွဴရွင္မ်ားလည္း သြားလာမႈ ကန႔္သတ္ထားသျဖင့္ စစ္ေဘး ေရွာင္ ျပည္သူမ်ားအတြက္ လက္ရွိမွာ အစစအရာရာ အခက္အခဲ ရင္ဆိုင္ေနရေၾကာင္း လည္း စစ္ေဘးေရွာင္မ်ားကို ကူညီ သည့္ နန္းက်ိန္က ေျပာသည္။

လက္ရွိ RCSS/SSA ႏွင့္ အစိုးရတပ္မေတာ္တို႔ ျဖစ္ပြားေနသည့္ တိုက္ပြဲသည္ စစ္ေရးျပင္းထန္မႈ၊ ေလ်ာ့က်မႈသည္ တပ္မေတာ္အေပၚသာ မူတည္ေၾကာင္းလည္း RCSS/SSA ေျပာေရးဆိုခြင့္ရွိသူ ဒုဗိုလ္မွဴးႀကီး အုမ္ေခး က သွ်မ္းသံေတာ္ဆင့္ ကို ေျပာသည္။ ၂၀၂၀ ပါတီစုံ ဒီမိုကေရစီ ေ႐ြးေကာက္ပြဲ က်င္းပရန္လည္း ၁ လ နီးပါးသာက်န္ေနသည့္အခ်ိန္၊ လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း အသီးသီး မဲဆြယ္ေနသည့္ ကာလအတြင္း အစိုးရတပ္မေတာ္ အေနျဖင့္ ယခုကဲ့သို႔ တိုက္ပြဲဖန္တီး ျခင္းသည္ ႐ုပ္ဆိုးေၾကာင္းလည္း စစ္ေရွာင္မ်ားက ေျပာဆိုလိုက္သည္။ https://burmese.shannews.org/archives/188

**************

၆။ ပူတာအိုခ႐ိုင္၌ မဲဆႏၵရွင္ ၆၀,၀၀၀ ေက်ာ္ရွိၿပီး ၂၀၁၅ ေ႐ြးေကာက္ပြဲထက္ပိုမ်ားလာ
8 October 2020

ကခ်င္ျပည္နယ္၊ ပူတာအိုခ႐ိုင္မွာ ၂၀၂၀ ေ႐ြးေကာက္ပြဲအတြက္ ဆႏၵမဲေပးပိုင္ခြင့္ရွိသူ အေရအတြက္ဟာ စက္တင္ဘာလ အ တြင္းစိစစ္ထားတဲ့စာရင္းအရ စုစုေပါင္း ၆၀,၂၅၆ ဦးရွိတယ္လို႔ ပူတာအိုခ႐ိုင္ေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ ဦးထမ္းတန္ဖီရမ္ က ေျပာပါတယ္။

၂၀၁၅ ေ႐ြးေကာက္ပြဲတုန္းကထက္ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲမွာ ဆႏၵမဲေပးပိုင္ခြင့္ရွိသူ အေရအတြက္ ပိုတိုးတာတဲ့ အေၾကာင္းနဲ႔ ပူတာအိုခ႐ိုင္မွာ မဲ႐ုံစုစုေပါင္း ၁၃၈ ႐ုံ ဖြင့္လွစ္ဖို႔ ျပင္ဆင္ထားတည္လို႔လည္းေျပာပါတယ္။“မဲ႐ုံ စုစုေပါင္း ၁၃၈ ႐ုံ ျပင္ဆင္ထားတယ္။ ၿပီးေတာ့ ယွဥ္ၿပိဳင္မယ့္ ကိုယ္စားလွယ္ေပါင္းက ၉၁ ဦး ရွိပါတယ္။ ပါတီအေနနဲ႔က ၁၀ ပါတီ အမည္ စာရင္းတင္သြင္းထားေပမဲ့ တစ္ပါတီက ယွဥ္ၿပိင္ျခင္းမရွိဘူး။ ေနာက္တစ္ပါတီကလည္း ျပည္နယ္မွာၿပိဳင္‌ေပမဲ့ က်ေနာ္တို႔ ဆီ မွာ မွတ္ပုံတင္ထားျခင္းမရွိပါဘူး၊ ဒါေၾကာင့္ မွတ္ပုံတင္ထားတဲ့ ၈ ပါတီက ပူတာအိုခ႐ိုင္မွာ ယွဥ္ၿပိဳင္ဖို႔ရွိတယ္”လို႔ ပူတာအို ခ႐ိုင္ ေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ ဦးထမ္းတန္ဖီရမ္က ေျပာပါတယ္။ ကိုဗစ္-၁၉ ေရာဂါ ကပ္ေဘးကာလမွ စည္း႐ုံးေရး လုပ္ေနတဲ့ ကိုယ္စားလွယ္ေလာင္းေတြနဲ႔ မိဘျပည္သူေတြအေနနဲ႔ က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာနဲ႔ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ‌ေကာ္မရွင္တို႔က ထုတ္ျပန္ထားတဲ့ လမ္းၫႊန္ခ်က္အတိုင္း လိုက္နာေဆာင္႐ြက္ေပးဖို႔ အထူးမွာၾကားထားၿပီး ေျမျပင္မွာလည္း လိုက္နာေဆာင္႐ြက္ေနၾကတယ္လို႔ ဦးဖီရမ္က ေျပာပါ တယ္။

ပူတာအိုခ႐ိုင္မွာ စက္တင္ဘာလအတြင္း ကိုယ္စားလွယ္ေလာင္းေတြ အခ်င္းခ်င္းၾကားမွာ မဲဆြယ္စည္း႐ုံးရင္း ပုတ္ခတ္မႈနဲ႔ တိုင္ၾကားမႈေတြရွိခဲ့ေပမဲ့ အျပန္လွန္ ေတာင္းပန္ခဲ့ၾကလို႔ ႏွစ္ဘက္ သေဘာတူညီမႈရရွိခဲ့ပါတယ္။ http://burmese.dvb.no /archives/415235

***************

၇။ ေက်ာက္ႀကီးတြင္ KPP အင္အားေထာင္ခ်ီ လွည့္လည္မဲဆြယ္
October 7, 2020

ပဲခူးတိုင္းေဒသႀကီး၊ ေက်ာက္ႀကီးၿမိဳ႕နယ္တြင္ ကရင္ျပည္သူ႔ပါတီက အင္အားေထာင္ခ်ီပါဝင္သည့္ လွည့္လည္ မဲဆြယ္ပြဲကို ယမန္ေန႔ (ေအာက္တိုဘာ ၆ ရက္)တြင္ ျပဳလုပ္ခဲ့သည္ဟု ကရင္ျပည္သူ႔ပါတီ-KPP ေက်ာက္ႀကီး ၿမိဳ႕နယ္၊ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း ေစာေသးအားကလို ေကအိုင္စီသို႔ ေျပာသည္။ အဆိုပါ မဲဆြယ္ပြဲကို ေက်ာက္ႀကီးၿမိဳ႕နယ္ ကရင္ျပည္သူ႔ပါတီက ဦးေဆာင္စီစဥ္ျခင္းျဖစ္ၿပီး တိုင္းေဒသႀကီး မဲဆႏၵနယ္-၁ ဘက္တြင္ ေက်ာက္ႀကီး-မုန္း ကားလမ္း တေလွ်ာက္ႏွင့္ တိုင္းေဒသႀကီး မဲဆႏၵနယ္-၂ ဘက္တြင္ ေက်ာက္ႀကီး-နံသားကြင္း လမ္းတေလွ်ာက္ နံနက္ ၇ နာရီခြဲတြင္ စတင္ လွည့္လည္မဲဆြယ္ခဲ့ၿပီး မြန္းလြဲ ၂ နာရီ တြင္ ေက်ာက္ႀကီးၿမိဳ႕ေပၚတြင္ အဖြဲ႕ႏွစ္ဖြဲ႕ျပန္ဆုံၿပီးေနာက္ မဲဆြယ္ပြဲကို ႐ုပ္သိမ္းလိုက္သည္။

“ဒီေန႔ပြဲကို ဆိုင္ကယ္ေတြေရာ ကားေတြနဲ႔ပါ ခန႔္မွန္း လူ ၃, ၀၀၀ ေလာက္လာတယ္။ လမ္းတေလွ်ာက္ ႐ြာေတြ က်ေနာ္တို႔ ကို အားေပးတာေတြကိုၾကည့္ၿပီး အေျခအေနေကာင္းမယ္လို႔ ယုံၾကည္တယ္ဟု”ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း ေစာေသးအားကလိုက ေျပာသည္။ အဆိုပါ မဲဆြယ္ပြဲျပဳလုပ္ရန္ ၿမိဳ႕နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္ထံ သုံးရက္ႀကိဳ တင္ခြင့္ျပဳခ်က္ရယူ ျပဳလုပ္ျခင္း ျဖစ္ၿပီး လူဦးေရ အကန႔္အသတ္ျဖင့္ ျပဳလုပ္ရန္ ကနဦး စီစဥ္ထားေသာ္လည္း လာေရာက္ ဝန္းရံသူမ်ားသြားသည့္ အေျခအေနျဖစ္သြားသည္ဟု KPP ကိုယ္စားလွယ္ေလာင္းမ်ားက ေျပာသည္။

ေက်ာက္ႀကီးၿမိဳ႕နယ္၊ အစိုးရအုပ္ခ်ဳပ္သည့္ေဒသ အခ်က္အလက္မ်ားအရ စုစုေပါင္း လူဦးေရ ၁၂၀,၀၀၀ ေက်ာ္ရွိသည့္အနက္ ဗမာ လူမ်ိဳး ၆၈,၆၂၁ ဦး ၅၅ ရာခိုင္ႏႈန္းႏွင့္ ကရင္လူမ်ိဳးစုစုေပါင္း ၅၂,၂၈၂ ဦး ၄၂ ရာခိုင္ ႏႈန္းခန႔္ရွိကာ ရွမ္းလူမ်ိဳး ၂၀၆၉ ဦး ေနထိုင္လ်က္ရွိေၾကာင္း ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာန၏ ၂၀၁၉ ခုႏွစ္စာရင္းမ်ားအရ သိရသည္။ http://kicnew s.org/2020/10/%e1%80%b1%e1%80%80%e1%80%ba%e1%80 %ac%e1%80%80%e1%

**************

၈။ ပလက္ဝၿမိဳ႕နယ္အတြင္း ေက်း႐ြာေပါင္း ၂၀၀ ေက်ာ္ ဆန္ျပတ္လပ္ဟုဆို
October 9, 2020

တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္(AA) တို႔စစ္မက္ျဖစ္ပြားရာ ခ်င္းျပည္ေတာင္ပိုင္း ပလက္ဝၿမိဳ႕နယ္တြင္ လုံၿခဳံေရးအေျခအေန ေၾကာင့္ ေရလမ္း ကုန္လမ္းမ်ားပိတ္ဆို႔ကာ ကုန္စည္ဝင္ေရာက္မႈမရွိေတာ့သည့္အတြက္ ပလက္ဝၿမိဳ႕နယ္အတြင္းက ေက်း႐ြာ ေပါင္း ၂၀၀ ေက်ာ္ဆန္ျပတ္လပ္ေနၿပီဟု ခ်င္းစစ္ေဘးေရွာင္ျပည္သူမ်ား အေရးေပၚကူညီးေရးႏွင့္ ျပန္လည္ထူေထာင္ေရး ေကာ္မတီ RRCCI အဖြဲ႕ထံမွ သိရသည္။

ပလက္ဝၿမိဳ႕နယ္တြင္ ယခုရက္ပိုင္းအတြင္တိုက္ပြဲျဖစ္ပြားမႈမရွိေသာ္လည္း ပလက္ဝၿမိဳ႕နယ္၏ အဓိကစားနပ္ရိကၡာသယ္ ေဆာင္သည့္လမ္းေၾကာင္းမ်ားျဖစ္ေသာ ရခိုင္ျပည္နယ္ ေက်ာက္ေတာ္လမ္း ပိတ္ဆို႔သည့္အျပင္ မတူပီ-ပလက္ဝ လမ္းသည္ လည္း လုံၿခဳံေရးႏွင့္ ကားလမ္းအေျခအေနေၾကာင့္ ဆမီးအထိ သြားေရာက္ႏို္င္သည့္အတြက္ ယခုကဲ့သို႔ ဆန္ျပန္လပ္မႈဒဏ္ ရင္ဆိုင္ေနၾကရျခင္းျဖစ္သည္ဟု RRCCI မွ မနန္းေဝကေျပာသည္။ “ဒါကတကယ္ေတာ့ စစ္ပြဲျပင္းျပင္းထန္ထန္ျဖစ္ေနတဲ့ ၂၀၂၀ အေစာကတည္းက က်မတို႔ ဆန္ျပတ္လပ္ေနတဲ့ေက်း႐ြာ ေတြရွိေနၿပီးသားျဖစ္တယ္ ဒါေပမဲ့အခုလိုမ်ိဳးအေရအတြက္ တက္လာတာ ေက်း႐ြာေပါင္း (၂၀၀) ေက်ာ္ (၃၀၀) ေက်ာ္ျပတ္လပ္သြားတယ္ဆိုတာမ်ိဳးကေတာ့ တစ္လနီးပါး ရက္ (၂၀) ဝန္းက်င္ေလာက္ရွိေနၿပီ ၿမိဳ႕ေပၚမွာေတာ့ ဆန္လုံးဝဝယ္စရာေတာ့မရွိဘူး’ဟု မနန္းေဝကေျပာသည္။“အထူးသျဖင့္ စစ္တပ္ဘက္ကေပါ့ေနာ္ လုံၿခဳံေရးကိုအေၾကာင္းျပဳၿပီးေတာ့ ပိတ္ဆို႔မႈေတြေပါ့ေနာ္ ျဖတ္ေလးျဖတ္ပုံစံမ်ိဴးနဲ႔ လုပ္ထားတဲ့ အခါက်ေတာ့ ကုန္ေစ်းႏႈန္းကျမင့္တက္ေနတဲ့အေနအထားမွာရွိေနၿပီးေတာ့ ေနာက္တစ္ခ်က္က ကိုဗစ္-၁၉ ေရာဂါကူစက္မႈ ထိန္းခ်ဴပ္ဖို႔ ဥပေဒမ်ိဴးနဲ႔ထုတ္ျပန္တဲ့အခါက်ေတာ့ လမ္းေၾကာင္းေတြက အရင္ထက္ပိုၿပီးတင္းၾကပ္သြားေတာ့ ခုလိုမ်ိဴးဆန္က ျပတ္လပ္သြားတာေပါ့ေနာ္’’ဟု မနန္းေဝကေျပာသည္။

ယခုလက္ရွိ ပလက္ဝၿမိဳ႕ေပၚတြင္ ဆန္တစ္အိတ္ကို က်ပ္ေငြ (၇၀၀၀၀) ခန႔္ေစ်းေပါက္ေနၿပီး ၾကက္ဥတစ္လုံးမွာလည္း ၅၀၀ ခန႔္ေစ်းေပါက္ေနသည္ဟုသိရသည္။ လူဦးေရတစ္သိန္းေက်ာ္ေနထိုင္ၿပီး ေက်း႐ြာေပါင္း ၄၀၀ နီးခန႔္ရွိသည့္ ပလက္ဝၿမိဳ႕နယ္ တြင္ ေက်း႐ြာထက္ဝက္ေက်ာ္သည္ ဆန္ျပတ္လပ္သည့္အေနအထားရွိေရာက္ရွိေနျခင္းျဖစ္သည္။ ပလက္ဝၿမိဳ႕နယ္ ဆန္ျပတ္ လပ္မႈႏွင့္ပတ္သက္၍ ခ်င္းျပည္နယ္အစိုးရအဖြဲ႕ကေတာ့ ပလက္ဝၿမိဳ႕နယ္သို႔ ဆန္အိတ္မ်ားအျမန္ ဆုံးပို႔ေဆာင္ႏိုင္ရန္ ေဆာင္႐ြက္ေနသည္ဟု ခ်င္းျပည္နယ္အစိုးရအဖြဲ႕ေျပာခြင့္ရပုဂၢိဳလ္ စည္ပင္ဝန္ႀကီးဦးစိုးထက္ကေျပာသည္။ ယခုလက္ရွိ ဆန္ျပတ္လပ္မႈ အမ်ားစုေက်း႐ြာမ်ားသည္ ပလက္ဝၿမိဳ႕ အထက္ပိုင္း၊ အေရွ႕ျခမ္းႏွင့္ ကုလားတန္ျမစ္၏ အေနာက္ဘက္ကမ္း တို႔မွွ ေက်း႐ြာမ်ားျဖစ္ၾကသည္။ https://www. bnionline.net/mm/news-76129

***************

၉။ ကခ်င္ျပည္နယ္တြင္ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ နာဂ အမ်ိဳးသားပါတီ
6 October 2020

လာမည့္ ၂၀၂၀ ေ႐ြးေကာက္ပြဲေအာင္ႏိုင္ပါက ေဒသဖြံ႕ၿဖိဳးေရး၊ အေျခခံဥပေဒ ဖြဲ႕စည္းပုံျပင္ဆင္ေရးႏွင့္ ပင္လုံကတိကဝတ္ အတိုင္း တိုင္းျပည္ပုံေဖာ္သည့္လုပ္ငန္းမ်ားတြင္ ပါဝင္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း နာဂအမ်ိဳးသားပါတီမွ ဥကၠဌ ဦး႐ူေမာင္ က ေျပာသည္။“အႏိုင္ရသြားၿပီဆိုရင္ တိုင္းရင္းသားပါတီေတြျဖစ္တဲ့အတြက္ ၂ ပိုင္းရွိမယ္လို႔ထင္တယ္။ တစ္ပိုင္း ကက်ေတာ့ ကိုယ့္ရဲ႕မဲဆႏၵနယ္ရဲ႕နယ္ေျမ ဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္ငန္းရွိမယ္။ အျခားတစ္ဖက္မွာလည္း တိုင္းရင္းသားပါတီ ေတြျဖစ္တဲ့အတြက္ေၾကာင့္မို႔ ပိုအေရးႀကီးတဲ့အပိုင္းတစ္ခု ျမန္မာႏိုင္ငံရဲ႕ ျပန္လည္တည္ေဆာက္ေရးလုပ္ငန္းစဥ္တစ္ခုမွာ အေျခခံဥပေဒေရးဆြဲတဲ့ခါမွာ အဖြဲ႕စည္းတစ္ခုဘဲေရးဆြဲတာမ်ိဳးမဟုတ္ဘဲ တိုင္းျပည္တစ္ခုလုံးရဲ႕အနာဂတ္ကံၾကမၼာကိုလႊမ္းမိုး အက်ိဳးသက္ေရာက္ေစမယ့္ အေျခခံဥပေဒျပင္ဆင္ေရးဆြဲတဲ့ေနရာမွာ တိုင္းရင္းသားလူမ်ိဳးေပါင္းစုံ (ႏိုင္ငံေရးပါတီကိုယ္စား ျပဳမူေပါင္းစုံ) အတူတူေရးဆြဲမယ္။ ဒါကက်ေနာ္တို႔ရဲ႕မူဝါပိုင္းေတြ ေျပာရရင္ေတာ့ ဒီထက္ပိုရွည္ပါတယ္ အခ်ဳပ္ဘဲေျပာတာ ျဖစ္တယ္။” ဟု နာဂအမ်ိဳးသားပါတီမွ ဥကၠဌ ဦး႐ူေမာင္ကဆိုသည္။

နာဂအမ်ိဳးသားပါတီသည္ ၂၀၁၆ ခုႏွစ္တြင္စတင္တည္ေထာင္ခဲ့ေသာ ပါတီျဖစ္ၿပီး လာမည့္ေ႐ြးေကာက္ပြဲတြင္ နာဂကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရေဒသ မဲဆႏၵနယ္ ၁၀ ေနရာႏွင့္ တႏိုင္း၊ ရွင္ေဗြယန္၊ ခႏၲီး၊ ဟုမၼလင္း စသည့္ေဒသမ်ားတြင္ ၅ေနရာ ဝင္ေရာက္ ယွဥ္ၿပိဳင္မည္ျဖစ္ၿပီး စုစုေပါင္း မဲဆႏၵနယ္ ၁၅ ေနရာတြင္ဝင္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္ေၾကာင္း ၎ကဆက္ေျပာသည္။ ယင္း မဲဆႏၵနယ္ ၁၅ ေနရာတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ကိုယ္စားလွယ္ေလာင္း ၁၅ ဦးအနက္ အမ်ိဳးသမီးကိုယ္စားလွယ္ေလာင္း တစ္ဦးပါဝင္ေၾကာင္း သိရသည္။ လက္ရွိခ်ိန္ထိ နာဂအမ်ိဳးသားပါတီသည္ ပါတီအင္အား ၂ ေသာင္းခန႔္ရွိေနၿပီျဖစ္ၿပီး နာဂ အမ်ိဳးသားပါတီ၏ အားသာခ်က္ သည္ မ်ိဳးႏြယ္စုမ်ားအား အေျခခံကာ တည္ေထာင္ထားသည့္ပါတီျဖစ္တဲ့တြက္ နာဂ လူမ်ိဳး မ်ား၏ ေထာက္ခံမူအျပည့္အဝ ရရွိထားေသာ္လည္း အားနည္းခ်က္အေနႏွင့္မူ လမ္းပန္းဆက္သြယ္ေရးခက္ခဲမူ၊ ဖုန္း၊ အင္တာနက္လိုင္း မရရွိမူတို႔ေၾကာင့္ ျပည္မႏိုင္ငံေရးစီးဆင္းမူပုံစံအား ထဲထဲဝင္ဝင္မသိေသးသည့္ ျပည္သူမ်ားရွိျခင္းသည္ အားနည္းခ်က္တစ္ခုျဖစ္ေၾကာင္း ပါတီဥကၠဌ ဦး႐ူေမာင္ကေျပာသည္။ နာဂအမ်ိဳးသားပါတီသည္လာမည့္ ၂၀၂၀ ေ႐ြးေကာက္ ပြဲ တြင္ ေအာင္ႏိုင္ေရးတြက္ ရာခိုင္ႏူန္းအျပည့္ေမွ်ာ္မွန္းထားေၾကာင္းႏွင့္ ပါတီေဆာင္ပုဒ္အေနျဖင့္ “ျပန္လည္တည္ေဆာက္ ၾကပါစို႔”ဟူသည့္ ေဆာင္ပုဒ္ျဖစ္ေၾကာင္း နာဂအမ်ိဳးသားပါတီမွ ဥကၠဌ ဦး႐ူေမာင္ကေျပာသည္။ https://burmese.kac innews.com/2020/10/06/%e1%80%8 0%e1%80%81%e1%80

****************

၁၀။ အမတ္တစ္ဦးကို တရားစြဲမယ္လို႔ ကယားလႊတ္ေတာ္ ဥကၠ႒ ေျပာ
Otober 8, 2020

ဝန္ႀကီးခ်ဳပ္ကို ရာထူးကေနဖယ္ရွားေရးအတြက္ လႊတ္ေတာ္ရဲ႕ စြပ္စြဲျပစ္တင္တဲ့ ငါးဦးထဲမွာ လက္မွတ္ကို ျပန္႐ုပ္သိမ္းခဲ့သူ ဒီးေမာ့ဆို မဲဆႏၵနယ္ အမွတ္ ၁ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသိန္းေအာင္ကို တရားစြဲမယ္လို႔ ျပည္နယ္လႊတ္ေတာ္ ဥကၠ႒က ေျပာထားပါတယ္။ စြပ္စြဲျပစ္တင္တဲ့အဖြဲ႕ထဲကေန ႏုတ္ထြက္ခဲ့တဲ့ျဖစ္ရပ္ဟာ လႊတ္ေတာ္ပုံရိပ္ကို ထိခိုက္ေစခဲ့တာေၾကာင့္ တရားစြဲဆိုသြားမယ္လို႔ ေအာက္တိုဘာလ ၆ ရက္ေန႔က သတင္းေထာက္ေတြနဲ႔ ေတြ႕ဆုံရာမွာ ျပည္နယ္လႊတ္ေတာ္ ဥကၠ႒ ဦးလွေထြးက ေျပာလိုက္တာပါ။“ ဦးသိန္းေအာင္ကို က်ေနာ္ တရားစြဲမွာပါ၊ မၾကာခင္ေလ။ ပြင့္ပြင့္လင္းလင္း ေျပာတာပါ၊ မၾကာခင္ လုပ္မွာပါ။ က်ေနာ္ကလည္း ေျပာလည္းေျပာမယ္၊ လုပ္လည္းလုပ္မယ္”ျပင္းထန္ထဲပုဒ္မ ၃ ခုနဲ႔ တရားစြဲမယ္ ဆိုေပမယ့္ ဘယ္ပုဒ္မေတြလဲ ဆိုတာကိုေတာ့ ထုတ္ေဖာ္ေျပာၾကားျခင္း မရွိေသးပါဘူး။

စြပ္စြဲျပစ္တင္ရာမွာ စြပ္စြဲသူက ကယားျပည္နယ္ လႊတ္ေတာ္အတြင္း ကိုယ္စားလွယ္ ေလးပုံတစ္ပုံ၊ အေရအတြက္ အားျဖင့္ ငါးဦးရွိမွသာ ဥပေဒအရ စုံစမ္းစစ္ေဆးေရးအဖြဲ႕ ဖြဲ႕ရမွာျဖစ္ပါတယ္။ စြပ္စြဲသူ အေရအတြက္ ေလးဦးပဲ ရွိခဲ့ခ်ိန္မွာ ဆက္လက္ စုံစမ္းခဲ့ျခင္းဟာ အျငင္းပြားစရာ ျဖစ္လာေနတဲ့ ဒီအမႈကို ရွင္းေပးဖို႔ ဝန္ႀကီးခ်ဳပ္ေဟာင္းက ႏိုင္ငံေတာ္ ဖြဲ႕စည္းပုံအေျခခံ ဥပေဒခုံ႐ုံးကို တင္ျပထားရာမွာ ခုံ႐ုံးက ေအာက္တိုဘာ ၆ ရက္ေန႔မွာ ၾကားနာခဲ့ ပါတယ္။ အခုလို ျပည္နယ္လႊတ္ေတာ္ ဥကၠ႒ ကေန ျပည္နယ္လႊတ္ေတာ္ အမတ္တစ္ဦးကို ျပန္တရားစြဲႏိုင္တဲ့ အေျခအေန ရွိ၊ မရွိ ဆိုတာ ႏုတ္ထြက္စာမွာ ေရးသားထား ခ်က္အေပၚ မူတည္တယ္လို႔ ကယားျပည္နယ္အေျခစိုက္ ဥပေဒပိုင္း ဆိုင္ရာ အႀကံေပးအဖြဲ႕ျဖစ္တဲ့ Law Home အဖြဲ႕က အထက္တန္းေရွ႕ေန ဦးေက်ာ္ဝဏၰေအာင္က ေျပာပါတယ္။

အခုလို ကယားျပည္နယ္လႊတ္ေတာ္ကေန ဝန္ႀကီးခ်ဳပ္ကို ျဖဳတ္ခ်လိုက္တဲ့ကိစၥကို ခုံ႐ုံးကေန ၾကားနာခ်ိန္ ေရွ႕ေနခ်ဳပ္ကေနၿပီး လုပ္ထုံးလုပ္နည္းနဲ႔ မကိုက္ညီဘူး ဆိုတာေျပာသြားေပမယ့္ ေနာက္ဆုံးေတာ့ ဖြဲ႕စည္းပုံအေျခခံဥပေဒအတိုင္း လိုက္နာ က်င့္သုံးရမွာျဖစ္တယ္လို႔ ဦးေက်ာ္ဝဏၰေအာင္က ေျပာပါတယ္။ ဝန္ႀကီးခ်ဳပ္ေဟာင္း ဦးအယ္လ္ေဖာင္းရႈိကို ျပည္နယ္အစိုးရရဲ႕ စက္ယႏၲာယားငွားရမ္းခေငြ က်ပ္သိန္းေပါင္း ေလးေထာင္ေက်ာ္နဲ႔ အမ်ားပိုင္ျပည္သူေျမကို ငွားရန္းထားတဲ့ေငြေတြကို အလြဲ သုံးစားမႈနဲ႔ ျပည္နယ္လႊတ္ေတာ္ကေန စုံစမ္းစစ္ေဆးၿပီး ဖြဲ႕စည္းပုံအေျခခံဥပေဒအရ လႊတ္ေတာ္ကေန ျဖဳတ္ခ်ခံခဲ့ရတာ ျဖစ္ပါတယ္။ ဦးအယ္လ္ေဖာင္းရႈိကလည္း သူ႔ကိုစြပ္စြဲျပစ္တင္ထားတာေတြနဲ႔ ပတ္သက္လို႔ မဟုတ္မွန္ေၾကာင္း၊ သူ႔ကို ဖယ္ရွားဖို႔ လႊတ္ေတာ္က ဆုံးျဖတ္ခဲ့တာဟာ အင္အားရွိသူေတြက မတရား ေဆာင္႐ြက္ခဲ့တာျဖစ္သလို ဖြဲ႕စည္းပုံအေျခခံ ဥပေဒ ရဲ႕ အားနည္းခ်က္ေၾကာင့္ျဖစ္ေၾကာင္း RFA ကို ေျပာထားပါတယ္။ https://www.rfa.org/burmese/news/kayah-

**************

၁၁။ ထိုင္းေရာက္ ကရင္တိုင္းရင္းသား သုံးေထာင္ေက်ာ္ ႀကိဳတင္ဆႏၵမဲ ေပးသြားမည္
October 8, 2020

ထိုင္းႏိုင္ငံ ေဒသအသီးသီးတြင္ ေရာက္ရွိေနသည့္ ကရင္လူမ်ဳိး ၃ေထာင္ေက်ာ္ ႀကိဳတင္ဆႏၵမဲေပးသြားမည္ ျဖစ္ေၾကာင္း ဘန္ေကာက္ၿမိဳ႕တြင္ လူမႈေရးလုပ္ငန္းလုပ္ေဆာင္ေနသူ ကရင္ဒုကၡသည္မ်ားဆုိင္ရာ လူမႈေစာင့္ ေရွာက္ေရးအဖြဲ႔ (OKRSO) ထံမွ သိရသည္။

လက္ရွိ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္မွ ျပန္လည္ေပးပို႔လာသည့္ ႀကိဳတင္ဆႏၵမဲေပးႏိုင္သူ စာရင္းအရ ကရင္ျပည္ နယ္အတြင္း ေနထိုင္သည့္ ကရင္လူမ်ဳိးစုစုေပါင္း (၃,၃၄၃)ဦးရွိၿပီး လာမည့္ ေအာက္တိုဘာလ ၁၁ ရက္ေန႔တြင္ ႀကိဳတင္ ဆႏၵမဲမ်ားသြားေပးၾကည္ဟု ဆႏၵမဲေပးႏုိင္ေရးအတြက္ ဦးေဆာင္လုပ္ေဆာင္ေနသူ OKRSO အဖဲြ႔အႀကံေပး ေစာဆိပ္ပေလာင္ က ေျပာသည္။ ၎က “လက္ရွိ ကရင္ျပည္နယ္အတြင္းေနတဲ့ က်ေနာ္တို႔ကရင္ေတြ ဘန္ေကာက္မွ မဲ ထည့္ခြင့္ရတဲ့ အမည္ က်လာတဲ့သူက ၃,၃၄၃ ဦးရွိတာေပါ့။ အဲ့လူေတြကို မေန႔ တေန႔က ဘယ္လို မဲထည့္ရလဲ။ ပယ္မဲ ဆိုတာ ဘယ္လိုမ်ဳိးလဲ၊ အသိအမွတ္ျပဳမဲဆိုတာ ဘယ္လိုလဲ ဆိုတာကို ေခၚၿပီး ေျပာျပတယ္။ ဒါေပမဲ့ လူနည္းနည္းေလးပဲ လာတယ္။ ဒါေပမဲ့ အြန္လိုင္းကေနလည္း သူတို႔ကို သင္ေပးတာမ်ဳိးရွိတယ္။”ဟု ေကအိုင္စီသို႔ ေျပာ သည္။

အဆိုပါ မဲေပးသူ စာရင္းဦးေရအရ ဘန္ေကာက္ေရာက္ ကရင္လူမ်ဳိးမ်ားအတြက္ ရာခုိင္ႏႈန္းအားျဖင့္ ၃၀ ရာခိုင္ႏႈန္းခန္႔သာရွိ ေၾကာင္းႏွင့္ အခ်ိန္အခက္အခဲေၾကာင့္ အေရအတြက္ နည္းရျခင္းျဖစ္ေၾကာင္းလည္း ေစာဆိပ္ပေလာင္ က ဆက္ေျပာ သည္။ အဆိုပါ ႀကိဳတင္ဆႏၵေပးႏိုင္ရန္ OKRSO မွ ဦးေဆာင္၍ ဘန္ေကာက္ၿမိဳ႕အပါအဝင္ ဘန္ေကာက္ၿမိဳ႕အနီးအနားရွိ ကရင္ တိုင္းရင္းသားမ်ားကို ၿပီးခဲ့သည့္ ဇူလိုင္လက ေခၚယူ၍ ဆႏၵမဲေပးႏိုင္ေရးႏွင့္ လိုအပ္သည့္ ပုံစံ(၁၅) ေဖာင္ ျဖည့္စြက္ တင္ျပ ျခင္းတို႔အတြက္ သံ႐ုံးႏွင့္ ခ်ိတ္ဆက္ေဆာင္ရြက္၍ ကူညီေပးခဲ့ေၾကာင္းလည္း သိရသည္။ လက္ရွိ ထိုင္းႏိုင္ငံေရာက္ ျမန္မာ ႏိုင္ငံသားမ်ား ႀကိဳတင္ ဆႏၵမဲကို ၿပီးခဲ့သည့္ ေအာက္တိုဘာလ ၃ ရက္ေန႔က စတင္ေပး ခဲ့ၾကၿပီး ၁၈ရက္ေန႔အထိ သတ္မွတ္ ထားကာ ထိုင္းႏိုင္ငံအတြင္း တရားဝင္ ျမန္မာအလုပ္သမားမ်ား ၁.၁၅ သန္းရွိသည့္ အနက္ ႀကိဳတင္ဆႏၵမဲေပးခြင့္ ေလွ်ာက္ ထားသူ ၄ ေသာင္းနီးရွိေၾကာင္း ျမန္မာသံ႐ုံးထံမွ သိရသည္။ http://kicnews.org/2020/10/%e1%80 %91%e 1%80 %ad%e1%80%af%e1%80%84%e1%80%b9%e1%80

****************

၁၂။ ျပည္လုံးကြၽတ္အေထြေထြေ႐ြးေကာက္ပြဲအတြက္ “ဖယ္ၾကဥ္မရွိမွ လြတ္မွ်တ” အစီရင္ခံစာကို မြန္ျပည္လူ႔အခြင့္အေရး ေဖာင္ေဒးရွင္းထုတ္ျပန္
October 8, 2020

မၾကာမီက်င္းပမည့္ ၂၀၂၀ ျပည္လုံးကြၽတ္အေထြေထြေ႐ြးေကာက္ပြဲတြင္ ျမန္မာျပည္ေတာင္ပိုင္းရွိ တိုင္းရင္းသားလက္နက္ ကိုင္ EAOs ထိန္းခ်ဳပ္ရာေဒသမ်ားႏွင့္ ေက်းလက္ေနျပည္သူတို႔၏ မဲေပးပိုင္ခြင့္အခက္အခဲႏွင့္ စိန္ေခၚမႈမ်ားအေပၚ မီးေမာင္း ထိုး ေဖာ္ျပထားသည့္ “ဖယ္ၾကဥ္မရွိမွ လြတ္မွ်တ” အမည္ရွိ အစီရင္ခံစာကို မြန္ျပည္လူ႔အခြင့္အေရးေဖာင္ေဒးရွင္း Hurfom က (ေအာက္တိုဘာ ၈) တြင္ ထုတ္ျပန္လိုက္သည္။

“၂၀၀၈ အေျခခံဥပေဒ အတည္ျပဳၿပီးတဲ့ေနာက္ပိုင္း အခုေ႐ြးေကာက္ပြဲက ၃ ႀကိမ္ေျမာက္ျဖစ္တာေပါ့၊ ၿပီးခဲ့တဲ့ ၂၀၁၅ ေ႐ြးေကာက္ပြဲမွာ မြန္ျပည္နယ္မဲဆႏၵရွင္တစ္ဝက္ေလာက္ပဲ မဲလာေပးၾကတယ္၊ ဒီအေရအတြက္က နည္းတယ္လို႔ေျပာရမယ္၊ သူတို႔က အေျပာင္းအလဲကို လိုလားေပမယ့္ ဘာလို႔ေ႐ြးေကာက္ပြဲမွာ မဲမေပးၾကတာလဲ။ ေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္ၿပီး သူတို႔ႀကဳံေတြ႕ေနရတဲ့အခက္အခဲေတြကို ေသေသခ်ာခ်ာ သိရွိၿပီးေတာ့ လက္ေတြ႕က်တဲ့ေျဖရွင္းမႈေတြ ျပဳလုပ္ေပးသြားႏိုင္ဖို႔ ရည္႐ြယ္ၿပီး ဒီအစီရင္ခံစာကို လုပ္ျဖစ္တာပါ”ဟု မြန္ျပည္လူ႔အခြင့္အေရးေဖာင္ေဒးရွင္း စီမံကိန္းဒါ႐ိုက္တာ ႏိုင္အဲမြန္က ေျပာသည္။ အထူးသျဖင့္ အဆိုပါဖယ္ၾကဥ္ခံအုပ္စုမ်ားတြင္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ား၏ ထိန္းခ်ဳပ္ေဒသ ေန ျပည္သူမ်ား၊ ေက်းလက္ေန အမ်ိဳးသမီးမ်ား၊ စာတတ္ေျမာက္ႏွင့္အသိပညာနည္းပါးသည့္ သက္ႀကီး႐ြယ္အိုမ်ား၊ ေနရပ္ စြန႔္ခြာတိမ္းေရွာင္ရသူမ်ား၊ ပထမဆုံးမဲေပးၾကမည့္ လူငယ္မ်ားႏွင့္ အျခားနည္းျဖင့္ သန္စြမ္းသူမ်ား၏ ေ႐ြးေကာက္ပြဲ ဆိုင္ရာ အခက္အခဲမ်ားႏွင့္ စိန္ေခၚမႈမ်ားကို ဤအစီရင္ခံစာတြင္ မီးေမာင္းထိုး ေဖာ္ျပထားျခင္း ျဖစ္သည္။

ႏိုင္အဲမြန္က “မူဝါဒပိုင္းဆိုင္ရာေတြမွာ အဆုံးအျဖတ္ေပးႏိုင္တဲ့ တိုင္းရင္းသားေခါင္းေဆာင္ေတြကို က်ေနာ္တို႔တိုက္တြန္း လို တာက ႏိုင္ငံသားဆိုင္ရာအခြင့္အေရးအတြက္ ႏိုင္ငံသားတိုင္း သူတို႔ယုံၾကည္ကိုးစားတဲ့ ႏိုင္ငံေရးပါတီကို မဲထည့္ခြင့္ေပးသင့္ တယ္လို႔ က်ေနာ္တို႔ျမင္တယ္ ဒါမွလည္း ဒီမိုကေရစီနည္းလမ္းက်တဲ့ အုပ္ခ်ဳပ္မႈတစ္ခုေအာက္မွာ ရွိေနတဲ့အေနအထားအျဖစ္ ထင္သာျမင္သာရွိေအာင္ က်ေနာ္တို႔ေဖာ္ျပႏိုင္မွာျဖစ္တယ္”ဟု မြန္သတင္းေအဂ်င္စီႏွင့္ အင္တာဗ်ဴးတြင္ ေျပာၾကားသည္။ တိုင္းရင္းသားလက္နက္ကိုင္ထိန္းခ်ဳပ္ရာေဒသတြင္းရွိ သာမန္ျပည္သူလူထုမ်ားအေနျဖင့္ ႏိုင္ငံသားျဖစ္မႈ သက္ေသခံအ ေထာက္အထား လက္ဝယ္ရရွိေစေရးအျပင္ ေ႐ြးေကာက္ပြဲမ်ားတြင္ မဲေပးခြင့္ရွိေစရန္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ ႏွင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားအၾကား၊ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းႏွင့္ သက္ဆိုင္သည့္ေဒသႏၲရ (သို႔မဟုတ္) ျပည္နယ္/တိုင္းေဒသႀကီးအစိုးရအၾကားတြင္ မူဝါဒတိတိက်က် သတ္မွတ္ထားျခင္း မေတြ႕ရေၾကာင္း ၎က ေျပာသည္။

မြန္ျပည္လူ႔အခြင့္အေရးေဖာင္ေဒးရွင္း Hurfom သည္ ျမန္မာႏိုင္ငံဒီမိုကေရစီေရး၊ စစ္မွန္ေသာၿငိမ္းခ်မ္းေရးႏွင့္ လူ႔အခြင့္ အေရး အေျခအေနမ်ား တိုးတက္ေကာင္းမြန္လာေစေရးအတြက္ တိုက္တြန္းႏႈိးေဆာ္မႈမ်ား၊ ပညာေပးအစီအစဥ္မ်ား၊ သတင္း အခ်က္အလက္မ်ားႏွင့္ အစီရင္ခံစာမ်ား ထုတ္ေဝျခင္းမ်ား ပုံမွန္ေဆာင္႐ြက္ေနသည့္ မြန္ျပည္နယ္အေျခစိုက္ လူ႔အခြင့္အေရး ေဖာင္ေဒးရွင္းတစ္ခုျဖစ္သည္။ http://burmese.monnews.org/2020/10/08/%e1%80 %95%e1%80%bc%e1%80 %8a%e1%80%ba%e1%8

****************

၁၃။ COVID-19 ကူးစက္ေရာဂါကာလျဖစ္သည့္အတြက္ မဲဆြယ္စည္း႐ုံးေရးဆင္းရာတြင္ အခက္အခဲမ်ားေတြ႕ႀကဳံေနရဟု မြန္ညီၫြတ္ေရးပါတီ ကိုယ္စားလွယ္ေလာင္း ေျပာၾကား
6 October 2020

COVID-19 ကူးစက္ေရာဂါ ျဖစ္ပြားေနေသာကာလျဖစ္သည့္အတြက္ မဲဆြယ္စည္း႐ုံးေရးဆင္းရာတြင္ အခက္အခဲမ်ား ေတြ႕ႀကဳံေနရေၾကာင္း မြန္ညီၫြတ္ေရးပါတီမွ က်ိဳက္ထိုၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း ဦးဝင္းမင္းထြန္း က ေျပာၾကားသည္။“စည္း႐ုံးေရးဆင္းတဲ့အခါမွာ ေတြ႕ႀကဳံရတာက က်ိဳက္ထိုၿမိဳ႕ေပၚက ျပည္သူေတြဆိုရင္ အျပင္သိပ္မ ထြက္ၾကေတာ့ဘူး။ ေက်း႐ြာေတြကိုသြားရင္လည္း ပါတီမိတ္ဆက္လုပ္ဖို႔အတြက္ကို သက္ဆိုင္ရာေက်း႐ြာက ရာအိမ္မွဴးေတြ ကို အကူအညီေတာင္းၿပီးေတာ့မွ ျပည္သူ ေလး၊ ငါး၊ ၁၀ ေယာက္ေလာက္ စုေပးဖို ့ေျပာဆိုၿပီးေတာ့မွ ကြၽန္ေတာ္တို႔က စည္း႐ုံးရတာေတြရွိပါတယ္။ တခ်ိဳ႕႐ြာေတြက်ေတာ့ ေပးမဝင္တာေတြရွိတယ္။ ဂိတ္ေတြထားၿပီး တားထားတာေတြရွိပါတယ္။ ဘယ္ပါတီကိုမွ ေပးမဝင္ဘူးဆိုၿပီး ေျပာတာေတြလည္း ရွိပါတယ္” ဟု ဦးဝင္းမင္းထြန္းက ေျပာၾကားသည္။

“တိုင္းရင္းသားပါတီေတြက ကိုယ္စားလွယ္ေတြအေနနဲ႔ လႊတ္ေတာ္ေတြထဲမွာ ေနရာအသင့္တင့္ရရွိမွသာ တိုင္းရင္းသား ေတြရဲ႕ လိုအပ္ခ်က္ေတြကို ကိုယ္တိုင္ေတာင္းဆိုႏိုင္မွာ ျဖစ္ပါတယ္။ အဲဒီအတြက္ေၾကာင့္လည္း တိုင္းရင္းသားပါတီေတြ အားလုံးက ေ႐ြးေကာက္ပြဲေအာင္ႏိုင္ေရးအတြက္ကို ႀကိဳးစားေနၾကတာျဖစ္ပါတယ္။ ဒါေၾကာင့္ လာမယ့္ေ႐ြးေကာက္ပြဲမွာ တိုင္းရင္းသားပါတီေတြကို အားေပးၾကဖို႔ တိုက္တြန္းခ်င္ပါတယ္”ဟု ဦးဝင္းမင္းထြန္းက ဆိုသည္။

မြန္ညီၫြတ္ေရးပါတီအေနျဖင့္ လာမည့္ ၂၀၂၀ ျပည့္ႏွစ္ အေထြေထြေ႐ြးေကာက္ပြဲ၌ မြန္ျပည္နယ္အတြင္း က်ိဳက္ထို၊ ေမာ္လၿမိဳင္၊ က်ိဳက္မေရာ၊ ေခ်ာင္းဆုံ၊ မုဒုံ၊ သံျဖဴဇရပ္၊ ေရးႏွင့္ ေပါင္ၿမိဳ႕နယ္တို႔တြင္ မဲဆႏၵနယ္အျပည့္ ဝင္ေရာက္ယွဥ္ၿပိဳင္ သြားမည္ျဖစ္ေၾကာင္း၊ ကရင္ျပည္နယ္အတြင္း ဘားအံၿမိဳ႕နယ္၌ အမ်ိဳးသားလႊတ္ေတာ္ တစ္ေနရာ၊ ျပည္နယ္လႊတ္ေတာ္ ႏွစ္ ေနရာ၊ ေကာ့ကရိတ္ၿမိဳ႕နယ္၌ ျပည္သူ႔လႊတ္ေတာ္ တစ္ေနရာ၊ အမ်ိဳးသားလႊတ္ေတာ္ တစ္ေနရာ၊ ျပည္နယ္လႊတ္ေတာ္ တစ္ ေနရာႏွင့္ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္တြင္ ျပည္သူ႔လႊတ္ေတာ္ တစ္ေနရာ၊ အမ်ိဳးသားလႊတ္ေတာ္ ႏွစ္ေနရာႏွင့္ ျပည္နယ္ လႊတ္ေတာ္ ႏွစ္ေနရာ၊ မြန္ျပည္နယ္တြင္ ဗမာတိုင္းရင္းသားေရးရာ ကိုယ္စားလွယ္ တစ္ေနရာႏွင့္ ကရင္ျပည္နယ္တြင္ မြန္တိုင္းရင္းသားေရးရာ ကိုယ္စားလွယ္ တစ္ေနရာ ဝင္ေရာက္ယွဥ္ၿပိဳင္သြားမည္ျဖစ္ေၾကာင္း သိရသည္။ ထို႔ျပင္ ရန္ကုန္တိုင္း ေဒသႀကီး၌ ေ႐ႊျပည္သာ-ေမွာ္ဘီ-ထန္းတပင္ၿမိဳ႕နယ္မ်ားတြင္ အမ်ိဳးသားလႊတ္ေတာ္ တစ္ေနရာ၊ ေတာင္ဥကၠလာပ၊ ေဒါပုံ၊ ေ႐ႊျပည္သာ၊ သာေကတႏွင့္ စမ္းေခ်ာင္းၿမိဳ႕နယ္မ်ားတြင္ တိုင္းေဒသႀကီးလႊတ္ေတာ္ တစ္ေနရာစီႏွင့္ ပဲခူးတိုင္းေဒသႀကီး ပဲခူးၿမိဳ႕နယ္တြင္ တိုင္းေဒသႀကီးလႊတ္ေတာ္ ႏွစ္ေနရာ ဝင္ေရာက္ယွဥ္ၿပိဳင္ အေ႐ြးခ်ယ္ခံသြားမည္ျဖစ္ေၾကာင္း သိရသည္။ https://news-eleven.com/article/1 94836

**************

၁၄။ ကိုဗစ္ကာကြယ္ေရး RCSS/SSA ထိန္းခ်ဳပ္သည့္ေက်းလက္မ်ားအတြင္း ျပင္ပလူ၀င္ထြက္သြားလာခြင့္မျပဳ
October 7, 2020

ျမန္မာႏိုင္ငံတြင္ ကိုဗစ္ကူးစက္မႈႏႈန္းျမင့္မားလာၿပီး ေသဆုံးမႈလည္းမ်ားျပားလာသည့္အတြက္ ေက်းလက္ေနလူထု က်န္းမာ ေရး အေလးထားကာ မိမိထိန္းခ်ဳပ္လႈပ္ရွားရာေဒသ ေက်းလက္မ်ားအတြင္း ျပင္ပလူ၀င္ထြက္သြားလာမႈကို ဟန႔္တားထား ေၾကာင္း RCSS/SSA က ေၾကညာခ်က္တေစာင္ထုတ္ျပန္လိုက္သည္။

အခ်က္ ၆ ခ်က္ပါ RCSS/SSA ၏ အဆိုပါကိုဗစ္ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ပတ္သက္သည့္ ေၾကညာခ်က္ကို ေအာက္တိုဘာလ ၅ ရက္ေန႔ရက္စြဲျဖင့္ ထုတ္ျပန္လိုက္ျခင္းျဖစ္ၿပီး၊ ေ႐ြးေကာက္ပြဲအတြက္ စည္း႐ုံးေရးဆင္းမည့္ပါတီမ်ားအေနျဖင့္ က်န္းမာေရး ဌာနမွ ထုတ္ျပန္ေသာ စည္းကမ္းခ်က္မ်ားအတိုင္း တိတိက်က်လိုက္နာရန္ ဟူေသာအခ်က္ပါရွိပါသည္။ ၄င္းႏွင့္ပတ္သက္ၿပီး RCSS/SSA ေျပာခြင့္ရ ဒုဗိုလ္မွဴးႀကီး အုမ္ေခးက- “ကိုဗစ္-၁၉ ေရာဂါကူးစက္မႈက အရမ္းျပင္းထန္ေနပါတယ္။ ေက်းလက္ ရပ္႐ြာထဲ ကြင္းဆင္းစည္း႐ုံးေရးဆင္းမယ့္ ပါတီေတြအေနနဲ႔လည္း လူထုရဲ႕ က်န္းမာေရးကိုအဓိက အေလးထားရမယ္။ ကြင္းဆင္းမွ စည္း႐ုံးႏိုင္တာမဟုတ္ပါဘူး။ အခုဆိုရင္ အြန္လိုင္းကေန စည္း႐ုံးေရးလုပ္ေနၾကတာလည္းေတြ႕ရတယ္။ အခက္ အခဲေလးေတြေတာ့ရွိမွာေပါ့ေနာ္။ ဒါေပမယ့္အလုပ္မျဖစ္တဲ့အထိ ေတာ့မျဖစ္ပါဘူး။”ဟု သွ်မ္းသံေတာ္ဆင့္အားေျပာသည္။

ေၾကျငာခ်က္တြင္ RCSS/SSA ထိန္းခ်ဳပ္နယ္ေျမအတြင္းရွိ ေက်းလက္မ်ားသို႔ ျပင္ပ႐ြာမွလူမ်ား၀င္ေရာက္ခြင့္၊ ႐ြာသားမ်ား႐ြာ ျပင္ထြက္ခြင့္ ကို ေအာက္တိုဘာလ ၅ ရက္မွ ၃၁ ရက္ေန႔အထိပိတ္ပင္ထားသည္။ အေရးေပၚအေျခအေန မွသာ ႐ြာသားမ်ား စုေပါင္းၿပီးမွ ႐ြာျပင္ထြက္ႏိုင္ေၾကာင္းလည္း ဒုဗိုလ္မွဴးႀကီးအုမ္ေခးကေျပာသည္။ https://burmese.shannews.org/arch ives/18789

***************

၁၅။ ဗန္းေမာ္ခ႐ိုင္တြင္ မဲဆႏၵရွင္စာရင္း ၈၀၀၀ ေက်ာ္တိုးလာ
7 October 2020

ကခ်င္ျပည္နယ္ ဗန္းေမာ္ခ႐ိုင္တြင္ ပထမအႀကိမ္ မဲစာရင္းေၾကညာၿပီးေနာက္ မဲဆႏၵရွင္စာရင္း ၈၀၀၀ ခန႔္ ျပန္တိုးလာ ေၾကာင္း ဗန္းေမာ္ခ႐ိုင္ေ႐ြးေကာက္ပြဲေကာ္မရွင္႐ုံးမွ သိရသည္။

ပထမအႀကိမ္ မဲစာရင္းကပ္ရာတြင္ ဗန္းေမာ္ခ႐ိုင္အတြင္းရွိ မဲေပးပိုင္ခြင့္ရွိသည့္ မဲဆႏၵရွင္၂သိန္း ၄ေသာင္းခန႔္ရွိေသာ္လည္း ဒုတိယအႀကိမ္မဲစာရင္းတြင္ ၈ေထာင္ခန႔္တိုးလာသည့္အတြက္ လက္ရွိေနာက္ဆုံးစာရင္းအရ မဲဆႏၵရွင္စာရင္း၂၄၈၁၈၁ ရွိေနၿပီျဖစ္ေၾကာင္း ဗန္းေမာ္ခ႐ိုင္ေ႐ြးေကာက္ပြဲေကာ္မရွင္မွ အရာရွိ ဦးေက်ာ္သိန္းက ဆိုသည္။“ ခုစာရင္းက မပိတ္ေသးဘူး ဆိုေတာ့ အတိအက်ေျပာလို႔မရေသးဘူး။ ဒီထက္တိုးခ်င္တိုးလာႏိုင္ေသးတယ္။ ေလာေလာဆယ္ေတာ့ ပုံစံ (၃-က) နဲ႔လာ ေလွ်ာက္ထားတဲ့ ဦးေရက ၄၀၀ေက်ာ္ရွိေနၿပီ။ ဒီ ၄၀၀ ေက်ာ္က ခုန ဒုတိယအႀကိမ္ မဲစာရင္းေၾကညာတဲ့အထဲမွာ မပါေသး ဘူး။ ခုေနာက္ပိုင္းျပန္လာေလွ်ာက္တဲ့ စာရင္းေတြျဖစ္ပါတယ္။” ဟု အရာရွိ ဦးေက်ာ္သိန္းက ေျပာသည္။

ဗန္းေမာ္ခ႐ိုင္အတြင္း ၿမိဳ႕နယ္ေပါင္း ၄ ခုအနက္ မဲဆႏၵရွင္စာရင္းမွာ ဗန္းေမာ္ၿမိဳ႕နယ္တြင္ ၉၀၈၆၈ ၊ မန္စီၿမိဳ႕နယ္ ၄၀၁၈၂ ၊ မိုးေမာက္ၿမိဳ႕နယ္ ၅၂၁၈၇ ႏွင့္ ေ႐ႊကူၿမိဳ႕နယ္ ၆၄၉၄၄ အသီးသီးရွိေၾကာင္း သိရသည္။ ကခ်င္ျပည္နယ္ တစ္ျပည္နယ္လုံးတြင္ လာမည့္ ေ႐ြးေကာက္ပြဲအတြက္ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ပါတီေပါင္း ၁၉ ပါတီရွိကာ လူဦးေရအားျဖင့္ ၁၁ သိန္းနီးပါး ရွိသည္။ ဗန္းေမာ္ခ႐ိုင္တြင္ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ပါတီေပါင္း ၁၁ ပါတီရွိၿပီး တစ္သီးပုဂၢလ ၿပိဳင္မည့္သူ ၂ ဦး ပါဝင္သည္။ မဲ႐ုံမ်ားမွာ ဗန္းေမာ္ၿမိဳ႕နယ္တြင္ ၆၆ ႐ုံ၊ မံစီၿမိဳ႕နယ္ ၃၉ ႐ုံ၊ မိုးေမာက္ၿမိဳ႕နယ္ ၄၅ ႐ုံ၊ ေ႐ႊကူၿမိဳ႕နယ္ ၅၁ ႐ုံ ရွိေၾကာင္း သက္ဆိုင္ရာမွ သိရ သည္။ https://burmese.kachinnews.com/2020/10/07/%e1%80%97%e1%80%94%e1%80%ba%e1%

**************

၁၆။ ေဒသတြင္း တိုင္းရင္းသား ႏိုင္ငံေရးပါတီမ်ား ေ႐ြးေကာက္ပြဲေအာင္ႏိုင္ေရး ကိစၥႏွင့္ပတ္သက္ၿပီး မြန္၊ ပအိုဝ္းႏွင့္ ကရင္ လူငယ္မ်ား အလြတ္သေဘာ ေတြ႕ဆုံေဆြးေႏြးခဲ့
8 October 2020

ေဒသတြင္း တိုင္းရင္းသား အေျချပဳ ႏိုင္ငံေရးပါတီမ်ား ေ႐ြးေကာက္ပြဲေအာင္ႏိုင္ေရး ကိစၥႏွင့္ပတ္သက္ၿပီး မြန္၊ ပအိုဝ္းႏွင့္ ကရင္လူငယ္မ်ား ေအာက္တိုဘာ ၇ ရက္က သထုံၿမိဳ႕နယ္ ေနာင္ကုလားေက်း႐ြာရွိ ပအိုဝ္းအမ်ိဳးသား အဖြဲ႕ခ်ဳပ္ (PNO) ပါတီ (မြန္ျပည္နယ္) ႐ုံးတြင္ အလြတ္သေဘာ ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သတင္းရရွိသည္။ အဆိုပါ ေတြ႕ဆုံေဆြးေႏြးပြဲသို႔ ကရင္ လူငယ္မ်ား အစည္းအ႐ုံး၊ ကရင္လူငယ္ကြန္ရက္၊ မြန္လူငယ္အဖြဲ႕၊ ပအိုဝ္းလူငယ္ကြန္ရက္၊ ပအိုဝ္းမ်ိဳးဆက္သစ္ လူငယ္ ကြန္ရက္တို႔မွ လူငယ္ကိုယ္စားလွယ္မ်ား တက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။

“ကြၽန္ေတာ္တို႔အေနနဲ႔က လက္ရွိမွာ ေ႐ြးေကာက္ပြဲေအာင္ႏိုင္ေရး စည္း႐ုံးေရးဆင္းဖို႔က COVID-19 ေရာဂါနဲ႔က အခက္ အခဲေတြ ျဖစ္ေနတယ္။ အဲ့ဒီအတြက္ေၾကာင့္ ကြၽန္ေတာ္တို႔ PNO ပါတီရယ္၊ ကရင္ျပည္သူ႔ပါတီရယ္၊ ေနာက္ မြန္ညီၫြတ္ေရး ပါတီေတြကို ဘယ္လိုဝန္းရံၾကမလဲေပါ့ေနာ္။ အဲဒါေတြကို တိုင္ပင္ျဖစ္ပါတယ္။ လတ္တေလာမွာေတာ့ ကြၽန္ေတာ္တို႔ PNO ပါတီနဲ႔ ကရင္ျပည္သူ႔ပါတီတို႔က ပူးေပါင္းၿပီးေတာ့ မဲဆြယ္စည္း႐ုံးတာေတြ၊ ေနာက္ ကိုယ္စားလွယ္ေလာင္း ဆိုင္းဘုတ္ေတြကို ပူးတြဲၿပီးေတာ့ စိုက္ထူတာေတြေတာ့ ေဆာင္႐ြက္ခဲ့ၾကပါတယ္။ ေနာက္စည္း႐ုံးေရး ဆင္းၾကတဲ့အခါမွာ ဘယ္လိုအေျခအေန မ်ိဳးေတြ ႀကဳံေတြ႕ရသလဲေပါ့။ ေနာက္ဘယ္လို ေနရာေတြမွာ တြဲလုပ္မယ္။ ဘယ္လိုေနရာေတြမွာ ခြဲၿပီးလုပ္ၾကမယ္ေပါ့။ အဲဒါ ေတြကို တိုင္ပင္ေဆြးေႏြး ျဖစ္ခဲ့ပါတယ္”ဟု ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ (PNO) ပါတီ (မြန္ျပည္နယ္) အတြင္းမွဴး ခြန္ေတဇ က ေျပာၾကားသည္။ လာမည့္ ေအာက္တိုဘာ ၁၈ ရက္တြင္ မြန္၊ ကရင္၊ ပအိုဝ္းလူငယ္ေတြ ထပ္မံေတြ႕ဆုံ ေဆြးေႏြးၾကရန္ ရွိေၾကာင္းႏွင့္ ေဆြးေႏြးၿပီးပါက ေ႐ြးေကာက္ပြဲ ေအာင္ႏိုင္ေရး Campaign လုပ္ေဆာင္သြားရန္ တိုင္ပင္ထားေၾကာင္း ခြန္ေတဇ က ဆက္လက္ ေျပာၾကားသည္။

ထို႔အတူ ကရင္လူငယ္ကြန္ရက္ (မြန္ျပည္နယ္) တာဝန္ခံ ေစာေသာၾကာကလည္း “အဓိကကေတာ့ လူငယ္ေတြ အခ်င္းခ်င္း ၾကားထဲမွာ ပူးေပါင္းလုပ္ေဆာင္ႏိုင္မယ့္ ကိစၥေတြကို ပူးေပါင္းလုပ္မယ္ေပါ့။ အမွန္က အလြတ္သေဘာ ေတြ႕ဆုံေဆြးေႏြး ၾကတာပါဘဲ။ ေ႐ြးေကာက္ပြဲမွာ တိုင္းရင္းသားပါတီေတြေအာင္ႏိုင္ေရးအတြက္ကို အဓိကထားၿပီး ေဆြးေႏြးျဖစ္ၾကပါတယ္။ ေနာက္လာမယ့္ ေအာက္တိုဘာ ၁၈ ရက္မွ ပအိုဝ္းလူငယ္၊ ကရင္လူငယ္၊ မြန္လူငယ္ေတြ စုေပါင္းၿပီးေတာ့ သထုံနဲ႔ေပါင္

ၿမိဳ႕နယ္အတြင္းမွာ ေ႐ြးေကာက္ပြဲ ေအာင္ႏိုင္ေရးအတြက္ စီတန္းလွည့္လည္ဖို႔ အတြက္ကိုေတာ့ အၾကမ္းဖ်င္း ဆုံးျဖတ္ထား ပါတယ္”ဟု ေျပာၾကားသည္။ လက္ရွိတြင္လည္း သထုံၿမိဳ႕နယ္အတြင္း ပအိုဝ္းအမ်ိဳးသား အဖြဲ႕ခ်ဳပ္ (PNO) ပါတီ ႏွင့္ ကရင္ ျပည္သူ႔ပါတီ (KPP) တို႔ပူးေပါင္းကာ ေ႐ြးေကာက္ပြဲ ေအာင္ႏိုင္ေရးဆိုင္းဘုတ္ စိုက္ထူျခင္းမ်ား ျပဳလုပ္ခဲ့ၾကသည့္အျပင္ သံျဖဴ ဇရပ္ၿမိဳ႕နယ္ႏွင့္ ေရးၿမိဳ႕နယ္မ်ားအတြင္း မြန္ညီၫြတ္ေရးပါတီမွ ေ႐ြးေကာက္ပြဲေအာင္ႏိုင္ေရး ဆိုင္းဘုတ္မ်ားစိုက္ထူရာ၌ ေဒသခံ ကရင္တိုင္းရင္းသားမ်ားမွ တက္ေရာက္ ဝန္းရံေပးခဲ့ေၾကာင္း သိရသည္။ https://news-eleven.com/a rticle/195

***************

၁၇။ မိုင္ေ႐ႊေလွတီာလ္ ႐ုပ္အေလာင္း လမ္းေဘးေျမျမဳပ္ခိုင္းမႈ သက္ဆိုင္သူမ်ားကို ထိေရာက္စြာအေရးယူရန္ ခ်င္း ေက်ာင္းသား/လူငယ္ (၁၃) ဖြဲ႕ကေတာင္း                  ဆို
October 9, 2020

မေလးရွားႏိုင္ငံတြင္ ေသဆုံးသည့္ အသက္ (၂၁) ႏွစ္အ႐ြယ္ မိုင္ေ႐ႊေလွတီာလ္၏ ႐ုပ္အေလာင္းအား ဇာတိၿမိဳ႕ ခ်င္းျပည္နယ္ ထန္တလန္ၿမိဳ႕သို႔ဝင္ခြင့္မျပဳဘဲ ၿမိဳ႕အျပင္လမ္းေဘးတြင္ ေျမျမဳပ္ခိုင္းခဲ့သည့္ ထန္တလန္ၿမိဳ႕မွ သက္ဆိုင္ရာတာဝန္ရွိ သူမ်ားကို ထိထိေရာက္ေရာက္အေရးယူရန္ ခ်င္းေက်ာင္းသား/လူငယ္အဖြဲ႕အစည္းအေပါင္း (၁၃) ဖြဲ႕က ေတာင္းဆိုလိုက္ သည္။ အဆိုပါကိစၥႏွင့္ပတ္သက္၍ ခ်င္းျပည္နယ္အစိုးရအဖြဲ႕အေနျဖင့္ ထန္တလန္ၿမိဳ႕ခံ (ရပ္မိရပ္ဖ၊ လူငယ္) အဖြဲ႕အစည္း မ်ား ပါဝင္ေသာ လြတ္လပ္သည့္စုံစမ္းစစ္ေဆးမႈအဖြဲ႕(Independent Inquiry) တရပ္ကိုဖြဲ႕စည္းကာ မိုင္ေ႐ႊေလွတီာလ္႐ုပ္ ကလပ္ အား ထန္တလန္ၿမိဳ႕တြင္းသို႔ ဝင္ခြင့္မျပဳျခင္းႏွင့္ ဂုဏ္သိကၡာရွိစြာအသုဘခ်ျခင္းမရွိေအာင္ တားဆီးပိတ္ပင္သည့္ တာဝန္ရွိသူမ်ားကို အမ်ားျပည္သူ သိရွိႏိုင္ေရးခ်ျပေပးပါရန္ႏွင္ ထိေရာက္စြာအေရးယူေဆာင္႐ြက္မႈမ်ားလုပ္ေဆာင္ေပးရန္ ခ်င္းေက်ာင္းသား/လူငယ္ အဖြဲ႕အစည္း (၁၃) ဖြဲ႕က ေအာက္တိုဘာလ (၇) ရက္ေန႔က ပူးတြဲေၾကညာခ်က္တစ္ေဆာင္ထုတ္ ျပန္ခဲ့ျခင္းျဖစ္သည္။

ဗဟိုခ်င္းလူငယ္မ်ားအဖြဲ႕အစည္း၏ ဥကၠဌ Salai An No Bik က “႐ုပ္ကလာပ္ကို သံတမန္ေရးအရ မေလးရွာကေန၊ ရန္ကုန္ထိ၊ ရန္ကုန္ကေန ထန္တလန္ၿမိဳ႕အထိေတာင္မွသယ္လာႏိုင္ၿပီး ဘာျဖစ္လို႔ ကိုဗစ္ေကာ္မတီက ထန္တလန္ၿမိဳ႕ ထဲကို ဘာလို႔ဝင္ခြင့္မျပဳတာလဲ ဒါကို က်ေနာ္တို႔ကန႔္ကြက္ရႈခ်တယ္၊ က်ေနာ္သိရသေလာက္ကေတာ့ အဲဒီထန္တလန္ ကိုဗစ္ ေကာ္မတီက ဗမာေတြႀကီးပဲ အဲမွာက သူတို႔က ခ်င္းဓေလ့ထုံးတမ္းစဥ္လာကိုနားမလည္ဘဲနဲ႔ ကိုဗစ္ကိုအေၾကာင္း ျပၿပီးမွ အဲလိုလုပ္တာေတာ့ က်ေနာ္တို႔ လုံးဝလက္မခံႏိုင္ဘူး၊ ေနာက္တစ္ခါဆိုရင္ေတာ့ က်ေနာ္တို႔ခြင့္လြတ္မွွာမဟုတ္ဘူး၊ က်ေနာ္ တို႔ ေတာင္းဆိုထားတဲ့အတိုင္းလုပ္ေစခ်င္တယ္ အဲဒါမလုပ္ေပးဘူးဆိုရင္ က်ေနာ္တို႔ ၿမိဳ႕နယ္ (၉) ၿမိဳ႕က လူငယ္ေတြ ဆႏၵ ေဖာ္ထုတ္တာလုပ္ႏိုင္တယ္”ဟု ခိုႏူမ္းသုန္ကိုေျပာသည္။ မိုင္ေ႐ႊေလွတီာလ္ အသက္ (၂၁) ႏွစ္သည္ စက္တင္ဘာလ (၂၉) ရက္ေန႔ ည (၈) နာရီခန႔္အခ်ိန္ မေလးရွားႏိုင္ငံရွိ (၈) ထပ္တိုက္ေပၚမွျပဳတ္က်ေသဆုံးခဲ့ၿပီး ထန္တလန္ၿမိဳ႕တြင္ ေျမျမဳပ္ သၿဂိဳလ္ရန္ မေလးရွားႏိုင္ငံမွ ရန္ကုန္ေလဆိပ္၊ မႏၲေလး၊ ဟားခါး အဆင့္ဆင့္သယ္ေဆာင္လာၿပီးေနာက္ ထန္တလန္ၿမိဳ႕နယ္ ကိုဗစ္-၁၉ ကာကြယ္၊ ထိန္းခ်ဴပ္၊ ကုသေရးေကာ္မတီ က ထန္တလန္ၿမိဳ႕အတြင္း ဝင္ခြင့္မျပဳဘဲ ဟားခါးသြားသည့္ လမ္းမ ေဘးတြင္ေျမျမဳပ္သၿဂိဳလ္ ခိုင္းခဲ့ျခင္းျဖစ္သည္။

အဆိုပါျဖစ္ရပ္ႏွင့္ပတ္သက္၍ ခ်င္းမီဒီယာမ်ားမွေရးသားေဖာ္ျပၿပီး ဆိုရွယ္မီဒီယာေပၚတြင္ ကန႔္ကြက္ေဝဖန္မႈမ်ား ျမင့္တက္ လာၿပီးေနာက္ သက္ဆိုင္ရာအာဏာပိုင္မ်ားက ျပန္လည္ခြင့္ျပဳသျဖင့္ မိုင္ေ႐ႊေလွတီာလ္၏ ႐ုပ္အေလာင္းကို ျပန္လည္ တူးေဖာ္ကာ ထန္တလန္ၿမိဳ႕သခ်ိဴင္းတြင္ ေအာက္တိုဘာလ ၆ ရက္ေန႔ညက ျပန္လည္သၿဂိဳလ္ခဲ့ၾကသည္။

မိုင္ေ႐ႊေလွတီာလ္ ျဖစ္စဥ္ႏွင့္ပတ္သက္၍ ေတာင္းဆိုခဲ့ၾကသည့္ အဖြဲ႕အစည္းမ်ားမွာ Thantlang Youth Association ၊ Thantlang Sianghleirun ChungKhar ၊ Central Chin Youth Organization ၊ Chin Literature and Culture Committee (Universities-Yangon) ၊ Zomi Siamsin Kipawlna-Myanmar ၊ Chin Student Union,kalay ၊ Falam Phunsang Tlawngta Pawlkom,Myanmar ၊ Lairawn Zirsang Pawlkom,kalay ၊ Zo khangno Kipawlna (Tonzang) ၊ Zo Youth Organization (Tonzang) ၊ Mindat University Student’s Union ၊ Hakha University Student’s Organization ၊ Falam Mino Pawlkom တို႔ျဖစ္ၾကသည္။ https://www.bnionline.net/mm/news-76121

**************

၁၈။ တိုက္ပြဲမ်ား ရပ္တန႔္ရန္ အရပ္ဘက္အဖြဲ႕မ်ားႏွင့္ ေဒသခံမ်ား ေတာင္းဆို
October 9, 2020

ေ႐ြးေကာက္ပြဲကာလ နီးလာေနခ်ိန္ ရွမ္းေျမာက္ေဒသတြင္ ဆက္တိုက္ျဖစ္ပြားလာေနသည့္ တိုက္ပြဲမ်ား ရပ္တန႔္ေပးရန္ ေဒသခံမ်ားက ေတာင္းဆို လိုက္သည္။ ႏိုဝင္ဘာလ ၈ ရက္ေန႔တြင္ က်င္းပမည့္ ပါတီစုံ အေထြေထြ ေ႐ြးေကာက္ပြဲႀကီးတြင္ မဲဆႏၵရွင္ျပည္သူမ်ား အေနျဖင့္ မဲေပးခြင့္ ဆုံးရႈံးမႈ မရွိရေလေအာင္ ေအာက္တိုဘာလ ပထမအပတ္အတြင္းက စတင္ျဖစ္ပြား ေနသည့္ တိုက္ပြဲမ်ားကို အျမန္ဆုံးရပ္တန႔္ ေပးရန္ အရပ္ဖက္အဖြဲ႕အစည္းမ်ားႏွင့္ ေက်ာက္မဲေဒသခံမ်ားက ေတာင္းဆို လိုက္ျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံလုံးဆိုင္ရာ ရွမ္းလူငယ္ကြန္ရက္က နန္းပန္းအိျဖဴက “၂၀၁၅ ေ႐ြးေကာက္ပြဲ တုန္းကဆိုရင္ က် ေနာ္တို႔ ေက်းသီးသည္ လုံၿခဳံမႈ မရွိေသာေၾကာင့္ စစ္ျဖစ္ေနတဲ့ အခါက်ေတာ့ ေက်းသီး၊ မိုင္းရွႈး၊ တန႔္ ယန္း တို႔က က်ေနာ္တို႔က ေ႐ြးေကာက္ပြဲ မက်င္းပခဲ့ရတာရွိတယ္။ ၿပီးေတာ့မွ ၾကားျဖတ္ေ႐ြး ေကာက္ပြဲကို က် ေနာ္တို႔ ျပန္က်င္းပရတာ ရွိတယ္ေပါ့။ အဲလိုမ်ိဳး အေျခအေန ဒီလိုမ်ိဳး အေျခအေနမွာ ဆိုလို႔ရွိရင္ ဒီေ႐ြး ေကာက္ပြဲက အဲမွာ မဲပုံးမရွိဘူးဆိုလို႔ရွိရင္ အဲဒီေဒသမွာ မဲ ထည့္ခြင့္ မရွိဘူးေလ။ အဲဒါေၾကာင့္မို႔လို႔ အဲဒီ စစ္ပြဲ ကို အျမန္ဆုံးရပ္တန႔္ေပးပါလို႔ ေတာင္းဆိုခ်င္တာပါ” ဟု ေျပာသည္။ ၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ မဲဆႏၵရွင္ျပည္သူမ်ားဖက္မွ ၎တို႔ ေ႐ြးခ်ယ္မည့္ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားကို အဟန႔္ အတား တစ္စုံတစ္ရာမရွိပဲ ေ႐ြးခ်ယ္ႏိုင္ရန္ႏွင့္ လက္ရွိျဖစ္ပြားလ်က္ရွိသည့္ ကပ္ေရာဂါေၾကာင့္ စီးပြားေရး ထိခိုက္နစ္နာမႈ မ်ားလည္း ရွိေနသည့္အတြက္ တိုက္ပြဲမ်ားကို အျမန္ဆုံးရပ္တန႔္ေပးရန္ နမ့္ခုံပရဟိတအသင္း တာဝန္ရွိသူတစ္ဦးကလည္း ေတာင္းဆိုသည္။

ကခ်င္ျပည္နယ္ရွိ ဆြမ္ပရာဘြမ္၊ ဝိုင္းေမာ္၊ ေခါင္လန္ဖူး၊ မခ်မ္းေဘာ၊ ခ်ီေဖြ၊ ေဆာ့ေလာ္၊ အင္ဂ်န္း ယန္၊ မံစီ၊ တႏိုင္း၊ ေ႐ႊကူ စသည့္ၿမိဳ႕နယ္မ်ားရွိ အခ်ိဳ႕ေက်း႐ြာအုပ္စုမ်ားတြင္ မဲဆႏၵခံယူပြဲမ်ား မျပဳလုပ္ႏိုင္ခဲ့သည္သာမက ေ႐ြးေကာက္ပြဲ မျပဳႏိုင္သည့္ ေက်း႐ြာ အုပ္စု စုစုေပါင္း ၂၂၁ ႐ြာခန႔္ရွိခဲ့သည္ဟု ေ႐ြးေကာက္ပြဲေစာင့္ၾကည့္ေလ့လာသည့္အဖြဲ႕မ်ား၏ မွတ္တမ္းမ်ားထဲတြင္ ေတြ႕ရသည္။ ထို႔နည္းအတူ ကရင္ျပည္နယ္ရွိ ျမဝတီ၊ သံေတာင္ႀကီး၊ ဘားအံ၊ လႈိင္းဘြဲ႕၊ ေကာ့ကရိတ္၊ ၾကာအင္းဆိပ္ႀကီး ၿမိဳ႕နယ္မ်ား အတြင္းရွိ ေက်း႐ြာအုပ္စု အခ်ိဳ႕တြင္ မဲဆႏၵခံယူပြဲမ်ားကို ႐ုတ္သိမ္းခဲ့ သည့္အျပင္ မြန္ျပည္နယ္ ဘီလင္းၿမိဳ႕နယ္ရွိ ေဘာ္ေနာ္ႀကီး ေက်း႐ြာအုပ္စုတြင္လည္း မဲဆႏၵခံယူႏိုင္ျခင္း မရွိဟု သိရသည္။ https://www.bnionline.net/mm/news-76119

**************

၁၉။ ေ႐ႊကုကၠိဳလ္ စီမံကိန္းႏွင့္ ပတ္သက္သည့္ တပ္အရာရွိႀကီးတခ်ိဳ႕ စုံစမ္းစစ္ေဆးခံေနရ
8 October 2020

ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕နယ္၊ ေ႐ႊကုကၠိဳလ္ၿမိဳ႕သစ္ စီမံကိန္းႏွင့္ ပတ္သက္၍ ကရင္ျပည္ နယ္ျခားေစာင့္တပ္ (BGF) အဖြဲ႕ မွ ေပးသည့္ လာဘ္ေငြမ်ားကို လက္ခံရယူသည္ဟု သံသယရွိသျဖင့္ အနည္းဆုံး တပ္မေတာ္ အရာရွိႀကီး ၃ ဦး စုံစမ္း စစ္ ေဆးခံ ေနရေၾကာင္း သတင္းရရွိသည္။ ကရင္ျပည္နယ္ရွိ စစ္ဆင္ေရး ကြပ္ကဲမႈ ဌာနခ်ဳပ္ (စကခ) ၁၃ တပ္မမွဴး၊ စကခ ၁၃ ဗ်ဴဟာမွဴးႏွင့္ ခလရ ၉၇ တပ္ရင္းမွဴးတို႔ မွာ ေငြေၾကးလက္ခံထားသည္ဟု လူမႈကြန္ရက္တြင္ ပ်ံ႕ႏွံ႔လာသျဖင့္ တပ္မေတာ္က စုံစမ္းစစ္ေဆးၾကည့္ရာ သံသယျဖစ္စရာ အခ်က္မ်ား ေတြ႕ ရွိသျဖင့္ ေနျပည္ေတာ္သို႔ ေခၚယူစစ္ေဆးေနျခင္း ျဖစ္သည္။

“ေျပာႏိုင္တာကေတာ့ စုံစမ္းစစ္ေဆးလ်က္ရွိေၾကာင္း သိရတယ္။ အဲဒီအဖြဲ႕ ကေန ေပးတဲ့ေငြေၾကးကို လက္ခံထားတယ္လို႔ သံသယရွိတဲ့အတြက္ စုံစမ္းစစ္ေဆးေနတယ္။ ဥပေဒအတိုင္း ဆက္လက္ ေဆာင္႐ြက္သြားမယ္လို႔ သိရပါတယ္”ဟု တပ္မေတာ္ သတင္းရင္းျမစ္တဦးက ဧရာဝတီသို႔ ေျပာသည္။ ယခုလို စုံစမ္းစစ္ေဆးခံရျခင္းမွာ ယင္းစီမံကိန္း တည္ေဆာက္ ျခင္းႏွင့္ လုံးဝ မသက္ဆိုင္ဘဲ စီမံကိန္းအတြင္းရွိ ကာစီႏို ေလာင္းကစားဝိုင္းမ်ားႏွင့္ ဆက္စပ္လ်က္ရွိေၾကာင္း၊ ယခု ျဖစ္စဥ္ တြင္ တပ္မေတာ္ အရာရွိမ်ားသာမက ေဒသဆိုင္ရာ အာဏာပိုင္မ်ား ပါဝင္ပတ္သက္မႈလည္း ရွိေနေၾကာင္းသိရသည္။ ျဖစ္စဥ္ အေသးစိတ္ကို ဧရာဝတီက ဆက္လက္ စုံစမ္းေနဆဲ ျဖစ္သည္။

ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕နယ္၊ ေ႐ႊကုကၠိဳလ္ၿမိဳ႕သစ္ စီမံကိန္းတြင္ တပ္မေတာ္က လုံးဝ ပါဝင္ပတ္သက္ျခင္း မရွိေၾကာင္း တပ္မေတာ္၏ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ၿပီးခဲ့သည့္ စက္တင္ဘာ ၄ ရက္ေန႔တြင္ ျပဳလုပ္သည့္ သတင္း စာရွင္းလင္းပြဲတြင္ ေျပာဆိုထားသည္။ တပ္မေတာ္အေနျဖင့္ ပတ္သက္ျခင္းမရွိဟု ျငင္းဆိုေသာ္လည္း ယင္းစီမံကိန္းသည္ တပ္မေတာ္လက္ေအာက္ရွိ ကရင္ ျပည္နယ္ နယ္ျခားေစာင့္တပ္(BGF)က ဦးေဆာင္ၿပီး အေကာင္အထည္ေဖာ္ေနျခင္း ျဖစ္ သည္။ စီမံကိန္းစတင္ခြင့္ျပဳခဲ့သည့္ ၂၀၁၈ ခုႏွစ္၊ ဇူလိုင္ ၃၀ ရက္ေန႔တြင္ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္ပါဝင္သည့္ အေရွ႕ ေတာင္တိုင္း စစ္ဌာနခ်ဳပ္ တိုင္းမႉးမွာ ယခင္ ႏိုင္ငံေတာ္ကာကြယ္ေရးတကၠသိုလ္ေက်ာင္းအုပ္ႀကီး ဗိုလ္ခ်ဳပ္ မ်ိဳးမိုးေအာင္ ျဖစ္ၿပီး ၂၀၂၀ ခုႏွစ္ မတ္လတြင္ ၎ေနရာအား ဗိုလ္မႉးခ်ဳပ္ကိုကိုေမာင္အား ခန႔္အပ္ခဲ့ေၾကာင္း သိရသည္။

ကရင္ၿငိမ္းခ်မ္းေရး အေထာက္အကူျပဳကြန္ရက္ (KPSN) အဖြဲ႕၏ ယခုႏွစ္ မတ္လက ထုတ္ျပန္ခဲ့သည့္ “တို႔ေျမမ်ားကို ေလာင္းကစားပစ္ျခင္း”အစီအရင္ခံစာတြင္ စီမံကိန္းသည္ တပ္မေတာ္ထိပ္တန္းေခါင္းေဆာင္ပိုင္းမွ ေက်ာေထာက္ ေနာက္ခံ ျပဳထားသည့္ စီမံကိန္းျဖစ္ေၾကာင္း သက္ေသခံေဖာ္ျပေနသည့္ အေၾကာင္းအခ်က္မ်ားစြာရွိေနခဲ့ေၾကာင္း ေဖာ္ျပခဲ့သည္။ ေ႐ႊကုကၠိဳလ္စီမံကိန္းႏွင့္ ပတ္သက္ၿပီး ေဒသခံမ်ားအၾကား တရားမဝင္ ေလာင္းကစားမႈမ်ားႏွင့္ တ႐ုတ္ႏိုင္ငံသားအမ်ား အျပား ဝင္ထြက္မႈမ်ားေၾကာင့္ ရာဇဝတ္မႈႏွင့္ လူမႈေရးဆိုင္ရာ ျပႆနာမ်ား ျမင့္တက္လာမည္ကို စိုးရိမ္လွ်က္ရွိၿပီး ေဝဖန္ ကန႔္ကြက္ခံေနရသည့္ စီမံကိန္းျဖစ္သည္။ https://burma.irrawaddy.com/news/2020/10/08/231296.html

**************

၂၀။ ဘီးလင္းတြင္ ေက်း႐ြာ ၅ ႐ြာက ျပည္သူ ၁၀၀၀ ခန႔္ မဲေပးခြင့္မရ
8 October 2020

လာမယ့္ အေထြေထြေ႐ြးေကာက္ပြဲမွာ မြန္ျပည္နယ္၊ ဘီးလင္းၿမိဳ႕နယ္ရွိ ေက်း႐ြာ ၅ ႐ြာက ျပည္သူ ၁၀၀၀ နီးပါး မဲေပးခြင့္ ရဦးမွာ မဟုတ္ဘူးလို႔ သိရပါတယ္။ မြန္ျပည္နယ္မွာေတာ့ လာမယ့္ ေ႐ြးေကာက္ပြဲအတြက္ ေနာက္ဆုံးအႀကိမ္ မဲစာရင္းကို ေအာက္တိုဘာ ၁ ရက္ေန႔ကေန ၁၄ ရက္အတြင္း ကပ္ထားေၾကညာေပးေနၿပီး တပ္မဲစာရင္း အပါအဝင္ ဆႏၵမဲေပးႏိုင္သူ ၁၈ သိန္းေက်ာ္ ရွိတယ္လို႔ ေကာ္မရွင္က ထုတ္ျပန္ထားပါတယ္။ ဒါေပယ့္လည္း အဲဒီမဲစာရင္းမွာ မြန္ျပည္နယ္ ဘီးလင္းၿမိဳ႕နယ္ ေဘာေနာ္ခီးေက်း႐ြာအုပ္စုရွိ ႐ြာ ၅ ႐ြာက ျပည္သူေတြ ပါဝင္လာျခင္း မရွိေသးတာ ျဖစ္ပါတယ္။

အဲဒီေက်း႐ြာေတြမွာ အုပ္ခ်ဳပ္ေရးအပိုင္းက သြားေရာက္ တာဝန္ထမ္းေဆာင္႐ြက္ႏိုင္ျခင္း မရွိေသးအတြက္ေၾကာင့္ မဲစာရင္း ေကာက္ယူလို႔ မရတဲ့ ေဒသအျဖစ္ သတ္မွတ္ထားတာလို႔ မြန္ျပည္နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ အတြင္းေရးမွဴး ဦးဟိဏ္းလင္းထက္ က ေျပာပါတယ္။ ေဘာေနာ္ခီးေက်း႐ြာအုပ္စုဟာ ဘီးလင္းၿမိဳ႕နဲ႔ မိုင္ ၅၀ ေလာက္ ကြာေဝးၿပီး လမ္းခရီး အခက္အခဲအျပင္ လက္ရွိအခ်ိန္အထိ ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးေတြ မခန႔္အပ္ႏိုင္ေသးတဲ့ အတြက္ေၾကာင့္ မဲစာရင္း ျပဳစုႏိုင္ ျခင္း မရွိေသးတာလို႔ ဆိုပါတယ္။

အခုလို အေျခအေနေၾကာင့္ အဲဒီေဒသက ျပည္သူေတြ မဲေပးခြင့္ရေအာင္ အစိုးရရဲ႕ ရပ္ေက်း အုပ္ခ်ဳပ္ေရးမႉး႐ုံး စတင္ဖြင့္ လွစ္ႏိုင္ေအာင္ လုပ္ေဆာင္သြားဖို႔ လိုအပ္ေနတယ္လို႔ NLD ပါတီ ဘီးလင္းၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ေလာင္း ဦးေက်ာ္မ်ိဳးမင္းက ေျပာပါတယ္။ ေဘာေနာ္ခီးေက်း႐ြာအုပ္စုကို မဲစာရင္းေကာက္ယူလို႔မရတဲ့ ေဒသအျဖစ္ သတ္မွတ္ထားတဲ့အတြက္ေၾကာင့္ မၾကာမီကာလမွာ အဲဒီေဒသမွာ ေ႐ြးေကာက္ပြဲ က်င္းပသြားဖို႔ ရွိ မရွိကို ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္က ေၾကညာေပးရမွာ ျဖစ္ပါတယ္။ ဘီးလင္းၿမိဳ႕နယ္ ေဘာေနာ္ခီးေက်း႐ြာအုပ္စုရွိ ေက်း႐ြာ ႐ြာ ၅ ႐ြာက ျပည္သူေတြဟာ ၿပီးခဲ့တဲ့ ၂၀၁၀ နဲ႔ ၂၀၁၅ ေ႐ြးေကာက္ပြဲတုန္းကလည္း မဲေပးခြင့္ ဆုံးရႈံးထားပါတယ္။ http://burmes e.dvb.no/archives/415359

***************

၂၁။ ခ်င္းမွာ ကုန္တင္ယာဥ္ေမာင္းနဲ႔ ေနာက္လိုက္ေတြ ကိုဗစ္ စစ္ရမည္
October 8, 2020

ခ်င္းျပည္နယ္၊ ဟားခါး၊ မင္းတပ္နဲ႔ တီးတိန္ၿမိဳ႕နယ္အဝင္မွာ ကုန္တင္ယာဥ္ေမာင္းနဲ႔ ယာဥ္ေနာက္လိုက္ေတြကို ေအာက္တို ဘာ ၉ ရက္ေန႔က စတင္ၿပီး အာေခါင္တို႔ဖတ္ယူ စစ္ေဆးသြားဖို႔ ျပည္နယ္အစိုးရက စီစဥ္ေနပါတယ္။

ကိုဗစ္ ၁၉ ကပ္ေရာဂါကာလမွာ ကုန္စည္စီးဆင္းမႈ မရပ္နားရေအာင္နဲ႔ ကိုဗစ္ေရာဂါပိုး ျပန႔္ပြားမႈ ထိန္းခ်ဳပ္ႏိုင္ဖို႔ အတြက္ လုပ္ေဆာင္တာျဖစ္တယ္လို႔ ခ်င္းျပည္နယ္အစိုးရ ေျပာေရးဆိုခြင့္ရွိသူ ဦးစိုးထက္က RFA ကို ေျပာပါတယ္။“ကြၽန္ေတာ္တို႔ အခုကိုဗစ္ကာလက နည္းနည္းေလးပိုၿပီးေတာ့ ဒုတိယလႈိင္းမွာ ျဖစ္စဥ္ေတြျဖစ္ၿပီး ေသဆုံးတာလည္းမ်ားတယ္ေလ။ ကြၽန္ေတာ္တို႔ ခ်င္းျပည္နယ္၊ ေျမာက္ပိုင္း တီးတိန္မွာလည္း ကိုဗစ္ျဖစ္တဲ့လူ ရွိတယ္။ မင္းတပ္မွာဆို ၁၉ ေယာက္ရွိတယ္။ ရွိတာေတြကို က်န္တဲ့ေဒသေတြကေန ကုန္စည္ေတြ ကူးသန္းတဲ့အခ်ိန္မွာ ကုန္စည္စီးဆင္းတာလည္း မရပ္ေအာင္၊ ေနာက္ လာတဲ့ လူေတြလည္း ေရာဂါရွိ မရွိစစ္ေဆးဖို႔ လိုအပ္လာတဲ့ အတြက္ လုပ္တာပါ။ ကားႀကီးကြင္းမွာေတာ့ ယာဥ္ေမာင္း ရယ္၊ ယာဥ္ေနာက္လိုက္ေရာ မျဖစ္မေန စစ္ရမွာ ေပါ့ေနာ္။ ေရာဂါကူးစက္ရင္ ထိန္းခ်ဳပ္ဖို႔ အင္မတန္မွ ခက္ပါတယ္။”

ကုန္က်စားရိတ္အတြက္ အစိုးရက တာဝန္ယူ ေဆာင္႐ြက္ေပးသြားမွာျဖစ္တယ္လို႔ ေျပာပါတယ္။ အာေခါင္တို႔ဖတ္ယူ စစ္ေဆးႏိုင္တာဟာ ဟားခါး၊ တီးတိန္နဲ႔ မင္းတပ္ၿမိဳ႕ေတြမွာသာ ျပဳလုပ္မွာျဖစ္ၿပီး က်န္တဲ့ ၿမိဳ႕႐ြာေတြမွာေတာ့ အပူခ်ိန္တိုင္း တာ စစ္ေဆးျခင္းသာ ျပဳလုပ္ေနတာျဖစ္ပါတယ္။ https://www.rfa.org/burmese/news/chin-truck-drivers-corona-checkup-10082020032021.html

***************

၂၂။ မိုးညႇင္းခ႐ိုင္တြင္ မသန္စြမ္းမ်ား မဲေပးရန္ မဲ႐ုံေပါင္း ၁၄၀ ရွိ
7 October 2020

ကခ်င္ျပည္နယ္ မိုးညႇင္းခ႐ိုင္တြင္ မသန္စြမ္းမ်ားမဲေပးမည့္ မဲ႐ုံေပါင္း ၁၄၀ ႐ုံရွိေၾကာင္း မိုးညႇင္းခ႐ိုင္ေ႐ြးေကာက္ပြဲ ေကာ္မရွင္ ႐ုံးမွ သိရသည္။

မိုးညႇင္းခ႐ိုင္တြင္ ၿမိဳ႕နယ္ ၃ခုရွိၿပီး စုစုေပါင္း မဲ႐ုံ ၂၈၀ ႐ုံရွိသည့္အနက္ မသန္စြမ္းမ်ား မဲထည့္မည့္ မဲ႐ုံေပါင္း ၁၄၀ ရွိေၾကာင္း ခ႐ိုင္ ေ႐ြးေကာက္ပြဲေကာ္မရွင္႐ုံးမွ အရာရွိ ဦးမ်ိဳးမင္းဦးက အတည္ျပဳေျပာဆိုသည္။“ အခု မသန္စြမ္းေတြ မဲေပးမယ့္ မဲ႐ုံ ေပါင္းက ခ႐ိုင္တစ္ခုလုံးမွာဆို ၁၄၀ ရွိတယ္။ ဒီထဲမွာ တစ္ခ်ိဳ႕မဲ႐ုံမွာက်ေတာ့ ၁ ေယာက္ရွိတာပါမယ္ ၂ ေယာက္ရွိတာရွိမယ္။ ျပန႔္က်ဲေနတဲ့သေဘာပါ။ မဲလာေပးမယ့္ခ်ိန္မွာလည္း က်ေနာ္တို႔အေနနဲ႔ မသန္စြမ္းတဲသူေတြ မဲေပးမယ့္ခ်ိန္မွာ လြယ္လြယ္ ကူကူ မဲေပးႏိုင္ဖို႔အတြက္ က်ေနာ္တို႔ ဒီလ လကုန္ပိုင္းဆိုရင္ မဲ႐ုံမႉးေတြကို သင္တန္းေပးဖို႔ရွိတယ္။ အဲဒီခ်ိန္မွာလည္း မသန္ စြမ္း မဲေပးျခင္းနဲ႔ပတ္သက္တဲ့ ပညာေပးတာေတြပါ ထည့္သြင္းသင္ၾကားေပးမွာျဖစ္ပါတယ္။”ဟု မိုးညႇင္းခ႐ိုင္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ အရာရွိဦးမ်ိဳးမင္းဦးက ေျပာသည္။

သို႔ေသာ္ မသန္စြမ္းသူမ်ားအေနျဖင့္ ကပ္ေရာဂါကာလျဖစ္ေနသည့္အတြက္ မဲေပးလမ္းၫႊန္သင္ၾကား ပို႔ခ်ရာတြင္ အခက္ခဲရွိ ေနေၾကာင္း ကခ်င္ျပည္နယ္ မသန္စြမ္းသူမ်ားအသင္း ဥကၠဌ ဦးဇုံးေယာ္ က ယခုလိုေျပာသည္။“ဒီႏွစ္ကေတာ့ မသန္စြမ္း ေတြကို ေ႐ြးေကာက္ပြဲလမ္းၫႊန္ သင္ေပးဖို႔ႏိုင္ငံေတာ္ကေန ဘတ္ဂ်တ္ခ်ေပးၿပီးေတာ့ သင္တန္းေပးခိုင္းတယ္လို႔ က်ေနာ္တို႔ ဆီမွာ ျမန္မာႏိုင္ငံမသန္စြမ္းအဖြဲ႕ခ်ဳပ္ကေန ၫႊန္ၾကားစာေရာက္လာတဲ့အတြက္ က်ေနာ္တို႔လည္း သင္တန္းေတြလုပ္ေနပါ တယ္။ ေရာဂါေၾကာင့္မို႔ လူေတြမ်ားမ်ား စုလို႔မရတာေတြေၾကာင့္ သိပ္ေတာ့အဆင္မေျပဘူး။ ခုေလာေလာဆယ္ေတာ့ ဗန္းေမာ္ဘက္ေပးဖို႔ စီစဥ္ေနၾကပါတယ္။ မၾကာခင္မိုးညင္းခ႐ိုင္သြားေပးဖို႔လည္း ရွိပါတယ္။”ဟု ကခ်င္ျပည္နယ္ မသန္စြမ္း သူမ်ားအသင္း ဥကၠဌ ဦးဇုံးေယာ္က ေျပာသည္။

မသန္စြမ္းမ်ား မဲစာရင္းေကာက္ယူရာတြင္ ဝီးခ်ဲလ္သုံးသူ၊ ဂ်ိဳင္းေထာက္သုံးသူ၊ အျခားခ်ိဳ႕ယြင္းသူမ်ား အမ်ိဳးအစားခြဲျခား ထားသည္ဟု ဆိုသည္။ မဲထည့္ခြင့္ရွိသူမ်ားမွာ မိုးညႇင္းၿမိဳ႕နယ္တြင္ ၂၃၇ ဦး၊ မိုးေကာင္းၿမိဳ႕နယ္ ၁၀၅ ဦးႏွင့္ ဖားကန႔္ၿမိဳ႕နယ္ ၁၄၂ ဦးရွိေၾကာင္း သိရသည္။ https://burmese.kachinne ws.com/2020/10/07/%e1%80%99%e1%80%ad%e 1%80%af%e1%80%b8%e1

***************

၂၃။ မြန္ညီၫြတ္ေရးပါတီက ရန္ကုန္တြင္ ၆ ေနရာ ဝင္ေရာက္ယွဥ္ၿပိဳင္မည္
October 8, 2020

မြန္အမ်ိဳးသားပါတီႏွင့္ မြန္ေဒသလုံးဆိုင္ရာဒီမိုကေရစီပါတီကို ေပါင္းစည္းဖြဲ႕စည္းထားသည့္ မြန္ညီၫြတ္ေရးပါတီ (MUP) က ရန္ကုန္တိုင္းေဒသႀကီးအတြင္း အမ်ိဳးသားလႊတ္ေတာ္တစ္ေနရာႏွင့္ တိုင္းေဒသႀကီးလႊတ္ေတာ္ ၅ ေနရာ စုစုေပါင္း ၆ ေနရာ အထိ ဝင္ေရာက္ယွဥ္ၿပိဳင္သြားမည္ဟု သိရသည္။ ရန္ကုန္တိုင္းေဒသႀကီး အမ်ိဳးသားလႊတ္ေတာ္မဲဆႏၵနယ္ အမွတ္ (၂) ႏွင့္ စမ္းေခ်ာင္း၊ သာေကတ၊ ေ႐ႊျပည္သာ၊ ေဒါပုံႏွင့္ ေတာင္ဥကၠလာပၿမိဳ႕နယ္မ်ားတြင္ တိုင္းေဒသႀကီးလႊတ္ေတာ္ ၅ ေနရာ အတြက္ မြန္ညီၫြတ္ေရးပါတီက ဝင္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္သည္။

တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ကိုယ္စားလွယ္ေလာင္း ၆၅ ဦးအထိ ဝင္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္ၿပီး လူမ်ိဳးေရးစိတ္ဓာတ္ ေၾကာင့္ မျဖစ္မေနဝင္ၿပိဳင္ရသည့္ ေနရာမ်ားတြင္ ရန္ကုန္ပါဝင္သည္ဟု ရန္ကုန္တိုင္းေဒသႀကီး မြန္ညီၫြတ္ေရးပါတီ အတြင္း ေရးမွဴး မင္းဗညားဦးက ေျပာသည္။ “ရန္ကုန္က အရင္ကတည္းက ကြၽန္ေတာ္တို႔ ေဒသပဲေလ။ တကယ္တမ္းဆို ကြၽန္ေတာ္ တို႔က ဧည့္သည္မဟုတ္ဘူး။ ကြၽန္ေတာ္တို႔ လာၿပိဳင္တာပဲ ထူးထူးဆန္းဆန္းျဖစ္ေနတာ၊ အမွန္က ထူးဆန္းစရာမဟုတ္ဘူး၊ ဒါ ကြၽန္ေတာ္တို႔ရဲ႕အိမ္၊ ကြၽန္ေတာ္တို႔ေနတဲ့ေဒသ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ထြက္ခြာသြားရတာပါ”ဟု ၎က ေျပာသည္။

ရန္ကုန္တိုင္းေဒသႀကီးတြင္ မြန္လူမ်ိဳးမ်ားအတြက္တိုင္းရင္းသားလႊတ္ေတာ္ကိုယ္စားလွယ္ေနရာ မရရွိျခင္းသည္ ေ႐ြးေကာက္ ပြဲ ဝင္ၿပိဳင္ရျခင္း၏ အဓိကအေၾကာင္းရင္းတစ္ခုျဖစ္ေၾကာင္း ေ႐ႊျပည္သာၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ မဲဆႏၵနယ္ အမွတ္ (၁) တြင္ မြန္ညီၫြတ္ေရးပါတီကိုယ္စားျပဳ ဝင္ၿပိဳင္မည့္ မိက်ိဳက္ေစာက ေျပာသည္။ “တိုင္းရင္းသားအေရး လုပ္မယ္ဆိုရင္ လႊတ္ေတာ္ထဲမွာ တိုင္းရင္းသားေပါင္းစုံရွိေနဖို႔ လိုမယ္ဆိုတဲ့အခ်က္ကို သိလာတယ္။ မြန္လူမ်ိဳးေတြလႈပ္ရွား မႈလုပ္ဖို႔ေနရာ လိုအပ္တယ္ဆိုတာကို သိလာတယ္။ အဲ့လိုအခ်က္ေတြေၾကာင့္ ေ႐ြးေကာက္ပြဲဝင္ဖို႔ ဆုံးျဖတ္ခဲ့တာပါ” ဟု ၎က ေျပာသည္။
မြန္ညီၫြတ္ေရးပါတီက ရန္ကုန္တိုင္းေဒသႀကီးအတြင္း ဝင္ေရာက္ယွဥ္ၿပိဳင္ျခင္းသည္ တိုင္းရင္းသား ကိုယ္ပိုင္လကၡဏာေဖာ္ ျပရန္ ဝင္ၿပိဳင္ျခင္းသာ ျဖစ္ႏိုင္‌ေၾကာင္း တိုင္းရင္းသားအေရးႏွင့္ ႏိုင္ငံေရးေလ့လာသုံးသပ္သူတစ္ဦးျဖစ္သူ ဦးေမာင္ေမာင္စိုး က မွတ္ခ်က္ျပဳသည္။ “သူတို႔ တိုင္းရင္းသား ကိုယ္ပိုင္လကၡဏာ ေဖာ္ျပဖို႔ ဝင္ၿပိဳင္တာ ျဖစ္ပါလိမ့္မယ္။ ေ႐ြးေကာက္ပြဲေတြမွာ ႏိုင္တာ၊ မႏိုင္တာကို ဝင္ၿပိဳင္သူေတြက သိပ္အေလးမထားၾကဘူးဗ်။ ဝင္ၿပိဳင္တဲ့သူေတြက သူတို႔ရဲ႕ အမွတ္အသားလကၡဏာ ကို ထင္ေပၚေစခ်င္တာေၾကာင့္ ဝင္ၿပိဳင္တာလည္းရွိပါတယ္”ဟု ၎က ေျပာသည္။ မြန္ညီၫြတ္ေရးပါတီ၏ ႏိုင္ငံေရးမူဝါဒ ၇ ရပ္ အနက္ နံပါတ္ (၁) မွာ တစ္ႏိုင္ငံအတိုင္းအတာျဖင့္ ျပည္တြင္းစစ္ရပ္စဲေရးႏွင့္ ျပည္တြင္းၿငိမ္းခ်မ္းေရးကို ေဖာ္ေဆာင္ၿပီး တန္းတူေရးႏွင့္ ကိုယ္ပိုင္ျပဌာန္းခြင့္ကို အာမခံေသာ လူမ်ိဳးကို အေျခခံဖြဲ႕စည္းသည့္ ဖက္ဒရယ္ျပည္ေထာင္စုႏိုင္ငံတည္ ေထာင္ရန္ျဖစ္သည္။ https://www.myanmar-now.org/mm/news/4661

*************

၂၄။ ေကာ့မွဴးၿမိဳ႕နယ္တြင္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း မဲဆြယ္ဆိုင္းဘုတ္မ်ားကို ၿမိဳ႕နယ္စည္ပင္က COVID-19 အေၾကာင္းျပခ်က္ျဖင့္ စိုက္ထူခြင့္ မေပးဟု UNDP ပါတီ ကိုယ္စားလွယ္ေလာင္းမ်ား ေျပာၾကား
7 October 2020

ညီၫြတ္ေသာ တိုင္းရင္းသားလူမ်ိဳးမ်ား ဒီမိုကေရစီပါတီ (UNDP) ကိုယ္စားျပဳ ေကာ့မႉးၿမိဳ႕နယ္တြင္ ေ႐ြးေကာက္ပြဲ ယွဥ္ၿပိဳင္ မည့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ား၏ ဆိုင္းဘုတ္ကို COVID-19 အေၾကာင္းျပခ်က္ျဖင့္ စိုက္ထူခြင့္ မေပးေသး ေၾကာင္း ယင္းပါတီ ကိုယ္စားလွယ္ေလာင္းမ်ားက ေျပာၾကားသည္။

ကိုယ္စားလွယ္ေလာင္းမ်ား ဆိုင္းဘုတ္ စိုက္ထူခြင့္ရေရး ေအာက္တိုဘာ ၅ ရက္ႏွင့္ စက္တင္ဘာလ ကုန္ပိုင္းက ေလးႀကိမ္ စုစုေပါင္း ငါးႀကိမ္တင္ျပရာ COVID-19 ၿပီးမွ စိုက္ထူခြင့္ေပးမည္ဟု ၿမိဳ႕နယ္စည္ပင္ အမႈေဆာင္အရာရွိကေျပာၾကား ေၾကာင္း UNDP ပါတီ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးသန႔္ဇင္က The Daily Eleven သတင္းစာကို ေျပာၾကားသည္။“ကြၽန္ေတာ္က ေျပာတာေပ့ါ။ ဒီ COVID ကာလဆိုတာ ထပ္တိုးရင္လည္း တိုးလိမ့္မယ္။ ကြၽန္ေတာ္တို႔က ျမင္ႏိုင္တဲ့ အရာမွမ ဟုတ္တာ။ မွန္းလို႔ရတဲ့ အရာမွမဟုတ္တာ၊ ထပ္တိုးလာခဲ့ရင္ ကြၽန္ေတာ္တို႔က ဒီေ႐ြးေကာက္ပြဲကိုဝင္ဖို႔ ေအာင္ႏိုင္ေရးဆိုင္း ဘုတ္ေတြ ေထာင္တဲ့အခါမွာ ဘယ္လိုလုပ္ရမွာလဲဆိုေတာ့၊ အဲဒါ ကြၽန္ေတာ္နဲ႔ မဆိုင္ဘူးတဲ့။ COVID ေကာ္မတီကေနထုတ္ ျပန္ထားတဲ့အတိုင္းပဲ ကြၽန္ေတာ္တို႔ သြားတာတဲ့”ဟု ေကာ့မွဴးၿမိဳ႕နယ္ အမွတ္ (၂) မဲဆႏၵနယ္ တိိုင္းေဒသႀကီးလႊတ္ေတာ္ တြင္ ယွဥ္ၿပိဳင္မည့္ ကိုယ္စားလွယ္ေလာင္း ဦးသန႔္ဇင္က ေျပာၾကားသည္။

UNDP ပါတီ ကိုယ္စားလွယ္ေလာင္း ဆိုင္းဘုတ္မ်ားကို ေကာ့မႉးၿမိဳ႕နယ္ ေဈးအနီးႏွင့္ ၿမိဳ႕သစ္ထိပ္နီးတြင္ ႏွစ္ခု စိုက္ထူရန္ ရည္မွန္းထားေသာ္လည္း စည္ပင္ခြင့္ျပဳခ်က္ မရရွိေသး၍ ကိုယ္စားလွယ္လာင္း ဆိုင္းဘုတ္ တစ္ခုမွ စိုက္ထူႏိုင္ျခင္း မရွိေသး ေၾကာင္း သိရသည္။ ပါတီ ဆိုင္းဘုတ္တင္ခြင့္ရေရးအတြက္ စက္တင္ဘာ ၂၃ ရက္က ၿမိဳ႕နယ္စည္ပင္သာယာေရး ေကာ္မတီ ထံ ပထမအႀကိမ္ တင္ျပရာ စည္ပင္တာဝန္ရွိသူမ်ားက စက္တင္ဘာ ၂၄ ရက္တြင္ ဆိုင္းဘုတ္ စိုက္ထူမည့္ေနရာကို လိုက္လံ ၾကည့္ရႈေပးမည္ဟု ေျပာၾကားၿပီးမွ COVID ေၾကာင့္ ဆိုင္းဘုတ္ စိုက္ထူခြင့္ မျပဳေၾကာင္း ျပန္လည္ ေျပာၾကားလာျခင္း ျဖစ္သည္ဟု ေကာ့မႈးၿမိဳ႕နယ္ UNDP ပါတီဝင္ ဦးေသာင္းေဌးက ေျပာၾကားသည္။

UNDP ပါတီအေနျဖင့္ ေကာ့မွဴးၿမိဳနယ္ ျပည္သူ႔လႊတ္ေတာ္ မဲဆႏၵနယ္တြင္ ပါတီဥကၠ႒ ဦးေဒးဗစ္လွျမင့္ႏွင့္ တိုင္းေဒသႀကီး အမွတ္ (၂) မဲဆႏၵနယ္တြင္ ဦးသန႔္ဇင္ ဝင္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္ၿပီး ေကာ့မွဴးၿမိဳ႕နယ္ ပါဝင္သည့္ ကရင္တိုင္းရင္းသားလူမ်ိဳး မဲဆႏၵနယ္အတြက္ ပါတီအေထြေထြ အတြင္းေရးမွဴး ေဒၚေနာ္အုန္းလွ ယွဥ္ၿပိဳင္မည္ျဖစ္သည္။ https://news-eleven.com /article/194965

***************

၂၅။ ဘူးသီးေတာင္ၿမိဳ႕နယ္တြင္ တပ္မေတာ္ႏွင့္ ေအေအတို႔တိုက္ပြဲျဖစ္၊ ေဒသခံမ်ား ေဘးလြတ္ရာ ထြက္ေျပးတိမ္းေရွာင္
October 8, 2020

ရခိုင္ျပည္နယ္ ဘူးသီးေတာင္ၿမိဳ႕ႏွင့္ မလွမ္းမကမ္းတြင္ ျမန္မာ့တပ္မေတာ္ႏွင့္ ရခိုင့္တပ္ ေအေအတို႔ တိုက္ပြဲမ်ား သုံးရက္ ဆက္တိုက္ၾကာျဖစ္ပြားေနရာ အနီးအနားရွိေက်း႐ြာေနသူမ်ား ေဘးလြတ္ရာ ထြက္ေျပးတိမ္းေရွာင္မႈမ်ားရွိေနေၾကာင္း ေဒသတြင္းမွလာေသာ သတင္းမ်ားအရသိရသည္။ ဘူးသီးေတာင္ၿမိဳ႕၏ အေရွ႕ဘက္တြင္ရွိေသာ အိမ္ေျခ ၃၀ ဝန္းက်င္စီရွိ ဝမ္းတြင္း၊ ခမီေခ်ာင္းေက်း႐ြာမ်ားမွ ႐ြာသားမ်ားသည္ ျပင္ရွည္႐ြာႏွင့္ ဘူးသီးေတာင္ၿမိဳ႕ေပၚသို႔ ထြက္ေျပးလာခဲ့ၾကရသည္ဟု ဆိုသည္။

“အခုလည္းျဖစ္ေနတယ္။ လက္နက္ႀကီးေတြက်တယ္။ ဆက္မေနရဲေတာ့ဘူး။ ႐ြာသားေတြ အကုန္လုံးထြက္ေျပးလာၾက ရၿပီ။ အခု ျပင္ရွည္ကို ေရာက္ေနၾကပါတယ္။ စားေရးေသာက္ေရးက အခက္ခဲရွိေနတယ္။ တိုက္ပြဲျဖစ္ေနတာ သုံးရက္ရွိေနၿပီ။ ျပတ္ေတာက္ျပတ္ေတာက္ျဖစ္တာ။ ဆက္တိုက္ေတာ့ မဟုတ္ဘူး။”ဟု ဝမ္းတြင္း႐ြာသား ဦးသာဇံလွက မဇၩိမကို တယ္လီ ဖုန္း မွ တဆင့္ေျပာသည္။ လတ္တေလာတြင္ ဝမ္းတြင္း႐ြာသားအားလုံးမွာ တစ္မိုင္ခန႔္ေဝးသည့္ ျပင္ရွည္ေက်း႐ြာသို႔ တိမ္းေရွာင္လာၾကၿပီး ခမီေခ်ာင္းေက်း႐ြာသားမ်ားမွာမူ ဘူးသီးေတာင္ၿမိဳ႕ေပၚမွ ဘုန္းေတာ္ႀကီးေက်ာင္းတခ်ိဳ႕တြင္ ခိုလႈံေနၾက သည္။ ျပင္ရွည္ေက်း႐ြာသို႔ ထြက္ေျပးလာသည့္ မမ်ိဳးခ်စ္သန႔္က “ ပစ္သံၾကားလို႔ ေျပးလာတာေပါ့။ အေဖပဲ အိမ္မွာက်န္ခဲ့ တယ္။ လမ္းမွာေတာ့ ဘာမွမျဖစ္ဘူး။ အေပၚက ေလယာဥ္ဝဲေနတာေတာ့ ေၾကာက္တယ္။ လမ္းကလည္း မေပါက္ေတာ့ ေရေတြအင္းေခ်ာက္ေတြကူးၿပီးသြားရတယ္။ အေမကလည္း အိုေနၿပီ။ ဒါေၾကာင့္ က်မအစ္ကိုသားတစ္ေယာက္က အေမကို တြဲယူခဲ့ရတယ္။ က်မတို႔မွာ မိသားစု ေျခာက္ ေယာက္ပါတယ္။” ဟု ေျပာသည္။

ကူညီကယ္ဆယ္မႈမ်ားလုပ္ေဆာင္ႏိုင္ရန္ အျမန္ဆုံး စီစဥ္ေနေၾကာင္း ဘူးသီးေတာင္ၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စား လွယ္ ဦးေမာင္ေက်ာ္ဇံက ေျပာသည္။ ခမီေခ်ာင္းေက်း႐ြာ၏ အေနာက္ေတာင္ဖက္ မီတာ ၇၀၀ ခန႔္ေဝးသည့္ေနရာသို႔ ျမန္မာ့ တပ္မေတာ္က ဝင္ေရာက္လာေသာေၾကာင့္ ႏွစ္ဖက္အျပန္အလွန္တိုက္ပြဲျဖစ္ပြားခဲ့ေၾကာင္း ေအေအက ေအာက္တိုဘာလ ၆ ရက္ေန႔က သတင္းထုတ္ျပန္ထားသည္။ သို႔ေသာ္ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ဘက္က ထုတ္ျပန္ျခင္းမရွိေသး ပါ။ http://www.mizzimaburmese.com/article/74291

***************

၂၆။ ေခါင္လန္ဖူးၿမိဳ႕နယ္အတြက္ မဲ႐ုံသုံးပစၥည္းမ်ားကို ရဟတ္ယာဥ္ႏွင့္ လား ျဖင့္ ပို႔ေဆာင္မည္
8 October 2020

ပူတာအိုခ႐ိုင္ ေခါင္လန္ဖူးၿမိဳ႕နယ္အတြက္ မဲ႐ုံသုံး ပစၥည္းမ်ားကို ရဟတ္ယာဥ္ႏွင့္ လား မ်ားျဖင့္ ပို႔ေဆာင္မည္ျဖစ္သည္ဟု ခ႐ိုင္ေ႐ြးေကာက္ပြဲေကာ္မရွင္ မွ သိရသည္။ ပူတာအိုခ႐ိုင္တြင္ ပူတာအိုၿမိဳ႕နယ္၊ ေခါင္လန္ဖူးၿမိဳ႕နယ္၊ ေနာင္မြန္းၿမိဳ႕နယ္၊ ဆြမ္ပရာဘြမ္ၿမိဳ႕နယ္ ႏွင့္ မခ်မ္းေဘာၿမိဳ႕နယ္ တို႔ ပါဝင္သည္။ က်န္သည့္ ၄ၿမိဳ႕နယ္တြင္ ကားလမ္းမ်ားျဖင့္ ပို႔ေဆာင္ႏိုင္ေသာ္ လည္း ေခါင္လန္းဖူးၿမိဳ႕နယ္တြင္ လမ္းပန္းဆက္ သြယ္ေရးမေကာင္းေသာေၾကာင့္ ရဟတ္ယာဥ္ႏွင့္လားမ်ားျဖင့္သာ ပို႔ေဆာင္ ရန္ စီစဥ္ထားေၾကာင္း ခ႐ိုင္ေ႐ြးေကာက္ပြဲေကာ္မရွင္မွ အရာရွိေဒၚအိအိၿဖိဳးကေျပာသည္။“ေလာေလာဆယ္ေတာ့ မဲ႐ုံအသုံး အေဆာင္ေတြကို ပူတာအိုမွာပဲထိန္းသိမ္းထား ေသးတယ္။ အဲပစၥည္းေတြကို ပို႔ဖို႔အတြက္က ေအာက္တိုဘာလ ဒုတိယ အပတ္ေလာက္မွရမွာ ရဟတ္ယာဥ္နဲ႔ပို႔ဖို႔ စီစဥ္ထား တယ္။ ရဟတ္ယာဥ္နဲ႔ပို႔ဖို႔ကို ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ကို စာတင္ထားၿပီးျဖစ္တယ္။ ဒုတိယအပတ္မွာ ပို႔ႏိုင္ေအာင္လုပ္ဖို႔ေတာ့ေျပာထားတယ္။ ဒါေပမယ့္ ဒီဘက္ကရာသီဥတု အေျခ အေနကလည္း ၾကည့္ရေသးတယ္။”ဟု ဟု ဆိုသည္။

ေခါင္လန္ဖူးၿမိဳ႕နယ္တြင္မူ ကားလမ္းမ်ားမရွိသည့္အျပင္ ေခါင္လန္ဖူးထိ ရဟတ္ယာဥ္သြားရန္အဆင္မေျပသည့္အတြက္ ရဟတ္ယာဥ္မ်ားသည္ ဝူယန္ေက်း႐ြာထိ ပို႔ေဆာင္မည္ျဖစ္ၿပီး ဝူယန္မွတစ္ဆင့္ ေခါင္လန္ဖူးၿမိဳ႕နယ္ထိ လား မ်ားျဖင့္ ျပန္လည္သယ္ေဆာင္မည္ျဖစ္ေၾကာင္းဆိုသည္။ ေခါင္လန္ဖူးၿမိဳ႕နယ္တြင္သုံးမည့္ မဲ႐ုံလက္မွတ္သုံးပစၥည္းပို႔ေဆာင္ရန္ အတြက္ ေငြေၾကး က်ပ္၂၆ သိန္းေက်ာ္သုံးစြဲရန္ လ်ာထားၿပီး အဆိုပါ မဲ႐ုံသုံး ပစၥည္းမ်ားတြင္ မဲလက္မွတ္ႏွင့္ မွင္အိုးမ်ား အျခားပစၥည္းမ်ားအားက်န္ေနေသးကာ ယင္း သုံးစြဲမည့္ ေငြေၾကး ၂၆ သိန္းတြင္ ပါဝင္ျခင္းမရွိေသးေၾကာင္း ၎ကဆက္ေျပာ သည္။

ေခါင္လန္ဖူးၿမိဳ႕နယ္တြင္ မဲေပးပိုင္ခြင့္ရွိသည့္ မဲဆႏၵရွင္ဦးေရ ဒုတိယအႀကိမ္မဲစာရင္းေၾကညာရာတြင္ ၈၅၆၀ ရွိၿပီး ပထမ အႀကိမ္မဲစာရင္း ထုတ္ျပန္ရာတြင္ ၈၄၀၀ ေက်ာ္ရွိခဲ့သည္။ မဲ႐ုံေပါင္း ၃၆ ႐ုံရွိေၾကာင္း သိရသည္။ လက္ရွိခ်ိန္တြင္ မဲ႐ုံအသုံး အေဆာင္ပစၥည္းမ်ားအား သက္ဆိုင္ရာၿမိဳ႕နယ္အလိုက္ ပို႔ေဆာင္ထားၿပီးျဖစ္ကာ ေခါင္လန္ဖူးၿမိဳ႕နယ္သာ က်န္ေတာ့ သည့္ အတြက္ ေအာက္တိုဘာလအတြင္း တပ္မေတာ္ရဟတ္ယာဥ္ျဖင့္ ပို႔ေဆာင္မည္ျဖစ္ေၾကာင္း ကခ်င္ျပည္နယ္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္႐ုံး(ခြဲ)မွ အရာရွိဦးထြန္းေအာင္ခိုင္၏ ေျပာဆိုခ်က္အား ကခ်င္ျပည္နယ္ျပန္ၾကားေရးႏွင့္ ျပည္သူ႔ ဆက္ဆံေရးဌာနမွ သိရသည္။ https://burmese.kachinnews.com/2020/10/08/l2-2/

**************

၂၇။ မဲဆႏၵနယ္ျပင္ပ မဲေပးခြင့္ ေအာက္တိုဘာ ၁၀ ရက္ေန႔ ေနာက္ဆုံးထား ေလွ်ာက္ရမည္
October 8, 2020

မဲဆႏၵနယ္ျပင္ပေရာက္ေနတဲ့ မဲဆႏၵရွင္ေတြဟာ ေရာက္တဲ့အရပ္မွာ မဲေပးႏိုင္ဖို႔အတြက္ ေအာက္တိုဘာလ (၁၀)ရက္ေန႔ ေနာက္ဆုံးထားၿပီး သက္ဆိုင္ရာ ရပ္ေက်းေကာ္မရွင္အဖြဲ႕ခြဲ႐ုံးေတြမွာ ေလွ်ာက္ထားရမွာျဖစ္ပါတယ္။ အနည္းဆုံး ရက္ေပါင္း ၉၀ ထက္မနည္း မဲဆႏၵနယ္ျပင္ပေရာက္ေနသူေတြဟာ မိမိတို႔ရဲ႕ အၿမဲတမ္းေနရပ္ကို သြားေရာက္ၿပီး မဲေပးလိုျခင္းမရွိပါက မိမိတို႔ေရာက္ရွိေနတဲ့ မဲဆႏၵနယ္က ေ႐ြးေကာက္ခံ လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္းေတြကို မဲေပးႏိုင္ပါတယ္။ ဒီလို မဲ ေပး ႏိုင္ဖို႔အတြက္ မဲဆႏၵနယ္ျပင္ပေရာက္ေနသူေတြဟာ စက္တင္ဘာ ၁၇ ရက္ေန႔ကေန ေအာက္တိုဘာ ၁၀ ရက္ေန႔ ေနာက္ ဆုံးထားၿပီး သက္ဆိုင္ရာ ရပ္ေက်း ေကာ္မရွင္အဖြဲ႕ခြဲ႐ုံးေတြမွာ ပုံစံ (၃-က) နဲ႔ ေလွ်ာက္ထားရမွာ ျဖစ္ပါတယ္။

“ ရက္ပိုင္းကိုးဆယ္ထက္မနည္း ေနထိုင္ခဲ့မယ္ဆိုရင္ မဲေပးခြင့္ရဖို႔အတြက္ ပုံစံ (၃-က)နဲ႔ ေလွ်ာက္ထားလို႔ရပါတယ္။ ဒီဟာ ကိုေတာ့ ေအာက္တိုဘာလ (၁၀)ရက္ေန႔ ေနာက္ဆုံးထားၿပီးေလွ်ာက္ရမွာပါ”လို႔ ေမာ္လၿမိဳင္ၿမိဳ႕နယ္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ခြဲဥကၠဌ ဦးေဌးလြင္က ေျပာပါတယ္။ ကိုဗစ္-၁၉ ေၾကာင့္ ခရီးသြားကန႔္သတ္မႈေတြရွိေနတဲ့ အတြက္ ေ႐ြးေကာက္ပြဲေန႔မွာ မဲဆႏၵနယ္ျပင္ပေရာက္ မဲဆႏၵရွင္ေတြဟာ မိမိတို႔ရဲ႕ အၿမဲတမ္းေနရပ္ကို ျပန္ၿပီး မဲေပးဖို႔ အခက္အခဲ ေနရွိေနတာပါ။ ေရးၿမိဳ႕နယ္အတြင္းမွာေတာ့ မဲဆႏၵနယ္ျပင္ပေရာက္သူေတြမ်ားတဲ့အတြက္ သူတို႔ မဲေပးခြင့္ရရွိေအာင္ ပါတီ ကိုယ္စားလွယ္ေလာင္းေတြက ေဆာင္႐ြက္ေပးေနပါတယ္။

“ေရးေတာင္ပိုင္းမွာက ေ႐ႊ႕ေျပာင္းလုပ္သားေတြ ေတာ္ေတာ္မ်ားတယ္။လက္ရွိဥပေဒအရ ရက္ေပါင္းကိုးဆယ္ေနထိုင္ရင္ မဲေပးခြင့္ရွိတယ္ဆိုတဲ့ဥပေဒအတိုင္း မဲေပးႏိုင္ေအာင္ ႀကိဳးစားေပးေနတာေတြရွိတယ္”လို႔ ေရးၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း မင္းေအာင္ထူးက ေျပာပါတယ္။ ပုံစံ (၃-က) နဲ႔ ေလွ်ာက္ထားသူေတြရဲ႕ မဲစာရင္းကိုေတာ့ ေ႐ြးေကာက္ပြဲမက်င္းပမီ တစ္ပတ္အလိုမွာ သက္ဆိုင္ရာ ရပ္/ေက်းေကာ္မရွင္႐ုံးေတြမွာ ကပ္ထားေၾကညာေပးမွာျဖစ္ၿပီးေတာ့ မဲဆႏၵရွင္သက္ေသခံ လက္မွတ္ေတြ ထုတ္ေပးသြားမွာလည္း ျဖစ္ပါတယ္။ https://www.bnionline.net/mm/news-76100

***************

၂၈။ ဗန္းေမာ္ခ႐ိုင္ရွိ စစ္ေဘးေရွာင္စခန္းသုံးခုတြင္ မဲ႐ုံဖြင့္ရန္လ်ာထား
7 October 2020

ကခ်င္ျပည္နယ္၊ ဗန္းေမာ္ခ႐ိုင္ရွိ စစ္ေဘးေရွာင္စခန္းသုံးခုတြင္ မဲ႐ုံဖြင့္မည္ျဖစ္ေၾကာင္း ဗန္းေမာ္ခ႐ိုင္ေ႐ြးေကာက္ပြဲ ေကာ္မ ရွင္႐ုံးမွ သိရသည္။ လက္ရွိတြင္ ဗန္းေမာ္ခ႐ိုင္အတြင္း ၿမိဳ႕နယ္ေလးၿမိဳ႕နယ္တြင္ စစ္ေဘးေရွာင္စခန္းေပါင္း ၂ဝ ခုရွိၿပီး မန္စီၿမိဳ႕နယ္ရွိ စစ္ေဘးေရွာင္စခန္းသုံးခုတြင္သာမဲ႐ုံထားရွိမည္ျဖစ္ေၾကာင္း သိရသည္။“မန္စီၿမိဳ႕နယ္တြင္းမွာ စစ္ေရွာင္ စခန္းက သုံးခုရွိတယ္ အဲစစ္ေရွာင္စခန္းေတြက ရပ္/ေက်း၊ ရပ္ကြက္မွာထားမယ့္ မဲ႐ုံနဲ႔ ေဝးတဲ့တြက္ မဲဆႏၵရွင္ေတြမဲ လာ ေပးဖို႔ ခက္ခဲျဖစ္ႏိုင္တယ္။ ဒါေၾကာင့္ မဲ႐ုံသုံး႐ုံထားဖို႔ စီစဥ္ထားပါတယ္။ လက္ရွိခ်ိန္ထိေတာ့ တစ္ျခားၿမိဳ႕နယ္က ထားဖို႔မ ရွိေသးပါဘူး။ ေကာ္မရွင္ရဲ႕ၫြန္ၾကားခ်က္အရ စစ္ေရွာင္ေတြအေနနဲ႔ မိမိေနထိုင္တဲ့ ရက္ကြက္နဲ႔နီးတဲ့ေနရာမွာဘဲ မဲသြားေပးရ မွာျဖစ္တယ္”ဗန္းေမာ္ခ႐ိုင္ ေ႐ြးေကာက္ပြဲေကာ္မရွင္႐ုံးမွ အတြင္းေရးမွဴး ဦးေက်ာ္ထြန္းကေျပာသည္။ မဲ႐ုံထားရွိမည့္ မံစီၿမိဳ႕ မွ စစ္ေရွာင္စခန္းသည္ လူဦးေရအားျဖင့္ အိမ္ေထာင္စုေပါင္း ၁၄၄၆ ရွိၿပီး လူဦးေရစာရင္းအားျဖင့္ ၇၂၀၆ ရွိကာ မဲေပးခြင့္ရွိသူ ၄၉၇၅ ရွိေၾကာင္း ၎ကဆက္ေျပာသည္။

“က်ေနာ္တို႔ စခန္းမွာေတာ့ မဲ႐ုံသီးသန႔္ေထာင္ေပးမယ္လို႔ေတာ့ ေျပာၾကတယ္။ဒါေပမယ့္ မဲထည့္ဖို႔ကက်ေနာ္တို႔ စစ္ေရွာင္ ေတြရဲ႕အေရးမဟုတ္ေတာ့ဘူး ၂၀၁၅ တုန္းက က်ေနာ္တို႔ NLD ကိုမဲထည့္ခဲ့တယ္။ ဒါေပမယ့္ က်ေနာ္တို႔ေနရပ္ျပန္ဖို႔က ဘာမွ မထူးလာဘူး။ ဒါေၾကာင့္ လာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာလည္း ထည့္ဖို႔မေသခ်ာေသးဘူး။ စခန္းမွာမဲ႐ုံလာထားေပ မယ့္ စစ္ေရွာင္ေတြမ်ားစုက မဲထည့္ဖို႔စိတ္မဝင္စားၾကဘူး”ဟု ဗန္းေမာ္ၿမိဳ႕တြင္းရွိ ေရာဘတ္စစ္ေရွာင္စခန္းမွ စခန္းတာဝန္ခံ ဆရာအင္ေဒါင္တန္ဂြန္းက ေျပာသည္။ ယင္းေရာဘတ္စစ္ေရွာစခန္းတြင္ အိမ္ေထာင္စုအားျဖင့္ ၅ဝဝ ေက်ာ္ေနထိုင္ၿပီး ေက်း႐ြာေပါင္းမ်ားဆုံး စုေနထိုင္ရာ စခန္းတစ္ခုျဖစ္ကာ စခန္းတြင္မဲစာရင္းလာေရာက္ကပ္ထားေသာ္လည္း စစ္ေရွွာင္မ်ား အေနျဖင့္ မဲစာရင္းၾကည့္သူလြန္နည္း ပါးေၾကာင္း ၎ကဆက္ေျပာသည္။

ဗန္းေမာ္ခ႐ိုင္တြင္ ဖြင့္လွစ္ထားသည့္ စစ္ေရွာင္စခန္းမ်ားမွာ ဗန္းေမာ္ၿမိဳ႕နယ္တြင္ စစ္ေရွာင္စခန္း ၆ ခု၊ မံစီၿမိဳ႕နယ္တြင္ သုံးခု၊ မိုးေမာက္ၿမိဳ႕နယ္တြင္ ကိုးခု၊ ေ႐ႊကူၿမိဳ႕နယ္တြင္ ႏွစ္ခုရွိၿပီး လူဦးေရအားျဖင့္ ၁၇၃၂၁ ဦးရွိေၾကာင္း သိရသည္။ “က်မတို႔ က်ေတာ့ ခုခ်ိန္ထိ မဲ႐ုံကိစၥေတြ မဲထည့္မယ့္ကိစၥဘာမွမသိရေသးဘူး။ ရပ္ေက်းကလည္း စာရင္းေတာ့ လာေကာက္ သြားတယ္။ ဒါေပမယ့္ မဲစာရင္းလာၾကည့္ဖို႔ ေသေသခ်ာခ်ာေျပာတာေတာင္မရွိဘူးဆိုေတာ့ စစ္ေရွာင္ေတြလည္း မဲစာရင္း ၾကည့္ဖို႔ မေျပာထားဘူး”ဟု ထြယ္ဆန္စစ္ေရွာင္စခန္းမွ တာဝန္ခံေဒၚေဘာက္ေခါန္က ေျပာသည္။ https://burmese. kaဘchinnews.com/ 2020/10/07/%e1%80%97%e1%80%94%e1%80%ba%e1%80%b8%e1

**************

၂၉။ ကိုဗစ္ကပ္ေရာဂါကာလအတြင္း မြန္လူငယ္မ်ား ဘိန္းစာ႐ြက္သုံးစြဲမႈပိုမ်ားလာ
7 October 2020

လက္ရွိ ကိုဗစ္ ၁၉ ကပ္ေရာဂါျပန႔္ႏွံ႔ေနသည့္ကာလအတြင္း မြန္လူငယ္မ်ားအၾကား မူးယစ္ေဆးျပားမ်ားထက္ ေဒသတြင္း ထြက္ရွိေသာ ဘိန္းစာ႐ြက္ကို ပို၍သုံးစြဲလာေၾကာင္း ေက်း႐ြာအႀကီးအကဲမ်ားက ေျပာသည္။ လမ္းပန္းဆက္သြယ္ေရးသြား လာမႈ အခက္အခဲႏွင့္ အလုပ္အကိုင္ရွားပါးမႈေၾကာင့္ မူးယစ္ေဆးျပား ဝယ္ယူသည့္စရိတ္ မရွိသည့္အတြက္ ထိုင္းဘာသာျဖင့္ “ဗိုင္ခတြန္” ဟုေခၚေသာ ဘိန္းစာ႐ြက္ကို အရည္ျပဳတ္ေသာက္၍ သုံးစြဲျခင္းျဖစ္ေၾကာင္း မုဒုံၿမိဳ႕နယ္၊ ႏိုင္လႈံေက်း႐ြာ အုပ္ခ်ဳပ္ ေရးမွဴး "ႏိုင္စိုးႏြယ္"က ဆိုသည္။“အလုပ္အကိုင္ရွားပါးလာၿပီး ဝင္ေငြမရွိျဖစ္လာတယ္ ေဆးျပားဝယ္ဖို႔ မတတ္ႏိုင္ၾကဘူး၊ စာသင္ေက်ာင္းေတြလည္းပိတ္ထားတယ္ ေက်ာင္းသားေတြလည္း အလုပ္မရွိသလို အားအားယားယား ျဖစ္ေနၾကတယ္၊ လူ စုၿပီး ဘိန္းစာ႐ြက္ကိုျပဳတ္ၿပီး အခ်ိဳရည္မ်ိဳးစုံနဲ႔ဘာေတြပါမွန္းမသိပါဘူး၊အဲဒီလိုသုံးစြဲေနၾကတယ္”ဟု ႏိုင္စိုးႏြယ္ကေျပာသည္။

“မူးယစ္ေဆးဝါး မသုံးၾကဖို႔ ႐ြာလွည့္ၿပီး လိုက္သတိေပးတာ ရွိတယ္။ အသက္ငယ္ငယ္ေလးေတြ ဘိန္းစာ႐ြက္ကို ေသာက္ သုံးတာ အရမ္းမ်ားလာတယ္၊ ေဆးျပားသုံးတာလည္း ရွိတယ္၊ ဒါေပမယ့္ ဘိန္းစာ႐ြက္အရည္ သုံးစြဲတာက ပိုမ်ားတယ္” ဟု ေျပာသည္။ အလားတူ ေက်း႐ြာမ်ားအတြင္း မူးယစ္ေဆးဝါး လက္လီျဖန႔္ျဖဴးေနသူမ်ားကို သက္ဆိုင္ရာသို႔ အေၾကာင္းၾကားခဲ့ ေသာ္လည္း ဖမ္းဆီးမႈမရွိဟု ေရးၿမိဳ႕နယ္ ေကာ့ဒြတ္ေက်း႐ြာအုပ္ခ်ဳပ္ေရးမွဴး ႏိုင္ေမာင္က ဆိုသည္။ “က်ေနာ္တို႔က ဌာန ဆိုင္ရာ အစည္းအေဝးေတြမွာ တင္ျပတယ္၊ ဖမ္းရမယ့္တာဝန္က သူတို႔တာဝန္ပါ ဒါေပမယ့္ ဖမ္းဆီးမႈမရွိဘူး၊ ဘိန္းစာ႐ြက္ လည္း ပိုပိုမ်ားလာတယ္” ဟု ေျပာသည္။

သံျဖဴဇရပ္ၿမိဳ႕နယ္၊ က်ဳံကဒတ္ ေက်း႐ြာ အနီး၌ ေအာက္တိုဘာလ ၅ ရက္ေန႔က ေမာင္သူရလြင္ (၂၀) ႏွစ္ႏွင့္ ေမာင္ထက္လင္းေအာင္(ခ)ေဖသန္း (၁၉)ႏွစ္တို႔ထံမွ ဘိန္းစာ႐ြက္အေလး ခ်ိန္ (၅၀၀)ဂရမ္ခန႔္ ရွာေဖြေတြ႕ရွိဖမ္းဆီးခဲ့ ေၾကာင္း၊ စခန္းႀကီးေက်း႐ြာ အဝင္လမ္းတြင္ ေအာက္တိုဘာလ ၄ ရက္ေန႔က ေဂ်ာ့ဓမင္းဆိပ္၊ ထင္းရႉးေက်း႐ြာေနထိုင္သူ ေမာင္ထူး(၃၈)ႏွစ္ထံမွ ပန္းေရာင္စိတ္ႂကြ႐ူးသြပ္ ေဆးျပား(၁၁)ျပားႏွင့္ ဘိန္းစာ႐ြက္(၂၀)က်ပ္သားခန႔္ ဖမ္းဆီးရမိေၾကာင္း သံျဖဴဇရပ္ၿမိဳ႕မရဲစခန္းမွ သိရသည္။ http://burmese.monnews.org/2020/10/07/%e1%80%80%e1%80%ad% e1%80%af%e1%80%97%e1%

**************

၃၀။ ျမ၀တီၿမိဳ႕ရွိ ကုိဗစ္လူနာ(၃) ဦး ေရာဂါေပ်ာက္ကင္း၍ ေဆး႐ုံဆင္းခြင့္ရေသာ္လည္း အမႈဆက္ရင္ဆိုင္ရမည္
October 7, 2020

ကရင္ျပည္နယ္ ျမ၀တီခရိုင္ျပည္သူ႔ေဆး႐ုံႀကီးတြင္ ကုသမွုခံယူေနေသာ ရန္ကုန္ျပန္ Covid-19 အတည္ျပဳလူနာ (၃)ဦးမွာ ေရာဂါေပ်ာက္ကင္းကာ ယခုရက္ပိုင္းအတြင္း ေဆး႐ုံမွဆင္းခြင့္ရေသာ္လည္း ၎တို႔အား ျမဝတီ ၿမိဳ႕မရဲ စခန္းတြင္ (ပ)၅၀၉/ ၂၀၂၀ သဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈ ဥပေဒ ပုဒ္မ ၂၅/၃၀(က) ျဖင့္ အမႈဖြင့္ထား၍ အမႈဆက္ရင္ဆိုင္ရဦးမည္ျဖစ္ ေၾကာင္း သိရသည္။

ျမဝတီခ႐ုိင္ျပည္သူ႔ေဆး႐ုံတြင္ ကိုဗစ္အတည္ျပဳလူနာ ၄ ဦးရွိသည့္အနက္ ရန္ကုန္ၿမိဳ႕တြင္ ေဆးဝါးကုသ၍ ျပန္လာသည့္ ျမဝတီေဆးရံုတြင္ အသြားအလာကန္႔သတ္ထားသူ အသက္ ၃၇ ႏွစ္အရြယ္ အမ်ဳိးသားမွာ ကင္ဆာ ေရာဂါအခံျဖင့္ ကြယ္လြန္ သြားၿပီျဖစ္ၿပီး က်န္လူနာ ၃ ဦးကလည္း ေရာဂါပုိးကင္းစင္သြားၿပီျဖစ္၍ ယခုရက္ပုိင္းအတြင္း ေဆး႐ုံမွဆင္းခြင့္ရၾကမည္ဟု ျမဝတီခ႐ုိင္ ေဆး႐ုံအုပ္ ေဒါက္တာနႏၵဝင္းက ေျပာသည္။“ဒီေန႔ ေအာက္တိုဘာလ ၇ ရက္ေန႔မွာ လူနာအမွတ္ case.9132 ျမဝတီၿမိဳ႕ အမွတ္(၄)ရပ္ကြက္ ဇနကလမ္းက အသက္(၂၁)ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦးေဆးရံုက ဆင္းခြင့္ရၿပီးျဖစ္သလို မနက္ျဖန္ (၈)ရက္ေန႔မွာလည္း လူနာအမွတ္ case 10473 သကၤန္းညီေနာင္ ၿမိဳ႕သစ္ ၇ လမ္းက အသက္(၄၇)ႏွစ္အရြယ္ အမ်ိဳးသမီးတစ္ဦးကို လည္ ေရာဂါပိုးကင္းစင္ၿပီးျဖစ္၍ ေဆးရံုက ဆင္းခြင့္ ျပဳသြားမယ္”ဟု ေဒါက္တာနႏၵဝင္းက အတည္ျပဳ ေျပာသည္။

အဆုိပါ ကုိဗစ္ အတည္ျပဳလူနာျဖစ္ခဲ့သူ ၃ ဦးမွာ ထုတ္ျပန္ထားသည့္ စည္းကမ္းခ်က္မ်ားကို မလုိက္နာသည့္အတြက္ တည္ဆဲ ဥပေဒႏွင့္အညီ အေရးယူႏုိင္ရန္ ေဆာင္ရြက္ေနသည္ဟု ျမဝတီခ႐ုိင္ အုပ္ခ်ဳပ္ေရးမွဴး ဦးေတဇာ ေအာင္က ေျပာဆုိ ခဲ့သည္။ http://kicnews.org/2020/10/%e1%80%bb% e1%80%9 9%e1%81%80%e1%80%90%e1%80%ae

***************

၃၁။ ရွဒူးဇြပ္ေခ်ာင္းရွင္းလင္းမႈကို ထိေရာက္စြာေဆာင္႐ြက္ေစလိုေၾကာင္း ေဒသခံမ်ားေျပာ
7 October 2020

ဆိုး႐ြားသည့္ ေရႀကီးေရလ်ံမႈေၾကာင့္ ေရေဘးဒဏ္ႀကဳံေတြ႕ရေသာ လီဒိုလမ္းမေပၚ ရွဒူးဇြပ္ေက်း႐ြာတြင္ ေခ်ာင္းရွင္းလင္းေရး လုပ္ငန္းေဆာင္႐ြက္မည္ျဖစ္ေသာ္လည္း ေဒသခံမ်ား၏ သေဘာတူညီမႈႏွင့္ ပြင့္လင္းျမင္သာမႈရွိရန္ လိုအပ္သည္ဟု ေဒသခံမ်ား ေျပာသည္။ ရွဒူးဇြပ္ (Ja Htu Zup) ေက်း႐ြာရွိ မိုးေကာင္းေခ်ာင္းႏွင့္ ရွဒူးခ ေခ်ာင္းဆုံ ေရေၾကာင္းတစ္ေလ်ာက္ ေ႐ႊတူးေဖာ္မႈေၾကာင့္ ေခ်ာင္းအလယ္တြင္ ေျမစာပုံအျဖစ္ က်န္ရွိေနမႈကို ရွင္းလင္းရန္အတြက္ ကခ်င္ျပည္နယ္အစိုးရ၏ ခြင့္ျပဳမိန႔္ျဖင့္ ေက်ာက္မ်က္ကုမၸဏီတစ္ခုက ယခုလမွ စတင္ရွင္းလင္းေတာ့မည္ျဖစ္သည္။

သို႔ေသာ္ ေခ်ာင္းရွင္းလင္းေရးလုပ္ေဆာင္မည့္ ကုမၸဏီက ေခ်ာင္းရွင္းလင္းေရး လုပ္ငန္းတစ္ခုတည္းသာမက ေ႐ႊတူးေဖာ္ေရး ပါ လုပ္ကိုင္ႏိုင္သျဖင့္ ပြင္းလင္းျမင္သာမႈရွိေစခ်င္သည္ဟု အမည္မေဖာ္လိုသူ ေဒသခံတစ္ဦးက ေျပာသည္။“သူတို႔အေနနဲ႔ ေခ်ာင္းရွင္းလင္းေရးဖို႔ဝင္လာတာက ေကာင္းပါတယ္။ ဒါေပမယ့္ ပြင့္လင္းျမင္သာမႈမရွိေတာ့ ေဒသခံ ေတြအတြက္ ဆိုးက်ိဳး ေတြျဖစ္လာႏိုင္တယ္။ ေဒသခံေတြကမသိၾကဘူးေလ။ တစ္ခ်ိဳ႕က ေခ်ာင္းရွင္းလင္းေရးအတြက္ ဝင္လာမွန္းေတာင္သိမွာ မဟုတ္ဘူး။ အခုေခ်ာင္း ရွင္းလင္းေရးလုပ္မယ့္ ကမ္းစပ္အနီး တဝိုက္မွာက ေဒသခံေတြစားဝတ္ေနေရးအတြက္ အားထား လုပ္ကိုင္ေနတဲ့ ရာသီ သီးႏွံစိုက္ခင္းေတြ အမ်ားႀကီးရွိတယ္။ အဲ့ဒါကို သူတို႔က ဘယ္လိုျပန္လုပ္ေပးဖို႔ ဘယ္သူက တာဝန္ယူ ေပးမွာလဲ”ဟု ေျပာဆိုသည္။ မိုးေကာင္းေခ်ာင္းႏွင့္ ရွဒူးခေခ်ာင္း ၂ ခု ရွင္းလင္းရန္အတြက္ ထြန္းရတနာသိန္း အမည္ရွိ ေက်ာက္မ်က္ကုမၸဏီကို ဘက္ဟိုး (၂၂)စီး၊ ဝိလူဒါ (၂)စီးႏွင့္ ေျမသယ္ယာဥ္ အစီး ၄ဝ စေသာ စက္ယႏၲရားႀကီးမ်ားျဖင့္ ၇လအၾကာ ရွင္းလင္းေရးလုပ္ေဆာင္ရန္ ခြင့္ျပဳထားေၾကာင္း ျပည္နယ္အစိုးရ သယံဇာတ႐ုံးမွ သိရသည္။

ရွဒူးဇြပ္ေဒသခံ ရပ္မိရပ္ဖမ်ား၏ တင္ျပေတာင္းဆိုခ်က္အေပၚ ကြင္းဆင္းစစ္ေဆးၿပီးေနာက္ လုပ္ထုံးလုပ္နည္းအရ ခြင့္ျပဳမိန႔္ခ် ေပးခဲ့ျခင္းျဖစ္သည္ဟု သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီး ဦးဒရွီလဆိုင္းက KNG သတင္းဌာနကို ေျဖၾကားခဲ့ျခင္းျဖစ္သည္။ “ေခ်ာင္းရွင္းလင္းေရးလုပ္ဖို႔ကိုေဒသက ရပ္မိရပ္ဖမ်ားနဲ႔ ေခ်ာင္းရွင္းလင္းေရးလုပ္မယ့္ ကုမၸဏီက ညိႏႈိင္းအဆင္ေျပမႈ ရွိတဲ့အတြက္ ျပည္နယ္အစိုးရကိုတင္ျပခဲ့တယ္။ ျပည္နယ္အစိုးရကလည္း ဒါကို ဦးေဆာင္ၿပီး လုပ္ေပးရ မွာျဖစ္တဲ့အတြက္ ကုမၸဏီဘက္ကလည္း ေက်း႐ြာအတြက္ ေဆာင္႐ြက္ေပးလိုတဲ့အေၾကာင္း တင္ျပလာတဲ့အတြက္ ယုံၾကည္ စြာ ခြင့္ျပဳေပးခဲ့တာျဖစ္တယ္”ဟု ေျပာဆိုသည္။

ရွဒူးဇြပ္ေက်း႐ြာတြင္ ႏိုင္ငံေတာ္အခြန္လုံးဝမရရွိဘဲ တရားမဝင္ ေ႐ႊတူး ေဖာ္ေရးလုပ္ငန္း လုပ္ကိုင္ေနသည့္ လုပ္ငန္းရွင္အမ်ား ရွိေနေသာေၾကာင့္ ေခ်ာင္းရွင္းလင္းေရးလုပ္ငန္း ထိေရာက္မႈရွိ မရွိကို ရာႏႈန္းျပည့္ အာမမခံႏိုင္ေသးေၾကာင္း သယံဇာတ ဝန္ႀကီး ဦးဒရွီလဆိုင္းက ဆက္လက္ေျပာဆိုသည္။ ယခုႏွစ္အတြင္း ရွဒူးဇြပ္ေက်း႐ြာတြင္ ေရႀကီးေရလ်ံမႈ ၃ ႀကိမ္ ျဖစ္ပြားခဲ့ၿပီး ေက်း႐ြာအတြင္း ရပ္ကြက္ ၄ ခုစလုံးရွိ ေနအိမ္မ်ားသည္ ၇ ေပခန႔္ထိ ႏွစ္ျမဳပ္သြားကာ အိမ္ေျခ ၃၀ ခန႔္ကလည္း ေမ်ာ္ပါသြားခဲ့ သည္ဟု ေဒသခံမ်ားထံမွ သိရသည္။ https://burmese .kachinnews.com/2020/10/07/jahtu-zup/

***************

၃၂။ စစ္ေတြတြင္ ကိုဗစ္ျဖင့္ ေက်းလက္ လမ္းဦးစီးဌာန ၫြန္မွဴး ၁ ဦး ေသဆုံး
7 October 2020

ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕ ျပည္သူ႔ေဆး႐ုံႀကီးတြင္ ကို႐ိုနာဗိုင္းရပ္ကူးစက္ ခံရမႈျဖင့္ တက္ေရာက္ကုသမႈခံယူေနသူ ျပည္နယ္ ေက်းလက္လမ္းဖြံ႕ၿဖိဳးေရးဦးစီးဌာမွ အသက္ ၄၈ ႏွစ္အ႐ြယ္ ၫြန္ၾကားေရးမွဴး ၁ ဦးမွာ ေအာက္တိုဘာလ ၇ ရက္ေန႔ နံနက္ ၉ နာရီ ခန႔္တြင္ ေသဆုံးသြားခဲ့ေၾကာင္း သတင္းရရွိသည္။ အဆိုပါေသဆုံးသူမွာ အသက္ရႈက်ပ္သျဖင့္ အေရးေပၚအခန္းတြင္ ေအာက္ဆီဂ်င္ေပး၍ ကုသမႈခံယူရင္း ယေန႔ မနက္ပိုင္း တြင္ ေသဆုံးသြားျခင္းျဖစ္ေၾကာင္း စစ္ေတြ ေဆး႐ုံအုပ္ႀကီး ေဒါက္တာ ေဇာ္လြင္က ေျပာသည္။ ေဒါက္တာေဇာ္လြင္က “ဒီေန႔ တေယာက္ေသဆုံးသြားတယ္ဆိုတာ ဟုတ္ပါတယ္။ မနက္ ၉ နာရီေလာက္မွာ ဆုံးသြားတာ” ဟု ဧရာဝတီသို႔ ေျပာသည္။

လက္ရွိအခ်ိန္တြင္ စစ္ေတြျပည္သူေဆး႐ုံႀကီးတြင္ ကိုဗစ္ပိုးေတြရွိသူ လူေပါင္း ၉၀၀ တက္ေရာက္ကုသမႈခံယူခဲ့ရာ ေရာဂါ ေပ်ာက္ကင္းသည့္အတြက္ ေဆး႐ုံဆင္းခြင့္ ရရွိသူ ၈၅၀ ေက်ာ္ ရွိခဲ့ရာ က်န္လူေပါင္း ၉၀ ေက်ာ္မွာ ကုသမႈခံယူေနရဆဲ ျဖစ္ ေၾကာင္းလည္း စစ္ေတြေဆး႐ုံမွ တာဝန္ရွိသူမ်ားထံမွ သိရသည္။ ကို႐ိုနာဗိုင္းရပ္ပိုးကူးစက္ခံသူမ်ားထဲတြင္ ရဲတပ္ဖြဲ႕ဝင္မ်ား၊ အေထြေထြအုပ္ခ်ဳပ္ေရးစီးဌာမွ ဝန္ထမ္းမ်ား၊ ဘဏ္ဝန္ထမ္းမ်ား၊ ႏိုင္ငံတကာ အန္ဂ်ီအို ဝန္ထမ္းမ်ားပါ ပါဝင္ၿပီး အမ်ားဆုံး ေရာဂါ ကူးစက္ခံရသည့္ ၿမိဳ႕နယ္မ်ားတြင္ စစ္ေတြၿမိဳ႕ နယ္ႏွင့္ ေက်ာက္ျဖဴ ၿမိဳ႕နယ္တို႔ ျဖစ္သည္။

ရခိုင္ျပည္နယ္အစိုးရအဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ စည္ပင္ဝန္ႀကီး ဦးဝင္းျမင့္ကေတာ့ ျပည္သူမ်ားအေနျဖင့္ မလိုအပ္ပဲ အျပင္ မထြက္ေအာင္ စည္းကမ္းမ်ား ထုတ္ျပန္ၿပီး Mask မတတ္သည့္ ျပည္သူမ်ားႏွင့္ စည္ကမ္းမလိုက္နာသည့္ ျပည္သူမ်ား အေပၚ အသိပညာေပးျခင္း၊ ဒဏ္႐ိုက္ျခင္း၊ ဝန္ခံဂတိမ်ားထိုးကာ ျပန္လြတ္ေပးျခင္းမ်ား ျပဳလုပ္ႏိုင္ခဲ့သည့္အတြက္ ကိုဗစ္ေရာဂါကူး စက္မႈ ထိန္းခ်ဳပ္ႏိုင္သည့္ အေျခအေနရွိေနၿပီျဖစ္ေၾကာင္း ေျပာဆိုထားသည္။

သို႔ေသာ္လည္း ကိုဗစ္ေရာဂါကူးစက္မႈမ်ား ဆက္လက္ရွိေနေသးသည့္အတြက္ လုံးဝ စိတ္ခ်ရသည့္ အေျခအေန မရွိေသးဘဲ လက္ဆက္ေစာင့္ၾကည့္ရမည့္ အေျခအန ရွိေနေသးေၾကာင္း ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္စုမ်ား အစည္းအ႐ုံးမွ အတြင္းေရးမွဴး ဦးေဇာ္ေဇာ္ထြန္းက ေျပာသည္။ ဦးေဇာ္ေဇာ္ထြန္း က “ကိုဗစ္ကို ထိန္းခ်ဳပ္ႏိုင္တယ္ဆိုတာေတာ့ အမွန္မွာ မဟုတ္ဘူး။ ကူးစက္မႈေတြက ရွိေနေသးေတာ့ စိုးရိမ္ရတဲ့ အေျခအေန ရွိေသးတယ္”ဟု ဧရာဝတီသို႔ေျပာသည္။ https://burma.ir rawaddy.com/news/2020/10/07

**************

၃၃။ ႐ိုဟင္ဂ်ာကေလးႏွစ္ဦးေသဆုံးမႈ တပ္နဲ႔ေဒသခံ ေျပာဆိုခ်က္ ကြဲလြဲ
October 8, 2020

ရခိုင္ျပည္နယ္ ဘူးသီးေတာင္ၿမိဳ႕နယ္ ျပင္ရွည္ေက်း႐ြာက ႐ိုဟင္ဂ်ာကေလးငယ္ႏွစ္ဦး ေသဆုံးသြားတဲ့ ျဖစ္စဥ္နဲ႔ ပတ္သက္ လို႔ ေဒသခံေတြ ေျပာၾကားခ်က္နဲ႔ တပ္မေတာ္ သတင္းထုတ္ျပန္ခ်က္ ကြဲလြဲေနပါတယ္။ ကေလးေတြဟာ တပ္က ေခၚသြားၿပီ ေနာက္ ေသဆုံးတာလို႔ ေဒသခံေတြကေျပာေပမယ့္ တပ္ကေတာ့ ဒါဟာစြပ္စြဲခ်က္သက္သက္သာ ျဖစ္တယ္လို႔ေျပာပါတယ္။

ဘူးသီးေတာင္ၿမိဳ႕နယ္ ျပင္ရွည္႐ြာအျပင္မွာ ေအာက္တိုဘာလ ၅ ရက္ေန႔က ႏြားေက်ာင္းေနၾကတဲ့ ႐ိုဟင္ဂ်ာကေလးေတြနဲ႔ လူႀကီး စုစုေပါင္း ၁၅ ေယာက္ကို တပ္မေတာ္စစ္ေၾကာင္းတစ္ခုက ေခၚသြားရာကေန ကေလးႏွစ္ေယာက္ေသဆုံးၿပီး လူႀကီး တစ္ေယာက္ ဒဏ္ရာရခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါ တယ္။ အသက္ ၁၀ ႏွစ္အ႐ြယ္ အရသူရာ နဲ႔ အသက္ ၁၁ ႏွစ္ အ႐ြယ္ အနဝါဟူဆမ္ ဆိုတဲ့ ကေလးႏွစ္ ေယာက္ဟာ တပ္မေတာ္နဲ႔ AA ႏွစ္ဖက္တိုက္ပြဲၾကားမွာ ေသဆုံးခဲ့ၿပီး အသက္ ၃၀ အ႐ြယ္ ေဆရႏိုလ္ အာမိန္ က ဒဏ္ရာရခဲ့တာပါ။ RFA က အဆက္အသြယ္ရတဲ့ ျပင္ရွည္႐ြာသား ၄ ေယာက္နဲ႔ ေပၚတာဆြဲ ေခၚခံထားရာကေန ျပန္လြတ္လာတဲ့ ႐ြာသားတစ္ေယာက္က၊ သူတို႔ကို တပ္မေတာ္စစ္ေၾကာင္း က လမ္းျပ အျဖစ္ေခၚသြား တာလို႔ အခိုင္အမာေျပာပါတယ္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ဥကၠ႒ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္း ကေတာ့ တပ္မေတာ္က ေပၚတာဆြဲသြားတာ မဟုတ္ဘဲ ပစ္ခတ္သံၾကားလို႔ အဲဒီ႐ြာဘက္ သြားေရာက္စစ္ေဆးရာမွာ AA အဖြဲ႕ ပစ္ခတ္ထားလို႔ ႏြားေက်ာင္းေနတဲ့ ကေလး ႏွစ္ဦး ေသဆုံးေနတာ ေတြ႕ရၿပီး၊ ဒဏ္ရာရရွိထားသူ တစ္ေယာက္ကို တပ္မေတာ္က ကူညီေပးခဲ့တာလို႔ ေအာက္တိုဘာ ၆ ရက္ ေန႔က RFA ကိုေျပာ ထားသလို အင္တာနက္စာမ်က္ႏွာေတြကေနလည္း သတင္းထုတ္ျပန္ထားပါတယ္။ လမ္းျပအျဖစ္ ဖမ္းဆီးေခၚေဆာင္ခံရသူေတြထဲက တစ္ဦးကေတာ့ RFA ကို အခုလိုေျပာပါတယ္။ ” ႏြားေက်ာင္းေနတဲ့ေနရာမွာ အပစ္ခံရ တာ မဟုတ္ပါဘူး၊ စစ္တပ္ကေခၚသြားၿပီး လမ္းမွာ အပစ္ခံရတာပါ၊ တပ္မေတာ္ကေျပာတာ မဟုတ္ပါဘူး” သူတို႔ ၁၅ ေယာက္ ကို ပစၥည္းေတြ မသယ္ခိုင္းဘဲ တေယာက္လက္ တေယာက္ကိုင္ၿပီး ေရွ႕ကေန သြားခိုင္းေနရင္းကေန နာရီဝက္ ေလာက္အၾကာမွာ တိုက္ပြဲျဖစ္တာလို႔၊ ထြက္ေျပးလြတ္ေျမာက္လာတဲ့ ျပင္ရွည္႐ြာသားက ေျပာပါတယ္။

တပ္မေတာ္က ေခၚေဆာင္ခဲ့တဲ့သူေတြထဲမွာ အသက္ ၁၈ ႏွစ္ေအာက္ ၇ ေယာက္ပါၿပီး အသက္ ၁၈ ႏွစ္အထက္ ၈ ေယာက္ ပါဝင္တယ္လို႔ ေဒသခံေတြရဲ႕ ေျပာျပခ်က္အရ သိရပါတယ္။ https://www.rfa.org/burmese/news/Army-denies-for-Rohingya-children-killed-in-Buthidaung-100820201 90 358.html

 

မွတ္ခ်က္။ သက္ဆိုင္ရာသတင္းမီဒီယာအသီးသီးမွ ေကာက္ႏုတ္ေဖာ္ျပျခင္း ျဖစ္ပါသည္။

** ၿပီး **

 

unicode

နေ့စဉ်တိုင်းရင်းသားသတင်းများ စုဆောင်းတင်ပြခြင်း
(No. 64 , October 9, 2020)

၁။ ကျောက်မဲတိုက်ပွဲ အစိုးရတပ် စစ်ရဟတ်ဖြင့် လက်နက်ကြီး ပစ်ခတ်

၂။ RCSS အန္တရာယ်ပြုမည်ကို စိုးရိမ်၍ မဲဆွယ်စည်းရုံးရေး ရပ်ဆိုင်းထား ဟု TNP ပြော

၃။ မိုးကောင်းမြို့နယ် စာသင်ကျောင်းမြေတွင် ဘုန်းကြီးကျောင်းဆောက်လုပ်ရန်ကိစ္စ ဒေသခံတချို့ ကန့်ကွက်

၄။ ရွေးကောက်ပွဲတွင် အမျိုးသမီးကို အနိုင်ရနိုင်သည့်နေရာမျိုးထက် ဟန်ပြပြိုင်ခိုင်းခြင်းမျိုးတွေ့ရဟု WLB ပြော

၅။ ကျောက်မဲ တိုက်ပွဲကြောင့် စစ်ရှောင် ၃၀၀၀ ဝန်းကျင် ထိရှိလာ

၆။ ပူတာအိုခရိုင်၌ မဲဆန္ဒရှင် ၆၀,၀၀၀ ကျော်ရှိပြီး ၂၀၁၅ ရွေးကောက်ပွဲထက်ပိုများလာ

၇။ ကျောက်ကြီးတွင် KPP အင်အားထောင်ချီ လှည့်လည်မဲဆွယ်

၈။ ပလက်ဝမြို့နယ်အတွင်း ကျေးရွာပေါင်း ၂၀၀ ကျော် ဆန်ပြတ်လပ်ဟုဆို

၉။ ကချင်ပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နာဂ အမျိုးသားပါတီ

၁၀။ အမတ်တစ်ဦးကို တရားစွဲမယ်လို့ ကယားလွှတ်တော် ဥက္ကဋ္ဌ ပြော

၁၁။ ထိုင်းရောက် ကရင်တိုင်းရင်းသား သုံးထောင်ကျော် ကြိုတင်ဆန္ဒမဲ ပေးသွားမည်

၁၂။ ပြည်လုံးကျွတ်အထွေထွေရွေးကောက်ပွဲအတွက် “ဖယ်ကြဉ်မရှိမှ လွတ်မျှတ” အစီရင်ခံစာကို မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်းထုတ်ပြန်

၁၃။ COVID-19 ကူးစက်ရောဂါကာလ ဖြစ်သည့်အတွက် မဲဆွယ်စည်းရုံးရေးဆင်းရာတွင် အခက်အခဲများတွေ့ကြုံနေရဟု မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ်လောင်း ပြောကြား

၁၄။ ကိုဗစ်ကာကွယ်ရေး RCSS/SSA ထိန်းချုပ်သည့် ကျေးလက်များအတွင်း ပြင်ပလူဝင်ထွက်သွားလာခွင့်မပြု

၁၅။ ဗန်းမော်ခရိုင်တွင် မဲဆန္ဒရှင်စာရင်း ၈၀၀၀ ကျော်တိုးလာ

၁၆။ ဒေသတွင်း တိုင်းရင်းသား နိုင်ငံရေးပါတီများ ရွေးကောက်ပွဲအောင်နိုင်ရေး ကိစ္စနှင့်ပတ်သက်ပြီး မွန်၊ ပအိုဝ်းနှင့် ကရင် လူငယ်များ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့

၁၇။ မိုင်ရွှေလှေတီာလ် ရုပ်အလောင်း လမ်းဘေးမြေမြုပ်ခိုင်းမှု သက်ဆိုင်သူများကို ထိရောက်စွာအရေးယူရန် ချင်း ကျောင်းသား/လူငယ် (၁၃) ဖွဲ့ကတောင်းဆို

၁၈။ တိုက်ပွဲများ ရပ်တန့်ရန် အရပ်ဘက်အဖွဲ့များနှင့် ဒေသခံများ တောင်းဆို

၁၉။ ရွှေကုက္ကိုလ် စီမံကိန်းနှင့် ပတ်သက်သည့် တပ်အရာရှိကြီးတချို့ စုံစမ်းစစ်ဆေးခံနေရ

၂၀။ ဘီးလင်းတွင် ကျေးရွာ ၅ ရွာက ပြည်သူ ၁၀၀၀ ခန့် မဲပေးခွင့်မရ

၂၁။ ချင်းမှာ ကုန်တင်ယာဉ်မောင်းနဲ့ နောက်လိုက်တွေ ကိုဗစ် စစ်ရမည်

၂၂။ မိုးညှင်းခရိုင်တွင် မသန်စွမ်းများ မဲပေးရန် မဲရုံပေါင်း ၁၄၀ ရှိ

၂၃။ မွန်ညီညွတ်ရေးပါတီက ရန်ကုန်တွင် ၆ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်

၂၄။ ကော့မှူးမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း မဲဆွယ်ဆိုင်းဘုတ်များကို မြို့နယ်စည်ပင်က COVID-19 အကြောင်းပြချက်ဖြင့် စိုက်ထူခွင့် မပေးဟု UNDP ပါတီ ကိုယ်စားလှယ်လောင်းများ ပြောကြား

၂၅။ ဘူးသီးတောင်မြို့နယ်တွင် တပ်မတော်နှင့် အေအေ တို့ တိုက်ပွဲဖြစ်၊ ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်

၂၆။ ခေါင်လန်ဖူးမြို့နယ်အတွက် မဲရုံသုံးပစ္စည်းများကို ရဟတ်ယာဉ်နှင့် လား ဖြင့် ပို့ဆောင်မည်

၂၇။ မဲဆန္ဒနယ်ပြင်ပ မဲပေးခွင့် အောက်တိုဘာ ၁၀ ရက်နေ့ နောက်ဆုံးထား လျှောက်ရမည်

၂၈။ ဗန်းမော်ခရိုင်ရှိ စစ်ဘေးရှောင်စခန်းသုံးခုတွင် မဲရုံဖွင့်ရန်လျာထား

၂၉။ ကိုဗစ်ကပ်ရောဂါကာလအတွင်း မွန်လူငယ်များ ဘိန်းစာရွက်သုံးစွဲမှုပိုများလာ

၃၀။ မြဝတီမြို့ရှိ ကိုဗစ်လူနာ (၃) ဦး ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသော်လည်း အမှုဆက်ရင်ဆိုင်ရမည်

၃၁။ ရှဒူးဇွပ်ချောင်းရှင်းလင်းမှုကို ထိရောက်စွာဆောင်ရွက်စေလိုကြောင်း ဒေသခံများပြော

၃၂။ စစ်တွေတွင် ကိုဗစ်ဖြင့် ကျေးလက် လမ်းဦးစီးဌာန ညွန်မှူး ၁ ဦး သေဆုံး

၃၃။ ရိုဟင်ဂျာကလေးနှစ်ဦးသေဆုံးမှု တပ်နဲ့ဒေသခံ ပြောဆိုချက် ကွဲလွဲ

***************

၁။ ကျောက်မဲတိုက်ပွဲ အစိုးရတပ် စစ်ရဟတ်ဖြင့် လက်နက်ကြီး ပစ်ခတ်
October 8, 2020

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း အစိုးရတပ်မတော်မှ စစ်ရဟတ်ယာဉ်သုံးပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ ကြောင်း စုံစမ်းသိရသည်။ အစိုးရတပ်မတော်သည် ယမန်နေ့ (အောက်တိုဘာ ၇)ရက် နေ့လည် ၁ နာရီဝန်းကျင်တွင် စစ် ရဟတ်ယာဉ် ၂ စင်းဖြင့် တပ်မတော်သားများအတွက် ရိက္ခာနှင့်အင်အားဖြည့်တင်းချင်ပေးပြီး အပြန်လမ်းတွင် ရဟတ်ယာဉ် ပေါ်မှ လက်နက်ကြီးပစ်ချခဲ့ကြောင်း RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး အုမ်ခေးက သျှမ်းသံတော်ဆင့်ကို ပြော သည်။“ မနေ့က ရဟတ်ယာဉ် နဲ့ ၂ စီးလာတယ်။ နောက် လက်နက်လာပစ်သွားတယ်။ အဲ့နေရာက ကျနော်တို့မနေဘူး။ သူတို့က ပြည်သူတွေကို ထိတ်လန့်အောင်လုပ်နေတာ။ ပြည်သူတွေ ထွက်ပြေးအောင်လုပ်နေတဲ့သဘောပါ”ဟု ဒုဗိုလ်မှူး ကြီး အုမ်ခေး က ပြောသည်။

ယမန်နေ့ စစ်ရဟတ်ယာဉ်ပေါ်မှ ပစ်ချလိုက်သည့် လက်နက်ကြီးသည် တောပိုင်းတွင်မကျဘဲ ရွာ နှင့်မလှမ်းမကမ်းနေရာတွင် ကျသဖြင့် အမျိုးသမီးတဦး လက်နက်ကြီးကျည်စ အနည်းငယ် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။“မနေ့က ကျတဲ့ လက်နက်ကြီးက လူနေတဲ့အိမ်နဲ့ နည်းနည်းဝေး ကျတယ်။ လက်နက်ကြီးကျလို့ စင်လာတဲ့ ကျောက်ခဲက အမျိုးသမီးတဦး ကိုထိတာပါ။ ကျောက်ခဲစထိတဲ့ဒဏ်ရာပါ။ မပြင်းထန်ပါဘူး။ ကျနော်တို့ သွားခေါ်တာတောင် လိုက်မလာဘူး”ဟု ကမ်းလင့် လက်များ လူမှုကူညီရေးအသင်း (နောင်ပိန်) မှ ဥက္ကဌ စိုင်းနေအောင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။ ထိုစဉ်က အစိုးရတပ်မတော်သည် စစ်ရဟတ်ယာဉ်ဖြင့် စစ်အင်အား (၁၀၀)ကျော်အား ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအရှေ့ဘက် တောင်ကုန်းပေါ်တွင် လာရောက်ဖြည့်ဆည်းချပေးခဲ့ပြီး၊ အပြန်တွင် လက်နက်ကြီးပစ်ချခဲ့သည်ကို စစ်ရှောင် များကလည်း မြင်တွေ့ကြောင်း သိရသည်။

“ ရဟတ်ယာဉ် ၂ စီးနဲ့ စစ်သားတွေလာချတာ မြင်ရတယ်။ ကျနော်တို့ နေတဲ့စစ်ရှောင်နဲ့နီးတယ်။ အပြန်လက်နက်ကြီး ပေါက်ကွဲတဲ့အသံလည်းကြားရတယ်။ ကျနော်တို့လည်း ရင်တထိတ်ထိတ်နဲ့ နေနေရတယ်”ဟု ပုံဝိုးကျေးရွာ ဘုန်းကြီး ကျောင်းတွင် စစ်ဘေးရှောင်လာသည့် အမျိုးသားတဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ အောက်တိုဘာ ၂ရက်မှ စတင်ကာ အစိုးရတပ်မတော်သည် (RCSS/SSA) လှုပ်ရှားသည့်နေရာကို လာရောက် ရှာဖွေ တိုက်ခိုက်မှုကြောင့် တိုက်ပွဲ ပြင်းထန်နေရခြင်းဖြစ်ကြောင်း သိရသည်။ တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ ပြောရေးဆိုခွင့်ရှိသူကို လက်ရှိဖြစ်ပွားနေ သည့် တိုက်ပွဲအခြေအနေနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့် သတင်းဌာန မှ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းသော်လည်း မရရှိခဲ့ပေ။ https://burmese.shannews.org/archives/18800

***************

၂။ RCSS အန္တရာယ်ပြုမည်ကို စိုးရိမ်၍ မဲဆွယ်စည်းရုံးရေး ရပ်ဆိုင်းထား ဟု TNP ပြော
6 October 2020

ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) ဘက်မှ အန္တရာယ်ပြုမည်ကို စိုးရိမ်သဖြင့် ရှမ်းပြည်နယ် တောင် ပိုင်း၊ မိုင်းကိုင်မြို့နယ်တွင် မဲဆွယ်စည်းရုံးရေး လုပ်ငန်းအားလုံးကို ရပ်ဆိုင်းလိုက်ရကြောင်း မိုင်းကိုင်မြို့နယ်၊ တအာန်း (ပ လောင်) အမျိုးသားပါတီ (TNP) ၊ ဥက္ကဋ္ဌ မိုင်းနုမ်ဟန်က ဧရာဝတီကို ပြောသည်။ မိုင်းနုမ်ဟန်က “ကျနော်တို့ မိုင်းကိုင်မှာ မဲဆွယ်ရတာ လွတ်လွတ်လပ်လပ်ရှိဖို့ လုံးဝ အဆင်မပြေပါဘူး။ ကျနော်တို့ လူထု ရွာသူရွာသားတွေလည်း ဘေးအန္တရာယ် ကင်းမယ့် လမ်းကိုပဲ ရွေးတဲ့အနေနဲ့၊ ကျနော်တို့ အန္တရာယ်မကြုံပေမယ့် နောက်ကွယ်မှာ ဘာတွေ ဖြစ်လာမလဲဆိုတာကို တွေးပြီး မဲဆွယ်တာကို ရပ်ဆိုင်းလိုက်တာပါ။ အောက်တိုဘာ ၁ ရက်ကတည်းက စည်းရုံးရေး ဆင်းတာကို ရပ်လိုက်ရပါ တယ်။ အဓိကကတော့ RCSS ဘက်က အန္တရာယ်ပြုမှာကို စိုးရိမ်လို့ပါ”ဟု ပြော သည်။

TNP ပါတီမှ ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရေး ဆင်းရန် ကျေးရွာများသို့ သွားရာတွင် COVID -19 ရောဂါ ကြောင့်ဟု အကြောင်းပြကာ RCSS တပ်ဖွဲ့ဝင်များမှ လမ်းများ ပိတ်ဆို့ထားခြင်း၊ TNP ကိုယ်စားလှယ်လောင်းများ မဲလာ ဆွယ်သည်ကို လက်ခံပါက ကျေးရွာ ဥက္ကဋ္ဌများမှ ဒဏ်ငွေ ၁၀ သိန်း ပေးရမည် ဟု စာပို့ပြောဆိုထားခြင်းများအပြင် လမ်း ခရီးတွင် ကိုယ်စားလှယ်လောင်းများ၏ လုံခြုံရေးကို အာမ မခံနိုင်ပါဟု ပြောဆိုမှုများ ရှိသဖြင့် မဲဆွယ်မှုကို ရပ်ဆိုင်းရခြင်း ဖြစ်ပါသည် ဟုလည်း ၎င်းက ဆိုသည်။ “ကျားခေါင်း (SNLD) ဆိုလည်း ရွာတိုင်း သွားလာရေး လွတ်လပ်တယ်။ ကျနော်တို့ ပါတီကိုပဲ ဘာလို့ အဲဒီလို လုပ်လဲ စဉ်းစားမရပါဘူး။ မိုင်းကိုင်မှာ တိုင်းရင်းသားအများစုက ရှမ်းနဲ့ပလောင်ပဲ ရှိပါတယ်။ ကိုဗစ်-၁၉ ကို အကြောင်းပြု တယ် ဆိုပေမယ့် အစိုးရပိုင်းက လမ်းတကြောလုံးမှာ လမ်းမကြီး စစ်ဆေးရေးဂိတ်၊ စမ်းသပ်မေးမြန်း တာ ရှိတယ်။ ရောဂါ မရှိရင် သွားလာလို့ ရတယ်။ RCSS ကျတော့ လုံးဝကို အကြမ်းသမားနည်းနဲ့ ရွာထဲမှာ အိပ်၊ ရွာထဲမှာ စားပြီး စောင့်တာ၊ တရွာကို ၁၀ ပေါက် ရှိရင် ၁၀ ပေါက်လုံး စောင့်နေတာ။ လုံးဝကို မတရားပါဘူး”ဟု ပြောသည်။

TNP ပါတီသည် မိုင်းကိုင်မြို့နယ်တွင် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်၊ ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ် ၊ ပြည်နယ်လွှတ် တော် မဲဆန္ဒနယ် (၁) နှင့် (၂) တို့တွင် ကိုယ်စားလှယ်လောင်း ၄ ဦး ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။ အဆိုပါ ကိုယ်စား လှယ်လောင်း ၄ ဦးက မဲဆွယ်စည်းရုံးရန် ၎င်းတို့က မဲဆန္ဒနယ်မြေများ အတွင်းမှ ရွာပေါင်း ၉၀ ကျော်ကို စည်းရုံးရေးဆင်း ရန် စီစဉ်ထားသော်လည်း ရွာ ၃ ရွာသာ သွားနိုင်ခဲ့သည်ဟု သိရသည်။ https://burma.irrawaddy.com/election-2020 /2020/10/06/231141.html

***************

၃။ မိုးကောင်းမြို့နယ် စာသင်ကျောင်းမြေတွင် ဘုန်းကြီးကျောင်းဆောက်လုပ်ရန်ကိစ္စ ဒေသခံတချို့ ကန့်ကွက်
8 October 2020

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ လွယ်လင်ယာန်အုပ်စု ကျေးရွာတွင် ပြည်သူပိုင်စာသင်ကျောင်း မြေဧရိယာတွင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတည်ဆောက်ရန်ကိစ္စနှင့် ပတ်သက်ပြီး အငြင်းပွားမှုရှိနေကြောင်း သိရသည်။ အဆိုပါကိစ္စကို အမြန်ဖြေရှင်းပေးရန် ဒေသခံ ၃၀ ကျော်က အောက်တိုဘာလ ၇ ရက်နေ့ မနက် ၇ နာရီခန့်က ဆန္ဒပြခဲ့ကြသည်။

မိုးကောင်းမြို့မှ ၄ မိုင်ခန့်သွားရသည့် လွယ်လင်ယာန်မြို့ဟောင်းကျေးရွာ ကျောင်းမြေနေရာ ၁၀ ဧက၏ ထက်ဝက်ခန့်ကို ကျေးရွာ ရာအိမ်မှူး ဦးဝင်းကြိုင်က ဦးဆောင်ပြီး သာသနာမြေပိုင်အဖြစ် ခြံစည်းရိုး ကာလိုက်သောကြောင့် ကန့်ကွက်ရခြင်း ဖြစ်သည်ဟု ဦး Hkangda Tu Ring က ယခုလို ပြောဆိုသည်။“အခုဒီမြေနေရာက ရွာစတင်တည်ရှိကတည်းက ပြည်သူပိုင် ကျောင်းမြေနေရာအဖြစ်သတ်မှတ်ထားတာဖြစ်တယ်။ အခုလည်းအဲမှာ ကျောင်းဆောက်ထားတာဖြစ်တယ်။ အဲ့ဒါကို အခု လက်ရှိ ရာအိမ်မှူးက သာသနာပိုင်နယ်မြေအဖြစ် ကျူးကျော်သိမ်းပိုက်နေတယ်။ အခုကမြေဧက တစ်ဝက်လောက်မှာ ခြံစည်းရိုးတွေကာထာတယ်။ ဒေသခံတွေက ဒါကိုလုံးဝ သဘောမတူဘူး။ အများပိုင်ကျောင်းနယ်မြေလို့ သတ်မှတ်ထားတဲ့ မြေနေရာဖြစ်တဲ့အတွက် ဘယ်ဘာသာရေး အဖွဲ့အစည်းလည်း ကျူးကျော်လို့မရဘူး”ဟု ပြောဆိုသည်။

ကျောင်းပိုင်မြေနေရာတွင် မူလတန်းကျောင်းဖွင့်ရန် ကျောင်းဆောင်တစ်ခုတည်ဆောက်ထားပြီဖြစ်သော်လည်း ကျေးရွာ၏ အနေအထားအရ ငွေကြေးခက်ခဲမှုကြောင့် ကျောင်းမဖွင့်နိုင်သေးသည့်အပြင် ကျောင်းတက်မည့် ကျောင်းသားဦးရေ နည်းပါး နေသည့်အတွက် ကျောင်းမဖွင့်နိုင်သေးပဲ ရပ်နားထားဆဲဖြစ်ကြောင်း သိရသည်။ အဆိုပါ ကျောင်းနယ်မြေတွင် စတင်ဝင် ရောက်ကျုးကျော်လာအချိန်ကတည်းက တားမြစ်ခဲ့သော်လည်း လိုက်နာမှုမရှိကြောင်း လွယ်လင်ယာန်ကျေးရွာ အပါအဝင် ကျေးရွာအုပ်စု ၅ ခု၏ အုပ်ချုပ်ရေးမှူး ဦး Gum Ja Naw က ယခုလို ပြောဆိုသည်။

“အခုက အများပြည်သူပိုင်တဲ့စာသင်ကျောင်းဝန်းဖြစ်တဲ့အတွက် အစိုးရနဲ့ဆိုင်တဲ့ ဆေးပေးခန်းတို့၊ အစိုးရုံးတို့က လိုအပ် ရင်က အသုံးပြုလို့ရတယ်။ ဒါပေမယ့်သီးခြား ဘာသာရေးကျောင်းတွေက မည်သည့်အဖွဲ့အစည်းကမှ အသုံးပြုလို့မရဘူးလို့ တားမြစ်ခဲ့ကြတယ်။ အဲလိုကန့်ကွက်နေတဲ့ကြား သူတို့က ၅ ဧကလောက်ကို ခြံစည်းရိုးတွေကာပြီး သိမ်းယူဖို့ လုပ်နေတယ်။ ထွေအုပ်ရုံကိုလည်း စာတင်ပြထားတယ်။ လိုက်နာမှုမရှိဘဲ ဆက်လုပ်တော့ အငြင်းပွားမှုဖြစ်သွားခဲ့တယ်” ဟု ပြောဆိုသည်။ ဒေသခံများ တောင်းဆိုခဲ့သည့်အပေါ် မြေယာကျူးကျော်မှုကို ဖျက်သိမ်းခိုင်းထားပြီး ဆက်လက်လုပ်ဆောင်ခဲ့ပါက မြို့နယ် ထွေအုပ်ရုံးမှ တရားဥပဒေနှင့် ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဦး Gum Ja Naw က ဆက်လက်ပြောဆိုခဲ့ သည်။ https://burmese.kachinnews.com/2020/10/08/%e1%80%99%e1%80%ad%e1%80%af%e1%80%

***************

၄။ ရွေးကောက်ပွဲတွင် အမျိုးသမီးကို အနိုင်ရနိုင်သည့်နေရာမျိုးထက် ဟန်ပြပြိုင်ခိုင်းခြင်းမျိုးတွေ့ရဟု WLB ပြော
October 7, 2020

၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသမီးများကို အနိုင်ရနိုင်သည့် မဲဆန္ဒနယ်မြေများထက် ဟန်ပြပြိုင်ခိုင်းခြင်းမျိုးများ တွေ့ရ သည်ဟု အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)-WLB ၏ တွဲဖက်အထွေထွေအတွင်းရေးမှူး-၂ လွေးပိုးငယ် က ပြောသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)က ထုတ်လွှင့်မည့် “၂၀၂၀ စိန်ခေါ်သံများ” အငြိမ့်နှင့် ပတ်သက်၍ အောက်တိုဘာ ၆ ရက်နေ့တွင် ပြုလုပ်သည့် အွန်လိုင်း သတင်းစာရှင်းလင်းပွဲတွင် သူမက ယခုလို မှတ်ချက်ပြု ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ ဒီ ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ နေရာတွေမှလည်း တချို့နိုင်ငံရေးပါတီတွေ ဆိုလို့ရှိရင် မြင်ရတာက အမျိုးသမီးတွေကို မူအရထည့်ထားတာပဲ ရှိတယ်။ တကယ့်လက်တွေ့မှာ အမျိုးသမီးတွေ အောင်နိုင်မဲ့ နေရာမှာ ထည့်ထား တာမရှိဘူး။ ဟို ဟန်ပြ ထည့်ထားတာမျိုးတွေ အများကြီးမြင်တွေ့နေရတာကို ကျမတို့ ဖော်ပြထားတာပေါ့နော်”ဟု ၎င်းက ပြောသည်။ ယခုလို အခြေအနေမျိုးသည် ပါတီကြီးများတွင်လည်းတွေ့နိုင်သလို တိုင်းရင်းသားပါတီများတွင်လည်းရှိ ကြောင်း၊ အထူးသဖြင့် တိုင်းရင်းသားပါတီများတွင် အခွင့်အလမ်းနည်းသည့်အတွက် လာပြိုင်ရန် စည်းရုံး ရခြင်းမျိုးလည်းရှိ သည်ဟု ကရင်ပြည်သူ့ပါတီ တွဲဖက်အတွင်းရေးမှူး-၁ နန့်ခင်အေးဦးက ပြောသည်။

“ ဆရာမကိုတော့ နိုင်ခြေရှိလို့ပါတီက လက်မလွှတ်ပဲ ဝင်ပြိုင်ခိုင်းတာ။ တချို့အမျိုးသမီးတွေကျတော့ ပြိုင်ချင်တယ်ဆို တော့ အတွေ့အကြုံရ အောင် ပေးပြိုင်ရတာပဲ။ ကိုယ့်တိုင်းရင်းသားပါတီတွေမှာတော့ အနစ်အနာခံနိုင်ဖို့ အဓိကလိုတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာ ကိုယ်စားလှယ်လောင်း နန့်ခင်အေးဦး က မှတ်ချက်ပြုပြော သည်။ WLB က ထုတ်လွှင့်မည့် ၂၀၂၀ စိန်ခေါ်သံများအငြိမ့်တွင် အမျိုးသမီး လူရွှင်တော်များက ဦးဆောင် တင်ဆက်ထားပြီး လက်ရှိမြန်မာနိုင်ငံတွင် ကြုံတွေ့နေရသည့် နိုင်ငံရေးအခြေအနေများ၊ အမျိုးသမီးများကို စစ်ဘေးရှောင်နေရမှု၊ ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသမီးအမတ်များကို ပိုမိုမဲပေးရန် ရည်ရွယ်ထုတ်လွှင့်ခြင်း ဖြစ်ကြောင်းသိရသည်။ http://kicne ws.org/2020/10/%e1%80%b1%e1%82%90%e1%80%bc%e1%80%b8%e1%80%b1%e1%

**************

၅။ ကျောက်မဲ တိုက်ပွဲကြောင့် စစ်ရှောင် ၃၀၀၀ ဝန်းကျင် ထိရှိလာ
October 8, 2020

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း RCSS/SSA နှင့် အစိုးရတပ်မတော်တို့ကြား တိုက်ပွဲကြောင့် စစ်ရှောင် ၃၀၀၀ ဝန်းကျင် ရှိလာကြောင်း လူမှုပရဟိတအဖွဲ့များထံစုံစမ်းသိရသည်။ ကျောက်မဲမြို့နယ် အတွင်း အောက်တိုဘာ ၂ ရက် ကစပြီး ယနေ့ အချိန်ထိ အစိုးရတပ်မတော်နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော်( RCSS/ SSA) တို့သည် တိုက်ပွဲဆက်လက်ပြင်းထန်နေသေးသဖြင့် စစ်ရှောင်များလည်း တိုးလာနေခြင်းဖြစ်ပါသည်။

လက်ရှိ ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာ ဘုန်းကြီးကျောင်းတွင် စစ်ရှောင် (၇၀၀)ကျော်၊ တောင်ထိပ် တွင် (၇၀၀)ကျော်၊ နားဆောင်ရွာ တွင် ၁၀၂ ဦး၊ နောင်ကွမ်ရွာတွင် ၁၀၀ ဦး၊ နမ့်ဟန်ခိန်ရွာတွင် ၄၀၀ ကျော် ၊ ကွမ်ဟင်ရွာ တွင် ၄၀၀ ကျော်နှင့် ကောင်းလန်းရွာတွင် (၂၀၀)ဝန်းကျင်ရှိကြောင်း ကျောက်မဲမြို့စစ်ရှောင်ကော်မတီမှ သိရသည်။“စစ်ရှောင်တွေ များလာရင် တော့ နေဖို့နဲ့စားသောက်ဖို့ခက်ခဲမယ်။ အခုရင်ဆိုင်နေရတာကတော့ အိမ်သာကိစ္စပါပဲ။ ကျနော်တို့အမြန်ဆုံး အိမ်သာတွေ တူးပေးနေရတယ်”ဟု ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း (နောင်ပိန်)မှ ဥက္ကဌ စိုင်းနေအောင် က သျှမ်းသံတော် ဆင့်ကိုပြောသည်။ လတ်တလောအခြေအနေအရ စစ်ဘေးရှောင်များအတွက် အစားအသောက်အရေးပေါ်လိုအပ်နေ ကြောင်း၊ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားပါက စစ်ဘေးရှောင်များအတွက် စားနိပ်ရိက္ခာ ခက်ခဲလာနိုင်ကြောင်း စိုင်းနေအောင် က ပြောသည်။“ တောင်ထိပ်မှာ ရှိတဲ့ စစ်ရှောင် ၇၀၀ ကျော် အတွက် အခုစားသောက်ဖို့ အခက်အခဲဖြစ်နေတယ်။ ကျနော် တို့ ကို ဖုန်းဆက် အကူအညီတောင်းတယ်။ တိုက်ပွဲဖြစ်တော့ သွားမပို့နိုင်ဘူး။ တိုက်ပွဲကလည်း ဒီနေ့ထိဖြစ်နေသေး တယ်” ဟု စိုင်းနေအောင်က ဆိုသည်။

လက်ရှိ ကာလသည် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်သည့် ကာလလည်းဖြစ်သဖြင့် စစ်ဘေးရှောင်များ လူစုလူဝေးမဖြစ်အောင် လည်း ထိန်းသိမ်းနေရကြောင်း၊ ကျန်းမာရေးကိစ္စ အလေးထားစောင့်ကြည့်နေရကြောင်းလည်း စစ်ဘေးရှောင်များကို လိုက် လံကူညီပေးနေသည့် ပရဟိတအဖွဲ့များက ပြောသည်။“ဒီလို ဆက်သွားနေရင်တော့ ကျန်းမာရေးအတွက်လည်း အခြေ အနေ ဆိုးလာနိုင်တယ်။ အဓိက ဝမ်းပျက်ဝမ်းလျှော ဖြစ်မှာစိုးရိမ်ရတယ်”ဟု ပုံဝိုးကျေးရွာသို့ စစ်ဘေးရှောင်နေသည့် အမျိုးသမီး တဦးက ပြောသည်။ ကိုဗစ်-၁၉ ကာလကြောင့် အလှူရှင်များလည်း သွားလာမှု ကန့်သတ်ထားသဖြင့် စစ်ဘေး ရှောင် ပြည်သူများအတွက် လက်ရှိမှာ အစစအရာရာ အခက်အခဲ ရင်ဆိုင်နေရကြောင်း လည်း စစ်ဘေးရှောင်များကို ကူညီ သည့် နန်းကျိန်က ပြောသည်။

လက်ရှိ RCSS/SSA နှင့် အစိုးရတပ်မတော်တို့ ဖြစ်ပွားနေသည့် တိုက်ပွဲသည် စစ်ရေးပြင်းထန်မှု၊ လျော့ကျမှုသည် တပ်မတော်အပေါ်သာ မူတည်ကြောင်းလည်း RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး အုမ်ခေး က သျှမ်းသံတော်ဆင့် ကို ပြောသည်။ ၂၀၂၀ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပရန်လည်း ၁ လ နီးပါးသာကျန်နေသည့်အချိန်၊ လွှတ်တော် ကိုယ်စားလှယ်လောင်း အသီးသီး မဲဆွယ်နေသည့် ကာလအတွင်း အစိုးရတပ်မတော် အနေဖြင့် ယခုကဲ့သို့ တိုက်ပွဲဖန်တီး ခြင်းသည် ရုပ်ဆိုးကြောင်းလည်း စစ်ရှောင်များက ပြောဆိုလိုက်သည်။ https://burmese.shannews.org/archives/188

**************

၆။ ပူတာအိုခရိုင်၌ မဲဆန္ဒရှင် ၆၀,၀၀၀ ကျော်ရှိပြီး ၂၀၁၅ ရွေးကောက်ပွဲထက်ပိုများလာ
8 October 2020

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်မှာ ၂၀၂၀ ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အရေအတွက်ဟာ စက်တင်ဘာလ အ တွင်းစိစစ်ထားတဲ့စာရင်းအရ စုစုပေါင်း ၆၀,၂၅၆ ဦးရှိတယ်လို့ ပူတာအိုခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးထမ်းတန်ဖီရမ် က ပြောပါတယ်။

၂၀၁၅ ရွေးကောက်ပွဲတုန်းကထက် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အရေအတွက် ပိုတိုးတာတဲ့ အကြောင်းနဲ့ ပူတာအိုခရိုင်မှာ မဲရုံစုစုပေါင်း ၁၃၈ ရုံ ဖွင့်လှစ်ဖို့ ပြင်ဆင်ထားတည်လို့လည်းပြောပါတယ်။“မဲရုံ စုစုပေါင်း ၁၃၈ ရုံ ပြင်ဆင်ထားတယ်။ ပြီးတော့ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်ပေါင်းက ၉၁ ဦး ရှိပါတယ်။ ပါတီအနေနဲ့က ၁၀ ပါတီ အမည် စာရင်းတင်သွင်းထားပေမဲ့ တစ်ပါတီက ယှဉ်ပြိင်ခြင်းမရှိဘူး။ နောက်တစ်ပါတီကလည်း ပြည်နယ်မှာပြိုင်‌ပေမဲ့ ကျနော်တို့ ဆီ မှာ မှတ်ပုံတင်ထားခြင်းမရှိပါဘူး၊ ဒါကြောင့် မှတ်ပုံတင်ထားတဲ့ ၈ ပါတီက ပူတာအိုခရိုင်မှာ ယှဉ်ပြိုင်ဖို့ရှိတယ်”လို့ ပူတာအို ခရိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးထမ်းတန်ဖီရမ်က ပြောပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကပ်ဘေးကာလမှ စည်းရုံးရေး လုပ်နေတဲ့ ကိုယ်စားလှယ်လောင်းတွေနဲ့ မိဘပြည်သူတွေအနေနဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ‌ကော်မရှင်တို့က ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်အတိုင်း လိုက်နာဆောင်ရွက်ပေးဖို့ အထူးမှာကြားထားပြီး မြေပြင်မှာလည်း လိုက်နာဆောင်ရွက်နေကြတယ်လို့ ဦးဖီရမ်က ပြောပါ တယ်။

ပူတာအိုခရိုင်မှာ စက်တင်ဘာလအတွင်း ကိုယ်စားလှယ်လောင်းတွေ အချင်းချင်းကြားမှာ မဲဆွယ်စည်းရုံးရင်း ပုတ်ခတ်မှုနဲ့ တိုင်ကြားမှုတွေရှိခဲ့ပေမဲ့ အပြန်လှန် တောင်းပန်ခဲ့ကြလို့ နှစ်ဘက် သဘောတူညီမှုရရှိခဲ့ပါတယ်။ http://burmese.dvb.no /archives/415235

***************

၇။ ကျောက်ကြီးတွင် KPP အင်အားထောင်ချီ လှည့်လည်မဲဆွယ်
October 7, 2020

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်တွင် ကရင်ပြည်သူ့ပါတီက အင်အားထောင်ချီပါဝင်သည့် လှည့်လည် မဲဆွယ်ပွဲကို ယမန်နေ့ (အောက်တိုဘာ ၆ ရက်)တွင် ပြုလုပ်ခဲ့သည်ဟု ကရင်ပြည်သူ့ပါတီ-KPP ကျောက်ကြီး မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း စောသေးအားကလို ကေအိုင်စီသို့ ပြောသည်။ အဆိုပါ မဲဆွယ်ပွဲကို ကျောက်ကြီးမြို့နယ် ကရင်ပြည်သူ့ပါတီက ဦးဆောင်စီစဉ်ခြင်းဖြစ်ပြီး တိုင်းဒေသကြီး မဲဆန္ဒနယ်-၁ ဘက်တွင် ကျောက်ကြီး-မုန်း ကားလမ်း တလျှောက်နှင့် တိုင်းဒေသကြီး မဲဆန္ဒနယ်-၂ ဘက်တွင် ကျောက်ကြီး-နံသားကွင်း လမ်းတလျှောက် နံနက် ၇ နာရီခွဲတွင် စတင် လှည့်လည်မဲဆွယ်ခဲ့ပြီး မွန်းလွဲ ၂ နာရီ တွင် ကျောက်ကြီးမြို့ပေါ်တွင် အဖွဲ့နှစ်ဖွဲ့ပြန်ဆုံပြီးနောက် မဲဆွယ်ပွဲကို ရုပ်သိမ်းလိုက်သည်။

“ဒီနေ့ပွဲကို ဆိုင်ကယ်တွေရော ကားတွေနဲ့ပါ ခန့်မှန်း လူ ၃, ၀၀၀ လောက်လာတယ်။ လမ်းတလျှောက် ရွာတွေ ကျနော်တို့ ကို အားပေးတာတွေကိုကြည့်ပြီး အခြေအနေကောင်းမယ်လို့ ယုံကြည်တယ်ဟု”ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း စောသေးအားကလိုက ပြောသည်။ အဆိုပါ မဲဆွယ်ပွဲပြုလုပ်ရန် မြို့နယ် ရွေးကောက်ပွဲကော်မရှင်ထံ သုံးရက်ကြို တင်ခွင့်ပြုချက်ရယူ ပြုလုပ်ခြင်း ဖြစ်ပြီး လူဦးရေ အကန့်အသတ်ဖြင့် ပြုလုပ်ရန် ကနဦး စီစဉ်ထားသော်လည်း လာရောက် ဝန်းရံသူများသွားသည့် အခြေအနေဖြစ်သွားသည်ဟု KPP ကိုယ်စားလှယ်လောင်းများက ပြောသည်။

ကျောက်ကြီးမြို့နယ်၊ အစိုးရအုပ်ချုပ်သည့်ဒေသ အချက်အလက်များအရ စုစုပေါင်း လူဦးရေ ၁၂၀,၀၀၀ ကျော်ရှိသည့်အနက် ဗမာ လူမျိုး ၆၈,၆၂၁ ဦး ၅၅ ရာခိုင်နှုန်းနှင့် ကရင်လူမျိုးစုစုပေါင်း ၅၂,၂၈၂ ဦး ၄၂ ရာခိုင် နှုန်းခန့်ရှိကာ ရှမ်းလူမျိုး ၂၀၆၉ ဦး နေထိုင်လျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ၂၀၁၉ ခုနှစ်စာရင်းများအရ သိရသည်။ http://kicnew s.org/2020/10/%e1%80%b1%e1%80%80%e1%80%ba%e1%80%ac%e1%80%80%e1%

**************

၈။ ပလက်ဝမြို့နယ်အတွင်း ကျေးရွာပေါင်း ၂၀၀ ကျော် ဆန်ပြတ်လပ်ဟုဆို
October 9, 2020

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့စစ်မက်ဖြစ်ပွားရာ ချင်းပြည်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် လုံခြုံရေးအခြေအနေ ကြောင့် ရေလမ်း ကုန်လမ်းများပိတ်ဆို့ကာ ကုန်စည်ဝင်ရောက်မှုမရှိတော့သည့်အတွက် ပလက်ဝမြို့နယ်အတွင်းက ကျေးရွာ ပေါင်း ၂၀၀ ကျော်ဆန်ပြတ်လပ်နေပြီဟု ချင်းစစ်ဘေးရှောင်ပြည်သူများ အရေးပေါ်ကူညီးရေးနှင့် ပြန်လည်ထူထောင်ရေး ကော်မတီ RRCCI အဖွဲ့ထံမှ သိရသည်။

ပလက်ဝမြို့နယ်တွင် ယခုရက်ပိုင်းအတွင်တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း ပလက်ဝမြို့နယ်၏ အဓိကစားနပ်ရိက္ခာသယ် ဆောင်သည့်လမ်းကြောင်းများဖြစ်သော ရခိုင်ပြည်နယ် ကျောက်တော်လမ်း ပိတ်ဆို့သည့်အပြင် မတူပီ-ပလက်ဝ လမ်းသည် လည်း လုံခြုံရေးနှင့် ကားလမ်းအခြေအနေကြောင့် ဆမီးအထိ သွားရောက်နိုင်သည့်အတွက် ယခုကဲ့သို့ ဆန်ပြန်လပ်မှုဒဏ် ရင်ဆိုင်နေကြရခြင်းဖြစ်သည်ဟု RRCCI မှ မနန်းဝေကပြောသည်။ “ဒါကတကယ်တော့ စစ်ပွဲပြင်းပြင်းထန်ထန်ဖြစ်နေတဲ့ ၂၀၂၀ အစောကတည်းက ကျမတို့ ဆန်ပြတ်လပ်နေတဲ့ကျေးရွာ တွေရှိနေပြီးသားဖြစ်တယ် ဒါပေမဲ့အခုလိုမျိုးအရေအတွက် တက်လာတာ ကျေးရွာပေါင်း (၂၀၀) ကျော် (၃၀၀) ကျော်ပြတ်လပ်သွားတယ်ဆိုတာမျိုးကတော့ တစ်လနီးပါး ရက် (၂၀) ဝန်းကျင်လောက်ရှိနေပြီ မြို့ပေါ်မှာတော့ ဆန်လုံးဝဝယ်စရာတော့မရှိဘူး’ဟု မနန်းဝေကပြောသည်။“အထူးသဖြင့် စစ်တပ်ဘက်ကပေါ့နော် လုံခြုံရေးကိုအကြောင်းပြုပြီးတော့ ပိတ်ဆို့မှုတွေပေါ့နော် ဖြတ်လေးဖြတ်ပုံစံမျိူးနဲ့ လုပ်ထားတဲ့ အခါကျတော့ ကုန်ဈေးနှုန်းကမြင့်တက်နေတဲ့အနေအထားမှာရှိနေပြီးတော့ နောက်တစ်ချက်က ကိုဗစ်-၁၉ ရောဂါကူစက်မှု ထိန်းချူပ်ဖို့ ဥပဒေမျိူးနဲ့ထုတ်ပြန်တဲ့အခါကျတော့ လမ်းကြောင်းတွေက အရင်ထက်ပိုပြီးတင်းကြပ်သွားတော့ ခုလိုမျိူးဆန်က ပြတ်လပ်သွားတာပေါ့နော်’’ဟု မနန်းဝေကပြောသည်။

ယခုလက်ရှိ ပလက်ဝမြို့ပေါ်တွင် ဆန်တစ်အိတ်ကို ကျပ်ငွေ (၇၀၀၀၀) ခန့်ဈေးပေါက်နေပြီး ကြက်ဥတစ်လုံးမှာလည်း ၅၀၀ ခန့်ဈေးပေါက်နေသည်ဟုသိရသည်။ လူဦးရေတစ်သိန်းကျော်နေထိုင်ပြီး ကျေးရွာပေါင်း ၄၀၀ နီးခန့်ရှိသည့် ပလက်ဝမြို့နယ် တွင် ကျေးရွာထက်ဝက်ကျော်သည် ဆန်ပြတ်လပ်သည့်အနေအထားရှိရောက်ရှိနေခြင်းဖြစ်သည်။ ပလက်ဝမြို့နယ် ဆန်ပြတ် လပ်မှုနှင့်ပတ်သက်၍ ချင်းပြည်နယ်အစိုးရအဖွဲ့ကတော့ ပလက်ဝမြို့နယ်သို့ ဆန်အိတ်များအမြန် ဆုံးပို့ဆောင်နိုင်ရန် ဆောင်ရွက်နေသည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။ ယခုလက်ရှိ ဆန်ပြတ်လပ်မှု အများစုကျေးရွာများသည် ပလက်ဝမြို့ အထက်ပိုင်း၊ အရှေ့ခြမ်းနှင့် ကုလားတန်မြစ်၏ အနောက်ဘက်ကမ်း တို့မှ ကျေးရွာများဖြစ်ကြသည်။ https://www.bnionline.net/mm/news-76129

***************

၉။ ကချင်ပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နာဂ အမျိုးသားပါတီ
6 October 2020

လာမည့် ၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ပါက ဒေသဖွံ့ဖြိုးရေး၊ အခြေခံဥပဒေ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပင်လုံကတိကဝတ် အတိုင်း တိုင်းပြည်ပုံဖော်သည့်လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နာဂအမျိုးသားပါတီမှ ဥက္ကဌ ဦးရူမောင် က ပြောသည်။“အနိုင်ရသွားပြီဆိုရင် တိုင်းရင်းသားပါတီတွေဖြစ်တဲ့အတွက် ၂ ပိုင်းရှိမယ်လို့ထင်တယ်။ တစ်ပိုင်း ကကျတော့ ကိုယ့်ရဲ့မဲဆန္ဒနယ်ရဲ့နယ်မြေ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းရှိမယ်။ အခြားတစ်ဖက်မှာလည်း တိုင်းရင်းသားပါတီ တွေဖြစ်တဲ့အတွက်ကြောင့်မို့ ပိုအရေးကြီးတဲ့အပိုင်းတစ်ခု မြန်မာနိုင်ငံရဲ့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်တစ်ခုမှာ အခြေခံဥပဒေရေးဆွဲတဲ့ခါမှာ အဖွဲ့စည်းတစ်ခုဘဲရေးဆွဲတာမျိုးမဟုတ်ဘဲ တိုင်းပြည်တစ်ခုလုံးရဲ့အနာဂတ်ကံကြမ္မာကိုလွှမ်းမိုး အကျိုးသက်ရောက်စေမယ့် အခြေခံဥပဒေပြင်ဆင်ရေးဆွဲတဲ့နေရာမှာ တိုင်းရင်းသားလူမျိုးပေါင်းစုံ (နိုင်ငံရေးပါတီကိုယ်စား ပြုမူပေါင်းစုံ) အတူတူရေးဆွဲမယ်။ ဒါကကျနော်တို့ရဲ့မူဝါပိုင်းတွေ ပြောရရင်တော့ ဒီထက်ပိုရှည်ပါတယ် အချုပ်ဘဲပြောတာ ဖြစ်တယ်။” ဟု နာဂအမျိုးသားပါတီမှ ဥက္ကဌ ဦးရူမောင်ကဆိုသည်။

နာဂအမျိုးသားပါတီသည် ၂၀၁၆ ခုနှစ်တွင်စတင်တည်ထောင်ခဲ့သော ပါတီဖြစ်ပြီး လာမည့်ရွေးကောက်ပွဲတွင် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ မဲဆန္ဒနယ် ၁၀ နေရာနှင့် တနိုင်း၊ ရှင်ဗွေယန်၊ ခန္တီး၊ ဟုမ္မလင်း စသည့်ဒေသများတွင် ၅နေရာ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး စုစုပေါင်း မဲဆန္ဒနယ် ၁၅ နေရာတွင်ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ ယင်း မဲဆန္ဒနယ် ၁၅ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၁၅ ဦးအနက် အမျိုးသမီးကိုယ်စားလှယ်လောင်း တစ်ဦးပါဝင်ကြောင်း သိရသည်။

လက်ရှိချိန်ထိ နာဂအမျိုးသားပါတီသည် ပါတီအင်အား ၂ သောင်းခန့်ရှိနေပြီဖြစ်ပြီး နာဂ အမျိုးသားပါတီ၏ အားသာချက် သည် မျိုးနွယ်စုများအား အခြေခံကာ တည်ထောင်ထားသည့်ပါတီဖြစ်တဲ့တွက် နာဂ လူမျိုး များ၏ ထောက်ခံမူအပြည့်အဝ ရရှိထားသော်လည်း အားနည်းချက်အနေနှင့်မူ လမ်းပန်းဆက်သွယ်ရေးခက်ခဲမူ၊ ဖုန်း၊ အင်တာနက်လိုင်း မရရှိမူတို့ကြောင့် ပြည်မနိုင်ငံရေးစီးဆင်းမူပုံစံအား ထဲထဲဝင်ဝင်မသိသေးသည့် ပြည်သူများရှိခြင်းသည် အားနည်းချက်တစ်ခုဖြစ်ကြောင်း ပါတီဥက္ကဌ ဦးရူမောင်ကပြောသည်။ နာဂအမျိုးသားပါတီသည်လာမည့် ၂၀၂၀ ရွေးကောက် ပွဲ တွင် အောင်နိုင်ရေးတွက် ရာခိုင်နူန်းအပြည့်မျှော်မှန်းထားကြောင်းနှင့် ပါတီဆောင်ပုဒ်အနေဖြင့် “ပြန်လည်တည်ဆောက် ကြပါစို့”ဟူသည့် ဆောင်ပုဒ်ဖြစ်ကြောင်း နာဂအမျိုးသားပါတီမှ ဥက္ကဌ ဦးရူမောင်ကပြောသည်။ https://burmese.kac innews.com/2020/10/06/%e1%80%80%e1%80%81%e1%80

****************

၁၀။ အမတ်တစ်ဦးကို တရားစွဲမယ်လို့ ကယားလွှတ်တော် ဥက္ကဋ္ဌ ပြော
Otober 8, 2020

ဝန်ကြီးချုပ်ကို ရာထူးကနေဖယ်ရှားရေးအတွက် လွှတ်တော်ရဲ့ စွပ်စွဲပြစ်တင်တဲ့ ငါးဦးထဲမှာ လက်မှတ်ကို ပြန်ရုပ်သိမ်းခဲ့သူ ဒီးမော့ဆို မဲဆန္ဒနယ် အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းအောင်ကို တရားစွဲမယ်လို့ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ပြောထားပါတယ်။ စွပ်စွဲပြစ်တင်တဲ့အဖွဲ့ထဲကနေ နုတ်ထွက်ခဲ့တဲ့ဖြစ်ရပ်ဟာ လွှတ်တော်ပုံရိပ်ကို ထိခိုက်စေခဲ့တာကြောင့် တရားစွဲဆိုသွားမယ်လို့ အောက်တိုဘာလ ၆ ရက်နေ့က သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးလှထွေးက ပြောလိုက်တာပါ။“ ဦးသိန်းအောင်ကို ကျနော် တရားစွဲမှာပါ၊ မကြာခင်လေ။ ပွင့်ပွင့်လင်းလင်း ပြောတာပါ၊ မကြာခင် လုပ်မှာပါ။ ကျနော်ကလည်း ပြောလည်းပြောမယ်၊ လုပ်လည်းလုပ်မယ်”ပြင်းထန်ထဲပုဒ်မ ၃ ခုနဲ့ တရားစွဲမယ် ဆိုပေမယ့် ဘယ်ပုဒ်မတွေလဲ ဆိုတာကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။

စွပ်စွဲပြစ်တင်ရာမှာ စွပ်စွဲသူက ကယားပြည်နယ် လွှတ်တော်အတွင်း ကိုယ်စားလှယ် လေးပုံတစ်ပုံ၊ အရေအတွက် အားဖြင့် ငါးဦးရှိမှသာ ဥပဒေအရ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ရမှာဖြစ်ပါတယ်။ စွပ်စွဲသူ အရေအတွက် လေးဦးပဲ ရှိခဲ့ချိန်မှာ ဆက်လက် စုံစမ်းခဲ့ခြင်းဟာ အငြင်းပွားစရာ ဖြစ်လာနေတဲ့ ဒီအမှုကို ရှင်းပေးဖို့ ဝန်ကြီးချုပ်ဟောင်းက နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးကို တင်ပြထားရာမှာ ခုံရုံးက အောက်တိုဘာ ၆ ရက်နေ့မှာ ကြားနာခဲ့ ပါတယ်။ အခုလို ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ကနေ ပြည်နယ်လွှတ်တော် အမတ်တစ်ဦးကို ပြန်တရားစွဲနိုင်တဲ့ အခြေအနေ ရှိ၊ မရှိ ဆိုတာ နုတ်ထွက်စာမှာ ရေးသားထား ချက်အပေါ် မူတည်တယ်လို့ ကယားပြည်နယ်အခြေစိုက် ဥပဒေပိုင်း ဆိုင်ရာ အကြံပေးအဖွဲ့ဖြစ်တဲ့ Law Home အဖွဲ့က အထက်တန်းရှေ့နေ ဦးကျော်ဝဏ္ဏအောင်က ပြောပါတယ်။

အခုလို ကယားပြည်နယ်လွှတ်တော်ကနေ ဝန်ကြီးချုပ်ကို ဖြုတ်ချလိုက်တဲ့ကိစ္စကို ခုံရုံးကနေ ကြားနာချိန် ရှေ့နေချုပ်ကနေပြီး လုပ်ထုံး လုပ်နည်းနဲ့ မကိုက်ညီဘူး ဆိုတာပြောသွားပေမယ့် နောက်ဆုံးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း လိုက်နာ ကျင့်သုံးရမှာဖြစ်တယ်လို့ ဦးကျော်ဝဏ္ဏအောင်က ပြောပါတယ်။ ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုကို ပြည်နယ်အစိုးရရဲ့ စက်ယန္တာယားငှားရမ်းခငွေ ကျပ်သိန်းပေါင်း လေးထောင်ကျော်နဲ့ အများပိုင်ပြည်သူမြေကို ငှားရန်းထားတဲ့ငွေတွေကို အလွဲ သုံးစားမှုနဲ့ ပြည်နယ်လွှတ်တော်ကနေ စုံစမ်းစစ်ဆေးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်ကနေ ဖြုတ်ချခံခဲ့ရတာ ဖြစ်ပါတယ်။ ဦးအယ်လ်ဖောင်းရှိုကလည်း သူ့ကိုစွပ်စွဲပြစ်တင်ထားတာတွေနဲ့ ပတ်သက်လို့ မဟုတ်မှန်ကြောင်း၊ သူ့ကို ဖယ်ရှားဖို့ လွှတ်တော်က ဆုံးဖြတ်ခဲ့တာဟာ အင်အားရှိသူတွေက မတရား ဆောင်ရွက်ခဲ့တာဖြစ်သလို ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရဲ့ အားနည်းချက်ကြောင့်ဖြစ်ကြောင်း RFA ကို ပြောထားပါတယ်။ https://www.rfa.org/ burmese/news/kayah-

**************

၁၁။ ထိုင်းရောက် ကရင်တိုင်းရင်းသား သုံးထောင်ကျော် ကြိုတင်ဆန္ဒမဲ ပေးသွားမည်
October 8, 2020

ထိုင်းနိုင်ငံ ဒေသအသီးသီးတွင် ရောက်ရှိနေသည့် ကရင်လူမျိုး ၃ထောင်ကျော် ကြိုတင်ဆန္ဒမဲပေးသွားမည် ဖြစ်ကြောင်း ဘန်ကောက်မြို့တွင် လူမှုရေးလုပ်ငန်းလုပ်ဆောင်နေသူ ကရင်ဒုက္ခသည်များဆိုင်ရာ လူမှုစောင့် ရှောက်ရေးအဖွဲ့ (OKRSO) ထံမှ သိရသည်။

လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ပြန်လည်ပေးပို့လာသည့် ကြိုတင်ဆန္ဒမဲပေးနိုင်သူ စာရင်းအရ ကရင်ပြည် နယ်အတွင်း နေထိုင်သည့် ကရင်လူမျိုးစုစုပေါင်း (၃,၃၄၃)ဦးရှိပြီး လာမည့် အောက်တိုဘာလ ၁၁ ရက်နေ့တွင် ကြိုတင် ဆန္ဒမဲများသွားပေးကြည်ဟု ဆန္ဒမဲပေးနိုင်ရေးအတွက် ဦးဆောင်လုပ်ဆောင်နေသူ OKRSO အဖွဲ့အကြံပေး စောဆိပ်ပလောင် က ပြောသည်။ ၎င်းက “လက်ရှိ ကရင်ပြည်နယ်အတွင်းနေတဲ့ ကျနော်တို့ကရင်တွေ ဘန်ကောက်မှ မဲ ထည့်ခွင့်ရတဲ့ အမည် ကျလာတဲ့သူက ၃,၃၄၃ ဦးရှိတာပေါ့။ အဲ့လူတွေကို မနေ့ တနေ့က ဘယ်လို မဲထည့်ရလဲ။ ပယ်မဲ ဆိုတာ ဘယ်လိုမျိုးလဲ၊ အသိအမှတ်ပြုမဲဆိုတာ ဘယ်လိုလဲ ဆိုတာကို ခေါ်ပြီး ပြောပြတယ်။ ဒါပေမဲ့ လူနည်းနည်းလေးပဲ လာတယ်။ ဒါပေမဲ့ အွန်လိုင်းကနေလည်း သူတို့ကို သင်ပေးတာမျိုးရှိတယ်။”ဟု ကေအိုင်စီသို့ ပြော သည်။

အဆိုပါ မဲပေးသူ စာရင်းဦးရေအရ ဘန်ကောက်ရောက် ကရင်လူမျိုးများအတွက် ရာခိုင်နှုန်းအားဖြင့် ၃၀ ရာခိုင်နှုန်းခန့်သာရှိ ကြောင်းနှင့် အချိန်အခက်အခဲကြောင့် အရေအတွက် နည်းရခြင်းဖြစ်ကြောင်းလည်း စောဆိပ်ပလောင် က ဆက်ပြော သည်။ အဆိုပါ ကြိုတင်ဆန္ဒပေးနိုင်ရန် OKRSO မှ ဦးဆောင်၍ ဘန်ကောက်မြို့အပါအဝင် ဘန်ကောက်မြို့အနီးအနားရှိ ကရင် တိုင်းရင်းသားများကို ပြီးခဲ့သည့် ဇူလိုင်လက ခေါ်ယူ၍ ဆန္ဒမဲပေးနိုင်ရေးနှင့် လိုအပ်သည့် ပုံစံ(၁၅) ဖောင် ဖြည့်စွက် တင်ပြ ခြင်းတို့အတွက် သံရုံးနှင့် ချိတ်ဆက်ဆောင်ရွက်၍ ကူညီပေးခဲ့ကြောင်းလည်း သိရသည်။ လက်ရှိ ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများ ကြိုတင် ဆန္ဒမဲကို ပြီးခဲ့သည့် အောက်တိုဘာလ ၃ ရက်နေ့က စတင်ပေး ခဲ့ကြပြီး ၁၈ရက်နေ့အထိ သတ်မှတ် ထားကာ ထိုင်းနိုင်ငံအတွင်း တရားဝင် မြန်မာအလုပ်သမားများ ၁.၁၅ သန်းရှိသည့် အနက် ကြိုတင်ဆန္ဒမဲပေးခွင့် လျှောက် ထားသူ ၄ သောင်းနီးရှိကြောင်း မြန်မာသံရုံးထံမှ သိရသည်။ http://kicnews.org/2020/10/%e1%80 %91%e 1%80 %ad%e1%80%af%e1%80%84%e1%80%b9%e1%80

****************

၁၂။ ပြည်လုံးကျွတ်အထွေထွေရွေးကောက်ပွဲအတွက် “ဖယ်ကြဉ်မရှိမှ လွတ်မျှတ” အစီရင်ခံစာကို မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်းထုတ်ပြန်
October 8, 2020

မကြာမီကျင်းပမည့် ၂၀၂၀ ပြည်လုံးကျွတ်အထွေထွေရွေးကောက်ပွဲတွင် မြန်မာပြည်တောင်ပိုင်းရှိ တိုင်းရင်းသားလက်နက် ကိုင် EAOs ထိန်းချုပ်ရာဒေသများနှင့် ကျေးလက်နေပြည်သူတို့၏ မဲပေးပိုင်ခွင့်အခက်အခဲနှင့် စိန်ခေါ်မှုများအပေါ် မီးမောင်း ထိုး ဖော်ပြထားသည့် “ဖယ်ကြဉ်မရှိမှ လွတ်မျှတ” အမည်ရှိ အစီရင်ခံစာကို မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း Hurfom က (အောက်တိုဘာ ၈) တွင် ထုတ်ပြန်လိုက်သည်။

“၂၀၀၈ အခြေခံဥပဒေ အတည်ပြုပြီးတဲ့နောက်ပိုင်း အခုရွေးကောက်ပွဲက ၃ ကြိမ်မြောက်ဖြစ်တာပေါ့၊ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ မွန်ပြည်နယ်မဲဆန္ဒရှင်တစ်ဝက်လောက်ပဲ မဲလာပေးကြတယ်၊ ဒီအရေအတွက်က နည်းတယ်လို့ပြောရမယ်၊ သူတို့က အပြောင်းအလဲကို လိုလားပေမယ့် ဘာလို့ရွေးကောက်ပွဲမှာ မဲမပေးကြတာလဲ။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သူတို့ကြုံတွေ့နေရတဲ့အခက်အခဲတွေကို သေသေချာချာ သိရှိပြီးတော့ လက်တွေ့ကျတဲ့ဖြေရှင်းမှုတွေ ပြုလုပ်ပေးသွားနိုင်ဖို့ ရည်ရွယ်ပြီး ဒီအစီရင်ခံစာကို လုပ်ဖြစ်တာပါ”ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း စီမံကိန်းဒါရိုက်တာ နိုင်အဲမွန်က ပြောသည်။ အထူးသဖြင့် အဆိုပါဖယ်ကြဉ်ခံအုပ်စုများတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ထိန်းချုပ်ဒေသ နေ ပြည်သူများ၊ ကျေးလက်နေ အမျိုးသမီးများ၊ စာတတ်မြောက်နှင့်အသိပညာနည်းပါးသည့် သက်ကြီးရွယ်အိုများ၊ နေရပ် စွန့်ခွာတိမ်းရှောင်ရသူများ၊ ပထမဆုံးမဲပေးကြမည့် လူငယ်များနှင့် အခြားနည်းဖြင့် သန်စွမ်းသူများ၏ ရွေးကောက်ပွဲ ဆိုင်ရာ အခက်အခဲများနှင့် စိန်ခေါ်မှုများကို ဤအစီရင်ခံစာတွင် မီးမောင်းထိုး ဖော်ပြထားခြင်း ဖြစ်သည်။

နိုင်အဲမွန်က “မူဝါဒပိုင်းဆိုင်ရာတွေမှာ အဆုံးအဖြတ်ပေးနိုင်တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကို ကျနော်တို့တိုက်တွန်း လို တာက နိုင်ငံသားဆိုင်ရာအခွင့်အရေးအတွက် နိုင်ငံသားတိုင်း သူတို့ယုံကြည်ကိုးစားတဲ့ နိုင်ငံရေးပါတီကို မဲထည့်ခွင့်ပေးသင့် တယ်လို့ ကျနော်တို့မြင်တယ် ဒါမှလည်း ဒီမိုကရေစီနည်းလမ်းကျတဲ့ အုပ်ချုပ်မှုတစ်ခုအောက်မှာ ရှိနေတဲ့အနေအထားအဖြစ် ထင်သာမြင်သာရှိအောင် ကျနော်တို့ဖော်ပြနိုင်မှာဖြစ်တယ်”ဟု မွန်သတင်းအေဂျင်စီနှင့် အင်တာဗျူးတွင် ပြောကြားသည်။ တိုင်းရင်းသားလက်နက်ကိုင်ထိန်းချုပ်ရာဒေသတွင်းရှိ သာမန်ပြည်သူလူထုများအနေဖြင့် နိုင်ငံသားဖြစ်မှု သက်သေခံအ ထောက်အထား လက်ဝယ်ရရှိစေရေးအပြင် ရွေးကောက်ပွဲများတွင် မဲပေးခွင့်ရှိစေရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနှင့် သက်ဆိုင်သည့်ဒေသန္တရ (သို့မဟုတ်) ပြည်နယ်/တိုင်းဒေသကြီးအစိုးရအကြားတွင် မူဝါဒတိတိကျကျ သတ်မှတ်ထားခြင်း မတွေ့ရကြောင်း ၎င်းက ပြောသည်။

မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း Hurfom သည် မြန်မာနိုင်ငံဒီမိုကရေစီရေး၊ စစ်မှန်သောငြိမ်းချမ်းရေးနှင့် လူ့အခွင့် အရေး အခြေအနေများ တိုးတက်ကောင်းမွန်လာစေရေးအတွက် တိုက်တွန်းနှိုးဆော်မှုများ၊ ပညာပေးအစီအစဉ်များ၊ သတင်း အချက်အလက်များနှင့် အစီရင်ခံစာများ ထုတ်ဝေခြင်းများ ပုံမှန်ဆောင်ရွက်နေသည့် မွန်ပြည်နယ်အခြေစိုက် လူ့အခွင့်အရေး ဖောင်ဒေးရှင်းတစ်ခုဖြစ်သည်။ http://burmese.monnews.org/2020/10/08/%e1%80%95%e1%80%bc%e1%80 %8a%e1%80%ba%e1%8

****************

၁၃။ COVID-19 ကူးစက်ရောဂါကာလဖြစ်သည့်အတွက် မဲဆွယ်စည်းရုံးရေးဆင်းရာတွင် အခက်အခဲများတွေ့ကြုံနေရဟု မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ်လောင်း ပြောကြား
6 October 2020

COVID-19 ကူးစက်ရောဂါ ဖြစ်ပွားနေသောကာလဖြစ်သည့်အတွက် မဲဆွယ်စည်းရုံးရေးဆင်းရာတွင် အခက်အခဲများ တွေ့ကြုံနေရကြောင်း မွန်ညီညွတ်ရေးပါတီမှ ကျိုက်ထိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းမင်းထွန်း က ပြောကြားသည်။“စည်းရုံးရေးဆင်းတဲ့အခါမှာ တွေ့ကြုံရတာက ကျိုက်ထိုမြို့ပေါ်က ပြည်သူတွေဆိုရင် အပြင်သိပ်မ ထွက်ကြတော့ဘူး။ ကျေးရွာတွေကိုသွားရင်လည်း ပါတီမိတ်ဆက်လုပ်ဖို့အတွက်ကို သက်ဆိုင်ရာကျေးရွာက ရာအိမ်မှူးတွေ ကို အကူအညီတောင်းပြီးတော့မှ ပြည်သူ လေး၊ ငါး၊ ၁၀ ယောက်လောက် စုပေးဖို့ပြောဆိုပြီးတော့မှ ကျွန်တော်တို့က စည်းရုံးရတာတွေရှိပါတယ်။ တချို့ရွာတွေကျတော့ ပေးမဝင်တာတွေရှိတယ်။ ဂိတ်တွေထားပြီး တားထားတာတွေရှိပါတယ်။ ဘယ်ပါတီကိုမှ ပေးမဝင်ဘူးဆိုပြီး ပြောတာတွေလည်း ရှိပါတယ်” ဟု ဦးဝင်းမင်းထွန်းက ပြောကြားသည်။

“တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်တွေထဲမှာ နေရာအသင့်တင့်ရရှိမှသာ တိုင်းရင်းသား တွေရဲ့ လိုအပ်ချက်တွေကို ကိုယ်တိုင်တောင်းဆိုနိုင်မှာ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့်လည်း တိုင်းရင်းသားပါတီတွေ အားလုံးက ရွေးကောက်ပွဲအောင်နိုင်ရေးအတွက်ကို ကြိုးစားနေကြတာဖြစ်ပါတယ်။ ဒါကြောင့် လာမယ့်ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေကို အားပေးကြဖို့ တိုက်တွန်းချင်ပါတယ်”ဟု ဦးဝင်းမင်းထွန်းက ဆိုသည်။

မွန်ညီညွတ်ရေးပါတီအနေဖြင့် လာမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ မွန်ပြည်နယ်အတွင်း ကျိုက်ထို၊ မော်လမြိုင်၊ ကျိုက်မရော၊ ချောင်းဆုံ၊ မုဒုံ၊ သံဖြူဇရပ်၊ ရေးနှင့် ပေါင်မြို့နယ်တို့တွင် မဲဆန္ဒနယ်အပြည့် ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း၊ ကရင်ပြည်နယ်အတွင်း ဘားအံမြို့နယ်၌ အမျိုးသားလွှတ်တော် တစ်နေရာ၊ ပြည်နယ်လွှတ်တော် နှစ် နေရာ၊ ကော့ကရိတ်မြို့နယ်၌ ပြည်သူ့လွှတ်တော် တစ်နေရာ၊ အမျိုးသားလွှတ်တော် တစ်နေရာ၊ ပြည်နယ်လွှတ်တော် တစ် နေရာနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ပြည်သူ့လွှတ်တော် တစ်နေရာ၊ အမျိုးသားလွှတ်တော် နှစ်နေရာနှင့် ပြည်နယ် လွှတ်တော် နှစ်နေရာ၊ မွန်ပြည်နယ်တွင် ဗမာတိုင်းရင်းသားရေးရာ ကိုယ်စားလှယ် တစ်နေရာနှင့် ကရင်ပြည်နယ်တွင် မွန်တိုင်းရင်းသားရေးရာ ကိုယ်စားလှယ် တစ်နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်တိုင်း ဒေသကြီး၌ ရွှေပြည်သာ-မှော်ဘီ-ထန်းတပင်မြို့နယ်များတွင် အမျိုးသားလွှတ်တော် တစ်နေရာ၊ တောင်ဥက္ကလာပ၊ ဒေါပုံ၊ ရွှေပြည်သာ၊ သာကေတနှင့် စမ်းချောင်းမြို့နယ်များတွင် တိုင်းဒေသကြီးလွှတ်တော် တစ်နေရာစီနှင့် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်တွင် တိုင်းဒေသကြီးလွှတ်တော် နှစ်နေရာ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ https://news-eleven.com/article/194836

**************

၁၄။ ကိုဗစ်ကာကွယ်ရေး RCSS/SSA ထိန်းချုပ်သည့်ကျေးလက်များအတွင်း ပြင်ပလူဝင်ထွက်သွားလာခွင့်မပြု
October 7, 2020

မြန်မာနိုင်ငံတွင် ကိုဗစ်ကူးစက်မှုနှုန်းမြင့်မားလာပြီး သေဆုံးမှုလည်းများပြားလာသည့်အတွက် ကျေးလက်နေလူထု ကျန်းမာ ရေး အလေးထားကာ မိမိထိန်းချုပ်လှုပ်ရှားရာဒေသ ကျေးလက်များအတွင်း ပြင်ပလူဝင်ထွက်သွားလာမှုကို ဟန့်တားထား ကြောင်း RCSS/SSA က ကြေညာချက်တစောင်ထုတ်ပြန်လိုက်သည်။

အချက် ၆ ချက်ပါ RCSS/SSA ၏ အဆိုပါကိုဗစ်ရောဂါထိန်းချုပ်ရေးနှင့်ပတ်သက်သည့် ကြေညာချက်ကို အောက်တိုဘာလ ၅ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး၊ ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းမည့်ပါတီများအနေဖြင့် ကျန်းမာရေး ဌာနမှ ထုတ်ပြန်သော စည်းကမ်းချက်များအတိုင်း တိတိကျကျလိုက်နာရန် ဟူသောအချက်ပါရှိပါသည်။ ၎င်းနှင့်ပတ်သက်ပြီး RCSS/SSA ပြောခွင့်ရ ဒုဗိုလ်မှူးကြီး အုမ်ခေးက- “ကိုဗစ်-၁၉ ရောဂါကူးစက်မှုက အရမ်းပြင်းထန်နေပါတယ်။ ကျေးလက် ရပ်ရွာထဲ ကွင်းဆင်းစည်းရုံးရေးဆင်းမယ့် ပါတီတွေအနေနဲ့လည်း လူထုရဲ့ ကျန်းမာရေးကိုအဓိက အလေးထားရမယ်။ ကွင်းဆင်းမှ စည်းရုံးနိုင်တာမဟုတ်ပါဘူး။ အခုဆိုရင် အွန်လိုင်းကနေ စည်းရုံးရေးလုပ်နေကြတာလည်းတွေ့ရတယ်။ အခက် အခဲလေးတွေတော့ရှိမှာပေါ့နော်။ ဒါပေမယ့်အလုပ်မဖြစ်တဲ့အထိ တော့မဖြစ်ပါဘူး။”ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

ကြေငြာချက်တွင် RCSS/SSA ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးလက်များသို့ ပြင်ပရွာမှလူများဝင်ရောက်ခွင့်၊ ရွာသားများရွာ ပြင်ထွက်ခွင့် ကို အောက်တိုဘာလ ၅ ရက်မှ ၃၁ ရက်နေ့အထိပိတ်ပင်ထားသည်။ အရေးပေါ်အခြေအနေ မှသာ ရွာသားများ စုပေါင်းပြီးမှ ရွာပြင်ထွက်နိုင်ကြောင်းလည်း ဒုဗိုလ်မှူးကြီးအုမ်ခေးကပြောသည်။ https://burmese.shannews.org/arch ives/18789

***************

၁၅။ ဗန်းမော်ခရိုင်တွင် မဲဆန္ဒရှင်စာရင်း ၈၀၀၀ ကျော်တိုးလာ
7 October 2020

ကချင်ပြည်နယ် ဗန်းမော်ခရိုင်တွင် ပထမအကြိမ် မဲစာရင်းကြေညာပြီးနောက် မဲဆန္ဒရှင်စာရင်း ၈၀၀၀ ခန့် ပြန်တိုးလာ ကြောင်း ဗန်းမော်ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးမှ သိရသည်။

ပထမအကြိမ် မဲစာရင်းကပ်ရာတွင် ဗန်းမော်ခရိုင်အတွင်းရှိ မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်၂သိန်း ၄သောင်းခန့်ရှိသော်လည်း ဒုတိယအကြိမ်မဲစာရင်းတွင် ၈ထောင်ခန့်တိုးလာသည့်အတွက် လက်ရှိနောက်ဆုံးစာရင်းအရ မဲဆန္ဒရှင်စာရင်း၂၄၈၁၈၁ ရှိနေပြီဖြစ်ကြောင်း ဗန်းမော်ခရိုင်ရွေးကောက်ပွဲကော်မရှင်မှ အရာရှိ ဦးကျော်သိန်းက ဆိုသည်။“ ခုစာရင်းက မပိတ်သေးဘူး ဆိုတော့ အတိအကျပြောလို့မရသေးဘူး။ ဒီထက်တိုးချင်တိုးလာနိုင်သေးတယ်။ လောလောဆယ်တော့ ပုံစံ (၃-က) နဲ့လာ လျှောက်ထားတဲ့ ဦးရေက ၄၀၀ကျော်ရှိနေပြီ။ ဒီ ၄၀၀ ကျော်က ခုန ဒုတိယအကြိမ် မဲစာရင်းကြေညာတဲ့အထဲမှာ မပါသေး ဘူး။ ခုနောက်ပိုင်းပြန်လာလျှောက်တဲ့ စာရင်းတွေဖြစ်ပါတယ်။” ဟု အရာရှိ ဦးကျော်သိန်းက ပြောသည်။

ဗန်းမော်ခရိုင်အတွင်း မြို့နယ်ပေါင်း ၄ ခုအနက် မဲဆန္ဒရှင်စာရင်းမှာ ဗန်းမော်မြို့နယ်တွင် ၉၀၈၆၈ ၊ မန်စီမြို့နယ် ၄၀၁၈၂ ၊ မိုးမောက်မြို့နယ် ၅၂၁၈၇ နှင့် ရွှေကူမြို့နယ် ၆၄၉၄၄ အသီးသီးရှိကြောင်း သိရသည်။ ကချင်ပြည်နယ် တစ်ပြည်နယ်လုံးတွင် လာမည့် ရွေးကောက်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီပေါင်း ၁၉ ပါတီရှိကာ လူဦးရေအားဖြင့် ၁၁ သိန်းနီးပါး ရှိသည်။ ဗန်းမော်ခရိုင်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီပေါင်း ၁၁ ပါတီရှိပြီး တစ်သီးပုဂ္ဂလ ပြိုင်မည့်သူ ၂ ဦး ပါဝင်သည်။ မဲရုံများမှာ ဗန်းမော်မြို့နယ်တွင် ၆၆ ရုံ၊ မံစီမြို့နယ် ၃၉ ရုံ၊ မိုးမောက်မြို့နယ် ၄၅ ရုံ၊ ရွှေကူမြို့နယ် ၅၁ ရုံ ရှိကြောင်း သက်ဆိုင်ရာမှ သိရ သည်။ https://burmese.kachinnews.com/20 20/10/07/%e1%80%97%e1%80%94%e1%80%ba%e1%

**************

၁၆။ ဒေသတွင်း တိုင်းရင်းသား နိုင်ငံရေးပါတီများ ရွေးကောက်ပွဲအောင်နိုင်ရေး ကိစ္စနှင့်ပတ်သက်ပြီး မွန်၊ ပအိုဝ်းနှင့် ကရင် လူငယ်များ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့
8 October 2020

ဒေသတွင်း တိုင်းရင်းသား အခြေပြု နိုင်ငံရေးပါတီများ ရွေးကောက်ပွဲအောင်နိုင်ရေး ကိစ္စနှင့်ပတ်သက်ပြီး မွန်၊ ပအိုဝ်းနှင့် ကရင်လူငယ်များ အောက်တိုဘာ ၇ ရက်က သထုံမြို့နယ် နောင်ကုလားကျေးရွာရှိ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO) ပါတီ (မွန်ပြည်နယ်) ရုံးတွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ကရင် လူငယ်များ အစည်းအရုံး၊ ကရင်လူငယ်ကွန်ရက်၊ မွန်လူငယ်အဖွဲ့၊ ပအိုဝ်းလူငယ်ကွန်ရက်၊ ပအိုဝ်းမျိုးဆက်သစ် လူငယ် ကွန်ရက်တို့မှ လူငယ်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

“ကျွန်တော်တို့အနေနဲ့က လက်ရှိမှာ ရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံးရေးဆင်းဖို့က COVID-19 ရောဂါနဲ့က အခက် အခဲတွေ ဖြစ်နေတယ်။ အဲ့ဒီအတွက်ကြောင့် ကျွန်တော်တို့ PNO ပါတီရယ်၊ ကရင်ပြည်သူ့ပါတီရယ်၊ နောက် မွန်ညီညွတ်ရေး ပါတီတွေကို ဘယ်လိုဝန်းရံကြမလဲပေါ့နော်။ အဲဒါတွေကို တိုင်ပင်ဖြစ်ပါတယ်။ လတ်တလောမှာတော့ ကျွန်တော်တို့ PNO ပါတီနဲ့ ကရင်ပြည်သူ့ပါတီတို့က ပူးပေါင်းပြီးတော့ မဲဆွယ်စည်းရုံးတာတွေ၊ နောက် ကိုယ်စားလှယ်လောင်း ဆိုင်းဘုတ်တွေကို ပူးတွဲပြီးတော့ စိုက်ထူတာတွေတော့ ဆောင်ရွက်ခဲ့ကြပါတယ်။ နောက်စည်းရုံးရေး ဆင်းကြတဲ့အခါမှာ ဘယ်လိုအခြေအနေ မျိုးတွေ ကြုံတွေ့ရသလဲပေါ့။ နောက်ဘယ်လို နေရာတွေမှာ တွဲလုပ်မယ်။ ဘယ်လိုနေရာတွေမှာ ခွဲပြီးလုပ်ကြမယ်ပေါ့။ အဲဒါ တွေကို တိုင်ပင်ဆွေးနွေး ဖြစ်ခဲ့ပါတယ်”ဟု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ (မွန်ပြည်နယ်) အတွင်းမှူး ခွန်တေဇ က ပြောကြားသည်။ လာမည့် အောက်တိုဘာ ၁၈ ရက်တွင် မွန်၊ ကရင်၊ ပအိုဝ်းလူငယ်တွေ ထပ်မံတွေ့ဆုံ ဆွေးနွေးကြရန် ရှိကြောင်းနှင့် ဆွေးနွေးပြီးပါက ရွေးကောက်ပွဲ အောင်နိုင်ရေး Campaign လုပ်ဆောင်သွားရန် တိုင်ပင်ထားကြောင်း ခွန်တေဇ က ဆက်လက် ပြောကြားသည်။

ထို့အတူ ကရင်လူငယ်ကွန်ရက် (မွန်ပြည်နယ်) တာဝန်ခံ စောသောကြာကလည်း “အဓိကကတော့ လူငယ်တွေ အချင်းချင်း ကြားထဲမှာ ပူးပေါင်းလုပ်ဆောင်နိုင်မယ့် ကိစ္စတွေကို ပူးပေါင်းလုပ်မယ်ပေါ့။ အမှန်က အလွတ်သဘော တွေ့ဆုံဆွေးနွေး ကြတာပါဘဲ။ ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေအောင်နိုင်ရေးအတွက်ကို အဓိကထားပြီး ဆွေးနွေးဖြစ်ကြပါတယ်။ နောက်လာမယ့် အောက်တိုဘာ ၁၈ ရက်မှ ပအိုဝ်းလူငယ်၊ ကရင်လူငယ်၊ မွန်လူငယ်တွေ စုပေါင်းပြီးတော့ သထုံနဲ့ပေါင် မြို့နယ်အတွင်းမှာ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် စီတန်းလှည့်လည်ဖို့ အတွက်ကိုတော့ အကြမ်းဖျင်း ဆုံးဖြတ်ထား ပါတယ်”ဟု ပြောကြားသည်။ လက်ရှိတွင်လည်း သထုံမြို့နယ်အတွင်း ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO) ပါတီ နှင့် ကရင် ပြည်သူ့ပါတီ (KPP) တို့ပူးပေါင်းကာ ရွေးကောက်ပွဲ အောင်နိုင်ရေးဆိုင်းဘုတ် စိုက်ထူခြင်းများ ပြုလုပ်ခဲ့ကြသည့်အပြင် သံဖြူ ဇရပ်မြို့နယ်နှင့် ရေးမြို့နယ်များအတွင်း မွန်ညီညွတ်ရေးပါတီမှ ရွေးကောက်ပွဲအောင်နိုင်ရေး ဆိုင်းဘုတ်များစိုက်ထူရာ၌ ဒေသခံ ကရင်တိုင်းရင်းသားများမှ တက်ရောက် ဝန်းရံပေးခဲ့ကြောင်း သိရသည်။ https://news-eleven.com/a rticle/195

***************

၁၇။ မိုင်ရွှေလှေတီာလ် ရုပ်အလောင်း လမ်းဘေးမြေမြုပ်ခိုင်းမှု သက်ဆိုင်သူများကို ထိရောက်စွာအရေးယူရန် ချင်း ကျောင်းသား/လူငယ် (၁၃) ဖွဲ့ကတောင်းဆို
October 9, 2020

မလေးရှားနိုင်ငံတွင် သေဆုံးသည့် အသက် (၂၁) နှစ်အရွယ် မိုင်ရွှေလှေတီာလ်၏ ရုပ်အလောင်းအား ဇာတိမြို့ ချင်းပြည်နယ် ထန်တလန်မြို့သို့ဝင်ခွင့်မပြုဘဲ မြို့အပြင်လမ်းဘေးတွင် မြေမြုပ်ခိုင်းခဲ့သည့် ထန်တလန်မြို့မှ သက်ဆိုင်ရာတာဝန်ရှိ သူများကို ထိထိရောက်ရောက်အရေးယူရန် ချင်းကျောင်းသား/လူငယ်အဖွဲ့အစည်းအပေါင်း (၁၃) ဖွဲ့က တောင်းဆိုလိုက် သည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ထန်တလန်မြို့ခံ (ရပ်မိရပ်ဖ၊ လူငယ်) အဖွဲ့အစည်း များ ပါဝင်သော လွတ်လပ်သည့်စုံစမ်းစစ်ဆေးမှုအဖွဲ့(Independent Inquiry) တရပ်ကိုဖွဲ့စည်းကာ မိုင်ရွှေလှေတီာလ်ရုပ် ကလပ် အား ထန်တလန်မြို့တွင်းသို့ ဝင်ခွင့်မပြုခြင်းနှင့် ဂုဏ်သိက္ခာရှိစွာအသုဘချခြင်းမရှိအောင် တားဆီးပိတ်ပင်သည့် တာဝန်ရှိသူများကို အများပြည်သူ သိရှိနိုင်ရေးချပြပေးပါရန်နှင် ထိရောက်စွာအရေးယူဆောင်ရွက်မှုများလုပ်ဆောင်ပေးရန် ချင်းကျောင်းသား/လူငယ် အဖွဲ့အစည်း (၁၃) ဖွဲ့က အောက်တိုဘာလ (၇) ရက်နေ့က ပူးတွဲကြေညာချက်တစ်ဆောင်ထုတ် ပြန်ခဲ့ခြင်းဖြစ်သည်။

ဗဟိုချင်းလူငယ်များအဖွဲ့အစည်း၏ ဥက္ကဌ Salai An No Bik က “ရုပ်ကလာပ်ကို သံတမန်ရေးအရ မလေးရှာကနေ၊ ရန်ကုန်ထိ၊ ရန်ကုန်ကနေ ထန်တလန်မြို့အထိတောင်မှသယ်လာနိုင်ပြီး ဘာဖြစ်လို့ ကိုဗစ်ကော်မတီက ထန်တလန်မြို့ ထဲကို ဘာလို့ဝင်ခွင့်မပြုတာလဲ ဒါကို ကျနော်တို့ကန့်ကွက်ရှုချတယ်၊ ကျနော်သိရသလောက်ကတော့ အဲဒီထန်တလန် ကိုဗစ် ကော်မတီက ဗမာတွေကြီးပဲ အဲမှာက သူတို့က ချင်းဓလေ့ထုံးတမ်းစဉ်လာကိုနားမလည်ဘဲနဲ့ ကိုဗစ်ကိုအကြောင်း ပြပြီးမှ အဲလိုလုပ်တာတော့ ကျနော်တို့ လုံးဝလက်မခံနိုင်ဘူး၊ နောက်တစ်ခါဆိုရင်တော့ ကျနော်တို့ခွင့်လွတ်မှာမဟုတ်ဘူး၊ ကျနော် တို့ တောင်းဆိုထားတဲ့အတိုင်းလုပ်စေချင်တယ် အဲဒါမလုပ်ပေးဘူးဆိုရင် ကျနော်တို့ မြို့နယ် (၉) မြို့က လူငယ်တွေ ဆန္ဒ ဖော်ထုတ်တာလုပ်နိုင်တယ်”ဟု ခိုနူမ်းသုန်ကိုပြောသည်။ မိုင်ရွှေလှေတီာလ် အသက် (၂၁) နှစ်သည် စက်တင်ဘာလ (၂၉) ရက်နေ့ ည (၈) နာရီခန့်အချိန် မလေးရှားနိုင်ငံရှိ (၈) ထပ်တိုက်ပေါ်မှပြုတ်ကျသေဆုံးခဲ့ပြီး ထန်တလန်မြို့တွင် မြေမြုပ် သဂြိုလ်ရန် မလေးရှားနိုင်ငံမှ ရန်ကုန်လေဆိပ်၊ မန္တလေး၊ ဟားခါး အဆင့်ဆင့်သယ်ဆောင်လာပြီးနောက် ထန်တလန်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချူပ်၊ ကုသရေးကော်မတီ က ထန်တလန်မြို့အတွင်း ဝင်ခွင့်မပြုဘဲ ဟားခါးသွားသည့် လမ်းမ ဘေးတွင်မြေမြုပ်သဂြိုလ် ခိုင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ ချင်းမီဒီယာများမှရေးသားဖော်ပြပြီး ဆိုရှယ်မီဒီယာပေါ်တွင် ကန့်ကွက်ဝေဖန်မှုများ မြင့်တက် လာပြီးနောက် သက်ဆိုင်ရာအာဏာပိုင်များက ပြန်လည်ခွင့်ပြုသဖြင့် မိုင်ရွှေလှေတီာလ်၏ ရုပ်အလောင်းကို ပြန်လည် တူးဖော်ကာ ထန်တလန်မြို့သချိူင်းတွင် အောက်တိုဘာလ ၆ ရက်နေ့ညက ပြန်လည်သဂြိုလ်ခဲ့ကြသည်။

မိုင်ရွှေလှေတီာလ် ဖြစ်စဉ်နှင့်ပတ်သက်၍ တောင်းဆိုခဲ့ကြသည့် အဖွဲ့အစည်းများမှာ Thantlang Youth Association ၊ Thantlang Sianghleirun ChungKhar ၊ Central Chin Youth Organization ၊ Chin Literature and Culture Committee (Universities-Yangon) ၊ Zomi Siamsin Kipawlna-Myanmar ၊ Chin Student Union,kalay ၊ Falam Phunsang Tlawngta Pawlkom,Myanmar ၊ Lairawn Zirsang Pawlkom,kalay ၊ Zo khangno Kipawlna (Tonzang) ၊ Zo Youth Organization (Tonzang) ၊ Mindat University Student’s Union ၊ Hakha University Student’s Organization ၊ Falam Mino Pawlkom တို့ဖြစ်ကြသည်။ https://www.bnionline.net/mm/news-76121

**************

၁၈။ တိုက်ပွဲများ ရပ်တန့်ရန် အရပ်ဘက်အဖွဲ့များနှင့် ဒေသခံများ တောင်းဆို
October 9, 2020

ရွေးကောက်ပွဲကာလ နီးလာနေချိန် ရှမ်းမြောက်ဒေသတွင် ဆက်တိုက်ဖြစ်ပွားလာနေသည့် တိုက်ပွဲများ ရပ်တန့်ပေးရန် ဒေသခံများက တောင်းဆို လိုက်သည်။ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကြီးတွင် မဲဆန္ဒရှင်ပြည်သူများ အနေဖြင့် မဲပေးခွင့် ဆုံးရှုံးမှု မရှိရလေအောင် အောက်တိုဘာလ ပထမအပတ်အတွင်းက စတင်ဖြစ်ပွား နေသည့် တိုက်ပွဲများကို အမြန်ဆုံးရပ်တန့် ပေးရန် အရပ်ဖက်အဖွဲ့အစည်းများနှင့် ကျောက်မဲဒေသခံများက တောင်းဆို လိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ရက်က နန်းပန်းအိဖြူက “၂၀၁၅ ရွေးကောက်ပွဲ တုန်းကဆိုရင် ကျ နော်တို့ ကျေးသီးသည် လုံခြုံမှု မရှိသောကြောင့် စစ်ဖြစ်နေတဲ့ အခါကျတော့ ကျေးသီး၊ မိုင်းရှှုး၊ တန့် ယန်း တို့က ကျနော်တို့က ရွေးကောက်ပွဲ မကျင်းပခဲ့ရတာရှိတယ်။ ပြီးတော့မှ ကြားဖြတ်ရွေး ကောက်ပွဲကို ကျ နော်တို့ ပြန်ကျင်းပရတာ ရှိတယ်ပေါ့။ အဲလိုမျိုး အခြေအနေ ဒီလိုမျိုး အခြေအနေမှာ ဆိုလို့ရှိရင် ဒီရွေး ကောက်ပွဲက အဲမှာ မဲပုံးမရှိဘူးဆိုလို့ရှိရင် အဲဒီဒေသမှာ မဲ ထည့်ခွင့် မရှိဘူးလေ။ အဲဒါကြောင့်မို့လို့ အဲဒီ စစ်ပွဲ ကို အမြန်ဆုံးရပ်တန့်ပေးပါလို့ တောင်းဆိုချင်တာပါ” ဟု ပြောသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများဖက်မှ ၎င်းတို့ ရွေးချယ်မည့် လွှတ်တော် ကိုယ်စားလှယ်များကို အဟန့် အတား တစ်စုံတစ်ရာမရှိပဲ ရွေးချယ်နိုင်ရန်နှင့် လက်ရှိဖြစ်ပွားလျက်ရှိသည့် ကပ်ရောဂါကြောင့် စီးပွားရေး ထိခိုက်နစ်နာမှု များလည်း ရှိနေသည့်အတွက် တိုက်ပွဲများကို အမြန်ဆုံးရပ်တန့်ပေးရန် နမ့်ခုံပရဟိတအသင်း တာဝန်ရှိသူတစ်ဦးကလည်း တောင်းဆိုသည်။

ကချင်ပြည်နယ်ရှိ ဆွမ်ပရာဘွမ်၊ ဝိုင်းမော်၊ ခေါင်လန်ဖူး၊ မချမ်းဘော၊ ချီဖွေ၊ ဆော့လော်၊ အင်ဂျန်း ယန်၊ မံစီ၊ တနိုင်း၊ ရွှေကူ စသည့်မြို့နယ်များရှိ အချို့ကျေးရွာအုပ်စုများတွင် မဲဆန္ဒခံယူပွဲများ မပြုလုပ်နိုင်ခဲ့သည်သာမက ရွေးကောက်ပွဲ မပြုနိုင်သည့် ကျေးရွာ အုပ်စု စုစုပေါင်း ၂၂၁ ရွာခန့်ရှိခဲ့သည်ဟု ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသည့်အဖွဲ့များ၏ မှတ်တမ်းများထဲတွင် တွေ့ရသည်။ ထို့နည်းအတူ ကရင်ပြည်နယ်ရှိ မြဝတီ၊ သံတောင်ကြီး၊ ဘားအံ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်များ အတွင်းရှိ ကျေးရွာအုပ်စု အချို့တွင် မဲဆန္ဒခံယူပွဲများကို ရုတ်သိမ်းခဲ့ သည့်အပြင် မွန်ပြည်နယ် ဘီလင်းမြို့နယ်ရှိ ဘော်နော်ကြီး ကျေးရွာအုပ်စုတွင်လည်း မဲဆန္ဒခံယူနိုင်ခြင်း မရှိဟု သိရသည်။ https://www.bnionline.net/mm/news-76119

**************

၁၉။ ရွှေကုက္ကိုလ် စီမံကိန်းနှင့် ပတ်သက်သည့် တပ်အရာရှိကြီးတချို့ စုံစမ်းစစ်ဆေးခံနေရ
8 October 2020

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းနှင့် ပတ်သက်၍ ကရင်ပြည် နယ်ခြားစောင့်တပ် (BGF) အဖွဲ့ မှ ပေးသည့် လာဘ်ငွေများကို လက်ခံရယူသည်ဟု သံသယရှိသဖြင့် အနည်းဆုံး တပ်မတော် အရာရှိကြီး ၃ ဦး စုံစမ်း စစ် ဆေးခံ နေရကြောင်း သတင်းရရှိသည်။ ကရင်ပြည်နယ်ရှိ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁၃ တပ်မမှူး၊ စကခ ၁၃ ဗျူဟာမှူးနှင့် ခလရ ၉၇ တပ်ရင်းမှူးတို့ မှာ ငွေကြေးလက်ခံထားသည်ဟု လူမှုကွန်ရက်တွင် ပျံ့နှံ့လာသဖြင့် တပ်မတော်က စုံစမ်းစစ်ဆေးကြည့်ရာ သံသယဖြစ်စရာ အချက်များ တွေ့ ရှိသဖြင့် နေပြည်တော်သို့ ခေါ်ယူစစ်ဆေးနေခြင်း ဖြစ်သည်။

“ပြောနိုင်တာကတော့ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရတယ်။ အဲဒီအဖွဲ့ ကနေ ပေးတဲ့ငွေကြေးကို လက်ခံထားတယ်လို့ သံသယရှိတဲ့အတွက် စုံစမ်းစစ်ဆေးနေတယ်။ ဥပဒေအတိုင်း ဆက်လက် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်”ဟု တပ်မတော် သတင်းရင်းမြစ်တဦးက ဧရာဝတီသို့ ပြောသည်။ ယခုလို စုံစမ်းစစ်ဆေးခံရခြင်းမှာ ယင်းစီမံကိန်း တည်ဆောက် ခြင်းနှင့် လုံးဝ မသက်ဆိုင်ဘဲ စီမံကိန်းအတွင်းရှိ ကာစီနို လောင်းကစားဝိုင်းများနှင့် ဆက်စပ်လျက်ရှိကြောင်း၊ ယခု ဖြစ်စဉ် တွင် တပ်မတော် အရာရှိများသာမက ဒေသဆိုင်ရာ အာဏာပိုင်များ ပါဝင်ပတ်သက်မှုလည်း ရှိနေကြောင်းသိရသည်။ ဖြစ်စဉ် အသေးစိတ်ကို ဧရာဝတီက ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းတွင် တပ်မတော်က လုံးဝ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက်နေ့တွင် ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။ တပ်မတော်အနေဖြင့် ပတ်သက်ခြင်းမရှိဟု ငြင်းဆိုသော်လည်း ယင်းစီမံကိန်းသည် တပ်မတော်လက်အောက်ရှိ ကရင် ပြည်နယ် နယ်ခြားစောင့်တပ်(BGF)က ဦးဆောင်ပြီး အကောင်အထည်ဖော်နေခြင်း ဖြစ် သည်။ စီမံကိန်းစတင်ခွင့်ပြုခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဇူလိုင် ၃၀ ရက်နေ့တွင် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ပါဝင်သည့် အရှေ့ တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးမှာ ယခင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်ချုပ် မျိုးမိုးအောင် ဖြစ်ပြီး ၂၀၂၀ ခုနှစ် မတ်လတွင် ၎င်းနေရာအား ဗိုလ်မှူးချုပ်ကိုကိုမောင်အား ခန့်အပ်ခဲ့ကြောင်း သိရသည်။

ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) အဖွဲ့၏ ယခုနှစ် မတ်လက ထုတ်ပြန်ခဲ့သည့် “တို့မြေများကို လောင်းကစားပစ်ခြင်း”အစီအရင်ခံစာတွင် စီမံကိန်းသည် တပ်မတော်ထိပ်တန်းခေါင်းဆောင်ပိုင်းမှ ကျောထောက် နောက်ခံ ပြုထားသည့် စီမံကိန်းဖြစ်ကြောင်း သက်သေခံဖော်ပြနေသည့် အကြောင်းအချက်များစွာရှိနေခဲ့ကြောင်း ဖော်ပြခဲ့သည်။ ရွှေကုက္ကိုလ်စီမံကိန်းနှင့် ပတ်သက်ပြီး ဒေသခံများအကြား တရားမဝင် လောင်းကစားမှုများနှင့် တရုတ်နိုင်ငံသားအများ အပြား ဝင်ထွက်မှုများကြောင့် ရာဇဝတ်မှုနှင့် လူမှုရေးဆိုင်ရာ ပြဿနာများ မြင့်တက်လာမည်ကို စိုးရိမ်လျှက်ရှိပြီး ဝေဖန် ကန့်ကွက်ခံနေရသည့် စီမံကိန်းဖြစ်သည်။ https://burma.irrawaddy.com/news /2020/10/08/231296.html

**************

၂၀။ ဘီးလင်းတွင် ကျေးရွာ ၅ ရွာက ပြည်သူ ၁၀၀၀ ခန့် မဲပေးခွင့်မရ
8 October 2020

လာမယ့် အထွေထွေရွေးကောက်ပွဲမှာ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ ကျေးရွာ ၅ ရွာက ပြည်သူ ၁၀၀၀ နီးပါး မဲပေးခွင့် ရဦးမှာ မဟုတ်ဘူးလို့ သိရပါတယ်။ မွန်ပြည်နယ်မှာတော့ လာမယ့် ရွေးကောက်ပွဲအတွက် နောက်ဆုံးအကြိမ် မဲစာရင်းကို အောက်တိုဘာ ၁ ရက်နေ့ကနေ ၁၄ ရက်အတွင်း ကပ်ထားကြေညာပေးနေပြီး တပ်မဲစာရင်း အပါအဝင် ဆန္ဒမဲပေးနိုင်သူ ၁၈ သိန်းကျော် ရှိတယ်လို့ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။ ဒါပေယ့်လည်း အဲဒီမဲစာရင်းမှာ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဘောနော်ခီးကျေးရွာအုပ်စုရှိ ရွာ ၅ ရွာက ပြည်သူတွေ ပါဝင်လာခြင်း မရှိသေးတာ ဖြစ်ပါတယ်။

အဲဒီကျေးရွာတွေမှာ အုပ်ချုပ်ရေးအပိုင်းက သွားရောက် တာဝန်ထမ်းဆောင်ရွက်နိုင်ခြင်း မရှိသေးအတွက်ကြောင့် မဲစာရင်း ကောက်ယူလို့ မရတဲ့ ဒေသအဖြစ် သတ်မှတ်ထားတာလို့ မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက် က ပြောပါတယ်။ ဘောနော်ခီးကျေးရွာအုပ်စုဟာ ဘီးလင်းမြို့နဲ့ မိုင် ၅၀ လောက် ကွာဝေးပြီး လမ်းခရီး အခက်အခဲအပြင် လက်ရှိအချိန်အထိ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ မခန့်အပ်နိုင်သေးတဲ့ အတွက်ကြောင့် မဲစာရင်း ပြုစုနိုင် ခြင်း မရှိသေးတာလို့ ဆိုပါတယ်။

အခုလို အခြေအနေကြောင့် အဲဒီဒေသက ပြည်သူတွေ မဲပေးခွင့်ရအောင် အစိုးရရဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူးရုံး စတင်ဖွင့် လှစ်နိုင်အောင် လုပ်ဆောင်သွားဖို့ လိုအပ်နေတယ်လို့ NLD ပါတီ ဘီးလင်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် လောင်း ဦးကျော်မျိုးမင်းက ပြောပါတယ်။ ဘောနော်ခီးကျေးရွာအုပ်စုကို မဲစာရင်းကောက်ယူလို့မရတဲ့ ဒေသအဖြစ် သတ်မှတ်ထားတဲ့အတွက်ကြောင့် မကြာမီကာလမှာ အဲဒီဒေသမှာ ရွေးကောက်ပွဲ ကျင်းပသွားဖို့ ရှိ မရှိကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာပေးရမှာ ဖြစ်ပါတယ်။ ဘီးလင်းမြို့နယ် ဘောနော်ခီးကျေးရွာအုပ်စုရှိ ကျေးရွာ ရွာ ၅ ရွာက ပြည်သူတွေဟာ ပြီးခဲ့တဲ့ ၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းကလည်း မဲပေးခွင့် ဆုံးရှုံးထားပါတယ်။ http://burmes e.dvb.no/archives/415359

***************

၂၁။ ချင်းမှာ ကုန်တင်ယာဉ်မောင်းနဲ့ နောက်လိုက်တွေ ကိုဗစ် စစ်ရမည်
October 8, 2020

ချင်းပြည်နယ်၊ ဟားခါး၊ မင်းတပ်နဲ့ တီးတိန်မြို့နယ်အဝင်မှာ ကုန်တင်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို အောက်တို ဘာ ၉ ရက်နေ့က စတင်ပြီး အာခေါင်တို့ဖတ်ယူ စစ်ဆေးသွားဖို့ ပြည်နယ်အစိုးရက စီစဉ်နေပါတယ်။

ကိုဗစ် ၁၉ ကပ်ရောဂါကာလမှာ ကုန်စည်စီးဆင်းမှု မရပ်နားရအောင်နဲ့ ကိုဗစ်ရောဂါပိုး ပြန့်ပွားမှု ထိန်းချုပ်နိုင်ဖို့ အတွက် လုပ်ဆောင်တာဖြစ်တယ်လို့ ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးထက်က RFA ကို ပြောပါတယ်။“ကျွန်တော်တို့ အခုကိုဗစ်ကာလက နည်းနည်းလေးပိုပြီးတော့ ဒုတိယလှိုင်းမှာ ဖြစ်စဉ်တွေဖြစ်ပြီး သေဆုံးတာလည်းများတယ်လေ။ ကျွန်တော်တို့ ချင်းပြည်နယ်၊ မြောက်ပိုင်း တီးတိန်မှာလည်း ကိုဗစ်ဖြစ်တဲ့လူ ရှိတယ်။ မင်းတပ်မှာဆို ၁၉ ယောက်ရှိတယ်။ ရှိတာတွေကို ကျန်တဲ့ဒေသတွေကနေ ကုန်စည်တွေ ကူးသန်းတဲ့အချိန်မှာ ကုန်စည်စီးဆင်းတာလည်း မရပ်အောင်၊ နောက် လာတဲ့ လူတွေလည်း ရောဂါရှိ မရှိစစ်ဆေးဖို့ လိုအပ်လာတဲ့ အတွက် လုပ်တာပါ။ ကားကြီးကွင်းမှာတော့ ယာဉ်မောင်း ရယ်၊ ယာဉ်နောက်လိုက်ရော မဖြစ်မနေ စစ်ရမှာ ပေါ့နော်။ ရောဂါကူးစက်ရင် ထိန်းချုပ်ဖို့ အင်မတန်မှ ခက်ပါတယ်။”

ကုန်ကျစားရိတ်အတွက် အစိုးရက တာဝန်ယူ ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ ပြောပါတယ်။ အာခေါင်တို့ဖတ်ယူ စစ်ဆေးနိုင်တာဟာ ဟားခါး၊ တီးတိန်နဲ့ မင်းတပ်မြို့တွေမှာသာ ပြုလုပ်မှာဖြစ်ပြီး ကျန်တဲ့ မြို့ရွာတွေမှာတော့ အပူချိန်တိုင်း တာ စစ်ဆေးခြင်းသာ ပြုလုပ်နေတာဖြစ်ပါတယ်။ https://www.rfa.org/burmese/news/chin-truck-drivers-corona-checkup-10082020032021.html

***************

၂၂။ မိုးညှင်းခရိုင်တွင် မသန်စွမ်းများ မဲပေးရန် မဲရုံပေါင်း ၁၄၀ ရှိ
7 October 2020

ကချင်ပြည်နယ် မိုးညှင်းခရိုင်တွင် မသန်စွမ်းများမဲပေးမည့် မဲရုံပေါင်း ၁၄၀ ရုံရှိကြောင်း မိုးညှင်းခရိုင်ရွေးကောက်ပွဲ ကော်မရှင် ရုံးမှ သိရသည်။

မိုးညှင်းခရိုင်တွင် မြို့နယ် ၃ခုရှိပြီး စုစုပေါင်း မဲရုံ ၂၈၀ ရုံရှိသည့်အနက် မသန်စွမ်းများ မဲထည့်မည့် မဲရုံပေါင်း ၁၄၀ ရှိကြောင်း ခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံးမှ အရာရှိ ဦးမျိုးမင်းဦးက အတည်ပြုပြောဆိုသည်။“ အခု မသန်စွမ်းတွေ မဲပေးမယ့် မဲရုံ ပေါင်းက ခရိုင်တစ်ခုလုံးမှာဆို ၁၄၀ ရှိတယ်။ ဒီထဲမှာ တစ်ချို့မဲရုံမှာကျတော့ ၁ ယောက်ရှိတာပါမယ် ၂ ယောက်ရှိတာရှိမယ်။ ပြန့်ကျဲနေတဲ့သဘောပါ။ မဲလာပေးမယ့်ချိန်မှာလည်း ကျနော်တို့အနေနဲ့ မသန်စွမ်းတဲသူတွေ မဲပေးမယ့်ချိန်မှာ လွယ်လွယ် ကူကူ မဲပေးနိုင်ဖို့အတွက် ကျနော်တို့ ဒီလ လကုန်ပိုင်းဆိုရင် မဲရုံမှူးတွေကို သင်တန်းပေးဖို့ရှိတယ်။ အဲဒီချိန်မှာလည်း မသန် စွမ်း မဲပေးခြင်းနဲ့ပတ်သက်တဲ့ ပညာပေးတာတွေပါ ထည့်သွင်းသင်ကြားပေးမှာဖြစ်ပါတယ်။”ဟု မိုးညှင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင် အရာရှိဦးမျိုးမင်းဦးက ပြောသည်။

သို့သော် မသန်စွမ်းသူများအနေဖြင့် ကပ်ရောဂါကာလဖြစ်နေသည့်အတွက် မဲပေးလမ်းညွှန်သင်ကြား ပို့ချရာတွင် အခက်ခဲရှိ နေကြောင်း ကချင်ပြည်နယ် မသန်စွမ်းသူများအသင်း ဥက္ကဌ ဦးဇုံးယော် က ယခုလိုပြောသည်။“ဒီနှစ်ကတော့ မသန်စွမ်း တွေကို ရွေးကောက်ပွဲလမ်းညွှန် သင်ပေးဖို့နိုင်ငံတော်ကနေ ဘတ်ဂျတ်ချပေးပြီးတော့ သင်တန်းပေးခိုင်းတယ်လို့ ကျနော်တို့ ဆီမှာ မြန်မာနိုင်ငံမသန်စွမ်းအဖွဲ့ချုပ်ကနေ ညွှန်ကြားစာရောက်လာတဲ့အတွက် ကျနော်တို့လည်း သင်တန်းတွေလုပ်နေပါ တယ်။ ရောဂါကြောင့်မို့ လူတွေများများ စုလို့မရတာတွေကြောင့် သိပ်တော့အဆင်မပြေဘူး။ ခုလောလောဆယ်တော့ ဗန်းမော်ဘက်ပေးဖို့ စီစဉ်နေကြပါတယ်။ မကြာခင်မိုးညင်းခရိုင်သွားပေးဖို့လည်း ရှိပါတယ်။”ဟု ကချင်ပြည်နယ် မသန်စွမ်း သူများအသင်း ဥက္ကဌ ဦးဇုံးယော်က ပြောသည်။

မသန်စွမ်းများ မဲစာရင်းကောက်ယူရာတွင် ဝီးချဲလ်သုံးသူ၊ ဂျိုင်းထောက်သုံးသူ၊ အခြားချို့ယွင်းသူများ အမျိုးအစားခွဲခြား ထားသည်ဟု ဆိုသည်။ မဲထည့်ခွင့်ရှိသူများမှာ မိုးညှင်းမြို့နယ်တွင် ၂၃၇ ဦး၊ မိုးကောင်းမြို့နယ် ၁၀၅ ဦးနှင့် ဖားကန့်မြို့နယ် ၁၄၂ ဦးရှိကြောင်း သိရသည်။ https://burmese.kachinnews.com/2020/10/07/%e1%80%99%e1%80%ad%e 1%80%af%e1%80%b8%e1

***************

၂၃။ မွန်ညီညွတ်ရေးပါတီက ရန်ကုန်တွင် ၆ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်
October 8, 2020

မွန်အမျိုးသားပါတီနှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီကို ပေါင်းစည်းဖွဲ့စည်းထားသည့် မွန်ညီညွတ်ရေးပါတီ (MUP) က ရန်ကုန်တိုင်းဒေသကြီးအတွင်း အမျိုးသားလွှတ်တော်တစ်နေရာနှင့် တိုင်းဒေသကြီးလွှတ်တော် ၅ နေရာ စုစုပေါင်း ၆ နေရာ အထိ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု သိရသည်။ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၂) နှင့် စမ်းချောင်း၊ သာကေတ၊ ရွှေပြည်သာ၊ ဒေါပုံနှင့် တောင်ဥက္ကလာပမြို့နယ်များတွင် တိုင်းဒေသကြီးလွှတ်တော် ၅ နေရာ အတွက် မွန်ညီညွတ်ရေးပါတီက ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုယ်စားလှယ်လောင်း ၆၅ ဦးအထိ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး လူမျိုးရေးစိတ်ဓာတ် ကြောင့် မဖြစ်မနေဝင်ပြိုင်ရသည့် နေရာများတွင် ရန်ကုန်ပါဝင်သည်ဟု ရန်ကုန်တိုင်းဒေသကြီး မွန်ညီညွတ်ရေးပါတီ အတွင်း ရေးမှူး မင်းဗညားဦးက ပြောသည်။ “ရန်ကုန်က အရင်ကတည်းက ကျွန်တော်တို့ ဒေသပဲလေ။ တကယ်တမ်းဆို ကျွန်တော် တို့က ဧည့်သည်မဟုတ်ဘူး။ ကျွန်တော်တို့ လာပြိုင်တာပဲ ထူးထူးဆန်းဆန်းဖြစ်နေတာ၊ အမှန်က ထူးဆန်းစရာမဟုတ်ဘူး၊ ဒါ ကျွန်တော်တို့ရဲ့အိမ်၊ ကျွန်တော်တို့နေတဲ့ဒေသ အကြောင်းအမျိုးမျိုးကြောင့် ထွက်ခွာသွားရတာပါ”ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် မွန်လူမျိုးများအတွက်တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်နေရာ မရရှိခြင်းသည် ရွေးကောက် ပွဲ ဝင်ပြိုင်ရခြင်း၏ အဓိကအကြောင်းရင်းတစ်ခုဖြစ်ကြောင်း ရွှေပြည်သာမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) တွင် မွန်ညီညွတ်ရေးပါတီကိုယ်စားပြု ဝင်ပြိုင်မည့် မိကျိုက်စောက ပြောသည်။ “တိုင်းရင်းသားအရေး လုပ်မယ်ဆိုရင် လွှတ်တော်ထဲမှာ တိုင်းရင်းသားပေါင်းစုံရှိနေဖို့ လိုမယ်ဆိုတဲ့အချက်ကို သိလာတယ်။ မွန်လူမျိုးတွေလှုပ်ရှား မှုလုပ်ဖို့နေရာ လိုအပ်တယ်ဆိုတာကို သိလာတယ်။ အဲ့လိုအချက်တွေကြောင့် ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တာပါ” ဟု ၎င်းက ပြောသည်။

မွန်ညီညွတ်ရေးပါတီက ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝင်ရောက်ယှဉ်ပြိုင်ခြင်းသည် တိုင်းရင်းသား ကိုယ်ပိုင်လက္ခဏာဖော် ပြရန် ဝင်ပြိုင်ခြင်းသာ ဖြစ်နိုင်‌ကြောင်း တိုင်းရင်းသားအရေးနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်သူ ဦးမောင်မောင်စိုး က မှတ်ချက်ပြုသည်။ “သူတို့ တိုင်းရင်းသား ကိုယ်ပိုင်လက္ခဏာ ဖော်ပြဖို့ ဝင်ပြိုင်တာ ဖြစ်ပါလိမ့်မယ်။ ရွေးကောက်ပွဲတွေမှာ နိုင်တာ၊ မနိုင်တာကို ဝင်ပြိုင်သူတွေက သိပ်အလေးမထားကြဘူးဗျ။ ဝင်ပြိုင်တဲ့သူတွေက သူတို့ရဲ့ အမှတ်အသားလက္ခဏာ ကို ထင်ပေါ်စေချင်တာကြောင့် ဝင်ပြိုင်တာလည်းရှိပါတယ်”ဟု ၎င်းက ပြောသည်။ မွန်ညီညွတ်ရေးပါတီ၏ နိုင်ငံရေးမူဝါဒ ၇ ရပ် အနက် နံပါတ် (၁) မှာ တစ်နိုင်ငံအတိုင်းအတာဖြင့် ပြည်တွင်းစစ်ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်ပြီး တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသော လူမျိုးကို အခြေခံဖွဲ့စည်းသည့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတည် ထောင်ရန်ဖြစ်သည်။ https://www.myanmar-now.org/mm/news/4661

*************

၂၄။ ကော့မှူးမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း မဲဆွယ်ဆိုင်းဘုတ်များကို မြို့နယ်စည်ပင်က COVID-19 အကြောင်းပြချက်ဖြင့် စိုက်ထူခွင့် မပေးဟု UNDP ပါတီ ကိုယ်စားလှယ်လောင်းများ ပြောကြား
7 October 2020

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (UNDP) ကိုယ်စားပြု ကော့မှူးမြို့နယ်တွင် ရွေးကောက်ပွဲ ယှဉ်ပြိုင် မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ဆိုင်းဘုတ်ကို COVID-19 အကြောင်းပြချက်ဖြင့် စိုက်ထူခွင့် မပေးသေး ကြောင်း ယင်းပါတီ ကိုယ်စားလှယ်လောင်းများက ပြောကြားသည်။

ကိုယ်စားလှယ်လောင်းများ ဆိုင်းဘုတ် စိုက်ထူခွင့်ရရေး အောက်တိုဘာ ၅ ရက်နှင့် စက်တင်ဘာလ ကုန်ပိုင်းက လေးကြိမ် စုစုပေါင်း ငါးကြိမ်တင်ပြရာ COVID-19 ပြီးမှ စိုက်ထူခွင့်ပေးမည်ဟု မြို့နယ်စည်ပင် အမှုဆောင်အရာရှိကပြောကြား ကြောင်း UNDP ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသန့်ဇင်က The Daily Eleven သတင်းစာကို ပြောကြားသည်။“ကျွန်တော်က ပြောတာပေ့ါ။ ဒီ COVID ကာလဆိုတာ ထပ်တိုးရင်လည်း တိုးလိမ့်မယ်။ ကျွန်တော်တို့က မြင်နိုင်တဲ့ အရာမှမ ဟုတ်တာ။ မှန်းလို့ရတဲ့ အရာမှမဟုတ်တာ၊ ထပ်တိုးလာခဲ့ရင် ကျွန်တော်တို့က ဒီရွေးကောက်ပွဲကိုဝင်ဖို့ အောင်နိုင်ရေးဆိုင်း ဘုတ်တွေ ထောင်တဲ့အခါမှာ ဘယ်လိုလုပ်ရမှာလဲဆိုတော့၊ အဲဒါ ကျွန်တော်နဲ့ မဆိုင်ဘူးတဲ့။ COVID ကော်မတီကနေထုတ် ပြန်ထားတဲ့အတိုင်းပဲ ကျွန်တော်တို့ သွားတာတဲ့”ဟု ကော့မှူးမြို့နယ် အမှတ် (၂) မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော် တွင် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးသန့်ဇင်က ပြောကြားသည်။

UNDP ပါတီ ကိုယ်စားလှယ်လောင်း ဆိုင်းဘုတ်များကို ကော့မှူးမြို့နယ် ဈေးအနီးနှင့် မြို့သစ်ထိပ်နီးတွင် နှစ်ခု စိုက်ထူရန် ရည်မှန်းထားသော်လည်း စည်ပင်ခွင့်ပြုချက် မရရှိသေး၍ ကိုယ်စားလှယ်လာင်း ဆိုင်းဘုတ် တစ်ခုမှ စိုက်ထူနိုင်ခြင်း မရှိသေး ကြောင်း သိရသည်။ ပါတီ ဆိုင်းဘုတ်တင်ခွင့်ရရေးအတွက် စက်တင်ဘာ ၂၃ ရက်က မြို့နယ်စည်ပင်သာယာရေး ကော်မတီ ထံ ပထမအကြိမ် တင်ပြရာ စည်ပင်တာဝန်ရှိသူများက စက်တင်ဘာ ၂၄ ရက်တွင် ဆိုင်းဘုတ် စိုက်ထူမည့်နေရာကို လိုက်လံ ကြည့်ရှုပေးမည်ဟု ပြောကြားပြီးမှ COVID ကြောင့် ဆိုင်းဘုတ် စိုက်ထူခွင့် မပြုကြောင်း ပြန်လည် ပြောကြားလာခြင်း ဖြစ်သည်ဟု ကော့မှုးမြို့နယ် UNDP ပါတီဝင် ဦးသောင်းဌေးက ပြောကြားသည်။ UNDP ပါတီအနေဖြင့် ကော့မှူးမြိုနယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ပါတီဥက္ကဋ္ဌ ဦးဒေးဗစ်လှမြင့်နှင့် တိုင်းဒေသကြီး အမှတ် (၂) မဲဆန္ဒနယ်တွင် ဦးသန့်ဇင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ကော့မှူးမြို့နယ် ပါဝင်သည့် ကရင်တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်အတွက် ပါတီအထွေထွေ အတွင်းရေးမှူး ဒေါ်နော်အုန်းလှ ယှဉ်ပြိုင်မည်ဖြစ်သည်။ https://news-eleven.com /article/194965

***************

၂၅။ ဘူးသီးတောင်မြို့နယ်တွင် တပ်မတော်နှင့် အေအေတို့တိုက်ပွဲဖြစ်၊ ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်
October 8, 2020

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နှင့် မလှမ်းမကမ်းတွင် မြန်မာ့တပ်မတော်နှင့် ရခိုင့်တပ် အေအေတို့ တိုက်ပွဲများ သုံးရက် ဆက်တိုက်ကြာဖြစ်ပွားနေရာ အနီးအနားရှိကျေးရွာနေသူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်မှုများရှိနေကြောင်း ဒေသတွင်းမှလာသော သတင်းများအရသိရသည်။ ဘူးသီးတောင်မြို့၏ အရှေ့ဘက်တွင်ရှိသော အိမ်ခြေ ၃၀ ဝန်းကျင်စီရှိ ဝမ်းတွင်း၊ ခမီချောင်းကျေးရွာများမှ ရွာသားများသည် ပြင်ရှည်ရွာနှင့် ဘူးသီးတောင်မြို့ပေါ်သို့ ထွက်ပြေးလာခဲ့ကြရသည်ဟု ဆိုသည်။

“အခုလည်းဖြစ်နေတယ်။ လက်နက်ကြီးတွေကျတယ်။ ဆက်မနေရဲတော့ဘူး။ ရွာသားတွေ အကုန်လုံးထွက်ပြေးလာကြ ရပြီ။ အခု ပြင်ရှည်ကို ရောက်နေကြပါတယ်။ စားရေးသောက်ရေးက အခက်ခဲရှိနေတယ်။ တိုက်ပွဲဖြစ်နေတာ သုံးရက်ရှိနေပြီ။ ပြတ်တောက်ပြတ်တောက်ဖြစ်တာ။ ဆက်တိုက်တော့ မဟုတ်ဘူး။”ဟု ဝမ်းတွင်းရွာသား ဦးသာဇံလှက မဇ္ဈိမကို တယ်လီ ဖုန်း မှ တဆင့်ပြောသည်။ လတ်တလောတွင် ဝမ်းတွင်းရွာသားအားလုံးမှာ တစ်မိုင်ခန့်ဝေးသည့် ပြင်ရှည်ကျေးရွာသို့ တိမ်းရှောင်လာကြပြီး ခမီချောင်းကျေးရွာသားများမှာမူ ဘူးသီးတောင်မြို့ပေါ်မှ ဘုန်းတော်ကြီးကျောင်းတချို့တွင် ခိုလှုံနေကြ သည်။ ပြင်ရှည်ကျေးရွာသို့ ထွက်ပြေးလာသည့် မမျိုးချစ်သန့်က “ ပစ်သံကြားလို့ ပြေးလာတာပေါ့။ အဖေပဲ အိမ်မှာကျန်ခဲ့ တယ်။ လမ်းမှာတော့ ဘာမှမဖြစ်ဘူး။ အပေါ်က လေယာဉ်ဝဲနေတာတော့ ကြောက်တယ်။ လမ်းကလည်း မပေါက်တော့ ရေတွေအင်းချောက်တွေကူးပြီးသွားရတယ်။ အမေကလည်း အိုနေပြီ။ ဒါကြောင့် ကျမအစ်ကိုသားတစ်ယောက်က အမေကို တွဲယူခဲ့ရတယ်။ ကျမတို့မှာ မိသားစု ခြောက် ယောက်ပါတယ်။” ဟု ပြောသည်။

ကူညီကယ်ဆယ်မှုများလုပ်ဆောင်နိုင်ရန် အမြန်ဆုံး စီစဉ်နေကြောင်း ဘူးသီးတောင်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဦးမောင်ကျော်ဇံက ပြောသည်။ ခမီချောင်းကျေးရွာ၏ အနောက်တောင်ဖက် မီတာ ၇၀၀ ခန့်ဝေးသည့်နေရာသို့ မြန်မာ့ တပ်မတော်က ဝင်ရောက်လာသောကြောင့် နှစ်ဖက်အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အေအေက အောက်တိုဘာလ ၆ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။ သို့သော် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဘက်က ထုတ်ပြန်ခြင်းမရှိသေး ပါ။ http://www.mizzimaburmese.com/article/74291

***************

၂၆။ ခေါင်လန်ဖူးမြို့နယ်အတွက် မဲရုံသုံးပစ္စည်းများကို ရဟတ်ယာဉ်နှင့် လား ဖြင့် ပို့ဆောင်မည်
8 October 2020

ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်အတွက် မဲရုံသုံး ပစ္စည်းများကို ရဟတ်ယာဉ်နှင့် လား များဖြင့် ပို့ဆောင်မည်ဖြစ်သည်ဟု ခရိုင်ရွေးကောက်ပွဲကော်မရှင် မှ သိရသည်။ ပူတာအိုခရိုင်တွင် ပူတာအိုမြို့နယ်၊ ခေါင်လန်ဖူးမြို့နယ်၊ နောင်မွန်းမြို့နယ်၊ ဆွမ်ပရာဘွမ်မြို့နယ် နှင့် မချမ်းဘောမြို့နယ် တို့ ပါဝင်သည်။ ကျန်သည့် ၄မြို့နယ်တွင် ကားလမ်းများဖြင့် ပို့ဆောင်နိုင်သော် လည်း ခေါင်လန်းဖူးမြို့နယ်တွင် လမ်းပန်းဆက် သွယ်ရေးမကောင်းသောကြောင့် ရဟတ်ယာဉ်နှင့်လားများဖြင့်သာ ပို့ဆောင် ရန် စီစဉ်ထားကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်မှ အရာရှိဒေါ်အိအိဖြိုးကပြောသည်။“လောလောဆယ်တော့ မဲရုံအသုံး အဆောင်တွေကို ပူတာအိုမှာပဲထိန်းသိမ်းထား သေးတယ်။ အဲပစ္စည်းတွေကို ပို့ဖို့အတွက်က အောက်တိုဘာလ ဒုတိယ အပတ်လောက်မှရမှာ ရဟတ်ယာဉ်နဲ့ပို့ဖို့ စီစဉ်ထား တယ်။ ရဟတ်ယာဉ်နဲ့ပို့ဖို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို စာတင်ထားပြီးဖြစ်တယ်။ ဒုတိယအပတ်မှာ ပို့နိုင်အောင်လုပ်ဖို့တော့ပြောထားတယ်။ ဒါပေမယ့် ဒီဘက်ကရာသီဥတု အခြေ အနေကလည်း ကြည့်ရသေးတယ်။”ဟု ဟု ဆိုသည်။

ခေါင်လန်ဖူးမြို့နယ်တွင်မူ ကားလမ်းများမရှိသည့်အပြင် ခေါင်လန်ဖူးထိ ရဟတ်ယာဉ်သွားရန်အဆင်မပြေသည့်အတွက် ရဟတ်ယာဉ်များသည် ဝူယန်ကျေးရွာထိ ပို့ဆောင်မည်ဖြစ်ပြီး ဝူယန်မှတစ်ဆင့် ခေါင်လန်ဖူးမြို့နယ်ထိ လား များဖြင့် ပြန်လည်သယ်ဆောင်မည်ဖြစ်ကြောင်းဆိုသည်။ ခေါင်လန်ဖူးမြို့နယ်တွင်သုံးမည့် မဲရုံလက်မှတ်သုံးပစ္စည်းပို့ဆောင်ရန် အတွက် ငွေကြေး ကျပ်၂၆ သိန်းကျော်သုံးစွဲရန် လျာထားပြီး အဆိုပါ မဲရုံသုံး ပစ္စည်းများတွင် မဲလက်မှတ်နှင့် မှင်အိုးများ အခြားပစ္စည်းများအားကျန်နေသေးကာ ယင်း သုံးစွဲမည့် ငွေကြေး ၂၆ သိန်းတွင် ပါဝင်ခြင်းမရှိသေးကြောင်း ၎င်းကဆက်ပြော သည်။

ခေါင်လန်ဖူးမြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ဦးရေ ဒုတိယအကြိမ်မဲစာရင်းကြေညာရာတွင် ၈၅၆၀ ရှိပြီး ပထမ အကြိမ်မဲစာရင်း ထုတ်ပြန်ရာတွင် ၈၄၀၀ ကျော်ရှိခဲ့သည်။ မဲရုံပေါင်း ၃၆ ရုံရှိကြောင်း သိရသည်။ လက်ရှိချိန်တွင် မဲရုံအသုံး အဆောင်ပစ္စည်းများအား သက်ဆိုင်ရာမြို့နယ်အလိုက် ပို့ဆောင်ထားပြီးဖြစ်ကာ ခေါင်လန်ဖူးမြို့နယ်သာ ကျန်တော့ သည့် အတွက် အောက်တိုဘာလအတွင်း တပ်မတော်ရဟတ်ယာဉ်ဖြင့် ပို့ဆောင်မည်ဖြစ်ကြောင်း ကချင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံး(ခွဲ)မှ အရာရှိဦးထွန်းအောင်ခိုင်၏ ပြောဆိုချက်အား ကချင်ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဌာနမှ သိရသည်။ https://burmese.kachinnews.com/2020/10/08/l2-2/

**************

၂၇။ မဲဆန္ဒနယ်ပြင်ပ မဲပေးခွင့် အောက်တိုဘာ ၁၀ ရက်နေ့ နောက်ဆုံးထား လျှောက်ရမည်
October 8, 2020

မဲဆန္ဒနယ်ပြင်ပရောက်နေတဲ့ မဲဆန္ဒရှင်တွေဟာ ရောက်တဲ့အရပ်မှာ မဲပေးနိုင်ဖို့အတွက် အောက်တိုဘာလ (၁၀)ရက်နေ့ နောက်ဆုံးထားပြီး သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ လျှောက်ထားရမှာဖြစ်ပါတယ်။ အနည်းဆုံး ရက်ပေါင်း ၉၀ ထက်မနည်း မဲဆန္ဒနယ်ပြင်ပရောက်နေသူတွေဟာ မိမိတို့ရဲ့ အမြဲတမ်းနေရပ်ကို သွားရောက်ပြီး မဲပေးလိုခြင်းမရှိပါက မိမိတို့ရောက်ရှိနေတဲ့ မဲဆန္ဒနယ်က ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို မဲပေးနိုင်ပါတယ်။ ဒီလို မဲ ပေး နိုင်ဖို့အတွက် မဲဆန္ဒနယ်ပြင်ပရောက်နေသူတွေဟာ စက်တင်ဘာ ၁၇ ရက်နေ့ကနေ အောက်တိုဘာ ၁၀ ရက်နေ့ နောက် ဆုံးထားပြီး သက်ဆိုင်ရာ ရပ်ကျေး ကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ ပုံစံ (၃-က) နဲ့ လျှောက်ထားရမှာ ဖြစ်ပါတယ်။

“ ရက်ပိုင်းကိုးဆယ်ထက်မနည်း နေထိုင်ခဲ့မယ်ဆိုရင် မဲပေးခွင့်ရဖို့အတွက် ပုံစံ (၃-က)နဲ့ လျှောက်ထားလို့ရပါတယ်။ ဒီဟာ ကိုတော့ အောက်တိုဘာလ (၁၀)ရက်နေ့ နောက်ဆုံးထားပြီးလျှောက်ရမှာပါ”လို့ မော်လမြိုင်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးဌေးလွင်က ပြောပါတယ်။ ကိုဗစ်-၁၉ ကြောင့် ခရီးသွားကန့်သတ်မှုတွေရှိနေတဲ့ အတွက် ရွေးကောက်ပွဲနေ့မှာ မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်တွေဟာ မိမိတို့ရဲ့ အမြဲတမ်းနေရပ်ကို ပြန်ပြီး မဲပေးဖို့ အခက်အခဲ နေရှိနေတာပါ။ ရေးမြို့နယ်အတွင်းမှာတော့ မဲဆန္ဒနယ်ပြင်ပရောက်သူတွေများတဲ့အတွက် သူတို့ မဲပေးခွင့်ရရှိအောင် ပါတီ ကိုယ်စားလှယ်လောင်းတွေက ဆောင်ရွက်ပေးနေပါတယ်။

“ရေးတောင်ပိုင်းမှာက ရွှေ့ပြောင်းလုပ်သားတွေ တော်တော်များတယ်။လက်ရှိဥပဒေအရ ရက်ပေါင်းကိုးဆယ်နေထိုင်ရင် မဲပေးခွင့်ရှိတယ်ဆိုတဲ့ဥပဒေအတိုင်း မဲပေးနိုင်အောင် ကြိုးစားပေးနေတာတွေရှိတယ်”လို့ ရေးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း မင်းအောင်ထူးက ပြောပါတယ်။ ပုံစံ (၃-က) နဲ့ လျှောက်ထားသူတွေရဲ့ မဲစာရင်းကိုတော့ ရွေးကောက်ပွဲမကျင်းပမီ တစ်ပတ်အလိုမှာ သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင်ရုံးတွေမှာ ကပ်ထားကြေညာပေးမှာဖြစ်ပြီးတော့ မဲဆန္ဒရှင်သက်သေခံ လက်မှတ်တွေ ထုတ်ပေးသွားမှာလည်း ဖြစ်ပါတယ်။ https://www.bnionline.net/mm/news-76100

***************

၂၈။ ဗန်းမော်ခရိုင်ရှိ စစ်ဘေးရှောင်စခန်းသုံးခုတွင် မဲရုံဖွင့်ရန်လျာထား
7 October 2020

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ရှိ စစ်ဘေးရှောင်စခန်းသုံးခုတွင် မဲရုံဖွင့်မည်ဖြစ်ကြောင်း ဗန်းမော်ခရိုင်ရွေးကောက်ပွဲ ကော်မ ရှင်ရုံးမှ သိရသည်။ လက်ရှိတွင် ဗန်းမော်ခရိုင်အတွင်း မြို့နယ်လေးမြို့နယ်တွင် စစ်ဘေးရှောင်စခန်းပေါင်း ၂ဝ ခုရှိပြီး မန်စီမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းသုံးခုတွင်သာမဲရုံထားရှိမည်ဖြစ်ကြောင်း သိရသည်။“မန်စီမြို့နယ်တွင်းမှာ စစ်ရှောင် စခန်းက သုံးခုရှိတယ် အဲစစ်ရှောင်စခန်းတွေက ရပ်/ကျေး၊ ရပ်ကွက်မှာထားမယ့် မဲရုံနဲ့ ဝေးတဲ့တွက် မဲဆန္ဒရှင်တွေမဲ လာ ပေးဖို့ ခက်ခဲဖြစ်နိုင်တယ်။ ဒါကြောင့် မဲရုံသုံးရုံထားဖို့ စီစဉ်ထားပါတယ်။ လက်ရှိချိန်ထိတော့ တစ်ခြားမြို့နယ်က ထားဖို့မ ရှိသေးပါဘူး။ ကော်မရှင်ရဲ့ညွန်ကြားချက်အရ စစ်ရှောင်တွေအနေနဲ့ မိမိနေထိုင်တဲ့ ရက်ကွက်နဲ့နီးတဲ့နေရာမှာဘဲ မဲသွားပေးရ မှာဖြစ်တယ်”ဗန်းမော်ခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံးမှ အတွင်းရေးမှူး ဦးကျော်ထွန်းကပြောသည်။ မဲရုံထားရှိမည့် မံစီမြို့ မှ စစ်ရှောင်စခန်းသည် လူဦးရေအားဖြင့် အိမ်ထောင်စုပေါင်း ၁၄၄၆ ရှိပြီး လူဦးရေစာရင်းအားဖြင့် ၇၂၀၆ ရှိကာ မဲပေးခွင့်ရှိသူ ၄၉၇၅ ရှိကြောင်း ၎င်းကဆက်ပြောသည်။

“ကျနော်တို့ စခန်းမှာတော့ မဲရုံသီးသန့်ထောင်ပေးမယ်လို့တော့ ပြောကြတယ်။ဒါပေမယ့် မဲထည့်ဖို့ကကျနော်တို့ စစ်ရှောင် တွေရဲ့အရေးမဟုတ်တော့ဘူး ၂၀၁၅ တုန်းက ကျနော်တို့ NLD ကိုမဲထည့်ခဲ့တယ်။ ဒါပေမယ့် ကျနော်တို့နေရပ်ပြန်ဖို့က ဘာမှ မထူးလာဘူး။ ဒါကြောင့် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ထည့်ဖို့မသေချာသေးဘူး။ စခန်းမှာမဲရုံလာထားပေ မယ့် စစ်ရှောင်တွေများစုက မဲထည့်ဖို့စိတ်မဝင်စားကြဘူး”ဟု ဗန်းမော်မြို့တွင်းရှိ ရောဘတ်စစ်ရှောင်စခန်းမှ စခန်းတာဝန်ခံ ဆရာအင်ဒေါင်တန်ဂွန်းက ပြောသည်။ ယင်းရောဘတ်စစ်ရှောစခန်းတွင် အိမ်ထောင်စုအားဖြင့် ၅ဝဝ ကျော်နေထိုင်ပြီး ကျေးရွာပေါင်းများဆုံး စုနေထိုင်ရာ စခန်းတစ်ခုဖြစ်ကာ စခန်းတွင်မဲစာရင်းလာရောက်ကပ်ထားသော်လည်း စစ်ရှောင်များ အနေဖြင့် မဲစာရင်းကြည့်သူလွန်နည်း ပါးကြောင်း ၎င်းကဆက်ပြောသည်။

ဗန်းမော်ခရိုင်တွင် ဖွင့်လှစ်ထားသည့် စစ်ရှောင်စခန်းများမှာ ဗန်းမော်မြို့နယ်တွင် စစ်ရှောင်စခန်း ၆ ခု၊ မံစီမြို့နယ်တွင် သုံးခု၊ မိုးမောက်မြို့နယ်တွင် ကိုးခု၊ ရွှေကူမြို့နယ်တွင် နှစ်ခုရှိပြီး လူဦးရေအားဖြင့် ၁၇၃၂၁ ဦးရှိကြောင်း သိရသည်။ “ကျမတို့ ကျတော့ ခုချိန်ထိ မဲရုံကိစ္စတွေ မဲထည့်မယ့်ကိစ္စဘာမှမသိရသေးဘူး။ ရပ်ကျေးကလည်း စာရင်းတော့ လာကောက် သွားတယ်။ ဒါပေမယ့် မဲစာရင်းလာကြည့်ဖို့ သေသေချာချာပြောတာတောင်မရှိဘူးဆိုတော့ စစ်ရှောင်တွေလည်း မဲစာရင်း ကြည့်ဖို့ မပြောထားဘူး”ဟု ထွယ်ဆန်စစ်ရှောင်စခန်းမှ တာဝန်ခံဒေါ်ဘောက်ခေါန်က ပြောသည်။ https://burmese. kaဘchinnews.com/2020/10/07/%e1%80%97%e1%80%94%e1%80%b a%e1%80%b8%e1

**************

၂၉။ ကိုဗစ်ကပ်ရောဂါကာလအတွင်း မွန်လူငယ်များ ဘိန်းစာရွက်သုံးစွဲမှုပိုများလာ
7 October 2020

လက်ရှိ ကိုဗစ် ၁၉ ကပ်ရောဂါပြန့်နှံ့နေသည့်ကာလအတွင်း မွန်လူငယ်များအကြား မူးယစ်ဆေးပြားများထက် ဒေသတွင်း ထွက်ရှိသော ဘိန်းစာရွက်ကို ပို၍သုံးစွဲလာကြောင်း ကျေးရွာအကြီးအကဲများက ပြောသည်။ လမ်းပန်းဆက်သွယ်ရေးသွား လာမှု အခက်အခဲနှင့် အလုပ်အကိုင်ရှားပါးမှုကြောင့် မူးယစ်ဆေးပြား ဝယ်ယူသည့်စရိတ် မရှိသည့်အတွက် ထိုင်းဘာသာဖြင့် “ဗိုင်ခတွန်” ဟုခေါ်သော ဘိန်းစာရွက်ကို အရည်ပြုတ်သောက်၍ သုံးစွဲခြင်းဖြစ်ကြောင်း မုဒုံမြို့နယ်၊ နိုင်လှုံကျေးရွာ အုပ်ချုပ် ရေးမှူး "နိုင်စိုးနွယ်"က ဆိုသည်။“အလုပ်အကိုင်ရှားပါးလာပြီး ဝင်ငွေမရှိဖြစ်လာတယ် ဆေးပြားဝယ်ဖို့ မတတ်နိုင်ကြဘူး၊ စာသင်ကျောင်းတွေလည်းပိတ်ထားတယ် ကျောင်းသားတွေလည်း အလုပ်မရှိသလို အားအားယားယား ဖြစ်နေကြတယ်၊ လူ စုပြီး ဘိန်းစာရွက်ကိုပြုတ်ပြီး အချိုရည်မျိုးစုံနဲ့ဘာတွေပါမှန်းမသိပါဘူး၊အဲဒီလိုသုံးစွဲနေကြတယ်”ဟု နိုင်စိုးနွယ်ကပြောသည်။

“မူးယစ်ဆေးဝါး မသုံးကြဖို့ ရွာလှည့်ပြီး လိုက်သတိပေးတာ ရှိတယ်။ အသက်ငယ်ငယ်လေးတွေ ဘိန်းစာရွက်ကို သောက် သုံးတာ အရမ်းများလာတယ်၊ ဆေးပြားသုံးတာလည်း ရှိတယ်၊ ဒါပေမယ့် ဘိန်းစာရွက်အရည် သုံးစွဲတာက ပိုများတယ်” ဟု ပြောသည်။ အလားတူ ကျေးရွာများအတွင်း မူးယစ်ဆေးဝါး လက်လီဖြန့်ဖြူးနေသူများကို သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ သော်လည်း ဖမ်းဆီးမှုမရှိဟု ရေးမြို့နယ် ကော့ဒွတ်ကျေးရွာအုပ်ချုပ်ရေးမှူး နိုင်မောင်က ဆိုသည်။ “ကျနော်တို့က ဌာန ဆိုင်ရာ အစည်းအဝေးတွေမှာ တင်ပြတယ်၊ ဖမ်းရမယ့်တာဝန်က သူတို့တာဝန်ပါ ဒါပေမယ့် ဖမ်းဆီးမှုမရှိဘူး၊ ဘိန်းစာရွက် လည်း ပိုပိုများလာတယ်” ဟု ပြောသည်။

သံဖြူဇရပ်မြို့နယ်၊ ကျုံကဒတ် ကျေးရွာ အနီး၌ အောက်တိုဘာလ ၅ ရက်နေ့က မောင်သူရလွင် (၂၀) နှစ်နှင့် မောင်ထက်လင်းအောင်(ခ)ဖေသန်း (၁၉)နှစ်တို့ထံမှ ဘိန်းစာရွက်အလေး ချိန် (၅၀၀)ဂရမ်ခန့် ရှာဖွေတွေ့ရှိဖမ်းဆီးခဲ့ ကြောင်း၊ စခန်းကြီးကျေးရွာ အဝင်လမ်းတွင် အောက်တိုဘာလ ၄ ရက်နေ့က ဂျော့ဓမင်းဆိပ်၊ ထင်းရှူးကျေးရွာနေထိုင်သူ မောင်ထူး(၃၈)နှစ်ထံမှ ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား(၁၁)ပြားနှင့် ဘိန်းစာရွက်(၂၀)ကျပ်သားခန့် ဖမ်းဆီးရမိကြောင်း သံဖြူဇရပ်မြို့မရဲစခန်းမှ သိရသည်။ http://burmese.monnew s.org/2020/10/07/%e1%80%80%e1%80%ad% e1%80%af%e1%80%97%e1%

**************

၃၀။ မြဝတီမြို့ရှိ ကိုဗစ်လူနာ(၃) ဦး ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသော်လည်း အမှုဆက်ရင်ဆိုင်ရမည်
October 7, 2020

ကရင်ပြည်နယ် မြဝတီခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူနေသော ရန်ကုန်ပြန် Covid-19 အတည်ပြုလူနာ (၃)ဦးမှာ ရောဂါပျောက်ကင်းကာ ယခုရက်ပိုင်းအတွင်း ဆေးရုံမှဆင်းခွင့်ရသော်လည်း ၎င်းတို့အား မြဝတီ မြို့မရဲ စခန်းတွင် (ပ)၅၀၉/ ၂၀၂၀ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅/၃၀(က) ဖြင့် အမှုဖွင့်ထား၍ အမှုဆက်ရင်ဆိုင်ရဦးမည်ဖြစ် ကြောင်း သိရသည်။

မြဝတီခရိုင်ပြည်သူ့ဆေးရုံတွင် ကိုဗစ်အတည်ပြုလူနာ ၄ ဦးရှိသည့်အနက် ရန်ကုန်မြို့တွင် ဆေးဝါးကုသ၍ ပြန်လာသည့် မြဝတီဆေးရုံတွင် အသွားအလာကန့်သတ်ထားသူ အသက် ၃၇ နှစ်အရွယ် အမျိုးသားမှာ ကင်ဆာ ရောဂါအခံဖြင့် ကွယ်လွန် သွားပြီဖြစ်ပြီး ကျန်လူနာ ၃ ဦးကလည်း ရောဂါပိုးကင်းစင်သွားပြီဖြစ်၍ ယခုရက်ပိုင်းအတွင်း ဆေးရုံမှဆင်းခွင့်ရကြမည်ဟု မြဝတီခရိုင် ဆေးရုံအုပ် ဒေါက်တာနန္ဒဝင်းက ပြောသည်။“ဒီနေ့ အောက်တိုဘာလ ၇ ရက်နေ့မှာ လူနာအမှတ် case.9132 မြဝတီမြို့ အမှတ်(၄)ရပ်ကွက် ဇနကလမ်းက အသက်(၂၁)နှစ်အရွယ် အမျိုးသားတစ်ဦးဆေးရုံက ဆင်းခွင့်ရပြီးဖြစ်သလို မနက်ဖြန် (၈)ရက်နေ့မှာလည်း လူနာအမှတ် case 10473 သင်္ကန်းညီနောင် မြို့သစ် ၇ လမ်းက အသက်(၄၇)နှစ်အရွယ် အမျိုးသမီးတစ်ဦးကို လည် ရောဂါပိုးကင်းစင်ပြီးဖြစ်၍ ဆေးရုံက ဆင်းခွင့် ပြုသွားမယ်”ဟု ဒေါက်တာနန္ဒဝင်းက အတည်ပြု ပြောသည်။

အဆိုပါ ကိုဗစ် အတည်ပြုလူနာဖြစ်ခဲ့သူ ၃ ဦးမှာ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို မလိုက်နာသည့်အတွက် တည်ဆဲ ဥပဒေနှင့်အညီ အရေးယူနိုင်ရန် ဆောင်ရွက်နေသည်ဟု မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာ အောင်က ပြောဆို ခဲ့သည်။ http://kicnews.org/2020/ 10/%e1%80%bb%e1%80%99%e1%81%80%e1%80%90%e1%80%ae

***************

၃၁။ ရှဒူးဇွပ်ချောင်းရှင်းလင်းမှုကို ထိရောက်စွာဆောင်ရွက်စေလိုကြောင်း ဒေသခံများပြော
7 October 2020

ဆိုးရွားသည့် ရေကြီးရေလျံမှုကြောင့် ရေဘေးဒဏ်ကြုံတွေ့ရသော လီဒိုလမ်းမပေါ် ရှဒူးဇွပ်ကျေးရွာတွင် ချောင်းရှင်းလင်းရေး လုပ်ငန်းဆောင်ရွက်မည်ဖြစ်သော်လည်း ဒေသခံများ၏ သဘောတူညီမှုနှင့် ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်သည်ဟု ဒေသခံများ ပြောသည်။ ရှဒူးဇွပ် (Ja Htu Zup) ကျေးရွာရှိ မိုးကောင်းချောင်းနှင့် ရှဒူးခ ချောင်းဆုံ ရေကြောင်းတစ်လျောက် ရွှေတူးဖော်မှုကြောင့် ချောင်းအလယ်တွင် မြေစာပုံအဖြစ် ကျန်ရှိနေမှုကို ရှင်းလင်းရန်အတွက် ကချင်ပြည်နယ်အစိုးရ၏ ခွင့်ပြုမိန့်ဖြင့် ကျောက်မျက်ကုမ္ပဏီတစ်ခုက ယခုလမှ စတင်ရှင်းလင်းတော့မည်ဖြစ်သည်။

သို့သော် ချောင်းရှင်းလင်းရေးလုပ်ဆောင်မည့် ကုမ္ပဏီက ချောင်းရှင်းလင်းရေး လုပ်ငန်းတစ်ခုတည်းသာမက ရွှေတူးဖော်ရေး ပါ လုပ်ကိုင်နိုင်သဖြင့် ပွင်းလင်းမြင်သာမှုရှိစေချင်သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။“သူတို့အနေနဲ့ ချောင်းရှင်းလင်းရေးဖို့ဝင်လာတာက ကောင်းပါတယ်။ ဒါပေမယ့် ပွင့်လင်းမြင်သာမှုမရှိတော့ ဒေသခံ တွေအတွက် ဆိုးကျိုး တွေဖြစ်လာနိုင်တယ်။ ဒေသခံတွေကမသိကြဘူးလေ။ တစ်ချို့က ချောင်းရှင်းလင်းရေးအတွက် ဝင်လာမှန်းတောင်သိမှာ မဟုတ်ဘူး။ အခုချောင်း ရှင်းလင်းရေးလုပ်မယ့် ကမ်းစပ်အနီး တဝိုက်မှာက ဒေသခံတွေစားဝတ်နေရေးအတွက် အားထား လုပ်ကိုင်နေတဲ့ ရာသီ သီးနှံစိုက်ခင်းတွေ အများကြီးရှိတယ်။ အဲ့ဒါကို သူတို့က ဘယ်လိုပြန်လုပ်ပေးဖို့ ဘယ်သူက တာဝန်ယူ ပေးမှာလဲ”ဟု ပြောဆိုသည်။ မိုးကောင်းချောင်းနှင့် ရှဒူးခချောင်း ၂ ခု ရှင်းလင်းရန်အတွက် ထွန်းရတနာသိန်း အမည်ရှိ ကျောက်မျက်ကုမ္ပဏီကို ဘက်ဟိုး (၂၂)စီး၊ ဝိလူဒါ (၂)စီးနှင့် မြေသယ်ယာဉ် အစီး ၄ဝ စသော စက်ယန္တရားကြီးများဖြင့် ၇လအကြာ ရှင်းလင်းရေးလုပ်ဆောင်ရန် ခွင့်ပြုထားကြောင်း ပြည်နယ်အစိုးရ သယံဇာတရုံးမှ သိရသည်။

ရှဒူးဇွပ်ဒေသခံ ရပ်မိရပ်ဖများ၏ တင်ပြတောင်းဆိုချက်အပေါ် ကွင်းဆင်းစစ်ဆေးပြီးနောက် လုပ်ထုံးလုပ်နည်းအရ ခွင့်ပြုမိန့်ချ ပေးခဲ့ခြင်းဖြစ်သည်ဟု သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒရှီလဆိုင်းက KNG သတင်းဌာနကို ဖြေကြားခဲ့ခြင်းဖြစ်သည်။ “ချောင်းရှင်းလင်းရေးလုပ်ဖို့ကိုဒေသက ရပ်မိရပ်ဖများနဲ့ ချောင်းရှင်းလင်းရေးလုပ်မယ့် ကုမ္ပဏီက ညိနှိုင်းအဆင်ပြေမှု ရှိတဲ့အတွက် ပြည်နယ်အစိုးရကိုတင်ပြခဲ့တယ်။ ပြည်နယ်အစိုးရကလည်း ဒါကို ဦးဆောင်ပြီး လုပ်ပေးရ မှာဖြစ်တဲ့အတွက် ကုမ္ပဏီဘက်ကလည်း ကျေးရွာအတွက် ဆောင်ရွက်ပေးလိုတဲ့အကြောင်း တင်ပြလာတဲ့အတွက် ယုံကြည် စွာ ခွင့်ပြုပေးခဲ့တာဖြစ်တယ်”ဟု ပြောဆိုသည်။

ရှဒူးဇွပ်ကျေးရွာတွင် နိုင်ငံတော်အခွန်လုံးဝမရရှိဘဲ တရားမဝင် ရွှေတူး ဖော်ရေးလုပ်ငန်း လုပ်ကိုင်နေသည့် လုပ်ငန်းရှင်အများ ရှိနေသောကြောင့် ချောင်းရှင်းလင်းရေးလုပ်ငန်း ထိရောက်မှုရှိ မရှိကို ရာနှုန်းပြည့် အာမမခံနိုင်သေးကြောင်း သယံဇာတ ဝန်ကြီး ဦးဒရှီလဆိုင်းက ဆက်လက်ပြောဆိုသည်။ ယခုနှစ်အတွင်း ရှဒူးဇွပ်ကျေးရွာတွင် ရေကြီးရေလျံမှု ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး ကျေးရွာအတွင်း ရပ်ကွက် ၄ ခုစလုံးရှိ နေအိမ်များသည် ၇ ပေခန့်ထိ နှစ်မြုပ်သွားကာ အိမ်ခြေ ၃၀ ခန့်ကလည်း မျော်ပါသွားခဲ့ သည်ဟု ဒေသခံများထံမှ သိရသည်။ https://burmese .kachinnews.com/2020/10/07/jahtu-zup/

***************

၃၂။ စစ်တွေတွင် ကိုဗစ်ဖြင့် ကျေးလက် လမ်းဦးစီးဌာန ညွန်မှူး ၁ ဦး သေဆုံး
7 October 2020

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးတွင် ကိုရိုနာဗိုင်းရပ်ကူးစက် ခံရမှုဖြင့် တက်ရောက်ကုသမှုခံယူနေသူ ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာမှ အသက် ၄၈ နှစ်အရွယ် ညွန်ကြားရေးမှူး ၁ ဦးမှာ အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၉ နာရီ ခန့်တွင် သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါသေဆုံးသူမှာ အသက်ရှုကျပ်သဖြင့် အရေးပေါ်အခန်းတွင် အောက်ဆီဂျင်ပေး၍ ကုသမှုခံယူရင်း ယနေ့ မနက်ပိုင်း တွင် သေဆုံးသွားခြင်းဖြစ်ကြောင်း စစ်တွေ ဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်လွင်က ပြောသည်။ ဒေါက်တာဇော်လွင်က “ဒီနေ့ တယောက်သေဆုံးသွားတယ်ဆိုတာ ဟုတ်ပါတယ်။ မနက် ၉ နာရီလောက်မှာ ဆုံးသွားတာ” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိအချိန်တွင် စစ်တွေပြည်သူဆေးရုံကြီးတွင် ကိုဗစ်ပိုးတွေရှိသူ လူပေါင်း ၉၀၀ တက်ရောက်ကုသမှုခံယူခဲ့ရာ ရောဂါ ပျောက်ကင်းသည့်အတွက် ဆေးရုံဆင်းခွင့် ရရှိသူ ၈၅၀ ကျော် ရှိခဲ့ရာ ကျန်လူပေါင်း ၉၀ ကျော်မှာ ကုသမှုခံယူနေရဆဲ ဖြစ် ကြောင်းလည်း စစ်တွေဆေးရုံမှ တာဝန်ရှိသူများထံမှ သိရသည်။ ကိုရိုနာဗိုင်းရပ်ပိုးကူးစက်ခံသူများထဲတွင် ရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးစီးဌာမှ ဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများ၊ နိုင်ငံတကာ အန်ဂျီအို ဝန်ထမ်းများပါ ပါဝင်ပြီး အများဆုံး ရောဂါ ကူးစက်ခံရသည့် မြို့နယ်များတွင် စစ်တွေမြို့ နယ်နှင့် ကျောက်ဖြူ မြို့နယ်တို့ ဖြစ်သည်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်ကတော့ ပြည်သူများအနေဖြင့် မလိုအပ်ပဲ အပြင် မထွက်အောင် စည်းကမ်းများ ထုတ်ပြန်ပြီး Mask မတတ်သည့် ပြည်သူများနှင့် စည်ကမ်းမလိုက်နာသည့် ပြည်သူများ အပေါ် အသိပညာပေးခြင်း၊ ဒဏ်ရိုက်ခြင်း၊ ဝန်ခံဂတိများထိုးကာ ပြန်လွတ်ပေးခြင်းများ ပြုလုပ်နိုင်ခဲ့သည့်အတွက် ကိုဗစ်ရောဂါကူး စက်မှု ထိန်းချုပ်နိုင်သည့် အခြေအနေရှိနေပြီဖြစ်ကြောင်း ပြောဆိုထားသည်။

သို့သော်လည်း ကိုဗစ်ရောဂါကူးစက်မှုများ ဆက်လက်ရှိနေသေးသည့်အတွက် လုံးဝ စိတ်ချရသည့် အခြေအနေ မရှိသေးဘဲ လက် ဆက်စောင့်ကြည့်ရမည့် အခြေအန ရှိနေသေးကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံးမှ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောသည်။ ဦးဇော်ဇော်ထွန်း က “ကိုဗစ်ကို ထိန်းချုပ်နိုင်တယ်ဆိုတာတော့ အမှန်မှာ မဟုတ်ဘူး။ ကူးစက်မှုတွေက ရှိနေသေးတော့ စိုးရိမ်ရတဲ့ အခြေအနေ ရှိသေးတယ်”ဟု ဧရာဝတီသို့ပြောသည်။ https://burma.ir rawaddy.com/news/2020/10/07

**************

၃၃။ ရိုဟင်ဂျာကလေးနှစ်ဦးသေဆုံးမှု တပ်နဲ့ဒေသခံ ပြောဆိုချက် ကွဲလွဲ
October 8, 2020

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ပြင်ရှည်ကျေးရွာက ရိုဟင်ဂျာကလေးငယ်နှစ်ဦး သေဆုံးသွားတဲ့ ဖြစ်စဉ်နဲ့ ပတ်သက် လို့ ဒေသခံတွေ ပြောကြားချက်နဲ့ တပ်မတော် သတင်းထုတ်ပြန်ချက် ကွဲလွဲနေပါတယ်။ ကလေးတွေဟာ တပ်က ခေါ်သွားပြီ နောက် သေဆုံးတာလို့ ဒေသခံတွေကပြောပေမယ့် တပ်ကတော့ ဒါဟာစွပ်စွဲချက်သက်သက်သာ ဖြစ်တယ်လို့ပြောပါတယ်။

ဘူးသီးတောင်မြို့နယ် ပြင်ရှည်ရွာအပြင်မှာ အောက်တိုဘာလ ၅ ရက်နေ့က နွားကျောင်းနေကြတဲ့ ရိုဟင်ဂျာကလေးတွေနဲ့ လူကြီး စုစုပေါင်း ၁၅ ယောက်ကို တပ်မတော်စစ်ကြောင်းတစ်ခုက ခေါ်သွားရာကနေ ကလေးနှစ်ယောက်သေဆုံးပြီး လူကြီး တစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါ တယ်။ အသက် ၁၀ နှစ်အရွယ် အရသူရာ နဲ့ အသက် ၁၁ နှစ် အရွယ် အနဝါဟူဆမ် ဆိုတဲ့ ကလေးနှစ် ယောက်ဟာ တပ်မတော်နဲ့ AA နှစ်ဖက်တိုက်ပွဲကြားမှာ သေဆုံးခဲ့ပြီး အသက် ၃၀ အရွယ် ဆေရနိုလ် အာမိန် က ဒဏ်ရာရခဲ့တာပါ။ RFA က အဆက်အသွယ်ရတဲ့ ပြင်ရှည်ရွာသား ၄ ယောက်နဲ့ ပေါ်တာဆွဲ ခေါ်ခံထားရာကနေ ပြန်လွတ်လာတဲ့ ရွာသားတစ်ယောက်က၊ သူတို့ကို တပ်မတော်စစ်ကြောင်း က လမ်းပြ အဖြစ်ခေါ်သွား တာလို့ အခိုင်အမာပြောပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်း ကတော့ တပ်မတော်က ပေါ်တာဆွဲသွားတာ မဟုတ်ဘဲ ပစ်ခတ်သံကြားလို့ အဲဒီရွာဘက် သွားရောက်စစ်ဆေးရာမှာ AA အဖွဲ့ ပစ်ခတ်ထားလို့ နွားကျောင်းနေတဲ့ ကလေး နှစ်ဦး သေဆုံးနေတာ တွေ့ရပြီး၊ ဒဏ်ရာရရှိထားသူ တစ်ယောက်ကို တပ်မတော်က ကူညီပေးခဲ့တာလို့ အောက်တိုဘာ ၆ ရက် နေ့က RFA ကိုပြော ထားသလို အင်တာနက်စာမျက်နှာတွေကနေလည်း သတင်းထုတ်ပြန်ထားပါတယ်။ လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရသူတွေထဲက တစ်ဦးကတော့ RFA ကို အခုလိုပြောပါတယ်။ ” နွားကျောင်းနေတဲ့နေရာမှာ အပစ်ခံရ တာ မဟုတ်ပါဘူး၊ စစ်တပ်ကခေါ်သွားပြီး လမ်းမှာ အပစ်ခံရတာပါ၊ တပ်မတော်ကပြောတာ မဟုတ်ပါဘူး” သူတို့ ၁၅ ယောက် ကို ပစ္စည်းတွေ မသယ်ခိုင်းဘဲ တယောက်လက် တယောက်ကိုင်ပြီး ရှေ့ကနေ သွားခိုင်းနေရင်းကနေ နာရီဝက် လောက်အကြာမှာ တိုက်ပွဲဖြစ်တာလို့၊ ထွက်ပြေးလွတ်မြောက်လာတဲ့ ပြင်ရှည်ရွာသားက ပြောပါတယ်။

တပ်မတော်က ခေါ်ဆောင်ခဲ့တဲ့သူတွေထဲမှာ အသက် ၁၈ နှစ်အောက် ၇ ယောက်ပါပြီး အသက် ၁၈ နှစ်အထက် ၈ ယောက် ပါဝင်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ https://www.rfa.org/burmese/news/Army-denies-for-Rohingya-children-killed-in-Buthidaung-10082020190358.html

 

မှတ်ချက်။ သက်ဆိုင်ရာသတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။

** ပြီး **

 

 

Related Articles

Back to top button